Channel Myanmar
2020
New Baby (2020) 7.3
New Baby (2020) အနုအယွ 18အပေါင်းကားလေးတွေ မျှော်နေတဲ့ ဘဒိုတို့အတွက် Fox ကတော်တော်ကြာကြာပျောက်နေရာကနေ ပြန်လည်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကြောင်းလေးမပြောခင် ဇာတ်ကားထဲက ဆော်လေးအကြောင်းအရင်ပြောချင်တယ်။ ဆော်လေးနှစ်ပွေပါတယ်။ တစ်ပွေက အခုခေတ်စားနေတဲ့ fbမှာဘဒိုတို့ ပြေးပြေးကြည့်နေတဲ့ ဆယ်လီမမနဲ့ ခန္ဓာကိုယ်အချိုးအစား မျက်နှာပေါက်လေးက ခပ်ဆင်ဆင်လို့တောင်ပြောလို့ရတယ်။ ဆော်လေးတွေကရေလည်အလွင့်။နှစ်ယောက်ပါတယ်။ နှစ်ယောက်လုံးက အကိတ်။ဘဲကြီးတွေဆို အငမ်းမရပဲ။ ကဲ ဇာတ်လမ်းကိုသွားမယ်။ ဇာတ်လမ်းကအဘိုးကြီးတယောက်မှာမွေးစားသားတစ်ယောက်ရှိတယ်။ အဲ့ဒီမွေးစားသားမှာ မိန်းမရှိတယ်။ သူမိန်းမနဲ့ အဖိုးကြီးက ဘာညာကွိကွရှိသလို အဖိုးကြီးမှာကလည်း ဆေးပေးမီးယူ စမောလေးလျှိုထားတာရှိသေးတယ်။ အဲ့စမောလေးကလည်း မွေးသားသားနဲ့ သိုင်းချနေကြ ကလေးမ။ အဲ့လို လေးပွင့်ဆိုင် အချစ်ပြိုင်ပွဲကားဆိုလည်းမမှားဖူး။ ဘယ်သူနိုင်နိုင် ပြိုင်ကြတဲ့အခါ နောက်ဆုံးဘယ်သူနိုင်ပြီး ဘယ်သူ ခြေကုန်လက်ပန်းကျမလဲဆိုတာတော့ ကိုယ့်ဘာကိုပဲအားမွေးကြည့်လိုက်ကြတော့။ ထပ်ညွှန်းရရင် ဆော်တွေကိုဖြုတ်ထားတာ ကိုရီးယားကားတွေထုံးစံအတိုင်း step by stepသွားထားတယ်။ တခြားကားတွေလို ဒုံးဒိုင်းအုန်းဂွမ်းသွားဖူး။ ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ ဆွဲထားတယ်။ သိချင်တယ်ဆိုရင်တော့ ဒေါင်းသာကြည့်တော့။ မဟုတ်လည်း ကြည့်မယ်ဆိုတာသိနေတယ်။
movie
New Baby (2020)
2020
Intruder (2020) 7.0
Intruder (2020) ဇနီးဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းမှုနဲ့နေထိုင်နေရတဲ့ ဂန်ဆောဂျင်းဆိုတဲ့ နာမည်ကြီးဗိသုကာပညာရှင်တစ်ယောက် ငယ်ငယ်လေးတုန်းက ညီမဖြစ်သူယူဂျင်းပျောက်သွားခဲ့လို့ အဲဒီစိတ်ဒဏ်ရာကိုလည်း ခံစားနေရတယ် ၂၅နှစ်အကြာမှာတော့ ပျောက်ဆုံးသွားတဲ့ညီမဖြစ်သူက မိသားစုဆီကို ရုတ်တရက်ပြန်လည်ရောက်ရှိလာခဲ့တယ် ပြန်လည်ရောက်ရှိလာတဲ့ ညီမဖြစ်သူရဲ့ပုံမမှန်မှုတွေကို ဆောဂျင်းတစ်ယောက် မသိစိတ်ကနေ ခံစားနေရတဲ့အခါ... ပရိသတ်အချစ်တော် ဆုန်းဂျီဟိုရဲ့ မကြာသေးခင်ကမှပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ ဆုန်းဂျီဟိုနဲ့ဂင်မူယောတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီတဲ့သရုပ်ဆောင်မှုကို ခံစားသိမြင်ရပါလိမ့်မယ် ပုံမှန်အေးဆေးတဲ့ဂျီဟိုတစ်ယောက် ဘယ်လိုပြောင်းလဲသရုပ်ဆောင်ထားလဲဆိုတာ ဒီဇာတ်ကားလေးမှာ မြင်တွေ့နိုင်ပါလိမ့်မယ် Mystery/Thriller အမျိုးအစားဇာတ်ကားလေးဖြစ်လို့ ရုံးပိတ်ရက်ညလေးနဲ့ လိုက်ဖက်မှာအမှန်ပါပဲ    File Size -  1.4GB Quality - Web-Dl 1080p Subtitle - Burmese (Hardsub) Translator - Phu Nge Nge Thein Encoder - Thit San Khant
movie
Intruder (2020)
2020
HIT: The First Case (2020) 7.8
HIT: The First Case (2020) HIT: The First Case (2020)====================IMDb Rating - 7.8/10#Unicodeသီချင်းမဆိုတဲ့ကုလားကား မကတဲ့ကုလားကားဆိုပြီး မေးတတ်ခဲ့တဲ့လူတွေအတွက် Hit: The First Case (2020)ကားလေးလာပါပြီ။ ဒီကားလေးက IMDb 7.8 တောင်ရထားပြီး လူတစ်ရာမှာ ၉၄ ယောက်ကြိုက်နှစ်သက်တဲ့မှုခင်းဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အတိတ်ကကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် Panic Attackခံစားနေရတဲ့ ရဲအရာရှိ ဗစ်ခရန် တစ်ယောက် ဆေးခွင့်နဲ့ ခြောက်လလောက် အနားယူနေစဥ် သူ့ချစ်သူမိန်းကလေးသဲလွန်စမရှိပျောက်ဆုံးသွားပါတယ်။ သူ့ချစ်သူက မှုခင်းဆေးဘက်ဆိုင်ရာဌာနမှဖြစ်ပြီး သူမ မပျောက်ဆုံးခင်အဝေးပြေးလမ်းပေါ်မှာ ၁၈ နှစ်အရွယ်မိန်းကလေး ပရီတီ ပြန်ပေးဆွဲခံရတဲ့အမှုကို စစ်ဆေးနေတာပါ။ ချစ်သူအမှုကို ကိုယ်ရေးကိုယ်တာဖြစ်လို့ ကိုင်တွယ်ခွင့်မရတဲ့ ဗစ်ခရန်ဟာ ဆက်စပ်နေတဲ့ ပရီတီ့အမှုကို လိုက်လံစစ်ဆေးဖော်ထုတ်နေရင်း ဇာတ်ရှိန်မကျဘဲ ဆက်တိုက် စိတ်ဝင်စားဖွယ်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း အာမခံပါတယ်။ စုံထောက်ကားကြိုက်တဲ့လူတွေ ဗစ်ခရန်နဲ့အတူ တရားခံဘယ်သူလဲဆိုတာ တူတူမှန်းဆကြည့်ရအောင်နော် . ...
