Channel Myanmar

2020

Mangkujiwo (2020) 5.1
Mangkujiwo (2020) Mangkujiwo 2020မင်းသမီးချောလေး Yasamin Jasem ပါဝင်သရုပ်ဆောင်ထားတဲ့ လူသတ်သရဲကားလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအစမှာတော့ တစ်ရွာလုံးက စုန်းမလို့သမုတ်ပြီး နွားတင်းကုပ်ထဲစွန့်ပစ်ထားတဲ့ ကန်တီဆိုတဲ့အမျိုးသမီးကိုတွေ့ရမှာပါ မျက်နှာက လူရုပ်မထွက်တာရော နိမိတ်ဆိုးတွေပါပေါ်နေလို့ ရွာသူကြီးကအစကြောက်လန့်ပြီးပိတ်လှောင်ခြင်းခံထားရတဲ့သူပေါ့အူမာဆိုတာကတော့ ထူးဆန်းတဲ့စွမ်းအင်တွေနဲ့မွေးဖွားလာသူတစ်ယောက် ရှိသမျှနတ်ဆိုးတွေကိုပူဇော်ပသပြီးမွေးဖွားလာခဲ့တာကြောင့် အန္တရာယ်ကျလာတိုင်း လူစိတ်ပျောက်သွားပြီး ထူးကဲတဲ့စွမ်းအားတွေထွက်လာတတ်သူ.. တစ်နေ့ လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားရာကတစ်ဖက်အဖွဲ့ကလိုက်နှုတ်ပိတ်ကြရင်း သူမဒီလို မွေးဖွားလာရခြင်းရဲ့ဘဝနောက်ကြောင်းတွေသိရှိသွားခဲ့တဲ့အခါ... ဘာတွေဆက်ဖြစ်သွားမလဲ စုန်းမအဖြစ်သမုတ်ခံနေရတဲ့ ကန်တီ့ဘဝဇာတ်လမ်းအမှန်ကရော ဘာဖြစ်နိုင်မလဲဆိုတာကတော့ အခုပဲဒေါင်းကြည့်လိုက်ကြပါရှင် File size…860MB / 487MB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Mangkujiwo (2020)

2020
Milea (2020) 6.2
Milea (2020) ဆိုင်ကယ်ဂိုဏ်းအဖွဲ့ထဲမှာပျော်နေပြီး အချိန်ဖြုန်းတတ်တဲ့ ဒီလန်တစ်ယောက် ကျောင်းသူသစ် မီလယ်ရာအာဒမ်ဟူစိန် (ခေါ်) လီယာ ကိုချစ်မိသွားလို့ ပုံစံမျိုးစုံနဲ့ ကောင်မလေးစိတ်ဝင်စားအောင်လုပ်ရင်း နောက်ဆုံးတော့ချစ် သူတွေဖြစ်သွားကြပါတယ် ထစ်ခနဲနေရန်ပွဲတွေနဲ့စီနေတတ်တဲ့ ဆိုင်ကယ်အဖွဲ့ကို လီယာဟာ တကယ်သဘောမကျပါပေမယ့် ချစ်စရာကောင်းတဲ့ စကားလုံးလေးတွေနဲ့ နွေးထွေးတဲ့ဒီလန်ကိုတော့ တကယ်မြတ်နိုးခဲ့ပါတယ် လီယာက ဒီလန့်ကို ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သတ်စေချင်လို့ သတိပေးတဲ့အနေနဲ့ လမ်းခွဲမယ်လို့ တမင်ခြိမ်းခြောက်လိုက်ရာက အထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်ဘွဲ့ရတဲ့အထိခွဲခွာလိုက်ရပြီး မထင်မှတ်ဘဲတစ်နေ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့……. ဒီဇာတ်ကားလေးကို ရှေ့မှာ Dilan 1990 (2018) နဲ့ Dilan 1991 (2019) ဆိုပြီး မတူညီတဲ့ ဇာတ်လမ်းအပိုင်းအစလေးတွေ ထွက်ရှိပြီး ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Indo အချစ်ဇာတ်ကားလေးပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်ပေမယ့် ကောင်းမွန်တဲ့အမှတ်တရတွေကို သိမ်းဆည်းပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေရတဲ့ဖီလင်ကို သိတဲ့လူတိုင်း၊ အထက်တန်းကျောင်းတုန်းက မေ့မရနိုင်တဲ့ အမှတ်တရတွေရှိတဲ့လူတိုင်း ကြိုက်နှစ်သက်မယ့် ဇာတ်ကားမျိုးလေးဖြစ်ကြောင်းအာမခံပါတယ်… File Size - 1.4 GB / 422.7MB Quality - web-dl 1080p Subtitle -  burmese (hardsub) Translator - Htoo Htoo Ka Joe Encoder - Thit San Khant      
movie

Milea (2020)

