Channel Myanmar
2020
From Bedrooms to Billions: The PlayStation Revolution (2020) 6.7
From Bedrooms to Billions: The PlayStation Revolution (2020) From Bedrooms to Billions : The Playstation Revolution (2020)အခုဆိုရင် PS5လဲထွက်လာခဲ့ပြီဆိုတော့ PlayStationဆိုတာ မြန်မာပြည်က လူငယ်တွေနဲ့စိမ်းမယ်မထင်ပါဘူး ငယ်ငယ်ထဲက PS2ဆိုင်မှာ ဆော့ခဲ့ကြတဲ့ အရသာကို အခုထိကောင်းကောင်းကြီး သတိရနေကြအုံးမှာပါ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာတော့ ငယ်ငယ်က PlayStationရယ်လို့ဖြစ်လာတဲ့ အကြောင်းအရာတွေ သူ့ခေတ်သူ့အခါက ကြုံတွေ့ခဲ့ရမဲ့ အခက်အခဲတွေကို Documentary အနေနဲ့ရိုက်ပြထားပါတယ်သူ့ခေတ်သူ့အခါက စိန်ခေါ်မှုတွေ အားပြိုင်မှုတွေနဲ့ စက်တစ်ခုချင်းစီရဲ့ တည်ဆောက်ပုံတွေ ဂိမ်းတွေဖန်တီးရာမှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို Developersတွေ ဖန်တီးသူတွေကို interview ပုံစံနဲ့ ရိုက်ကူးထားတဲ့ documentary ပုံစံမျိုးဖြစ်လို့ PlayStation ရဲ့ သမိုင်းကြောင်းကို အသေအချာသိနိုင်တဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်ဘာသာပြန်နဲ့ အညွှန်းရေးသားပေးထားတာကတော့ Summer ပဲ ဖြစ်ပါတယ်။File size… 2.9 GB  Quality….WEB-DL 1080p Format…mp4 Duration…. 2hr 42min Subtitle….Myanmar Subtitle (Hardsub) Encoder…. August
movie
From Bedrooms to Billions: The PlayStation Revolution (2020)
2020
Darbaan (2020) 7.4
Darbaan (2020) Darbaan (2020)သံ ..... ယော ..... ဇဉ် .....စကားက ၃ လုံးထဲ။ တွယ်မိငြိမိရင် လူကို အဆုံးထိအောင် နွယ်ပတ်နေတတ်တာမျိုး အဆုံးထိအောင် လောင်ကျွမ်းစေတတ်တာမျိုး။သံယောဇဉ် ဆိုတာ အစမထားမိရင် ဘာမှမဖြစ်တတ်တဲ့အမျိုး။ စမိရင်တော့ အဆုံးမရှိ။ဒီဇာတ်လမ်းကတော့ ၁၈၉၁ ခုနှစ်တုန်းက ဝတ္ထုတိုကို ပြန်ပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။ သံယောဇဉ်ကြိုး နှောင်ဖွဲ့ထုံးတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ရိုင်ချာရန် ဆိုတဲ့ ကလေးထိန်းတစ်ယောက်အကြောင်းပါ။ ကလေးထိန်းနဲ့ ကလေးရဲ့ သံယောဇဉ်အကြောင်းကို ထိထိမိမိ တင်ပြထားခဲ့တာပါ။ဇာတ်လမ်းအကြောင်းကို အကျဉ်းရှင်းရင်တောင် ဇာတ်ကြောင်းပေါ်ပြီး ကြည့်မကောင်း ဖြစ်သွားနိုင်တာမို့ စပွိုင်းမပါဘဲ ရိုင်ချာရန် အကြောင်းလို့သာ မှတ်ယူပြီး ကြည့်စေချင်ပါတယ်။ကြည့်မိအောင်သာ ကြည့်ပါ။ ရင်ထဲကို ထိသွားစေရပါမယ်။ မျက်ရည်မခိုင်တဲ့လူဆို မျက်ရည်ကျမိမှာ အသေအချာပါပဲ။ အာရှကားတွေရဲ့ ဒရာမာအချိုးအကွေ့တွေက အာရှသားတွေရဲ့ရင်ကို ယိုင်နဲ့သွားစေမှာတော့ အမှန်ပါပဲ။IMDb - 7.4/10 ဆိုတာကတော့ အလကား မဟုတ်တာ ကြည့်မိရင် သိပါလိမ့်မယ်။Review, Translate and Encode - ...