movie
HIT: The First Case (2020)
2020
Soul (2020) 8.0
Soul (2020) မ​လေးရှားစုန်းသရဲကားကိုသ​ဘောကျတဲ့သူ​တွေအတွက် အသစ်စက်စက် August 6ရက်​နေ့မှ Malaysiaမှာreleaseလုပ်မယ့် ကား​လေးပါ လူ​တွေနဲ့​ဝေးရာ​တောကြီးထဲမှာ အာလုံတို့​မောင်နှမ၂​ယောက်ရယ် သူတို့အ​မေရယ်၃​ယောက်​နေထိုင်ကြပါတယ် တစ်​​နေ့အာလုံ​တော့​မောင်နှမ၂​ယောက်​တောထဲမှာ​​​လျှောက်သွားရင်း က​လေးမ​​လေးတစ်​ယောက်ကို​တွေ့လို့အိမ်ကို​ခေါ်လာခဲ့ကြတယ် ​အဲ့က​လေးမ​​လေးကိုသူတို့ကလမ်း​ပျောက်​နေတယ်ထက်လို့ အိမ်မှာခဏ​ပေး​နေထားတယ် ​ နောက်​နေ့မနက်​ရောက်​တော့ အဲ့က​လေးမ​လေးက ရုတ်တရက် "ဒီမိသားစုကလူ​တွေအကုန်​သေလိမ့်မယ်" လို့​ပြောပြီး သူ့လည်ပင်းသူဖြတ်ပြီးသတ်​သေသွားတယ် အဲ့က​နေ့စပြီး သူတို့မိသားစု၃​ယောက်အခက်အခဲ​တွေနဲ့ ဆက်တိုက်ကြုံရပါ​လေ​ရော .... သူတို့​တွေအကုန်က​လေးမ​လေး​ပြောသလို​သေမှာလား... က​လေးမ​လေးက​ကော ဘယ်က​ရောက်လာလဲဆိုတာ... ဆက်ပြီးကြည့်လိုက်ပါဦးလို့   File Size -  600mb Quality - web-dl 720p Subtitle -  burmese Translator - Dolly Encoder - Thit San Khant
movie
Soul (2020)
2020
The Kissing Booth 2 6.2
The Kissing Booth 2 လာပါပြီ အကုန်လုံး​စောင့်​မျှော်​နေကြတဲ့ Kissing Booth 2 ..... အခု 2 မှာ​တော့ မင်းသမီးအယ်ဗန်စ်နဲ့သူ့​ဘော်ဒါလီတို့ ဖိုင်နယ်​ကျောင်းသား​တွေဖြစ်သွားကြပါပြီ မင်းသားနိုအာကလည်း ​​ကျောင်းဆက်တက်ဖို့အတွက် ​ ဘော်စတွန်ကိုထွက်သွားရပါတယ် လီမှာကလည်း ​ရေချယ်ဆိုတဲ့ကောင်မ​လေး နဲ့ ချစ်သူ​တွေဖြစ်​နေကြပါတယ် မင်းသမီးအ​နေနဲ့နိုအာ့ကိုလွမ်း​နေတုန်း နိုအာက​တော့ ​ဘော်စတွန်မှာသူငယ်ချင်း​ ကောင်မ​လေးအသစ်ရသွားပါတယ် မင်းသမီးကလည်း ​နောက်ထပ် ​ စော်ကြည်ဘဲကောင်​လေးတစ်​ယောက်နဲ့သူငယ်ချင်းဖြစ်သွားပါတယ် အမြဲတပူးပူးတတွဲတွဲဖြစ်​နေကြ မင်းသမီးနဲ့လီတို့သူငယ်ချင်းနှစ်​ယောက်ကြားမှာ ​ ရေချယ်​ရောက်လာ​တော့ဘယ်လိုပြဿနာ​တွေဖြစ်လာမလဲ မင်းသမီးနဲ့နိုအာကြားက အချစ်​ရေးက​ကော ပျက်စီးသွားမလား ပိုပြီးခိုင်မာလာမှာလားဆိုတာ ဆက်ပြီးကြည့်ရှုပါဦးလို့.....    File Size -  1.8 gb Quality - web-dl 1080p Subtitle -  burmese Translator - Augsut , Pyae Shan Tun Wai , YK , Dolly Encoder - Thit San Khant
movie
The Kissing Booth 2
2020
(21+) The Girl on the Train (2020) 9.0
(21+) The Girl on the Train (2020) (၁၈ နှစ်အောက် လုံး၀ မကြည့်ရ) ဒီတခါတော့ ထူးခြားဆန်းကြယ်သိုင်းကျမ်းလေး တင်ဆက်ပေးလိုက်ပါပြီ.(function(f,b,n,j,x,e){})();မိန်းမကျမ်းကျေနေတဲ့ ကျော်ကြီးနဲ့ ဇော်ကြီးဟာ ရထားပေါ်မှာ စကားစမြည်ပြောရင်း မထင်မှတ်ပဲ စက်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်. သူတို့နှစ်ဉီးကလဲ စက်ကလေးစိတ်၀င်တစားကလိကြည့်တဲ့အခါမှာတော့ အချိန်ကို ရပ်တန့်လို့ရတဲ့ စက်လေး ဖြစ်နေခဲ့ပါတယ် အဲ့ဒါနဲ့သူတို့နှစ်ဉီးဟာ အကြံကြီးစွာနဲ့ မိန်းကလေး သီးသန့်ရှ်ိတဲ့ ရထားတွဲကို သွားပြီးအချိန်ရပ်တန့်ကာ ပျော်ရွှင်စွာသိုင်းကျင့်ကြပ့တယ်. ကံကောင်းတယ်ပဲပြောရမလား? သူတို့သွားတဲ့ရထားတွဲထဲမှာ ဖွံထွား ငယ်ရွယ်တဲ့ မိန်းကလေးက ၁၂ယောက်တောင်ရှိတာဆိုတော့ သိုင်းကို တ၀ကြီး ကျင့်လို့ရတာပေါ့ဗျာ. ကျော်ကြီးနဲ့ဇော်ကြီး ဘယ်လို သိုင်းကျမ်းတွေကျင့်မယ်ဆိုတာကို ဝိုးတိုးဝါးတား ဆင်ဆာမပါပဲ တင်ဆက်ပေးထားတာကြောင့် dsဖန်ကြီးအကြိုက် unsensorဗားရှင်းပေါဗျာ. ကဲ ဂူးအောင်းပြီး သိုင်းကျင့်ကြပါဦး.