2020
Betrayed (2020) 7.1
Betrayed (2020) Betrayed (2020) ============= IMDb Rating - 7.1/10 War/ Dramaဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကားလေးတွေဟာ ကျွန်တော်တို့ နှလုံးသားတွေကို တိုက်စားပွန်းပဲ့အောင်လုပ်တတ်စမြဲပါပဲ။ ဆိုတော့ကာ ၂၀၂၀ ခုနှစ်မှာလည်း အဆိုပါရုပ်ရှင်ကားမျိုး ရုပ်ရှင်ကားလေးတစ်ကားဟာ ထွက်ရှိလာခဲ့ပါတယ်။War/ Drama အမျိုးအစားဖြစ်တာကြောင့် စစ်ပွဲအတွင်းက ဖြစ်ရပ်ကို အခြေခံထားတဲ့ကားမျိုးလေးမှန်း လူတိုင်းရိပ်မိကြမယ်ထင်ပါတယ်။ IMDb မှာလည်း 7.1 ရရှိထားသလို Rotten Tomatoes 100% ထိရရှိ ထားတဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ဒုတိယကမ္ဘာစစ်အတွင်း နော်ဝေနဲ့ ဆွီဒင်နိုင်ငံမှာ တည်ထားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဖြစ်တာနဲ့အညီ ဂျူးမိသားစုတစ်စုအကြောင်း ဖြစ်ပြီး ဂျာမန်တို့ရဲ့ နာမည်ကျော်လူမျိုးသုဉ်းသ-တ်ဖြတ်မှုကြီးအကြောင်းနဲ့ သက်ဆိုင်နေတာပဲဖြစ်ပါတယ်။သို့သော် ဇာတ်လမ်းတည်ပုံထူးခြားနေရတာကတော့ ဇာတ်အိမ်ကို နော်ဝေ နိုင်ငံက ဂျူးလူမျိုးမိသားစုလေးတစ်စုဆီမှာ ဇာတ်လမ်းတည်ထားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းကိုကြည့်ရှုရမယ့်အပြင် တကယ့်လက်တွေ့ဘဝသင်ခန်းစာတွေကို ရနိုင်မယ်လို့ ကောက်ချက်ချနိုင်တဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ဒီတော့ဗျာ အဆိုပါဂျူးမိသားစုလေး ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘာတွေကြုံ ခဲ့ရသလဲ၊ ကမ္ဘာစစ်ကြီးပြီးသွားချိန်မှာရော ဘာတွေဆက်ဖြစ်သွားခဲ့လဲ၊ နော်ဝေ နိုင်ငံက ဂျူးတွေနဲ့ ဂျာမန်တွေရဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုကြီး မည်သို့ဆိုင်နေသ နည်းကို Betrayed ဆိုတဲ့ကားကောင်းလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.67 GB) ...
movie

Betrayed (2020)

2020
Gabriel’s Inferno:3(2020) 7.8
Gabriel’s Inferno:3(2020) Gabriel's Inferno:3 (2020)အညွှန်း ***********************************************IMDb....7.8Gabriel's Inferno ဆိုတဲ့နာမည်ကိုတော့ မသိတဲ့သူ တော်တော်လေးနည်းမယ်လို့ထင်ပါတယ်...ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်တဲ့ ဒီဇာတ်လမ်းဟာဆိုရင်.... တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်သူ ဂေဘရီယယ် အန်မာဆင်န် နှင့် ဘွဲ့လွန်ကျောင်းသူလေး ဂျူလီယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကျောရိုးပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ် အခုဇာတ်လမ်းက နောက်ဆုံးထွက်ရှိထားတဲ့ အပိုင်းဖြစ်ပြီး ....အရှေ့မှာ Gabriel's Inferno နဲ့ Gabriel's Rapture ဆိုပြီး ၂ ပိုင်းထွက်ထားပြီးသား ဖြစ်ပါတယ်.... ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ Gabriel's Rapture မှာ အခက်အခဲတွေအများကြီး ကျော်ဖြတ်ပြီးတဲ့နောက်  ဂေဘရီယယ် နဲ့ ဂျူလီယန် ဟာ ချစ်သူရည်းစားဘ၀ကိုရောက်ရှိသွားခဲ့ပါတယ်... ဒီလိုနဲ့ အရာအားလုံးအဆင်ပြေနေပြီလို့ ထင်ရတဲ့အချိန် ရောက်ခါမှ....ရုတ်တရက်ဆိုသလို ဂျူလီယန် ရဲ့ ရည်းစားဟောင်းဖြစ်သူ ဆိုင်မွန် ရောက်လာပြီး သူမနဲ့အတူနေခဲ့စဉ်က ရိုက်ထားတဲ့ Sex Tape တွေကို ဖြန့်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့အခါမှာတော့...... ဒီတစ်ကားလုံးမှာ အချစ်ပါရဂူကြီး ဂေဘရီယယ် ရဲ့ ...
movie

Gabriel’s Inferno:3(2020)

