Channel Myanmar
2020
Still Here (2020) 5.5
Still Here (2020) Still Here (2020)=============IMDb Rating - 5.5/10#Unicodeဇာတ်လမ်းက ဆင်းရဲသား လူမည်းရပ်ကွက်က မော်နီ၀က်ဆန်ဆိုတဲ့ ကောင်မလေးပျောက်တာကနေစတယ် ။လူမည်းလည်းဖြစ် ဆင်းရဲသားရပ်ကွက်က အပေအတေတွေလည်းဖြစ်နေတော့ရဲတွေက အဖက်လုပ်ပြီး စုံစမ်းစစ်‌ေဆးတာတွေ မလုပ်ပေးခဲ့ပါဘူး ။ ဒါကိုသိတဲ့ခရစ်စတင် ဘိတ်ကာဆိုတဲ့ ဂျာနယ်လစ်က စွန့်စွန့်စာစားနဲ့ လူမည်းရပ်ကွက်ကိုသွားပြီး သတင်းရေးပါတော့တယ်။ သူရေးတဲ့သတင်းတွေ ကြောင့် ပြည်သူလူထုနဲ့ရဲအရာရှိတွေ ပိုပြီး သတိထားမိလာခဲ့ပြီး အပူတပြင်းပြန်လည်ရှာဖွေစုံစမ်းပါတော့တယ် ။ တရားခံက ဘယ်သူဖြစ်မလဲ ..? မော်နီ၀က်ဆန်ကိုရော အသက်ရှင်လျက်ပြန်တွေ့နိုင်ပါ့မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ ။ ဒီကားကလက်ရှိမှာဖြစ်ပျက်နေတဲ့ ကလေးသူငယ်ပျောက်ဆုံးမှုတွေကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာIMDb Rating 5.5/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်။)#Zawgyiဇာတ်လမ်းက ဆင်းရဲသား လူမည်းရပ်ကွက်က မော်နီဝက်ဆန်ဆိုတဲ့ ကောင်မလေးပျောက်တာကနေစတယ် ။လူမည်းလည်းဖြစ် ဆင်းရဲသားရပ်ကွက်က အပေအတေတွေလည်းဖြစ်နေတော့ရဲတွေက အဖက်လုပ်ပြီး စုံစမ်းစစ်‌ဆေးတာတွေ ...
movie
Still Here (2020)
2020
Centigrade (2020) 4.3
Centigrade (2020) Centigrade (2020)==============IMDb Rating - 4.3/10#Unicode2020 ထွက်ပါ Drama/ Thriller အမျိုးအစားဖြစ်ပြီး ထူးခြားတာကတစ်ကားလုံး cast ၂ ယောက်ပဲပါပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ စာရေးဆရာမ နာအိုမီနဲ့ သူ့ယောက်ျားဟာစာအုပ်လက်မှတ်ထိုးပွဲအတွက် နော်ဝေးနိုင်ငံသို့သွားရင်း နှင်းမုန်တိုင်းတစ်ခုကြောင့် ကားထဲမှာ ပိတ်မိသွားပါတော့တယ်...ပိုဆိုးတာက နာအိုမီမှာ ကိုယ်လေးလက်ဝန်ကြီးနဲ့ပါတစ်ရက်ပြီးတစ်ရက် ကုန်လွန်ပြီး ပါလာတဲ့စားစရာတွေ ကုန်ခါနီးလာတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားပေးကြပါဦး။ ဒီဇာတ်ကားဟာ အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီး အတော်ကြည့်လို့ကောင်းပါတယ် . Silent Movies အမျိုးအစားလို့လည်း ပြောလို့ရမယ်ထင်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyi2020 ထွက်ပါ Drama/ Thriller အမျိုးအစားဖြစ်ပြီး ထူးခြားတာကတစ်ကားလုံး cast ၂ ယောက်ပဲပါပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ စာရေးဆရာမ နာအိုမီနဲ့ သူ့ယောက်ျားဟာစာအုပ်လက်မှတ်ထိုးပွဲအတွက် နော်ဝေးနိုင်ငံသို့သွားရင်း နှင်းမုန်တိုင်းတစ်ခုကြောင့် ကားထဲမှာ ပိတ်မိသွားပါတော့တယ်...ပိုဆိုးတာက နာအိုမီမှာ ကိုယ်လေးလက်ဝန်ကြီးနဲ့ပါတစ်ရက်ပြီးတစ်ရက် ကုန်လွန်ပြီး ပါလာတဲ့စားစရာတွေ ကုန်ခါနီးလာတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားပေးကြပါဦး။ ...
