Channel Myanmar

2020

Pon Manickavel(2021) 4.9
Pon Manickavel(2021) Pon Manickavel (2021)ဒီတစ်ခေါက်မှာတော့ နာမည်ကြီးမင်းသား Prab Deva ရဲ့ အကြိမ် ၅၀ မြောက်သရုပ်ဆောင်မှုဖြစ်တဲ့ တမီးလ်ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေအရင်ဆုံး ဇာတ်လမ်းအကျဥ်းကို ကြည့်လိုက်ကြရအောင်ပွန် မာနီကယ်လ်ဗီဆိုသူက သေနတ်ပစ်တဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံတကာလေ့ကျင့်ရေးသင်တန်းမှာလည်းရွှေတံဆိပ်ဆုရထားတဲ့ ထိပ်တန်း ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်ဒါမဲ့ ပွန်ဟာ အတိတ်က အမှုတစ်ခုကို စုံစမ်းပြီးတဲ့ချိန်မှာပဲ ရုတ်တရက် ရဲအလုပ်ကနေနှုတ်ထွက်ပြီးတော့ ရွာပြန်ပြီး နွားကျောင်းနေပါတော့တယ်ပွန့်လို ထိပ်တန်းရဲအရာရှိတစ်ဦးက ဘာအကြောင်းကြောင့်ဒီလိုနှုတ်ထွက်ခဲ့လဲဆိုတာကို ဘယ်သူမှလည်း မသိခဲ့ကြပါဘူးဒီလိုနဲ့ တစ်နေ့မှာ နာမည်ကြီး ဗဟိုရုံးကတရားသူ​​ကြီးတစ်ဦးသဲလွန်စ မကျန်အောင် ရက်ရက်စက်စက်ပစ်သတ်ခံရလိုက်ရပါတယ်ဒီအမှုကို စုံစမ်းဖို့အတွက် အထက်က မာနီကယ်လ်ဗီကို တာဝန်ပေးအပ်လိုက်တဲ့အခါ......ရွာပြန်နွားကျောင်းပြီး အထက်ကတာဝန်ပေးမှ အမှုပြန်စုံစမ်းတဲ့ ပွန်တစ်ယောက်လက်ဖက်ရည်လေးသောက်လိုက် မိန်းမနဲ့ အချိန်ဖြုန်းလိုက်နဲ့ အမှုကိုအေးဆေးစုံစမ်းနေပြန်တော့ ကျန်တဲ့ အဖွဲ့ဝင်တွေကလည်း သူ့ကို အမြင်မကြည်ကြတော့ပါဘူးအမှုစုံစမ်းနေရင်းမှာပဲ ဆက်တိုက်ဆိုသလို နာမည်ကြီးစုံထောက်တွေပါ အသတ်ခံနေရတဲ့အခါ.....ဒီအမှုတွေရဲ့ လူသတ်တရားခံက ဘယ်သူလဲ???အမှုတစ်ခုနဲ့ တစ်ခုရော ဘယ်လိုတွေဆက်စပ်နေတာလဲအတိတ်တုန်းက ပွန့်ကို ရဲအဖြစ်က ...
movie

Pon Manickavel(2021)

2020
The Catch (2020) 5.8
The Catch (2020) The Catch (2020)=============IMDb Rating - 5.8/10ဒီတစ်ခါတော့ ဘ၀အခက်အခဲတွေ ဆိုးဝါးတဲ့ အတိတ်တွေနဲ့ ရှင်သန်နေရတဲ့ မိန်းမတစ်ယောက်အကြောင်း drama လေးပါ။ဇာတ်လမ်းအကျဉ်းရာသီဥတ အေးစက်ငြိမ်သက်နေတဲ့ တစ်နေ့မှာ ဘက်သ်ဆိုတဲ့ အမျိုးသမီးဟာအိမ်ဆိုတဲ့ အရပ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ငါးနှစ်တာ ဘာအကြောင်းမှ မကြားဘဲ ပျောက်သွားခဲ့လေတော့ဖခင်ဖြစ်သူကလည်း နွေးထွေးစွာ မကြိုဆိုခဲ့ပါဘူး။သူ ဇာတိမြေကို ပြန်လာခဲ့ရခြင်းကလည်း အကြောင်းရင်းတစ်ရပ်ရှိနေပါတယ်။ သို့ပေမဲ့ ဇာတိမြေရောက်တော့လည်း အဆင်မပြေမှုတွေကြောင့် သူ့ရဲ့အဖြစ်က ဒုက္ခပေါ် ဒုက္ခဆင့်သလိုပါပဲ၊ဒီတော့ သူဟာ အရင်ရည်းစားဟောင်းဖြစ်သူ ဒစ်ကီနဲ့ ပြန်တွဲပြီး . ဒီ ဒုက္ခတွေကို မသမာတဲ့နည်းနဲ့ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။ ဒီလိုအဖြစ်တွေ ကြုံလာချိန်မှာ တစ်ဖက်က ကိုယ့်ဆန္ဒ၊ တစ်ဖက်ကမိသားစုဖြစ်နေလေတော့ ဘက်သ်တစ်ယောက် အကြပ်ရိုက်စရာတွေ ကြုံလာတဲ့အခါ . . . သူ ဘယ်လိုဆုံးဖြတ် ဖြေရှင်းမလဲ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဘက်သ်တစ်ယောက် ဒီဒုက္ခတွင်းကြီးထဲက ...
movie

The Catch (2020)