2020
365 Days (2020)
365 Days (2020) 365 Days (2020)အရင်ဆုံးပြောချင်တာက Rating ကိုကြည့်ပြီး ဆုံးဖြတ်လိုက်ရင်တော့ နောင်တတွေ တစ်သီကြီးရသွားပါလိမ့်မယ်။ဒီရုပ်ရှင်က Sex scenes ခပ်ကြမ်းကြမ်းတွေ တစ်ပြွတ်ကြီးကို Erotic ဆန်ဆန် ရိုက်ပြထားတဲ့ Italy/ Poland ရုပ်ရှင်ဖြစ်ပါတယ်။သုံးထားတဲ့ Soundtrack တွေလည်း အရမ်း မိုက်ပါတယ် ။ Fifty shades of grey လိုကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ဒီရုပ်ရှင်ကလည်း သင့်အကြိုက်ဖြစ်စေမှာပါ။ 18+ အခန်းတွေပါတာကြောင့် 18 ယောက်စုပြီးမှ ကြည့်ဖို့ အကြံပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း ---------------မာစီမို က အီတလီ အင်အားကြီး  မာဖီးယားဂိုဏ်းမိသားစုတွေထဲက တစ်ခုရဲ့ သားဖြစ်ပါတယ် ။ ဖခင် သေနတ်ပစ်ခံရပြီးသေဆုံးမှုမှာ မာစီမိုဟာ မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့ရပါတယ် ။ မာစီမိုက မာဖီးယား ဂိုဏ်းရဲ့ ဆက်ခံသူဖြစ်လာခဲ့ပြီးသူတွေ့ခဲ့တဲ့ မိန်းကလေးကိုလည်း ၅ နှစ်တိတိလိုက်ရှာနေခဲ့ပါတယ် ။တစ်နေ့ သူရဲ့ မာဖီးယားဂိုဏ်းသားတွေ ဒုစရိုက်သမားတွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပွဲတစ်ခုက အပြန် လေဆိပ်မှာ သူ ...
movie

365 Days (2020)

2020
Ma Rainey’s Black Bottom (2020) 6.9
Ma Rainey’s Black Bottom (2020) Ma Rainey's Black Bottom ( 2020 ) ========================= IMDb Rating - 6.9/102021တုန်းက အော်စကာ(၅)ခု ဆန်ခါတင်ဝင်ခဲ့ပြီး (၂)ဆုရခဲ့တဲ့ ဘလက်ပန်သာကြီး Chadwick Bosemanရဲ့ နောက်ဆုံးရုပ်ရှင်ပါ။ ဘာလို့နောက်ဆုံးလို့ပြောရလဲဆိုတော့ (၂၀၂၀)မှာပဲ သူဆုံးသွားခဲ့ပါပြီ။ ရုပ်ရှင်အများကြီး မရိုက်လိုက်ရပေမဲ့ သရုပ်ဆောင်စွမ်းရည်ကို ရိုက်သလောက်ရုပ်ရှင်တွေနဲ့ ပြသွားခဲ့တဲ့ Bosemanရဲ့ ဇာတ်ဆောင်ဆုနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ကံဆိုးစွာနဲ့ပဲ ဆာအန်သိုနီဟော့ကင်းတို့ ဂယ်ရီအိုးမန်းတို့လို ဝါရင့်ဆရာကြီးတွေ ဆန်ခါတင်စာရင်းထဲပါနေတာကြောင့် ဆုမရခဲ့ပါဘူး။ ထပ်မမြင်ရတော့မဲ့ Chadwick Bosemanကြီးရဲ့ သရုပ်ဆောင်စွမ်းရည်အမြင့်ဆုံးရုပ်ရှင်တွေ ထဲကတစ်ကားဖြစ်သလို Chadwick Bosemanကြီးကို အလွမ်းပြေကြည့် လို့ရမယ့် သူ့နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ဒီရုပ်ရှင်က Blues ဂီတရဲ့မိခင် Ma Raineyကိုအမှီပြုပြီး Ma Raineyနဲ့ သူ့တီးဝိုင်းအဖွဲ့ရဲ့ ဓာတ်ပြားသွင်းတဲ့တစ်နေ့တာအကြောင်းကိုပဲ ဇာတ်အိမ် တည်ထားတယ်။တစ်နေ့တာဆိုတဲ့အချိန်ကလေးထဲမှာ အကြောင်းအရာမျိုးစုံ ကိုပြသွားတဲ့ဇာတ်လမ်းတွေ ကျွန်တော်တို့ အများကြီး ကြည့်ခဲ့ကြပြီးပါပြီ။ဒီကောင်ကတော့ အဲ့ဒီဇာတ်လမ်းတွေထက် ပိုမှောင်မိုက်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဇာတ်အိမ်ဟာ ဒီရုပ်ရှင်ရဲ့ Genreမှာ ရေးထားတဲ့ Musical Dramaဆိုတဲ့စကားလုံးနဲ့ လုံး၀ဆန့်ကျင့်နေတယ်။ ဒီရုပ်ရှင်ဟာ အမေရိကက လူမဲတွေရဲ့ ဘ၀နဲ့ ...
movie

Ma Rainey’s Black Bottom (2020)

2020
Valley of the Dead (2020) 5.8
Valley of the Dead (2020) Malnazidos (a.k.a) Valley of The Dead (2020)(1080p ရပါပြီ)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရှေ့လကမှ Netflix မှာ ပြသသွားတဲ့ စပိန် ဇွန်ဘီဇာတ်ကားသစ်လေးပါ။ စပိန်ပြည်တွင်းစစ်ပွဲအတွင်းက အကြောင်းအရာကို နောက်ခံထားပြီး ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ကပ္ပတိန်ဟန်လိုဇာနိုဟာ နိုင်ငံရေးအကြောင်းအရာတွေမှာ ၀င်စွက်ဖက်ခဲ့တဲ့အတွက်ကြောင့် အထက်လူကြီးတွေရဲ့ အမုန်း ခံရပြီး အန္တရာယ်များတဲ့ တာ၀န်တစ်ခုကို ထမ်းဆောင်ဖို့ စေလွှတ်ခြင်းခံရပါတယ်။တာဝန်ထမ်းဆောင်ဖို့ သွားနေတဲ့ လမ်းခရီးမှာ ကပ္ပတိန်ဟန်လိုဇာနိုနဲ့ သူရဲ့တပည့်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်း ခံရပြီး ထူးဆန်းတာတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီထူးဆန်းတဲ့ဖြစ်ရပ်တွေက ဘယ်လိုဖြစ်လာလဲ? ကပ္ပတိန်တို့အဖွဲ့ ဘာတွေနဲ့ ကြုံတွေ့လာရမလဲ? ဆိုတာ ဆက်လက်ရှုလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ YKH ပါ။)File Size          : 1.6GB, 668MB, 339MB Quality          ...
movie

