Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2021
6.4
PAW Patrol: The Movie (2021)
Paw Patrol : The Movie (2021)IMDb - 6.4/10CM Fanများအတွက် Paw Patrol : The Movieဆိုတဲ့ ဒီနေ့ထွက် animation ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အသစ်ထွက်တဲ့ရုပ်ရှင်တိုင်း action, horror, dramaတွေပဲ ဖြစ်နေလို့ ငြီးငွေ့နေကြတဲ့ ပရိတ်သတ်တို့အတွက် အချိန်တစ်နာရီခွဲလောက် စိတ်ကြည်နူးပျော်ရွှင်စေနိုင်မယ့် animationလေးဖြစ်မှာ အသေအချာပါပဲ ဇာတ်လမ်းအကျဥ်းကတော့ Paw Patrolလေးတို့ရဲ့ ရန်သူတော်ကြီး Humdingerတစ်ယောက် Adventure Cityဆိုတဲ့မြို့လေးမှာ မြို့တော်ဝန်သွားလုပ်ပြီး ဒီကမ္ဘာကြီးကိုအန္တရာယ်ကျရောက်စေမယ့် စမ်းသပ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားလာပါတယ်ရန်သူတော်ကြီးရဲ့အဖျက်လုပ်ငန်းကို အဖွဲ့ခေါင်းဆောင် Ryderနဲ့ သူ့ရဲ့အဖွဲ့ဝင် ပါပီလေးတို့တသိုက် ဘယ်လိုခေတ်မှီနည်းပညာတွေ၊ စက်ပစ္စည်းတွေနဲ့ ရအောင်တားကြမလဲ?အဖွဲ့ဝင်ပါပီလေးတစ်ကောင်ရဲ့ အတိတ်ဇာတ်ကြောင်းကနေ ..... အဖွဲ့အပေါ် ဘယ်လောက်ထိရိုက်ခတ်မှုရှိမလဲ?Patrol အဖွဲ့ဝင်အသစ်လေးက ဘယ်သူဖြစ်မလဲဆိုတာကို...ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ရယ်စရာ၊ပျော်စရာ၊ သနားစရာ ရသမျိုးစုံကိုခံစားရင်း ကြည့်ရှုရမှာပါ။ Animationဇာတ်ကားလေးဖြစ်တာမို့ ကိုယ့်မိသားစုနဲ့၊ သားသားမီးမီးတို့နဲ့တူတူ ကြည့်ဖို့အတွက်လည်း အဆင်ပြေပါတယ်။ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာအချိန်တစ်နာရီခွဲခန့်ကို ဒီ Animationကားလေးနဲ့ တူတူကုန်ဆုံးလိုက်ပါReview - JimxFile size…1.7GB and 1Gb and ...
movie
PAW Patrol: The Movie (2021)
2021
5.8
Sweet Girl (2021)
Sweet Girl (2021)==============IMDb Rating - 5.8/10ဒီနေ့အတွက် အားလုံးပဲကြိုက်နှစ်သက်လောက်မယ့် Action, Drama, Thriller ကားသစ်ကိုတင်ဆက်ပေးချင်ပါတယ်။အဓိက ဇာတ်ဆောင်တွေအဖြစ် အားလုံးပဲ သိတဲ့ Aquaman မင်းသား Jason Momoa နဲ့ Dora and the lost city of Goldရဲ့ မင်းသမီးလေး Isabela Mercedတို့က ပါဝင်ထားကြပါတယ်။ဇာတ်လမ်းကျော်ရိုးကတော့ ရေး ကော့ပါးဟာ မိသားစုကို အရမ်းချစ်တဲ့သူဖြစ်ပြီး ဇနီးသည်ကို ကင်ဆာရောဂါကနေ ပြန်ကယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေသူပါ။ကံကောင်းစွာနဲ့ ကင်ဆာကို ထိထိရောက်ရောက် ကုနိုင်တဲ့ ဆေးတစ်မျိုး ပေါ်လာခဲ့ပေမယ့် BioPrime ဆေးကုမ္ပဏီတွေရဲ့လောဘကြီးမှုကြောင့် ဆေးကုသခွင့်ဆုံးရှံးခဲ့ရလို့ ဇနီးသည်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ ဇနီးသည်အတွက် တရားမျှတမှုကို လိုချင်တဲ့ ရေး တစ်ယောက် ဒီကိစ္စတွေများရဲ့ ချုပ်ကိုင်မှုတွေရဲ့ အဖြစ်မှန်တွေကိုဖော်ထုတ်ရင်း ကုမ္ပဏီတွေရဲ့ နောက်ကွယ်က အရှုပ်အရှင်းတွေကြားထဲ ...
movie
Sweet Girl (2021)
2021
4.7
Demonic(2021)
လူနာတစ်ယောက် ကိုမာ ဝင်သွားပြီဆိုတာနဲ့ လူနာလိုအပ်တာကိုပြုစုပေးဖို့ ဆရာဝန်တွေ၊ လူနာစောင့်တွေအတွက်တော်တော်ခက်ခဲပါတယ်။ လူနာက ဘာမှမပြောနိုင်တော့ဘူးလေ...အဲ့ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ မိုက်ကယ်ဒိုလော့စ် တို့အုပ်စုက နည်းပညာအသစ်တစ်ခု တီထွင်နိုင်ခဲ့ပါတယ်။အောင်မြင်သင့်သလောက် အောင်မြင်ပေမယ့် လူနာက ဖန်တီးထားတဲ့ပုံရိပ်ယောင်ထဲမှာ စကားမပြောဘူးဖြစ်နေပါတယ်။ကိုမာဖြစ်ပြီး အသိစိတ်ရှိနေသေးတဲ့ လူနာ အန်ဂျလာ က သူ့နဲ့စကားပြောဖို့ သူ့သမီး ကာလေ ကိုခေါ်ပေးပါတဲ့...ကာလေ ကတော့ အမေ့ကို နာနာကျည်းကျည်းမုန်းနေပြီး အမေကျူးလွန်ခဲ့တဲ့ လူသတ်မှုအတွက် အဖြေရှာမရဖြစ်နေသူပါ။တစ်မြို့လုံးက ဝိုင်းပြောကြတယ်။ သူ့အမေက လူသတ်သမားတဲ့။ သူငယ်ချင်းဖြစ်သူ မာတင် ကတော့ သူ့အမေကတစ်ခုခုတွန်းအားပေးမှုကြောင့်ဖြစ်နေတာတဲ့။ အခုတော့.... နည်းပညာနဲ့ပုံဖော်ထားတဲ့ အိမ်မက်လိုလို ပုံရိပ်ယောင်ထဲမှာ အမေက သူ့နဲ့တွေ့ချင်တယ်တဲ့ ။ကာလေ တစ်ယောက် ပုံရိပ်ယောင်ထဲကနေ သူ့အမေရဲ့အကြောင်းစုံကို ရအောင်ဖော်ထုတ်နိုင်ပါ့မလား ?သူ့အမေပြောတဲ့ စွမ်းအား ဆိုတာရောဘာလဲ? မာတင်ပြောတဲ့ စိတ္တဇဆန်ဆန် ဖိအားပေးမှုဆိုတာတွေရော?အားလုံးကို ကြက်သွန်နီအခွံခွာသလို တစ်လွှာချင်းတစ်လွှာချင်းအဖြေထုတ်သွားမှာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကားကောင်းလေးဆိုလည်း မမှားပါဘူးနော်။နည်းပညာဗဟုသုတတွေလည်း ...
