Channel Myanmar

2020

50 or Two Whales Meet at the Beach (2020) 6.9
50 or Two Whales Meet at the Beach (2020) 50 or Two Whales Meet at the Beach (2020) =============================== IMDb Rating - 6.9/10ဒီ "50 or Two Whales Meet on the Beach" ဆိုတဲ့ဇာတ်ကား လေးကတော့ ဖယ်လိစ်နဲ့ အယ်လီဆာဆိုတဲ့ ဆယ်ကျော်သက်လေး နှစ်ယောက် "Blue Whale Challenge" ကစားတာကိုအဓိကဇာတ် အိမ်ပြုထားတာပါ။အရင်ဦးဆုံး "Blue Whale Challenge" ဆိုတဲ့ဂိမ်းကိုရှင်းပြပေးချင် ပါတယ်။ "Blue Whale Challenge" ဆိုတာက ၂၀၁၆ ဝန်းကျင် လောက်တုန်းက ကမ္ဘာပေါ်ကနေရာအနှံ့မှာခေတ်စားခဲ့တဲ့ အန္တရာယ် ရှိတဲ့အွန်လိုင်းစိန်ခေါ်မှုကစားပွဲတစ်ခုပေါ့။ အဲဒီဂိမ်းကစားရတဲ့ပုံစံဟာ ဆိုရင် ဆော့ကစားတဲ့သူတွေအနေနဲ့ ရက် ၅၀ ကာလအတွင်းမှာ အက် မင်ဆိုတဲ့သူတွေဆီကနေ စိန်ခေါ်မှု အခု ၅၀ကိုလက်ခံပြီးအောင်မြင် အောင်လုပ်ရမှာပါ။စစချင်းစိန်ခေါ်မှုလေးတွေကတော့ ခပ်လွယ်လွယ်ပေါ့ပေါ့ပါးပါး လေးတွေပါပဲ။ "မနက်အစောကြီး ထရန်" တို့၊ "Horror ကားတွေ ကို တစ်ယောက်တည်းကြည့်ရန်" တို့ဆိုပြီးတော့ပေါ့။ အဲဒီကနေမှ နောက်ပိုင်းမှာ တဖြည်းဖြည်းပိုပိုခက်လာပြီး အန္တရာယ်တွေလည်း ပိုပိုရှိလာပါတယ်။ ...
movie

50 or Two Whales Meet at the Beach (2020)

2020
Olvido y León (2020) 5.6
Olvido y León (2020) Olvido y León (2020) ================ဇာတ်ကားနာမည်အတိုင်းပဲ အော်ဗီဒို နဲ့ လီယွန်တို့ မောင်နှမ နှစ်ယောက် အကြောင်းကို အဓိက တင်ဆက် ထားပါတယ်။ မွေးဖွားတဲ့နေ့ရက်တူပေမယ့် ကံကြမ္မာမတူတဲ့ သူတို့နှစ်ယောက်မှာ လီယွန်က Down Syndrome ဝေဒနာသည်လေး အဖြစ် မွေးဖွားလာခဲ့ပါတယ်.အဖေရော အမေပါ ဆုံးသွားပြီးတဲ့နောက် သူတို့နှစ်ယောက် တည်း ကျန်ခဲ့တဲ့အချိန်မှာ ဘယ်သူ့ကိုမှ မျက်နှာသာမပေးတဲ့ လောကဓံတရားကလည်း သူတို့ကို ပြင်းထန်စွာ ရိုက်ခတ် လာပါတော့တယ်။ မိဘမဲ့အနေနဲ့ အစိုးရထောက်ပံ့ကြေး ယူ ထားရင်းနဲ့ပဲ ဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကိုလည်း လက် မလွှတ်နိုင်ဘဲ အောင်မြင်မှုနဲ့ ဝေးကွာရင်း စိတ်ကျန်းမာရေးပါ ထိခိုက်လာတဲ့ အော်ဗီဒို၊ အစ်မဖြစ်သူရဲ့ အခြေအနေကို အဆုံး စွန်ထိ ကာကွယ်ပြောဆိုရင်း ဉာဏ်ရည်မဖွံ့ဖြိုးပေမယ့် မေတ္တာ တရားများ ဖွံ့ဖြိုးကြီးထွားလာသူ လီယွန်တို့နှစ်ယောက် အခက် အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားရလောက်တဲ့အထိ စိတ်ဓာတ် တွေ ကျဆင်းနေသူအတွက် လီယွန်ရဲ့ ရိုးရှင်းစွာအားပေးလိုက်တဲ့ စကားလေးတစ်ခွန်းကိုလည်း ပြောပြချင်ပါတယ်။ “You Can Also Die of ...
movie

Olvido y León (2020)