movie
Centigrade (2020)
2020
Love the Way U Lie (2020) 7.2
Love the Way U Lie (2020) လေးလပိုင်းလောက်ကရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Netflix ကလည်းပြန်ဝယ်ပြီးပြသခဲ့တဲ့ရုပ်ရှင်ပါ Summary- ယော်ျားကို ဝမ်းမနည်းပဲရှေ့ဆက်စေချင်တဲ့ ဆာရာဆိုတဲ့ ဝိညာဥ်က သူ့ယော်ျားကိုဆက်သွယ်လို့ မရပါဘူး။ တစ်မြို့လုံးက ဆာရာ့အသံမကြားရဘူး။ ကွီရာပိုမှာ စတေစီဆိုတော့အကြားအမြင် ဆရာမတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ စတေစီကပဲ ဆာရာ့အသံကိုကြားရပါတယ်။ ကြားရတာလည်း သူတို့နှစ်​ယောက်ကြားမှာ အကြောင်းအရာလေးတွေရှိလို့ပါ ယော်ျားကို တစ်ယောက်တည်းအထီးကျန်ကျန်မနေတော့ဘဲ ရှေ့ဆက်စေချင်တဲ့ ဆာရာ၊ နေသန်ကို အချစ်သစ်တွေ့စေချင်တဲ့ဆာရာ။ ဆာရာ့ယော်ျားနေသန်ကို ရှေ့ဆက်နိုင်ဖို့ကူညီရင်း စတေစီနဲ့နေသန်ကြားက အချစ်ဇာတ်လမ်းလေးကိုတွေ့ရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းပါတယ် ဇာတ်အိမ်အပြောင်းအလဲတွေမရှိပါဘဲ ဒီအတိုင်းရုပ်ရှင်တစ်ကားကို စီးမျောပြီးကြည့်နေရင်း သဘောကျမိတဲ့ဇာတ်ကားတစ်ပါးပါ။ သူတို့တွေကြားက အချစ်ကအတော်soft ဖြစ်ပါတယ်။ ဖိလစ်ပိုင်က မနီလာမြို့ရဲ့ ကွီရာပိုတံထားနဲ့ အဆောက်အအုံတွေ၊ လှပတဲ့နေရာလေးတွေ ဒီရုပ်ရှင်မှာမြင်ရမှာပါ   File Size - 1gb Quality - web-rip 1080p Subtitle -  burmese Translator - DoDo Encoder - Thit San Khant
movie
Love the Way U Lie (2020)
2020
Downhill (2020) 4.8
movie
Downhill (2020)
2020
Killer in Suburbia (2020) 5.4
movie
2020
Edge of Extinction (2020) 7.2
Edge of Extinction (2020) တတိယကမ္ဘာစစ်အပြီး ၁၅ နှစ်အကြာမှာ နျူကလီးယားဆောင်းရာသီကုန်ဆုံးသွားပေမယ့် လူသားများဟာ မျိုးသုဉ်းလုနီးပါးဖြစ်နေပြီး လူ့ယဉ်ကျေးမှုမရှိတော့ပါဘူး အစားအစာရှားပါးလွန်းလို့ အများစုသည်ခိုးယူသတ်ဖြတ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပါတယ် ဗြိတိန်တောင်ပိုင်းu လူခြေတိတ်တဲ့ ကျေးလက်ဒေသတွင်နေထိုင်တဲ့ ကောင်လေးတစ်ယောက်ဟာ အခြားလူများနှင့် ဝေးဝေးနေပြီး ရှင်သန်ရပ်တည်နေရပါတယ် သို့ပေမယ့် တခြားသောအဖွဲ့များ အန္တရာယ်တွင်းသို့ကျရောက်ပြီး အကူအညီလိုအပ်တဲ့ အခါမှာတော့ အသားစားတဲ့လူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူသားစားအဖွဲ့ဝင်တွေနဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာ ဇာတ်ကားလေနဲ့အတူ ရင်သပ်ရှုမောကြည့်ရှုလိုက်ပါနော်   File Size - 1.5 gb Quality - web-dl 1080p Subtitle -  burmese Translator - Htoo Htoo Ka Joe Encoder - Thit San Khant
movie
Edge of Extinction (2020)
2020
Baba Yaga: Terror of the Dark Forest (2020) 6.2