movie
Demonic(2021)
2021
6.9
Stillwater (2021)
Stillwater (2021)IMDb- 6.9ကဲ ဇာတ်ကားကောင်းတွေ စုပြုံထွက်ရင် သိပ်ပျော်တယ် ဗဲရီးဟက်ပီးဆိုတဲ့ cm ပရိသတ်ကြီးရေမင်းသားကြီး Matt Damon ရဲ့ crime, drama, thriller လေးကိုလည်း လက်မလွှတ်တမ်း အားပေးကြပါဦးဗျကြိုတင်ပြောချင်တာက ဒီကားဟာ စကားအသုံးအနှုန်းတွေ R အဆင့်သတ်မှတ်ထားလို့ ကလေးသူငယ်တွေ၊ လူကြီးတွေနဲ့ကြည့်ဖို့ သိပ်အဆင်ပြေမယ်မထင်ပါဘူးဇာတ်လမ်းအကျဉ်းကတော့ဖခင်ဖြစ်သူဟာ ကိုယ်ရဲ့ အရပ်ဒေသမဟုတ်တဲ့ တစ်နယ်တစ်ကျေးမှာကိုယ်နဲ့ ကွဲကွာနေရတဲ့ သမီးဖြစ်သူအတွက်သူမကျူးလွန်ထားတဲ့ အမှုကို မကျူးလွန်ကြောင်း သက်သေပြဖို့လူမျိုးခြားတွေ လူမျိုးရေးခွဲခြားသူတွေကြားရုန်းကန်ဖြေရှင်းဖို့ ကြိုးစားရင်းပြဿနာတွေ ကြုံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ဘာသာပြန်တွေကတော့ Thar Htet, Yoon Sandi Aung, Jimx, Amelia တို့ပဲ ဖြစ်ကြပါတယ်။File size…2.24GB Quality….WEB-DL 1080p Format…mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... Augsut
movie
Stillwater (2021)
2021
7.4
The Green Knight (2021)
The Green Knight (2021)====================IMDb Rating - 7.4/10ကျွန်တော်ငယ်ငယ်တုန်းက ကြီးကျယ်ခန်းနားတဲ့ စွန့်စားခန်းတွေအကြောင်း ပုံပြင်တွေ နားထောင်ရရင် အရမ်းပျော်ပါတယ်။ပုံပြင်ပြီးသွားရင်တောင် အတွေးထဲက သူရဲကောင်းကြီးကတော့ စွန့်စားခန်းတွေ ဆက်ဖွင့်နေတုန်းပါပဲ။တစ်ခါတစ်လေ အိပ်မက်ထဲထိတောင် ရောက်လာပြီ ဘီလူကြီးတွေ နဂါးကြီးတွေနဲ့ ရင်ဆိုင်နေလိုက်ပါသေးတယ်။ဒီလိုနဲ့ အရွယ်ရောက်လာတော့ အဲဒီပုံပြင်တွေကိုသာ ရုပ်ရှင်အဖြစ် ရိုက်ကူးကြရင် ဘယ်လိုများဖြစ်မလဲ စိတ်ကူးကြည့်ဖူးပါတယ်။သင်လည်းအဲ့လိုစိတ်ကူးဖူးတယ်ဆိုရင် ဒီဇာတ်ကားကို ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။The Green Knight 2021 ဟာ ဂန္ဓဝင်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဘုရင်အာသာရဲ့ တူဖြစ်သူ ဆာဂါဝင်ရဲ့ စွန့်စားခန်းအကြောင်းကိုပြန်ရိုက်ကူးထားတာပါ။ဒါရိုက်တာ David Lowery ရဲ့ ရိုက်ချက်တွေကို ကြည့်ဖို့သက်သက်နဲ့တင် ဒီကားက ကြည့်ဖို့တန်တဲ့ကားတစ်ကားပါ။ဂန္ဓဝင်ဇာတ်လမ်းတစ်ပုဒ်ကို ခေတ်ပေါ်နည်းပညာတွေနဲ့ ပုံဖော်ထားတဲ့ အနုပညာမြောက်ကားတစ်ကားလို ပြောလို့ရပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့လည်း အော်စကာဆုရ Slumdog Millionaire ဇာတ်ကားရဲ့ မင်းသား Dev Patel က ဂါဝင် အနေနဲ့ပါဝင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie
The Green Knight (2021)
2021
4.2
King of Prison 2: The Prison War
