Channel Myanmar

2021

A Radiant Girl (2021) 6.1
A Radiant Girl (2021) A Radiant Girl (2021) ================ IMDb rating - 6.1/10ဒီဇာတ်ကားလေးကတော့ 1942 မှာဂျူးလူမျိုးတွေကိုဖိနှိပ်ချုပ်ချယ် ခဲ့တဲ့ အမှောင်ခတ်ကာလအကြောင်းကို drama လေးရောနှောပြီး ရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... 1942 ခုနှစ်ပဲရစ်မြို့ နွေရာသီလေးမှာ Jewish French လူမျိုးဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် အီရင်းဆိုတဲ့မိန်းကလေးတစ်ယောက်က ဘဝ မှာရည်မှန်းချက်တွေအပြည့်နဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ် ချင်တဲ့ အိပ်မက်လေးနဲ့ ဘဝကိုကြိုးစားရှင်သန်နေပါတယ်။ သူ့ဘဝ အတွက် အချစ်ဆိုတဲ့အရာကိုစူးစမ်းလေ့လာနေပြီး ဘဝမှာပထမဆုံး သောအရာတွေကို လက်တည့်စမ်းကြည့်ရင်းနဲ့ပေါ့။တစ်နေ့မှာတော့ သူ့ရဲ့မိသားစုမှာအမှောင်ရိပ်တစ်ခုလွှမ်းမိုးလာပါတယ်။ သူ့ရဲ့တက်ကြွနေတဲ့စိတ်ဓာတ်လေးကို ဘယ်အရာတွေက ဘယ်လိုရိုက် ချိုးပစ်လိုက်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာစိတ်ဝင်စားဖွယ်ကြည့်ရှူ ခံစားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.24 GB) / (475 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......June Encoder..........SWM
movie

A Radiant Girl (2021)

2021
Friends: The Reunion (2021) 8.7
Friends: The Reunion (2021) Friends: The Reunion (2021)=====================IMDb Rating - 8.7/10FRIENDS တီဗီရှိုး ပြီးဆုံးပြီး ၁၇ နှစ်အကြာမှာတော့ Friends Reunion ပြန်လာခဲ့ပါပြီ။Friends စီးရီး(စ/ဆုံး) Season 10 ခုစလုံးကို ဒီမှာ https://channelmyanmar.to/?s=friends+1994 ကြည့်ပါ။ဒီ Reunion က ကျွန်မတို့တွေထင်ထားသလို အပိုင်းအသစ်မဟုတ်ပါဘူးနော် သူတို့တွေ ပြန်ဆုံကြပြီး talk show တခုလိုစကားဝိုင်းဖွဲ့ပြောကြရင်း flashback တွေကို ပြန်ခံစားကြတာမျိုးပါ။ အဲတာကြောင့် Ross တို့ Rachel တို့လို character တွေကိုမြင်ရမှာမဟုတ်ပဲ David Schwimmer, Jennifer Aniston စသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီ reunion ဟာ ဇာတ်လမ်းတွဲအစအဆုံးကို ပြန်ပြီး reflect လုပ်မှာဖြစ်တဲ့အတွက် မကြည့်ရသေးသူတွေ အနေနဲ့ major spoilerအကြီးကြီးတွေမိနိုင်သလို တချို့နေရာတွေကို နားမလည်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲတာကြောင့် ...
movie

Friends: The Reunion (2021)

2021
The Conjuring: The Devil Made Me Do It (2021) 7
The Conjuring: The Devil Made Me Do It (2021) အက်ဒ် နဲ့ လော်ရိန်း ဝါရန်လင်မယားရဲ့ သဘာဝလွန်အမှုတွေထဲကအဆိုးဆုံးအမှုတစ်ခုကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ကွန်ဂျူးရင်း ၃ ကားမြောက် လာပါပြီ။ နိုင်ငံကျော် အာနီ ဂျွန်ဆန်ရဲ့လူသတ်မှုပဲ ဖြစ်ပါတယ်။ ဓားနဲ့ ၂၂ ချက်တိတိထိုးသတ်ခဲ့တဲ့ အာနီဟာ နတ်ဆိုးပူးကပ်ပြီးလုပ်ခဲ့မိတာဖြစ်ကြောင်း တရားရုံးမှာထွက်ဆိုလာပါတယ်။ ဒီလို လူသတ်မှုမျိုးဟာ ထောင်ဒဏ် အနှစ် ၂၀ လောက်ကနေသေဒဏ်အထိ ချနိုင်လောက်အောင် ပြင်းထန်တဲ့အပြင်နတ်ဆိုးပူးကပ်မှုဆိုတာ တရားရုံးမှာ သက်သေပြဖို့လည်း မလွယ်ခဲ့ပါဘူ။ ဒီရုပ်ရှင်မှာတော့ ဝါရန်လင်မယားဟာ ဘယ်လို နတ်ဆိုးတွေနဲ့ဘယ်လို သဘာဝလွန်အဖြစ်အပျက်တွေကို ထပ်ပြီးစုံစမ်းရဦးမလဲဆိုတာ ကြည့်လိုက်ကြရအောင်  File size…  3.68 GB / 1.26 GB / 610 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

The Conjuring: The Devil Made Me Do It (2021)