movie
Darbaan (2020)
2020
Paradise Z (2020) 3.3
Paradise Z (2020) Paradise Z (Two of  Us) (2020) Horror အမျိုးအစားကိုမှကြိုက်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ၂၀၂၀ အစောပိုင်းက ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေဒီကားလေးကတော့ apocalypse တွေထဲမှာမှ လူကြိုက်များပြီး စိတ်လှုပ်ရှားမှုပိုပေးနိုင်တဲ့ zombie apocalypse ကားအမျိုးအစားလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ ....... ဇာတ်လမ်းအကျဉ်းချုပ်လေးပြောပါမယ်ဒီကားထဲမှာတော့ ဆေးလ်နဲ့ရို ဆိုတဲ့ မင်းသမီးချောလေးနှစ်ယောက်က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ပါတယ် ပျက်ကပ်ရဲ့ရိုက်ခတ်မှုကြောင့် သူတို့နှစ်ယောက်ဟာ လူသူမရှိတဲ့ရပ်ကွက်တစ်ခုမှာခိုလှုံတိမ်းရှောင်ရင်း နေထိုင်စားသောက်နေရပါတယ် နေထိုင်စားသောက်ရတာတော့အဆင်ပြေပေမယ့် သူတို့နေရာဟာ စိတ်ချရတဲ့နေရာတော့မဟုတ်ပါဘူး ဒါအပြင်လူအချင်းချင်းခေါင်းပုံဖြတ်ချင်တဲ့လူတွေနဲ့လည်းရင်ဆိုင်ရပါသေးတယ် တစ်နေ့သူတို့နေထိုင်တဲ့နေရာကို zombie တွေကျူးကျော်ဝင်ရောက်လာတဲ့အခါမှာတော့ မိန်းမသားနှစ်ယောက်တည်းနဲ့ ဒီအခက်အခဲ တွေကို ကျော်လွှားနိုင်ပါ့မလားသူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတာကတော့......ဒီလိုစိတ်လှုပ်ရှားစရာအခန်းတွေအပြင် မင်းသမီးချောလေးနှစ်ယောက်ရဲ့ nude scene တွေလည်းပါတာဆိုတော့ zombie apocalypse ကိုမှကြိုက်တဲ့ ပုရိသယောက်ျားတွေအတွက်တော့ အချိုပေါ်သကာရည်လောင်းလိုက်သလိုပဲပေါ့ဗျာReview နဲ့ ဘာသာပြန်ကတော့ Tk ပါFile size…1.18 GB and Quality….WEB-DL 1080p and 720p Format…mp4 Duration….1hr 35 min Subtitle….Myanmar Subtitle (Hardsub) Encoder…. August
movie
Paradise Z (2020)
2020
Half Brothers (2020) 5.4
Half Brothers (2020) Half Brothers (2020)================IMDb Rating - 5.4/10ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ family drama ကားကောင်းလေးတစ်ကားပါ။ရီနာတို ဆိုတဲ့ကောင်လေးတစ်ယောက်က ပျော်ရွှင်စရာကောင်းတဲ့ မက္ကဆီကန်မိသားစုသုံးယောက်ရှိတဲ့အထဲက သားလေးတစ်ယောက်ပါ။ နိုင်ငံစီးပွားရေးတွေ ကျပ်တည်းလာတဲ့အချိန် ရီနာတိုရဲ့အဖေ ဖလာဗီယိုက အမေရိကန်မှာ အလုပ်သွားလုပ်ဖို့ ဖြစ်လာခဲ့ပြီး ရီနာတိုကိုပြန်လာမယ်လို့ ကတိပေးခဲ့ပေမဲ့လည်း ပြန်မလာနိုင်ခဲ့ပဲ အမေရိကမှာ တစ်အိုးတစ်အိမ်ထူထောင်လိုက်ပြီလို့ သိခဲ့ရတယ်။ ရီနာတိုကတော့ သူ့အဖေကို အကြီးအကျယ်စိတ်နာနေခဲ့တယ်။ နှစ်တွေအများကြီးကြာပြီး ရီနာတိုတစ်‌ယောက် ကိုယ်ပိုင်မိသားစုထူထောင်တော့မဲ့အချိန် သူ့အဖေရဲ့အမေရိကန်မိသားစုက ဖလာဗီယိုတစ်ယောက် နောက်ဆုံးအခြေအနေရောက်နေပြီမို့ လာတွေ့ဖို့အသိပေးတဲ့အတွက် အမေရိကကို သွားဖို့ အကြောင်းရှိလာတဲ့အချိန် သူ့မှာ ညီတစ်ယောက်ရှိနေတာကိုပါ သိလိုက်ရပြီး ဖလာဗီယိုသေဆုံးခါနီးမှာ ရီနာတိုတို့ မိသားစုကို စွန့်ပစ်ခဲ့ရတဲ့အကြောင်းကိုရှာဖွေဖို့ ပဟေဠိဆန်ဆန်ချန်ခဲ့တာကြောင့် ရီနာတိုတစ်ယောက် သူ့ရဲ့ ဖအေတူမအေကွဲညီနဲ့အတူ ရှာပုံတော်ဖွင့်ရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကိုဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie
Half Brothers (2020)
2020
32 Malasana Street (2020) 5.5
32 Malasana Street (2020) Malasana 32 (2020) ---------------------ကျွန်တော်တို့ ငယ်ငယ်တည်းက ရင်းနှီးပြီးသားပါ... သရဲတို့ဝိညာဉ်တို့ဆိုတာ သေခါနီးအစွဲကြီးရင် မကျွတ်မလွတ်နဲ့ ဘဝမကူးနိုင်တဲ့ ဘုံသားတွေဆိုတာကိုပေါ့... ဒီဇာတ်လမ်းမှာ အဓိက ဆွဲဆောင်သွားတာကလဲ မကောင်းဆိုးဝါးရဲ့ စွဲလမ်းစိတ်ပါပဲ....ဇာတ်လမ်းအကျဉ်းကတော့ အန်ပါရိုတို့ မိသားစုဟာ သူတို့မွေးရပ်ဇာတိဖြစ်တဲ့ ရွာမှာ အဆင်မပြေတာကြောင့် မြို့ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်... မိသားစုဝင်တွေကလဲ များတာကြောင့် တိုက်ခန်းဟောင်းကြီး တစ်ခုကိုသာ အရစ်ကျနဲ့ဝယ်နိုင်ခဲ့ပါတယ်. အဲ့အချိန်ထိသူတို့မိသားစုဟာ ပျော်ပျော်ရွှင်ရွှင်ပါပဲ..ဒီလိုဈေးပေါပေါနဲ့ သူတို့မိသားစုဝင်ခြောက်ယောက်ကို ကျယ်ကျယ်ဝန်းဝန်းနေစေနိုင်လို့လေ...ဒါပေမယ့် အန်ပါရိုကတော့ စိတ်ထဲခြောက်ခြားနေခဲ့ပါတယ်..အဲ့လိုနဲ့တနေ့မှာတော့ အန်ပါရိုဟာ သူ့မောင်လေး ရာဖဲလ်ကို အိမ်မှာနေရင်းနဲ့ပျောက်သွားခဲ့တာကစပြီး ဒီတိုက်ခန်းကြီးဟာ မူမမှန်ကြောင်းကို သူတို့မိသားစုစပြီး သတိထားမိခဲ့ပါတယ်........အချိန်မတော် လမ်းလျှောက်သံတွေ ငြီးသံတွေနဲ့ ခြောက်ခြားလွန်းတာကြောင့် သူတို့မိသားစု တိုက်ခန်းပေါ်ကပါ ဆင်းပြေးပြီး အိမ်ကိုပြန်အပ်ဖို့ထိ လုပ်ခဲ့ပါတယ်... ကံဆိုးချင်တော့ တိုက်ခန်းကလဲ အပေါင်စာချုပ်နဲ့လုပ်ထားတော့ ပြန်အပ်မရခဲ့ပါဘူး.....အန်ပါရိုတို့မိသားစု ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ? ဒီအိမ်ကြီးက မကောင်းဆိုးဝါးဟာ ဒီတိုက်ခန်းကို စွဲလမ်းနေတာလား.? သူဘာကိုစွဲလမ်းနေတာလဲ? အဲ့လိုမေးခွန်းတွေနဲ့ ဇာတ်လမ်းအဆုံးထိ ကြောက်လည်းကြောက် ဆက်လည်းကြည့်ချင်စေမယ့် horrorဇာတ်လမ်းတပုဒ်မလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်........  Translated and Encoded by : YKQuality : 1080p Blu-Ray and 720p Blu-RayFile Size : 1.8GB and ...