King of Prison 2 (2021)ထောင်ကားတွေ ရှားပါးနေတဲ့အချိန်မှာ ထောင်ကား ကောင်းကောင်းလေးတစ်ကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။၂၀၂၀ ခုနှစ်တုန်းက King of Prison 1 ထွက်ရှိခဲ့ပြီး အတော်အတန် အောင်မြင်ခဲ့ပါတယ်။ထောင်ကား ကြိုက်နှစ်သက်သူတွေအဖို့ အတော်သဘောတွေ့ခဲ့ရတဲ့ ကားပါပဲ။ဒီကားကလည်း စိတ်မပျက်စေရဘူးဆိုတာ အာမခံပါတယ်။နာမည်ကြီး မင်းသားမင်းသမီးတွေ မပါဘဲ လူမိုက်ကြီးတွေနဲ့ကို ဇာတ်လမ်းက ကောင်းနေတာပါ။အဓိကကတော့ အက်ရှင်မှ ကြမ်းမှ ကြိုက်တယ်ဆိုသူတွေ ကြည့်သင့်တဲ့ကားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ထောင်မင်းသားတွေ ထောင်ဘုရင် ဖြစ်ဖို့ကြိုးစားကြတာပါ။ထောင်ထဲမှာ အပြိုင်အဆိုင်လူမိုက်လုပ်နေကြတဲ့ အဖွဲ့နှစ်ဖွဲ့ ရှိပါတယ်။ဒီနှစ်ဖွဲ့ရဲ့ခေါင်းဆောင်နှစ်ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြတာပါ။ "ကိုယ်ဦးကိုယ်တွယ် သူဦး သူတွယ်" ပါပဲ။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်နှစ်ယောက်ဟာ ထောင်ဘုရင်ဖြစ်ဖို့ ပြိုင်နေကြတာကိုး။မကောင်းတဲ့အတိတ်နဲ့ ထောင်ထဲမှာဓားကိုင်နိုင်တဲ့ တစ်ဦးတည်းသော ထောင်သား ဂီချောလ် ရောက်လာတဲ့အခါမှာတော့ အဖွဲ့နှစ်ဖွဲ့ကြားရန်လိုမှုက မီးလောင်ရာ ဓာတ်ဆီနဲ့လောင်းလိုက်သလိုပါပဲ။အရှိန်အဟုန်က ပြင်းထန်လာပါတော့တယ်။လာဘ်စားတဲ့ ထောင်လုံခြုံရေးမှူး ရယ် ..... နောက်ကွယ်မှာ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူဌေးကြီးရယ် ...... ပါဝင်နေသေးတယ်ဆိုတော့…စစ်မှန်တဲ့ထောင်ဘုရင်ဘယ်သူဖြစ်မလဲ ဆိုတာကို ဇာတ်လမ်းထဲမှာ ...
movie
King of Prison 2: The Prison War
2021
5.8/10
Spin (2021)
အိန္ဒိယအမေရိကန်ကပြားတစ်ယောက်အဓိကဇာတ်ကောင်အနေနဲ့ပါတဲ့Disney Channel ရဲ့ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။တစ်ကားလုံး အင်္ဂလိပ်စကားပြောတာမို့အိန္ဒိယကားမဟုတ်တဲ့အတွက် အကတွေအဆိုတွေဟာဇာတ်လမ်းအရ ယုတ္တိရှိရှိပဲ ပါတာမျိုးဖြစ်ပါတယ်။ရီယာဟာ အဖေဖြစ်သူရဲ့ဆန္ဒအရကွန်ပြူတာကုတ်ရေးပညာကိုကျောင်းမှာသင်ယူရင်းမိသားစုစားသောက်ဆိုင်အလုပ်ကိုကူညီနေရသူပါ။သူဟာ ကျောင်းပွဲတော်မှာဖျော်ဖြေမယ့်ဒီဂျေသမားကောင်လေး မက်စ်ကို သဘောကျရာကနေဒီဂျေသင်ယူဖို့ကြိုးစားရင်းBeat တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတာသိလိုက်ရပါတယ်။မက်စ်စပ်ထားတဲ့ သီချင်းကို ကျောင်းပွဲတော်စီစဉ်သူကသဘောမကျတဲ့အခါ ရီယာဟာပညာရေးနဲ့ မိသားစုအလုပ်တွေကြားကလုံးပမ်းရင်းသူ့အတွေးအမြင်သစ်တွေ ခံစားချက်သစ်တွေနဲ့ဆန်းသစ်တဲ့တီးလုံးတွေဖန်တီးဖို့မက်စ်ကိုကူညီပေးပါတော့တယ်။အိန္ဒိယမင်းသမီးဇာတ်ကောင်နဲ့အမေရိကန်ဇာတ်ကားတစ်ကားဖြစ်ပြီးအိန္ဒိယရိုးရာနဲ့ အနောက်တိုင်း DJ ကိုရောစပ်ပြသထားတဲ့musical အမျိုးအစားမို့ဆန်းသစ်တဲ့မြူးမြူးကြွကြွကားမျိုးကြိုက်သူတွေအတွက်တင်မကပဲDJ တီးလုံးဖန်တီးမှုတွေပါ အသားပေးဖော်ပြထားတဲ့ကားမို့ သာမန်မဟုတ်ပဲစိတ်ဝင်စားစရာကောင်း ရသပေါင်းစုံရစေတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဘာသာပြန်ပေးထားသူတွေကတော့JimX , JoJoVa , Pyi T Nyein , Yoon Sandi Aung တို့ ဖြစ်ပြီးThit San Khant မှ Encode တင်ဆက်ပေးထားပါတယ် Quality - 1080P & 720P Web Dl Subtitle - Burmese Duration - 01:34:15 Format - MP4 File Size - 1.45 GB & ...