2021
4K HEVC
[18+] Pornstar 2: Pangalawang Putok (2021) 5.7
[18+] Pornstar 2: Pangalawang Putok (2021) Pornstar 2 (2021)သမီးလေးကြီးရင် ပွန်းစတားဖြစ်ချင်တယ် ဒုတိယပိုင်းပါ။ ပထမပိုင်းကိုတော့ ဒီလင့် ကနေကြည့်နိုင်ပါတယ်။ဆရာမကြီးလေးယောက် ပထမအစီအစဉ်က မအောင်မြင်တော့ အသစ်လေးတွေကို ပွဲထုတ်လာပါတယ်။ မင်းသမီးလက်သစ်လေးယောက်ကို သင်တန်းပေးကြမှာပါ။ ငမ်းစရာအရေအတွက်များလာတာပေါ့။ လာလာချင်းမှာတင် မျက်လုံးပြူးစရာတွေနဲ့ စကြိုမယ့် ဇာတ်ကားလေးပါ။ပထမကားမှာတော့ ဇာတ်ကားရိုက်တဲ့အဆင့်ထိမရောက်လိုက်ပေမဲ့ ဒီကားမှာတော့ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်လိုက်ပါတယ်။ သူတို့ရဲ့ ဖိလစ်ပိုင်အောလောကကို ပြန်အသက်သွင်းမယ့် ဒုတိယ စစ်ဆင်ရေးက အောင်မြင်မလားဆိုတာကို ကြည့်ရင်း အဖြေရှာလိုက်ကြရအောင်ဗျာ။(ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 805MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 35Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by 6 9 Encoded by ...
movie

[18+] Pornstar 2: Pangalawang Putok (2021)

2021
The Asian Angel (2021) 6.2
The Asian Angel (2021) The Asian Angel (2021)Aoki ဟာ အောင်မြင်မှုနဲ့ အလှမ်း​ေ၀းနေတဲ့ ဂျပန်နိုင်ငံသား ၀တ္ထုစာရေးဆရာတစ်ယောက်ဖြစ်ပြီး တရက်မှာတော့ သူ့အကိုဖြစ်သူရဲ့ ဆွယ်မှုကြောင့် ကိုးရီးယားကို သားဖြစ်သူနဲ့ ရောက်လာပါတယ်။ ဆော ဟာလည်း အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ကုမ္ပဏီဥက္ကဌ ရဲ့ အနိုင်ကျင့် အမြတ်ထုတ်တာကို ခံနေရတဲ့ ကိုးရီးယားနိုင်ငံသူလေးဖြစ်ပြီး မောင်နဲ့ ညီမ အတွက် အလုပ်ကို အမြဲ ပင်ပန်းကြိုးစားနေရသူပါ။တရက်မှာတော့ အစ်ကိုဖြစ်သူ က ပင်လယ်ကမ်းဘက် စီးပွားရေးလုပ်ဖို့အတွက် Aoki နဲ့ သူ့ကလေး လိုက်လာရင်း တဘက်မှာလည်း မိဘ သင်္ချိုင်းကန်တော့ဖို့ လာကြတဲ့ ဆော တို့ မောင်နှမတွေနဲ့ အမှတ်မထင် ကြုံလာခဲ့ပါတော့တယ်။မတူညီတဲ့ ဘာသာစကားတွေပြောကြပေမယ့်လဲ အတိတ်ကတူညီတဲ့ အဖြစ်အပျက်တွေကြောင့် ကိုးရီးယားစကားမတတ်တဲ့ Aoki နဲ့ ဂျပန်စကားမတတ်တဲ့ ဆော တို့ ဘာဆက်ဖြစ်ကြမလဲ။The Asian Angel (2021) ဟာ ၂ နာရီသာသာ ကြာမြင့်ပြီး drama ...
movie

The Asian Angel (2021)

2021
[18+] When I Grow Up, I Want to Be a Pornstar (2021) 5.7
[18+] When I Grow Up, I Want to Be a Pornstar (2021) When I Grow Up, I Want to Be a Pornstar (2021)ဇာတ်ကားနာမည်လေးကတော့ သမီးလေးကြီးရင် ပွန်းစတားဖြစ်ချင်ပါတယ်တဲ့။ဖိလစ်ပိုင် အောလောကထဲက ဆရာသမားတစ်ယောက်က ဒူးမနာသမီးလေးကို သေခါနီးမှာ အောလောကကို တိုးတက်စေချင်တာ အဖေ့ရဲ့ ဆန္ဒပါလို့ ပြောသွားတယ်။ အဲဒီတော့ အငြိမ်းစား အောမင်းသမီးက အောလောကကို တိုးတက်အောင် ရည်ရွယ်ချက်နဲ့ ဖိလစ်ပိုင်ပွန်းလောက ကယ်ဆယ်ရေး စီမံကိန်းကြီးကို စလိုက်တာပေါ့။သူလို ခေတ်မရှိတော့တဲ့ အောမင်းသမီးတွေကို စုပြီး သူတို့ရဲ့ အတွေ့အကြုံတွေ အကြံဉာဏ်တွေနဲ့ ပွန်းစတားအသစ် တင်ဖို့လုပ်ကြတော့တာပါပဲ။ ဒီကားကို ကြည့်ရင်တော့ ယောက်ျားလေးတွေရော မိန်းကလေးတွေပါ ပညာတွေ ရသွားမှာ သေချာပါတယ်။ ဟာသဇာတ်မြူးဆိုတော့ ရယ်လည်းရယ်ရ ကြည့်လည်းကြည့်ရမှာပါ။ ဖိလစ်ပိုင်အောလောကနဲ့ နီးစပ်တဲ့သူတွေအတွက်လည်း ရှေးက ဇာတ်ကားတွေကို အောက်မေ့စရာဖြစ်လောက်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