2020
Children of the Corn (2020)
Children of the Corn (2020) Children of the Corn (2020)ဒီကားလေးကတော့ ၂၀၂၀ ခုနှစ်တုန်းကထွက်ရှိထားတာဖြစ်ပြီး Horror King လို့တောင်ခေါ်ကြတဲ့ နာမည်ကြီးစာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုတိုလေးတစ်ပုဒ်‌အပေါ် အခြေခံရိုက်ကူးထားတဲ့ Horror ကားလေးတစ်ကားဖြစ်ပါတယ်။ နှစ်၄၀‌လောက်အကြာမှ မူလပထမရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ပြီးထွက်ရှိလာတာဖြစ်ပါတယ်။ရှပ်ရှင်ထဲမှာတော့ ‌Nebraska ပြည်နယ်၊ Rylstone မြို့လေးက သေခါနီးပြောင်းခင်းတစ်ခုကို လက်လျော့နေကြတဲ့လူကြီးတွေအကြောင်းနဲ့ ပြောင်းခင်းကိုကိုးကွယ်တဲ့ အယူသီးကလေးမ‌လေးတစ်ယောက်ကနေ အပေါင်းအပါတွေနဲ့အုပ်စုလိုက်ဖြစ်လာပြီး ဘယ်လိုယဇ်ပူဇော်မှုတွေကို ရက်ရက်စက်စက်လုပ်ကြမလဲဆိုတာကို စတီဖင်ကင်းဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ကြောက်စရာလန့်စရာအပြည့်၊ ချောက်ချားစရာအပြည့်နဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 720MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated ...
movie

Children of the Corn (2020)

2020
[18+]Maniac Driver (2020) 5.3
[18+]Maniac Driver (2020) Maniac Driver (2020) ================ဖူဂျီနာဂဟာ တက္ကစီသမား လုပ်နေပေမဲ့ သူ့အတိတ်ကတော့ အင်မတန်ဆန်းကြယ်တယ်။ သူဟာ ပြင်သစ်နိုင်ငံခြားအထူး တပ်ဖွဲ့မှာ ကြေးစားစစ်သားအဖြစ်နဲ့ စစ်ထဲဝင်ဖူးတဲ့လူလည်း ဟုတ်သလို သတ်ရာဖြတ်ရာမှာ တော်တော်လေး လက်ရဲဇက်ရဲ ရှိတယ်။ လောကကြီးအပေါ် သူ့အမြင်ကလည်း ထူးခြားတယ်။ယောက်ျားတွေဟာ မိန်းမတွေအပေါ်မှာရှိနေတာမကြိုက်တတ် ကြပေမဲ့ ဖူဂျီနာဂကတော့ တိုင်းပြည်ကြီးကို မိန်းမတွေအုပ်ချုပ်ရင် ပိုသာယာမယ်လို့ ယူဆနေတယ်။ မိန်းမတွေကို သူအပေါ်မှာရှိစေချင် တာက အဲဒီတစ်နေရာတည်းတော့မဟုတ်ဘူးပေါ့ ဟိ။တစ်နေ့မှာ ဖူဂျီနာဂဟာ သူ့မိန်းမနဲ့တူတဲ့အမျိုးသမီးတစ်ယောက် နောက် ခိုးလိုက်ကြည့်ရင်း အဲဒီအမျိုးသမီးကို နတ်ဆရာတစ်ယောက် ယောက်ျားတစ်ယောက်က ယတြာအနေနဲ့ ဒွာရသုံးပေါက်ကို သိဒ္ဓီဝင် အတံနဲ့ သုံးသပ်ပေးဖို့ ကြံနေကြတယ်။ အမျိုးသမီးဟာ ငြင်းဆန်ပေမဲ့ လည်း သူတို့၂ယောက်က အတင်းယတြာပေးချင်ကြတဲ့အခါ ဖူဂျီနာဂ မနေသာတော့ဘဲ ဝင်ကယ်ဖို့ဖြစ်လာတယ်။ ဒီလိုကယ်အပြီး မိမွေးတိုင်း ဖမွေးတိုင်းဖြစ်နေတဲ့ ကောင်မလေးကို မြင်လိုက်ရတဲ့အခါမှာတော့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ W ဖြစ်ပါတယ်)File Size..........(1.46 GB) / (547 MB) / (322 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr ...
movie

[18+]Maniac Driver (2020)

2020
Ammonite (2020) 6.5
Ammonite (2020) Ammonite (2020) ============= IMDb Rating 6.5/10၁၈ရာစုနှစ် အမျိုးသားဝါဒီ ကြီးစိုးတဲ့ ကာလတစ်ခုမှာ ကျောက် ဖြစ်ရုပ်ကြွင်းပညာရပ်မှာ ထူးချွန်ပြောင်မြောက်လှတဲ့ နက္ခတ္တ ပညာရှင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Mary Anning ရဲ့ biography အကြောင်းကို ရိုက်ကူးထားတာပါ။ သူရှာဖွေတွေ့ ရှိခဲ့တဲ့ အကျော်ကြားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကတော့ Ichth- yosaur လို့ခေါ်တဲ့ fossil တစ်ခုပါပဲ။Mary Anning က ကမ်းခြေမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လိုက်ရှာဖွေရင်း Lyme Regis မြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံလှည့်ခရီးသွားတွေကို ရောင်းချပြီး နာမကျန်းဖြစ်နေတဲ့ အမေ အိုတစ်ယောက်နဲ့ အတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ သူ့ကို လေးစားအားကျတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး Fossils တွေအကြောင်း စူးစမ်းလေ့လာမယ့် ခရီးစဥ်အတွက်လာပြောပါတယ်။အဲအမျိုးသားနဲ့အတူ သူရဲ့မိန်းမဖြစ်တဲ့ Charlotte လည်းပါလာခဲ့ပါ တယ်။အဲအမျိုးသားက နာမကျန်းဖြစ်နေတဲ့ သူ့မိန်းမ Charlotte ကို ကူညီပေးဖို့ Mary ကို တောင်းဆိုလာပြီး နောက်ပိုင်းမှာတော့ Mary နဲ့ Charlotte တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ၁၈ရာစုနှစ်က အမျိုးသမီး နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက ...
movie