movie
Spin (2021)
2021
4.2
77 Heartwarmings (2021)
77 Heart Warmings (2021)၇၇ ကြိမ်လောက် အသည်းကွဲပြီးတော့ ..... ၇၇ ကြိမ်လောက် အသည်းကျွမ်းဖို့ CM ပရိသတ်ကြီးကို ဖိတ်ခေါ်လိုက်ပါတယ်။ဒီကားမကြည့်ခင် 77 Heartbreaks လေးတော့ ပြန်ကြည့်သင့် .....။ဒီကားမှာတော့ ထိုင်းမင်းသားချောလေး မာရီယိုကပါ ပါဝင်ပြီး စိတ်လှုပ်ရှားပေးမှာမို့ ရင်ခုန်စရာဇာတ်လမ်းလေးကို ခံစားကြည့်ရအောင်နော်။"ပျော်ရွှင်မှု" ဆိုတာ အဝေးကြီးမှာ ရှာဖွေစရာမလိုပါဘူး။ ရိုးရိုးရှင်းရှင်းလေးနဲ့ ကိုယ့်အနား ရောက်လာတဲ့ခံစားမှုကို ပျော်ပျော်ရွှင်ရွှင်လေးခံစားတတ်ဖို့ပဲလိုတာပါ။၇၇ ခါမြောက် စိတ်လှုပ်ရှားရဖို့ ၇၇ ကြိမ်လောက် စိတ်ပင်ပန်းခဲ့ရတယ်။ နောက်ဆုံးတစ်ခါ စိတ်ပင်ပန်းခဲ့ရတာကတော့ သူသစ္စာဖောက်တာကို လက်ပူးလက်ကြပ်မိတဲ့အချိန်ပေါ့။သူဘယ်လိုပဲပြင်ပါ့မယ်လို့ပြောပြော စိတ်ထဲမှာတော်တော်ကြောက်နေခဲ့တာ။ သူ့ရဲ့အပြောအဆို၊ အယုအယတွေအောက် ကိုယ်ထပ်ပြီး ကျရှုံးသွားမှာ ကြောက်နေခဲ့မိတယ်။ထပ်ပြီးစိတ်ထိခိုက်မှာကို ကြောက်နေခဲ့မိတယ်။အခုတော့ သူက သူနဲ့မတူအောင်ကို ကိုယ့်အတွက်စဉ်းစားပေးလို့ ပျော်ရွှင်ခဲ့ရတယ်။နောက်ပြီးတော့ ဟိုတစ်ယောက်... ထူးဆန်းတဲ့ပုံစံတစ်မျိုးနဲ့ ကိုယ့်ဆီချဉ်းကပ်လာခဲ့တယ်။အဖြစ်အပျက်တွေ အရမ်းကိုမြန်ဆန်လွန်းပေမယ့် သူနဲ့ဆို လွတ်လပ်သလိုခံစားရတယ်။ ကိုယ့်ကို လက်တွေ့ဘဝထဲက ရုန်းထွက်လာပြီး သူနဲ့အတူတူ ပျော်ရွှင်ရအောင်တဲ့...ကိုယ်ဘယ်လိုလုပ်ရမလဲ.... ? ကိုယ်ဘာကိုရွေးရမလဲ .....? ခံစားချက် နဲ့ ဘဝ ...
movie
77 Heartwarmings (2021)
2021
4.2
Oh my ghost 6 (2018)
Oh my ghost 6 (2018)Oh My Ghost ဇာတ်ကားတွေထဲက ပက်ကြားအက်တစ်သိုက် ရဲ့ဗရုတ်ကျမှုတွေကို CMကနေ တစ်ပြန် ပြန်လည် တင်ဆက်လိုက်ပါပြီ။Oh My Ghostလို ပေါက်လွန်လွန်းလှတဲ့ ထိုင်းသရဲဟာသကားကို ဟာသရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိကြမှာပါ။ဒီတစ်ခေါက်မှာတော့ ဇာတ်လိုက်ကျော် ပန်ကိတ်မတစ်ယောက် လူ့ပြည်မှာ အဆင်ဖမ်းဖို့အတွက် လူပြန်ဝင်စားနိုင်မယ့် အထူးအခွင့်အရေးလေးကို ယမမင်းကြီးက ဖန်တီးပေးလိုက်ပါတယ်။ပန်ကိတ်မ မလိုက်နာနိုင်လောက်တဲ့ စည်းမျဥ်း စည်းကမ်း တစ်သီတစ်သန်း ပက်ကေ့ချ်လေးနဲ့ပေါ့။အဆင်ကလည်းဖမ်းချင် စည်းကမ်းကလည်းများ ဆိုတော့ ပန်ကိတ်မအဖို့ အကြပ်ရိုက်ပြီလေ။ဒါပေမယ့် "အခြောက်သရဲဆိုတာ အမြဲ ...... ယုံကြည်ရာတစ်ခုအတွက် အဆဲကိုတောင် စတေးကြတာပဲ" ရယ်လို့ ပန်ကိတ်တစ်ယောက် ကြွေးကြော်ရင်း ငါ မဆဲဘူး ..... ငါ မဆဲဘူး ဆိုပြီး ပန်ကိတ်တစ်ယောက် ယမမင်းရဲ့စည်းကမ်းတွေကို ချဲလန့်ခေါ်ပါတော့တယ်။ချဲလန့်ဆိုတဲ့အရာကလည်း အခက်အခဲတွေနဲ့ တစ်ပါတည်းပါလာတတ်တာ သဘာဝမို့ ပန်ကိတ်မ တစ်ယောက် မစ်ရှင်ပဲ ကွန်ပလိမလား????? ဖေးလ်ပဲ ဖေးလ်မလားဆိုတာကို ရင်တမမ အရယ်မရပ်ရ ဆိုတဲ့စာသားနဲ့ အညီ ...
movie
Oh my ghost 6 (2018)
2021
7.7
Kamali from Nadukkaveri(2021)
Kamali from Nadukkaveri (2021) ------------------------------------- IMDB 7.7./ 10 User 904တမီးလ် ဒရာမာလေးပါ.ကမလီဆိုတဲ့ အမျိုးသမီးကျောင်းသူလေးကိုအဓိကဇာတ်ကောင်အဖြစ်ရိုက်ကူးထားပါတယ်. ကမလီက ပုံမှန်ရွာသူလေးတစ်ယောက်.တနေ့ သူ့အိမ်မှာမိသားစုနဲ့အတူ တီဗီကြည့်ရင်း တနိုင်ငံလုံးအဆင့် ၁ရတဲ့ ကျောင်းသားတစ်ယောက်ကိုတိတ်တခိုး သဘောကျမိတယ်. သူ့အချစ်က အဲ့လောက်နဲ့ရပ်မသွားခဲ့ပါဘူး. သူချစ်တဲ့ ကောင်လေးနဲ့ကျောင်းအတူတက်ရပြီး ချစ်သူဖြစ်တဲ့ထိ သူက ရည်ရွယ်လိုက်ပါတယ်. အဲ့နေ့ကစပြီး ကမလီလေးကစာကိုတစိုက်မတ်မတ်ကြိုးစားပါတော့တယ်.သူ့ရဲ့ကြိုးစားမှုတွေက ဖြစ်လာမှာလား? အချစ်စိတ်တစ်ခုထဲနဲ့ ကမလီလေး သူရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ တကယ် ဖြစ်လာမလား??ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတွေကို အောင်မြင်စွာနဲ့ ဘယ်လိုကျော်လွှားခဲ့လဲဆိုတာကိုစိတ်၀င်စားဖွယ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်. လူငယ်ဆန်ဆန် ကျောင်းသားကားလေးမလို့ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတာမလို့ ညွှန်းချင်ပါတယ်. File size…2.31GB and 1.2GB and 591MB Quality…1080p TRUE WebDl DDP5.1 and 720p and 480p Format…Mp4 Duration….2h 27min Genre….Drama Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by ...