[18+] When I Grow Up, I Want to Be a Pornstar (2021)

2021
Menunggu Bunda (2021) 8.1
Menunggu Bunda (2021) Menunggu Bunda (2021)ဒီအင်ဒိုနီးရှားဇာတ်လမ်းလေးကတော့ သတိလစ်ပြီး ဆေးရုံတင်ထားရတဲ့ အမေအတွက် သားသမီးသုံးယောက်နဲ့ ခင်ပွန်းဖြစ်သူက အရင်အမှတ်တရတွေကို ပြန်တွေးကြတဲ့ပုံစံရယ် လက်ရှိ ဆေးရုံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေရယ်ကို ပေါင်းစပ်ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းနာမည်ကလည်း မြန်မာလိုဆို "မသွားပါနဲ့ဦး အမေ" လို့ အဓိပ္ပါယ်ရပါတယ်။ Alya၊ Alma နဲ့ Andra တို့ မောင်နှမသုံးယောက်မှာ Alma ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတဲ့ ကလေးတစ်ယောက်အမေ အိမ်ထောင်ကွဲခဲ့ဖူးသူတစ်ယောက်၊ လက်ရှိမှာ နောက်အိမ်ထောင်နဲ့လည်း ကိုယ်ဝန်အရင့်အမာရှိနေတဲ့သူ။Alya ကတော့ ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ အောင်မြင်နေတဲ့သူဆိုပေမယ့် သူ့အမေကို ပေးထားတဲ့ကတိတစ်ခု ဖောက်ဖျက်မိထားလို့ အပြစ်ရှိသလိုခံစားနေရတဲ့သူ။Andra ကတော့ အမေ့အပေါ်ကိုရော အစ်မတွေအပေါ်ကိုရော ညှာတာတတ်တဲ့ အငယ်ဆုံးသားလေး။ အမေက ဆေးရုံမှာ အသက်လုနေရတဲ့အချိန် သူတို့မောင်နှမသုံးယောက် အဲဒီအခြေအနေကို အဖေဖြစ်သူနဲ့အတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Family, Drama Quality…. 1080p | ...
movie

Menunggu Bunda (2021)

2021
John and the Hole (2021) 5.2
John and the Hole (2021) John and the Hole (2021) ===================ဒီဇာတ်ကားကို လူစိတ်ဝင်စားနေကြတာ တော်တော်များနေကြတယ်။ ဖြစ်ချင်ရာ ဖြစ်တဲ့ လောကကြီးထဲက ကိစ္စရပ်တစ်ခုပဲပေါ့။ မိသားစုကို မရ ရတဲ့နည်းနဲ့ စွန့်ပစ် ခဲ့တဲ့ လူမမည် ကောင်လေးတစ်ယောက်ရယ်၊ သမီးလုပ်သူကို တာဝန်မဲ့စွာ စွန့်လွှတ် ထားပစ်ခဲ့တဲ့အမေရယ်။ လောကကြီးက ရယ်ရတယ်‌ဗျ။ သူ့ချိုချဉ်ကို ဝိုင်းလုနေကြတဲ့ လူ‌ဆိုးလေးတစ်သိုက်ကိုတော့ အနာခံပြီး ချိုချဉ်မပေးခဲ့တဲ့ ကောင်မလေးက သူ့ကို ကူညီရင်း အရိုက်ခံ ဝိုင်းသေးပန်းခံလိုက်ရတဲ့ ကောင်လေးကိုတော့ ရက်ရက်ရော ရောကြီး သွားပေးနေပြန်ရော။ စတီဖင်ချောင်ရဲ့ဇာတ်ကားပြောပါတယ်။အခုလည်းပဲ လာမယ့်ဘေး ပြေးတွေ့ပြီး ဘာပဲဖြစ်ဖြစ် မကြောက်ဘဲ အမေ၊ အဖေနဲ့ အစ်မကို တွင်းကြီးထဲ ပစ်ချခဲ့တဲ့ကောင်လေး။ သူက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ နေချင် တယ်။ လူကြီးတစ်ယောက်လို လုပ်ချင်ရာလုပ်ပြီး ‌ဘဝကိုဖြတ်သန်းချင်တယ်။ လွတ် လပ်မှုကို ရချင်တဲ့ ၁၃ နှစ်သား။ကောင်မလေးကတော့ သူ့ကို ပိုက်ဆံတစ်နှစ်စာပေးပြီးစွန့်သွားတော့မယ့် အမေကို အတင်းဖက်တွယ်လို့ အမေနဲ့ နေရပါမယ့်အကြောင်း တောင်းပန်တိုးလျှိုးနေပြန်ရော။ နင်လုပ်ချင်တာလုပ်၊ နင့်ဆုံးဖြတ်ချက်နဲ့နင်။ ဒါပေမဲ့ သူကတော့ ...
movie

John and the Hole (2021)