Ammonite (2020)

2020
Black Box (2020) 6.2
Black Box (2020) Black Box (2020)~ IMDb - 6.2/10, Rotten Tomatoes - 71% ~2020 ​နှစ်က ထွက်ရှိထားတဲ့ အ​မေရိကန် Sci-Fi Horror ကားတစ်ကားပါ။ ဒီလို Genre မျိုး ကြိုက်တတ်ရင် ကြည့်သင့်တဲ့တစ်ကားပါပဲ။ဇာတ်လမ်းအညွှန်းကားမ​တော်တဆမှု ကြောင့် ဇနီးသည်ပါမက မှတ်ဥာဏ်​တွေကိုပါ ဆုံးရှုံးလိုက်ရတဲ့ နိုလန်... ဆရာဝန်​တွေအားလုံးက လက်​လျော့လိုက်​ပေမယ့် တဖန် သတိပြန်ရလာတဲ့ နိုလန်တစ်​ယောက် မှတ်ဥာဏ်​တွေလိုက်ရှာ​ဖွေ​နေရင်း ကုမရတဲ့အဆုံး သူငယ်ချင်းဆရာဝန် လမ်းညွှန်မှုနဲ့ စိတ်အထူးကုဆရာဝန် ဘရု နဲ့ ​တွေ့သွားတဲ့အခါ...- ဘယ်​လို​တွေ မှတ်ဥာဏ်ရ​အောင်ရှာ​​ဖွေခဲ့လဲ -​ သတိပြန်ရလာတဲ့ နိုလန်ဖြစ်ရပ်က​တော့ ထူးခြားမှုတစ်ခုပဲလား -​​ ဒေါက်တာဘရု နိုလန်ကို ​သွေးရိုးသားရိုးပဲ ကူညီခဲ့တာလား - ​ဒေါက်တာဘရု လျှို့ဝှက်ထားတဲ့ အရာ​တွေက​ရော ဘာ​တွေလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုလို့​ကောင်းမယ့်ကား​လေးပါ။သရဲ​တွေဘာ​တွေမပါ​ပေမဲ့လည်း ကြည့်​နေရင်း ချမ်းစိမ့်စိမ့်ဖြစ် ကြက်သီးထလာတဲ့ ခံစားမှုကိုလည်းရမယ့်ကားတစ်ကားပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

Black Box (2020)

2020
[18+]PVT Chat (2020) 5.9
[18+]PVT Chat (2020) [18+]PVT Chat (2020) ================ IMDb Rating - 5.9/10ဒီဇာတ်ကားလေးကတော့ ၂၀၂၀ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+လူကြီးကားလေးဖြစ်ပါတယ်။ sex chatလုပ်ရာ ကနေစတဲ့ အချစ်ဇာတ်လမ်းလေးလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းသဘောကတော့ ဂျက်ခ်က နယူးရော့ခ်မှာ နေထိုင်ပြီး အင်တာနက်လောင်းကစားလုပ်တဲ့လူတစ် ယောက်ပါ၊ အပြာဝက်ဘ်ဆိုဒ်တစ်ခုက အဖော်အချွတ် မယ်လေး စကားလက်နဲ့ စကားတွေပြောဖြစ်ရင်း ချစ်မိ တဲ့ အဆင့်ထိရောက်သွားတာပေါ့။ ဆန်ဖရန်စစ္စကိုက အဖော်အချွတ်မယ်လေးကို အမှတ်မထင် နယူးရော့ခ်က ညတစ်ညမှာ ရှာတွေ့သွားရင်းက စိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာပြီး ဇာတ်လမ်းတွေဖြစ်တယ့်အကြောင်း လေးပါ။လူနှစ်ဦးကြားက စိတ်ကူးယဉ်ဘဝနဲ့ လက်ရှိဘဝလေးကို ချိန်ထိုးပြထားတဲ့ ဇာတ်လမ်းလေးပါ။ ဝတ်လစ်စလစ်ခန်း တွေ ရှင်းရှင်းလင်းလင်းပါပေမယ့်လည်း အပြာကားပုံစံ မဟုတ်ပဲ romanceဖြစ်လောက်အောင်အထိ ဇာတ်လမ်း ဇာတ်ကွက်ဆန်းတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ZMT ဖြစ်ပါတယ်)File Size..........(1.6 GB) / (539 MB) / (288 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adult, Drama Translator.......ZMT Encoder..........AdminX
movie

