Channel Myanmar

2020

(18+) Chaahat (2020)
(18+) Chaahat (2020) Chaahat (2020)လူ့အလိုနတ်မဖြည့်နိုင်ဆိုသလို လူတွေမှာက ဆန္ဒတွေ လိုချင်တောင်းတမှုတွေကလဲ အတော်ကိုများပါတယ်စားကောင်းတာမြင်ချင်ရင်စားချင်တယ် လှတာတွေ့ရင်ဝတ်ချင်တယ်စသဖြင့် အဆုံးမသတ်နိုင်တဲ့ လိုအင်ဆန္ဒနဲ့ ရမ္မက်တွေကြား လူတွေဟာ အတော်ကိုပူလောင်တိုင်ပတ်လျှက်ပါပဲ...ဒီရုပ်ရှင်မှာလဲ လူတွေရဲ့အကြီးမားဆုံးဆန္ဒထဲကတခုဖြစ်တဲ့ အိမ်ထောင်ရေးအာသီသ ဆန္ဒရမ္မက်ကို ပညာပေးသဖွယ်တင်ဆက်ပေးထားပါတယ်မိန်းမသားသဘာဝ အိမ်ထောင်ရေးဆန္ဒမပြည့်ဝတဲ့အခါ စိတ်ရှုပ်ထွေးတတ်ကြတော့ ဖြေသာရာ ထွက်ပေါက်ရှာတတ်ကြပါတယ်...ထွက်ပေါက်တွေက ကိုယ့်အတွက်ဖြေသာရာတခုဆိုပေမဲ့ တခြားလူအတွက်ရောအဆင်ပြေပါ့မလား ...ထွက်ပေါက်ရှာတိုင်း အဆင်ပြေသွားမှာလားဆိုတာကို အညိုစင်အလှအပတွေနဲ့မွမ်းမံရင်း ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်တကားပဲဖြစ်ပါတယ်... File size…421MB / 215MB Quality…WEB DL 1080p / 720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder…XCross Translated by Devil
movie

(18+) Chaahat (2020)

2020
Nightlife (2020) 5.7
Nightlife (2020) Nightlife (2020) =============နိုက်အောက်ဆိုတာနဲ့ ညဘက်ကြီးအပြင်ထွက်မယ် သောက်မယ် စားမယ် ပျော်မယ် ကကြမယ်။ နောက်တစ်နေ့မနက်ကို နေဖင်ထိုး အထိအိပ်ကြမယ်မလား ။ အဲ့ဒီလိုပျော်ဖို့ကောင်းဖို့ များသောအား ဖြင့် သောကြာ၊ စနေပိတ်ရက်တွေပဲ သောင်းကျန်းကြတာလေ။ဒါပေမဲ့ ရန်ဇို နဲ့ မီကို သူငယ်ချင်းနှစ်ယောက်ကတော့ ညတိုင်းလိုလို နိုက်အောက်ကြတဲ့သူတွေပါ။ ပျော်လည်းနိုက်အောက် မပျော်လည်း နိုက်အောက်...အကြောင်းက သူတို့နှစ်ယောက်လုံးက ဘားဆရာတွေ ဖြစ်နေတာကိုး။ ဒါပေမဲ့ သာမာန်ရုံးသမားတွေရဲ့အလုပ်ချိန်နဲ့မတူတော့ အချစ်ရေးနဲ့လူမှုဆက်ဆံရေးမှာလည်း အဆင်မပြေဘူးပေါ့။ဒါကိုအသိဝင်သွားတဲ့ မီကိုက ဘားဆရာလုပ်နေရတဲ့နိုက်အောက်ဘဝ ကြီးကနေ ပြောင်းလဲဖို့အတွက် ရန်ဇိုကိုစည်းရုံးပါတော့တယ်။ ခြူးတစ် ပြားမှမရှိတဲ့ ဘားဆရာကြီးနှစ်ယောက်ကနေ ဘဝကြီးပြောင်းဖို့အတွက် ပိုက်ဆံရှာဖို့လုပ်ရာကနေ ဘာလင်ရဲ့လူဆိုးဂိုဏ်းနှစ်ဂိုဏ်းကြားညှပ်ပါသွား တော့တယ်။ဒီဇာတ်လမ်းမှာ သူငယ်ချင်းနှစ်ယောက် အလွဲတွေဘယ်လိုလုပ်မလဲ၊ ပြသာနာတွေဘယ်လိုရှာမလဲ၊ အချစ်ရေးတွေရော အဆင်ပြေသွားမလား ဆိုတာ ပေါ့ပေါ့ပါးပါးလေးကြည့်ရဦးမှာမို့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာ လိုက်ကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2 GB) / (1 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 51Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Jo Jo Va Encoder..........SWM
movie

Nightlife (2020)