Baba Yaga: Terror of the Dark Forest (2020) 2020ထွက် Horror/Supernatural ဇာတ်ကားကောင်းလေးပါ. ဇာတ်လမ်းလေးက ရှရှားရိုးရားပုံပြင်တပုဒ်ကို အခြေခံထားတာပါ။ လူ့လောကရဲ့ နယ်စပ်ဖြစ်တဲ့ သေခြင်းနဲ့ရှင်ခြင်းနယ်မြေကြားမှာ ကလေးတွေရဲ့ ဝိညာဉ်ကို စားသုံးတဲ့ စုန်းမတစ်ကောင် ရှိပါတယ်. အဲ့ဒီစုန်းမဟာ ကလေးတွေကို Navsလို့ ငှက်တပိုင်းလူတပိုင်း သတ္တဝါကို စေလွှတ်ပြီး ကလေးတွေကို ဖမ်းခိုင်းခဲ့ပါတယ်. တနေ့မှာတော့ သူဖမ်းတဲ့ကလေးထဲမှာ တောက်ပတဲ့ဝိညာဉ်ကလေး တစ်ယောက်ပါလာပြီး အဲ့ဒီကလေးကပဲ သူ့ကို သေခြင်းနယ်မြေမှာ အကျဉ်းချထားခဲ့ပါတယ်. အချိန်တွေကြာလာတာနဲ့ အမျှ လူတွေဟာ ပုံပြင်ကို မေ့လာခဲ့ကြပေမယ့် တနေ့မှာတော့ အီဂေါဆိုတဲ့ ကောင်လေးဟာ သူ့ညီမပျောက်သွားတာကို သတိထားမိပေမယ့် မိဘတွေရော တခြားလူတွေကပါ သူ့ညီမရှိတာကို မေ့ကုန်ကြတာပေ့ါ ရှာဖွေဖော်ထုတ်ရင်း ဒဏ္ဋာရီထဲက အရာတွေ အမှန်ရှိပြီး ဘယ်လို လှည့်ကွက်တွေ ဘယ်လို ဒုက္ခပေါင်းစုံကို ရိုက်ပြထားပြီး background soundတွေကလဲ တကယ့်ကိုထိတ်လန့်စိတ်၀င်စားဖွယ်အသံတွေကို ထည့်ထားတာကြောင့် horrorချစ်သူတို့ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါ‌ရစေ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - YK Encoder - Thit San Khant
movie
Baba Yaga: Terror of the Dark Forest (2020)
2020
Beyond That Mountain (2020) 7.3
Beyond That Mountain (2020) ဒီဇာတ်ကားကတော့ 1982ခုနှစ်တုန်းက ရိုမန်ကတ်သလစ် ဘုန်းတော်ကြီး စတီဖန် ကင်ဆွန်းဟွမ်း ရဲ့ငယ်ဘဝအကြောင်းကို အခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ အဆိုပါဘုန်းတော်ကြီးဟာ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်တပ်အုပ်ချုပ်မှုလက်အောက်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းတဲ့ အရေးအခင်းကာလမှာပါဝင်ခဲ့တဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဉီးဖြစ်ပြီး လူအများလေးစားအားကြခံရတဲ့ သူလည်းဖြစ်ပါတယ် ။ ဒီဇာတ်ကားထဲမှာတော့ ဘုန်းတော်ကြီးရဲ့ငယ်ဘဝ ကို ဘယ်လိုသရုပ်ဖော်ထား မလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု့ပေးကြပါအုံးရှင်။   File Size - 1.2 gb Quality - web-dl 1080p Subtitle -  burmese Translator - Kim Hana Encoder - Thit San Khant
movie
Beyond That Mountain (2020)
2020
Crime Solving Special Squad (2020) 8.0
Crime Solving Special Squad (2020) ဒီကားလေးကတော့စုံထောက်ဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့သူတွေအကြိုက်တွေ့ကြမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက ရဲတွေလက်လှမ်းမမှီတဲ့ အမှုတွေနဲ့ရဲတွေက လာဘ်စားထားပြီး ဖြေရှင်းမပေးတဲ့ အမှုတွေကို ဒီအဖွဲ့က လူတော်တွေကဖြေရှင်းကြတာပဲဖြစ်ပါတယ်။ အဖွဲ့ထဲမှာအတိုက်အခိုက်ကျွမ်းသူတွေ၊ စကားပြောကောင်းသူ၊ပုံဖျက်အယောင်ဆောင်ကျွမ်းကျင်သူ၊ ကွန်ပြူတာကျွမ်းကျင် hackerအထိရှိပြီး