movie
(21+) The Girl on the Train (2020)
2020
The Last Days of American Crime 6.2
The Last Days of American Crime   ဒီတစ်ခေါက်မှာတော့ စီအမ် ပရိတ်သတ်ကြီးအတွက် ဇွန်လ ၅ ရက်နေ့ကမှ ထွက်ထားတဲ့ ဇာတ်ကြမ်းကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားက ဂရေဟမ် ဘရစ် ရယ် ရှဲဘီ ဒူပရီး ရယ် ကီဗင် ကတ်ရှ် တို့ က ရဲ့ အကွက်ချပြီး ဘဏ်တိုက်ဖောက်ဖို့ကြိုးစားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် ဂရေဟမ် ဘရစ်က တစ်ယောက်တည်းကျန်ခဲ့တဲ့ ကြေးစားလူမိုက်လိုဖြစ်နေတာ သူ့ကို ဒူမိုးရစ် မိသားစုက လိုက်သတ်နေတယ် ဒူမိုးရစ် ရဲ့ သားက ကီဗင်ကတ်ရှ် ဒီကောင်ကလည်း သူ့အဖေနဲ့ ရန်သူလိုဖြစ်နေတာ သူ့ကောင်မလေးက ဒူပရီး အဲ့ဒီအချိန်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူး ပြည်သူတွေကို အေပီအိုင် ဆိုတဲ့ အာရုံကြောကို ထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခုကို အစိုးရက အကောင်အထည်ဖော်နေတယ် ဒါကိုပြည်သူတွေက လက်မခံဘူး ဆန္ဒတွေပြကြတယ် ကနေဒါကို ထွက်ပြေးကြတယ် ထွက်ပြေးတဲ့သူတွေကို အစိုးရက ဖမ်းတယ် ထောင်ချတယ် အဲ့ဒီအခါ ပိုပြီး ဆန္ဒပြမှုတွေပြင်းထန်လာတယ် ဒါကို အစိုးရကလည်း လက်မလျော့ဘူး ဆက်ပြီး အကောင်အထည်ဖော်တဲ့ အေပီအိုင် စနစ် ချပ်စ် ပြားလေးကို လူတွေရဲ့ ဉီးနှောက်ထဲထည့်ရင် ...
movie
The Last Days of American Crime
2020
The Silencing (2020) 6.1
The Silencing (2020) The Silencing (2020)================IMDb Rating - 6.1/10#Unicodeဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ IMDb 6.1 ရရှိထားတဲ့ The Silencing ဆိုတဲ့ဇာတ်ကားလေးပါ။  ဒီဇာတ်ကားဟာ action, crime, thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ရေဘန်ဆွမ်ဆန်ဟာ အမဲလိုက် မုဆိုးဘဝကိုစွန့်လွှတ်ပြီးတော့ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကြီးကို စောင့်ရှောက်နေတဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာတော့ မိန်းကလေးငယ်လေးတွေရဲ့ မူမမှန်တဲ့အသတ်ခံရခြင်းတွေဖြစ်လာတဲ့အခါ......သူ့ရဲ့ ရုတ်တရက်ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူကရောဒီကွင်းဆက်လူသတ်မှုထဲမှာ ပါဝင်နေမလားဆိုတာကို ရဲအရာရှိဂက်စတက်ဆင်နဲ့အတူ လိုက်လံစုံစမ်းကြတာကိုလျှို့ဝှက်သည်းဖိုဆန်ဆန်ကြည့်ရှုရမှာပါ။ရေဘန်ဆွမ်ဆန်အဖြစ် ကျွန်တော်တို့အကြိုက်မင်းသားတစ်ယောက်ဖြစ်တဲ့ Game of Thrones ဇာတ်လမ်းတွဲထဲမှJaime Lannister (Nikolaj Coster-Waidau) က ပါဝင်သရုပ်ဆောင်ထားပြီးတော့၊ ရဲအရာရှိဂက်စတက်ဆန်အဖြစ်Peaky Blinders ထဲက Thomas Shelby ရဲ့ အမျိုးသမီးလေး Grace က ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)#Zawgyiဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ IMDb 6.1 ရရှိထားတဲ့ The Silencing ဆိုတဲ့ဇာတ်ကားလေးပါ။ ...
