Channel Myanmar

2020

The Boy Behind The Door (2020) 5.6
The Boy Behind The Door (2020) The Boy Behind The Door (2020) ========================The boy behind the door… လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ကားလို့ ညွှန်းချင်ပါတယ်။ ရုပ်ရှင်ရဲ့ စွန့်စားခန်းတွေ၊ နောက်ခံတီးလုံးတွေ၊ လျပ်တပြတ်ဇာတ်ဝင်ခန်းတွေကြောင့် ဇာတ်လမ်းအဆုံးအထိ ထိုင်ရာ မထကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ခရမ်းချဉ်သီးကစလို့ တခြား ratingတွေကလည်း အကောင်းဆုံးအမှတ်ပေးထားတော့ ဒေါင်းကြည့်လို့ မမှားတဲ့ကားကောင်းလေးပါခင်ဗျာ ။ရုပ်ရှင်မှာ ကလေးဇာတ်ဆောင်နှစ်ယောက်ကိုပဲ အဓိကထားပြီးရိုက်ကူးထား ပါတယ်။ ကလေးနှစ်ယောက်ကလည်း ရုပ်ရှင်ရိုက်တာနဲ့မတူပဲ သူတို့တကယ် ကြုံတွေ့ရသလို သရုပ်ဆောင်ပိုင်နိုင်ကြပါတယ်။ဘော်ဘီ နဲ့ ကယ်ဗင်တို့ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ သူတို့ နှစ်ယောက်ပြန်ပေးဆွဲခံရပေမယ့် ဘော်ဘီကတော့ ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ အပြင်ကိုရောက်ပြီးမှ ကယ်ဗင်ရဲ့ “ကယ်ကြပါဦး”ဆိုတဲ့အသံကို ကြားပြီးတဲ့ နောက်မှာ ဘော်ဘီရဲ့ခြေလှမ်းတွေက ဘယ်ကိုဆက်ဦးတည်မှာလဲ... ကယ်ဗင်ကရော တကယ်အဆင်ပြေရဲ့လား.....အဲ့တော ဆက်ရေးရင် ဇာတ်ရှိန်ပျက်မှာစိုးလို့ ဆက်ကြည့်လိုက်ပါတော့ဗျာ။ စိတ်ကျေနပ်မှုတစ်ခုတော့ ရစေမှာပါ ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(900 MB) / (400 MB) Quality............Blu-Ray 1080p / 720p Duration.........1Hr ...
movie

The Boy Behind The Door (2020)

2020
The Legend of Zhao Yun (2020) 6.2
The Legend of Zhao Yun (2020) The Legend of Zhao Yun (2020) ====================== IMDb Rating - 6.2/10ဂန္တဝင်စစ်သူကြီး ကျောက်ယွင် (ကျောက်ကျီလုံ) ဆိုရင် သိုင်းလောကသားတွေရော၊ ဂိမ်းသမားတွေပါ ရင်းနှီးကြတဲ့စစ်သူကြီးတစ်ယောက်ဆို မှားမယ်မထင်ပါဘူးနော်။ ကျောက်ယွင်ပါဝင်တဲ့ သုံးနိုင်ငံကားတွေဆိုတာ မရေမတွက်နိုင်အောင်များတဲ့အပြင် သူ့အကြောင်းကိုပဲသီးသန့်ရိုက်ထားတဲ့စီးရီးတွေလည်း ရှိနေပါပြီ။ ဒီကားလေးကလည်း သူ့ကိုပဲဦးတည်ထားပါတယ်။ ထူးခြားတာကတော့ ရုပ်ရှင်တွေ၊ စီးရီးတွေမှာ ပြကွက် တစ်ကွက်လောက်ပဲပါတတ်တဲ့ လျိုပေ့ရဲ့မိန်းမနဲ့ကလေးကယ်တဲ့အခန်းကို တစ်ခမ်းတနားနဲ့ ရိုက်ပြသွားတာဖြစ်ပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်သဘောထားတွေကို သေချာလေးခံစားရမယ့် ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်ဗျ ။ကျောက်ကျီလုံပါရင် ချောင်ချောင်၊ လွီပု နဲ့သောင်းချန်တို့လည်း မပါမဖြစ်ပေါ့။ လွီပု နဲ့ သောင်းချန်တို့ရဲ့အချစ်ကြီးမားပုံကို ပေါ်လွင်အောင်ရိုက်ပြထားသလို ချောင်ချောင်ရဲ့ ရည်မှန်းချက်ကြီးမားပုံကိုလည်း အကောင်းဘက်ကနေလှည့်ရိုက်ထားတယ်လို့တောင် ပြောလို့ရပါတယ်။ဟန်မင်းဆက်ပျက်သုဉ်းနေတဲ့အချိန် တိုင်းပြည်ရှုပ်ထွေးနေပေမယ့် ကျောက်ကျီလုံကတော့ စစ်သူကြီးမလုပ်ချင်ခဲ့ပါဘူး။ မျက်စိမမြင်ရတဲ့မရီးကိုပဲ စောင့်ရှောက်ချင်ပါတယ်ဆိုပြီးရွာကိုပဲ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပွဲရဲ့ရိုက်ခတ်ဒဏ်ကြောင့် မရီးလည်းဆုံး သူလည်းသေမလိုဖြစ်ခဲ့ ရပြီးတော့ လျိုပေရဲ့ဇနီးသည်က ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အသက်သခင် ကျေးဇူးရှင်ဆိုပြီး မရီးလို့တောင်မခေါ်ဝံ့ခဲ့တဲ့ ကျောက်ကျီလုံပါ။ အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့ သခင်မနဲ့လျိုပေ့ရဲ့ကလေးငယ်တို့ ချောင်ချောင်လက်ထဲမှာ ပိတ်မိနေတဲ့အခါ... ကျေးဇူးသိတတ်တဲ့ ကျောက်ကျီလုံတစ်ယောက် အစွမ်းကုန်ကြိုးစားပြီး ဘယ်လိုကယ်တင်မလဲ... ချောင်ချောင်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ... ဆက်ကြည့် လိုက်ပါတော့ဗျာ ...
movie