2021
Just Remembering (2021) 6.9
Just Remembering (2021) Just Remembering (2021)~ IMDb – 6.9/10, MyDramaList – 7.5/10 ~ဒီရုပ်ရှင်အစအဆုံးမှာ ထူးထူးခြားခြား ရက်စွဲတစ်ခုပဲ ပါမယ်။ ဒါပေမဲ့ အဲ့ဒီ့ရက်စွဲတစ်ခုတည်းကိုပဲ နှစ်တွေ နှစ်တွေချီလို့… လူ့ဘဝဆိုတာကိုက အမှတ်တရနဲ့ ယှဉ်တွဲနေထိုင်ခြင်းပါပဲ...“Just Remembering“‘ယို’ ဆိုတဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးနဲ့ စတိတ်စင်မီးထိုးရတဲ့ တဲရူအိုဆိုတဲ့ အကသမားဟောင်းတစ်ဦးရဲ့ ကြားက အမှတ်တရတွေ။ အမှတ်တရထဲ ထားခဲ့ပြီဆိုကတည်းကိုက သိသာပါတယ်။ ကြည်နူးစရာတွေလာမယ်၊ ပြီးရင် ကြေကွဲစရာတွေလာမယ်၊ ပြီးတော့ တသသဖြစ်မယ်ပေါ့။ဒါပေမဲ့ ဒီကားက အဲဒီလိုမဟုတ်ခဲ့ဘူး။ “အမှတ်တရတွေကို ရုပ်ရှင်ကြည့်သလို နောက်ပြန်ရစ်ကြည့်ရင်း ရှက်ဖို့ကောင်းလွန်းလို့ ရှေ့ကို ပြန်ကျော်ပစ်ချင်လာတယ်” တဲ့။အပေါ်မှာ ပြောခဲ့တဲ့ ရက်စွဲတစ်ခု (သူတို့၂ယောက်ကြားမှာ အမှတ်တရအဖြစ်ဆုံး နေ့တစ်ခု) ကိုပဲ နှစ်တွေ ပြန်ရစ်ကြည့်သလိုပုံစံမျိုးနဲ့ တွေ့ရမှာပါ။ လက်ရှိကာလရဲ့ အဲဒီရက်စွဲလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် တစ်ဘက်လူမသိဘဲ မတော်တဆတွေ့မိလိုက်ကြရင်း အမှတ်တရ ...
movie

Just Remembering (2021)

2021
Last Summer (2021) 6.3
Last Summer (2021) Last Summer (or) Geçen Yaz (2021) =============== IMDb Rating - 6.3/10ဒီဇာတ်ကားလေးကို ကြည့်မိတော့လည်း ကလေးဘဝတုန်းက ဇာတ်လမ်းလေးတွေကိုတောင် ပြန်သတိရမိတယ်။ နွေရာသီ အားလပ်ရက် အချစ်ဇာတ်လမ်းလေး အနည်းဆုံး တစ်ခုလောက် တော့ ရှိဖူးကြမယ်ထင်ပါတယ်။ နွေရာသီရောက်လို့ အမှတ်တရ တွေ တွေးမိချိန်တိုင်း အမောပြေစေမဲ့ တစ်ချိန်တစ်ခါက ကြုံခဲ့ဆုံ ခဲ့ရသူလေးနဲ့ ခဏတာရိုမန့်စ်လေးပေါ့။Last Summer ဆိုတဲ့ ဒီဇာတ်ကားလေးမှာလည်း Daniz ဆိုတဲ့ 16 နှစ်သား လူပျိုဝင်ခါစ ကောင်လေးတစ်ယောက်ရဲ့ နွေရာသီ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပါ။ တူရကီနိုင်ငံက ရိုက်ကူးထားတာဖြစ်လို့ နွေဇာတ်လမ်းလေးနဲ့ အကိုက် ကမ်းခြေမှာ ဘစ်ကနီလေးနဲ့ တူရကီသူချောချောလေးတွေကိုလည်း တစ်ဝငေးရင်း Daniz တစ်ယောက်ရဲ့ နွေရာသီအချစ်ဇာတ်လမ်းလေးကို ကြည့်ရှု ခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.67 GB) / (753 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator......Thetti Tun Encoder..........Zin Phyo Aung 
movie

Last Summer (2021)

2021
Snow, Tea and Love (2021) 5.8
Snow, Tea and Love (2021) Snow, Tea and Love (2021) =================== IMDb Rating - 5.8/10Snow..Tea and Love ဆိုတော့ ဖတ်ကြည့်လိုက်ရင် ဘာမှ ဆက်စပ်လို့ မရပါဘူး၊ မရဆို လူနာမည်တွေဖြစ်နေတာကိုး။ Snow..နဲ့ Tea တို့က ပြစ် မှုနဲ့ ထောင်ကျပြီး ထောင်ထဲမှာ ဘော်ဒါတွေဖြစ်နေကြပါတယ်။ Love က တော့ Tea ရဲ့ ဘော်ဒါဖြစ်ပြီး Tea ထောင်မကျခင်တုန်းက အိန္ဒိယမာဖီးယား တစ်ယောက်ဆီမှာ အတူတူအလုပ်လုပ်ကြပါတယ်။ တစ်ရက်မှာ မားဖီးယား ဘော့စ်က အလုပ်ခိုင်းဖို့ ရှိလာတော့ Love တစ်ယောက် Tea ကို ထောင်ထဲ ကထုတ်ဖို့လုပ်ရတော့တာပေါ့။ ဒီလိုနဲ့ ထောင်ဖောက်ဖို့ အစီအစဉ်တွေပြော နေတုန်းမှာပဲ တလွဲတွေဖြစ်ပြီး Tea ကိုထောင်ထဲကထုတ်ဖို့ Love ပါ ထောင် ထဲလိုက်ဝင်ရပါတော့တယ်။Snow.Tea နဲ့ Love တို့ သုံးယောက်သား ထောင်ဖောက်ဖို့ လုပ်ရာမှာဘာတွေ ဘယ်လို တလွဲတွေဖြစ်ကြဦးမလဲ၊ ထောင်ကထွက်လာပြီး လုပ်ရမယ့်ကိစ္စမှာ လည်း ဘယ်လိုတွေ ...
movie