2020
An Ideal Host (2020) 5.6
An Ideal Host (2020) An Ideal Host (2020) ================An Ideal Host 2020 ကို ဒါရိုက်တာ Robert Woods က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 5.6 ရရှိထားပါတယ်။ Best Horror Comedy Feature ဆု နဲ့ Best Screenplay ဆု winner ဆုနှစ်ခုဆွတ်ခူးနိုင်ခဲ့ပြီး တင်သွင်းခံရတဲ့အဆင့် အနေနဲ့က ၁ ခါရှိခဲ့ပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပေမယ့် မိသားစုနှင့် အတူ ကြည့်လို့ရပါတယ်။ ဇာတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ငယ်သူငယ်ချင်းတွေက ငယ်ငယ်ကတည်းကသူတို့နေခဲ့တဲ့နေရာမှာပဲ ပြန်ဆုံကြ ပါတယ်။ အဲဒီအချိန်မှာ ဒေစီဆိုတဲ့မိန်းကလေးက လစ်ဇ်ကို စိတ်တိုနေခဲ့ပါတယ်။ လစ်ဇ်က ထက်မြက်သူဖြစ်တော့ တစ်ခုခုမှာတော့ အောင်မြင်အောင်လုပ်နိုင်လောက် မယ်လို့ သူက မျှော်လင့်ထားတာပါ။ ဒါပေမယ့် သူမျှော်လင့်သလိုဖြစ်မလာတဲ့အ ခါမှာတော့။ အဲဒီအချိန်မှာ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကို ဘယ်လိုရင်ဆိုင်ကြ မလဲဆိုတာကိုတော့ Horror ပရိတ်သတ်တွေ ကြည့်ရှုခံစားကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(2 GB) / ...
movie

An Ideal Host (2020)

2020
The Art of Fighting (2020) 5.4
The Art of Fighting (2020) Art of Fighting (2020)ဂွန်းဝူက ငယ်ရွယ်စဥ်ကတည်းက တိုက်ကွမ်ဒိုကို သင်ယူခဲ့သူဖြစ်ပြီး တိုက်ကွမ်ဒိုပြိုင်ပွဲမှာ ဝင်ပြိုင်ရာမှ ဒိုင်လူကြီး၏ မမျှတမှုကြောင့် ဒိုင်လူကြီးကို ပြန်ခံပြောရင်း သူ့ရဲ့တိုက်ကွမ်ဒိုအားကစားသမားဘဝကို အဆုံးသတ်ခဲ့ရပါတယ်။ဒေါ်လေးဖြစ်သူနဲ့ နေထိုင်တဲ့ ဂွန်းဝူဟာ ငယ်ငယ်တည်းက သင်ယူခဲ့ရတဲ့ အားကစားကို စွန့်လွှတ်ပြီး သာမန်အထက်တန်းကျောင်းသားအဖြစ် စာသင်ယူဖို့ ကျောင်းပြောင်းလာခဲ့ရပါတယ်။ တိုက်ကွမ်ဒိုကို စွန့်လွှတ်ပြီး ရိုးရိုးကျောင်းတက်ရင်း အေးအေးဆေးဆေးနေထိုင်ချင်တဲ့ ဂွန်းဝူအတွက်တော့ ကျောင်းအသစ်က ဆုံးဖြတ်ချက်မှားတစ်ခုပါပဲ။ဂွန်းဝူရဲ့ကျောင်းအသစ်မှာ ကျောင်းသားချင်း ပိုက်ဆံလု၊ ရိုက်နှက်အနိုင်ကျင့်တဲ့ အုပ်စုဆိုပြီး တစ်ဖွဲ့သက်သက်ရှိပြီး အဲဒီအုပ်စုရဲ့ခေါင်းဆောင်နေရာကို အတိုက်အခိုက်အတော်ဆုံးသူက ရရှိတဲ့သဘောပါ။ကျောင်းသားသစ်ဆိုပြီး ဂွန်းဝူကို အနိုင်ကျင့်ချင်တဲ့ အဲဒီအဖွဲ့က ဂွန်းဝူကို သွေးတိုးလာစမ်းပေမဲ့ သူတို့ထက်တော်တဲ့ ဂွန်းဝူနဲ့ တွေ့တဲ့အချိန်မှာတော့ သူတို့ပဲ ပညာပြန်ပေးခံလိုက်ရပြီး ဂွန်းဝူက ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ရပ်တန့်သွားအောင် ကြိုးစားတဲ့ ကျောင်းသားကားလေးပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.3GB ...
movie

The Art of Fighting (2020)