သူတို့အားလုံးပေါင်းပြီးတရားမဝင်အလုပ်တွေလုပ်ကိုင်နေကြတဲ့ လောဘသားတွေကိုစုံစမ်းကြရပါတယ်။ သူတို့အထက်မှာအမိန့်ပေးနေတဲ့သူလည်းရှိသလိုအဲ့လူကိုတော့ သူတို့တခါမှမမြင်ဖူးကြပါဖူး။ ဒီလိုနဲ့ ကျောင်းသားငယ် အသက်မပြည့်သေးတဲ့ကလေးတွေကို တရားမဝင် ကျွန်အရောင်းအဝယ်စာချုပ်လိုမျိုးချုပ်ပြီး အလုပ်ခိုင်းနေတဲ့ အဖွဲ့ကိုစုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအဖွဲ့ကလည်း ကျောင်းသားငယ်လေးတွေ ငွေနဲ့မျှားပြီး အသုံးများတဲ့ app တစ်ခုကနေ မက်လုံးပေးအလုပ်ခေါ်တာပါ။ ဒါကိအြပျော်အပါးမက်တဲ့သူတွေဝင်လုပ်ကြရင်း ဒီအလုပ်ထဲနစ်မှန်းမသိနစ်ကုန်ကြပါတယ်။ ဒီလိုကလေးတွေကိုကာကွယ်ဖို့ ဒီအထူးအဖွဲ့ကစတင်လှုပ်ရှားရပါတယ်။ ဒီလိုနဲ့ နောက်ကြောင်းလိုက်ရင်း နောက်ကွယ်က ခိုင်းစေသူတွေကို စုံစမ်းကြည့်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ သူတို့အဖွဲ့ဒီအမှုကိုဖြေရှင်းနိုင်ပါမလားနောက်ကွယ်ကလက်မဲကြီးတွေကကော ဘယ်သူတွေလဲ ဒီ appကကောဘာလဲဆိုတာတော့ စိတ်ဝင်စားဖွယ်တင်ဆက်ထားတာတွေ့ရမှာဖြစ်လို့ အိမ်မှာနားနေတဲ့အချိန် အေးအေးအေးဆေး ကြည့်ကောင်းတဲ့ကားလေးတစ်ကားဖြစ်တယ်လို့ ညွှန်းချင်ပါတယ်    File Size -  867mb Quality - web-dl 1080p Subtitle -  burmese Translator - Moe Pwint Encoder - Thit San Khant
movie
Crime Solving Special Squad (2020)
2020
Bori (2020) 7.8
Bori (2020) မိသားစုမှာ ကိုယ်တစ်ယောက်တည်း ကွဲပြားနေတယ်လို့ ခံစားရဖူးပါသလား ကျန်တဲ့သူတွေက အတူပျော်ရွှင်နေပြီး ကိုယ်တစ်ယောက်တည်းပဲအထီးကျန်နေတယ်ဆိုတဲ့စိတ်ကိုဖြေသိမ့်ချင်တယ်ဆိုရင် ဒီကားလေးကိုညွှန်းပေးချင်ပါတယ် အဖေ အမေ မောင်လေးဂျောင်ဝူး နဲ့ ဘိုရီ တစ်မိသားစုလုံးမှာ တစ်ယောက်တည်းပဲနားကြားရတဲ့ ဘိုရီလေးဟာ မိသားစုတွေ လက်ဟန်ခြေဟန်နဲ့စကားပြောတဲ့အချိန် သူတစ်ယောက်တည်းကွဲပြားနေပါလားဆိုတဲ့ အထီးကျန်စိတ်နဲ့ ဝမ်းနည်းနေတတ်တဲ့ကလေးမလေးပါ မိသားစုဝင်တွေလိုပဲ အသံတွေပျောက်သွားချင်တယ်ဆိုတဲ့စိတ်နဲ့ ဘိုရီတစ်ယောက် တကယ်ပဲအသံမကြားရတော့တဲ့အချိန် မိသားစုဝင်တွေတွေ့ကြုံရတဲ့ အခက်အခဲတွေကိုကြုံလာရတဲ့အခါ သူ့စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ အတူတူဖြစ်သွားပြီလို့တွေးမှာလား မိသားစုဝင်တွေအတွက် သူဘယ်လောက်အရေးကြီးခဲ့လဲဆိုတာ သိလာမှာလား တကယ်ပဲအသံအပြီးပျောက်သွားတာဟုတ်ရဲ့လားဆိုတာ ဒီကားလေးထဲမှာ အဖြေရှာစေချင်ပါတယ် ဇာတ်ကားလေးက လှပတဲ့ဒရာမာဇာတ်လမ်းလေးပါ မိသားစုနဲ့ပတ်သတ်တဲ့ခံစားချက်တစ်ခု ရင်ထဲမှာကျန်နေခဲ့မှာ အသေအချာပါပဲ   File Size - 1.2 gb Quality - web-rip 1080p Subtitle - burmese Translator - Phu Nge Nge Thein Encoder - Thit San Khant
movie
Bori (2020)
2020
The Pale Door (2020) 7.3
