Channel Myanmar

2021

Hollow (2021) 3.2
Hollow (2021) Hollow (2021) ရုပ်ရှင်ဆိုတာ တော်တော်မှော်ဆန်တဲ့အရာပါပဲ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး သီချင်းတစ်ပုဒ်နား‌ထောင်၊ ကဗျာတစ်ပုဒ်ဖတ်ပြီး၊ ပန်းချီကားတစ်ကားကို ခံစားသင့်တယ်လို့ ဆိုတယ်။ ရုပ်ရှင်အစစ်တွေကတော့ ဒီ၃ခုလုံးကို ပေါင်းစပ်ထားတဲ့အရာတွေပါပဲ။ ကဗျာဆန်မှုကိုလည်းခံစားရတယ်။ အလှပဆုံးစီနီမာကိုလည်းခံစားရတယ်။ နောက်ခံတေးဂီတရဲ့ အရသာကိုလည်း ခံစားနိုင်တယ်။ ဒါကြောင့်ပဲ ကျွန်တော် ရုပ်ရှင်တွေကို သိပ်ချစ်ခဲ့တာပါပဲ။တာကော့စကီးတို့ အင်ဂမာဘတ်ခ်ျမန်းတို့ အဘတ်ကီယာအိုစတမိတို့ အိုဇုတို့ရဲ့ ရုပ်ရှင်တွေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေကြတယ်။ ဝေါင်ကာ‌ဝေးတို့ Shunji Iwai တို့ ဝူဒီအယ်လန်တို့ရဲ့ ရုပ်ရှင်တွေမှာ အချစ်ရဲ့ ၀မ်းနည်းစရာကဗျာဆန်မှုကို ကျွန်တော်တို့ တွေ့ရှိကြတယ်။ ပတ်ချန်းဝုတို့ လီချန်းဒုံတို့ စတန်လေကူးဘရစ်တို့ ရုပ်ရှင်တွေမှာ လောကရဲ့တခြားမျက်နှာတွေကို မြင်ရကြတယ်။ ဖရန်စစ်ဖို့ဒ်ကော်ပိုလာတို့ မာတင်စကောဆေးစိတို့ စတီဗင်စပီးဘာ့ခ်ျတို့ကတော့ လောကအသစ်တွေ‌ဆီ ခေါ်ဆောင်သွားခဲ့တာပေါ့။Schindler's List ထဲက နာရီလို ၊ Life Is Beautiful ထဲက ဟာသမဟုတ်တဲ့ ...
movie

Hollow (2021)

2021
The Devil’s Tail (2021) 3.6
The Devil’s Tail (2021) The Devil's Tail (2021) ဒါရိုက်တာ၆ယောက် လက်စွမ်းပြပြီး ဇာတ်လမ်း၆ခုကို ရောသမမွှေပြထားတဲ့ ဇာတ်ကားပါ။ငယ်ငယ်က သူရဇ္ဇတို့ နက္ခတ္တရောင်ခြည်တို့ထဲက သဲထိတ်ရင်ဖိုဇာတ်လမ်းတိုလေးတွေကို သဘောကျတဲ့ လူတွေအတွက် အံကိုက်ပါပဲ။မြင်သာထင်သာ ရိုးရိုးရှင်းရှင်းရှိတဲ့ ဇာတ်လမ်းတွေရော၊ စိတ္တဇဆန်တဲ့ ဇာတ်လမ်းတွေရော၊ သရဲလိုလိုဇာတ်လမ်းတွေရော၊ ကွင်းဆက်လူသတ်သမားဇာတ်လမ်းတွေရော အစုံတကာ့အစုံရဲ့ သဲထိတ်ရင်ဖိုရသကို တစ်နာရီခွဲလောက် အချိန်ကလေးမှာ ခံစားလို့ရအောင် ပြသပေးထားပါတယ်။ Horror , Thrillerတွေ ကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ မဆိုးလှတဲ့ကားပါပဲ။ ရော်ဘတ်အဂ္ဂါဖန်တွေလည်း သဘောကျကြမှာပါ။သိသလောက် ၂၀၂၂မှာ ဘာဟော်ရာကားကောင်းကောင်းမှ မရှိသေးပါဘူး။ ဒီရုပ်ရှင်ကို အပြည့်အ၀ Recommend ပေးချင်ပါတယ်။ တစ်ချိန်က သိပ်ခေတ်စားခဲ့တဲ့၊ ခုမရှိတော့တဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းများစွာအတွက် အလွမ်းပြေကြည့်ကြဖို့ပါပဲ...(ဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.22Gb, 552Mb Quality - 1080p, 720p Format - mp4 Duration - 1H ...
movie

The Devil’s Tail (2021)

2021
One for the Road (2021) 7.4
One for the Road (2021) One For The Road (2022)" ငါ့ဘ၀မှာ မိန်းကလေးဘယ်နှယောက်ကို ငါထပ်ချစ်မိဦးမလဲ မသိဘူး။ ငါ့ဘ၀ရဲ့နောက်ဆုံး စက္ကန့်မရောက်ခင်အထိ ငါ့အချစ်ဆုံးမိန်းကလေးက ဘယ်သူလဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့။ဒီလိုနဲ့ အချစ်တွေကို ငါအရက်နာမည် ပေးပစ်မိတယ်။ပန်းနီရောင်ကောင်မလေးရဲ့ဆံစတွေလို အနီရောင်ကော့တေးထဲ ငါ့သက္ကရာဇ်တွေ ၅ ၄ ၃ ၂ ၁။ သက္ကရာဇ်တွေဟာ အသေပါ လို့ ဘယ်သူညာလဲ။ဒုတိယမိန်းကလေးရဲ့ မျက်ရည်အဖြူတွေလို ကော့တေးဟာ အမှားတွေရဲ့အရသာပေါ့။မြူတွေပဲ။ ငါဖြတ်သန်းသွားတုန်းက မမြင်ခဲ့မိဘူး။ ခုနေခပ်လှမ်းလှမ်းကျမှ ငါ့အမှားမြူထုကြီး အုံ့လို့ဆိုင်းလို့ ထီးတည်း။ မိုးရွာပြီးတဲ့နောက် တတိယကော့တေး။အချစ်ဦးကော့တေးဟာ မထွက်ခွာခင် နောက်ဆုံးတစ်ခွက် (One For The Road)လို ခရီးတွေအဝေးကြီးရောက်ပြီးလည်း တသသကျန်ခဲ့တဲ့အရာပေါ့။"လောကဓံဦးတုန်းက အလွန်အကျူးသောက်ခဲ့တဲ့ အရက်တစ်ခွက် အခုကျတော့မှ စံပယ်ရွက်ပေါ်မှာ မူးလဲ အသည်းကွဲတယ်ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်"ငါတို့အတူတည်ဆောက်ဖူးကြတဲ့ စိတ္တဇအဆောက်အဦးလေးရဲ့ပညတ်က "One For The Road"။ မင်းတိုက်ခဲ့တဲ့ နောက်ဆုံးကော့တေးတစ်ခွက်က " One ...
movie