2020
Alien Xmas (2020) 6.2
Alien Xmas (2020) Alien Xmas (2020) =============== IMDb Rating - 6.2/10Christmas လည်းနီးလာပြီဆိုတော့ CM ပရိတ်သတ်ကြီးတို့အတွက် IMDb rating 6.2/10နဲ့ ခရမ်းချဉ်သီးအလုံး၁၀၀ရရှိထားတဲ့ Christmas Animation ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးပါမယ်။ ဇာတ် လမ်းအစအမှာတော့ ခရစ္စမတ်ဘိုးဘိုးကြီးက ပုံပြင်ပြောပြနေတာနဲ့ အစပြုထားပါတယ်။ဟိုးရှေးရှေးတုန်းက ခလက်စ်ဆိုတဲ့ ဂြိုဟ်သားမျိုးနွယ်စုတစ်ခုရှိတယ်။ အစကတော့ ခလက်စ်တွေဟာ အရောင်အသွေးစုံကြတယ်။ ဒါပေမဲ့ သူတို့ရဲ့အမိဂြိုဟ်ပေါ်က သယံဇာတတွေကို လောဘတကြီးသုံးဖြုန်းရင်း ကြာတော့ ဂြိုဟ်ကြီးလည်းပြောင်၊ သူတို့ရဲ့အရောင်တွေလည်း မှောင် ကုန်ကြတယ်။ အဲလိုနဲ့ ခလက်စ်တွေဟာ တစ်ဂြိုဟ်ပြီးတစ်ဂြိုဟ်ကူးပြီး ပစ္စည်းတွေခိုးဝှက်အလစ်သုတ်ကြတော့တယ်။ တစ်ရက်ကျ ကမ္ဘာဂြိုဟ် ကို မျက်စိကျသွားတော့ ကမ္ဘာ့မြေဆွဲအားကိုဖျက်ဆီးပြီး အာကာသထဲ လွင့်လာတဲ့ ပစ္စည်းတွေကို လုယက်ဖို့စီစဉ်ကြပါလေရော။အဲ့အတွက် မြေဆွဲအားဖျက်ဆီးမဲ့ ဂျိုင်ရိုထရွန်ဆိုတဲ့ စက်ကြီးကို မြောက် ဝင်ရိုးစွန်းမှာ သွားဆောက်ဖို့ ဂြိုဟ်သားတွေက အရွယ်အသေးဆုံးလေး ဖြစ်တဲ့ အိက်စ်ကို တာဝန်ပေးလိုက်တယ်။ အိက်စ်က အသေးဆုံးသာဖြစ် တာ အခိုးဆုံးပဲ။ သိပ်တော်တဲ့သူခိုးပိစိလေး မြောက်ဝင်ရိုးစွန်းကိုရောက် လာပြီး ဆန်တာတို့ရဲ့ခရစ္စမတ်မြို့တော်ကို ဘယ်လိုဝင်မွှေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(750 MB) / (300 ...
movie

Alien Xmas (2020)

2020
(18+) Teddy (2020)
(18+) Teddy (2020) Teddy (2020)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ လူကြီးတွေသာ ကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ဘဝသက်တမ်းတစ်လျှောက်လုံး လက်သမားဘဝနဲ့ ဝက်ဝံရုပ်လေးကိုသာ အားကိုးနေရတဲ့ ဘဗ်လူးဟာ ရုတ်တရက် မိန်းမရသွားခဲ့ပါတယ်။ဇရက်တောင်ပံကျိုးနေတဲ့သူ့ဘဝအတွက် မှော်လိပ်ပြာလေးပေါ့နော်။ ယောက်ျားတို့ရာဂရှိသမျှခြစ်ထုတ်ပါ့မယ်ဆို သူ့ညီလေးက ခဲသာခဲထားရတယ် မစွမ်းပါဘူး။အဲ့ဒီမှာပဲ အိမ်ထောင်မှုဘဝဖြစ်တတ်တဲ့သဘောတွေနဲ့ သူစိမ်းတွေက ကြောင်တောင်နှိုက်လာတဲ့အခါမှာတော့....။Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…600MB Quality… 720p Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil
movie

(18+) Teddy (2020)

2020
The Legacy of Dr. Death: Black File (2020) 5.5
The Legacy of Dr. Death: Black File (2020) The Legacy of Dr. Death: Black File (2020)~ IMDb – 5.5/10, MyDramaList – 7.4/10 ~“လူသားတွေမှာ ရှင်သန်ခွင့်ရှိရင် သေဆုံးခွင့်လည်း တန်းတူရှိသင့်တယ်”မိုးရွာတဲ့ညတစ်ညမှာ ကလေးတစ်ယောက်က သူ့အဖေက ဆရာဝန်ဆိုးတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်ဆိုပြီး ဖုန်းဆက်တိုင်ကြားခဲ့လို့ စုံထောက်တွေဖြစ်ကြတဲ့ အီနုကာအီ (Inukai) နဲ့ တာကာချီဟို (Takachiho) တို့ သွားရောက်စုံစမ်းကြတော့ အဲဒီကလေးရဲ့အဖေက ရောဂါကျွမ်းနေပြီဖြစ်တဲ့လူတစ်ယောက်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးချင်တယ်လို့ မရဏဒေါက်တာ (Dr.Death) ကို တောင်းဆိုပြီး ဆေးထိုးခံ သေဆုံးသွားတယ်လို့သိရတယ်။ အဲဒီအမှုကနေသိလိုက်ရတာက မရဏဒေါက်တာမှာ တရားမဝင်ဝက်ဆိုက်ရှိပြီး အဲဒီကနေ ညင်သာစွာဇီဝိန်ခြွေပေးဖို့ (Euthanasia) ကို တောင်းဆိုနေကြသူတွေတွေ့လို့ အီနုကာအီတို့လည်း တဖြည်းဖြည်းလိုက်လံစုံစမ်းရင်း… ထင်သလောက်မရိုးစင်းတဲ့ ဇာတ်လမ်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။၂၀၁၇ ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့ Shichiri Nakayama ရဲ့ ...
movie