[18+]PVT Chat (2020)

2020
The Foggy Mountain (2020) 5.9
The Foggy Mountain (2020) The Foggy Mountain (2020)ဒါကတော့ 2020 လောက်ကထွက်ထားတဲ့ Vietnam action ကားလေးဖြစ်ပါတယ်။ IMDb မှာတော့ 5.9/10 ရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းမှကြည့်ချင်တယ်ဆိုသူများအတွက် သင့်တော်မယ့် ဇာတ်ကြမ်းကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အငြိမ်းစားယူပြီး မျက်မမြင်မိန်းမနဲ့ပဲ အချိန်ပေးနေတဲ့ ဖိုက်တာဟောင်းကြီးတစ်ယောက်အကြောင်းပါ။ မိန်းမဖြစ်သူရဲ့မျက်လုံးကိုရအောင်ကုပေးဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ အလုပ်ရှင်ဟောင်းမှပေးတဲ့ တာဝန်ကို ငြင်းပယ်လိုက်တဲ့အတွက်ကြောင့် အလုပ်ရှင် ဂိုဏ်းစတားခေါင်းဆောင်ဟာ ဖိုက်တာဟောင်းကြီးရဲ့ မိန်းမကို သတ်လိုက်ပါတာ့တယ်။ ဒီအတွက် သူ သူ့မိန်းမအတွက် ဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါခင်ဗျ။ အက်ရှင်ခန်းတွေအများကြီးနဲ့ ဇာတ်ကြမ်းကားပီသတဲ့အတွက်ကြောင့် Actionသမားတွေအတွက် တင်ပေးလိုက်ပါတယ်ခင်ဗျ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p | 480p File size… 1.4GB | 758MB | 359MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier ...
movie

The Foggy Mountain (2020)

2020
Riki Rhino (2020) 6.1
Riki Rhino (2020) Riki Rhino (2020) ============= IMDb Rating - 6.1/10ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားကသစ်တော တစ်ခုမှာ လူတွေကအမဲလိုက်ရုံတင်မကဘူး သစ်တောတွေကို မီးရှို့ဖျက်ဆီးကြတယ်။ အဲ့လိုမီးရှို့ကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာ မျိုးတုန်းသွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေး ရီကီက အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ ရီကီဟာတစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စိတ်ရော ကိုယ်ပါကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့ စိတ်ထားတွေကြောင့် တောတစ်ခွင်မှာနာမည်ကြီးလာတယ်။ဒီလိုနဲ့တစ်နေ့မှာ အမဲလိုက်မုဆိုးတစ်ယောက်ဟာ ရီကီကိုဖမ်းဖို့ ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာရီကီလေး လွှတ်လာပါတယ်။ လွှတ်တာတယ်ဆိုပေမယ့် ရီကီရဲ့ကြံ့ချိုဟာ မုဆိုး ဆီမှာကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက်သူ့ကိုယ်သူစိတ်ပျက်အားငယ် သွားနေခဲ့ရတာပေါ့။ နောက်မှာတော့ သူ့မိတ်ဆွေဘဲကလေး ဘန်နီနဲ့ ချိုအသစ်ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ် တောတစ်ခွင်မှာလိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.11 GB) / (759 MB) / (528 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Tin Myo Lwin Encoder..........SWM
movie

Riki Rhino (2020)

2020
(18+) X Zone (2020)
(18+) X Zone (2020) X Zone (2020)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘောလီဝုဒ် ၁၈ အပေါင်း ကားလေးပဲ ဖြစ်ပါတယ်နော်၁၈ အပေါင်းအခန်းတွေလည်း ပါဝင်သလို သည်းထိတ်ရင်ဖို ခြောက်ခြားစရာအခန်းများလည်းပါလို့ စောင်ကိုက်တဲ့သူကကိုက်..ခြုံတဲ့သူက ခြုံ.. FA တွေဆိုရင်တော့ ထိုင်ငိုလို့ရအောင် တစ်သျှူးပါဆောင်ထားကြနော်။ဇာတ်လမ်းအကျဉ်း...။လူငယ်သဘာဝ စွန့်စားချင်တဲ့ သူငယ်ချင်းအုပ်စုတစ်စုဟာ အတွဲကိုယ်စီနဲ့ တောကြီးမျက်မည်းထဲက အပန်းဖြေအိမ်ကြီးတစ်ခုဆီ အပန်းဖြေခရီးထွက်လာကြပါတယ်။ညရောက်တော့ သူတို့လေးတွေ ပျော်ပျော်ပါးပါးဆော့ကစားကြတယ် သောက်စားကြတယ်ပေါ့။ဒါပေမဲ့ အဲ့ဒီအိမ်ကြီးက ခြောက်နေတာကို သူတို့မသိကြရှာဘူး။ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကလည်း သူတို့မရိပ်မိခင်မှာဘဲ တဖြည်းဖြည်း အရှိန်တက်လာနေခဲ့ပါတယ်။သူတို့တွေအားလုံးကလည်း ကိုယ့်စိတ်ကူး ကိုယ့်အကြံကိုယ်စီနဲ့ ဒီခရီးကို ထွက်လာခဲ့ကြတာပေါ့။ဒီလိုနဲ့ သူတို့တွေကြားမှာ လူသတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဘယ်သူဘယ်ဝါသတ်လို့သတ်မှန်းမသိကြဘဲ အချင်းချင်းကလည်း သံသယစိတ်တွေဝင်လာကြပါပြီ။ကဲ ဆက်လက်ပြီး ရင်ခုန်ရမယ့်အပိုင်းကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပြီး သူတို့သူငယ်ချင်းတွေအားလုံး လွတ်မြောက်နိုင်ပါ့မလား...။ဒီအိမ်ကြီးရဲ့တကယ့်ဖြစ်ရပ်မှန် နောက်ကြောင်းရာဇဝင်က ဘာတွေဖြစ်နေမလဲဆိုတာကိုတော့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…1.6GB  / 757MB Quality…1080p WEB DL /720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil
movie