2020
Bruised (2020) 5.2
Bruised (2020) Bruised (2020)============လူတွေဟာ တစ်ခါတစ်လေမှာ ကိုယ်ကိုယ်တိုင်က ဘာမှမဟုတ်ပေမယ့် ကိုယ့်ကိုမှီခိုအားကိုးတဲ့လူတွေကြောင့် လူစွမ်းကောင်းဖြစ်မှန်းမသိဖြစ်ခဲ့ရပါတယ်တဲ့။ရုပ်ရှင်မင်းသမီးတစ်ဖြစ်လဲ ဒါရိုက်တာ ဟယ်လီဘယ်ရီ ရိုက်ကူးထားပြီး သူကိုယ်တိုင် သရုပ်ဆောင်ထားသောအမျိုးသမီးလက်ဝှေ့ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြီးကြီးမားမားရှုံးနိမ့်ခဲ့ရလို့ ကြိုးဝိုင်းကိုကျောခိုင်းခဲ့တဲ့အမျိုးသမီးလက်ဝှေ့ကျော် ဂျက်ကီဂျက်စတစ်တစ်ယောက် အရှုံးသမားဘဝနဲ့ ရုန်းရင်းကန်ရင်း တစ်နေ့မှာမမျှော်လင့်ပဲမြေအောက်တိုက်ခိုက်ပွဲတစ်ခုကိုရောက်သွားခဲ့ပြီးတော့ မခံချင်စိတ်နဲ့ လက်စွမ်းပြခဲ့မိပါတယ်။အဲဒီနောက်မှာတော့ အိမ်ပြန်လာရင်းနဲ့ ကလေးတစ်ယောက်ကို မွေးမြူဖို့ဖြစ်လာတဲ့အခါမှာတော့ ကိုယ့်ရင်သွေးအတွက်ကိုယ်ကြောက်တဲ့ ကြိုးဝိုင်းကိုပြန်လည် မျက်နှာ ချင်းဆိုင်ဖို့ ကြိုးစားခဲ့တာကို ရိုက်ကူးပုံဖော်ထားပါတယ်။ဒီကားလေးဟာ အမျိုးသမီးတွေရဲ့ မိခင်မေတ္တာနဲ့ လုပ်နိုင်စွမ်းတွေကို အသားပေးရိုက်ကူးပြသထားတာမို့လို့ စိတ်ခွန်အားဖြစ်စေမယ့် ကားတစ်ကားဆိုလည်း မမှားတာမို့ လက်ဝှေ့ကြိုက်သူများ၊ Surviving Motivation လိုအပ်နေသူများအတွက် ကြည့်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။ ) File Size - (1.16 GB )Quality – ...
movie

Bruised (2020)

2020
Sweet River (2020) 5.0
Sweet River (2020) Sweet River (2020)==============ချစ်မြတ်နိုးရ၊ တန်ဖိုးထားရတဲ့ တစ်စုံတစ်​ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူအဖို့ "​ပျောက်​သောသူ ကြာရင်​မေ့" ဆိုတဲ့ အဖြစ်မျိုးလည်း ရှိနိုင်သလို ဘယ်​သောအခါမှ ကုစားမရတဲ့ ​နောင်တအဖြစ် အမြစ်တွယ်သွားတာလည်း ရှိတတ်တယ် မဟုတ်လား၊ တချို့ ​ပူ​ဆွေးမှု​တွေဆိုရင် ကိုယ်တိုင် ​မေ့​ဖျောက်ချင်စိတ်မရှိဘဲ တမ်းတမ်းတတ ဖြစ်​နေတတ်တာမျိုး​​မှတ်လား။ဒီရုပ်ရှင်ရဲ့ Genre ဟာ Horror , mysteryပါ၊ ဒါ​ပေမဲ့ အဓိကဇာတ်​ဆောင်၂​ယောက်ရဲ့ ဇာတ်​ကောင်အ​ပေါ် စီး​မြောမှု၊ သရုပ်​ဆောင်မှု​တွေ​အောက်မှာ ဒီဇာတ်ကားဟာ Dramaပိုင်းကို မသိမသာ ပိုကဲသွားပါတယ်၊ သို့​ပေမဲ့လည်း ရုပ်ရှင်ရဲ့ အဓိက theme ဖြစ်တဲ့ ​ပ​ဟေဠိ ဆန်မှု၊ ​ခြောက်ခြားဖွယ်​ကောင်းမှု​ကိုလည်း လျော့မသွားဘဲ ရိုက်ပြထားနိုင်တာကိုက ဒီကားရဲ့ဆွဲ​ဆောင်မှုရှိတဲ့အချက်ပါကွင်းဆက်လူသတ်သမားလက်ထဲမှာ ဖမ်းခံလိုက်ရပြီး ​သေသလား၊ ရှင်သလား​တောင် မသိတဲ့အ​ခြေအ​နေအတွက် မိခင်ဖြစ်သူ Hanna ဟာ ​ချောင်ကျတဲ့ Billinsမြို့​လေးကို ကိုယ်တိုင်စုံစမ်းအ​ဖြေရှာဖို့ တစ်​ကျော့ပြန်​ရောက်လာခဲ့ပါတယ်၊သားသည်မိခင်​တွေရဲ့ အပူကို ဘယ်အပူမှ မမီနိုင်ဘူး ဆိုသလို သား​​​ဇောနဲ့ မရမကအ​ဖြေရှာဖို့ ကြိုးစား​နေတဲ့ Hannaအတွက် အချိန်ကြာ​လေ၊ သိရှိလာ​လေက​တော့ သူရှာ​နေတဲ့အ​ဖြေဟာ ဒီမြို့​လေးရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သတ်​နေသလို ဒီမြို့ကရှင်သူ​​​တွေရော၊ ​သေဆုံးပြီးသူ​ တွေ​ရောက ဒီလျှို့ဝှက်ချက်ကို မ​ပေါ်​ပေါက်​စေလိုတာ၊ သူ့ကိုဒီမြို့မှာ အလိုမရှိ​တော့မှန်း ...
movie

Sweet River (2020)