The Legend of Zhao Yun (2020)

2020
Jailbreak Pact (2020) 7
Jailbreak Pact (2020) Jailbreak Pact (2020)~ IMDb - 7/10, Rotten Tomatoes - 89% ~၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ...
movie

Jailbreak Pact (2020)

2020
Special Agent (2020) 8.3
Special Agent (2020) Special Agent (2020)မြောက်ပိုင်းက ဇီဝလက်နက်ဗိုင်းရပ်စ်တစ်မျိုးကို ဖန်တီးပြီး ဖြေဆေးကို ရဖို့အတွက် ပါမောက္ခကြီးကို ခြိမ်းခြောက်တယ်။ ပါမောက္ခကလည်း သူ့ဇနီးသေပြီးတဲ့နောက် ဒီစစ်ဆင်ရေးကို တားမြစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ဒါပေမဲ့ တစ်ဖက်မှာလည်း သမီးဖြစ်သူရဲ့ အသက်အန္တရာယ်က ရှိနေပြန်တယ်။ ပါမောက္ခက တောင်ပိုင်းက သမီးဖြစ်သူကို တွေ့ရအောင် လုပ်ပေးရင် ဒီပေါင်းစည်းမှုကို အလဟသမဖြစ်အောင် ပူးပေါင်းပေးမယ်လို့ပြောတယ်။ဘတ်ချောဝန်းဟာ တောင်ပိုင်းအေးဂျင့်တစ်ဦး၊ ဘတ်ဝန်းချောက သူ့သမီးကြောင့် မစ်ရှင်တစ်ခုလုပ်ခဲ့ရတယ်။ တောင်နဲ့မြောက်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတစ်ခု ပါမောက္ခဆောင်းကို တောင်ပိုင်းကိုပို့ပေးနိုင်ရမယ်။ ဒါမှ သူ့သမီးရှိတဲ့ တောင်ပိုင်းကို ပြန်လာနိုင်မယ်။တောင်ပိုင်းနဲ့မြောက်ပိုင်း နယ်နိမိတ်ကြားကနေ စစ်ဆင်ရေးအောင်မြင်ပြီး တောင်ပိုင်းကို ပြန်လာနိုင်မလား?သမီးဖြစ်သူကို ပါမောက္ခကြီးတစ်ယောက် ကယ်တင်နိုင်ပါ့မလား? ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အက်ရှင်ကား ကောင်းလေးတစ်ကား ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းကိုတော့ Yumeko က ရေးပေးထားပါတယ်။) File Size          : 2.4GB,  ...
movie

Special Agent (2020)

2020
[21+] Pay For Sex (2020)
[21+] Pay For Sex (2020) [21+] Pay For Sex (2020) အညွှန်း မင်းသမီးကတော့ Kpop အဖွဲ့ BaBa ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်လောကထဲကို ကူးပြောင်းလာပြီး အခုလို ပုရိသတို့အကြိုက် ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့ မင်းသမီးချောလေး ဆောင်းဟာ ပါ။ ဒီဇာတ်ကားလေးကတော့ ခါးပိုက်နှိုက်လုပ်ရင်းကနေ လောင်းကစားဝိုင်းကို အမှတ်မထင်ရောက်သွားတဲ့ ဟယ်ဘင်းဆိုတဲ့ ကောင်မလေးအကြောင်းကို အခြေခံပြီး ပုံဖော်ထားတာပါလောင်းကစားဝိုင်းကို ရောက်တဲ့နေ့ကစပြီး ပြန်မရုန်းထွက်နိုင်တော့ဘဲ သူ့ဘဝရဲ့ အမှောင်အမိုက်ဆုံး အချိန်တွေ ရောက်လာတော့မယ်ဆိုတာကို မသိရှာပါဘူး။လောင်းကစားဝိုင်းရဲ့ နောက်ဆုံး ကစားပွဲကို ဘယ်သူက အနိုင်ရသွားမလဲ? ကစားပွဲတွေသိမ်းသွားတဲ့အချိန်မှာတော့ ဟယ်ဘင်းတစ်ယောက် ဘာတွေလုပ်မလဲဆိုတာ အဖြေရှာကြပါစို့။ အကြမ်းစား sex scene တွေကို ဖောဖောသီသီ မြင်တွေ့ရမှာဖြစ်ပြီး မင်းသမီးနှစ်လက်စလုံးကလည်း အချောအလှ ဖြူဖြူဥဥလေးတွေ ဖြစ်တာကြောင့် Dark Side Production ကနေ တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ ... File Size    ...
movie

[21+] Pay For Sex (2020)