movie
32 Malasana Street (2020)
2020
OH! My Gran (2020) 6.1
movie
OH! My Gran (2020)
2020
We Can Be Heroes (2020) 4.8
We Can Be Heroes (2020) We Can Be Heroes (2020)===================IMDb Rating - 4.5/10ခရစ္စမတ်နေ့မှာ ထွက်လာတဲ့ ရုပ်ရှင်ကားကောင်းလေးကို လက်ဆောင်အနေနဲ့ တင်ပေးချင်လို့ပါ။ကားနာမည်က ငါတို့ကလည်း ဟီးရိုး ဖြစ်နိုင်ပါတယ်။ဒါကတော့ ဟီးရိုးလေးတွေရဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဟီးရိုးလေးတွေလို့ ဘာလို့ ပြောရတာလဲ ဆိုတော့ .....ဟီးရိုးကြီးတွေရဲ့ သားသမီးလေးတွေ အကြောင်း ဖြစ်နေလို့ပါပဲ။ ဟီးရိုးကြီးတွေက ကမ္ဘာကို ကာကွယ်ပြီး အခုချိန်မှာအေးဆေးဖြစ်နေကြပါပြီ။ တစ်နေ့မှာတော့ ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတစ်စုကြောင့် ဟီးရိုးတွေအလုပ်ပြန်လုပ်ကြရပါတော့တယ်။ သူတို့ ရန်သူနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ သူတို့ရဲ့သားသမီးတွေကို ဌာနချုပ်မှာ ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် ဟီးရိုးကြီးတွေ မရှုမလှနဲ့ အရှုံးပေးလိုက်ကြရပြီး ဖမ်းခေါ်ခံလိုက်ရတဲ့ အချိန်မှာတော့ ......ဟီးရိုးလေးတွေ ခဗျာ အငြိမ်မနေနိုင်ကြတော့ပါဘူး။ သူတို့လည်း ဟီးရိုးမျိုးရိုး ပီသစွာနဲ့ ကိုယ့်မှာရှိတဲ့ ပါဝါတွေကို အသုံးချပြီးရင်ဆိုင်ဖို့ ကြံစည်ကြရပါတော့တယ်။ ဘာတွေ ဖြစ်လာမလဲဆိုတာကတော့ ...... ...
movie
We Can Be Heroes (2020)
2020
Collectors (2020) 7.8
Collectors (2020) ဇာတ်ကားအကြောင်းမပြောခင် ပါဝင်ထားတဲ့သရုပ်ဆောင်တွေက မိတ်ဆက်ပေးစရာမလိုလောက်အောင် ကိုရီးယားပရိသတ်အတော်များများ သေချာပေါက်သိကြမယ့် နာမည်ကြီးမင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ရန်တွေချည်းပါပဲ ပြောရရင်တော့ မင်းသမီးနေရာမှာ လက်ရှိ အားလုံးသဘောကျနေကြတဲ့ ဂျိုဆွန်းခေတ်မိဖုရားကြီးနေရာသရုပ်ဆောင်ထားတဲ့ ရှင်းဟယ်ဆောင်း ပါဝင်အားဖြည့်ပေးထားပါတယ် ( အဓိကအချက် ) ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီး ဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာ အပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ... ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်း ဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ် ဇာတ်လမ်းက ( ကိုရီးယားဇာတ်ကားအနေနဲ့ ) အတော်လေးစိတ်ဝင်စားစရာကောင်းပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဟန်က မပျင်းမရိရဘဲ အဆုံးထိဆွဲခေါ်ပေးသွားပါလိမ့်မယ် အချိန်ပေးရတာ သေချာပေါက်တန်စေမှာဖြစ်ပြီး မင်းသားရော မင်းသမီးပါ ကြည့်ရင်း ပြီးလို့ပြီးသွားမှန်းမသိမှာမလို့ ကြည့်စေချင်တာနဲ့ညွှန်းပေးလိုက်ပါတယ် File Size -  1.6 GB Quality - Web-dl 1080p Subtitle - Burmese Translator - Phu Nge Nge Thein Encoder - Thit San Khant
movie
Collectors (2020)
2020
Fictitious OL Diary (2020) 5.6