Valley of the Dead (2020)

2020
Footfairy (2020) 4.6
Footfairy (2020) Footfairy (2020)အလုပ်အကိုင်အခွင့်အရေးတွေပေါများလှတဲ့ အိမ်မက်မြို့တော်မွန်ဘိုင်းရဲ့ ရထားဘူတာမှာ ကောင်မလေးတွေဆက်တိုက်သတ်ခံနေရတာ ခြောက်ခြားစရာပါပဲ။မိန်းကလေးခြေထောက်လှလှလေးတွေကိုမှ ရူးရူးမူးမူးစွဲလမ်းနေတဲ့ ကွင်းဆက်လူသတ်သမားက မွန်ဘိုင်းရထားဘူတာရဲ့ လူပြတ်တဲ့နေရာမှာ အကွက်ချစီစဉ်ပြီး စိတ်ကြိုက်သတ်နေခဲ့ပါတယ်။ အလောင်းတွေကိုလည်း ခြေထောက်တွေဖြတ်ထားပြီး ခရီးဆောင်အိတ်ထဲထည့်ကာ ပြန်လာပစ်လေ့ရှိပါတယ်။ဒီကွင်းဆက်ဆိုက်ကိုလူသတ်သမားကြောင့် မလုံခြုံတော့တဲ့ မြို့တော်ကြီးမှာ CBI စုံထောက်ကြီးဗီဝမ်နဲ့ သူ့အပေါင်းအဖော်တွေ ဘယ်လိုစုံစမ်းဖော်ထုတ်မလဲဆိုတာတော့ ရင်တမမနဲ့ ကြည့်ရှုခံစားရမှာပါ။ Crime Thriller ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက်လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးအဖြစ်ညွှန်းဆိုလိုက်ပါရစေ။ File size…1.6GB / 575MB Quality…1080p WEBRIP AAC 5.1CH  /  720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Footfairy (2020)

2020
Marionette (2020) 5.9
Marionette (2020) Marionette (2020)==============ဒီကားလေးကတော့ Thriller အမျိုးအစားပြင်သစ်ဇာတ်ကားကောင်းလေးပါ။ ရုပ်သေးရုပ်လိုမျိုးဘဝတွေဟာကြိုးဆွဲရာကနေရတယ်ဆိုတာလေးလဲပေါ်လွင် အောင်ရိုက်ပြထားပြီးဇာတ်လမ်းလှည့်ကွက်လေးတွေနဲ့ The Six Sense ကားလိုမျိုး အဆုံးသတ်မှာလှည့်ကွက်အကြီးကြီးနဲ့စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝသစ်ကိုစတင်ဖို့အတွက် ကလေးစိတ်ရောဂါ အထူးကုဆရာဝန်မဟာ စကော့တလန်ကိုပြောင်းလာပြီးနောက် သူမရဲ့ယောကျာ်း Accidentကြောင့်ဆုံးပါးသွားခဲ့တယ် ။ မကြာခင်မှာပဲထူးထူးဆန်းဆန်း ဆယ်နှစ်သား အရွယ်ကောင်လေးတစ်ယောက်ကို ကုသပေးနေရာမှ အဲ့ဒီကောင်လေးဆွဲထားတဲ့ ပုံတွေက အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်တာကိုသိလာပြီးတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မိုးအေးအေးနဲ့ကော်ဖီခွက်လေးကိုင်ပြီးကြည့်ရမယ်ဇာတ်ကား လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်) File Size..........(1.44 GB) / (662 MB) / (376 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 52mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......Sai Thurein Lynn Encoder..........SWM
movie

Marionette (2020)

2020
Schoolgirls (The girls) (2020) 6.4
Schoolgirls (The girls) (2020) Schoolgirls (2020) ============== IMDb Rating - 6.4/10ဆယ်ကျော်သက်ကလေးတွေဆိုတာ အရွယ်ရောက်လာဖို့အရမ်းမြန်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားကို အကွက်ကျကျရိုက်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ကျောင်းသူတွေချည်းပဲရှိတဲ့ မိန်းကလေးကျောင်းမှာ ဆယ်ကျော်သက်မိန်းကလေး လေးယောက်စုမိကြပါတယ်။ တစ်ယောက်အိမ်ကိုတစ်ယောက်လိုက်လည်ရင်း အတတ်ကောင်းတွေစူးစမ်းလေ့လာကြတာပေါ့။ ကလပ်တက်မယ်၊ ဆေးလိပ် သောက်မယ်၊ ယောက်ျားလေးတွေနဲ့ မိတ်ဆွေဖွဲ့မယ် စသဖြင့်တားမြစ်ထားတဲ့ အရာမှန်သမျှ အကုန်စမ်းလုပ်ကြပါတယ်။ အဲ့ဒီလို အတတ်စမ်းကြတဲ့ ကောင်မ လေးတွေကို ဘယ်လိုမျိုးသင်ခန်းစာပေးမလဲဆိုတာကိုတော့ Schoolgirls (The girls) ဆိုတဲ့ကားလေးမှာ ဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(2.16 GB) / (1.07 GB) / (608 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Jo Jo Va Encoder..........SWM
movie