2020
Threads – Our Tapestry of Love 6.3
Threads – Our Tapestry of Love Tapestry a.k.a Yarn (2020) =================မမ Nana Komatsu ရဲ့ ၂၀၂၀ တုန်းကထွက်ထားတဲ့ ရုပ်ရှင်လေးပါ။ဘဝဆိုတာ တစ်ဖြောင့်တည်းမျိုးတော့ ဘယ်ဟုတ်မလဲ။ လူပေါင်းများစွာနဲ့ကြုံတွေ့ရတယ်၊ ခွဲခွာရတယ်။ အမှောင်ထဲရောက်လိုက်၊ အလင်းထဲမှာကျင်လည်လိုက်နဲ့ အသက်ရှုနေသမျှကာလပတ်လုံး ရုန်းကန်လှုပ်ရှားရတယ်။ဒီဇာတ်လမ်း‌လေးမှာတော့ ဟဲအီဆေးခေတ်စတင်တဲ့ (၁၉၈၉-၂၀၁၉) မှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ၊ အောင်မြင်မှုတွေနဲ့ လုံးလည်ချာလည်လိုက်နေရမှုတွေ၊ တစ်ယောက်‌သောသူပြန်လာမယ်အထင်နဲ့ မြို့ကနေလုံးဝမခွာတဲ့ကောင်လေးနဲ့ နေရာမျိုးစုံလျှောက်သွားနေတတ်တဲ့ကောင်မလေးတို့ရဲ့ ကံကြမ္မာကိုအဓိကထားပုံဖော်ထားတာဖြစ်ပါတယ်။(ဇာတ်ကားနဲ့အညွှန်းကို Nay Lin Thar မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.64GB, 1.12GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 10Min Type - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by ...
movie

Threads – Our Tapestry of Love

2020
Kaiji: Final Game (2020) 7.8
Kaiji: Final Game (2020) Kaiji : Final Game (2020)Takusya Fujiwara တစ်ယောက် 2011လောက်ကထွက်ခဲ့တဲ့ တတိယမြောက်Kiiji Series ပြီးတဲ့နောက်10လောက်အကြာမှ မှန်သားပြင်ပေါ်မှာ ထပ်တွေ့ရမှာပါဒီမှာဆိုရင် ‌ဂျပန်နိုင်ငံမှာငွေကြေးဖောင်းပွတာတွေဖြစ်လာတာတဲ့အခါမှာ ငွေမဲဆိုပြီးကြေညာလိုက်ပါတယ်ငွေမဲကြေညာတယ်ဆိုတာက အစိုးရက သူကိုယ်တိုင်ထုတ်ထားတဲ့ပိုက်ဆံတွေကိုသူဘဲတရားမ၀င်ပါဘူး‌ေကြညာပြီးအစိုးရက ပြည်သူကိုအနိုင်ကျင့်တာကို ငွေမဲလုပ်တယ်ခေါ်တာပါဒီကိစ္စကိုတားဆီးနိုင်ဖို့အတွက် ကံတရားနဲ့ကိုယ်ရည်ကိုယ်သွေးကိုအခြေခံတဲ့ဂိမ်းတွေကိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ်အချို့ဇာက်၀င်ခန်းတွေက Animeတွေထဲမှာအဆင်ပြေပေမဲ့ Live actionမှာမင်းသားအနေနဲ့ ဒေါသဖြစ်တဲ့အခန်းတွေမှာမလိုအပ်ဘဲစူးစူးဝါးဝါးအော်တာကြီးတွေကတော့အနည်းငယ်စိတ်အနှောက်ယှက်ဖြစ်ရပါတယ်Anime ၊Manga အနေနဲ့လူကြိုက်များခဲ့တဲ့ဒီဇာက်ကားကို ပြန်လည်ရိုက်ကူးတဲ့အခါမှာManga Seriesနဲ့ အနဲငယ်ကွဲပြားမူ ရှိပေမဲ့လည်း Kaijiရဲ့ရသတစ်မျိုးကိုLive actionအနေနဲ့ ပြန်ကြည့်ရတဲ့အခါမှာလည်းသဘောကျလိမ့်မယ်ထင်ပါတယ် File Size - 1.4 gbQuality - web-dl 1080pSubtitle - burmeseTranslator - Yamin OuEncoder - Thit San Khant
movie

Kaiji: Final Game (2020)

2020
Parallel (2020) 5.9
Parallel (2020) Parallel (2020)============IMDb Rating - 5.9/10Sci-fi ဇာတ်ကားကောင်းကောင်းလေးတွေကို သဘောကျတဲ့သူတွေအတွက် ဒီ Parallel ဆိုတဲ့ဇာတ်ကားလေးကစိတ်ကျေနပ်မှုရစေမှာပါ။ Multiverse,doppelganger စတာတွေနဲ့ ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ နိုအယ်လ်၊ လီနာ၊ ဒယ်ဗင်နဲ့ ‌ဂျော့ရှ်တို့ သူငယ်ချင်းတစ်စုဟာ apps တွေတီထွင်ဖို့ကုမ္ပဏီအသေးလေးတစ်ခု ထောင်ထားကြပါတယ်။ App တစ်ခုကိုလုပ်ဖို့ကြိုးစားနေကြတဲ့အချိန်မှာ ယိုင်နဲ့နဲ့ သူတို့ကုမ္ပဏီဟာလည်း ကျဥ်းထဲကျပ်ထဲ ရောက်နေတာပေါ့။ တစ်နေ့ သူတို့အုပ်စု စိတ်ညစ်ညစ်နဲ့ ဘားမှာ အရက်သောက်နေကြတဲ့အချိန်မှာ အသိတစ်‌‌ယောက်ဆီကနေ သူတို့ကုမ္ပဏီထောင်ဖို့ လက်ရှိငှားထားတဲ့အိမ်ကြီးမှာ အရင်က မိန်းမကြီးတစ်ယောက် ထူးထူးဆန်းဆန်း ပျောက်သွားဖူးကြောင်း ဒီအိမ်ကြီးက ညာဥ်မကောင်းကြောင်း စသဖြင့်ပြောလာပါတယ်။အဲ့ညမှာ သူတို့အိမ်ကိုပြန်ရောက်ကြတဲ့အချိန် အိမ်နံရံနောက်မှာ လျှို့ဝှက်စွာတည်ဆောက်ထားတဲ့အခန်းကြီးကို သူတို့တွေ့သွားကြတယ်ပေါ့။ အဲ့ဒီအခန်းထဲမှာ မှန်တစ်ချပ်လည်းရှိနေပြီး ထူးခြားချက်ကတော့ တခြား Multiverse တွေဆီသွားလာနိုင်တဲ့ ဂိတ်ပေါက်သဖွယ် ပစ္စည်းတစ်ခုပါပဲ။ ဒီပစ္စည်းကနေတစ်ဆင့် တခြား universe တွေဆီ ...
movie