2020
Slaxx (2020) 5.4
Slaxx (2020) Slaxx 2020===========ကိုယ့်ဆီမှာရှိတဲ့ ဂျင်းဘောင်းဘီကိုတောင် ဝတ်ဖို့ တွန့်ဆုတ်စေမယ့် ဇာတ်ကားလေး လာပါပြီခင်ဗျာ။နာမည်ကြီးဒီဇိုင်နာဘရန်းအဝတ်အထည်ဆိုင်မှာ အလုပ်လုပ်ဖို့ သွား လျှောက်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး လစ်ဘီဟာ လူသစ်တွေဆို ဂျင်းခံရတဲ့ထုံးစံအတိုင်း အလုပ်နဲ့မဆိုင်တဲ့ လူပျောက်ရှာဖို့ဖြစ်လာခဲ့တယ်။ ပျောက်နေတဲ့ ဝန်ထမ်းနှစ်ယောက်ဟာ သွေးရိုးသားရိုးပျောက်တာမျိုး မဟုတ်တဲ့အကြောင်း ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတဲ့အခါ။ မထုတ်ခင် ကတည်းက ရေပန်းစားနေတဲ့ ဂျင်းဘောင်းဘီ တစ်ထည်အတွက် ပြင်ဆင်မှုတွေ လုပ်နေတဲ့အချိန်၊ အင်တာနက်တွေဖုန်းလိုင်းတွေဖြတ်ခံထားရချိန်မှာ ကျန်ခဲ့တဲ့သူတွေ အနေနဲ့ ‌ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ။ ဒီကားက ကနေဒီးယန်း Horror ကားလေးဖြစ်ပြီးတော့ ‌သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေပါလို့ Caution လေးနဲ့ ကြည့်စေချင်ပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်)File Size - (620 MB) / (290 MB) Quality – Blu-Ray 1080p / 720p Duration - 1h 17mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Horror Translator – Jerrica Encoder – ...
movie

Slaxx (2020)

2020
Vicious Fun (2020) 6.5
Vicious Fun (2020) Vicious Fun (2020) ==============IMDb Rating - 6.5/10, Rotten Tomato 88%Rating ကောင်းတွေရထားတဲ့ လူသတ် Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်သုံးသပ်ရေးနဲ့ horrorမဂ္ဂဇင်း‌ရေးသူ ဂျိုးဟာ အပေါင်းသင်းမရှိ လူသိပ်မသိတဲ့ သာမန် လူငယ် Nerd လေး တစ်ယောက်ပါ ။ တစ်နေ့သူ ကောင်မလေးရှာချင်တာကြောင့် ဘားတစ်ခုသွား အရက် သောက်ရင်းကနေ မှောက်သွားပါတယ်။ ပြန်နိုးလာတဲ့အချိန်မှာ သူရောက် သွားတာကတော့ အမေရိကရဲ့ အကြမ်းဆုံးကွင်းဆက်လူသတ်သမား ၅ ယောက်စုပြီး အစည်းအဝေးလုပ်နေတဲ့ စကားဝိုင်းကိုပါ ။ သူလည်းအဲ့ဒီကနေ လွတ်မြောက်နိုင်ဖို့ သူ့ရေးဖူးတဲ့ Horror ဇာတ်လမ်းတွေထဲက လူသတ်ဇာတ်ကောင်အဖြစ် အယုံသွင်းရင်း လိုက်လျောညီထွေနေ‌လိုက်ရပါတယ် ။ဒါပေမယ့် ‌တကယ့်လူသတ်သမားတွေနဲ့ရင်ဆိုင်တွေ့နေရတဲ့ ဂျိုးတစ်ယောက် အချိန်အကြာလာတာနဲ့ အလွဲတွေလုပ်မိကာ ဟန်မဆောင်နိုင်တော့ဘဲ အလိမ်တွေ ပေါ်ကုန်ပါတယ်။ အဲ့ဒီကနေ ဂျိုးတစ်ယောက် အသက်ရှင်လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ အရမ်းကြမ်းတဲ့ ဟာသတွေ စကားလုံးအသုံးနှုန်းတွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းစွာ ရိုက်ပြထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size ...
movie

Vicious Fun (2020)

2020
Unsound (2020) 5.2
Unsound (2020) Unsound (2020)=============IMDb Rating - 5.2/10အသံတွေမကြားရတဲ့ကမ္ဘာမှာ နေထိုင်ရသူတွေရဲ့ဘဝက တကယ်တော့ မလွယ်ကူလှပါဘူး။ သူတို့တွေဟာ အသံတွေကို ကြိုးစားတွေးရင်း နေထိုင် ရသူတွေပါ။ ဖင်းန်ဟာ ကိုယ်တိုင်လည်းနားမကြားတဲ့အလျောက် နားမကြား သူတွေကို အကူအညီပေးနေတဲ့ ကလပ်ကိုဖွင့်လှစ်ထားသူတစ်ဦးပါ။ အသံတွေကင်းမဲ့နေတဲ့ ဖင်းန်ရဲ့ကမ္ဘာထဲကို တစ်နေ့မှာတော့ နိုအာဆိုတဲ့ ဂီတသမားလေးတစ်ဦးဝင်လာခဲ့ပါတယ်။ သူတို့ရင်းနှီးသွားပြီးတဲ့ သံယောဇဥ် တွေတိုးလာပြီးနောက်မှာတော့ ဖင်းန်ရဲ့ကမ္ဘာလေးထဲမှာကြားနိုင်ဖို့အတွက် သီချင်းလေးတစ်ပုဒ် စပ်ဆိုပေးဖို့ နိုအာတစ်ယောက်ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ အချစ်နဲ့သီကုံးထားတဲ့နိုအာရဲ့သံစဥ်တွေက ဖင်းန်ရဲ့ကမ္ဘာကိုရောက်နိုင် မှာလား? ဂေးဖြစ်တဲ့ နိုအာနဲ့ လိင်ပြောင်းကောင်လေး ဖင်းန်တို့ရဲ့သံယောဇဥ် တွေကရော ဘယ်လိုဆက်ဖြစ်သွားမလဲ ? ဒါလေးတွေကိုတော့ Unsound ဆိုတဲ့ ဇာတ်ကားလေးကို နှလုံးသားနဲ့ခံစားရင်း အဖြေရှာလိုက်ကြရအောင်နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်)File Size - (944 MB) / (465 MB) / (310 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h 28mins Subtitle ...
movie

Unsound (2020)