movie
Kamali from Nadukkaveri(2021)
2021
8/10
Light (2021)
Light (2021)" အချစ်က နူးညံ့တယ် ပျားရည်လိုချိုတယ် "ကျွန်တော်တို့ ဝတ္တုတွေ ထဲ ရုပ်ရှင်တွေထဲ အခမ်းနားဆုံးအချစ် နဲ့ ပတ်သက်သမျှ အနူးညံ့ဆုံး စကားလုံးတွေ သုံးကြတယ်ကျွန်တော် ပြောပြချင်တဲ့ ကြည့်စေချင်နေတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ရှိတယ်ဗျရှောင်ကွမ်း(အလင်းလေး) ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိတယ်ချစ်စရာမျက်နှာချိုချိုလေး နဲ့ ကလေး ပေါ့နာမည်ကသာ "အလင်း" ဘဝက မှောင်တာမှ မိုက်လို့။ဘဝကို အမှောင်လောကမှာပဲ အသက်မွေးရတယ်။အမေသေပြီးနောက် ပထွေးရဲ့မတရားကျင့်ကြံမှုနဲ့အတူ အမှောင်ကမ္ဘာထဲကိုအရွယ်မတိုင်ခင် အသက်ငယ်ငယ် နဲ့ ရောက်ရှိနေတဲ့ သမင်ဖြူလေး တစ်ကောင်ဖြစ်တဲ့ရှောင်ကွမ်း အသက်ရှင်ဖို့ လမ်းကြားတွေက အန္တရာယ် များလွန်းခဲ့တယ်ခန္ဓာကိုယ် ပေးဆပ်ရတဲ့ အပြင် နှိပ်စက်မှုတွေ ပါ လုပ်သွားတက်ကြတာပေါ့တစ်ရက်မှာတော့ ရှောင်ကွမ်းလေး ကို အားစော ဆိုတဲ့ ကိုကြီး တစ်ယောက်ကဒီလမ်းကြားတွေ ဆီကနေ ကယ်တင်ခဲ့တယ်....ရှောင်ကွမ်းလေး က ကိုကြီး နဲ့ အတူရှိနေတဲ့ ...
movie
Light (2021)
2021
5.3
The Swarm (2021)
၂၀၂၁ ထွက် Thriller ဇာတ်ကားလေးပါ။ဇာတ်လမ်း အကျဉ်းကတော့ ဗာဂျီနီဆိုတဲ့ အဓိကဓာတ်ကောင်က ကျိုင်းကောင်တွေမွေးပြီး ရောင်းပါတယ်။ဒီမှာ ပုရစ်ရောင်းသလိုပေါ့ဗျာ။သူ့မှာ သမီးတစ်ယောက် သားတစ်ယောက်ရှိတယ်။ သူ့အလုပ်ကလည်း အဆင်မပြေသားသမီးတွေကိုလည်း ဂရုမစိုက်နိုင်ဆိုတော့ ပြဿနာတွေဖြစ်ကြတာပေါ့။နောက်တော့ ကျိုင်းကောင်တွေကို အကောင်ကြီးကြီးရအောင် လုပ်နိုင်တဲ့နည်းလမ်းကိုတွေ့လာတယ်။ကျိုင်းကောင်တွေကို သွေးတိုက်တာပါ။အခက်အခဲတွေကြားမှာ ကြံရာမရတဲ့အဆုံး ကျိုင်းကောင်တွေကို သွေးတိုက်ပြီးမွေ့းပါတော့တယ်။ပထမတော့ သွေးကို ဝယ်နေပေမဲ့ နောက်တော့ သွေးဝယ်လို့မရတဲ့အဆုံး ကိုယ်တိုင်သွေးရှာပြီး တိုက်ပါတော့တယ်။နောက်တော့ သွေးသောက်နေတဲ့ ကျိုင်းကောင်အုပ်ကြီးနဲ့ သွေးကိုကိုယ်တိုင်ရှာနေတဲ့သူ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ပါတော့။ ဘာသာပြန်သူတွေကတော့ d3mon & Ma Phi ပဲဖြစ်ပါတယ်…File Size : (900 MB) and (450 MB) Quality : NF WEB-DL (720p,480p) Running Time : 1hr 41min Format : Mp4 Genre : Drama, Fantasy,Horror Subtitle : ...
movie
The Swarm (2021)
2021
6.7
Netrikann (2021)
Netrikann (2021) Crime, Drama, Mystery IMDb 7.3/10ဒီကားကလည်း Remake တွေထဲမှာ အကြိမ်ကြိမ် ပြန်ရိုက်လည်း မရိုးနိုင်တဲ့ Remake ထဲက တစ်ကားပါပဲ။2011 ခုနှစ်တုန်းက ကိုရီးယားက Blind ဆိုတဲ့ အမည်နဲ့ ရိုက်ကူးခဲ့ပါတယ်။ 2015 ခုနှစ်မှာတော့ တရုတ်က The Witness ဆိုတဲ့ အမည်နဲ့ ရိုက်ကူးခဲ့ပါတယ်။အခု ၂၀၂၁ ခုနှစ်မှာတော့ အိန္ဒိယက Netrikann ဆိုတဲ့အမည်နဲ့ ရိုက်ကူးခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ .....မတော်တဆမှုတစ်ခုမှာ မောင်ဖြစ်သူသေဆုံးပြီး ကိုယ်တိုင်မျက်စိကွယ်ခဲ့ရတဲ့ စီဘီအိုင်အရာရှိကောင်မလေး ဒူရ်ဂါဟာ မျက်စိကွယ်ခဲ့ရတဲ့အတွက် စီဘီအိုင်(ရဲ)အလုပ်ကိုလည်း ဆက်မလုပ်နိုင်တော့ဘဲ ဘဝကို သိမ်ငယ်စွာဖြတ်သန်းနေခဲ့တယ်...တစ်ရက် ကားငှားပြီးစီးလာရင်းနဲ့ ဒါရိုက်ဘာက လူတစ်ယောက်ကို တိုက်မိသွားတယ်.. ခွေးတစ်ကောင်ကို တိုက်မိတာပါလို့ ယာဉ်မောင်းက လိမ်ပေမယ့်လည်း စီဘီအိုင်အရာရှိဟောင်းဖြစ်တဲ့ဒူရ်ဂါအဖို့ မျက်စိမမြင်ပေမယ့်လည်း အဖြစ်မှန်ကို လွယ်လွယ်ခန့်မှန်းမိနေပါတယ်...လူကိုပါ ရန်ရှာလာတော့ ရဲစခန်းမှာ အမှုလာဖွင့်တယ်.... မျက်မမြင်တစ်ယောက်ရဲ့တိုင်ချက်ဆိုတော့ အရေးမလုပ်ကြဘူး အဲ့ဒီခစန်းမှာလည်း ဘယ်သူကမှ လေးစားမှုမရှိတဲ့ အူတူတူ အက်စ်အိုင်အရာရှိတစ်ယောက်ရှိတယ်...သူကလည်း စခန်းကလူတွေလေးစားခံရဖို့ ...