movie
The Silencing (2020)
2020
Dew 7.3
Dew ဒီတစ်ခါတော့ ထိုင်း BL ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ၂၀၀၁ ခုနှစ်က မင်းသားကြီး လီဗြောင်ဟွန်း သရုပ်ဆောင်ထားတဲ့ Bungee jumping of their own ဆိုတဲ့ ကိုရီးယားဇာတ်ကားကို အခြေခံပြီး ရိုက်ကူးထားတာပါ။ "ဒျူး" ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ "ဒျူး" နဲ့ "ဖော့" ဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝမှာ ချစ်ကြိုးသွယ်ခဲ့မိကြပြီးတော့ ကံမကောင်းအကြောင်းမလှလို့ ဝေးခဲ့ကြပါတယ်။ ၂၃ နှစ်အကြာမှာတော့ "ဖော့" ဟာ ဒီအထက်တန်းကျောင်းမှာ ဆရာအနေနဲ့ လုပ်ကိုင်ဖို့ ရောက်ရှိလာပါတယ်။ "လျူ" ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ရှိချိန်မှာတော့ ..... ဇာတ်လမ်းက တဖြည်းဖြည်းချင်း အရှိန်တက်သွားတဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်။ အချစ်ဆိုတာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနိုင်တယ်ဆိုတဲ့ အကြောင်းကို တစ်မျိုးတစ်ဖုံနဲ့ ဇာတ်အလှည့်အပြောင်းတချို့နဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ BL ဇာတ်လမ်း ကြိုက်နှစ်သက်သူ မဟုတ်ရင်တောင် ဒီဇာတ်လမ်းကို ရုပ်ရှင်တစ်ကားအနေနဲ့ ခံစားမိမှာ သေချာတာမို့ တင်ဆက်ပေးလိုက်ရပါတယ်။ IMDb - 6.8/10 ရထားတဲ့ကားမို့ တော်ရုံတန်ရုံတော့ မဟုတ်တာ အာမခံပါတယ်။File Size - 1.3 gb Quality - web-dl ...
movie
Dew
2020
The Techniques of Fighting 2 (2020) 7.8
The Techniques of Fighting 2 (2020) ကိုရီးယား ဖိုက်တင် အက်ရှင်ကားတွေကိုကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်ကြီးတွေအတွက် နောက်ထပ် ကျောင်းသား ဖိုက်တင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကိုရီးယားကျောင်းသားတွေကြားမှာ တော်တော်များကြုံတွေ့ရတဲ့ ကျောင်းသား အချင်းချင်း ကျောင်းတွေမှာ ဖိုက်တင်မှာ အတော်ဆုံးဆိုတဲ့ဆရာကြီးဘွဲ့ကို လုရာကစပါတယ်။ ဒေါ့ဆန်းကျောင်းမှာ ဖိုက်တင်အတော်ဆုံး ကျောင်းသားက ဂွန်းအူပါ။ ဒါပေမယ့် သူကရန်ပွဲတစ်ခုမှ ရှုံးသွားလို့ ဆေးရုံတက်နေရတုန်း သူနေရာကို ဒေါ့ဆူဆိုတဲ့ ကျောင်းသားကြီးတစ်ယောက်က ဒေါ့ဆန်းက ဆရာကြီးဘွဲ့ကို ဆက်ခံလိုက်ပါတယ်။ အဲ့အချိန်မှာ ကျောင်းပြောင်းလာတဲ့ ဟော့ဆူဆိုတဲ့ ကျောင်းသားကလည်းပြောရရင် ပွဲရှာနေတဲ့သူတစ်ယောက်ပါ ဒေါ့ဆန်းကျောင်းကဆရာကြီးဆိုတဲ့ ဘွဲ့ကို လုဖို့ ဒေါ့ဆူကိုအနိုင်ယူလိုက်ပြီး ကျောင်းမှာ မင်းမူနေပြန်ပါတယ်။ ကျောင်းသားတွေထုံးစံအတိုင်း တစ်ကျောင်းနဲ့တစ်ကျောင်းနယ်ကျော်တာတွေ ရန်စတာတွေကြောင့်လည်း ဒေါ့ဆန်းကျောင်းက တခြားကျောင်းက ကျောင်းသားတွေရဲ့ ပစ်မှတ်လည်းဖြစ်လို့နေပြန်ပါတယ်။ ကျောင်းသားအချင်းချင်း ဆက်ကြေးကောက်တာတွေ အနိုင်ကျင့်တာတွေကို လက်ပိုက်ကြည့်မနေတတ်ပဲ အမှန်တရားဖက်က ဝင်ပါရင်း အခန့်မသင့်ချိန် အလစ်တိုက်ခံရပြီး ဆေးရုံတက်နေရတဲ့ ဂွန်းအူတစ်ယောက် ဒေါ့ဆန်းကိုပြန်ရောက်လာတဲ့အချိန် ဖိုက်တင်အတော်ဆုံးကျောင်းသားတွေအကြား ဗိုလ်လုပွဲတွေထပ်မံဖြစ်ပေါ်လာပါတယ်။ ဒါ့အပြင် ကျောင်းတွေမှာမိုက်ကြေးကောက် ဆက်ကြေးယူပြီးနေနေတဲ့ လူမိုက် ကျောင်းသားတွေပါ ဒီရန်ပွဲမှာပါဝင်လာတဲ့ အခါ ဘာဆက်ဖြစ်မယ်ဆိုတာတော့ ဖိုက်တင်ကြိုက်တဲ့ ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲကြည့်စေချင်ပါတယ်။ ကျောင်းသား Actionဆိုတော့ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန်ရသကို ခံစားမိစေပြီးကြည့်ပျော်တဲ့ ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ ဒီကားကိုကြည့်ပြီး ကျောင်းသားဘဝကရန်ပွဲတွေ အမှတ်တရတွေလည်းတဖန်ပြန်ခံစားမိမယ်လို့ ထင်ပါတယ်။ တိုက်ကွမ်ဒို နည်းစနစ်ရဲ့ အသုံးဝင်ပုံနဲ့ အသုံးချပုံတွေကိုလည်း လေ့လာနိုင်ပါတယ်။ ကျောင်းသားကားမျှော်နေတဲ့သူတွေ ကြည့်လို့အဆင်ပြေမယ့် ကားလေးတစ်ကားလို့ ညွှန်းချင်ပါတယ်။   File Size - 1.0 gb Quality - ...