One for the Road (2021)

2021
Contra (2021) 6.6
Contra (2021) Contra (2021)===========IMDb Rating - 6.6/10"စကားအချေအတင်ပြောတယ် ဆိုတာ တီးလုံးမပါဘဲ rap ရွတ်ရသလိုပါပဲ" မူရင်း ပြင်သစ်ရုပ်ရှင်ကို ဂျာမနီက ပြန်လည်ရိုက်ကူးထားသော ဇာတ်ကား ဖြစ်တဲ့ "Contra" ဟာ နေ့စဉ်နဲ့အမျှဖြစ်လေ့ရှိတဲ့ ငြင်းခုံမှုတွေ လူမျိုးရေး၊ ဘာသာရေး ခွဲခြားခံရမှုတွေကို ‌မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်း လေး တစ်ကားဖြစ်ပါတယ်။ဂျာမနီမှာ နေထိုင်တဲ့ အာရပ်သူလေး နာအီမာ က ရှေ့နေမမ ဖြစ်ချင်တဲ့ အိပ်မက်နဲ့ ကြိုးစားရုန်းကန်နေရတဲ့သူ တစ်ဦးဖြစ်တယ်။ တက္ကသိုလ် စတက်တဲ့နေ့မှာပဲ အတန်းချိန်နောက်ကျသွားတဲ့အတွက် ဆရာဖြစ်သူ ပါမောက္ခ ပိုးလ် ရဲ့ လူမျိုးရေး ခွဲခြားတာ ခံလိုက်ရတာပေါ့။ အဲတာကို တစ်ခြား အတန်းဖော်တွေက ဗီဒီယိုရိုက်ပြီး အင်တာနက်မှာ ဖြန့်ပ လိုက်တော့ ဆရာ ပိုးလ်မှာ အလုပ်ပြုတ်မလိုတောင်ဖြစ်သွားရော။ နာအီမာ ကလည်း အလုပ်သင်ဆင်းချင်တဲ့အတွက် စကားရည်လု ပြိုင်ပွဲပြိုင်ဖို့ လေ့လာနေတာဆိုတော့ နာအီမာကို အနီးကပ်သင်ကြား ပေးဖို့အတွက် ဆရာ ပိုးလ် ကို ကျောင်းအုပ်က ‌တာဝန်ပေးလိုက်တယ်။ လူမျိုးရေးခွဲခြားသူ ဖြစ်တဲ့ ဆရာ ပိုးလ် ...
movie

Contra (2021)

2021
The First Girl I Loved (2021) 6.2
The First Girl I Loved (2021) The First Girl I Loved (2021)ချစ်တယ်လို့ပြောရဲပေမယ့် မချစ်ရဲတဲ့သူတွေအများကြီးထဲမှာ ငါတို့နှစ်ယောက် ထိပ်ဆုံးကပါဝင်ခဲ့ကြတယ်။ ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းက ပြန်တွေးကြည့်ရင်ကလေးဆန်တယ်လို့ထင်ကြလိမ့်မယ်တဲ့... ဒါဆိုရင် ငါ ဘယ်တော့မှ လူကြီးမလုပ်တော့ဘူး။ နင့်ကိုပဲဆက်ချစ်မယ်... နင်နဲ့ပဲအတူတူရှိချင်တယ်... ဒါပေမဲ့ နင်ပျော်ရွှင်ဖို့ပဲလေ.... ငါနောင်တမရပါဘူး။ဘဝကြီးက ဇာတ်လမ်းတစ်ပုဒ်ဆိုရင် နင်နဲ့ငါကအဓိကဇာတ်ဆောင်တွေပေါ့။ မဟုတ်သေးဘူး...ငါကနင့်ရဲ့ဇာတ်ကွက်ကို လှပအောင်ကူညီခွင့်ရခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ပါ။ ဒါပေမဲ့ ငါကျေနပ်တယ်။ အဓိကက နင်ပျော်ရွှင်ဖို့ပဲလေ... ငါနောင်တမရပါဘူး။ငါတို့နှစ်ယောက် ဘာကွာခြားခဲ့လို့လဲ? အသက်အရွယ်လား စည်းစိမ်ဥစ္စာလား မိသားစုအခြေအနေကြောင့်လား? သေချာတာကတော့ ပတ်ဝန်းကျင်ကြောင့်ပါ။ အချစ်ကိုအချစ်လို့ မမြင်နိုင်ကြတဲ့ပတ်ဝန်းကျင်၊ အချစ်ကိုလိင်ဆက်ဆံဖို့ပဲသတ်မှတ်ထားကြတဲ့ ပတ်ဝန်းကျင်၊ သူတို့ရဲ့ကျားမစုံတွဲကမှ မြင့်မြတ်တဲ့အချစ်လို့ထင်ကြတဲ့ပတ်ဝန်းကျင်ကြောင့်ပေါ့။ နင်အတွက်ခက်ခဲခဲ့မှန်းသိပါတယ်။ အဲ့ဒါကြောင့် နင်ပျော်ရွှင်ဖို့ပဲလေ... ငါနောင်တမရပါဘူး...ဘဝကြီးကို အတူတူလျှောက်လှမ်းဖို့ ယောကျ်ားတစ်ယောက်ရှိဖို့မလိုပါဘူး။ ကိုယ့်ကိုနားလည်ပေးနိုင်မယ့်လူရှိဖို့ပဲ လိုအပ်တယ်။ ချစ်ခြင်းမေတ္တာဆိုတာ ချစ်နေရရင်ကို ချိုမြိန်ပါတယ်။ တကယ်ချစ်မိရင် တကယ်ခံစားရပါတယ်။ ငါချစ်နေတဲ့သူက နင်ဖြစ်နေတဲ့အတွက် ပိုပြီးချိုမြိန်ပါတယ်။ ပိုပြီးပျော်ရွှင်ရပါတယ်။ ပိုပြီးရင်ခုန်မိပါတယ်။ ။ဒီကားလေးရဲ့ကောင်းတဲ့အချက်ကတော့ Love story ...
movie