Schoolgirls (The girls) (2020)

2020
Thappad (2020) 7.1
Thappad (2020) IMDb (7.1/10) /Rotten Tomatoes 92%Q - ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ A - သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါQ - ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့ ဘာလဲ သူ့မိသားစုကြောင့်လား A - ဟင့်အင်းQ - သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - လိင်မှုကိစ္စကြောင့်လား A - ဟင့်အင်းQ - ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ် ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ်လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ်တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူးBollywood ကားကြည့်ချင်ပေမယ့် အယောက် ...
movie

Thappad (2020)

2020
4K HEVC Web-DL
No Escapes (2020) 6.5
No Escapes (2020) No Escapes (2020) ============== IMDb Rating - 6.5/10စွန့်စားခန်းကြည့်ချင်လား? သဲထိပ်ရင်ဖိုကြည့်ချင်လား ? ဇာတ်လမ်းအစနေအဆုံးအထိ စီးမြောခံစားပြီးကြည့်ချင်လား ? အများကြီးမစဉ်းစားနေပါနဲ့ တစ်ခါတည်းဒေါင်းပြီး ကြည့်လိုက်တော့ဗျို့...ပိုစတာမြင်တာနဲ့ ဘာကားမှန်းတော့သိကြမှာပါ။ တောမီးလောင်တာကို ငြိမ်းရတဲ့ မီးသတ်ကားလေးပါ။ တစ်ခြားမီးသတ်ကားနဲ့ဘာမတူဘူးလဲဆိုတော့ ဇာတ်အလယ်ရောက်မှ ဇာတ်ရှိန်တက်တာမဟုတ်ဘူးဗျ၊ အစကတည်းက တက်လိုက်တဲ့ဇာတ်ရှိန်၊ တစ်ခါမှကို ပြန်မကျတော့ဘူး။ သရုပ်ဆောင်တွေကလည်း ကွက်တိ။ မီးလောင်နေတဲ့တောထဲ တကယ်ရိုက်ထားသလားတောင် ထင်ရတဲ့အထိပါ။ တကယ်ကောင်းပါတယ်။ကမ္ဘာကြီးလည်း တစ်ဖြည်းဖြည်းပူလာတာနဲ့အမျှ တောမီးတွေလည်းနေရာစုံက လောင်နေပါတယ်။ ဒါကိုငြိမ်းဖို့ လူအင်အားလည်းမရှိတော့ လူသစ်တစ်ယောက်ကို အပါခေါ်ပြီး စုစုပေါင်းခြောက်ယောက်နဲ့ မစ်ရှင်စပါတော့တယ်။ တောမီးငြိမ်းနေရင်းနဲ့ အနီးအနားကရွာပါ မီးကူးသွားနိုင်တဲ့ အခြေအနေနဲ့ကြုံလာတော့... ဘယ်လိုမျိုးဇာတ်သိမ်း ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.47 GB) / (1.39 GB) / (884 MB) Quality............WebRip 1080p / 720p / 360P Duration.........2Hr 11mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Jo Jo Va Encoder..........SWM 
movie

No Escapes (2020)

2020
Blood-Club Dolls 2 (2020)
Blood-Club Dolls 2 (2020) Blood-Club Dolls 2 (2020) ...................................................သွေးသံတရဲရဲ ရက်ရက်စက်စက်သတ်ဖြတ်တာတွေ မိစ္ဆာတွေနဲ့ သူသေကိုယ်သေ တိုက်ခိုက်တာတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေရဲ့ အသည်းစွဲ Anime စီးရီးတစ်ခုဖြစ်တဲ့ Blood C ကိုအခြေခံထားတဲ့ Live Action ဇာတ်ကား Blood Club dolls ရဲ့ part 2 လာပါပြီ။ဒီကားကတော့ Blood Clud Franchise ရဲ့ Live Action အနေနဲ့ လေးကားမြောက်ဖြစ်ပြီး Part 1 အဆုံးသတ်ကနေ ပြန်ချိတ်ဆက်ပြီး အစပျိုးထားပါတယ်။ဇာတ်လမ်းအစကိုတော့ Michiru Arisugawa ကို Souen နဲ့ သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Blood Clud ကနေဖမ်းဆီးသွားလို့ သူ(မ)ရဲ့လူတွေဘက်ကနေ ပြန်လည်ကယ်ထုတ်ဖို့ ကြိုးစားရှာဖွေနေကြပုံနဲ့ အစပျိုးထားပြီး Souen အကြောင်းကို အဓိကဦးစားပေးအနေနဲ့ ပြသသွားမှာမလို့ ကြည့်ရှုအားပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 720p | ...
movie