Fictitious OL Diary (2020) Fictitious girl's diary 2020 မြန်မာစာတန်းထိုး==================================စိတ်ကူးယဥ်မိန်းကလေးတစ်ယောက်ရဲ့ ဒိုင်ယာရီရုပ်ရှင် ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ဟာသသရုပ်ဆောင် Bakarhythm ရေးတဲ့နာမည်တူ စာအုပ် 2017မှာ စီးရီးရိုက်ကူးခဲ့ပါတယ်။အမျိုးသမီးတော်တော်များများက သူတို့ရဲ့စိတ်ကိုနားလည်တယ်ဆိုပြီး သဘောကျခဲ့ကြပါတယ်။2020 မှာ ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ပါတယ် ဖြတ်သွားဖြတ်လာရင်း တစ်ခါတလေ တခြားလူတွေရဲ့ဘဝတွေကို အားကျမိတာမျိုး ရှိကောင်းရှိမှာပါ။ ငါသာ သူဆိုရင်ဆိုပြီးတွေးမိတာမျိုးလည်းရှိမယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်ဟာ ဘဏ်ကိုသွားလာရင်း ဘဏ်ဝန်ထမ်းမိန်းကလေးတွေကို မြင်ပြီး သူတို့တွေရဲ့ ရုံးသွားရုံးတတ်အချိန်တွေကို ကိုယ့်ကိုကိုယ် မိန်းကလေးတစ်ယောက်လို စိတ်ကူးယဥ်မိတယ် ထင်ပါတယ်။မနက်ပိုင်း မထချင်ထချင် အိပ်ယာစောစောထမယ်။ ရုံးသွားဖို့ အလှပြင်။ ရုံးရောက်ဖို့ ရထားလေးတိုးစီး "တနလ်ာနေ့နံနက်တွေက တကယ်ကိုချမ်းပြီး မထချင်စရာပဲလို့ "ပြောကြရင်းပေါ့။ယော်ျားရင့်မာကြီးတစ်ယောက်က ဒီရုပ်ရှင်ထဲမှာ စကတ်တိုဝတ်ထားပေမယ့် ထူးဆန်းတာက သူသရုပ်ဆောင်တဲ့ဇာတ်ကောင်အတိုင်း မိန်းကလေးတစ်ယောက်လို ဖြစ်နေတာပါပဲ ။သရုပ်ဆောင်အရမ်းကောင်းကြတာ သတိထားမိပါတယ်။ရုပ်ရှင်ကြည့်နေရသလိုမဟုတ်ပဲ ဘဏ်ဝန်ထမ်းတွေကိုပဲ မျက်စိထဲမြင်နေမိပါတယ်။အဓိက သရုပ်ဆောင် Bakarhythm က ဟာသသရုပ်ဆောင်ဖြစ်သလို စာရေးဆရာ၊ သရုပ်ဆောင် ၊သီချင်းရေးဆရာ ၊ပြဇာတ်ရေးဆရာလည်း ...
movie
Fictitious OL Diary (2020)
2020
Your Name Engraved Herein (2020) 7.0
Your Name Engraved Herein (2020) [Unicode]BLကားလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် ( Dec 23 ) မနေ့ကမှ ထွက်ထားတဲ့ အရမ်းရိုဆန်တဲ့ ကားလေး လာပါပြီနော် ဒီကားလေးကတော့ ၁၉၈၇ခုနှစ် ထိုင်ဝမ်မှာ စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ခါစ ခေါတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ဒီဇာတ်ကား ဇာတ်အိမ်တည်တဲ့ ၁၉၈၇ခုနှစ်မှာဆိုရင် လက်ရှိကာလလို ပွင့်ပွင့်လင်းလင်း ရှိတဲ့အချိန်အခါမဟုတ်တာကြောင့် လိင်တူကြိုက်နှစ်သက်တာကို ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြပါတယ် ။အဲဒီတုန်းက လိင်တူကြိုက်တဲ့လူကို အထင်သေးစက်ဆုပ်စရာလို့ မြင်ခဲ့ကြပြီး သူတို့ဟာ အဖိနှိပ်ခံ အနိုင်ကျင့်ခံတွေ ဖြစ်ခဲ့ကြတာပါ ။ဇာတ်ကြောင်းလေးကတော့....စည်းကမ်းကြီးလှတဲ့ ယောကျာ်းလေး ခရစ်ယာန်ကျောင်းမှာ ဘတ်ဒီလို့ အများကခေါ်ကြတဲ့ကောင်လေးဟာ မကြာခဏဆိုသလို ကျောင်းစည်းကမ်း ဖောက်ဖျက်လေ့ရှိပါတယ်အဲ့ဒီလူဆိုးလေး ဘတ်ဒီ ကို ချန်ကျားဟန်ဆိုတဲ့ကောင်လေးက ဂရုစိုက်ပေးရင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းသံယောဇဉ်ထက်ပိုပြီးချစ်မိသွားကြတယ်အချစ်စစ်ဆိုတာ ဖြောင်းဖြူးရိုးထုံးစံမရှိဆိုသလိုမျိုးပဲလိင်တူချစ်သူတွေကို လက်မခံနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်လာရတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အချစ်က ဒီလိုအခက်အခဲတွေကို သတ္တိရှိရှိနဲ့ ...