The First Girl I Loved (2021)

2021
Treat or Trick (2021) 6.8
Treat or Trick (2021) Treat or Trick (2021)စုံထောက်ကားကိုမှ သရဲမချောချောလေးလည်းပါမယ်။ ဟာသလေးလည်းပါမယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးလည်းဖြစ်နေတာဆိုတော့ ... အောက်ကအညွှန်းကို ဆက်ဖတ်မနေပါနဲ့ တန်းသာဒေါင်းလိုက်ပါ 😁ထိုင်ဝမ်မှာ သဘာဝမင်းသားလို့နာမည်ကြီးနေတဲ့ Chen Bo Lin ကတော့ ဒီရုပ်ရှင်ကားထဲမှာ ဉာဏ်များတဲ့အမှုလိုက်ရဲအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ဒီကားကတော့ အမှုလိုက်တာမဟုတ်ဘဲ သူငယ်ချင်းနောက်ကိုလိုက်ရတာပါ။ ခိုးစရာရှားလို့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် လင်ဆရာကြီးရဲ့စိန်ကိုမှသွားခိုးတော့ မင်းသားခဗျာ စိန်နဲ့သူငယ်ချင်းနောက်လိုက်ရင်း သရဲမနဲ့တွေ့ပါလေရောဗျာ။သရဲမအပြင် ထူးထူးဆန်းဆန်းလယ်သမားအဖွဲ့နဲ့ပါတွေ့ရပြီး အမျိုးစုံကြိုးခုန်နေရတော့ ဒီဇာတ်လမ်းလေးက ပျင်းဖို့မကောင်းဘဲ တော်တော်လေးသွက်ပါတယ်။ သရဲမ နဲ့လယ်သမားအုပ်စုကတစ်ဖက် သူငယ်ချင်းနဲ့စိန်တုံးကတစ်ဖက် ဗျာများနေရတဲ့ မင်းသားချောချောလေးတစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre.....Thriller Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 764MB and 292MB Format…mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hardsub) Translator .....JoJoVa Encoder ..... August
movie

Treat or Trick (2021)

2021
The Tale of King Crab (2021) 6.7
The Tale of King Crab (2021) The Tale of King Crab (2021)====================IMDb Rating - 6.7/10အီတလီနိုင်ငံမှာ ယနေ့အချိန်ထိမုဆိုးအိုကြီးတွေပြောနေကြ ဒေသပုံပြင်လေးတစ်ပုဒ်ရှိတယ်။ အဲ့ဒီပုံပြင်လေးက Luciano ဆိုတဲ့ခြေသလုံးအိမ်တိုင်အရက်သမားတစ်ယောက်အကြောင်း ပေါ့။ Luciano ကအရက်သမားသာဖြစ်တာ ခေသူမဟုတ်... သူသိုးကျောင်းနေကြလမ်းကို မင်းသားကပိတ်လိုက်လို့ မင်းသားကို ပြဿနာရှာခဲ့တဲ့သူ။တစ်နေ့တော့ သူပြစ်မှုတစ်ခုကျူးလွန်ခဲ့မိပြီး သူ့ရဲ့ရွာလေးကနေ Tierra del Fuego ဆိုတဲ့နေရာလေးဆီထွက်ပြေးသွားခဲ့ပါတယ်။ အဲ့ဒီနေရာလေးကလူမျိုးစုတွေပြောကြတဲ့ ရတနာကျွန်းအကြောင်း သူသိသွားပြီးနောက် ရှာဖွေရေးခရီးထွက်ခဲ့ရာကနေ.....ဒရမ်မာ အခန်းလေးတွေပါတဲ့ စွန့်စားခန်းပုံပြင်လေးသဖွယ်ကြည့်ရမှာပါ နောက်ပြီး ကြည့်လို့ကောင်းတဲ့ အီတလီဇာတ်ကားကောင်းလေး တစ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (2.23 GB) / (1.03 GB) / (642 MB) Quality – WEB-DL 1080p / 720p / 480p Duration - 1Hr 45mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Drama Translator – ...
movie

The Tale of King Crab (2021)