2020
Drunk Bus (2020) 6.2
Drunk Bus (2020) Drunk Bus (2020)==============IMDb Rating - 6.2/102020 ကထွက်ရှိခဲ့တဲ့ drama, comedy ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။မိုက်ကယ်ဆိုတဲ့ကောင်လေးက ကျောင်းပြီးလို့ ဘွဲ့ရသွားပေမယ့် လမ်းပျောက်နေတဲ့သူတစ်ယောက်ပါ။ ဓာတ်ပုံပညာကို အလွန်ဝါသနာ ပါခဲ့ပေမယ့် သူနဲ့ငါးနှစ်တွဲခဲ့တဲ့ချစ်သူအေမီ သူ့ကိုထားသွားပြီးနောက် မှာတော့ ပျက်နေတဲ့ကင်မရာကိုတောင် မပြင်တော့ပဲ ဘဝကို ပျင်းရိ ငြီးငွေ့စွာ တက္ကသိုလ်ကြိုပို့ကားမောင်းရင်း ရှင်သန်နေသူတစ်ဦးပေါ့။ ကြင်နာတတ်ပေမယ့် နည်းနည်းကြောက်တတ်တဲ့သူကို အနိုင်ကျင့် စော်ကားသူတွေလည်း ရှိပြန်လေရဲ့…ဒီလိုနဲ့ သူ တစ်နေ့ ကျောင်းသားတစ်ယောက်ရဲ့ထိုးကြိတ်တာကို ခံလိုက် ရပြီးနောက် ကားကုမ္ပဏီက သူ့လုံခြုံရေးအတွက် ဘော်ဒီဂတ်သဘောမျိုး လူတစ်ယောက်ခန့်ပေးခဲ့ပါတယ်။ ထူးခြားတာက အဲဒီလူကြီးဟာ တစ်ကိုယ်လုံး ဆေးမင်ကြောင်တွေနဲ့ပြည့်နေပြီး နာမည်ကလည်း နာနတ်သီးဆိုပဲ… သူနဲ့ နာနတ်သီး ခင်မင်သွားကြပြီး နာနတ်သီးက သူ ဘဝမှာ မလုပ်ရဲ မလုပ်ဝံ့ ခဲ့တာတွေကို တွန်းအားပေးလာခဲ့ချိန်မှာတော့… Fun fact အနေနဲ့ပြောရရင် နာနတ်သီးရဲ့ အပြင်နာမည်ကလည်း နာနတ်သီးပါပဲတဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Myat Thu ဖြစ်ပါတယ်)File Size - (1.14 GB) / ...
movie

Drunk Bus (2020)

2020
The Calm Beyond (2020) 5.3
The Calm Beyond (2020) The Calm Beyond (2020)==================IMDb Rating - 5.3/10ကမ္ဘာဖျက် တိုင်ဖုန်းမုန်တိုင်းကြီးတစ်ခုကြောင့် နိုင်ငံတော်တော်များမှာ ဆူနာမီကြီးတွေဖြစ်ပြီး ဟောင်ကောင်ဟာလည်းရေနစ်မြုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာအမျိးသမီးတစ်ယောက်ကတော့ လူသူကင်းမဲ့နေတဲ့ တိုက်ပျက်တစ်လုံးထဲ တိတ်တဆိတ်နေနေလေရဲ့..ဒါပေမယ့်မကြာခင်မှာပဲ သူ့ဆီကိုမျောပါလာတဲ့ ကလေးငယ်တစ်ဦးကြောင့် သူ့ဘဝဟာလည်း ရုတ်ချည်းပြောင်းလဲသွားပါတော့တယ်....ဒါဆိုရင် သူမကဘာလို့တစ်ယောက်တည်းတိတ်တဆိတ်ပုန်းအောင်းနေရတာလဲ.. နောက်ပြီးတော့ ကလေးငယ်နဲ့တွေ့ပြီးနောက် သူမဘာတွေပြောင်းလဲသွားမလဲ... စတာတွေကို ကြည့်ရှုရမယ့် ဂရုဏာရသပေါ်အောင်ရိုက်ကူးထားပြီး ဇာတ်လမ်း ဇာတ်ကွက်များကိုလည်း စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဖန်တီးထားတဲ့ ဇာတ်ကား ကောင်းလေးလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size - (1.31 GB) / (557 MB) / (354 MB) Quality – WebRip 1080p / 720p/480p Duration - 1h 35mins Subtitle – Myanmar Hardsub Format – MP4 Genre : Sci-Fi, Thriller Translator – Zaw Myo Thu Encoder – SWM
movie

The Calm Beyond (2020)

2020
Mainstream (2020) 5.1
Mainstream (2020) Mainstream (2020)===============Andrew Garfield ကို YouTuber အဖြစ်တွေ့ရမယ့် ကားလေးလာပါပြီ။ NoWayHome အပြီး လူပြော ပြန်များလာတာကြောင့် သူ 2020 က သရုပ် ဆောင်ဖူးတဲ့ Mainstream နဲ့မိတ်ဆက်‌ပေးချင်ပါတယ် ။အသုံးအနှုန်း‌ေတွ ကြမ်းတာကြောင့် ကိုယ့်ဟာကို ချင့်ချိန်ပြီးကြည့်ကြပါလို့။ ဒီကားမှာ Andrewရဲ့ ဇာတ်ကောင်စရိုက်ဟာ ခန့်မှန်းရခက်တယ်... Social media နဲ့ Internet တွေကို ဆန့်ကျင်လှောင်ပြောင်တဲ့ liberal တစ်ယောက် လို့သတ်မှတ်ရမလားပဲ... သူ့မှာ ဖုန်းတောင်မရှိ ကြုံရာနေ ကြုံရာအလုပ်လုပ်ပြီးဖြတ်သန်းနေတဲ့ လူတစ်ယောက် ဒါကို ဘားမှာအလုပ်လုပ်တဲ့ ဖရန်ကီဆိုတဲ့ကောင်မလေးကတွေ့ပြီး ဗီဒိရိုရိုက်တင်ရာကနေ အန်ဒရူးတို့ အင်တာနက်မှာ စပြီးနာမည်ကြီးလာပါတယ် ...ဒီအလားအလာကိုမြင်တဲ့ ဖရန်ကီဟာ အန်ဒရူးနောက်ကိုလိုက်ပြီး သူ့အတွေးအခေါ်နဲ့ ပြောင်းလဲရေးတရားတွေကို ဗီဒိရိုရိုက်တင်တယ် လူတွေကလည်း ဒါကို သဘောကျကြတယ်...အန်ဒရူးကိုယ်တိုင်လည်း Internet မှာနာမည်ကြီးနေတဲ့ လူတွေရဲ့လုပ်ရပ်တွေကို လှောင်ပြောင် သရော်တဲ့ အနေနဲ့ ဖရန်ကီနဲ့ပေါင်းပြီး No One Special ဆိုတဲ့ YouTube channel နဲ့ YouTuber ဖြစ်လာတယ်။ ...
movie