movie
The Techniques of Fighting 2 (2020)
2020
A Stray Cat (2020) 7.3
A Stray Cat (2020) ဒီကားလေးကတော့ ယူတတ်ရင်သင်ခန်းစာရတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။ ရိုးလွန်းအလွန်းရင်လည်း အလိမ်အညာခံရသလို လည်လွန်းတဲ့သူတွေကျတော့လည်း ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်တစ်ဖက်သားကို လှည့်ပတ်လိမ်ညာတတ်တယ်ဆိုတဲ့ အကြောင်းအရာလေးကိုထည့်သွင်းပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မင်းသားဖြစ်တဲ့ ဓါတ်ပုံဆိုင်ပိုင်ရှင် ရိုးသားတဲ့လူပျိုကြီးက တစ်ကိုယ်တည်း ပိုက်ဆံတွေစု မင်္ဂလာဆောင်မယ်ဆိုတဲ့ အတွေးနဲ့ နေ့တိုင်း စိတ်ကူးယဉ်နေတဲ့သူပါ။ တရက်တော့သူဆိုင်ကိုမထင်မှတ်ပဲ ကောင်မလေး တစ်ယောက်က သူကိုလူဆိုးတွေလိုက်ဖမ်းနေလို့ပါဆိုပြီး ဆိုင်ထဲပြေးဝင်လာတယ်။ ကောင်မလေးကလည်းငယ်ငယ်ချောချောလေးဆိုတော့ လူပျိုကြီးက ကြွေတာပေါ့။ အဲ့ကောင်မလေးနောက်ကို လိုက်လာတဲ့ လူဆိုးတွေကို မလိမ်တတ်တဲ့ လူပျိုကြီးက ကြောက်ကြောက်နဲ့ လိမ်ပေးရင်း အဲ့ဒီအမည်မသိ နောက်ကြောင်းမသိ ကောင်မလေးနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ ဖြစ်လာခဲ့တယ်။ ကောင်မလေးပြောပြပုံအရဆိုရင် ကောင်မလေးက သိပ်ချမ်းသာတဲ့ လူဆိုးဂိုဏ်းတစ်ခုရဲ့ တစ်ဦးတည်းသော သမီးလေးပေါ့။ သူအဖေကသေသွားပြီး သူအဖေလက်အောက်က သစ္စာဖောက်တပည့်တွေက ကောင်မလေးကို ပြန်ပေးဆွဲပြီး သိန်းတစ်သောင်းကျော်အမွေကို အပိုင်ကြံလို့ ဒုက္ခရောက်နေရတဲ့ ဒုက္ခသည်မလေး။ သူကို လူဆိုးတွေလက်က ၁၅ရက်လောက် ဖွက်ထားပေးရင် ကောင်မလေးက လူပျိုကြီးကို သိန်းတစ်သောင်းအကုန်ပေးမယ် ပြောတယ်။ ဒါကိုသနားဂရုဏာသက်မိတဲ့ လူပျိုကြီးတစ်ယောက် ပထမတော့ငွေမက်လို့ အပေးအယူလက်ခံမိရာကနေ အဲ့ဒီကောင်မလေးနဲ့ ဘယ်လိုဖူးစာပါပြီးဇာတ်လမ်းဆက်မယ်။ ဘယ်လိုလှည့်ကွက်တွေကို ကြုံရမယ်ဆိုတာ ကိုယ်တိုင်ပဲဆက်လက်ရှုစားစေချင်ပါတယ်။ သေချာတာကတော့ ရိုးသားတဲ့သူတွေ အယုံမလွယ်ဖို့ လူလိမ်မခံရဖို့နဲ့ ကောင်မလေးချောချောဆို စွတ်ယုံတတ်တဲ့ လူပျိုကြီးတွေ သင်ခန်းစာရဖို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားပါ။   File Size -  1.5 gb Quality - web-dl 1080p Subtitle -  burmese Translator - Fox Encoder - Xcode
movie
A Stray Cat (2020)
2020
The Legend of Lu Bu (2020) 7.8
The Legend of Lu Bu (2020) ဒီတခေါက်ကတော့ တရုတ်သိုင်းဇာတ်ကားတစ်ကားကိုတင်ဆက်ပေးပါမယ် စစ်သူကြီးလွီပုရဲ့အကြောင်းကိုရိုက်ပြထားတာပါ ဒါပေမယ့်လူတိုင်းသိတဲ့ရှေးတုန်းကချောင်ချောင်တို့ လွီပုတို့ထဲကလူမဟုတ်ပါဘူးနော် ခေတ်သစ်လွီပုပေါ့ ဇာတ်လမ်းမိတ်ဆက်- ကလေးသူငယ်တွေကိုဖမ်းဆီးအဆိပ်တွေ ဆေးတွေနဲ့စမ်းသပ်ပြီး တုတ်ဓါးပြီးတဲ့မသေမျိုးလေးတွေဖြစ်လာဖို့ စမ်းသပ်တဲ့နေရာတခုရှိတယ် နတ်ဆေးဆရာမကြီးနဲ့ နန်းတွင်းကအရေးပါတဲ့သူတစ်ဦးကနောက်ကွယ်က ကြိုးကိုင်ပေါ့ ဆေးဒါဏ်နှိပ်စက်တဲ့ဒါဏ်တွေကိုမခံနိုင်ကြတဲ့အဆုံး ဆေးစွမ်းပြတာနဲ့ပေါင်းပြီး ကောင်လေးတယောက်ဟာ စိတ်လွတ်သလိုဖြစ်ကာ တားဆီးသူအားလုံးကိုသတ်ပြီး ထွက်ပြေးလာခဲ့တယ် (ထွက်ပြေးရင်းမင်းသမီးနဲ့တွေ့တာပေါ့နော်) အဲ့ဒါကတော့နောင်မှာလွီပုဖြစ်လာမယ့်ကောင်လေးပါပဲ ကဲစိတ်ဝင်စားရင်တော့ဆက်ကြည့်ကြပါဦးနော်   File Size -  1.4 gb Quality - web-dl 1080p Subtitle -  burmese (hardsub) Translator - Nay Chii Encoder - Thit San Khant