Blood-Club Dolls 2 (2020)

2020
Side Effect (2020) 5.1
Side Effect (2020) Side Effects (2020)IMDb 5.1Horror/Thriller အဆိုတော်အိုလီယာနဲ့ ယောကျာ်းဖြစ်သူအန်ဒရေးတို့နှစ်ယောက်ဟာ ထင်မှတ်မထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုရှိ‌ခဲ့ပါတယ် ဒီအတိတ်ဖြစ်ရပ်ဆိုးတွေကနေရုန်းမထွက်နိုင်တဲ့ အိုလီယာကိုကြည့်မနေနိုင်တော့တဲ့ အန်ဒရေးတစ်ယောက် နာမည်ကြီးဆရာမတစ်ယောက်ဆီသွားပြီး အိုလီယာ့မှတ်ဉာဏ်တွေကိုဖျက်ပေးဖို့ အကူအညီတောင်းခဲ့တယ် ဆရာမကမှိုတစ်ပွင့်ပေးလိုက်ပြီး သူမရှိချိန်သူ့အိမ်ကိုစောင့်ရှောက်ပေးဖို့အပေးအယူလုပ်လာတော့ အိမ်ပြောင်းချင်နေတဲ့အန်ဒရေးအတွက်လည်း လက်လွှတ်မခံဘဲသဘောတူမိလိုက်ပါတယ် ဒီလိုနဲ့အိမ်ပြောင်းနေရာကစပြီး အိမ်ကြီးမှာထူးဆန်းတာတွေတွေ့ကြုံလာရင်း တစ်နေ့မှာ မိန်းမဖြစ်သူအိုလီယာဟာပျောက်ဆုံးသွားတဲ့အခါ... ဘာတွေဆက်ဖြစ်မှာလဲ ဒီအိမ်ရဲ့ရာဇဝင်ကရောဘာဖြစ်မလဲ သူ့မိန်းမကိုရောရှာတွေ့မှာလားဆိုတာ စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်       File size…1.1GB / 490MB Quality…1080p AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Side Effect (2020)

2020
Tomb Empty Coffin (2020) 6.3
Tomb Empty Coffin (2020) Tomb Empty Coffin (2021) ==================== IMDb Rating - 6.3/10လူငယ်ပေါင်ချိန်ကို ဇာတ်လမ်းတွဲတွေပဲကြည့်ရတာရိုးနေရင် အပြောင်းအလဲလေးဖြစ်သွားအောင် ရုပ်ရှင်လေးပြောင်းကြည့် ရအောင်။ပေါင်ချိန်ဆိုတော့ အမှုလိုက်ပြီပေါ့နော်။ ဒါပေမဲ့ သူလိုက်မယ့်အမှုက တော်ရုံတန်ရုံခေါင်းစားတာမျိုးမဟုတ်ဘဲနဲ့ ဘဘာဝလွန်ဖြစ်ရပ်တွေပါ ပါတတ်တာ ပေါင်ချိန်ရဲ့ထုံးစံလိုဖြစ်နေပါပြီ။ အခုလည်း အမှုက သေရာ ကနေပြန်ရှင်လာတဲ့လူသတ်သမားတဲ့။ ဘယ်လိုဖော်ထုတ်မလဲ ဆက် ကြည့်လိုက်ပါဦးနော်။ ။ဇာတ်လမ်းအကျဉ်းကတော့ ပေါင်ချိန်က သူ့ဆရာဖြစ်တဲ့ သမားတော်ဟူ ဆုံးသွားလို့ ကုန်းအန်းပြည်နယ်ကို ခွင့်ရက်ရှည်ယူပြီး ဆရာ့အုတ်ဂူကို သွားကန်တော့မလို့ပါ။ ဒါပေမဲ့ အဲ့ဒီကုန်းအန်းပြည်နယ်မှာ မိန်းကလေး ငယ်တွေ ပျောက်ဆုံးနေပြီး သူ့ဆရာအလောင်းလည်း ပျောက်နေပါတယ်။ လူတွေပြောကြတာကတော့ သေရာကနေပြန်ရှင်လာပြီး လူတွေကိုလိုက် သတ်၊ မျက်နှာအရေပြားတွေကို ဓါးနဲ့ဆွဲခွာထားပါတယ်တဲ့။ အဲ့ဒီတော့ ဆရာ့အုတ်ဂူကိုကန်တော့ဖို့လာရင်းနဲ့ သေရာကနေပြန်ရှင်လာတဲ့ အမှုအပြင် တခြားပဟေဠိတွေကိုပါ တစ်ခုပြီးတစ်ခု ဘယ်လိုဖြေရှင်းသွား မလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.27 GB) / (572 MB) Quality............WebRip 1080p / 720p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Jo Jo ...
movie

Tomb Empty Coffin (2020)