Mainstream (2020)

2020
The Red Ghost (2020) 6.3
The Red Ghost (2020) The Red Ghost (2020) အညွှန်း**********************IMDb - 6.3CM ကပရိသတ်ကြီးအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ 1941 ခုနှစ်၊ ဒုတိယကာလစစ်အတွင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ဗစ်စ်မာ ဒေသအတွင်းက လူတစ်စုအကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ...နာဇီတပ်တွေရဲ့ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပြီး လူစုကွဲသွားတဲ့ ဆိုဗီယက် တပ်သားတစ်စု သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဆီ ပြန်သွားဖို့ ကြိုးစားရာက လမ်းမှာပေါ်ပေါက်လာတဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဂျာမန်တွေရဲ့ ဗဲမာ့ အထူးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အင်အားမမျှတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။အဲဒီအချိန်မှာ သူရဲကောင်းတွေ မဟုတ်ကြပေမဲ့ အင်အားမမျှတဲ့ ကြားကရအောင် အံတုနေတဲ့ ဆိုဗီယက်လူစုလေးကို ကူညီတိုက်ခိုက်ပေးတဲ့ လူတစ်ယောက်ပေါ်လာပါတယ်။ သူကတော့ "သရဲနီ" ဆိုတဲ့ နာမည်ပြောင်နဲ့ နယ်မြေတစ်ဝိုက်မှာ သတင်းမွှေးနေတဲ့ နာဇီလူသတ်သမားပဲ ဖြစ်ပါတယ်။ သရဲတစ်ကောင်လို ဘယ်နေရာက ပေါ်လာမှန်းမသိ ပေါ်လာပြီး နာဇီတွေကို တစ်ယောက်ပြီးတစ်ယောက် ...
movie

The Red Ghost (2020)

2020
Big Brother (2020) 4.4
Big Brother (2020) Big Brother (2020)မင်းသားကြီး Mohanlal ကိုတော့  ပရိတ်သတ်ကြီးတွေ အားလုံးသိကြမှာပါနော်Mohanlal ပါဝင်ထားတဲ့ Drishyam (2013) က IMDB 8.3 ထိရရှိခဲ့ပြီးပြန်လည်ရိုက်ကူးထားတဲ့Drishyam 2 (2021) မှာတောင် IMDB 8.6 ထိတောင်ရထားခဲ့တာဖြစ်ပါတယ်ဒီတစ်ခါတင်ဆက်ပေးမယ့်ကားကလည်း Mohanlal ကိုယ်တိုင်ပါ၀င်ရိုက်ကူးထားတဲ့ကားလေးဖြစ်တဲ့မြှုပ်ကွက်ပေါင်းစုံနဲ့ ကြည့်ရှုသူတွေကိုလှည့်စားမယ့် အက်ရှင်ကားတစ်ကားဖြစ်ပါတယ်လူသတ်မှုနဲ့ထောင်ကျနေတဲ့ Sachidanandan က တိုက်ရည်ခိုက်ရည်‌ရှိပြီးဗျူဟာကောင်းတွေထုတ်နိုင်တဲ့ အရည်အချင်းရှိသူတစ်ဦးဖြစ်ပါတယ်။အဲဒါကြောင့် ထောင်ကျနေစဉ်အတွင်းမှာ ကွန်မန်ဒိုတပ်ဖွဲ့၀င်အဖြစ် လေ့ကျင့်ခံခဲ့ရပြီးအန္တရာယ်များတဲ့မစ်ရှင်တွေကိုလုပ်ခဲ့ရတဲ့သူတစ်ယောက်ပါ။ငယ်ကတည်းကထောင်ကျခဲ့တာကြောင့် ၂၄ နှစ်အကြာ ပြန်လွတ်လာတဲ့အချိန်မှာတော့မိသားစုဝင်တွေနဲ့ အေးအေးချမ်းချမ်းပဲ ဘဝကိုဖြတ်သန်းချင်သူဖြစ်ပါတယ်ဒါပေမယ့်လည်း လွတ်‌မြောက်လာပြီးချက်ချင်းပဲ သူ့မိသားစုကိုအန္တရာယ်ပြုတဲ့ဖြစ်ရပ်ကြီးကြုံလိုက်ရတော့ Sachi တစ်ယောက်အတော်လေး တုန်လှုပ်သွားခဲ့ရပြီးမိသားစုကိုကာကွယ်နိုင်ဖို့ရာအင်အားကြီး မူးယစ်ဆေးဒုစရိုက်သမားကြီးတစ်ဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်ဖို့အကြောင်းဖန်လာတော့ Sachi ကဘယ်လိုဗျူဟာတွေထုတ်ပြီး ဘယ်လိုလှည့်ကွက်တွေသုံးမလဲဆိုတာစိတ်ဝင်တစားကြည့်ရမယ့်ကားလေးဖြစ်တာကြောင့် ပရိတ်သတ်တွေ လက်မလွတ်သင့်တဲ့ကားဖြစ်ပါတယ်နော် File size…2.5GB / 1.3GB  / 615MB Quality…1080p TRUE HD AAC 5.1CH / 720p / ...
movie