The Pale Door (2020) ဒယ်တန် ဂိုဏ်သားတွေက ရထားတစ်စီးကို ဓားပြဝင်တိုက်ရင်းနဲ့ သူတို့ခေါင်းဆောင်က သေနတ်မှန်သွားပါတယ် သေနတ်ဒဏ်ရာရနေတဲ့ ခေါင်းဆောင်ကို ကယ်ဖို့ကြိုးစားရင်း တောထဲမှာ ပြည့်တန်ဆာအိမ်တစ်ခုကို တွေ့လိုက်ရပါတယ် ဒါပေမယ့် သူတို့ကို ကြိုဆိုနေတဲ့ မိန်းမချောလေးတွေက တစ်ခုခု မူမမှန်ဘူး ဖြစ်နေတာကို အားလုံးက သတိမထားမိကြပါဘူး ဒဏ်ရာရနေတဲ့ ခေါင်းဆောင်နဲ့ အဖွဲ့သားတွေ အသက်ရှင်ရက် ပြန်လာနိုင်မလား? တောနက်ထဲက ပြည့်တန်ဆာအိမ်က မိန်းမချောလေးတွေက ဘယ်သူတွေလဲ? ကောင်းဘွိုင်ခေတ်ကို အခြေခံထားတဲ့ ထိတ်လန့်သည်းဖို့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ The Pale Door ဟာ Horror ဖန်တွေ သဘောကျနိုင်တဲ့ ဇာတ်ကားတစ်ကားပါ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - Htet Wai Lwin Encoder - Thit San Khant
movie
The Pale Door (2020)
2020
Offering to the Storm (2020) 7.2
Offering to the Storm (2020) Offering to the stormက The Bazatan Trilogy ရဲ့ နောက်ဆုံးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ စုံစမ်းရေးမှူး အမာရာဆယ်လာဇာတစ်ယောက် ကလေးငယ်တွေ ရုတ်တရက်သေခြင်းဆိုပြီး ဖုံးကွယ်ထားတဲ့ ဓလေ့ရိုးရာကလေးသတ်သမားတွေရဲ့ မကောင်းမှုကြီးကို နောက်ဆုံးတစ်ခေါက် စစ်ဆေးဖို့ ပြန်လာတဲ့အခါ............. ဒီရုပ်ရှင်ကားဟာ လျှို့ဝှက်ချက်တွေ၊ စဥ်းစားစရာတွေနဲ့ အတက်အကျပြင်းထန်ပြီး Rosemary's Baby (1968)ရဲ့ ရင်ထိတ်ဖွယ်ရာ ခံစားချက်က်ို ပြန်လည်အမှတ်ရသွားစေပါတယ်။ လူသားတွေရဲ့ အလိုဆန္ဒပြည့်ဖို့နဲ့ပတ်သက်ရင် စိတ်ကူးကြည့်လို့တောင်မရတဲ့ ဆိုးရွားမှုတွေ၊ ငွေအတွက်၊ လိုချင်တာရဖို့ ဘာမဆိုပေးဆပ်ကြတဲ့ ချောက်ချားဖွယ်ရာစိတ်ဓာတ်တွေကို ပေါ်လွင်စေတဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ စုန်းအတတ်တွေ၊ ရှေးဒဏ္ဍာရီတွေနဲ့ အယူသီးတာတွေနဲ့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် စိတ်မခိုင်တဲ့လူတွေအတွက်တော့ သူငယ်ချင်းနဲ့ အတူကြည့်ပါ။ ဇာတ်ကားတစ်ကားလုံးက ၂နာရီကျော်ကြာပေမယ့် နောက်ဆုံးဇာတ်သိမ်း အထိ ဘာဖြစ်မလဲ ဘာဖြစ်မလဲ တဖြေးဖြေးနဲ့ ဇာတ်ကားထဲ စိတ်ရောကိုယ်နစ်သွားပြီး အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ တစ်ခုရှိသေးတယ်။ဇာတ်သိမ်းပိုင်းက တကယ့်အသက်ပါ။ မထင်မှတ််ထားတွေနဲ့ တကယ့်ကို ပါးစပ်အဟောင်းသာ ဖြစ်ရပါတယ်။ အမာရာနဲ့ သူ့ရဲ့လက်အောင်ငယ်သားတွေရဲ့ ဆက်ဆံရေး၊ အခက်အခဲကြုံတဲ့အခါ တစ်ယောက်ကို တစ်ယောက် ဘယ်လိုကူညီလဲ၊ အမာရာအပေါ် ဘယ်လိုယုံကြည်ပေးကြလဲဆိုတာက ကြည့်ရှုပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကို အမျိုးမျိုးဖြစ်ပေါ်သွားစေပါတယ်။ ဇာတ်လမ်းက rating နည်းတဲ့အထဲပါပေမယ့် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ပုဒ်ပါ။ လူမဆန်စွာ အယူသီးတဲ့ ယဇ်ပူဇော်မှုတွေ၊ လူ့လောဘ၊ အာဃာတတွေအကြောင်း ...