movie
Netrikann (2021)
2021
8.0
Kuruthi (2021)
Kuruthi (2021)IMDb 8.1/102021ခုနှစ် ဒီလထဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အိန္ဒိယသည်းထိတ်ရင်ဖိုဇာတ်လမ်းတပုဒ်ပါ. Thrillerဆို အင်္ဂလိပ်ကားလောက်ပဲ ratingကောင်းနေပေမယ့်ဒီအိန္ဒိယကားကတော့ Imdb၈ထိရထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတပုဒ်ပဲဖြစ်တာကြောင့် အန္ဒိယရဲ့ ဒီThrillerရုပ်ရှင်ကို မြည်းစမ်းကြည့်စေချင်ပါတယ်.ဒီကားက လုံးဝ ကြည့်နေရင်းနဲ့ ရင်တထိတ်ထိတ်ဖြစ်စေမယ့်ကား...အီဗရာဟင်မ်ဟာ တောင်ခြေနားက ရပ်ကွက်အစုလေးမှာမိသားစုနဲ့အတူ နေထိုင်ပြီး ရာဘာစေးခြစ်တဲ့အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်တစ်နေ့မှာတော့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုကျမှုဖြစ်ပြီးအီဗရာဟင်မ်တစ်ယောက် ဇနီးနဲ့သမီးလေးကို ဆုံးရှုံးခဲ့ရတယ်စိတ်အားတင်းပြီး ဖခင်နဲ့ညီလေးနဲ့အတူ ကြိုးစားနေထိုင်ရင်း...တစ်ရက် ဒဏ်ရာရနေတဲ့ရဲမှူးတစ်ယောက် တရားခံနဲ့အတူအိမ်မှာခဏနားခိုခွင့်တောင်းလာတယ်..သိပ်မကြာတော့ နောက်ထပ်လူစိမ်းတစ်ယောက်ဝင်လာတယ်ဒီလိုတောတောင်ထဲမှာ ဒဏ်ရာတွေနဲ့ ရောက်လာတဲ့ရဲမှူးရယ်ဒီလူစိမ်းတွေနဲ့ အီဗရာဟင်မ်တို့ ဘာတွေဆက်ပြီးကြုံရအုံးမလဲဆိုတာကိုတော့ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားစွာနဲ့ Thrillerရသ အပြည့်အဝနဲ့ကြည့်ရမှာပါFile size…1.2GB and 2GB and 512MB Quality…720p WEB DL and 1080p WEB DL DDP5.1 and 480p Format…Mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by May Zin Oo & ...
movie
Kuruthi (2021)
2021
5.6
Night Drive (2021)
Night Drive (2021)===============IMDb Rating - 5.6/10 လူ့လောကဆိုတာ အသက် ၁၀၀ သာနေချင်မှနေရမယ် အမှု ၁၀၀ ကတော့ ကြုံရတာပဲမလား၊ တခါတလေကျရင်ပြဿနာကကိုယ်ရှိတဲ့နေရာဆီ တကူးတကကိုလာတတ်တာမျိုးလေ။ကယ်လီဖိုးနီးယားက Developer ရပ်ဆဲလ်တစ်ယောက် နာမည်ကြီး App တစ်ခုကိုရေးခဲ့ပေမယ့်၊ သူငယ်ချင်းကောင်းမှုနဲ့ပိုက်ဆံတွေဝက်ဝက်ကွဲရှုံးသွားတယ်ဗျာ ဒါနဲ့ပဲ ဆရာသမားက ရိုးသားကြိုးစားစွာ Taxi မောင်းပြီး အလုပ်လုပ်နေတာ၊App မှာလည်း Point တွေ ကောင်းကောင်းလေးရထားတဲ့ Taxi ဆရာပေါ့။ ခရစ်စမတ်ညတစ်ညမှာတော့ ကောင်မလေးတစ်ယောက်ကိုကားမောင်းပြီး လိုက်ပို့တယ် . ဒါပြီးရင် သူလည်းပါတီတက်မယ်ပေါ့လေ။အဲ့ဒီမှာ ဇာတ်လမ်းစတာပဲ . . . မတော်တဆမှုတစ်ခုဖြစ်ပြီး ဆက်တိုက်ဆိုသလို ပြဿနာတွေ ပေါ်တော့တာ သူ့ကားငှားလာတဲ့ကောင်မလေးကလည်း အရမ်းသွေးအေးလွန်းပြီး လျှို့ဝှက်ချက်တစ်ခုခုလည်းရှိနေတယ်၊ အဲ့ဒီလျှို့ဝှက်ချက်ကဘာများဖြစ်လဲThriller ဆိုပေမယ့် Comedy လည်းဆန်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားမျိုးလို့ပြောလို့ရတယ်။ရိုးရိုးသားသား Taxi ဆွဲစားနေတဲ့ ဆရာသမားရပ်ဆဲလ်ဆီကို ...