movie
Your Name Engraved Herein (2020)
2020
The Midnight Sky (2020) 5.6
The Midnight Sky (2020) The Midnight Sky (2020)===================IMDb Rating - 5.6/10 ဒီနေ့ ညနေကမှ Netflix ကနေ ထွက်ရှိထားတဲ့ Sci-Fi, Fantasy, Drama ကားသစ် ကားကောင်းလေးပါ။အော်ဂတ်စတင်းဆိုတဲ့ လူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ္ပံပညာကို စွဲလမ်းလွန်းလို့ ချစ်သူနဲ့တောင်အဆက်ပြတ်ခဲ့သူတစ်ယောက်ပါ။ သူဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေအတွက် နေရာသစ်တွေကို ရှာဖွေချင်တဲ့သူတစ်ယောက်ပါ။ငယ်ရွယ်တဲ့ဘ၀ ကုန်ဆုံးပြီး နောက်အနှစ် ၃၀ လောက်ကြာတဲ့အခါ ကမ္ဘာဂြိုဟ်ပေါ်မှာ ဆိုးရွားတဲ့ ကပ်ဆိုးတွေဖြစ်ပေါ်လာပြီး အားပြင်းတဲ့ ရေဒီယိုလှိုင်းတွေကြောင့် လူတွေအမြောက်အများသေကြေကုန်ကြပါတော့တယ်။ လူတိုင်းကိုယ့်နေရာကို စွန့်ခွာပြီး လုံခြုံမယ့်နေရာ ရှာကြပေမယ့် အော်ဂတ်စတင်းကတော့ သူ့ရဲ့ ကင်ဆာရောဂါအခြေအနေကြောင့်အာတိတ်ဒေသမှာပဲ တစ်ယောက်တည်း နေရစ်ခဲ့ပါတယ်။တစ်ဖက်အာကာသထဲမှာကျတော့လည်း နေရာသစ်ရှာဖို့သွားတဲ့ယာဥ◌်တွေထဲကမှ တစ်စီးထဲ အသက်ရှင်ကျန်နေတဲ့ ယာဉ်အဖွဲ့ဟာ ကမ္ဘာမြေက အခြေအနေတွေကို မသိဘဲ နေရာသစ်တွေ့ကြောင်းသတင်းပေးဖို့ ကမ္ဘာမြေကိုပြန်လာဖို့ ကြိုးစားပါတော့တယ်။ အော်ဂတ်စတင်းကလည်း ကမ္ဘာပေါ်ကအခြေအနေတွေအကြောင်း ထိုအဖွဲ့ကို ပြောနိုင်ဖို့ ဆက်သွယ်ချင်ပေမယ့် ...
movie
The Midnight Sky (2020)
2020
ariana grande: excuse me, i love you (2020) 7.2
ariana grande: excuse me, i love you (2020) ariana grande: excuse me, i love you (2020)===============================IMDb Rating - 7.2/10မနေ့ကမှ ပူနွေးနွေးထွက်ရှိထားတဲ့ နာမည်ကျော်အမေရိကန်ပေါ့ပ်အဆိုတော်မလေး Ariana Grande ရဲ့ documentary လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီ documentary မှာတော့ 2019 တုန်းကကျင်းပခဲ့တဲ့ Ariana ရဲ့ ရှိုးပေါင်း ၁၀၁ပွဲ နယ်လှည့်ဖျော်ဖြေခဲ့တဲ့Sweetener World Tour အကြောင်းကို ရိုက်​ကူးထားတာပါ။ မြို့ပေါင်းများစွာမှာဖျော်ဖြေခဲ့တဲ့ အလန်းစား performance တွေ၊ရီဟာဇယ်တွေ၊ ဖျော်ဖြေပွဲနောက်ကွယ်က backstage ပြင်ဆင်မှုတွေ၊ အဖွဲ့သားတွေ သူငယ်ချင်းတွေ စနောက်ပျော်ရွှင်နေတာလေးတွေကိုပါကြည့်ရှုကြရမှာပါ။ Arianaရဲ့ နာမည်ကျော်သီချင်းတွေဖြစ်တဲ့ Side To Side, Thank you next, No tears left to cry, Break free အစရှိတဲ့သီချင်းတွေရဲ့ performance တွေကိုတစ်ဝကြီးကြည့်ရှုရမှာဆိုတော့ ...
movie
ariana grande: excuse me, i love you (2020)
2020
From the Dark (2020) 4.4
From the Dark (2020) ရုပ်ရှင် ပိုစတာလေးကြည့်ပြီး သရဲကားလို့ထင်နေပါသလား? မဟုတ်ပါဘူးနော်.. ဆိုက်ကို လူသတ်သမားကားလားဆိုတော့လည်း... အဲ့လိုလည်းပြောလို့မရပြန်ဘူး... ဒါဆို ဘာကားကြီးလဲဆိုတော့.. စိတ်ဒဏ်ရာရနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းပါ.. အဲ့ကောင်လေးက ဘယ်သူဆိုတာ ဇာတ်လမ်းအဆုံးသတ်ကြမှ ပြောပေမယ့် JoJo ကတော့ သိတယ်လေ... ငိငိငိ.. ဇာတ်လမ်းကဘယ်လိုစထားလဲဆိုတော့ လိုဏ်ဂူထဲကို ခရီးစဉ် လိုက်ပို့တာနဲ့စထားပါတယ်။ အဲ့မှာ တံခါးတစ်ချပ်တော့ ပိတ်ထားတယ် ၊ ထုံးစံအတိုင်းမဝင်ရပေါ့ .. ဘာလို့လဲဆိုတော့ အဲ့မှာ ကောင်မလေးတစ်ယောက်က လမ်းပျောက်ဖူးလို့ပါတဲ့ ဒီနေ့ က ဗယ်လာရီ ဆိုတဲ့ တိုးဂိုက်လေးရဲ့ အလုပ်မှာ နောက်ဆုံးရက်... နောက်ဆုံးရက်လေးမှာ  လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ပါးပါးပါတီပေးရင်း နှုတ်ဆက်ကြတာပေါ့... အဲ့မှာပဲ အရင်တုန်းကဖြစ်ပျက်ခဲ့တဲ့ လိုဏ်ဂူမှာပျောက်ခဲ့တဲ့ ကောင်မလေး အကြောင်းရောက်သွားရော.. တစ်ယောက်ချင်းဆီက သူတို့ကြားဖူးတဲ့ ဇာတ်လမ်းလေးတွေပြန်ပြောကြတယ်။ တချို့ကြတော့ ဂူထဲမှာပဲ ဆုံးသွားတယ်၊ တချို့ကြတော့ အပြင်ပြန်ထွက်လာနိုင်တယ် စုံလို့ပါပဲ.. အဲ့ထဲကတစ်ယောက်ကတော့ တော်တော်လေးကို တိတိကျကျ ဇာတ်လမ်းလေးကို ပြန်ပြောပြနိုင်ခဲ့တယ်...  အဲ့ညမှာ မီးတွေပျက်ပြီး သူတို့အဖွဲ့ဝင်တွေက မတော်တဆမှုတွေနဲ့ ဆုံးပါးသွားကြရင်း ...