2021
Human Factors (2021) 6.0
Human Factors (2021) Human Factors (2021)================IMDb Rating - 6.0/10ဂျာမနီ၊ အီတလီ၊ ဒိန်းမတ် သုံးနိုင်ငံပေါင်းကထုတ်တဲ့ ဇာတ်ကားလေးပဲ ဆိုပါတော့။ ဇာတ်ကားလေးက လွယ်မယောင်နဲ့ခက်တိမ်ယောင်နဲ့နက် ပါတယ်။ ရုပ်ရှင်လောကမှာ တော်ရုံဇာတ်ကားကောင်းတွေ သိပ်မထွက်လှတဲ့ နိုင်ငံတွေက IMDb 6.0 ရထားတဲ့ကားဖြစ်လို့ ကောင်းလား မကောင်းလားက သိပ်မေးနေစရာရှိမယ်မထင်ပါဘူး။ဇာတ်လမ်းဇာတ်ကွက် ရိုးတယ်ထင်ရလွန်းလို့ ဟာ ဇာတ်ကွက်ကြီးက ရိုးလိုက် တာလို့ တွေးမိနေသော်ငြား စလာတည်းက ပဟေဠိပေါင်း သောင်းခြောက်ထောင် ပေးနေပြီး တဖြည်းဖြည်းနဲ့ ထင်သလောက်မရိုးဘူးဟလို့ တွေးရင်း တွေးရင်း ကြည့်သွားရမယ့် ကားလေးပါ။ဇာတ်လမ်းအကျဉ်လေးကို ညွှန်းရမယ်ဆိုရင်တော့ ယန်နဲ့သူ့မိသားစု (သူ့မိန်းမရယ်၊ သားတစ်ယောက်၊ သမီးတစ်‌ယောက်)ဟာ သူ့ယောက္ခမဝယ်ထားတဲ့ အပန်းဖြေ အိမ်ကြီးမှာ မြို့ပြက စိတ်ဒုက္ခတွေသက်သာအောင် လာရောက်အပန်းဖြေရာကနေ စပါတယ်။ ဒီတော့ အဲလိုတည်းရာကနေ Drama/ Fiction ဆိုတဲ့ အမျိုးအစား ဖြစ်သွားအောင် ဘယ်လိုတွေ ရိုက်ကူးထားမယ်၊ ဘာတွေဆက်ဖြစ်လာမယ် ဘယ်လောက် တောင်ကြည့်လို့ကောင်းမယ်ကတော့ Human Factors ဆိုတဲ့ကားလေးထဲမှာ ရှူ့စားပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File ...
movie

Human Factors (2021)

2021
Nr. 10 (2021) 6.8
Nr. 10 (2021) Nr. 10 (2021)========== IMDb Rating - 6.8/10အခုကမ္ဘာကြီးမှာ ပူနွေးနေတဲ့ ပြဿနာနဲ့ သက်ဆိုင်တဲ့ကားလေးတစ်ကား ကြည့်ရမယ်ဆိုရင်တော့ ဒက်ခ်ျဘာသာ စကားနဲ့ထွက်ထားတဲ့ Captain Nova ဆိုတဲ့ကား‌လေးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုကားလေးတွေရဲ့အစဟာ ဒီ ၂၀၂၁ က ကားလေးကနေ အစပြုတဲ့ပုံပါပဲ။ဒီကားလေးဟာ ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီး IMDb အနေနဲ့ 6.8 ရရှိထားသလို Drama/Thriller အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ ဒက်ခ်ျဘာသာစကားပြောတဲ့ နယ်သာလန်ရုပ်ရှင်လေးဖြစ်ပြီး နောက်ပိုင်း နယ်သာ လန်ရုပ်ရှင်တွေရဲ့ CGI အထူးကောင်းမွန်လာမှုကတော့ တော်တော့်ကို ပြောစရာ မရှိလောက်တဲ့အထိကို ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးဟာ ငြိမ့်ငြိမ့်ညောင်းညောင်း လေးနဲ့ ဇာတ်လမ်းအစကနေ အဆုံးထိခံစားကြည့်ရှုရမယ့်ကားကောင်းလေးပါ။ ဇာတ်ကားလေးရဲ့ ဇာတ်အိမ်ဟာ ကျစ်လျစ်သိပ်သည်းမှုရှိပြီး ရှေ့ဆက်ဘာဖြစ်မလဲကို မျှော်တလင့်လင့်ကြည့်ရမယ့်ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အဆုတ်နှစ်ခြမ်းအနက် တစ်ခြမ်းဟာ ပုံမှန် အဆုတ်တွေထက် တော်တော်ကြီးကိုကြီးနေတဲ့ သားအဖနှစ်‌‌ယောက်၊ အလွန်ထူးဆန်းတဲ့ ထိုဖြစ်ရပ်ကြောင့် ဆရာဝန်တွေက စစ်ဆေးချင်လှသော်လည်း နာမကျန်းဖြစ်၊ ချောင်းဆိုးတာ မရှိဖူးတဲ့သားအဖ နှစ်ယောက်ကတော့ ဆေးရုံဆေးခန်းဆို ဝေါင်ဝေါင်ရှေးနေခဲ့တဲ့အခါ၊ ဘာကြောင့် သူတို့အဆုတ်တွေ တစ်ခြမ်းသာပါပြီး ထိုတစ်ခြမ်းက အလွန်ကြီးနေတာလဲ၊ ဘယ်လိုရောဂါဘယမျိုးများ ...
movie

Nr. 10 (2021)