Big Brother (2020)

2020
Under the Open Sky (2020) 7.1
Under the Open Sky (2020) Under the Open Sky(2020) ====================IMDb Rating - 7.1 ၊ Rt - 95%ဝေဖန်ရေးသမားတွေကတော့ ဒီနှစ်ဟာ ဂျပန်ရုပ်ရှင်‌တွေ ဦးပြန်မော့လာတဲ့ နှစ်လို့ဆိုကြပါတယ်။ ဒီနှစ်တစ်နှစ်တည်းမှာတင် ဂျပန်ကားကောင်းတွေ အများကြီးထွက်ခဲ့ပြီး ဒီနှစ်ရဲ့ရုပ်ရှင်ပွဲတော်တွေမှာ ဂျပန်ရုပ်ရှင်တွေ အခိုင်အမာနေရာယူနိုင်ခဲ့တာကြောင့်ဖြစ်ပါလိမ့်မယ်။ နှစ်စမှာတင် ခိရိုရှိ ခူရိုဆ၀ ရဲ့ Wife Of A Spyတို့၊ ရူဆုခဲ ဟမဂုချိရဲ့ Wheel of Fortune and Fantasy, Miwa Nishikawaရဲ့ Under the Open Sky တို့ဟာ ရုပ်ရှင်ပွဲတော်‌ အသီးသီးမှာ ဆုမျိုးစုံကို ရရှိခဲ့သလို အခုနှစ်ဆုံးပိုင်းမှာလည်း Drive My Carဟာ ကိန်းလိုပွဲမှာပါ ဆုတွေရခဲ့ပါတယ်။ ခန်းရှင်းအပါအ၀င် တခြားရုပ်ရှင်ကောင်း ပေါင်းများစွာလည်း ထွက်ခဲ့ပါတယ်။ Under The Open Skyဟာ ၂၀၂၀ တိုရန်တိုရုပ်ရှင်ပွဲတော်မှာ စပြခဲ့တာမို့ ၂၀၂၀လို့ နာမည်တပ်ထားပေမဲ့ တကယ်တမ်း ...
movie

Under the Open Sky (2020)

2020
Break the Silence: The Movie (2020) 8.3
Break the Silence: The Movie (2020) Break The Slience: The Movie (2020)==============================ဒီတခါမှာ နာမည်ကြီး K Pop Gp တစ်ခုဖြစ်တဲ့BTS အဖွဲ့ရဲ့ Documentary လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Burn the stage, Bring the soul နောက်မှာထွက်ရှိလာတဲ့ဒီ Movie ဟာဆိုရင် ရုံတင်ပြသမဲ့စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်ခဲ့ပေမယ့်လည်းကိုဗစ်ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် ရုံမှာ ကြည့်ခွင့်မရလိုက်ပါဘူးဒီBTS အဖွဲ့ရဲ့ အောင်မြင်မှုတွေက ချက်ချင်းရလာတာမဟုတ်ပါဘူး အဖွဲ့ Disband ဖို့အထိပါဆွေးနွေးခဲ့ရလောက်တဲ့ထိကို အမျိုးမျိုးသော ထိုးနှက်မှုတွေ ကြုံတွေ့ခဲ့ရပြီးတော့Turning Point တွေဖြစ်လာတဲ့ထိ သူတို့တွေအများကြီးကြိုးစားခဲ့ရတယ် ပေးဆပ်ခဲ့ရပါတယ်သီချင်းတွေဖန်တီးရရင်ကို ပျော်ရွှင်နေတဲ့ဒီကောင်လေး ၇ ယောက် တခါမှအိမ်မက်တောင်မမက်ဘူးတဲ့အရာတွေ လက်တွေ့ဖြစ်လာတဲ့အခါမှာ ပျော်ရွှင်မှုလည်းရှိရသလို စိတ်ဖိစီးမှုတွေစိုးရိမ်မှုတွေ ရှိလာကြတယ်ဒီ Documentary ထဲမှာဆိုရင် 2019မှာ 14 လတာ လုပ်ခဲ့တဲ့ Love Yourself Speak Yourself World Tour ရဲ့ ...
movie

Break the Silence: The Movie (2020)

2020
Last Words (2020) 5.1
Last Words (2020) Last Words (2020)==============ဆူနာမီတွေ မုန်တိုင်းတွေ မိုးခေါင်ရေရှားမှုတွေ စစ်မက်တွေဖြစ်ပွားပြီးတော့ ကမ္ဘာကြီး တစ်ခုလုံးပျက်သုဉ်းသွားခဲ့ပါတယ်။ အပင်ဆိုတာလည်းမရှိ ဘာဆိုဘာမှမရှိတော့တဲ့ဒီကမ္ဘာပေါ်မှာ အသက်ရှင်ကျန်နေတဲ့လူတွေက အတိတ်ဆိုတာမရှိ အနာဂတ်ဆိုတာဗလာနတ္ထိဘဝမှာ သေဆုံး ရတော့မယ့်အချိန်ကိုပဲ စောင့်မျှော်ရင်းနေကြပါတော့။ အဲ့ဒီထဲမှာတချို့လူတွေကတော့ မျှော်လင့်ချက်သေးသေးလေးကိုဆုပ်ကိုင်ပြီး The Call(ခေါ်သံ)ဆိုတာကိုလိုက်ရှာနေကြပါတယ်။ ဒီထဲမှာလည်း ကမ္ဘာပျက်ပြီးမှကြီးပြင်းလာတဲ့ Kal...။ ညီမဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ Kalကလည်း The Call နောက်ကိုလိုက်ရင်းကနေဘာတွေဖြစ်လာမှာလဲ....Prince of Tide(1991)ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့တဲ့ မင်းသားကြီး Nick Nolteအပြင် ဆွီဒင်မင်းသားကြီး Stellan Skarsgardတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာအသားပေးဇာတ်ကားလေးတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Teeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee, Thiha Yan Naing တို့ဖြစ်ပါတယ်။File Size - (2.0 GB)/(1.0 GB)/(600 MB) Quality – WebRip - (1080p)/(720p)/(480p) Duration - 2hr 06min Subtitle – Myanmar Hardsub Format – ...
movie