(18+) X Zone (2020)

2020
What We Found (2020) 5.3
What We Found (2020) What We Found (2020) =================သင်သာ ကျောင်းသားကား Teen Drama မျိုးကို ကြိုက်နှစ်သက်သူ ဖြစ်တယ်ဆိုရင် ဒီကားဟာ သင့်အတွက်ပါပဲ။ Mystery, Thriller အမျိုးအစားလည်းဖြစ်တာမို့ ပျင်းရိစရာမကောင်းပါဘူး။မားကပ်စ်ဟာ ဘယ်တီမိုး အထက်တန်းကျောင်းမှာ ပထမနှစ်တက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။သူ့မှာ အလယ်တန်းကျောင်းကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ဟော်လီနဲ့ ဂရန့်တ်တို့ ရှိပါတယ်။ ဂရန့်တ်ကတော့ အထက်‌တန်းမှာ တစ်ခြားကျောင်းကို ပြောင်း သွားခဲ့ပြီး ဘယ်တီမိုးမှာတော့ မားကပ်စ်နဲ့ ဟော်လီတို့သာ ကျန်ခဲ့ပါတယ်။ မားကပ်စ်ဟာ အလယ်တန်းမှာကတည်းက အနိုင်ကျင့်ခံခဲ့ရသလိုမျိုး အထက် တန်းကျောင်းမှာလည်း မဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် အဲလိုမျိုး ဖြစ်မလာခဲ့ပါဘူး။အထက်တန်းမှာ တက်နေရင်း သူ့ကို ငယ်ငယ်က ကလေးထိန်းလုပ်ခဲ့တဲ့ ကက်စီ ဆိုတဲ့ ကောင်မလေးနဲ့ ပြန်တွေ့ခဲ့ပါတယ်။ ကက်စီဟာ မားကပ်စ် အနိုင်ကျင့် ခံနေရတုန်းမှာ ဝင်ပြီး ကူညီပေးခဲ့ပါတယ်။  ဒီလိုနဲ့ တစ်နေ့မှာတော့ ကျောင်းက အပြန် ကက်စီတစ်ယောက် ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ ရဲတွေလည်း လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ ဘယ်တီမိုးမြို့မှာလည်း အရင်က ဒါနယ်လ်ဆိုတဲ့ ဆယ်ကျော်သက် တစ်ယောက်ဟာလည်း ...
movie

What We Found (2020)

2020
(18+) Tasty Brother (2020)
(18+) Tasty Brother (2020) Tasty Brother 2020(18+)ဒီတစ်ခေါက်တော့ နယ်ကနေ အလုပ်ရှာဖို့တက်လာတဲ့ ဝမ်းကွဲညီမလေးနဲ့ ချစ်ရည်လူးကြတဲ့ အကိုနဲ့ ညီမလေး ဇာတ်ကားလေးပါ ထူးထူးဆန်းဆန်း မကြားစဖူး အကြားထူးတဲ့ ကားလေးပါပဲ အကိုက ခပ်တည်တည်နေပေမဲ့ အပေးအယူကောင်းတဲ့ ညီမလေးကြောင့် မျောပါသွားပြီး အချစ်နွံထဲ နစ်သွားတဲ့ အစ်ကိုတစ်ယောက်အကြောင်း ဖော်ညွှန်းရိုက်ကူးထားတဲ့ Tasty Brother ဆိုတဲ့ အရသာရှိတဲ့ အကိုအကြောင်း ဇာတ်ကားလေးပါပဲ။ဒါတော့ ၁၈ ယောက် မကြည့်ဘဲ တစ်ယောက်တည်း ကြည့်ဖို့ လိုမယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။Genre..... Adult, Drama Quality…. 720p | 480p File size… 704MB | 268MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rookie Encoder ..... Blank
movie