movie
The Legend of Lu Bu (2020)
2020
Relic (2020) 6.4
Relic (2020) Relic (2020)==========IMDb Rating - 6.4/10#Unicodeဒီဇာတ်ကားလေးကတော့ 2020ခုနှစ်ထွက် IMDb 6.4/10 ရထားတဲ့ horror/dramaဇာတ်လမ်းလေးပါ။åဇာတ်လမ်းအညွှန်းကတော့ အသက်80အရွယ်အမေဖြစ်သူဟာ အိမ်က ရက်အတော်ပျောက်သွားတာကိုနယ်မြေရဲဖြစ်သူက ဖုန်းဆက်လာတာကြောင့် သမီးဖြစ်တဲ့ ကေနဲ့ မြေးမလေး ဆမ်တို့ဟာ အဖွားရှိရှာ မြို့ကိုချက်ချင်းလာခဲ့ပါတယ်။ ရဲတွေနဲ့ပူးပေါင်းပြီး သူတို့သားအမိဟာ အမေဖြစ်သူကို ရှာခဲ့ပေမယ့်လည်း လုံး၀ရှာမရခဲ့ပါဘူး။ ဒါပေမယ့် မထင်မှတ်တဲ့ တမနက်မှာတော့ အဖွားကြီးဟာ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။ ကေနဲ့ဆမ်ဟာ အဖွားဖြစ်သူကို ဘယ်ရောက်ခဲ့တာလဲ မေးခဲ့ပေမယ့်လည်း အသက်80အရွယ် အဖွားကြီးဆိုတော့ မမှတ်မိခဲ့ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းချင်း အဖွားဖြစ်သူရဲ့ ပုံမှန်မဟုတ်တဲ့ မှတ်ညဏ်ချို့ယွင်းမှုတွေဖြစ်လာတာမို့ အဲ့လိုဖြစ်တာတွေကို သူတို့သားအမိရှာဖွေတွေရှိလာခဲ့ပါတယ်။ သူတို့သားအမိဟာ အဖွားရဲ့မှတ်ညဏ်ချို့ယွင်းမှုကြောင့် မျက်စိအောက်က အပျောက်မခံပဲ သေချာစောင့်ကြည့်လိုက်တဲ့အခါမှာတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ ဘယ်လို ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေလဲဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုခံစားပေးကြပါဦး........(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ YK ပဲဖြစ်ပါတယ်။)#Zawgyiဒီဇာတ္ကားေလးကေတာ့ ...
movie
Relic (2020)
2020
Almost Human (2020) 7.2
Almost Human (2020) ဇာတ်ကားအကြောင်းလေးကတော့..... ဖုန်လင်ဒေသမှာ ထူးဆန်းတဲ့ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အမှုရဲ့ထူးခြားချက်က လူသတ်သမားက ပရော်ဖက်ရှင်နယ်ကျကျ အရေပြားကိုခွာပြီး အလောင်းကို သပ်သပ်ရပ်ရပ်စွန့်ပစ်ခဲ့တာပါ ဒါ့အပြင် နောက်ထပ် ​ထူးခြားတာတစ်ခုက လူသတ်သမားက လူမဟုတ်ဘဲ အချစ်ကိုသင်ယူချင်တဲ့စက်ရုပ်မလေးဖြစ်နေတာပါပဲ ရဲတပ်ဖွဲ့က အဲလိုထူးခြားတဲ့လူသတ်သမားကို လိုက်လံရှာဖွေနေစဥ်တစ်ဖက်မှာလည်း စက်ရုပ်မလေးက အချစ်ကိုသင်ယူဖို့ထွက်လာခဲ့တဲ့အချိန်မှာ ဝမ်ရှန်း ဆိုတဲ့ကောင်လေး တစ်ယောက်နဲ့တွေ့ပြီး ဝမ်ရှန်းဆီကနေ အချစ်ကို သင်ယူချင်မိသွားပါတယ် ဒါကြောင့် ဝမ်ရှန်းရဲ့ကောင်မလေး(စုရှင်း)ကို ဖမ်းဆီးလိုက်ပြီး စုရှင်း​ဟန်ဆောင်ကာ သူ့အချစ်ကိုရဖို့ကြိုးစားတာပေါ့ ရဲတပ်ဖွဲ့ကရော လူမဟုတ်တဲ့ ထူးခြားတဲ့ လူသတ်သမားကို ဖမ်းဆီးနိုင်မှာလား ဝမ်ရှန်းကရော စက်ရုပ်မလေးကို သူ့ချစ်သူ အယောင်ဆောင်ထားမှန်းသိသွားမှာလား စက်ရုပ်မလေးကရော အချစ်ကိုတကယ်နားလည်သွားမှာလား.... ဆိုတာကို ဆက် ကြည့်ရမှာနော်   File Size - 997 MB Quality - web-dl 1080p Subtitle - burmese (hardsub) Translator - Yamin Ei Encoder - Thit San Khant
movie
Almost Human (2020)
2020
Her Blue Sky (2020) 6.8