movie
From the Dark (2020)
2020
Vanguard (2020) 4.5
Vanguard (2020) Vanguard (2020)=============မင်းသားကြီးဂျက်ကီချန်းရဲ့ နောက်ဆုံးထွက် ရုပ်ရှင်လာပါပြီ။ အရင်တုန်းကလိုပဲ အက်ရှင်ဟာသအမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ကျင်းကော်လီဆိုတဲ့ သူဌေးကြီးတစ်ယောက်ဟာအိုမာဆိုတဲ့ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ရဲ့ အဖေကို သစ္စာဖောက်မိလို့ အိုမာရဲ့ ကြေးစားတွေကလိုက်ဖမ်းတာကို ခံနေရပါတယ်။ ဂျက်ကီချန်းကတော့ ကြေးစားသက်တော်စောင့် အဖွဲ့ရဲ့ စီအီးအိုဖြစ်နေပြီး ကျင်းကော်လီနဲ့ သူ့သမီးကို ကာကွယ်ဖို့ သူ့တပည့်တွေနဲ့အတူ အိုမာရဲ့ အဖွဲ့တွေကို ရင်ဆိုင်ရတာပဲ ဖြစ်ပါတယ်။ အရင်ရိုက်နေကျကားတွေလိုပဲ အာဖရိက ဒူဘိုင်း လန်ဒန် စသည်ဖြင့်နေရာစုံမှာ စွန့်စားခန်းတွေ ဖွင့်ကြတာကိုပဲ ကြည့်ရမှာပါ။ ဂျက်ကီချန်း ဖန်တွေ ကြည့်နိုင်ပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။)  File size…(2.4 GB) and (1.3 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by LittleNeo
movie
Vanguard (2020)
2020
HEVC 1080p 5.1
Woman of the Photographs (2020) 6.3
Woman of the Photographs (2020) Woman of the Photographs (2020)========================= သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်တဲ့ ကိုင်ဟာ ဓါတ်ပုံဆရာတစ်ဦးဖြစ်ပါတယ် သူဟာအင်းဆက်တွေ အကောင်ပလောင်တွေကိုလူတွေထက်ပိုပြီး စိတ်ဝင်တစားရိုက်ကူးချင်တဲ့သူမျိုးဖြစ်ပါတယ် သူ့အဖေထားခဲ့တဲ့စတူဒီယိုတခုအမွေရထားလေတော့ သူတတ်တဲ့ပညာလေးနဲ့ဓါတ်ပုံရိုက် retouchလုပ်ရင်းအသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပါတယ် မိတ်ဆွေတစ်ဦးထဲရှိပြီး အဲ့ဒီမိတ်ဆွေကပဲသူ့ရဲ့အခိုင်အမာဖောက်သည်တစ်ဦးပါ ခုချိန်ထိရည်းစားထားဖို့မပြောနဲ့ မိန်းကလေးတွေကိုဆိုရင်တောင်ရှောင်ဖို့စဥ်းစားနေတဲ့သူကတနေ့တော့ တောထဲမှာအင်းဆက်လေးတွေကို ဓါတ်ပုံရိုက်နေရင်း စိတ်ဝင်စားစရာမိန်းကလေးတစ်ဦးကိုတွေ့ရှိခဲ့ပါတော့တယ် မိန်းကလေးတို့ရဲ့သဘာဝ ဓါတ်ပုံလှလှလေးတွေရိုက်ပြီး အင်တာနက်ပေါ်တင်ကာ like ,follower တွေကို ဘဝမှတ်နေသူလေးပါ သူချစ်တဲ့မိန်းကလေးကိုဆန္ဒတွေပြည့်ဝစေဖို့သူတတ်တဲ့ပညာနဲ့ဓါတ်ပုံတွေရိုက်ပေး retouchလုပ်ပေးရင်းက ဘယ်လိုတွေဘဝသင်ခန်းစာရကြမလဲဆိုတာစောင့်ကြည့်ရမှာပါ သင်တို့ပါတ်ဝန်းကျင်မှာ like ,follower ကို ဘဝမှတ်နေတဲ့သူတွေရှိရင် လက်တို့ပြီးအတူကြည့်လိုက်ကြပါဦး Translated and Reviewed by : Nay ChiEncoded by : YKQuality : 720pFile Size : 958MBDuration :  1h 29minsSubtitle : Myanmar ( hard sub )
movie
Woman of the Photographs (2020)
2020
The Last Christmas Party (2020) 5.7
The Last Christmas Party (2020) The Last Christmas Party (2020)=========================IMDb Rating - 5.7/10#Unicodeခရစ်စမတ်မတိုင်ခင် CM ပိရိသတ်တွေအတွက် ခရစ်စမတ် Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.....ဒီဇာတ်ကားကတော့ ခရစ်စမတ် ကျောင်းပိတ်ရက်မတိုင်ခင် ခရစ်စမတ်ပါတီလုပ်ရင်း ကောလိပ်ကျောင်းသားစုံတွဲသုံးတွဲရဲ့ အချစ်ရေးဇာတ်လမ်းကို ကြည့်ရှုရမှာပါ? စတီဗင်နဲ့ ကာရိုလင်း၊ အက်နဲ့ ဂျွန်၊ ချာလီနဲ့ လော်ရာ . . .ကျောင်းပိတ်ရက်မတိုင်ခင် ခွဲခွာကြရမယ့် စုံတွဲသုံးတွဲရဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ အချစ်ပေါ်မှာ ခံယူချက်တွေကဘယ်လိုတွေရှိလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပါ။ ဒရမ်မာကားကြိုက်တဲ့သူတွေအတွက် ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်....... ဒီဇာတ်ကားလေးဟာ ငြိမ့်ငြိမ့်လေးနဲ့ အတော်ကြည့်လို့ကောင်းပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) #Zawgyiခရစ်စမတ်မတိုင်ခင် CM ပိရိသတ်တွေအတွက် ခရစ်စမတ် Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.....ဒီဇာတ်ကားကတော့ ခရစ်စမတ် ကျောင်းပိတ်ရက်မတိုင်ခင် ခရစ်စမတ်ပါတီလုပ်ရင်း ကောလိပ်ကျောင်းသားစုံတွဲသုံးတွဲရဲ့ အချစ်ရေးဇာတ်လမ်းကို ကြည့်ရှုရမှာပါ? စတီဗင်နဲ့ ကာရိုလင်း၊ ...