movie
Offering to the Storm (2020)
2020
Wonderful Woman (2020) 7.2
Wonderful Woman (2020) လည်ပင်းအကျိတ်ကင်ဆာကနဦးအဆင့်ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝဖြတ်သန်းပုံကို ဖော်ပြပေးထားတဲ့ဇာတ်ကားတစ်ကားပါ လိင်ဝန်ဆောင်မှုပေးတဲ့အနှိပ်ခန်းမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးမစ္စဂင်ကို ဆယ်နှစ်ကျော်ကွဲကွာနေတဲ့ သမီးဖြစ်သူက ပြန်လည်ဆက်သွယ်လာပြီး အဖေနဲ့အမေဖြစ်သူကို မင်္ဂလာပွဲလာပေးဖို့ပြောလာတဲ့အခါမှာ မစ္စဂင်တစ်ယောက် ၁၀နှစ်ကျော်ကွဲကွာနေတဲ့ခင်ပွန်းဟောင်းဖြစ်သူကို ပြန်ရှာဖို့လုပ်ရင်း သူဖြတ်သန်းရတဲ့ဘဝအခြေအနေကို ပေါ်လွင်အောင်တင်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် Slice of Life ပုံစံမျိုးတင်ဆက်ထားပြီး မမြင်နိုင်တဲ့ဘဝအခြေအနေတွေကို လစ်ဟပြသသွားတာပဲဖြစ်ပါတယ် life drama နှစ်သက်သူတစ်ယောက်အတွက် စိတ်မပျက်စေတဲ့ဇာတ်ကားဖြစ်ပါလိမ့်မယ် Nude scene အနည်းငယ်ပါဝင်ကြောင်းလည်း ထပ်လောင်းသတိပေးပါရစေ   File Size - 1.1 gb Quality - web-dl 1080p Subtitle - burmese Translator - Phu Nge Nge Thein Encoder - Thit San Khant
movie
Wonderful Woman (2020)
2020
The Final Level: Escaping Rancala (2020) 6.2
The Final Level: Escaping Rancala (2020) ကောင်လေးတစ်ယောက် ဂိမ်းဆိုင်မှာ ဂိမ်းဆော့ရေရင်း   လေထဲမှာပျောက်သွားသလိုမျိုး ဘာအစမှရှာမရ‌ေတာ့ဘဲပျောက်သွားတယ်။ လိုက်ရှာတဲ့ရဲတွေရော မိသားစု၀င်တွေရော သူငယ်ချင်းတွေရောက ဘယ်လိုမှရှာမရတဲ့အဆုံးလက်လျော့လိုက်ကြတယ်။ ဒါပေမယ့် နှစ်တွေကြာလာတော့ပျောက်သွားတဲ့ကောင်မလေးရဲ့အမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဂိမ်းဆိုင်တစ်ဆိုင်ဖွင့်တဲ့အခါ သူ့မောင်လေးပုံပါနေတဲ့ ဂိမ်းတစ်ခုကိုသွားတွေ့တယ်။ သူငယ်ချင်းသုံးယောက်သား ယောင်ချာချာနဲ့ ဂိမ်းထဲရောက်သွားပြီး သူတို့မောင်လေးဟာ ပျောက်သွာစတာမဟုတ်ဘဲ ဂိမ်းထဲရောက်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲ့ဒီ့လိုနဲ့ သူငယ်ချင်းသုံးယောက်သားမောင်လေးကို ကယ်ဖို့ကြိုးစားကြပါတော့တယ်။ ဒီအမျိုးသမီးသုံးယောက်ဂိမ်းထဲမှာ ဘယ်လိုတွေစွန့်စားခန်း ဖွင့်သွားကြမလဲဆိုတာ ခံစားကြည့်ကြပါဦး   File Size -  943 mb Quality - bluray 1080p Subtitle - burmese Translator - Nay Myo Thu Encoder - Thit San Khant
movie
The Final Level: Escaping Rancala (2020)
2020
Roped (2020) 7.3
Roped (2020) ဒီတစ်ခေါက်တော့ စီအမ်ပရိတ်သတ်ကြီးအတွက် ၂၀၂၀ မှာထွက်ထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းကတော့ အမေရိကန်က ပေါတာခရိမြို့က ကောင်းဘွိုင်တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ပေါတာခရိမြို့မှာ ထရေစီ ရဲ့ အဖေက မြင်းရိုင်းထိန်းပွဲတွေကို ပိတ်ပင်ဖို့အတွက်ဦီးစီးဉီဆောင်ပြုပြီး ဆောင်ရွက်နေပါတယ် ဒါပေမယ့် သူ့သမီး ထရေစီကတော့ ကောင်းဘွိုင်တစ်ယောက်ဖြစ်တဲ့ ကော်တန်ကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့ပါတယ် အဲ့ဒီမှာ သူ့အဖေက ကောင်းဘွိုင်နဲ့ ဝေးဝေးနေခိုင်းပါတော့တယ် နောက် ထရေစီရဲ့ရည်းစားကလည်း ကောင်းဘွိုင်နဲ့ မတည့်ပါဘူး သူတို့ရဲ့ အချစ်ရေးက ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုရမှာပါ နောက်ပြီးတော့ ထရေစီရဲ့ အဖေက ကောင်းဘွိုင်တွေကို မြင်းပွဲ ကိစ္စတွေကြောင့် တယူသန် အမြင်မကြည်ဖြစ်နေတာတွေ ရှိနေပါတယ် အဲ့ဒီလို ခံယူချက်ချင်း ကွဲလွဲပြင်းထန်နေတဲ့အခါ ကောင်းဘွိုင်လေးနဲ့ ထရေစီရဲ့ အချစ်ရေးက ဘယ်လိုမျိုး ရှေ့ဆက်ဖို့ ရှိလာနိုင်မလဲ ဒါကို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ် File Size - 975 mb Quality - web-dl 1080p Subtitle - burmese Translator - Pyae Shan Tun Wai Encoder - Thit San ...