The Legacy of Dr. Death: Black File (2020)

2020
{18+}Delicious Sex And Sisters (2020)
{18+}Delicious Sex And Sisters (2020) Delicious Sex and Sistersတကယ်လို့ အထူးဖော်စပ်တဲ့ ရေမွှေးတစ်ပုလင်းကြောင့် ဘယ်လိုဆော်မျိုးကိုမဆို အိပ်ယာပေါ် သိမ်းသွင်းနိုင်မယ်ဆိုရင် အဲ့ရေမွှေးကို ယူမလား?ကိုရီးယား 18+ရဲ့ ဇာတ်လိုက် ကျော်ကြီးတစ်ယောက်ဂျပန်ကို အလုပ်ကိစ္စ နဲ့ ရောက်သွားတဲ့ အခါ တည်းခိုခန်းတစ်ခုမှာ ခဏတာ တည်းခိုရင်း ဂျပန် သိပ္ပံပညာရှင်တစ်ယောက်ဆီကရတဲ့ ထူးဆန်းတဲ့ ရေမွှေးနဲ့ ဂျပန်က တည်းခိုခန်းပိုင်ရှင် မမနဲ့ ကိုရီးယားအလုပ်သမားမလေး ၂ယောက်ကို ဘယ်လိုသီချင်းတွေဆိုပြမယ်ဘယ်လိုမှားချင်ယောင်ဆောင် တဲ့အကွက်တွေ ရွှေ့မယ်ဆိုတာကို တ၀ကြီးကြည့်ရအုန်းမှာပါ ကိုရီးယားဂျပန်အရောလေးမလို့ အသစ်အဆန်းလေး ကြိုက်တယ်ဆို ကြည့်ကိုကြည့်သင့်တဲ့ ၁၈ယောက်ကားကောင်းလေးပါ(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…515MB Quality…WEB DL  720p Format…mp4 Duration….1h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by FOX
movie

{18+}Delicious Sex And Sisters (2020)

2020
Di Bawah Umur (2020) 5.5
Di Bawah Umur (2020) Di Bawah Umur [2020](IMDb 5.5/10)အာယိုတို့ ကျောင်းကို ကျောင်းသူအသစ်ကလေးတစ်ယောက် ရောက်လာပါတယ်.. သူ့နာမည်က လာနာတဲ့... လာနာကို အာယို သဘောကျတယ် ဒါပေမဲ့ ခက်တာက လာနာဟာ အာယိုတချိန်က အရမ်းခင်ခဲ့တဲ့ ကယ်ဗင်ရဲ့ ညီမဝမ်းကွဲဖြစ်နေပါတယ်... အာယိုနဲ့ ကယ်ဗင် ခွာပြဲရခြင်းကလည်း အကြောင်းအရင်းသက်သက် ရှိလို့နေပြန်ပါတယ်... ခွာပြဲတာမှ တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင် လုံးထွေးသတ်ပုတ်တဲ့အဆင့်ပါပဲ... တစ်ဖက်မှာလည်း လာနာ ဂျာကာတာကို ကျောင်းပြောင်းလာရခြင်းဟာ သူ့အစ်မ အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိသွားတာကြောင့် သူတို့မိသားစုက လာနာကို ဒီလိုအဖြစ်မျိုးက ကင်းဝေးအောင် အဒေါ်တွေရှိရာ ကယ်ဗင်တို့အိမ်ကို ပို့ထားတာပဲ ဖြစ်ပါတယ်... အထက်ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတာမို့ ဇယားရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ လိင်မှုကိစ္စတွေကလည်း လက်တည့်စမ်းကြနဲ့ ကောလဟာလတွေကလည်း ပျံ့လို့နှံ့လို့ပေါ့... ဒီလိုအနေအထားမျိုးမှာ စော်ကြည်ဘဲ အာယိုတစ်ယောက် ရည်းစားမထားဖို့ တားမြစ်ခံထားရတဲ့ လာနာ့အချစ်ကို ဘယ်လိုမျိုး သိမ်းပိုက်မိအောင် ကြိုးစားမလဲ ရှုစားကြရမှာပဲဖြစ်ပါတယ်အညွှန်း န့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

Di Bawah Umur (2020)

2020
Street Dancer 3D (2020) 3.4
Street Dancer 3D (2020) (Unicode)အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . . လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . . အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . .အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . . Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . .လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . . တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖို့လုပ်ရင်းကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . . ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ ...
movie

Street Dancer 3D (2020)