movie
2020
Again (2020) 4
Again (2020) Again 2020ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေဖြစ်ပြီး လုပ်ချင်တာတွေလုပ်ပြီး နေခဲ့ရရဲ့လား.. ဒါမှမဟုတ် သူများအတွက်ပဲ ကိုယ်ကနေထိုင်နေခဲ့ရတာလား.. ဘဝရဲ့အဓိပ္ပါယ်ကို ဒီ again ဆိုတဲ့ကားလေးကဖော်ကျူးထားပါတယ်..ဇာတ်လမ်းအကျဉ်းက ယွန်းဂျူဆိုတဲ့ကောင်မလေး ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ ကြိုးစားနေသူတစ်ယောက် ဖြစ်ပြီး အိမ်မှာဆို ဂျစ်ကန်ကန် မိုက်ကန်းကန်းနေတတ်သူပါ။သူတို့အိမ်က ပဲပင်ပေါက်ထမင်းဆိုင် ဖွင့်ထားဖြစ်ပေမယ့် ယွန်းဂျူကတော့ အိမ်ရဲ့စီးပွားရေးထက် သူဖြစ်ချင်တာကိုပဲ ဦးစားပေးတတ်တဲ့သူပါ။ သူမှာညီမတယောက်လည်းရှိပြီး သူညီမကတော့သူနဲ့မတူပဲ လိမ်မာပါတယ်။ သူအမေဖြစ်သူကတော့ သူတို့မမွေးခင်ထဲက အဲ့ဒီထမင်းဆိုင်ကို ဦးစီးခဲ့ရတာဖြစ်ပြီး နားရက်တစ်ရက်တောင်မယူပဲ နေ့မအားညမနား မိသားစုအတွက် သားသမီးတွေအတွက်ရှင်သန်နေတဲ့ အမေတစ်ယောက်ဖြစ်ပါတယ်။ဘဝကိုပေါ့ပေါ့လေးဖြတ်သန်းနေတဲ့ ယွန်းဂျူကတော့ အိမ်အလုပ်လဲကူမလုပ် အလုပ်အတည်တကျလဲမရှိသလို သူမအိမ်မက်ဖြစ်မြောက်ဖို့ကိုပဲ ခေါင်းမာမာနဲ့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။တရက် သူတို့မိသားစုထဲကို ကြမ္မာဆိုးတစ်ခုဝင်ရောက်လာတဲ့အခါ ဘာဆက်ဖြစ်မလဲ။ ခေါင်းမာတဲ့ယွန်းဂျူကော အသိတရားရသွားမလား။ သူမအိမ်မက်ဖြစ်တဲ့ ရုပ်ရှင် ဒါရိုက်တာဖြစ်ဖို့ကရော အကောင်အထည်ပေါ်သွားမှာလားဆိုတာကတော့ ရုပ်ရှင်ကိုကြည့်မှအဖြေပေါ်မှာပါ။ဘဝသရုပ်ဖော်ကားတစ်ကားဖြစ်ပြီး ကြည့်တတ်မယ့်ဆို ဘဝသင်ခန်းစာရမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်သာမန်ရိုက်နေကျ ပုံစံတွေထဲက ကွဲထွက်ပြီး Musical Drama ပုံစံမျိုး ရိုက်ထားတဲ့အတွက် သီချင်းတွေလည်း နားထောင်ရင်း ရုပ်ရှင်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။ File size ..… 1.2GB . 750MB Quality .…. WEB-DL 1080p and 720p Format ...