Snow, Tea and Love (2021)

2021
Rise of the Footsoldier: Origins (2021)
Rise of the Footsoldier: Origins (2021) စစ်သားတိုနီတပ်ခ်ကာတစ်ယောက်ဖော့ကလန်စစ်ပွဲမှပြန်လာပြီးတဲ့နောက်သူရဲ့တိုက်ရည်ခိုက်ရည်နဲ့ ခေါင်းမာတဲ့လုပ်ရပ်တွေကြောင့်ကလပ်ရဲ့တံခါးမှုးအဖြစ်နဲ့ နာမည်ကြီးလာခဲ့ပါတယ်။ကလပ်စီးပွားရေးရဲ့လက်ခွဲဖြစ်တဲ့မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေမှာပါပါဝင်လာခဲ့ပြီး ကလပ်လောကမှာနာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတော့တယ်။နောက်ပိုင်းမှာ လူဆိုးဂိုဏ်းတွေနဲ့ပေါင်းစပ်မိပြီးတဲ့နောက်ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ပဲ အခြေအနေတွေပိုဆိုးလာပြီတဲ့နောက်သူတို့ပညာပြခဲ့တဲ့ကောင်ကသူ့ကိုဘယ်လိုဆွဲချမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။၂၀၂၁မှာထုတ်လွှင့်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီးAction, Crime အမျိုးအစားဖြစ်ပါတယ်။ File size…  1.56 GB /  721 MB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Charm
movie

Rise of the Footsoldier: Origins (2021)

2021
The Starling (2021) 6.4
The Starling (2021) The Starling (2021)~ IMDb rating - 6.4/10 ~ရှင်သန်ရတဲ့လူ့ဘဝတလျှောက်မှာ လောကဓံမျိုးစုံနဲ့ကြုံတွေ့ကြရတယ်။ ဒီထဲမှာ ချစ်ရတဲ့သူတွေနဲ့ သေကွဲကွဲရတာလည်းအပါအဝင်ပေါ့။ ဒါပေမဲ့ နာကျင်စရာအဖြစ်အပျက်တွေကိုပဲ ပြန်တွေးပြီး အတိတ်မှာနစ်မျောနေမလား သွားနှင့်သူတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့သတိရရင်း ဘဝကို ရှေ့ဆက်မလားဆိုတာတော့ ရွေးချယ်ခွင့်ရှိပါတယ်။၂၀၂၁ စက်တင်ဘာမှာ Netflix ကထုတ်လွှင့်ခဲ့တဲ့ The Starling ဆိုတဲ့ ရုပ်ရှင်လေးကတော့ ​ကြည့်ရှုသူတွေကို ဘဝနဲ့ပတ်သက်တဲ့ရသတစ်ခုခု ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။အရမ်းချစ်ကြတဲ့ဇနီးမောင်နှံဖြစ်တဲ့ ဂျက်နဲ့လီလီဟာ သမီးဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်းပြန်နေနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။ ဇနီးဖြစ်သူလီလီကတော့ ခက်ခက်ခဲခဲနဲ့ပြန်ရပ်တည်လာနိုင်ပေမဲ့ ခင်ပွန်းဖြစ်သူဂျက်ကတော့ စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့ရပါတယ်။ ဒီဆုံးရှူံးမှုကြီးအပြီးမှာ တစ်ယောက်တစ်နေရာစီ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ရုန်းကန်ရင်း အချင်းချင်းဝေးကွာလာသလိုဖြစ်ပြီး ကတောက်ကဆတွေလည်းဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံတွေပီပီ လောကဓံကိုဘယ်လိုအနိုင်ယူကြမလဲ။ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ ကိုယ်ချစ်ရတဲ့သူတွေ ချစ်ရတဲ့အရာတွေသာအနားမှာရှိရင် ကြမ်းတမ်းတဲ့လောကကြီးမှာ ရှေ့ဆက်ဖို့ခွန်အားတွေရလာနိုင်တယ်ဆိုတာကို စတားလင်းငှက်ကလေးနဲ့ ပုံဖော်သွားတာပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ...
movie

The Starling (2021)

2021
The Father Who Moves Mountains (2021) 5.5
The Father Who Moves Mountains (2021) The Father Who Moves Mountains (2021) ===============================ဒီ Romanian ဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Daniel Sandu က ရိုက်ကူးထားပြီး 2021 ကထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက တော့ စစ်တပ်အရံအရာရှိဖြစ်တဲ့ မစ္စတာဂျီအာနူ ဟာဇနီးဟောင်းနဲ့ကွဲပြီး အိမ်ထောင်အသစ်ရှိသူပါ။ သူ့မှာဇနီးဟောင်းနဲ့ရခဲ့တဲ့ ကော့စ်မင် ဆိုတဲ့ သားလေးတစ်ယောက်လည်းရှိပါတယ်။ သူဟာသူ့သားလေးကိုသိပ်ချစ် တာကြောင့်မလို့ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် မဖြစ်နိုင်တာတွေကိုပါ ရအောင် လုပ်လေ့ရှိပါတယ်။တစ်နေ့မှာတော့ သူ့ရဲ့သားလေး ကော့စ်မင် ကသူ့ကောင်မလေးနဲ့အတူ ရေခဲတောင်ခြေလျှင်ခရီးတက်ရင်း ပျောက်ဆုံးသွားတယ်လို့ ရဲတွေက အကြောင်းကြားလာပါတယ်။ အဲဒီအခါမှာတော့ သူအရမ်းချစ်ရတဲ့သား လေးကို ကယ်တင်ဖို့အတွက် သူ့တပည့်ကိုခေါ်ပြီး ရေခဲတောင်တန်းတွေ ရှိရာကိုလာပါတော့တယ်။ အဲဒီမှာတောင်တက်ကယ်ဆယ်ရေးတွေကလည်း ကယ်ဆယ်ပေးနေပေမယ့် စိတ်အရမ်းလောနေတဲ့ မစ္စတာဂျီအာနူကတော့ တောင်ပေါ်တက်မယ်တကဲကဲနဲ့ ဖြစ်နေပါတော့တယ်။ နောက်ပိုင်း တောင် တက်သမားတွေနဲ့ အစပ်အဟပ်မတည့်တော့ သူ့ရဲ့အဆက်သွယ်တွေနဲ့ စစ်တပ်ထောက်လှမ်းရေးကိုပါ ခေါ်ချလာပြီး ကယ်တင်ဖို့လုပ်ပါတော့တယ်။ အရင်ကသူ့သားကိုအနိုင်ကျင့်တဲ့ ဘယ်သူကိုမဆို အနိုင်ယူနိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့ ရေခဲတောင်ကြီးဖြစ်နေတဲ့အခါ သူ့ရဲ့ဖခင်မေတ္တာတွေနဲ့ အနိုင် ယူနိုင်ဦးမှာလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.72 GB) / (733 MB) Quality............WEB-RIP 1080p ...
movie

The Father Who Moves Mountains (2021)

2021
Splinter (2022) 4.6
Splinter (2022) Splinter (2022) ===========ဂျွန်တစ်ယောက် ခရစ္စမတ်နေ့မှာ ဇနီးနဲ့သားအတွက် ‌လက်ဆောင် တွေနဲ့အတူ အိမ်ပြန်လာတယ်။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ပျော်ရွှင်ရယ်မောနေမဲ့ ဇနီးနဲ့သားကို တွေ့ရမဲ့အစား သွေးတွေဗရပွနဲ့ အသက်မရှိတော့တဲ့အလောင်းနှစ်လောင်းကိုပဲ တွေ့လိုက်ရတယ်။ဇနီးနဲ့သားကို ဆုံးရှုံးလိုက်ရတဲ့အချိန်ကစပြီး ဂျွန်ဟာ အပြင်မထွက်၊ လူတွေနဲ့စကားမပြောတော့ဘဲ သူ့ကိုယ်သူ အိမ်ထဲမှာပဲ ပိတ်လှောင် ထားတော့တယ်။ သူစကားပြောဖြစ်တဲ့လူကတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်တည်းပါပဲ။ ဒါ့အပြင် ဂျွန့်မှာ သူငယ်ချင်းတစ် ယောက်ရှိတယ်။ ဘော်ဘီတဲ့။ ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းပါတဲ့လေ။ဂျွန်ဟာ ဇနီးနဲ့သားဖြစ်သူကို သတ်သွားတဲ့ လူသတ်သမားကို တဖြည်း ဖြည်းမှတ်မိလာတယ်။ ရောထွေးနေတာတွေ ရှင်းသွားတယ်။ အပေါ် ယံမှာဝေ့နေတဲ့ မြူတွေဟာ ရင်သွေးကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကြောင့် ပပျောက်သွားပြီး မြူတွေအောက်က အမှန်တရားတစ်ခု ပေါ်လာတယ်။ ဂျွန် သိသွားခဲ့ပါတယ်။ နောက်ပြီး သူဆုံးဖြတ်ချက်တစ်ခု ကိုချလိုက်တဲ့အခါ ပိတ်လောင်နေတဲ့ ဘဝကြီးလည်း လွတ်မြောက်သွား ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(823 MB) / (269 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 18Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, ...
movie

Splinter (2022)

2021
Summer Ghost (2021) 7.3
Summer Ghost (2021) Summer Ghost (2021) Genre – Animation, Drama IMDB – 7.3/10နွေရာသီကို ရောက်ခဲ့ပြီဆိုရင် လူတွေပြောဆိုနေကြတာဆံပင်အရှည်နဲ့ သရဲမလေးတစ်ယောက်ကို တွေ့ရတတ်တယ်တဲ့…သူက မီးရှူးပန်းဖောက်မှ ကိုယ်ထင် ပြတတ်တာတဲ့…ဘယ်သိမလဲ ဒဏ္ဍာရီတစ်ခုပေါ့နော်…။ဝါသနာပါတာကို လုပ်ခွင့်မရပဲ အာရှမိဘတွေ ထုံးစံအတိုင်းစာကိုပဲ အသည်းအသန် ဖိလုပ်ခိုင်းလို့ ဖိအားပေါင်းစုံဝင်ပြီးစိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ကောင်လေး တိုမိုယာ။ဆိုးဝါးတဲ့ အခြေအနေကြီးတစ်ခုကြောင့် ဝါသနာပါတာတွေကိုစွန့်လွှတ်လိုက်ရပြီး လောကကြီးကို စိတ်ပျက်နေတဲ့ ယိုရ်။ကျောင်းမှာ သူများတွေက အနိုင်ဝိုင်းကျင့်လို့ သတ်သေချင်တဲ့ထိစိတ်ပျက်ပြီး စိတ်ဓာတ်ကျနေတဲ့ အအိုရီ။ဒီ ဆယ်ကျော်သက်လေး ၃ ယောက်ဟာ အကြောင်းတစ်ခု ဆက်စပ်မိပြီးဒီ နွေရာသီမှာ ပေါ်လာတတ်တဲ့ သရဲမလေးကိုလိုက်ရှာဖို့ အကြောင်းဖန်လာကြတော့တယ်။အဲဒီမှာ ဒီ သရဲမလေးကို တွေ့ပါ့မလား…ကိုယ်စီ အခက်အခဲတွေကိုရော ဘယ်လို ကျော်လွှားနိုင်ကြမလဲ…သရဲမလေးရဲ့ နောက်ကြောင်းဖြစ်ရပ်မှန်ကရောဘာဖြစ်မလဲ စသဖြင့် ဂျပန် Anime ထုံးစံအတိုင်းရှုခင်းလှလှလေးတွေနဲ့ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ဒရမ်မာကောင်းကောင်းလေးကို ကြည့်ရှုခံစားရမှာပါ။Your Name တို့ Weathering ...
movie