2020
Nightshift (2020) 6.1
Nightshift (2020) Nightshift (2020)2020 က ထွက်ရှိထားတဲ့ Nightshift (Phillipines) ဇာတ်ကားလေးဟာ Horror အမျိုးအစားဖြစ်ပြီး ရင်ခဲွရုံတစ်ခုကို အခြေတည်ထားတဲ့အတွက် ထိတ်လန့်စရာတွေ Jumpscare တွေနဲ့ ပြည့်နေပါတယ်။ မုန်တိုင်းထန်တဲ့ ညတစ်ညမှာ ရင်ခဲွရုံမှာတာ၀န်ကျတာ တစ်ပတ်ပဲရှိသေးတဲ့ လက်ထောက် Jessie တစ်ယောက်ဟာ လူသေအလောင်းတွေကြား နေသားမကျသေးဘဲ ဖြစ်ရိုးဖြစ်စဥ္ တွေကအစ ထိတ်လန့်တတ်သူပါ။ Jessie ကို တာ၀န်ကျတဲ့ အလောင်းခဲွစိတ်ဆရာ၀န်က လေ့လာမှတ်သားသင့်တာတွေကို ရှင်းပြတတ်ပါတယ်။ ဒါပေမယ့်လည်း အလောင်းတွေက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ထက် ပိုမိုတဲ့ အပြုအမူတွေကို စတင်လာတဲ့အခါမှာတော့ Jessie တစ်ယောက် ဆက်ပြီး နေနိုင်ပါ့မလား၊ သဘာ၀ဖြစ်ရိုးဖြစ်စဥ်ရော ဟုတ်ရဲ့လား ဆိုတာကို ဒီ ၁နာရီ ၃၅မိနစ်ကြာမြင့်တဲ့ ဖိလစ်ပိုင် Horrr ဇာတ်ကားက ပြောပြပေးသွားမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1GB | 491MB Format… ...
movie

Nightshift (2020)

2020
Riam Fighting Angel (2020) 54
Riam Fighting Angel (2020) Riam Fighting Angel (2023)တောသူမလေးအီလျမ်းက ဦးစားပေးမခံရတာကြောင့် အစ်မဖြစ်သူရမ်ကို မနာလိုအူတိုနေတဲ့ကလေးမလေးပါ သူ့အမေက အစ်မရမ်လောက် သူ့ကိုမချစ်ဘူးဆိုပြီး အားငယ်နေတတ်တဲ့သူလေးပေါ့တစ်နေ့ကျ အပျိုစင်ရှာပုံတော်ထွက်နေတဲ့သွားနီဓားပြတစ်အုပ် အီလျမ်းကိုလာဖမ်းကြပါတယ် အမေနဲ့အစ်မဖြစ်သူ လျမ်းကိုကာကွယ်ပြီး အဖမ်းခံလိုက်တာကို မြင်ရတော့ အီလျမ်းက သူချစ်တဲ့မိသားစုကို သွားကယ်ဖို့ စွန့်စားခန်းထွက်ရပါတော့တယ် အီလျမ်းက သူ့အပေါင်းအဖော်လေးဦးနဲ့အတူ တောကျိုးတောင်ကြားကို အန္တရာယ်မျိုးစုံကြုံပြီး ဖြတ်သန်းလာခဲ့ပြီးနောက် ဓားပြလက်ထဲကနေ သူ့မိသားစုကို ဘယ်လိုနည်းနဲ့ ကယ်ထုတ်ပြီး ဓားပြဗိုလ်ကို ဘယ်လိုအပြတ်ရှင်းခဲ့ကြမလဲဆိုတာတော့ဒီရုပ်ရှင်ထဲမှာ ဟာသအလွဲများစွာနဲ့ အီလျမ်းတို့အုပ်စုကို မငြီးငွေ့ဘဲ ကြည့်ရှုရမှာဖြစ်ပါတယ်အညွန်းနဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... Aaron
movie

Riam Fighting Angel (2020)

2020
Asih 2 (2020) 6.2
Asih 2 (2020) Asih 2 (2020)2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။ Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့ မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။ Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။ သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1GB ...
movie

Asih 2 (2020)