Parallel (2020)

2020
The Night House (2020) 6.9
The Night House (2020) The Night House (2020)====================IMDb Rating - 6.9/10ဘတ်သ်နဲ့ အို၀င်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်အိုးတစ်အိမ် ထူထောင်ထားတဲ့ သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ၊သူတို့တူတူနေဖို့အတွက် ရေကန်စပ်မှာ အိမ်လေးတစ်လုံးဆောက်ပြီး ဘာအပူအပင်မှ မရှိဘဲ ပျော်ပျော်ရွှင်ရွှင်နေနေကြတာပေါ့။ ဒါပေမဲ့ ဘတ်သ်ရဲ့ ခင်ပွန်း အို၀င်ဟာ ဘာအကြောင်းပြချက်မှမရှိဘဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်။ ခင်ပွန်းဖြစ်သူ အို၀င်သေပြီးနောက်ပိုင်း ၀မ်းနည်းနေတဲ့ ဘတ်သ် ဟာ အလုပ်မှာလည်း စိတ်ပင်ပန်းလူပင်ပန်းနဲ့ ဂယောင်ချောက်ခြားဖြစ် ထူးဆန်းတဲ့ အိပ်မက်လိုလို အဖြစ်အပျက်တွေလည်း ဆက်တိုက်ဖြစ်လာခဲ့တယ်။တစ်ရက်မှာ အို၀င်ရဲ့ဖုန်းကို ဘတ်သ် ယူကြည့်မိရာကနေ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေကို ဘတ်သ် တစ်စတစ်စနဲ့ သိလာခဲ့ရသလို တစ်ဖက်မှာလည်း ဘတ်သ်က သူ့ရဲ့ ကန်စပ်နားက အိမ်မှာ ထူးဆန်းတာတွေတစ်ညပြီးတစ်ညဖြစ်လာပြီး အို၀င်ရဲ့ဝိညာဥ်က အနားမှာရှိနေတယ်လို့ ဘတ်သ်တစ်ယောက်ယုံကြည်လာပြီးနောက်ပိုင်း....ဘတ်သ်မသိသေးတဲ့ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ၊ အိမ်မှာရှိနေတာ တကယ်ပဲ အို၀င်ရဲ့ ...
movie

The Night House (2020)

2020
Wife of a Spy(2021) 6.5
Wife of a Spy(2021) ယေဘုယျအနေနဲ့တော့ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရဲ့ သက်တမ်းကြာရှည်လေ သူ့မှာထွန်းကားတဲ့ အနုပညာတွေ မြင့်မားလေပါပဲ။ ရုပ်ရှင်လောကမှာ ဂျပန်ဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသွေးနဲ့ ရပ်တည်နေပြီး အနောက်နိုင်ငံတွေက သူ့ကို ဆင့်ပွားကူးယူ ခံ‌ရနေကျ ဆရာတစ်ဆူပါပဲ။ ဂျပန်ရုပ်ရှင်တွေဟာ အသားမကျရင် အ၀င်နည်းနည်း ခက်ပေမဲ့ ရင်ထဲရောက်သွားတဲ့အခါ သူ့အရသာဟာ တသသကို စွဲထင်ကျန်ရစ်တတ်တယ်။ ရုပ်ရှင်အကြောင်းမပြောခင် ဖန်တီးသူဖြစ်တဲ့ ဒါရိုက်တာခိရိုရှိ ခူရိုဆ၀အကြောင်း အရင်ဆုံး မိတ်ဆက်ပေးချင်တယ်။ သူက တိုကျို အနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ။ ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာနဲ့ ဝေဖန်ရေး ဆရာတစ်ယောက်ဆိုလည်း ဟုတ်တယ်။ ဒါရိုက်တာက မညံ့သလို ဒီရုပ်ရှင်ဟာလည်း ၂၀၂၀ရဲ့ အကောင်းဆုံး ဂျပန်ရုပ်ရှင်တစ်ကားလို့ ဝေဖန်ရေးဆရာတွေ ချီးကျုးခံခဲ့ရတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ငွေခြင်္သေ့ဆုရထားပါတယ်။အကောင်းဆုံးဒါရိုက်တာဆုပါ။ Cinematographyဟာလည်း အတော် သိမ်မွေ့လှပတယ်လို့ ချီးကျူးခံခဲ့ရပါတယ်။ အဓိကဇာတ်ဆောင်ကတော့ ဂျပန်ကားတွေနဲ့ သိပ်မစိမ်းတဲ့လူတွေ သိကြတဲ့ မမ ယုအအို့အိပါပဲ။ ဘော်ဒါတစ်ယောက်ပြောသလိုပြောရရင် ဟန်နီနွေဦးဂျပန်ဗားရှင်းပေါ့။ တကယ်တော့ ဒီရုပ်ရှင်ဟာ သူနဲ့တင်တန်နေပါပြီ။ ဇာတ်လမ်းကတော့ စစ်တွင်းကာလက အဖြစ်အပျက်တစ်ခုကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။ 1940 ဒုတိယကမ္ဘာစစ် အကြိုကာလလောက်မှာ ...
movie

Wife of a Spy(2021)