Summer Ghost (2021)

2021
Oh My Ghost! The Fierce Escape from Covid-19 (2021)
Oh My Ghost! The Fierce Escape from Covid-19 (2021) Oh My Ghost! The Fierce Escape from Covid-19 (2021)ကျိန်စာမိလာတဲ့ မဟာဒေဝီကြီးတစ်ယောက် အာခွေတို့သားအမိ ပိုင်ဆိုင်တဲ့ ဟိုတယ်ကို တည်းတဲ့ညမှာတင် မကြံဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။အဲမကြုံဖူးတဲ့အဖြစ်အပျက်ကြီးကို ဖြေရှင်းနေဆဲမှာတင် မွေးနေ့ပွဲတက်ခဲ့တဲ့ အာခွေတို့သားအမိဟာ ကိုဗစ်စည်းကမ်းချက်အရ ဟိုတယ်ကို ၁၄ ရက် ပိတ်လိုက်ရပါတော့တယ်။ခိုကိုးရာမဲ့လုလု အာခွေတို့သားအမိနှစ်ယောက်ကို ကယ်တင်ဖို့ ပန်ကိတ်မလေး ရောက်လာတဲ့အခါမှာတော့...... ကိစ္စက ရှင်းသွားရမှာမဟုတ်ဘဲ ထင်တာထက်ပိုနက်နဲနေတဲ့အခါ.....အာခွေတို့သားအမိ ပဟေဠိအဖြေညှိနိုင်ပါ့မလား။ ပန်ကိတ်ကရော ဘယ်လောက်အထိ ကူညီပေးနိုင်မှာလဲ။ ပြဿနာတွေက မဟာဒေဝီရဲ့ ကျိန်စာနဲ့များ ဆက်စပ်နေမလား။ မဟာဒေဝီကရော ဘယ်သူလဲ။ ဘယ်ကလာလို့ ဘာကျိန်စာတွေမိခဲ့တာလဲ။ ပုံမှန်သရဲတွေတင်မဟုတ်ဘဲ ဇွန်ဘီးတွေပါ ပါလာတဲ့အခါမှာတော့ ..... ဒါတွေကို သူတို့ဖြေရှင်းနိုင်ပါ့မလား။ဆိုရှယ်ဒစ်စတန်းဆင်းဆိုပေမယ့် ပန်ကိတ်မတို့ အခေါ်တစ်ခေါက်မတို့ တစ်သိုက် ဘယ်လိုဗရုတ်ကျဦးမလဲဆိုတာ အရယ်မရပ်ရစေဘဲနဲ့ ကြည့်ရှုခံစားကြရဦးမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror Quality…. 720p File size… 792MB Format… mp4 Duration…. 1h ...
movie

Oh My Ghost! The Fierce Escape from Covid-19 (2021)

2021
[18+]Paraluman (2021)
[18+]Paraluman (2021) Paramulan 2021ဒီဖိလစ်ပိုင်ကားလေးကို စကားလုံးတစ်ခုတည်းနဲ့ ဖော်ညွှန်းပေးရမယ်ဆိုရင် "စည်းခြားထားတဲ့အချစ်"လို့ပြောရမှာပါပဲအဖေဆုံးသွားလို့ အကိုကြီးဆီမှာ ပြောင်းနေခဲ့တဲ့ မီယာဆိုတဲ့ ဆယ်ကျော်သက်မြီးကောင်ပေါက်လေးဟာ ပီတာဆိုတဲ့ အကိုကြီးကို တမ်းတမ်းစွဲကြွေသွားခဲ့ရတဲ့အကြောင်းပေါ့ပီတာလိုမျိုး ဂစ်တာတီးသီချင်းလေးတွေ ဆိုပြတတ် ဓာတ်ပုံလှလှလေးတွေရိုက်ပေးတတ်တဲ့ အကိုကြီးကို မီယာတစ်ယောက်ရင်ခုန်ရာကနေ တကယ်ချစ်မိသွားခဲ့တယ် ဒါပေမဲ့လည်း ပီတာဟာ အတူနေချစ်သူရှိနေတဲ့အခါအချစ်ဆိုတာ ငှက်တစ်ကောင်လိုပဲ လွတ်လပ်စွာပျံသန်းခွင့်ပေးလိုက်ပါ ကိုယ့်အတွက်ဆိုရင် ပြန်လာမှာပါ ပြန်မလာတော့ရင်လည်း လာတဲ့အထိစောင့်နေပါတဲ့.....သူပြန်မလာတော့မဲ့ ညိုကီတွေကိုလက်တို့ပေးချင်တာ အဖော်အချွတ်ခန်းအနည်းငယ်ပါဝင်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်ပေမဲ့ တော်တော်ရိုတဲ့ အချစ်ကားလေးမို့ စော်ကိုလွမ်းရင်းငိုရင်း အားပေးကြပါလို့.... File size…1.2GB / 606MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle(Hard Sub) Encoder….X Cross Translated by Andrew Mason
movie