Her Blue Sky (2020) အအိုအီ အိုင်အိုအီဆိုတဲ့အထက်တန်းအရွယ်ကျောင်းသူမလေးဟာ ကားမတော်ဆမှုကြောင့် မိဘနှစ်ပါးလုံးဆုံးရှုံးပြီးတဲ့နောက်မှာ အစ်မဖြစ်သူ အခန်နေ အိုင်အိုအီနဲ့အတူ ဘဝကိုရုန်းကန်ကြရပါတယ်. ဒါပေမဲ့ မတော်မတဖြစ်တဲ့အချိန်တုန်းက အအိုလေးဟာ ကလေးပဲရှိသေးတဲ့အတွက် အစ်မဖြစ်သူ အခန်နေကပဲ မိဘတစ်ယောက်လို စောင့်ရှောက်ခဲ့ရပါတယ်. အအိုအီငယ်ငယ်တုန်းက သူ့အစ်မရဲ့ရည်းစားဟောင်းဖြစ်သူ ရှင်းနိုခါနာမူရိုကြောင့် ဂီတာတီးတာကို ဝါသနာပါလာခဲ့ပါတယ်. ဒါကြောင့် သူကျောင်းပြီးရင် မြို့ကနေထွက်သွားပြီး တိုကျိုမှာဂီတအဖွဲ့တစ်ခုထဲ ဝင်ဖို့ဆုံးဖြတ်လိုက်တယ်. သူ့ရဲ့ဝါသနာအပြင် သူ့အစ်မကို သူ့ကြောင့်ဆက်ပြီး မပင်ပန်းစေချင်တဲ့ဆန္ဒကြောင့်လည်း သူတို့မြို့လေးကနေ ပိုပြီးထွက်သွားချင်ခဲ့ပါတယ်.တစ်နေ့ အအိုအီတစ်ယောက် ဂီတာတီးကျင့်နေရင်း ၁၈နှစ်အရွယ် ရှင်းနိုကို ရုတ်တရက်အခန်းထဲမှာ တွေ့လိုက်ပါတယ်. ပြီးတော့ ယခုပစ္စုပန်က ၃၁ နှစ်အရွယ် ရှင်းနိုကလည်း တိုကျိုကိုပြောင်းသွားတဲ့နောက် ဂီတပွဲတစ်ခုကြောင့် မြို့ကိုပြန်ရောက်နေပါတယ်. ဒါပေမဲ့ အခုရှင်းနိုနဲ့ အတိတ်ကရှင်းနိုက လုံးဝကို ကွာခြားနေပါတယ်.ဒါဆို ၁၈နှစ်အရွယ်ရှင်းနိုက ဘာကြောင့် ရှိနေရတာလဲ? ငယ်ချစ်ဦးတွေဖြစ်ကြတဲ့ အခန်နေနဲ့ရှင်းနိုကရော ဘယ်လိုဖြစ်သွားမလဲ? အအိုအီကရော မြို့ကနေထွက်သွားပြီး တိုကျိုကိုပြောင်းသွားမလား? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ကားထဲမှာ ဆက်ကြည့်ကြရအောင်.......   File Size - 1.5 GB Quality - Web-Dl 1080p Subtitle - Burmese (hardsub) Translator - Esther Van Sui Par Encoder - Thit San Khant
movie
Her Blue Sky (2020)
2020
Desperados (2020) 7.3
Desperados (2020) ဒီတစ်ခါတော့ Netflix ကနေ ဇူလိုင်လ (၃)ရက်နေ့ ပူပူနွေးနွေး ထုတ်လွှင့်ပြသထားတဲ့ ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးပါရစေ။ Desperados ဆိုတဲ့ ဇာတ်လမ်းလေးပါ။ နမူနာ ထွက်လာကတည်းက အတော်ခွီရမယ့်ကား ဆိုတာ တော်တော်များများ သိထားကြမှာပါ။ တကယ် ပြတော့လည်း အဲဒီအတိုင်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အပျိုကြီးမမတစ်ယောက် ယောကျာ်းလိုချင်ရာကနေ စတဲ့ဇာတ်လမ်းပါပဲ။ ဘဝကို ပေါ့ပေါ့ပါးပါး နဲ့ တလွဲတွေ ဖြတ်သန်းနေတဲ့ အပျိုကြီး မမတစ်ယောက်။ အစစအရာရာ အဆင်မပြေဖြစ်နေတဲ့ အပျိုကြီး မမတစ်ယောက်။ အလုပ်အကိုင်လည်း အဆင်မပြေ၊ အချစ်ရေးလည်း အဆင်မပြေ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့တော့ စိတ်ဓာတ်တွေ အကြီအကျယ် ကျနေခဲ့ရတာပါ။ ဒီအချိန်မှာပဲ သူ့အတွက် လက်တွဲဖော်ကောင်းတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပါတော့တယ်။ ဒီအမျိုးသားရှေ့မှာတော့ ဒီအမျိုးသားကို လက်မလွှတ်ရဖို့အရေး သူက အိန္ဒြေကြီးတဲ့ အမျိုးသမီးအနေနဲ့ ဟန်ဆောင်ပါတော့တယ်။ ဒါပေမယ့် သူတို့ ရည်းစားဖြစ်ပြီး တစ်နေ့မှာတော့ သူ့ရည်းစားက ၅ ရက်လောက် ပျောက်သွားခဲ့ပါတယ်။ အပျိုကြီးက ပေါက်ကွဲပြီး ရည်းစားဆီကို ဆဲရေးထားတဲ့ အီးမေးလ်တစ်စောင် ပို့လိုက်ပြီးတဲ့အချိန်မှာပဲ ရည်းစားဆီက ဖုန်းဝင်လာပါတော့တယ်။ သူ့ရည်းစားက မက္ကဆီကိုမှာ မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်နေတယ်လို့ သိရတဲ့အချိန်မှာ မက္ကဆီကို ကို လိုက်ပြီး လက်ပတော့ထဲက အီးမေးလ်ကို ဖျက်ဖို့ ကြိုးစားရပါတော့တယ်။ ဟာသကားတစ်ကား အနေနဲ့ တော်တော်လေး ကောင်းတဲ့အပြင် အချစ်ကို ...