2020
Boys from County Hell (2020) 6.0
Boys from County Hell (2020) Boys from County Hell (2020)======================IMDb Rating - 6.0/10ဒီဇာတ်လမ်းလေးက Dracula ဆိုတဲ့ဇာတ်လမ်းရဲ့ မူလအစဖြစ်တည်ရာလို့ပြောရမလားဘဲ။ဇာတ်အိမ်တည်ထားတာကတော့ ခြောက်မိုင်ကုန်းလို့ ခေါ်တဲ့ အိုင်ယာလန်က နေရာလေးတစ်ခုဒေသခံတွေပြောကြတာကတော့ Dracula ကိုဖန်တီးခဲ့တဲ့စာရေးဆရာက ဒီခြောက်မိုင်ကုန်းဆိုတဲ့နေရာလေးက ဒေသခံပုံပြင်ကို ကြားပြီး ဖန်တီးခဲ့တာတဲ့ . မူလပုံပြင်ကိုတော့ သိတဲ့သူခပ်ရှားရှားပဲ၊သူတို့ရဲ့ ဒေသခံပုံပြင်ထဲမှာတော့ အက်ဘာတက်ခ် ဆိုတဲ့သူဟာ သွေးစုပ်ဖုတ်ကောင်တွေရဲ့မူလအစပထမပေါ့။ခြောက်မိုင်ကုန်းမှာ အက်ဘာတက်ခ်ကို မြေမြှုပ်ထားတယ်ဆိုတဲ့ အထိမ်းအမှတ်ကျောက်ပုံလေးတစ်ခုရှိတယ်။မြို့ငယ်လေးအတွက်တော့ အဲ့ဒါဟာ ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်ပြီး သူတို့ကလည်း အဲ့လိုပဲယုံကြည်ထားတယ်။ ဒီလိုနဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ယူဂျင်းနဲ့ သူ့ရဲ့အဖေဖြစ်သူတို့ဟာ လမ်းဖောက်ဖို့ပရောဂျက်အတွက်နဲ့ အက်ဘာတက်ခ်ရဲ့ကျောက်ပုံကို နေရာရွှေ့ဖို့ဖြစ်လာတဲ့နောက်ပိုင်း ထူးဆန်းတဲ့အရာတွေ တစ်ခုပြီးတစ်ခုဆိုသလို ဖြစ်လာခဲ့တယ်။ ဒါတွေကို ယူဂျင်းက ဘယ်လိုဖြေရှင်းသွားရမလဲဆိုတာ Comedy/Horror ပုံစံလေးနဲ့အိုင်းရစ်ဖုတ်ကောင် ဇာတ်လမ်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck, Thiha ...
movie

Boys from County Hell (2020)

2020
The Man Who Sold His Skin (2020) 7.0
The Man Who Sold His Skin (2020) The Man Who Sold His Skin (2020)=========================အခုကနေဆို ဆယ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အသေအကြေ များခဲ့သလို ဆီးရီးယားက ထွက်ပြေးပြီး ဥရောပနိုင်ငံတွေမှာ ခိုလှုံခဲ့ရတဲ့ ဒုက္ခသည် တွေလည်းများခဲ့တယ်။ သို့တိုင်အောင်ပဲ နိုင်ငံတိုင်းမှာ သူ့ကန့်သတ်ချက်တွေနဲ့ သူရှိခဲ့ကြတာမို့ လူတိုင်းကိုတော့ ခိုလှုံခွင့် မပေးနိုင်ခဲ့ဘူး။ ဒီရုပ်ရှင်ဟာ အဆိုပါ ဆီးရီးယားဒုက္ခသည်တွေအကြောင်းကို ထင်ဟပ်မိအောင် ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆမ်ဟာ နိုင်ငံရေးသမားအထင်ခံခဲ့ရတဲ့အတွက် ဆီးရီးယားကနေ ထွက်ပြေးလာခဲ့တယ်။ သူ့ရဲ့ ချစ်လှစွာသော ကောင်မလေးကိုတော့ သူထားခဲ့ရတယ်။သူ့ကောင်မလေးကတော့ အိမ်ကပေးစားတဲ့ ဘယ်ဂျီယမ်မှာရှိတဲ့ ဆီးရီးယားသံရုံးက သံအမတ်တစ်ယောက်နဲ့ လက်ထပ်သွားခဲ့တယ်။ဆမ်ဟာ သူ့ကောင်မလေးရှိတဲ့ ဘယ်ဂျီယမ်ကို သွားချင်ပေမဲ့ သူ့မှာ ပြည်၀င်ခွင့်မရှိဘူး။ အဲ့ဒီအချိန်မှာပဲ ဆမ်က ဂျက်ဖရေးနဲ့ သွားဆုံတယ်။ခေတ်တစ်ခေတ်ရဲ့ အကြီးကျယ်ဆုံး အနုပညာရှင် ဖြစ်တဲ့ ဂျက်ဖရေးဟာ အမှိုက်ကိုပါ အနုပညာ ဖြစ်အောင် လုပ်နိုင်တဲ့သူလို့ နာမည်ကျော်တယ်။ ဂျက်ဖ‌ရေးက Installation Art၊ Paint Artအပါအ၀င် Artပေါင်းစုံကို ပိုင်နိုင်တဲ့ Geniusတစ်ယောက်။ ဒီတစ်ခါ သူက အနုပညာအတွက် နယ်ပယ်သစ် တစ်ရပ်ကို ရှာဖွေနေတယ်။ ဒီတစ်ခါ သူတင်ဆက်မဲ့ သူ့အနုပညာပစ္စည်းက သက်မဲ့မဟုတ်ဘူး။တိရိစ္ဆာန် တစ်ကောင် မဟုတ်ဘူး။သက်ရှိလူသားတစ်ယောက်။ အခု သူတို့နေနေတဲ့ခေတ်ကာလမှာ ကုန်ပစ္စည်းတွေရဲ့ ပျံ့နှံ့ရောက်ရှိမှုက လူသားတွေရဲ့ ပျံ့နှံ့ရောက်ရှိမှုထက် အများကြီးပိုလွတ်လပ်တယ်။ ဒီတော့ သူက လူသား တစ်ယောက်ကို ...
movie

The Man Who Sold His Skin (2020)