2021
Forever Out of My League (2021) 5.4
Forever Out of My League (2021) Forever Out of My League (2021)=======================တစ်ခါတလေကျ ချစ်ခြင်းမေတ္တာက နားလည်ရခက်တယ်ဗျ။ အသွားရှိမှ အပြန်ရှိမယ်ပြောကြေးဆို အသွားအပြန်မမျှော်ကိုးဘဲ ချစ်နေတတ်တဲ့ ချစ်ခြင်းမေတ္တာတွေကို ဘယ်လိုရှင်းပြနိုင်မလဲဗျ။ တစ်ခါတလေကျ ပြန်တော့ လည်း သံယောဇဉ်ကြိုးဆိုတာ တစ်ချို့လူတွေအတွက်တော့ ကမ္ဘာ့အခိုင့်ခံဆုံး၊ ဖြတ်ရအခက်ဆုံးကြိုးဆိုပေမဲ့ တစ်ချို့တွေကျတော့လည်း အပ်ချည်မျှင်လေး တစ်ကြိုးလို ထောက်ခနဲဖြတ်တောင်နိုင်တာမျိုးပေါ့။ဒီထဲမှာမှ ကျွန်တော်တို့နားလည်ရခက်၊ ရှင်းပြရခက်တဲ့ ချစ်ခြင်းတွေထဲမှာ မိသားစုချစ်ခြင်းဟာ ထိပ်ဆုံးကနေဦးဆောင်နေစမြဲ။ တုနှိုင်းမရအောင် ခိုင်မာ တတ်သလို၊ နားလည်ရခက်‌လောက်အောင်လည်း ခက်ထန်တတ်စမြဲ ဖြစ်တတ်ခြင်း သဘောတွေဟာ ဒီချစ်ခြင်းရဲ့သဘောတွေပဲထင်ပါရဲ့။ တစ်ချို့မိသားစုတွေရဲ့ ချစ်ခြင်းဟာ တကယ့်ကို နှစ်ထောင်းအာရရှိပြီး အားကျချင်စရာကောင်းချိန် တစ်ချို့မိသားစုချစ်ခြင်း အပေါ်ယံဟန်ဆောင် သကာရည်ဖြူး၊ တစ်ချို့ကျ နှစ်ထောင်းအားရစရာမရှိပေမဲ့ သကာရည်မပါဘဲ တစ်ကယ့်ချစ်ခြင်းတွေပါဝင်စမြဲပါပဲလေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File Size - (983 MB) / (493 MB) Quality – Web-DL 1080p / 720p Duration - 1Hr 54mins Subtitle – ...
movie

Forever Out of My League (2021)

2021
Werewolves Within (2021) 6
Werewolves Within (2021) Werewolves Within (2021)[Subtitle Error Fixed]~ IMDb - 6/10, Rotten Tomatoes - 86% ~ " လူတိုင်းက လ လိုပဲ။ လူတိုင်းမှာ ဘယ်သူမှ မမြင်ရတဲ့ အမှောင်ဘက်ခြမ်းတစ်ခုရှိတယ်။ " - Mark Twain၂၀၂၁ ထွက် Horror, Comedy ဇာတ်ကားလေးပါ။ Werewolves Within ဆိုတော့ Cherokee အင်ဒီးယန်းလူမျိုးစုရဲ့ စကားပုံလေးလိုပေါ့။ ကျွန်တော်တို့ စိတ်အတွင်းမှာ ဝံပုလွေနှစ်ကောင်ရှိတယ်။ တစ်ကောင်က ကောင်းတယ်။ တစ်ကောင်ကဆိုးတယ်။ ခင်ဗျားအစာကျွေးတဲ့ ကောင်က နိုင်သွားလိမ့်မယ်တဲ့။ ဒီဇာတ်ကားမှာ ဇာတ်ကောင်တွေရဲ့ ဝံပုလွေတွေ ထွက်လာပြီး အချင်းချင်း ကိုက်ဖြတ်ကြတာကို တွေ့ရပါလိမ့်မယ်။သဘောကောင်းလွန်းလို့ ရည်းစားဖြတ်ခံလိုက်ရတဲ့ ရိန်းဂျား ဖင်း တစ်ယောက် နယ်မြို့လေးတစ်မြို့ကိုရောက်လာပါတယ်။ နယ်မြို့လေးတွေရဲ့ ထုံးစံအတိုင်း ဒေသခံတွေက တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ကြတာပေါ့။ ...
movie

Werewolves Within (2021)

2021
Sweetie, You Won’t Believe It (2021) 6.3
Sweetie, You Won’t Believe It (2021) Sweetie, You Won't Believe It (2021)==========================IMDb Rating - 6.3/10CM ပရိသတ်ကြီးကို IMDb 6.3, Rotten Tomatoes 88%  ရရှိထားတဲ့ comedy movie လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော်ကြီးကတော့ ဒက်စ်တန်လို့ အမည်ရပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူ ဇန်နာကတော့ မမဗိုက်ပေါ့။ ကိုယ်၀န်သည်ကလည်းဖြစ် မိန်းမတို့ရဲ့ ထုံးစံကလည်း မပျက် ဇန်နာဟာ ယောင်္ကျားဖြစ်သူကို အမြဲတကျက်ကျက်ပေါ့။ တပူပူတစူစူလုပ်တဲ့အပြင် ငွေရေးကြေးရေးပါ ကြပ်တည်းနေပြီး ဒက်စ်တန်မှာ စိတ်ထွက်ပေါက်တောင်မရှိတဲ့ ဖိုးကံဆိုးကြီးပါ။ဒီလိုနဲ့ တစ်နေ့မှာ အာမန် နဲ့ မူရက် ဆိုတဲ့ ‌ကျောင်းတုန်းက သူငယ်ချင်းနှစ်ယောက်က ဒက်စ်တန်ကို ငါးမျှားထွက်ဖို့ လာခေါ်ကြတယ်။ ဖြစ်ချင်တော့ ဇန်နာ ကလည်း နေ့စေ့လစေ့ကြီးနဲ့ ဒက်စ်တန်ကလည်း သူ့မိန်းမ ဆူဆဲနေတဲ့ကြားကနေ ဘော်ဒါတွေနဲ့ လိုက်သွားခဲ့တယ်။ ဒါပေမယ့် လမ်းတစ်လျှောက်မှာ မထင်မှတ်ဘဲ ဂန်းစတားတွေနဲ့ စိတ္တဇလူသတ်သမား တစ်ယောက်ရဲ့ ရန်နဲ့ ကြုံရတဲ့အခါ ဒက်စ်တန် တို့ငါးသွားမျှားတဲ့ နေရာကလည်း ...
movie

Sweetie, You Won’t Believe It (2021)