movie
Roped (2020)
2020
Ginger’s Tale (2020) 7.8
Ginger’s Tale (2020) CM ပရိသတ်ကြီးအတွက် ရုရှားanimation ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂျင်းဂျားဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်တည်းက တိရစ္ဆာန်လေးတွေကိုလည်း အရမ်းချစ်တတ်ပြီး ဒုက္ခရောက်နေတဲ့သူတွေကိုလည်း အရမ်းကူညီပေးတတ်တဲ့သူ... ဒါပေမဲ့ ရှပ်ပြာရှပ်ပြာနိုင်လွန်းလို့ သူ့ကြောင့်မြို့ရဲ့ အထင်ကရရေပန်းကြီးပျက်စီးသွားရတဲ့အခါ စေတနာကနေ ဝေဒနာဖြစ်ပြီး မြို့သူမြို့သားတွေရဲ့ ဝိုင်းအပြစ်တင်တာကိုခံရတဲ့ကောင်မလေး ပေါ်တာဆိုတဲ့ အိုးဖုတ်သမားကောင်လေးကတော့ ဂျင်းဂျားနဲ့ငယ်ငယ်တည်းက ကစားဖော်ကစား​ဖက်... ငွေရေးကြေးရေးမပြည့်စုံလို့ အကြွေးပတ်လည်ဝိုင်းနေပြီး အိုးဖုတ်ကိရိယာကောင်းကောင်းမရှိလို့ အိုးကောင်းတွေလည်းမဖုတ်နိုင်... သူ့အရွယ်တုန်းက သူ့အဘိုးဆို မြို့ရဲ့အထင်ကရရေပန်းကြီးကိုတောင် ဆောက်ပေးနေနိုင်ပြီဆိုပြီး လူတကာက ဝိုင်းလက်ညှိုးထိုးအထင်သေးခံရတဲ့ကောင်လေး ဒီလိုနဲ့တစ်နေ့ ရွှေတွေငွေတွေထွက်တဲ့ ရတနာသိုက်မီးကျောက်တုံးကြီး ပေါ်တာ့ဆီမမျှော်လင့်ဘဲရောက်လာတဲ့အခါ... ငွေတွေ၊ အာဏာတွေက လူတွေကိုဘယ်လိုပြောင်းလဲသွားစေလဲ ချစ်ခြင်းတရားနဲ့ အတောမသတ်နိုင်တဲ့လောဘတွေ လွန်ဆွဲလာတဲ့အခါ ဘယ်အရာကအနိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦး File Size - 952 mb Quality - web-rip 1080p Subtitle -  burmese Translator - MTA Encoder - Thit San Khant
movie
Ginger’s Tale (2020)
2020
Run Boy Run (2020) 7.8
Run Boy Run (2020) ဒီကားကတော့ ၂၀၂၀မှာထွက်ရှိထားတဲ့ ကျောင်းသားဒရမ်မာကားလေးဖြစ်ပြီး The Tale of Nokdu ထဲက မင်းသားပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒုန်ဝွန်းဆိုတဲ့ကောင်းသားလေးက ခြေထောက်ဒဏ်ရာရပြီးနောက်ဆိုးလ်မြို့ကျောင်းအဆင့် အပြေးပြိုင်ပွဲ ကနေရွှေတံဆိပ်ရပြီးမှ နားလိုက်ရပြီး ကျောင်းကိုလည်း သူမွေးရပ်ကျောင်းကိုပြောင်းလိုက်ရပါတယ်။ အဲ့ကျောင်းကိုရောက်တဲ့အခါ ကိုရီးယားကျောင်းတွေရဲ့ ထုံးစံအတိုင်း ကြီးနိုင်ငယ်ညှင်းအင်အားရှိတဲ့သူတွေက အနိုင်ကျင့်ကြပေမယယ့်ဒုန်ဝွန်းကတော့ ငြိမ်ခံနေတတ်တဲ့ သူမျိုးမဟုတ်ပါဖူး။ တစ်ရက်အဲ့ကျောင်းက ကျောင်းသားတွေနဲ့ ကျောင်းသားသစ်ဒုန်ဝွန်းတို့ ရန်ဖြစ်မလိုဖြစ်နေတုန်း အမှတ်မထင်ရန်ပွဲကို ဖြန်ဖြေဖို့လာတဲဲ့ ငယ်သူငယ်ချင်း ဂျင်းဆူနဲ့သွားတွေ့ပါတယ်။ အဲ့ကနေတစ်ဆင့် ဂျင်းဆူ မိတ်ဆက်ပေးလို့ နောက်ထပ်ငယ်သူငယ်ချင်းမလေးချယ်ယောင်းနဲ့လည်းတဖန်ဆုံခွင့်ရခဲ့ပါတယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးအစပျိုးမယ်ကြံတုန်း ဂျင်ဒဆူတယောက် လူမိုက်အဖွဲ့ထဲဝင်ထားမိပြန်တော့ စီနီယာကျောင်းသားတွေရဲ့ဗိုလ်ကျစေခိုင်းမှုမှန်သမျှကိုလည်း လုပ်ရပြန်ပါတယ်။ အဲ့ဒါတွေကို ဂျင်းဆူတစ်ယောက် မလုပ်ချင်ပဲ လုပ်ရရင်းဂျင်းဆူနဲ့ ဒုန်ဝွန်း သူငယ်ချင်းနှစ်ယောက်ကြားအထင်လွဲစရာအကြီးကြီးဖြစ်လာခဲ့ပြန်ပါတယ်။ ပြီးတော့ဒုန်ဝွန်းတယောက် ခြေထောက်ကဒဏ်ရာကောဘယ်လိုဆက်ဖြစ်လာမလဲ။ သူအရမ်းကြိုက်နှစ်သက်တဲ့ ပြေးတာကို ပြန်လုပ်နိုင်ပါ့မလား။ ဘယ်လိုဖြစ်မယ်ဆိုတာတော့ ဇာတ်ကားပဲ ဆက်လက်ကြည့်ရှုစေချင်ပါတယ်။ ဇာတ်လမ်းကိုအဓိကညွှန်းချင်တာက သူငယ်ချင်းအချင်းချင်းနောက်ဆုံးအချိန်အထိ သူငယ်ချင်းဆိုတဲ့ သစ္စာ၊တယောက်ကိုတယောက်အရမ်းချစ်ပြီး ကာကွယ်ပေးတတ်တာစတဲ့ သူငယ်ချင်းသံယောဇဉ်ကို အသားပေးဖော်ပြထားပြီး ကိုရီးယားကျောင်းသားလောကရဲ့ ရန်ပွဲကို ဇာတ်လမ်းသွားလေးနဲ့ လေ့လာကြည့်ရှု ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကလည်း အေးမယ်ထင်ရပေမယ့် ကြည့်လို့ ကောင်းသလို မင်းသားကလည်း ကောင်မလေးတွေအကြိုက် The Tale of Nokdu ထဲကအချောလေးဆိုတော့ မင်းသားကြည့်ရတာနဲ့တင် တန်မှာပါလို့ညွှန်းဆိုပါစေ။   File Size - 1.1 gb Quality - web-dl 1080p Subtitle -  burmese Translator - Moe Pwint Encoder - Thit ...
movie
Run Boy Run (2020)
2020
Gunjan Saxena: The Kargil Girl (2020) 6.2
Gunjan Saxena: The Kargil Girl (2020) ဒီတခါတော့ CMပရိတ်သတ်ကြီးအတွက် ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါပြီ. ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး တင်ဆက်ထားတာပါ. ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကို ခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့် ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်. စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ. ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့က ရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်. ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး. သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက် ၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်. ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်. ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေ လိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်. နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကို လက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်. ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ် ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကို လေးစားဖွယ်တင်ဆက်ပြသထားတဲ့ အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ.   File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - YK Encoder - Thit San Khant
movie
Gunjan Saxena: The Kargil Girl (2020)
2020