2020
Meander (2020) 5.7
Meander (2020) Meander (2020)=============IMDb Rating - 5.7/10သမီးဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ကားလမ်းမပေါ်မှာလှဲပြီးသေကြောင်းကြံဖို့လုပ်ခဲ့တဲ့ မလီဆာအဲ့အချိန်မှာပဲ ....အဒမ်ဆိုတဲ့လူနဲ့ တွေ့တာပေါ့။ အဒမ်နဲ့ကားကြုံလိုက်ပြီး စကားဘာညာပြောတုန်းသတင်းလေးတစ်ပုဒ်ကြားပြီးနောက် မလီဆာအတွက်အရာရာအမှောင်တိဖြစ်တော့တာပဲ။ပြောရရင်သတိလစ်သွားတယ်ပေါ့။သတိရလာတော့ ထူးဆန်းတဲ့ပြွန်လိုလိုဏ်ခေါင်းထဲမှာသူရောက်နေလေပြီ။ သူ့လက်မှာကလည်း ထူးဆန်းတဲ့လက်ကောက်လေးတစ်ခု ...အချိန်ကမှတ်ထားသေးတယ်... ဒါတွေကဘာတွေလဲ ဘာအတွက်ကြောင့်လဲပြီးတော့သူဘယ်ရောက်နေတာလဲ ။ မလီဆာတစ်ယောက်သိချင်လို့လျှောက်သွားရင်း ကြုံလာရတာတွေကထောင်ချောက်တွေ။ သူ့လိုပဲရောက်နေတဲ့လူတွေ....ဒီလိုထူးဆန်းတဲ့ဝင်္ကပါလိုပြွန်လိုဏ်ခေါင်းထဲကနေ ဘယ်လိုထွက်မှာလဲ။ ဘယ်သူက သူတို့ကို ဒီလိုလုပ်နေတာလဲ။ ဘာအတွက်ကြောင့်လဲဆိုတာကို စိတ်ဝင်စားစွာ ဒီကားထဲမှာကြည့်ရှူမြင်တွေ့ရမှာ . . . နောက်ပြီး ဒီ Movie ဟာ ဆုပေါင်း(၁၁)ဆုလည်း ရထားသလို . movie ရဲ့ trailer မှာတင်အတော်စိတ်ဝင်စားစရာကောင်းနေတာလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p BluRay 5.1CHDuration - 1h 30minSubtitle – Myanmar HardsubFormat – Mp4Genre ...
movie

Meander (2020)

2020
Josee, the Tiger and the Fish (2020) 8.0
Josee, the Tiger and the Fish (2020) အချစ်ဟာ သိပ်ကို ဆန်းကြယ်လှပါတယ်.တခါတလေ နေ့ခင်းဘက်ကြီး မီးထိုးလိုက်ရှာရင်းတောင်မတွေ့တက်ပေမယ့် တခါတလေမှာတော့အချစ်ဟာ မှာ ဝှီးချဲပေါ်ကနေကိုယ့်ဆီကို ဒိုင်ဗင်ပစ်ပြီးလည်း ရောက်လာတတ်ပါတယ်မိဘတွေရဲ့ အလိုလိုက်ခြင်းကို ခံထားရတဲ့ ခပ်ဆိုးဆိုးကောင်မလေးနဲ့ခပ်ရိုးရိုးတက္ကသိုလ်ကျောင်းသားလေးတို့ရဲ့ အချစ်ဇာတ်လမ်းကိုAnimeရုပ်ထွက်လှလှလေးနဲ့ ကြည့်ရမှာပါ.............ဇာတ်လမ်းအကျဉ်း ---------------အိပ်မက်တွေကို လက်တွေ့အကောင်ထည်ဖော်ဖို့အတွက် အလုပ်ကြိုးစားနေတဲ့Suneo ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးဟာတစ်နေ့အလုပ်ကအပြန် ဝှီးချဲပေါ်ကနေသူ့အပေါ်ကိုပြုတ်ကျလာတဲ့ကောင်မလေးနဲ့အမှတ်မထင်တွေ့ဆုံမိရာကနေ အဲ့ကောင်မလေးအိမ်မှာအလုပ်လုပ်ဖို့အကြောင်းဖန်လာပါတော့တယ်အလိုလိုက်ခံထားရလို့ ဆိုးနေတဲ့ကောင်မလေးရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို Suneo တစ်ယောက်သည်းခံရင်းနဲ့နောက်ဆုံးမှာ အားငယ်စိတ်ကိုဖုံးကွယ်ထားတဲ့ သူမရဲ့ပုံစံအမှန်ကို သိသွားမလားစာအုပ်တွေအရမ်းဖတ်ပြီး ပုံဆွဲတော်တဲ့ Josee နဲ့ ငါးလေးတွေကိုချစ်ပြီး စာတော်တဲ့ Suneo တို့နှစ်ယောက်ကိုနီးစပ်သွားစေတဲ့အရာကရောဘာများဖြစ်မလဲဆိုတာကို ရင်ထဲနွေးထွေးသွားအောင် ရိုက်ကူးပြသထားတဲ့Anime ဇာတ်လမ်းတပုဒ်ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်  File size…1.45GB / 700MB / 400MB Quality…1080p / 720p / 480p Format…Mp4 Duration….1h 39mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Josee, the Tiger and the Fish (2020)

2020
Quo vadis, Aida?(2020) 7.9
Quo vadis, Aida?(2020) Quo Vadis, Aida ?(2021) =================== IMDb Rating. = 7.9/10 Rotten Tomatoes = 100%July 1995မှာ Srebrenicaက မွတ်စလင် 8373ယောက်ဟာ လူမျိုးသုဉ်းသတ်ဖြတ် ခံခဲ့ရတယ်။2005မှာ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဆရီဘရီနီကာမြို့က အစုအပြုံလိုက်သတ်ဖြတ်မှုဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်လို့ ကြေညာခဲ့ရတဲ့အထိကို ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အဖြစ်ဆိုးတစ်ခုပါပဲ။ဥရောပရဲ့ နှလုံးသား‌ ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ UNသမိုင်းက အမဲစက်ကြီးဆိုပြီး ကျော်ကြားခဲ့တယ်။ဒီသတ်ဖြတ်မှုကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့လည်း ခေါ်ကြပေမဲ့ ဆားဘီးယားသမ္မတကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ပါဘူးလို့ ငြင်းဆိုထားတယ်။ဒီရုပ်ရှင်ဟာ ဆရီဘရီနီကာက Genocideဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့ ဆာ့ဗ်‌တွေက ဆ‌ရီဘရီနီကာကို စသိမ်းလုဆဲဆဲ အချိန်ကစထားတယ်။ မြို့ပေါ်ကို လက်နက်ကြီးတွေ စက္ကန့်တိုင်းမှာ သုံးခုစီ ကျနေတယ်။ UN က ဆရီဘရီနီကာမှာ အခြေစိုက်စခန်းချပြီး ဆရီဘရီနီကာကို လုံခြုံရေးဇုန် (ဝါ) UN ...
movie