2021
Kuthirai Vaal(2021) 6/9
Kuthirai Vaal(2021) Kuthiraivaal (2022)လူတိုင်းက အိပ်မက်တွေမက်ဖူးကြတယ်မလား မက်နေတဲ့အိပ်မက်ထဲကအတိုင်းလက်တွေ့ဘဝမှာဖြစ်ပေါ်လာမယ်ဆိုရင်တော့ကမ္ဘာကြီးကရူးကြောင်ကြောင်နိုင်သွားမှာပါ ဒါပေမယ့်ဒီကားထဲမှာဆိုရင်တော့အိပ်မက်ကနိုးလာတဲ့ ဖရိုက်ဒ်တစ်ယောက် ထူးဆန်းစွာပဲအမြီးပေါက်လာခဲ့တာပါအိပ်မက်လည်းသာမန်မဟုတ်ပါဘူး ကောင်းကင်ဝယ် နေနဲ့လတစ်ပြိုင်တည်းထွက်ပေါ်နေတဲ့နေရာတစ်ခုမှာ လှပတဲ့မြင်းက ခန့်ညားစွာနဲ့ရပ်နေခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီမြင်းမှာအမြီးရှိမနေခဲ့ပါဘူးဒီလိုနဲ့မြင်းနားမှာရပ်နေတဲ့ကောင်မလေးကို အမြီးဘယ်ရောက်သွားလဲမေးတော့ကောင်မလေးကခရမ်းချဉ်သီးနဲ့ပြန်ပေါက်ခဲ့ရာက ရုတ်တရက်အိပ်မက်ကလန့်နိုးသွားခဲ့ပါတယ်နိုးလာလာချင်း ကုတင်ပေါ်ကပြုတ်ကျခဲ့ပါတယ် အကြောင်းကတော့သူ့ကိုယ်ပေါ်မှာမြင်းအမြီးတစ်ခုပေါက်လာခဲ့လို့ပါပဲ ဒီလိုနဲ့ ဒီအမြီးဖြစ်ပေါ်လာပုံကိုဟူးရား၊နက္ခတ်ဗေဒင်ဆရာ၊ သင်္ချာဆရာတွေဆီလှည့်ပတ်သွားရင်းအကြံဉာဏ်တောင်းခဲ့ပါတယ် တစ်ယောက်ချင်းစီကမတူညီတဲ့အကြံဉာဏ်တွေပေးရင်းဖရိုက်ဒ်တစ်ယောက်လမ်းပျောက်နေခဲ့ပါတယ်ထူးဆန်းစွာနဲ့ဒီအမြီးကိုသူကလွဲပြီးဘယ်သူမှမမြင်နိုင်ကြောင်းသိရှိသွားခဲ့ပြီးသူ့ရဲ့အိပ်မက်ခရီးရှည်ကြီးကို ခရီးစထွက်ခဲ့ရာကဘယ်လိုထူးဆန်းထွေလာတွေတွေ့မလဲအမြီးပေါ်လာတဲ့အကြောင်းအရင်းကိုရောရှာတွေ့သွားမှာလား အမြီးကရောပျောက်သွားနိုင်မှာလားIMDb 6.8ရရှိထားပြီး Netflix ကထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်တွေးစရာတွေတစ်လှေကြီးနဲ့ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်ရှုနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်)  File size…2GB / 900MB Quality…1080p WEB DL  AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni
movie

Kuthirai Vaal(2021)

2021
Furioza (2021) 6.3
Furioza (2021) Furioza (2021) ဇာတ်လမ်းအညွှန်း ရှယ်ကြမ်း အက်ရှင်ကြိုက်သူများအတွက်ပါ။ ဒါဝိ၊ ဇီကာ နဲ့ အာရှုတို့က ချာတိတ်ဘဝတုန်းက ဖျူရီအိုဇာဆိုတဲ့ လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေပေါ့။ အတိတ်ဆိုးတွေကနေ ရုန်းထွက်ရင်း ဆယ်နှစ်အကြာမှာ ဒါဝိက ဆရာဝန်ဖြစ်လာပြီး ဇီကာက ရဲဖြစ်လာခဲ့ပါတယ်။ဂိုဏ်းထဲမှာပဲ လူမိုက်ကြီးအဖြစ် ကျန်ရစ်ခဲ့တဲ့သူကတော့ ဒါဝိရဲ့အစ်ကို အာရှုပါပဲ။ဇိကာတို့ ရဲတပ်ဖွဲ့က အန့်မန်းဆိုတဲ့ မူးယစ်ရာဇာကို ဖမ်းချင်နေကြတာပါ။ အန့်မန်းက ဖျူရီအိုဇာဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေတာကြောင့် အာရှူကိုဖမ်းမယ်လို့ အကျပ်ကိုင်ပြီး ဒါဝိကို သူလျှိုအဖြစ် ဂိုဏ်းထဲ ပြန်ဝင်ပေးဖို့ အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။ဒါဝိတစ်ယောက် သူ့ဂိုဏ်းဟောင်းထဲ ပြန်ရောက်သွားရာက ဘယ်လို ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေနဲ့ ကြုံရမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size          : 2.7GB,  1.1GB & 539MB Quality      ...
movie

Furioza (2021)