2020
Dharala Prabhu (2020) 6.8
Dharala Prabhu (2020) Dharala Prabhu (2020) -------------------------- ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ IMDb Rating (6.8)ရရှိထားတဲ့Romance/ Comedy ကားလေးပဲဖြစ်ပါတယ်။သန္ဓေသားအစားထိုးဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာကန်နာဒါဆန်ဟာလူနာတွေအများကြီးလက်ခံပြီး ကတိတွေတစ်ခုပြီးတစ်ခုပေးထားပေမယ့်သုတ်ပိုးအလှူရှင်လုံးဝရှာမတွေ့သေးပါဘူး။ ဘဝရဲ့အနိမ့်ဆုံးအချိန်ရောက်တဲ့ ဘောလုံးသမားလေး ပရာဘူဟာလည်းအလုပ်တစ်ခုကိုမရမကလိုက်ရှာနေသူပါ။ဒီလိုနဲ့ ဒေါက်တာကန်နာတစ်ယောက် ပရာဘူရဲ့ကျန်းမာ‌မှုအခြေအနေကိုသဘောကျသွားပြီးသူ့ဆေးခန်းရဲ့သုတ်ပိုးအလှူရှင်အဖြစ်နေပေးဖို့ မရမက ကမ်းလှမ်းပါတော့တယ်။အစပိုင်းအဆင်ပြေချောမွေ့ခဲ့ပေမယ့် ပရာဘူမှာ ချစ်သူရှိလာတဲ့အချိန်မှာတော့ဘယ်လိုတွေပြဿနာတက်မလဲဆိုတာကို ပရိသတ်များကိုယ်တိုင်ပဲ စောင့်မျှော်ကြည့်ရှုပေးပါဦး   File size…2.5GB / 1.1 GB Quality…1080p Tamil AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Dharala Prabhu (2020)

2020
Simmer (2020) 6.3
Simmer (2020) Simmer (2020) =========== IMDb Rating 6.3/10အမေရိကန် မက္ကဆီကန် နယ်စပ်မှာဖြစ်လေ့ရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူ ပြဿနာကို ဇာတ်အိမ်တည်ထားတဲ့ကားလေးဖြစ်ပါတယ် ။ အီးကနက်စ်ဆိုတဲ့ စားဖိုမှူးဟာ အမေရိကန်နိုင်ငံသားခံယူထားတဲ့ မက္ကဆီကန်စားဖိုမှူးဖြစ်ပြီး သူ့မိသားစု၀င်တွေ မက္ကဆီကိုဘက်ကို နယ်နှင်ခံရမယ့် အရေးနဲ့ကြုံနေရပါတယ် ။ အစိုးရကလည်း ဒေါ်လာ ၂ သောင်းပေးရင် ချက်ချင်းနိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ကြော်ငြာလိုက်ပြီး အီးကနက်စ်အတွက် အရေးကြီးငွေလိုလာခဲ့ပါတယ်။ဒီလိုနဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်၀င်လုပ်ရင်း အဲ့ဒီစားသောက်ဆိုင် ပိုင်ရှင်ရဲ့ စားဖိုမှူးတစ်ဖြစ်လဲ နောက်ကွယ်မှာ မှောင်ခိုဈေးကွက်ကို တရားမ၀င်ပစ္စည်းပို့ ဒါရိုက်ဘာအဖြစ်သို့ အလိုလိုရောက်ရှိ ငွေရှာနေခဲ့ရတာပေါ့ ဆိုင်ပိုင်ရှင်ဟာလည်း သူထင်ထားသလို လူတစ်ယောက်မဟုတ်ဘဲ သူ့မိသားစု အသက်အန္တရာယ်ကိုပါ ထိခိုက် ရန်ရှာလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဒီကားလေးမှာ ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.0 GB) / (475 MB) / (280 MB) Quality............BluRay 1080p / 720p / 480P Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Thiha Yan Naing Encoder..........SWM
movie

Simmer (2020)

2020
The Xrossing (2020) 4.8
The Xrossing (2020) The Xrossing (2020) =================ဒေါသတွေ ပူလောင်မှုတွေကြီးစိုးလာတဲ့အခါ လူတွေက မဆင်ခြင်ဘဲ အမှားတွေလုပ်မိတတ်ကြပါတယ်။ ခရစ္စဆိုတဲ့အနုပညာသင်တန်းကျောင်းက မှတ်တမ်းရုပ်ရှင် လေးတွေ ဖန်တီးရတာကြိုက်တဲ့ကောင်လေးဟာ သူကြိတ် ကြိုက်နေရတဲ့ကောင်မလေးနဲ့အတူတူ အနုပညာတွေဖန်တီးရင်း အေးအေးနေတတ်သူပါ။တစ်နေ့မှာတော့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ရှိန်းနဲ့အန်းဂက်စ် တို့နဲ့အတူ ထရေစီမာယာဆိုတဲ့ ကောင်မလေးကိုသတ်တဲ့တရားခံလို့ ယူဆသူတစ်ဦးနောက်ကိုလိုက်ရင်း လူငယ်ဆန်ဆန်မိုက်ရူးရဲတဲ့ အပြုအမူတွေလိုက်လုပ်မိတဲ့အခါ သူတို့သူငယ်ချင်းသုံးယောက်ရဲ့ ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲ။ သူတို့သံသယဝင်နေတဲ့ လူကြီးကရော တရားခံအစစ်လား ထရေစီဘာကြောင့် သေသွားခဲ့တာလဲ၊ စတာတွေကို ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်)File Size..........(1.43 GB) / (707 MB) / (476 MB) Quality............WebRip 1080p / 720p / 480P Duration.........1Hr 48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator.......Lwin Lwin Aung Encoder..........SWM
movie

The Xrossing (2020)