Last Words (2020)

2020
Rifkin’s Festival (2020) 6.2
Rifkin’s Festival (2020) Rifkin's Festival (2020)================= IMDb Rating - 6.2/10 Directed By Woody Allenကျွန်တော့်အကြိုက်ဆုံး အယ်လန်ရဲ့ ရုပ်ရှင်ဟာ Midnight In Parisပါပဲ။Midnight in Parisက ဇာတ်ကောင်ဟာ အနုပညာကို ခံစားတတ်ပေမဲ့ သူ့ကိုယ်ပိုင် မာစတာပိစ်ကို မရေးနိုင်သေးတဲ့ ရေးချင်နေတဲ့လူပါပဲ။ Rifkin's Festivalရဲ့ ဇာတ်ကောင် RIFKINဟာလည်း ဒီလိုလူပါပဲ။ဒီရုပ်ရှင်ဟာ Midnight in Parisရဲ့ အဆက်မဟုတ်ပေမဲ့ နှစ်ကားလုံးက ဇာတ်ကောင်နှစ်ကောင်လုံးက အယ်လန်ကိုယ်တိုင်ရဲ့ သူ့ကိုယ်သူပြန်တူးဖော် ထားတဲ့ ဇာတ်ကောင်တွေလို့ ယူဆလို့ရတယ်။ နောက် Rifkinဟာ Midnight in Parisရဲ့ အဖြေလို့ ဆိုလို့ရပါတယ်။Midnight in Parisမှာ ပါရီရဲ့အတိတ်ကာလကို အချိန်ခရီးသွားသလို ဟန်သုံးထားပြီး နာမည်ကျော်ပန်းချီဆရာတွေ စာရေးဆရာတွေ ဂီတဆရာတွေကို တမ်းတပြသွားခဲ့တယ်။ RIFKINမှာတော့ နာမည်ကျော်ဒါရိုက်တာတွေရဲ့ နာမည်ကြီးဇာတ်၀င်ခန်းတွေကို တစ်ဖြတ်တစ်ဖြတ် ဆိုသလို ထည့်သွားပြီး Homage to Cinema လုပ်သွားတယ်။Ingmar Bergmanရဲ့ 7th Sealအပြင် François Truffautတို့ Jean-Luc Godardတို့လို တန်းမြင့်ပြင်သစ်ဒါရိုက်တာတွေရဲ့ ရုပ်ရှင်တွေအပြင် ဟောလိဝုဒ်ရဲ့ အကောင်းဆုံးလို့ ဆိုခဲ့ကြဖူးတဲ့ Orson Wellesရဲ့ Citizen Kaneထဲက ဇာတ်၀င်ခန်းတွေကိုပါ ပြန်ယူသုံးပြီး Homage To ...
movie

Rifkin’s Festival (2020)

2020
A Perfect Enemy (2020) 5.5
A Perfect Enemy (2020) A Perfect Enemy (2020)==================“ပြီးပြည့်စုံမှုဆိုတာ ဘာမှထပ်ဖြည့်ဆွက်စရာမလိုတော့တဲ့အချိန်မှာမဟုတ်ဘဲ ဘာမှထပ်ပြီး ထုတ်ယူလို့မရတော့တဲ့အချိန်မှာ ဖြစ်တည်လာတဲ့အရာ”တဲ့ ဒီစကားကို လက်ကိုင်ထားထားတဲ့ Jeremiasz Angust ဆိုတာ တကယ်ကို အောင်မြင်ကျော်ကြားတဲ့ဗိသုကာပညာရှင်တစ်ယောက်ပါ။ တစ်ရက်မှာတော့ ပဲရစ်စ်ကို အလုပ်ကိစ္စနဲ့ခရီးသွားပြီးအပြန် မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်။ အစပိုင်းတော့ ဒီတိုင်းအမှတ်မထင် တွေ့ဆုံခဲ့တယ်လို့ ထင်မှတ်ရင်းက တစ်စတစ်စနဲ့ စကားတွေဖောင်ဖွဲ့မိတဲ့အခါ....မိန်းကလေးတဲ့ အတိတ်ကကိစ္စတွေက သူ့အတွက်ယုံကြည်ဖို့ခက်ခဲပေမဲ့ တဖြည်းဖြည်းချင်း မယုံလို့မရတော့တဲ့အခါ.... တစ်ထိုင်တည်းနဲ့ စီးမြောခံစားလို့ရမယ့် ရုပ်ရှင်ကားဖြစ်တဲ့အပြင် သမားရိုးကျမသွားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့မလို့ သိပ်မဆိုးလှတဲ့ Thriller ဇာတ်ကားမျိုးပါပဲ ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Ameliaမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Amelia, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်။File Size - (950 MB)/(520 MB) Quality – WebDL - (720p) / (480p) Duration - 1hr 29min Subtitle – Myanmar Hardsub Format – MP4 Genre :  Adventure, Drama, Thriller Translator – Amelia, ...
movie

A Perfect Enemy (2020)