movie
Night Drive (2021)
2021
I Can Only See (2021)
I can Only See (2021)၂၀၂၁ မှာအသစ်ထွက်ထားတဲ့ Horror/Comedy ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Cast တွေကတော့ 2AM member ဖြစ်သူ Jung Jin Woon မင်းသမီးကတော့ Sol Binတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလို ..... သရဲကားဆိုပေမယ့် ဟာသလေးတွေရောထားလို့ ကြောက်တတ်သူတွေ ကြည့်ပျော်မယ့်ကားလေးလည်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ...... ဇာတ်ကားရိုက်ဖို့ နေရာရှာနေတဲ့ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက်နဲ့ သူတို့ရိုက်ကူးရေးအဖွဲ့အကြား ကြောက်စရာဖြစ်ရပ်တွေ ကြုံရပုံကို အဓိကထားရိုက်ကူးတာဖြစ်ပါတယ်ဂျန်းဂွန်းဆိုတဲ့ တက်သစ်စဒါရိုက်တာက ဇာတ်ညွှန်းလည်းရေးသလို ဒါရိုက်တာလည်းလုပ်နေတဲ့ လူငယ်တစ်ယောက်ပါတစ်ရက်မှာသူရေးထားတဲ့ဇာတ်လမ်းကို အတူတူရိုက်ကူးဖို့ ကျောင်းတုန်းကစီနီယာတွေကိုခေါ်ပြီး ဇာတ်ကားတစ်ကားဖန်တီးဖို့အကြောင်းဖန်လာရင်း အဲ့ဒီဇာတ်ကားရိုက်တဲ့ နေရာ ဟိုတယ်ဟောင်းတစ်ခုမှာ သဘာဝလွန်ဖြစ်ရပ်တွေစဖြစ်လာပါတော့တယ်သူတို့အဖွဲ့ကဘယ်လိုတွေ အခြောက်ခံရမယ်ဆိုတာတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟာသလေးတွေပါလို့ ရီမောဖွယ် ကြည့်ရှုရမှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးဖြစ်ကြောင်းညွှန်းချင်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Moe Pwint ပဲ ဖြစ်ပါတယ်။File size…1.8 GB and 1.1 GB and 399 MB Quality….WEB-DL 1080p and 720p and 480pFormat…mp4 Duration…. ...
movie
I Can Only See (2021)
2021
9.0
Shershaah (2021)
Shershaah 2021 --------------------------------- IMDB 9.0/10 User 3.9Kဒီနှစ်ထဲမှာ low budget နဲ့ဇာတ်ကားတွေချည်းမို့ ကားကောင်းတွေ နည်းခဲ့တယ်။ အဲ့ဒီအထဲ ဒီဇာတ်ကားကတော့ ကြိုက်မိပါတယ်။ဗစ်ကရမ်ဆိုတဲ့ ငနဲက ငယ်ငယ်လေး ကတည်းက ရန်ဖြစ်ဖို့လည်း လက်မရွံ့ခဲ့။ အကြောက်တရားက မရှိခဲ့။ကျောင်းတွင်း ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့တွေမှာဆို ကျောင်းသားအားလုံးကို ကျောင်းဝတ်စုံနဲ့ မြင်ရပေမဲ့ ဗစ်ကရမ်ကတော့ အိန္ဒိယစ်စဝတ်စုံကို ဂုဏ်ယူဝင့်ကြွားစွာ ဝတ်လာတတ်တယ်။ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်က အရွယ်ရောက်လာတဲ့အခါ စစ်သားကြီးဖြစ်ဖို့ပေါ့။သူကောလိပ်တက်စဉ်မှာတော့ အင်မတန်မှကို ချောမောလှပတဲ့ ချစ်သူတစ်ယောက်လည်း ပိုင်ဆိုင်ထားတယ်။အချစ်ရေးမှာရော သူ့ရဲ့ ရည်မှန်းချက် အိပ်မက်က ဘယ်လို အတားအဆီးဖြစ်လာမလဲ။အဲ့ဒါက ဗစ်ကရမ်ရဲ့အကြောင်းပါပဲ ။သူ့တာဝန်ထမ်းဆောင်ရတဲ့ နေမြေကတော့ အများသိတဲ့ စစ်သွေးကြွတို့ရဲ့ နယ်မြေ ကက်ရှ်မီးယားပါပဲ။ကက်ရှ်မီးယားကို သူစတင်ရောက်စဉ်မကြာမီမှာပဲ ဒေသခံတွေနဲ့ ရင်းနီးသွားတယ်။သတင်းပေးတွေရဲ့ သတင်းတွေအရ အကြမ်းဖက်သမားတွေကို ဘယ်လိုဖြိုခွင်းမလဲဆိုတာကိုလည်း စစ်ကားကောင်းတစ်ကားလို ကြည့်ရမှာပါ။အချစ်လည်း ပါသလို၊ စစ်ရေးလည်း ပါတာမို့ ကြည့်ရတာ ကျေနပ်မိစေမှာပါ။ သူတို့တပ်ရင်းရဲ့ မြင်မြင်သမျှတွေဟာလည်း တကယ့်စစ်သားတွေလို စကားလုံးအသုံးအနှုန်းတွေကအစ သဘာဝကျလှပါတယ်။ဒီလို ကားကောင်းတစ်ကားကို မိတ်ဆွေတို့ အပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ဪ မေ့လို့.. ရိုချင်တဲ့သူတွေအတွက်လည်း သီချင်းလေးက ကောင်းလွန်းလို့ စာတန်းထိုးပေးထားပါတယ်ဗျ။ File size…1.45GB and 2.18GB Quality…720p AMZN Web ...