2020
Ben & Lacy (2023) 5.1
Ben & Lacy (2023) Ben & Lacy (2023) ==============ရိုးရှင်းလှပတဲ့ လူငယ်‌တွေရဲ့အချစ်နဲ့ဘ၀အကြောင်းကို ရိုးရိုးလေးနဲ့‌ ဆန်းအောင် ရိုက်ကူးထားတဲ့ Rom-com ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက် မထူးခြားပေမဲ့ တင်ဆက်သွားပုံလေးက ဆန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ - ဘန်ဆို‌တဲ့ ကောင်လေးဟာ အထက်တန်းအောင်ထားပြီး ကော်ဖီဆိုင် မှာ အလုပ်၀င်လုပ်ရင်း ဘ၀ကိုကြောင်းနေသူပေါ့။ အပေါင်းအသင်း မရှိတဲ့ သူ့အတွက် လက်ဆောင်ရတဲ့ကင်မရာတစ်လုံးက အဖော်ပါပဲ။ သူလုပ်သမျှကို အကြောင်းရင်းမရှိဘဲ ဗီဒီယိုတွေ ရိုက်ကူးရတာ စွဲလမ်း နေသူပါ။တစ်နေ့တော့ အထက်တန်းမှာကျောင်းနေဖက် ဖြစ်ခဲ့တဲ့ လေစီဆိုတဲ့ မိန်းမချောလေးနဲ့ ပြန်‌ဆုံပါတယ်။ လေစီကတော့ ပိုက်‌ဆံချမ်းသာတဲ့ အဖေရှိပြီး တက္ကသိုလ်တက်နိုင်ပေမဲ့ ကိုယ့်ရည်ရွယ်ချက်ကို ရှာဖွေနေ သူပါ။ အဲဒီလိုနဲ့ ဘန်နဲ့လေစီဟာ လူငယ်တို့သဘာ၀အတိုင်း ရင်းနှီးရာက ရည်းစားတွေဖြစ်သွားကြလေသတည်းပေါ့။ အခြေခံမတူတဲ့ သူတို့နှစ် ဦးရဲ့သမီးရည်းစားအရေးဟာ ဘယ်လိုဖြစ်လာမလဲ၊ ကိုယ်စီရည်မှန်းချက် တွေကို ဘယ်လိုရှာကြမလဲဆိုတာကို သူတို့ရဲ့ ကင်မရာရိုက်ကွက်တွေ ကနေတဆင့် တွေ့မြင်ကြရမှာပါ။ရှေ့မှာပြောခဲ့တဲ့အတိုင်းပါပဲ... ဇာတ်လမ်းကရိုးရှင်းပေမဲ့ ကင်မရာရိုက် ကွက်တွေကတဆင့် သူတို့ရဲ့ချစ်ခြင်း၊ လူငယ်တို့ရဲ့ဘ၀တွေကို ဖြည်းဖြည်း ချင်း နစ်၀င်စီးမျောရင်း ကြည့်ရမှာမျိုးဖြစ်ပါတယ်။ လူငယ်တွေရဲ့စကား ပြောဟန်အတိုင်း ခပ်သောသောခပ်မြူးမြူး အရွှန်းဖောက်တာတွေလည်း ပါတာမို့ ပိုကြည့်ကောင်းပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File ...
movie

Ben & Lacy (2023)

2020
Broil (2020)
Broil (2020) ၂၀၂၀ ခုနှစ်ထဲ ထွက်ထားတဲ့ Fantasy, Horror, Thriller အမျိုးအစားထဲ ပါတဲ့ဒီဇာတ်ကားလေးက လူတကာက လက်ခံထားတဲ့ ထူးဆန်းလွန်းတဲ့စင်ကလဲမိသားစုရဲ့ အကြောင်းအရာဆိုတာထက် မိသားစုတွင်း ပြဿနာတွေကြား ကြားညှပ်မိသလိုလိုဖြစ်သွားတဲ့ ဇာတ်ကောင်တချို့ ၊ ပြီးတော့ မမျှော်လင့်ထားတဲ့လှည့်ကွက်လိုမျိုးတွေနဲ့ မထင်မှတ်နိုင်လောက်တဲ့ ရာဇဝင်တွေ၊မှော်ဆန်ဆန် အဖြစ်အပျက်တွေကိုအချိတ်အဆက်မိအောင်လည်း ပြထားတယ်။အော်ဂလီဆန်စရာ အဖြစ်လေးတချို့ပါပေမယ့် သွေးထွက်သံယိုအခန်းတွေပါတာမျိုးလည်း မဟုတ်ပြန်ဘူး။အဲ့ဒါကိုက ထူးဆန်းနေတာမျိုးဆိုတော့ ထူးဆန်းတာတွေသဘောကျတတ်တဲ့သူတွေအနေနဲ့ အမြန်သာဒေါင်းပြီး ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…  994 MB /  489 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Vowel
movie

Broil (2020)