[18+]Paraluman (2021)

2021
Hold Me Tight (2021) 6.8
Hold Me Tight (2021) Hold Me Tight (2021) ================ IMDb Rating - 6.8/10လူ့စိတ်ဆိုတာ အစိုးမရဘူးလို့ ပြောတတ်ကြပါတယ်။ တစ်ခါ တလေ စိတ်‌ဆိုတာ လွင့်ချင်ရာလွင့်နေတတ်တာမျိုးပါ။ လုပ်မိ တဲ့အရာအတိုင်းအတွက် အကြောင်းပြချက်ရှိချင်မှရှိမယ်၊ စိတ် စေရာအတိုင်းလုပ်မိရင်း ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ဒီဇာတ်လမ်းထဲက ကလယ်ရိစ်ဟာလည်း ဒီလိုပါပဲ။ တစ်ရက်မှာ မနက်စောစောနိုးလာပြီး ပစ္စည်းအနည်းငယ်ကိုယူလို့ အိပ်နေတဲ့ ခင်ပွန်းသည်နဲ့ ကလေးတွေထားသွားခဲ့တာပါ။ သူဘာလို့ ထွက် သွားလည်း ဘယ်သူမှမသိခဲ့ကြပါဘူး။ ခင်ပွန်းသည် မက်ခ်က တော့ ကလေးနှစ်ယောက်ကိစ္စတွေ မနိုင်မနင်းလုပ်ရင်း ကျန်နေ ခဲ့ပါတယ်။ဇာတ်လမ်းဟာ ကလယ်ရိစ်ရောက်ရာအရပ်ကို ပြလိုက်၊ သူ့စိတ် ကူးတွေလွင့်မျောနေတာကို ပြလိုက်၊ မက်ခ်နဲ့ ကလေးတွေ ကသောင်း ကနင်း ဖြစ်တာကို ပြလိုက်နဲ့ ခပ်ငြိမ့်ငြိမ့်ပဲ သွားထားပါတယ်။ ဇာတ် လမ်းက အေးသလိုထင်ရပေမဲ့ အဆုံးထိကြည့်မှ ဇာတ်လမ်းရဲ့ twist ကို မြင်ရမှာပါ။ ကြည့်ကြည့်ချင်းတော့ ဘယ်လိုလဲ ဘာတွေလဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒီတော့ ခပ်အေးအေးအမျောလေးတွေမှ ကြိုက်တဲ့သူတွေအတွက် ဒီ melodrama ရုပ်ရှင်ကို အဆုံးထိကြည့် ကြည့်လိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.5 ...
movie

Hold Me Tight (2021)

2021
Wicked Games (2021) 4.9
Wicked Games (2021) Wicked Games (2021) ================Wicked Games (2021) ဂိမ်းတစ်ခု ဆော့ကြမယ်။ အနိုင်ရသူက တစ်ယောက်တည်း။ ကျန်တဲ့သူတွေ အကုန်သေလမ်း။ ဆိုတော့ ဒီဂိမ်းက သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ။ သူတို့ဆော့ကြမယ့် ဂိမ်းကတော့ ဒီလို။ကီးလ် နဲ့ ဟာလီတို့က အွန်လိုင်းပေါ်ကနေ တွေ့ကြပြီး ချစ်သူတွေ ဖြစ်လာကြတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ ဟာလီတစ်ယောက် ကီးလ်ရှိတဲ့ဆီ လာတွေ့ခဲ့ပြီး မကောင်းသတင်းတွေ ပျံ့နေတဲ့ ကီးလ် ရဲ့ မိသားစုစံအိမ်တော်ဆီကို လိုက်လာခဲ့တယ်။ အဲဒီစံအိမ်တော်မှာ ကီးလ်ရဲ့ မိဘနှစ်ပါးစလုံး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်သွား ကြပြီး အဲဒီအိမ်ဝန်းအတွင်းမှာပဲ မြှုပ်နှံထားခဲ့တယ်တဲ့။စံအိမ်ကိုရောက်ပြီး နောက်တစ်နေ့မှာ ဟာလီတစ်ယောက် ဝုန်းကနဲ အသံကျယ်ကြီးတစ်ခု ကြားလိုက်ရပြီး ကီးလ်က သွေးအိုင်ထဲမှာ လဲကျသေဆုံးနေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ၉၁၁ ကို ဖုန်း ဆက်လိုက်တဲ့အချိန်မှာပဲ ဂိမ်းစတင်ပြီဆိုတဲ့ အသံနဲ့ မျက်နှာဖုံးစွပ် လူတွေရောက်လာပြီး သူမကို သတ်ပစ်ဖို့ အသည်းအသန်လိုက် ကြပါတော့တယ်။သူတို့တွေ ဆော့ကြတဲ့ဂိမ်းမှာ ဘယ်သူအနိုင် ရသွားမလဲဆိုတာကတော့......။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.9 GB) / ...
movie

Wicked Games (2021)

2021