(18+) Tasty Brother (2020)

2020
Little Fish (2020) 6.9
Little Fish (2020) Little Fish (2020)~ IMDb - 6.9/10, Rotten Tomatoes - 91% ~House of the Dragon ထဲမှာ Alicent Hightower အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမအိုလီဗီယာလေးက တိကုဆရာဝန်မလေးနေရာက ပါဝင်ထားပြီး ဒရာမာ၊ အချစ်၊ သိပ္ပံ အမျိုးအစားစုံတာမို့ အရသာစုံတဲ့ ထမင်းဝိုင်းလိုကားလေးပါ။ ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့လည်း Timeline ကစားထားတာတွေကို လေ့လာလို့ရမယ့်ကားလေးပေါ့။အမှတ်တရဆိုတာက လူသားတွေရဲ့ဇာတ်လမ်းကို ပြန်ပြောင်း ပြောပြဖို့အတွက် အရေးကြီးတဲ့ အထူးအခိုက်အတန့်လေးတွေပါတဲ့…။ အကယ်၍များ ဒီလို အမှတ်တရတွေ သိုမှီးထားတဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်ရော…NIA လို့ခေါ်တဲ့ မှတ်ဉာဏ်တွေကို ပျောက်ကွယ်သွားစေတဲ့ ရောဂါတစ်မျိုးဟာ ကမ္ဘာမှာ ပျံ့နှံ့လို့နေပါတယ်။ ကုရာနတ္ထိ ဆေးမရှိသေးတဲ့အပြင် မှတ်ဉာဏ်ပျောက်ဆုံးသွားသူတွေရဲ့ သံသယက သူတို့ကို ချစ်ခင်သူတွေကို စည်းတားသလိုဖြစ်သွားတာတွေ ဒုနဲ့ဒေးပါ။ ဒီလိုအခြေအနေ အရပ်ရပ်တွေကို ဓါတ်ပုံဆရာလေးနဲ့ တိကုဆရာဝန်မလေးတို့ ...
movie

Little Fish (2020)

2020
Bad Candy (2020) 4.8
Bad Candy (2020) Bad Candy (2020) ==============တစ်ချိန်တည်း တစ်မြို့တည်းမှာ တချို့တွေကပျော်ပါးနေပြီး တချို့တွေက လူမသိသူမသိကမ္ဘာပျက်နေတဲ့အဖြစ်မျိုးတွေ မြင်ဖူးမှာပါ။ ဒီဇာတ်လမ်း ထဲမှာပါတဲ့ နယူဆဲလမ်မြို့လေးရဲ့ ဟောလိုး၀င်းညဟာလည်း အဲဒီလိုပါပဲ။နယူဆဲလမ်မှာ Chilly Billy ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့။ ဟောလိုး၀င်းညမှာ တင်ဆက်သူ ဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလို ရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ ပြောရမယ်ထင်ပါတယ်။လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့ အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ကမ္ဘာ ပျက်သလိုခံစားကြရမလဲဆိုတာ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Slipknot band ရဲ့ lead vocalist, Corey Taylor ကလည်း Chilly Billy ရဲ့တင်ဆက်သူ ဘီလီနေရာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊ ၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့ စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.68 GB) / (652 MB) / ...
movie

Bad Candy (2020)

2020
The High Note (2020) 6.4
The High Note (2020) The High Note (2020)~ IMDb - 6.4/10, Rotten Tomatoes - 71% ~မာဂရက် ရှားဝုဒ် (မက်ဂ်) ဆိုတဲ့ ကောင်မလေးဟာ တန်းဝင်အဆိုတော်ကြီး ဂရေ့စ် ဒေးဗစ် ရဲ့ အတွင်းရေးမှူးလေးတစ်ယောက်ပေါ့။ မက်ဂ်ရဲ့ မိခင်က အဆိုတော်၊ ဖခင်က ရေဒီယိုအစီအစဉ်မှူးဆိုတော့ ဂီတနဲ့ ရင်းနှီးသူဖြစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ဂရေ့စ်ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်လာချင်တာပါ။ ဒါပေမဲ့ ငယ်ရွယ်နုနယ်လွန်းတာကြောင့် ယုံကြည်မှုမရရှာတော့ တိတ်တိတ်လေးခိုးပြီး သီချင်းလေးတွေ အစမ်းထုတ်လုပ်ကြည့်နေသူပေါ့။ဒီလိုနဲ့ အသံသိပ်ကောင်းပြီး ဆွဲဆောင်အားပြင်းတဲ့ ကောင်လေးတစ်ယောက်ကို ချစ်လည်းချစ်မိ၊ အသံကိုလည်း ကြွေခဲ့ရတဲ့ မက်ဂ်က သူ့ကို သီချင်းတွေ ထုတ်လုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ ဂရေ့စ်ဆီရယ်၊ ကောင်လေးဆီရယ် အပြန်အလှန် ပြေးပြေးလွှားလွှားနဲ့ သူ့ရဲ့ ထုတ်လုပ်ရေးမှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်လာတဲ့အခါ၊ မက်ဂ်တစ်ယောက် ငါးရံ့နှစ်ကောင်ဖမ်းရင်း ...
movie