2021
My Sweet Monster (2022)
My Sweet Monster (2022) My Sweet Monster (2022)ကနဦးပြောချင်တာကတော့ ဒီကားရဲ့ အင်တာနေရှင်နယ် ဒံပေါက် ရိတ်တင်ကို မယုံပါနဲ့။ အတည်ပါ လူ၈၀လောက်ပဲပေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဒံပေါက်ရိတ်တင်ကြည့်ပြီး တော်တော်ဆိုးမယ် ထင်ခဲ့ပေမဲ့ မဟုတ်ပါဘူး။ ခရမ်းချဉ်သီးရိတ်တင်လည်း မထွက်သေးပါဘူး။ အသေးစားဆိုက်ကလေးတွေကတော့ ၅ မှာ ၅ပေးထားတာတွေ ၇၃ပေးထားတာတွေရှိပါတယ်။ ဆိုလိုတာက အတည်မဂျင်းပါဘူး။ ပေါ့ပေါ့ကားကား ကာတွန်းကားအနေနဲ့ ကြည့်ကောင်းသလို ရယ်ရတာလေးတွေလည်းပါပါတယ်။ ဇာတ်အိမ်လေးလည်း နည်းနည်းဆန်းပါတယ်။ ပေါ့ပေါ့ပါးပါးကြည့်ရင် စိတ်ပျော်စေမယ့် ချစ်ဖို့ကောင်းတဲ့ ကာတွန်းကားပါပဲ။ သီချင်းလေးလည်း ငါးခါလောက်ဆိုကြပြီး နားဝင်လွယ်တဲ့ ချိုချိုအေးအေးလေးတွေဆိုတော့ ဟိုတုန်းက ဒစ္စနေး ကာတွန်းကားတွေရဲ့ အရသာပိုပေါ်ပါတယ်။ Honestlyပြောရရင် စိတ်ပြေလက်ပျောက်ကြည့်ချင်ရင် ကြည့်ကောင်းတဲ့ကားလေးပါပဲ။ ငယ်ငယ်က ကာတွန်းကားတွေကို ပေါင်းထားတဲ့ အရသာမျိုးလည်းရတယ်။ဇာတ်လမ်းကတော့ စက်ရုပ်တွေထွင်တတ်တဲ့ အင်ဂျင်နီယာဘုရင်ကြီးတစ်ပါးရှိတယ်။ သူ့သမီးလေးကို သူကအရမ်းချစ်တော့ အရမ်းချုပ်ချယ်တယ်။ အချစ်ဝတ္တုတောင် ပေးမဖတ်တဲ့အထိပဲ။ ဒီလိုနဲ့ သူ့သမီးလေးကို ဖူးဖူးမှုတ်ထားတဲ့ ဘုရင်ကြီးဟာ ပြည်သူတွေအတွက် သူ့သမီးလေးကို လူယုတ်မာတစ်ကောင်နဲ့ လက်ထပ်ပေးဖို့ ဖြစ်လာခဲ့တယ်။ အဲဒီမှာ မင်းသမီးလေးက ထွက်ပြေးတာပေါ့။ ဒီလိုနဲ့ မွန်းစတားကောင်လေးရှိတဲ့တောအုပ်ထဲရောက်သွားတယ်။ ယုန်ရယ် မွန်းစတားရယ် မင်းသမီးလေးရယ် ခင်သွားကြတယ်။ ဘုရင်ကြီးဆီက စက်ရုပ်တွေကို လူယုတ်မာကလွှတ်ပြီး မင်းသမီးလေးကိုပြန်ခေါ်ဖို့လုပ်တာပေါ့။ နောက်ပိုင်းကတော့ ကြည့်သာကြည့်ကြည့်တော့၊။ဇာတ်ကြောင်းက ...
movie

My Sweet Monster (2022)

2021
The Real Charlie Chaplin (2021) 7.3
The Real Charlie Chaplin (2021) The Real Charlie Chaplin (2021) ~ IMDb - 7.3/10, RT - 95%, Meta - 66% ~" ကံအကြောင်းတိုက်ဆိုင်လို့ ချာလီချက်ပလင် ဇာတ်ကားတွေကို ကြည့်ဖြစ်ရင် ဒီအတိုင်းပဲကြည့်ပါ။ တခြားတွေ့ဖူးကြည့်ဖူးထားတဲ့ ချာလီချက်ပလင်တွေနဲ့ ဆက်စပ်ဖို့ မကြိုးစားပါနဲ့။ ချာလီချက်ပလင်တွေ အများကြီးရှိလို့ပါပဲ... " - မက်စ်အိစ်မန်း (စာရေးဆရာ၊ ချာလီချက်ပလင်၏ မိတ်ဆွေတစ်ဦး)ချာလီချက်ပလင်ဆိုတာနဲ့ ဘောင်းဘီအပွကြီးဝတ်ထားပြီး ဦးထုပ်ဝိုင်းလေးဆောင်း တုတ်ကောက်ကိုင်ထားတဲ့ တံမြက်စည်းနှုတ်ခမ်းမွေးနဲ့ လူညှက်ကလေးကို ပြေးမြင်မိကြမှာပါ။ ချက်ပလင်ကပ်ရောဂါလို့ တင်စားရလောက်အောင် ချာလီချက်ပလင်ကို နှစ်သက်သဘောကျ အတုခိုးကြသူတွေ ချက်ပလင်ရောဂါဖြစ်ကြသူတွေ တစ်ကမ္ဘာလုံးအနှံ့မှာရှိခဲ့ဖူးပါတယ်။ ဒီလူပိန်လေးက ဘုရင်တွေ၊ ဘုရင်မတွေ၊ တွေးခေါ်ပညာရှင်တွေ၊ ဘာသာရေးအထင်ကရပုဂ္ဂိုလ်တွေထက် နာမည်ကျော်ကြားခဲ့ပါတယ်။ ဒါပေမဲ့ သူက ချာလီချက်ပလင်မဟုတ်ပါဘူး ချာလီချက်ပလင်သရုပ်ဆောင်တဲ့ Tramp ဆိုတဲ့ ဇာတ်ကောင်လေးပါ။အဲဒီတော့ ချာလီချက်ပလင်က အစစ်က ဘယ်သူလဲ.....ချာလီက ...
movie

The Real Charlie Chaplin (2021)