movie
Shershaah (2021)
2021
5.8
The Kissing Booth 3 (2021)
ကဲ အားလုံးပဲ အနမ်းပြခန်းကို တတိယအကြိမ်မြောက် သွားကြရအောင်ဗျThe Kissing Booth 2 မှာတုန်းက အယ်လ်တစ်ယောက် အထက်တန်းကျောင်း ဘွဲ့ရသွားတာ အားလုံး သိပြီးဖြစ်ကြမှာပါမာကိုဆိုတဲ့ ကောင်လေးနဲ့ ခြေရှုပ်ခဲ့တာလည်း မေ့ထားလို့ မရပြန်ပါဘူးနော်ချစ်သူနဲ့ သူငယ်ချင်းကြား ဗျာများလွန်းတဲ့ မမလေး အယ်လ်တစ်ယောက်ဒီတစ်ခါမှာလည်း မရိုးတဲ့ အကွက်ဆန်းတွေနဲ့ပြဿနာတွေ ဖန်တီးပါဦးမယ်ဒီဇာတ်လမ်းမှာတော့ ချစ်သူရှိရာ ဟားဗတ် တက္ကသိုလ်ကို သွားတက်ဖို့ ရွေးချယ်လိုက်တဲ့ အယ်လ့်ကိုသူငယ်ချင်းဖြစ်သူ လီက စိတ်ဆိုးရာကနေ ဇာတ်လမ်းကစပါတယ်ဒီတော့ သိပ်ချစ်လွန်းလို့ ကိုကို့နောက်လိုက်မယ့် အယ်လ်တစ်ယောက် သူငယ်ချင်းဖြစ်သူကို ချွေးသိပ်ရပါတော့မယ်ဒီလိုနဲ့ ငယ်ငယ်က ကောလိပ်မသွားခင် ၂ ယောက်အတူ လုပ်ချင်တဲ့ အရာတွေရေးထားတဲ့ စာရင်းထဲကအတိုင်းလီနဲ့အတူ ဖန်တီးဖို့ကြိုးစားရင်း အရှုပ်ဇယားတွေ ပေါ်လာပုံကိုရိုက်ကူးတင်ဆက်ထားပါတယ်အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ ဘာသာပြန်ထားတာကတော့ Yoon Sandi Aung, Jerrica, Thet Hnin ...
movie
The Kissing Booth 3 (2021)
2021
6.0
Playing God (2021)
Playing God (2021)===========================================IMDb - 6.0/10ကဲ ဒီတစ်ခါတော့ ဘုရားသခင်လုပ်တမ်းကစားလိုက်ကြရအောင်cm ပရိသတ်ကြီးရေ များသာအားဖြင့် မိသားစုတစ်ခုမှာ မောင်နှမတွေဆိုရင် မတည့်ကြတာ များမယ်ထင်တယ်ဒီဇာတ်လမ်းထဲက မောင်နှမကတော့ အတိုင်အဖောက် ညီလွန်းတဲ့အပြင်၂ ယောက်ပေါင်းပြီး လူတွေကို ပိပိရိရိ လိမ်စားတဲ့ အာဂမောင်နှမပါပဲဘယ်လောက်ထိ စကေးကြမ်းလဲဆို ဘာသာရေး သိပ်ကို ယုံကြည်သက်၀င်တဲ့ billionaire တစ်ယောက်ကိုဘုရားနဲ့မြှားပြီး ရေလျှံပေါက်ရှာတဲ့အထိပါပဲဟိုဘက်ကအကြွေးကို ဒီဘက်ငွေချေးဆပ် ဒီဘက်က အကြွေးကို ဟိုဘက်ငွေချေးဆပ်တဲ့ အကြွေးနွံနစ်နေတဲ့ သူတွေလိုပဲဒီမောင်နှမ ၂ ယောက်ရဲ့ ဘုရားကို ဗန်းပြ ရိုက်စားလုပ်မှုရဲ့ နောက်ကွယ်မှာ ငွေကြေးပြဿနာကလည်း ရှိနေပါသေးတယ်တစ်ဖက်က လူကလည်း ဘုရားနဲ့တွေ့ဖို့ လက်ခံလာတဲ့အခါမောင်နှမ ၂ ယောက် တစ်ပူပေါ်တစ်ပူဆင့်ရင်း ဘယ်လို အိုးတွေခွက်တွေ နင်းကြမလဲဆိုတာတော့ပရိသတ်ကြီးပါ သူတို့နဲ့အတူ ပါ၀င်ကစားလိုက်ပါတော့comedy , drama ဆိုပေမယ့် ပေါ့ပျက်ပျက်မဟုတ်ဘဲ ကြည့်ရှူသူကို ဆွဲဆောင်နိုင်လို့ အပန်းဖြေမှာ ...
movie
Playing God (2021)
2021
6.5
(18+)Trade Secrets of the Amazing Massage Shop (2021)
Trade Secrets of the Amazing Massage Shop (2021)အိမ်တွင်းအောင်းနေတဲ့ကာလမှာ အညောင်းမိ အကြောလျှော့ချင်နေတဲ့ ဘဒိုတွေ အတွက် အနှိပ်ခန်း မာဆတ် ဖောင်းဒိုင်းကားကောင်းလေး လာပါပြီ ကိုရီးယား ၁၈+ ကားဖြစ်ပြီးဇာတ်လမ်းက ဆံပင်ညှပ်ဆိုင် ဇာတ်လမ်းနဲ့ နည်းနည်းဆင်ပါတယ် အနှိပ်သီးသန့်ဖွင့်ထားတဲ့ မာဆက်လေးက အချိန်ကြာတဲ့အထိ အလုပ်မဖြစ် ဧည့်သည်တွေပါး ဝင်ငွေကနည်းလာတော့ဆိုင်ရှင်မမနဲ့ ဝန်ထမ်းကောင်မလေးများ အကြပ်ရိုက်စိတ်ညစ်နေတဲ့ အချိန် သူတို့ဘေးဆိုင်ကတော့ ဧည့်သည်တွေ ဝင်လာမစဲ တသဲသဲပေါ့ ဘေးဆိုင်ဘာလို့ လူများလဲဆိုတာ သိချင်နေကြတဲ့အချိန်ဘေးဆိုင်က ဝန်ထမ်းဆော် တစ်ယောက် အလုပ်ပြုတ်လာပြီး အနှိပ်သီးသန့်ဆိုင်လေးကို ရောက်လာတဲ့အချိန် ဘေးဆိုင်လူစည်နေရတဲ့ မဟာလျှို့ဝှက်ချက်ကို သိခွင့်ရခဲ့ပါတယ် အဲ့ဒါကတော့ နှိပ်ပေးတာနဲ့အတူဖောင်းဒိုင်းကို ရှယ်အလှူပေးတာပါပဲ ချဉ်စပ်ကော ချိုချဉ်ကော အရသာစုံကို Service အနေနဲ့ ရှယ်အလှူပေးလို့ လူစည်နေရတာပါ အဲ့တော့ ...
movie
(18+)Trade Secrets of the Amazing Massage Shop (2021)
2021
First
25
26
27
28
29
Last
Previous
Next