The High Note (2020)

2020
Beauty Water (2020) 6.1
Beauty Water (2020) Beauty Water (2020) =============== IMDb Rating - 6.1/10ဒီတစ်ခါမှာတော့ ပုံမှန်ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့မတူဘဲ ကိုရီးယားနိုင်ငံမှာ သူတို့ရဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အလှအပစံနှုန်းတွေနဲ့ လွှမ်းမိုးခံရမှုတွေအကြောင်း စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ကိုရီးယား animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရယ်ဂျီဟာ ငယ်စဉ်ကတည်းက မလှပတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့်  အနှိမ်ခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ မိတ်ကပ်ဆရာမတစ်ယောက် အနေနဲ့ အလုပ်လုပ်နေပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် အလုပ်မှာရော  လူမှုဘဝ မှာပါ အဆင်မပြေဘဲ လောကကြီးကို အမြဲမကောင်းမြင်နေတတ်တာပါ။တနေ့မှာတော့ ရယ်ဂျီဟာ မထင်မှတ်ဘဲ scam mail တစ်ခုကို မှားနှိပ််မိပြီး အလှရည် တစ်ပုလင်း သူ့ဆီကို ပါဆယ်ရောက်လာပါတော့တယ်။ အဲဒီ အလှရည်နဲ့ပြုပြင်လိုက်ရုံနဲ့ သူမတူအောင် လှပချောမောတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားတဲ့အခါ….. ရယ်ဂျီဟာ ဒီအလှရည်နဲ့ သူ ငယ်ငယ်ကတည်းက မက်မောခဲ့ရတဲ့ ခေါင်းအစခြေအဆုံး လှပလွန်းတဲ့ရုပ်ရည်ကို မရအရယူဖို့အတွက် ကြိုးစားခဲ့တဲ့အခါမှာတော့ ……. ရယ်ဂျီဟာ လှဖို့အတွက်ဆို ဘာမဆိုလုပ်ရဲလာပါတော့တယ် ……ဒီလိုနဲ့ ကိုရီးယားနဲ့အလှအပနဲ့ပက်သက်တဲ့ စံနှုန်းတွေ သတ်မှတ်ချက်တွေနဲ့ ဖိနှိပ်ခံစားခဲ့ ရတဲ့ လူတစ်ယောက်၊ ရယ်ဂျီပေးဆပ်ရမယ့် အလှတရားရဲ့ ...
movie

Beauty Water (2020)

2020
Lucky (2020) 5.0
Lucky (2020) Lucky (2020) ===========ဇာတ်လမ်းနာမည် Lucky ပေမဲ့ တကယ် Lucky ဖို့ မလွယ်တဲ့ Horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မေရိုင်ယာဟာ အတော်အသင့်လူသိတဲ့အိမ်‌ထောင်သည် စာရေးဆရာမ တစ်ယောက်ပါ။ တစ်ည မေနဲ့ သူ့ယောက်ျားဖြစ်သူတက်ဒ်တို့ အိပ်မောကျနေစဉ် မေတစ်ယောက် ဖျတ်ကနဲလန့်နိုးလာပါတယ်။ အိမ်ရဲ့ဧည့်ခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ ရပ်နေတဲ့လူစိမ်းတစ်ယောက်ကို ထိတ်လန့်စရာတွေ့ လိုက်ရပါတယ်။တက်ဒ်ကိုထိတ်လန့်တကြားနှိုးပြီး လူစိမ်းကိုရင်ဆိုင်ကြရာ တက်ဒ်ရော မျက်နှာဖုံးတပ် လူစိမ်းပါ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူစိမ်းဟာ လဲကျနေရာက ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ မနက်ရောက်တဲ့အခါမှာ မေနဲ့တက်ဒ်စကားများပြီး တက်ဒ် ထွက်သွားခဲ့ပါတယ်။ နောက်တစ်ညမှာ‌ ရောက်လာပြန်လာတဲ့လူစိမ်းကို မေတစ်ယောက် တည်း ရင်ဆိုင်ခဲ့ရပါတယ်။ လူစိမ်းကိုဘယ်လိုပဲဒဏ်ရာရအောင်လုပ်ပေမဲ့ ညတိုင်း လာနေဆဲ၊ ထူးဆန်းစွာပျောက်ဆုံးသွားမြဲဖြစ်နေတာကတော့ အတော်ထူးဆန်းလွန်းပါတယ်။ဒီလိုနဲ့ မေတစ်ယောက် သူ့ကိုသတ်ဖို့ညတိုင်းရောက်လာမြဲဖြစ်တဲ့လူစိမ်းကို ဘယ်လို ရင်ဆိုင်မလဲ၊ လူစိမ်းကဘယ်သူဖြစ်နေမလဲ၊ မေကိုယ်တိုင်ကြုံနေရတာတွေက အိပ်မက်လား တကယ်လား... ဆိုတာတွေကို သို့လောသို့လော ဒွိဟတွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရမှာပါ။ ဒီကားလေးမှာ တွေးတောစရာတွေပါတဲ့ တကယ်အသည်းအေးစရာဇာတ်လမ်းမို့ Horror ချစ်သူတို့ လက်မလွတ်တမ်းကြည့်သင့်ပါကြောင်းပြောကြားချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(920 MB) / ...
movie