2021
My Lovely Angel (2021) 7.7
My Lovely Angel (2021) My Lovely Angel (2021) အညွှန်း Descendants of the Sun ထဲက Jin Goo ရဲ့ Drama movie လေးပါ။ဘဝကို အထီးကျန်ဆန်စွာ ဖြတ်သန်းနေခဲ့ရတဲ့ အမျိုးသားတစ်ယောက်၊ အလုပ်ကိုပဲ စိတ်နှစ်ထားပြီး လုပ်ကိုင်နေရာကနေ တစ်နေ့မှာတော့ သူ့ ဆီမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။သေဆုံးသွားတဲ့ အမျိုးသမီးရဲ့အိမ်ကို သွားကြည့်ရာကနေ ၇ နှစ်အရွယ် အမြင်အာရုံနဲ့ အကြားအာရုံချို့တဲ့နေတဲ့ ကလေးငယ်လေးကို တွေ့ခဲ့ရပါတယ်။ မိခင်ဖြစ်သူကလည်း သေဆုံးသွားပြီး အခြား ဆွေမျိုးသားချင်းတွေလည်း မရှိတာမို့ ကလေးကို ခေါ်လာရဖို့ ဖြစ်လာပါတယ်။ အရင်နဲ့ မတူညီတဲ့ ဘဝကို ဖြတ်သန်းရတော့မဲ့ လူနှစ်ယောက် တစ်ယောက်ရဲ့ဘဝကို တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲစေမလဲဆိုတာတွေ ...သွေးသားမတော်စပ်ပေမဲ့ လူလူချင်းကြားက သံယောဇဉ်တွေ ကို ပုံဖော်ရိုက်ကူးထားတဲ့ ဒရမ်မာ လေးပါ။ စွန့်အ၊ နား ...
movie

My Lovely Angel (2021)

2021
The Black Square (2021) 6.0
The Black Square (2021) The Black Square (2021)==================IMDb Rating - 6.0/10ဇာတ်လမ်းအစက ပြတိုက်တစ်ခုမှာ ရုရှားပန်းချီဆရာ Kasimir Malevich ရဲ့ ပန်းချီကား အခိုးခံလိုက် ရပါတယ်။ သူခိုးတွေဖြစ်တဲ့ Vicent နဲ့ Nils တို့က သန်း ၆၀တန်တဲ့ ပန်းချီကားကို သင်္ဘောပေါ်မှာ ဖောက်သည်ဆီ လက်လွှဲပေးဖို့ ချိန်းဆိုထားကြတာပေါ့။အစမှာတင် သူတို့လူ ချာလီက ချိန်းထားတဲ့အချိန်ရောက်မလာတော့ သူတို့ အစီအစဥ်တွေ ကမောက်ကမဖြစ်ကုန်ပြီး သင်္ဘောပေါ်ကို ရရာနည်းလမ်းနဲ့ တက်သွားပါတော့တယ်။ အဲ့ကနေစပြီး သူတို့နှစ်ယောက် သင်္ဘောပေါ် ဘယ်လို ရောက်အောင်သွားခဲ့တာလဲ သင်္ဘောပေါ်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ။ နောက်ပြီး ပန်းချီကားကို ဖောက်သည်ဆီ အဆင်ပြေပြေရော လက်လွှဲပေးနိုင်ပါ့ မလားဆိုတာ စောင့်ကြည့်ပေးပါဦး။ ဒီဇာတ်ကားကဂျာမန် Comedy, crime ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး အလွဲလွဲအချော်ချော်တွေနဲ့ ရယ်နေရမှာ အသေအချာပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.05 GB) / (584 MB) Quality – Web-DL ...
movie

The Black Square (2021)

2021
Yuni (2021) 7.7
Yuni (2021) Yuni (2021)"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာ‌သာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ ...
movie

Yuni (2021)

2021
Bull (2021) 6.5
Bull (2021) Bull (2021) ဇာတ်လမ်းအညွှန်း ဒီတစ်ခါတော့ Thriller အမျိုးအစား ရုပ်ရှင်ကားကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။သွေးအေး ရက်စက်တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်တဲ့ ဘူးလ်ဟာ သားဖြစ်သူကို ဆေးစွဲနေတဲ့ သူ့မိန်းမနဲ့ ခွဲထားဖို့ ကြိုးစားရာကနေ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ယောက္ခမ ဖြစ်သူနဲ့ ကတောက်ကဆ တွေ ဖြစ်ပါတော့တယ်။ ဒီလိုနဲ့ လူမိုက်တွေရဲ့ ထုံးစံအတိုင်း ဘူးလ်ကို နှိပ်စက်ပြီးတဲ့နောက်မှာ ဝေဒနာကြီးစွာ ခံစားရပြီး သေသွားအောင် ပစ်ထားခဲ့ပါတယ်။နောက်ဆယ်နှစ်အကြာမှာတော့ ဘူးလ်တစ်ယောက် အမှတ်မထင် ပြန်ပေါ်လာပြီး သူ့သားကို ပြန်ခေါ်နိုင်ဖို့နဲ့ သူ့ကို သစ္စာဖောက်ခဲ့တဲ့ မိတ်ဆွေဟောင်းတွေကို လက်စားချေဖို့ ကြိုးစားလာတဲ့အခါမှာတော့ ...နဂိုကတည်းက သွေးအေးရက်စက်ပါတယ်ဆိုတဲ့ ဂိုဏ်းစတား တစ်ယောက် နာကျည်းချက်တွေနဲ့ လက်စားချေဖို့ အကြောင်းဖန်လာတဲ့အခါ ...ဘယ်လိုရက်စက်တဲ့ နည်းတွေ သုံးမလဲ?သားဖြစ်သူကို ပြန်ခေါ်ထားနိုင်ပ့ါမလား?ယောက္ခမနဲ့ မိန်းမတို့ကကော သူ့ကို ဒီအတိုင်း လက်ပိုက်ကြည့်နေပါ့မလား? ဆိုတာကိုတော့ ရုပ်ရှင်ထဲ ဆက်လက် ကြည့်ရှုကြရအောင်ပါ။ File ...
movie

Bull (2021)

2021