Quo vadis, Aida?(2020)

2020
3rd Class(2020) 7.6
3rd Class(2020) 3rd Class (2020) Action, Romance IMDb 7.7/10ဆဟာနားက ဂီတကိုချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူဝန်ကြီးချုပ်ရဲ့သည်းသည်းလှုပ်ချစ်ခြင်းကိုခံရတဲ့ ကောင်မလေးပေါ့..ဘဝမှာလိုလေသေးမရှိ ပြည့်ပြည့်စုံစုံနေရပေမယ့် မိဘဆန္ဒကိုမလွန်ဆန်နိုင်တော့ မိဘတွေစီစဉ်ပေးတဲ့သူနဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်...ဂျက်ဂီကတော့ ကားဝပ်ရှော့တစ်ခုမှာအလုပ်လုပ်တဲ့သာမန်ဆင်းရဲသားမိသားစုကဆင်းသက်လာတဲ့ကောင်လေး...တစ်နေ့ဝန်ကြီးရဲ့ကားကိစ္စနဲ့ပက်သက်ပြီးဆဟာနားနဲ့ ဂျက်ဂီတို့တွေ့ဆုံခဲ့ကြပါတယ်...ဂီတကို ချစ်မြတ်နိုးပေမယ့်လည်း အဆင့်အတန်းခွဲခြားတတ်လွန်းတဲ့ဆဟာနားဟာ ဂျက်ဂီအပေါ်လွန်စွာမုန်းတီးနေခဲ့ပါတယ်...အိုးချင်းထားတော့ အိုးချင်းထိ..ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုသလိုသူတို့နှစ်ယောက်ကြား တဖြည်းဖြည်း သံယောဇဉ်တွေဖြစ်လာတဲ့အခါ...ဖခင်ဝန်ကြီးချုပ်ရဲ့ ရက်စက်ပြတ်သားလွန်းတဲ့ ဆုံးဖြတ်ချက်တွေကြားဖြစ်တည်မှုခြင်းမတူကြတဲ့ သူတို့နှစ်ယောက်ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ....သူတို့အချစ်ခရီးလမ်းဖြောင့်ဖြူးပါ့မလဲဆိုတာကိုတော့ ပိတ်ကားထက်မှာဆက်လက်ရှုစားပေးပါ... File size…May Zin Oo & Mya Quality…720p WEB DL Ddp5.1 And 480p Format…Mp4 Duration….2h 10min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by May Zin Oo & Mya
movie

3rd Class(2020)

2020
(18+)Taming the Younger Sister-in-Law (2020) 7.1
(18+)Taming the Younger Sister-in-Law (2020) Taming the younger sister in law(2020)ကိုရီးယား 18+ ဖောင်းဒိုင်းကားလေး ထပ်လာပါပြီ ဇာတ်လမ်းကတော့ ခယ်မလေးနဲ့ ခဲအိုတို့ကြားက ချစ်ခြင်းမေတ္တာဘွဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကို လိုရင်းပြောရရင် မိန်းမကိုလည်း ရှယ်ကြိတ် ခယ်မကိုလည်း ခိုးစားတဲ့ကားလေးပါ မိန်းမကလည်း အရင်က call girl ဆိုတော့အပြုအစုက ရှယ်ကောင်းသလို ဖွံ့ဖွံ့ထွားထွား အိုးကားကားပါ ဒါပေမယ့်အဆစ်ပါတဲ့ လိုက်ပွဲ ခယ်မလေးကလည်း သေးသေး ကျစ်ကျစ် တနိုင်တပိုင်လေးဆိုတော့နှစ်သီးစားဖို့ ကြံနေတဲ့ ခဲအိုတစ်ယောက် ရင်ထဲ အပူမီးတွေ ကြွတဲ့အကြောင်းကို သရုပ်ဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ဆော်တွေကိုညွှန်းရရင် မိန်းမနေရာကသရုပ်ဆောင်ထားတဲ့ ဆော်ကြီးက ပြည့်ပြည့် ဖောင်းဖောင်း တင်းပြည့်ကျပ်ပြည့်ဆိုဒ် ခယ်မလေးက လုးံလုံး ကျစ်ကျစ် ပိန်ပိန်ပါးပါး ဆိုဒ်လေးပါမိန်းမလုပ်သူက ရုပ်အရမ်းမချောပေမယ့် အကွက်ဆန်းတွေ တတ်ပါတယ် ခယ်မလေးကလည်း ရှယ်ထန်သလို ရုပ်လေးက ချစ်စရာလေးပါတစ်ချို့နေရာတွေ 18+ ဆိုပေမယ့် ကြည့်တတ်ရင် ...
movie

(18+)Taming the Younger Sister-in-Law (2020)