2020
Unearth (2020) 4.9
Unearth (2020) Unearth (2020) ============ဇာတ်ကားတစ်ကားကိုအစကနေမပြီးခင်အထိ ဇာတ်လမ်းက အတိတ်ကအကြောင်းတွေနဲ့လက်ရှိအကြောင်းကို ရောသမမွှေပြီး နောက်ဆုံးမှ ဇာတ်လမ်းက ဒီလိုပါလားဆိုပြီး horror ကားကိုမှ ဇာတ်ရှိန်အေးအေးနဲ့ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်‌တွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက်တယ်ဗျ။ဇာတ်လမ်းကတော့ ဒိုလန် မိသားစုနဲ့ လိုမက်မိသားစု နှစ်စုတို့က လယ်ထဲမှာနေကြတဲ့ အိမ်နီးနားချင်းတွေဖြစ်တယ်။ ဒိုလန်မိသားစုရဲ့ ဦးစီးသူ ကက်သရင်းကတော့ မိသားစုနှစ်စုလုံးရဲ့ မြေကိုပေါင်းပြီး ရောင်းချင်နေတာ လိုမက်မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဂျော့ခ်ျကတော့ သူတို့မြေကိုမစွန့်လွှတ်နိုင်ဘူးဖြစ်နေတယ်။ ဒီလိုနဲ့ ‌တစ်နေ့ကျတော့ ဂျော့ခ်ျ ဆီကို တွင်းထွက်တူးဖော်တဲ့ကုမ္ပဏီက သူတို့နေနေတဲ့လယ်ကွက်အောက်မှာ သဘာဝဓာတ်ငွေ့ကြောကြီးတွေ့ထားတော့ မက်မောလောက်စရာငွေတွေ‌နဲ့ သူတို့မြေကိုဝယ်ဖို့ကမ်းလှမ်းတယ်။ ဂျော့ခ်ျ ကလည်း ရောင်းရမလား မရောင်း ရဘူးလား ဒွိဟဖြစ်နေရင်းနဲ့ တူးဖော်လိုက်ရမှ သူတို့ မထင်မှတ်ထားတဲ့ အရာအတွက် တံခါးဖွင့်ပေးလိုက်သလိုဖြစ်သွားခဲ့တဲ့အခါ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(919 MB) / (459 MB) Quality............BluRay 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror Translator.......Khant Sett Naing Encoder..........SWM
movie

Unearth (2020)

2020
The Empty Man (2020) 6.2
The Empty Man (2020) The Empty Man (2020) ================= IMDb Rating - 6.2/10အမန်ဒါလို့ခေါ်တဲ့ မိန်းမကလေးတစ်ယောက်ထူးဆန်းစွာပျောက်ဆုံးသွားပြီးနောက် ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျိမ်းစ် လဆွန်ဘရာဟာ အမှုကို စုံစမ်းဖို့ဖြစ်လာခဲ့ ပါတယ်။ သိုပေမယ့် ထိုပျောက်ဆုံးမှုဟာ သမားရိုးကျမဟုတ်ပဲ ထူးဆန်းတဲ့ ဘာသာ ရေးအုပ်စုတစ်စုက နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်တာနဲ့ ဆက်စပ်နေခဲ့ပါတယ်။ ထိုသို့သော ပုံမှန်မဟုတ်တဲ့ အမှုကို ဖြေရှင်းပြီး အမန်ဒါကို တွေ့အောင်ရှာနိုင်ပါ့မလား။ လှည့်ကွက်တွေကြားကနေ ကလေးအတွေးလိုလို စိတ်ကူးယဉ်လိုလိုနဲ့ The Empty Man လို့ခေါ်တယ့် နတ္ထိလူကရော (မြန်မာအလိုဆိုရင်တော့ အုန်းမှုန့်ခွက်သရဲပေါ့) ကရော ဘယ်လိုအရာမျိုးလဲ....။ပေါင်းကူးတံတားကနေ လူဖြစ်လာတယ်၊ လူကနေပြီးတော့ သူ့ရဲ့အတွေးတွေ ဖြစ်လာတယ်၊ သူ့ရဲ့အတွေးတွေကနေ အိပ်မက်ဖြစ်လာတယ်၊ အိပ်မက်တွေကနေ စွမ်းအားတွေဖြစ်လာတယ်၊ စွမ်းအားတွေကနေ ပေါင်းကူတံတားတွေဖြစ်လာတယ်၊ အသင်ထုတ်လွှင့်လိုက်တာကို ကျွန်ုပ်တို့လက်ခံရရှိတယ်....... ဒါဟာ The Empty Man နတ္ထိလူပါပဲ။ဒီဇာတ်ကားရဲ့ ရိုက်ကွင်းရိုက်ကွက်တွေဟာ တစ်ခြား horror ကားတွေနဲ့မတူပဲ ထူးခြားပြီး ကြောက်စရာလည်းကောင်းပါတယ်။ Rated R သတ်မှတ်ခံထားရပြီး ဝတ်လစ်စလစ်အခန်း (18+}လည်း အနည်းငယ်ပါဝင်တာကြောင့် ကလေးငယ်တွေနဲ့ မိသားစုအတူ ကြည့်တာတွေ မလုပ်ပါနဲ့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw ...
movie

The Empty Man (2020)

2020