2020
Villain (2020) 5.9
Villain (2020) Villain (2020) =========== IMDb Rating - 5.9/10အက်ဒီဖရန့်ခ်ဟာ ဆယ်နှစ်ကျော်ထောင်ဒဏ်ကျခံပြီးလွတ်မြောက်ကာစ ဖြစ်ပါတယ်။ သူဖွင့်ထားခဲ့တဲ့အရက်ဆိုင်ကို သူ့ညီက ဦးစီးနေပြီး ဆိုင်အခြေ အနေကိုကြည့်ရတာ အားရစရာမရှိလှပါဘူး။ အက်ဒီဟာ တစ်ချိန်က ဆိုးခဲ့ မိုက်ခဲ့တဲ့အတွက် သူ့သမီးက သူ့ကိုအဆက်အဆံမလုပ်သလို အတူနေ သူ့ညီ နဲ့လည်း အစေးမကပ်ပါဘူး။ ဒါပေမယ့်လည်း ထောင်ထဲမှာ အကျွတ်တရားရ ခဲ့ပုံရခဲ့တဲ့အတွက် ဘဝကိုပြန်လည်ကောင်းမွန်အောင်တည်ဆောက်ဖို့ကြိုးစား ရင်း သူ့ဆိုင်ကိုလည်း အကောင်းဆုံးဖြစ်အောင်ပြန်လည်ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမယ့်လည်း ဒေသခံဂန်းစတားခေါင်းဆောင်တွေဖြစ်တဲ့ ရွိုင်းနဲ့ ဂျွန်ဆိုတဲ့ လူဆိုးနှစ်ယောက် သူနဲ့လာတွေ့ပြီး သူထောင်ကျနေချိန် သူ့ညီရှုပ်ခဲ့တဲ့ဇယားတွေ ကြောင့်သူတို့ဆီကို ငွေပမာဏအများကြီးအကြွေးတင်နေတာကိုသိရတဲ့အချိန်မှာ ဒီပြဿနာတွေကို အက်ဒီခေါင်းခံဖြေရှင်းဖို့ဖြစ်လာပါတယ်။ အဲ့ဒီလိုဖြေရှင်းဖို့အ တွက်တော့ သူစွန့်လွှတ်ခဲ့ပြီးသား ဒုစရိုက်လမ်းကိုပြန်ရွေးဖို့တစ်နည်းသာရှိပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.31 GB) / (475 MB) Quality............WEB-DL 1080p / 720p Duration........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator......Alias Encoder..........SWM
movie

Villain (2020)

2020
After We Collided (2020) 5.2
After We Collided (2020)  Hello Hello !အချစ်တွေနဲ့ အမုန်းကြမ်းမယ့် Tessa နဲ့ Hardin ပြန်လာပါပြီBut ....ဒီကားလေးကို မကြည့်ခင် After ဆိုတဲ့ 2019 တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးကို ကြည့်ဖူးမှဖြစ်ပါမယ်ဒီတော့ မကြည့်ရသေးရင် အခုပဲ ပြေးကြည့်လိုက်ပါဇာတ်ကြောင်းလေးပြန်ကောက်ပေးရမယ်ဆိုရင်တော့ ပါတီတစ်ခုက Truth or Dare ဆိုတဲ့ ဂိမ်းလေးရဲ့ ကျေးဇူးနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့Hardin နဲ့ Tessaဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့ ကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ....After မှာ နှစ်ယောက်အတူ အနမ်းတွေ ခြွေခဲ့တဲ့ ရေကန်လေးမှာ အတူတူထိုင်ရင်း အဆုံးသတ်သွားတာ မှတ်မိကြဦးမှာပါ" လောကမှာ အချစ်ဆုံးက ငါ့ကိုယ်ငါလို့ ဖြေခဲ့တာ နင်မှတ်မိလားတကယ်တော့ လောကမှာ ငါအချစ်ဆုံးက နင်ပါ " ဆိုတဲ့ စကားလေးရော မှတ်မိကြသေးရဲ့လားမှတ်မိရင် ဆက်ကြည့်လို့ရပါပြီAfter We Collided ရော အချစ်ငှက်နှစ်ကောင် ...
movie

After We Collided (2020)

2020
[18+] Undryable Daughter-in-Law (2020)
[18+] Undryable Daughter-in-Law (2020) အခု ဇာတ်လမ်းကတော့ အိမ်တွင်းအရှုပ်တော်ပုံ လူတွေရဲ့ သွေးသားဆန္ဒရှုပ်ထွေးပုံကို ကြည့်ရမှာပါ...အိမ်ထောင်တခုရယ်လို့ဖြစ်လာရင် စီးပွားရေးကလဲ အရေးကြီးသလို နှစ်ဦးနှစ်ဖက် အပြုစုအယုယလေးတွေကလဲ အရေးပါတာကို အားလုံးသိကြမှာပါ... ခုဇာတ်လမ်းမှာလဲ အပြုစုအယုယတွေလိုအပ်နေတဲ့ အိမ်ရှင်မလေးဘဝကို သနားစဖွယ်မြင်တွေ့ရမှာပါ...အပြုအစုအယုကိုလိုချင်တဲ့သူ့ဆန္ဒကို ယောကျာ်းဖြစ်သူကလဲဂရုမစိုက်ဖောက်ပြန်နေတဲ့အခါ အနေနီးပြီး သူ့အပေါ်ကြင်နာတဲ့ အနီးဆုံးယောကျာ်းတစ်ဦးကို သံယောဇဉ်ဖြစ်မိသွားချိန်မှာတော့..... File size…700MB Quality…720p WEBRIP Format…mp4 Duration…1h 12min Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by FOX
movie

[18+] Undryable Daughter-in-Law (2020)