2020
The Fisherman’s Diary (2020) 6.5
The Fisherman’s Diary (2020) The Fisherman's Diary (2020)======================IMDb Rating - 6.5/10"မလွယ်တာတွေ့ရင် ပိုခက်တဲ့ တစ်ခြားဘ၀တွေကို ငဲ့ကြည့်ပါဦး" " စဉ်းစားပါဦး" သီချင်းထဲက ကျွန်တော် အတော်ညိတဲ့စာသား။ စားစရိတ်နဲ့တင်ကုန်သွားလောက်တဲ့ ပိုက်ဆံ‌လေးနဲ့ လုံးလည်ချာလည်လိုက်ရင်း ကျောင်းတတ်နေတဲ့ ကျွန်တော့်လို အခြေခံထက်နည်းနည်းနိမ့်တဲ့ လူတန်းစားတွေ၊ အခြေခံလူတန်းစားတွေက ကျောင်းတက်တာနဲ့ပက်သက်ပြီး အားမရတာတွေ ရှိကြလိမ့်မယ်။ အလယ်အလတ်တန်းစားတွေ ဆိုရင်လည်း နိုင်ငံခြားသွားမသင်ရလို့ အားမရကြတာ ရှိကောင်းရှိကြလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အာဖရိကက ပညာကို အားမပေးတဲ့လူတွေနေတဲ့ တံငါရွာကလေးထဲက ကျောင်းတက်ချင်တာတောင် တက်မရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကျွန်တော်တို့ထက် ပိုခက်တဲ့ ဘ၀တစ်ခု အကြောင်းပါပဲ။အာဖရိကအလယ်က အဓိကအားဖြင့် တံငါလုပ်ငန်းလုပ်ကြတဲ့ ရွာလေးတစ်ရွာမှာ ကျောင်းတတ်တယ်ဆို ငပျင်းတွေလုပ်တဲ့ အလုပ်လို့သတ်မှတ်ထားတဲ့လူတွေနေကြတယ်။ ကျောင်းတက်တာကို လမ်းမှားရောက်တယ်လို့ ဆိုကြတဲ့လူတွေ အထူးသဖြင့် မိန်းကလေးက ပညာတတ်တာ ပိုပျက်စီးတယ်လို့ ထင်ကြတယ် သူတို့စိတ်ထဲမှာ ကျောင်းတက်ရတာထက် ငါးစိမ်းသည်မလုပ်ရတာက ပိုဂုဏ်ရှိတယ်လို့ ယူဆကြတဲ့လူတွေတောင်ရှိတယ်။ ဒီရုပ်ရှင်ဟာ အဲ့ဒီလို အသိုင်းအဝိုင်းက စာတတ်ချင်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်တစ်ခုကို ရိုက်ပြထားတယ်။ဒီရုပ်ရှင်ကို အသက်အငယ်ဆုံး အမျိုးသမီးငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်ခဲ့တဲ့ မာလာလာကနေ တစ်ဆင့် Inspirationယူထားတယ်ဆိုတယ်။ ဖြစ်ရပ်မှန်လည်းဆိုတယ်။ နှစ်ခုရောထားတာလည်းဖြစ်နိုင်ပါတယ်။ မာလာလာဟာ အဓိကဇာတ်ကောင်ရဲ့ အားကျရတဲ့လူဖြစ်သလို သူ့စကားတွေ လည်း ထည့်သုံးထားတယ်။ဇာတ်အိမ်ရဲ့ Conceptကလည်း မာလာလာတိုက်ပွဲ၀င်ခဲ့တဲ့ အမျိူးသမီးတွေ ပညာသင်ယူခွင့်ရဖို့ ဆိုတာကိုပဲဦးတည်ထားတယ်။ " Desus Ex Machina" ဆိုတာကိုသာယုံရင် လက်တွေ့ဘ၀မှာ Desus Ex Machina"ရှိတယ်ဆိုတာ ကောင်းကောင်းကြီးပိုယုံသွားစေမှာ တော့ သေချာတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲ ...
movie

The Fisherman’s Diary (2020)

2020
Fried Barry (2020) 5.6
Fried Barry (2020) Fried Barry (2020)===============ဂြိုလ်သားတွေက သင်တို့ရဲ့အနီးပတ်ဝန်းကျင်မှာ လျှောက်သွားနေတယ်လို့တွေးဖူးကြရဲ့လား။တွေးဖူးကြမယ်ဆိုရင်တော့ဒီဇာတ်ကားလေးကသင်တို့ကိုအကြိုက်တွေ့စေမှာပါ။ဘယ်ရီဟာခပ်ဆိုးဆိုးလူတစ်ယောက် . မကောင်းတာမှန်သမျှအကုန်လုပ်ပြီးမူးယစ်ဆေးလည်းစွဲနေခဲ့ပါတယ်။ တစ်နေ့မှာတော့ဘယ်ရီတစ်ယောက်မူးယစ်ဆေးသုံးနေရင်းစိတ်လွင့်သွားပြီး ဂြိုလ်သားတွေဆီရောက်သွားခဲ့ပါတယ်။ ဂြိုလ်သားတွေဟာသူတို့ရဲ့နည်းပညာတွေကိုသုံးပြီး ဘယ်ရီရဲ့ကိုယ်ထဲကိုဂြိုလ်သားတစ်ယောက်ကိုဝင်စေပြီးအစားထိုးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘယ်ရီကိုယ်ထဲကို ဝင်နေတဲ့ဂြိုလ်သားက ကမ္ဘာမြေပေါ်မှာလျှောက်သွားရာမှာဘာတွေဆက်ဖြစ်မလဲ။ လူသားတွေနဲ့အံဝင်ဂွင်ကျဖြစ်ပါ့မလားဆိုတာကြည့်ရှုရမှာပါ(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ REX ပဲ ဖြစ်ပါတယ်။) File Size -  (970MB)/(540 MB) Quality – WEBRIP 720p/480p Duration - 1hrs 39min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Horror, Sci-Fi Translator – REX Encoder – SWM
movie

Fried Barry (2020)

2020