2020
King of Prison (2020) 7.8
King of Prison (2020) ဒီကားကတော့ထောင်အက်ရှင်ဖိုက်တင်ကား ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးထားတာဖြစ်ပြီး ဇာတ်လမ်းလေးကလည်းကောင်းပါတယ်။ မင်းသားတွေကနာမည်ကြီးတွေမပါဖူးဆိုပေမယ့် သရုပ်ဆောင်ချက်တွေကသဘာဝကျပြီးတော့ ထောင်တွင်းဇာတ်လမ်းစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်ပျော်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထောင်ထဲမှာသူနေရာ သူအဆင့်နဲ့သူ ထိပ်သီးလူဆိုးတွေဆိုတာရှိကြပါတယ်။ဒီလူဆိုးတွေအချင်းချင်းဖြစ်ကြတဲ့ ရန်ပွဲတွေအကြောင်းကိုဇာတ်လမ်းအဓိကဆင်ပေးထားတာပါ။ ထောင်ဆိုတာကဘုမသိဘမသိနဲ့ မတရားခံရပြီးရောက်လာတဲ့သူတွေလည်းရှိသလို တကယ်ဆိုးမိုက်ပေတေလို့ထောင်နန်းစံနေရသူလည်းရှိပါတယ်။ ဇာတ်လမ်းကိုကောင်လေး တစ်ယောက် မတရားခံရပြီး ထောင်ထဲကိုရောက်လာချိန်တွေ့ကြုံရတဲ့ အခက်အခဲ အဖြစ်အပျက်လေးတွေနဲ့အစပျိုးထားပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်သားဖြစ်သူအီမန်အီဆိုတဲ့ ကောင်လေးက သူအဖေကိုအကြွေးတောင်းတဲ့လူဆိုးတွေကနှိပ်စက်လို့ ဓါးကိုင်ပြီး ဝင်ကယ်ရာကနေ ထောင်ထဲကိုလူသတ်ရန် ကြံစည်လို့ဆိုပြီးရောက်လာခဲ့ပါတယ်။ ဒီထဲရောက်ထဲအခါမှာသူထက်ဆရာကျပြီး ဆိုးတဲ့မိုက်တဲ့သူတွေထားတဲ့ အကြမ်းဖက်မှုအခန်းမှာသူနေရပါတယ်။ အခန်းမှာတကယ့်ထောင်တွင်းလူမိုက်ဆရာကြီးထိပ်သီးတွေလည်း နေကြပါတယ်။ အဲ့လိုနေစဉ်ကာလအတွင်းသူကြုံတွေ့ရတဲ့ပင်ပန်းဆင်းရဲမှုတွေ၊ထောင်တွင်း အနိုင်အထက်ပြုတာတွေနဲ့ လူဆိုးလူမိုက်တွေတောင်တစ်ခန်းတည်းတူတူနေရင် သံယောဇဉ်ဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းလေးကို ဇာတ်လမ်းလေးနဲ့တင်ဆက်ထားပါတယ်။ ကိုရီးယားကားထုံးစံအတိုင်း Action သီးသန့်မဟုတ်ပဲ ဇာတ်လမ်း ဇာတ်အိမ်လေးနဲ့ drama လေးနှောပြီးကြည့်ကောင်းအောင်သွားပေးထားလို့ Action/Drama ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် ကြည့်ကောင်းမယ့်ကားလေးတစ်ကားဖြစ်တယ်လို့လည်း ညွှန်းချင်ပါတယ်။   File Size -  1.2 gb Quality - web-dl 1080p Subtitle -  burmese Translator - Moe Pwint Encoder - XCode
movie

King of Prison (2020)

2020
Joe Bell (2020) 5.3
Joe Bell (2020) Joe Bell (2020)=============IMDb Rating - 5.3/10Joe Bell 2021 ဟာ 2013 လောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားလေးပါ။ဇာတ်လမ်းအစမှာ ဂျိုးဘဲဟာ ဂေးဖြစ်နေတဲ့ သူ့သားအတွက် awareness ရစေဖို့ တစ်နိုင်ငံလုံးကိုဖြတ်ပီး လမ်းလျှောက်ထွက်ရာက စထားပါတယ်။အဲဒီအ‌ကြောင်းကိုလည်း တစ်နိုင်ငံလုံးက သတင်းတွေမှာပါပြီး နာမည်ကြီးနေပါတယ်။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ကိစ္စတွေကတော့ အတိတ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။  ဂျိုးဘဲ ဟာ စိတ်ဆတ်ပြီး စကားကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့စရိုက်ကြမ်းသူတစ်ယောက်ပါ။ဂေးဖြစ်နေတဲ့အတွက် ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သားဖြစ်သူ ဂျေဒင်ဘဲဟာ မိသားစုရဲ့‌ ထောက်ပံ့မှုကို လိုအပ်နေပါတယ်။အဲလိုနဲ့ ဂျေဒင်ဟာ သူဂေးဖြစ်နေတဲ့အကြောင်းကို မိသားစုကို ဖွင့်ပြောလိုက်ပါတယ်။ဒါပေမယ့် ရိုးရိုးပဲတွေးတတ်ပြီး စကားကိုလည်း ဒဲ့ပြောတတ်တဲ့ ဂျိုးဟာ သူ့သားပြဿနာကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမှာလဲ?ဒီကားဟာ LGBTQ community‌ တွေအပေါ် ပိုမိုနားလည်လာစေဖို့ လူတိုင်းကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲ ...
movie

Joe Bell (2020)

2020
Hunter Hunter (2020) 6.3
Hunter Hunter (2020) Hunter Hunter (2020)=================IMDb Rating - 6.3/10 နာမည်ကို ကြည့်လိုက်တာနဲ့ အမဲလိုက်တဲ့ကား ဆိုတာ သိကြမှာပါ။ ဆိုတော့ ..... အမဲလိုက်တဲ့ကားတွေကြိုက်တတ်တဲ့လူတွေ သဘောကျမယ့်ကားမျိုးပါပဲ။ ဘဝဟာ မုဆိုးတစ်လှည့် သားကောင်တစ်လှည့်ပါပဲ။လေးဖြူရဲ့အမဲလိုက်မုဆိုး သီချင်းထဲကလိုပေါ့ဗျာ။ မုဆိုးကြီး ဂျိုးဆက်တို့ သားအမိသားအဖ ၃ ယောက်ဟာတောထဲမှာ အိမ်ကလေးဆောက်ပြီး နေကြပြီး အမဲလိုက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာပါ။သူတို့ကို ခြိမ်းခြောက်နိုင်တာကတော့ ဝံပုလွေတစ်ကောင်ပါပဲ။ ပုံမှန်ဆိုရင် လူက မုဆိုး တိရစ္ဆာန်က သားကောင်ပါ။တိရစ္ဆာန်က မုဆိုး ဖြစ်ပြီး လူက သားကောင်ဖြစ်တဲ့အချိန်မှာတော့ ..... Horror, Thriller ကြိုက်သူများအသည်းတယားယား ရင်တဖိုဖိုနဲ့ ဇာတ်ကို အဆုံးထိ ရောက်လို့ ရောက်မှန်းမသိအောင် ွဲခေါ်သွားမယ့် ဇာတ်ကားမျိုးပါပဲ။ IMDb Rating - 6.3/10 ရရှိထားပြီး . Thriller ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ကြည့်ကောင်းမယ့်ကားမျိုးဖြစ်ပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို August ...
movie

Hunter Hunter (2020)

2020