movie
Again (2020)
2020
Skylines (2020) 5.5
Skylines (2020) Skylines (2020)=============IMDb Rating - 5.5/10#UnicodeSci-fi , Adventure ကား ကြိုက်သူတွေ အကြိုက်တွေ့ဦးမယ့် ဇာတ်လမ်းတစ်ခုပါပဲ။Skylines မူဗီဟာ 2010, 2017 တို့မှာ နှစ်ကားထွက်ရှိထားခဲ့ပြီး . အခု 2020 မှာတော့နောက်ထပ်ထွက်ရှိလာပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ရို့စ် ကောလီ ဟာ ဂြိုလ်သားနဲ့မျိုးစပ်ဖြစ်ပြီး အရွယ်ရောက်တာမြန်လွန်းလို့ အရွယ်ရောက်တာ နှေးအောင် သွေးသွင်းနေရတဲ့သူ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၅ နှစ်က ရို့စ်ဟာ သူရဲ့အမျိုးအနွယ် ဂြိုလ်သားတွေ ထောင်ပေါင်းများစွာကို သူ့လက်နဲ့စီရင်ခဲ့ရပါတယ်။ အခု ၅ နှစ်အကြာမှာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဂြိုလ်သားတွေ နဲ့ ကမ္ဘာမြေအကြား ပြဿနာတွေပေါ်ပေါက်လာတဲ့အခါမှာတော့ ရို့စ်တစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတွေ့မြင်ရမှာပါ . . .ဒီဇာတ်လမ်းထဲမှာ သဘောကျတဲ့စကားတစ်ခွန်း ရှိပါတယ်။"စစ်တိုက်ရတာ လွယ်တယ် ငြိမ်းချမ်းရေး ယူရတာ ခက်တယ်" ဆိုတဲ့ စကားပါပဲ။ ရို့စ်နဲ့ အဖွဲ့ကရောဒီပြဿနာကို ဘယ်လိုရှင်းနိုင်ကြမှာလဲဆိုတာကိုတော့ ...
movie
Skylines (2020)
2020
Shithouse (2020) 6.9
Shithouse (2020) Shithouse (2020)=============IMDb Rating - 6.9/10#Unicodeဒီကားလေးက အမေချစ်သားလေး ကောလိပ်ကိုရောက်လာတော့ ဘယ်လိုအခက်အခဲတွေကြုံရလဲဆိုတာ ရိုက်ပြထားတာပါ။အဲလက်က အဖေ မရှိတော့တဲ့နောက်ပိုင်း အမေနဲ့ ညီမလေးနဲ့နေတဲ့ လူငယ်လေးတစ်ယောက်။ အထက်တန်းပြီးတော့ ကောလိပ်ရောက်တော့ အမေချစ်သားလေးမှာ ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာရှိလာကော။ အခန်းဖော်အရက်သမားနဲ့ကလည်း မေးပြောခေါ်ထူးလောက်ဘဲရှိ။ အခြား သူငယ်ချင်းတွေကလဲမရှိ။ တစ်ရက် shithouse ပါတီကို အခန်းဖော်ယစ်ထုပ်နဲ့သွားတက်ပြီးနောက်ဘာတွေဆက်ဖြစ်မလဲ။ အမေချစ်သားလေး အဲလက် ကောလိပ်မှာ ကျောင်းပျော်ကြီး ဖြစ်မလား FA ဘဝနဲ့ဘဲ ကျောင်းပြီးမလားကိုစိတ်ဝင်တစားကြည့်ရမှာပါ . Comedy, Drama, Romance အမျိုးအစားကို ပီပီသသလေးရိုက်ပြထားတာတွေ့ရပါတယ်။တစ်ချို့ဇာတ်ဝင်ခန်းတွေက 18+ ဆန်ဆန်လေး တစ်ချို့ပါတယ်ဆိုတော့ သတိပေးပါရစေ . မင်းသမီးလေးကတော့ လှသား :P(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Z Naing Z Nianh ပဲဖြစ်ပါတယ်။) #Zawgyiဒီကားလေးက အမေချစ်သားလေး ကောလိပ်ကိုရောက်လာတော့ ဘယ်လိုအခက်အခဲတွေကြုံရလဲဆိုတာ ရိုက်ပြထားတာပါ။အဲလက်က အဖေ ...
movie
Shithouse (2020)
2020
Heks (2020) 7.7
Heks (2020) Heks (2020)===========IMDb Rating - 7.7/10#Unicode2020 ခုနစ်ထွက် Horror အမျိုးအစားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ ဒီလိန်းက ပန်းချီပညာကို စွန့်လွှတ်ပြီး ဘားတစ်ခုမှာ အလုပ်လုပ်နေတာပါ။ဒီလိန်းရဲ့အမေဖြစ်သူ ကယ်လီကတော့ အမြဲတမ်း ပျော်ရွှင်တက်ကြွနေတတ်ပြီး အစအနောက်လည်းသန်တဲ့သူပါ... ကယ်လီက တောင်အာဖရိကမှာ ကြီးပြင်းလာတာကြောင့် အဲဒီမှာပဲအခြေချချင်တယ်လို့ဒီလိန်းကိုပြောလာပါတယ်... သားအမိနှစ်ယောက် video call နဲ့ စကားပြောနေချိန်မှာပဲ ကယ်လီကို လူတစ်ယောက်က လာသတ်သွားပါတယ်။ ဒီလိန်းလည်း တောင်အာဖရိကကို လိုက်သွားချိန်မှာ ကယ်လီရဲ့အမြွှာညီမလီဆာနဲ့ပြန်ဆုံပြီး သူ့အမေရဲ့ လျှို့ဝှက်ချက်တွေနဲ့ လူသတ်သမားက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဒီကားလေးဟာ ၁၄ ဒီဇင်ဘာက ထွက်ရှိထားပြီး . Horror ကောင်းကောင်း မျှော်နေသူတွေအတွက်တော့Rating အမြင့်နဲ့ ကြည့်လို့ကောင်းမယ့် ကားလေးဖြစ်သလို . တစ်ချို့အခန်းတွေမှာ မထင်မှတ်တဲ့နေရာတွေကနေခြောက်လှန့်ပြတာတွေက Horror Movie တစ်ကားကို ပိုပိုပြီး ပံ့ပိုးပေးထားတာတွေ့မြင်နိုင်ပါတယ် . . .အဓိကကတော့ ...
movie
Heks (2020)
2020