2020
30 Jours Max (2020)
30 Jours Max (2020) 30 Jours Max (2020) =============== IMDb Rating - 5.4/10ဒီဟာသဇာတ်ကား​လေးနာမည်က အလွန်ဆုံး ရက် ၃၀ပါပဲ။ ကျန်းကျန်းမာမာနဲ့ ဘဝကိုဖြတ်သန်း​နေရင်း ရုတ်တရက်ကြီးအသက်ရှင်သန်ရဖို့ ရက်၃၀ပဲကျန်​တော့ မယ်ဆိုရင် ကျွန်​​တော်တို့​ရော ဘာ​တွေလုပ်မိကြမလဲ။ ရာယန်းက ကပျက်ကျ​ချော် နိုင်တဲ့ရဲဝန်ထမ်းတစ်​ယောက်၊ အ​​​ဖေဖြစ်သူကိုဂုဏ်ယူ​စေဖို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ပြီး ကြိတ်ကြိုက်​နေရတဲ့ တွဲဖက်​ရဲ​မေကိုလည်း အထင်ကြီး​အောင် လုပ်ပြချင်​နေတဲ့သူ​ ပေါ့။ ကံဆိုးချင်​တော့ သူရဲ့​ပေါ့တိ​ပေါ့ပျက်နိုင်မှု​တွေ​ကြောင့် အ​ရေးကြီးတဲ့စစ်ဆင်​ ရေးတစ်ခုမှာ အမှားလုပ်မိပြီး ရဲဌာနက ရဲ​ဘော်ရဲဖက်​တွေရဲ့ဖယ်ကျဥ်ခြင်းကို ခံရ တယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း သူ့ကိုရှိတယ်လို့​တောင် မထင်ဘဲ ချိုး နှိမ်ဆက်ဆံကြတယ်။ သူကိုယ်တိုင်ကလည်း တဖက်သားအ​ပေါ် လိုတာထက်ပိုပြီး သည်းခံတတ်တာလည်းပါတာ​ပေါ့။ဘယ်​လောက်သည်းခံလဲဆိုရင် ပြတ်သွားတာ တစ်နှစ်​လောက်ရှိနေပြီဖြစ်တဲ့ ရည်း စား​​ဟောင်းက သူငှား​နေတဲ့အိမ်​ပေါ်တက်​နေပြီး လူပါးဝတာကိုမှ ​ငြိမ်ခံပြီး ဆက်​နေ ခိုင်းတယ်။ အဲဒီ​နောက် ကြွက်တစ်​ကောင်နဲ့ဆရာဝန်တစ်​​ယောက်​ကြောင့် သူရဲ့ဘဝ က အကြီးအကျယ်​ပြောင်းလဲဖို့ဖြစ်လာတယ် ဘာ​တွေဘယ်လို​ပြောင်းလဲကုန်မလဲသိ ရဖို့ အ​ပြေး​လေး ကြည့်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.17 GB) / (420 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

30 Jours Max (2020)

2020
My Blood and Bones in a Flowing Galaxy (2020) 6.7
My Blood and Bones in a Flowing Galaxy (2020) My Blood & Bones in a Flowing Galaxy (2020)~ IMDb – 6.7/10, MyDramaList – 7.9/10 ~ဟီးရိုး လူစွမ်းကောင်းဖြစ်ချင်တဲ့စိတ်က လူတော်တော်များများမှာ အဓိပ္ပာယ်သတ်မှတ်ချက် တစ်မျိုးစီနဲ့ ဖြစ်တည်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျောင်းသား ခိရိုဆုမိ ဟမဒ ဂျူနီယာကောင်မလေးအပေါ် ကာကွယ်ပေးချင်တဲ့အကြောင်းကို သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူရဲကောင်းဖြစ်လိုစိတ်နဲ့ ချိတ်ဆက်ထားပါတယ်။ခိရိုဆုမိရဲ့ အဖေဖြစ်သူက သူ့ကိုမွေးခါနီးနာရီပိုင်းအလိုမှာပဲ ရေထဲမျောပါပြီး သေဆုံးသွားပါတယ်။ အကြောင်းရင်းကလည်း ရေထဲထိုးကျနေတဲ့ကားထဲက လိုက်ပါစီးနင်းသူတွေကို ဆင်းကယ်ရင်း သူကိုယ်တိုင် နစ်သွားတာကြောင့်ပါ။ခိရိုဆုမိဟာ ငယ်စဉ်ကတည်းက သူ့အဖေရဲ့ လူစွမ်းကောင်းဆန်ပုံတွေ စိတ်ကောင်းရှိပုံတွေကို သူ့အမေဆီကနေ ကြားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူလည်း သူ့အဖေလို ဟီးရိုးဖြစ်ရမယ်ဆိုပြီး ခံယူထားတဲ့၊ အမှန်တရားကို လိုလားတဲ့ ဆယ်ကျော်သက်လေးဖြစ်လာခဲ့ပါတယ်။တတိယနှစ်မှာတော့ ကျောင်းအစည်းအဝေးမှာ အနိုင်ကျင့်ခံနေရတဲ့ ဂျူနီယာလေး ခုရမိုတို ဟာရိကို ဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ...
movie

My Blood and Bones in a Flowing Galaxy (2020)

2020