movie
Desperados (2020)
2020
Force of Nature (2020) 4.6
movie
Force of Nature (2020)
2020
Listen to the Universe (2020) 7.3
Listen to the Universe (2020) ဒီကားက​တော့ ဂျပန်အကယ်ဒမီဇကာတင်စာရင်းထဲမှာပါခဲ့ပြီး မိုရီဆာကီဝင်းသရုပ်​ဆောင်သစ်ဆုရခဲ့တဲ့ကားပါ Pianists​တွေ ဂီတကိုစိတ်ဝင်စားတဲ့သူ​တွေနဲ့ မိုရီဆာကီဝင်းပရိသတ်​တွေလုံးဝလက်မလွတ်သင့်တဲ့ ကား​ကောင်းတစ်ကားပါ နိုင်ငံတကာဆိုင်ရာပီယာနိုပြိုင်ပွဲတစ်ခုကို အဝင်းအပါအဝင် ပီယာနိုသမား၄​ယောက်ဝင်ပြိုင်ကြပါတယ် တစ်​ယောက်နဲ့တစ်​ယောက်က​တော်တာချင်းလုံးဝမတူပါဘူး တစ်​ယောက်ချင်းစီမှာသူတို့pianistဖြစ်ချင်ရတဲ့ background storyတစ်ခုစီရှိပါတယ် တစ်​ယောက်ကအ​မေ​သေ​တော့pianoတီးတာကို ရပ်လိုက်​ပေမယ့် ပြန်ပြီးအသစ်ကစတင်တယ် တစ်​ယောက်က​ကျောင်းသား​လေး တစ်​ယောက်ကဂီတစတိုးမှာအလုပ်လုပ်တဲ့သူ တစ်​ယောက်ကလူမျက်နှာသစ်​လေး သူတို့၄​ယောက်တင်မက တခြားဝင်ပြိုင်တဲ့သူ​တွေကလည်း အရည်မချင်းကိုယ်စီနဲ့ဝင်ပြိုင်တာဖြစ်တဲ့အတွက် ပြိုင်ပွဲတစ်ဆင့်ပြီးတစ်ဆင့်ပိုပြီး ဇာတ်ရှိန်မြင့်လာတာကို​တွေ့ရမှာပါ ဒီကားထဲမှာ အဝင်းရဲ့ piano တီးတဲ့ skillအလန်းကြီး​တွေ ကိုတဝကြီးခံစားရမှာပါFile Size - 1.7 GB Quality - Web-Dl 1080p Subtitle - Burmese (hardsub) Translator - Dolly & Yamin Ei Encoder - Thit San Khant
movie
Listen to the Universe (2020)
2020
Body Cam (2020) 5.2
Body Cam (2020) Body Cam (2020)==============IMDb Rating - 5.2/10#Unicodeဒီဇာတ်လမ်းရဲ့ အစပိုင်း အကျဥ်းလေးကိုပြောရရင် . . .ကလေးသေဆုံးပြီးနောက်ပိုင်း စိတ်ထိခိုက်နေတဲ့ ရဲအရာရှိ ရမ်နီ လိုမီတို တစ်ယောက် ခဏတာအနားယူပြီးပြန်လည်တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာတင် ယခင်တွဲဖက်လုပ်ကိုင်ဖူးတဲ့ ရဲအရာရှိတစ်ယောက်အသတ်ခံလိုက်ရပါတယ်။ သူ့အလောင်းကိုရှာတွေ့ပြီး ရဲကားထဲမှာ မှတ်တမ်းဗီဒီယိုဖိုင်ကို ဖွင့်ကြည့်မိရာကနေဗင်ကားလေးတစ်စီးကို တွေ့ပြီး နားလည်ရခက်တဲ့ သဘာဝလွန်ဖြစ်ရပ်များနဲ့ သက်ဆိုင်နေကြောင်းသိလိုက်ရပါတယ်။ ထိုဗင်ကားကို လိုက်လံရှာဖွေရာကနေ လုပ်ဖော်ကိုင်ဖက် ၂ယောက်ကပါ ထပ်မံအသတ်ခံလိုက်ရပါတယ်။ရမ်နီ လိုမီတိုတစ်ယောက် မိမိဘာသာ စုံစမ်းဖော်ထုတ်နေရင်း အဲ့ဖြစ်ရပ်ဆန်းမှာ မိမိဌာနက ရဲအရာရှိများကို ဦးတည်နေကြောင်း သိလိုက်ပါတယ်။ မိမိဌာနမှ ရဲအရာရှိများကို ကာကွယ်ဖို့ ဆက်လက်စုံစမ်းရာကနေ မထင်မှတ်ပဲအကြောင်းအရင်းအမှန်ကို သိလိုက်တဲ့အခါမှာတော့ ရဲအရာရှိ အနေနဲ့ ဘယ်လိုဆက်လုပ်မလဲ၊ အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းအမှန်က ဘာလဲ၊ ဘာကြောင့် ရဲအရာရှိတွေကို လိုက်သတ်နေရတာလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တစ်ချို့သောကိစ္စတွေဟာ ...
movie
Body Cam (2020)
2020