Lucky (2020)

2020
BLACKPINK Summer Diary in Seoul (2020) 8.6
BLACKPINK Summer Diary in Seoul (2020) BLACKPINK Summer Diary in Seoul (2022)Blink​တွေအတွက် BLACKPINKရဲ့ variety showအ​ဟောင်း​တွေထဲက တစ်ခုဖြစ်ပြီး Iconic clips​တွေ အများကြီးထွက်ခဲ့တဲ့ BLACKPINK's Summer Diary in Seoul(2020)ကို တင်ဆက်​ပေးလိုက်ပါတယ်။ဒီထဲမှာ​တော့ BLACKPINKအဖွဲ့ဝင်​ ၄​ယောက်ဖြစ်တဲ့ ဂျန်းနီ ဂျီဆူး လီဆာနဲ့ ရိုဂျယ်တို့ဟာ ဆိုးလ်မြို့လယ်​ခေါင်က ဆိတ်ငြိမ်​အေးချမ်းတဲ့ ရိုးရာ​အိမ်​လေးတစ်အိမ်မှာ ဂိမ်းမစ်ရှင်​တွေကို ကစားပြီး ​ရွှေ​​သော့ကို ရယူပိုင်ဆိုင်ဖို့ ကြိုးစားရမှာပါ။ ​ရွှေ​​သော့ကိုရဖို့ BLACKPINK vs ရိုက်ကူး​ရေးဝန်ထမ်း​တွေ အဓိကအားပြိုင်ရမှာဆို​ပေမယ့် BLACKPINK အဖွဲ့ထဲမှာ X-Manလို့​​​ခေါ်တဲ့ စပိုင်တစ်​ယောက်က ဂိမ်း​တွေကို မနိုင်​အောင် လိုက်လံ​နှောင့်ယှက်ရမှာပါ။ အဲဒီX-Manက ဘယ်သူဖြစ်​နေမလဲ၊ ရွှေ​​သော့ကို ရ​အောင်လုသွားနိုင်မှာလား၊ မန်ဘာ​တွေကပဲ X-Manကို ​ဖော်ထုတ်ပြီး ​ရွှေ​သော့ကို အရယူသွားနိုင်မလား ​စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p ...
movie

BLACKPINK Summer Diary in Seoul (2020)

2020
Over the Sky (2020) 5.4
Over the Sky (2020) Over the Sky (2020)===============ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2020ကထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Yoshinobu Senaရဲ့ လက်ရာလေးပါပဲ။ (၃)ပွင့်ဆိုင်အချစ်ဇာတ်လမ်းဆိုတာမျိုး တော်တော်များများကြုံဖူး ကြားဖူးကြမှာပါ။ ဒီanime လေးမှာတော့ မီအို အာရာတာနဲ့ မာဒိုကာတို့ သူငယ်ချင်း(၃)ဦးမှာ အာရာတာကို ၂ယောက်လုံးက ကြိတ်ကြွေနေကြပါ တယ်။ မင်းသမီး မီအိုကတော့ go with the flow type မို့ အရာရာကို လွယ်လွယ်နဲ့ အရှုံးပေးတတ်တယ်။မီအိုနဲ့ အာရာတာကတော့ ငယ်သူငယ်ချင်းတွေမို့ ပိုရင်းနှီးကြတယ်။ ဒါကို မခံစားနိုင်တဲ့ မာဒိုကာက တစ်နေ့မှာ မီအိုကို သူအာရာတာကို စိတ်ဝင်စား နေကြောင်း ဖွင့်ဟလာတဲ့အခါ မီအိုက အားပေးအားမြှောက်လုပ်လိုက်ပါ သေးတယ်။ တစ်နေ့ မီအိုနဲ့ အာရာတာတို့ လျှောက်လည်ရင်း စကားများ ကြတယ် စကားလွန်မိတယ်။ ဒါကိုပြန်တောင်းပန်ဖို့ မီအိုခမျာ အပြေးသွားတဲ့ လမ်းမှာတင် accident တစ်ခုကို ကြုံလိုက်ရပြီး ဝိဉာဉ်လွင့်သွားပါတော့တယ်။သူ့ခံစားချက်အစစ်အမှန်တွေကို မပြောလိုက်ရတာမို့ မီအိုကတော့ ဘဝမကူးဘဲ ကြားကမ္ဘာမှာတင် လူ့လောကကို ပြန်သွားနိုင်ဖို့ အစွမ်းကုန် ကြိုးစားရပါတော့တယ်။ အဆုံးမှာ သူလူ့လောကကို ...
movie

Over the Sky (2020)

2020