Channel Myanmar

2019

Virginia Minnesota (2019) 6.3
Virginia Minnesota (2019) Rating 6.1 ရရှိထားတဲ့ Comedy , Dramaကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ကလေးဘဝကဖြစ်ပျက်ခဲ့တဲ့ကြေကွဲဖွယ်ရာဖြစ်ရပ်တစ်ခုကြောင့်စိတ်ဒဏ်ရာရရှိခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက်...သူတို့နှစ်ယောက်ကွဲကွာနေရာမှာမမျှော်လင့်ဘဲပြန်လည်တွေ့ဆုံမိပြီးတစ်ရက်တာခရီးကိုအတူတူထွက်လာခဲ့ကြရာမှထိုအတိတ်ဆိုးမှရရှိခဲ့တဲ့ဒဏ်ရာတွေကို ဘယ်လိုကုစားသွားမိကြမလဲ...ထိုကြေကွဲဖွယ်ရာ အတိတ်ဆိုးဆိုတာကရောဘာအကြောင်းတွေလဲဆိုတာအများကြီးမညွှန်းတော့ပဲဒီကားလေးထဲမှာပဲ စိတ်ဝင်စားဖွယ်ကြည့်လိုက်ရအောင်လား.... File Size : (917 MB) & ( 343 MB)Quality : WEB-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie

Virginia Minnesota (2019)

2019
The Boy Who Harnessed the Wind (2019) 7.6
The Boy Who Harnessed the Wind (2019) The Boy Who Harnessed the Wind (2019) IMDb - 7.6/10_______Rotten - 87%Channel Myanmar ပရိသတ်ကြီးအတွက်ဒီတစ်ခေါက် ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ The Boy Who Harnessed The Wind(2019)ပါ။Rating တွေအနေနဲ့လဲ မြင့်မားပြီး အပြင်မှာ တကယ်ရှိတဲ့ ဝီလီယမ် ကန်ကွမ်ဘာဆိုတဲ့ကောင်လေးအကြောင်းကိုရိုက်ကူးထားတဲ့ ဒီကားလေးဟာ ဆွဲဆောင်မှုရှိရှိနဲ့ဇာတ်လမ်းအဆုံးထိကိုဆွဲခေါ်သွားနိုင်မှာပါ။ကြည်နူးပီတိဖြစ်ရင်း အလိုမကျဒေါသထွက်ရင်း စိတ်ခွန်အားတွေပါပေးစွမ်းနိုင်တဲ့ဒီကားလေးက IMDb Rating 7.6/10 Rotten Tomatoes 87%ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်လေးကိုလဲ တင်ပြလိုပါသေးတယ်။တစ်ခါတစ်ရံမှာ တကယ့်အဖြစ်အပျက်တွေဟာပုံပြင်တွေထက် ဆန်းကျယ်တယ်ဆိုတာ တကယ်ပါပဲ။ထို့အတူပါပဲ။ဒီဇာတ်လမ်းလေးမှာ တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ထုံးနှလုံးမူထားတဲ့၁၃နှစ်အရွယ်ကောင်လေး ဝီလီယမ် ကန်ကွမ်ဘာ ဟာWimbeဆိုတဲ့ရွာလေးတစ်ရွာမှာနေတဲ့ ကလေးလေးတစ်ယောက်ပါ။မိဘတွေရဲ့မပြည့်စုံမှုကြောင့် ကျောင်းလခအကျေမပေးသွင်းလို့ကျောင်းတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရပါတယ်။တစ်နေ့သူတို့ရွာမှာ ရာသီဥတုဖောက်ပြန်ကာ အငတ်ဘေးဆိုက်ကိန်းကြုံပါတော့တယ်။မဲရရှိရေးသာစိတ်ဝင်စားတဲ့အစိုးရကလဲ မသိချင်ယောင်ဆောင်မျက်နှာလွှဲနေခဲ့ပါတယ်။ဝီလီယမ် တစ်ယောက်ကတော့ သူ့ဆရာရဲ့စက်ဘီးကမီးသီးခွက်လေးကိုကြည့်ကာ အကြံရသွားပါတော့တယ်။ရသွားတဲ့အကြံပေါ်မူတည်ရင်း ကျောင်းစာကြည့်တိုက်ထဲကိုခိုးဝင်ကာစာတွေဖတ်ပြီး ရွာလေးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်က ဘယ်လိုများလုပ်ပေးနိုင်မှာလဲ?သူဘယ်လိုစွန့်စားကာ ကြိုးစားခဲ့သလဲ?သူဖြစ်ချင်ခဲ့သလိုတွေရော ဖြစ်လာပါ့မလား?စတဲ့မေးခွန်းပေါင်းများစွာကို အာဖရိကရဲ့အလှအပတွေခံစားရင်းစိတ်ဓာတ်ခွန်အားတွေ ရယူကာ ကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်...Channel ...
movie

The Boy Who Harnessed the Wind (2019)

2019
On the Balcony ( 2019 ) 5.7
On the Balcony ( 2019 ) 2019 ထွက် Imdb 5.7 ရရှိထားတဲ့ ဇာတ်ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ဒရာမာ ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းလေးက တော့ဒီကား​လေးဟာ ​ကောင်​​လေးတစ်​​ယောက်​ရဲ့ မလုပ်​ဖြစ်​နိုင်​တဲ့ကလဲ့စား​ချေခြင်း​အ​ကြောင်း​လေးကို​ရေးထားပါတယ်​..​ကောင်​​လေးတို့မိသားစုရဲ့တိုက်​ဟာဖျက်​ခြင်းခံရ​တော့မှာမို့​ပြောင်း​ရွှေ့​ကြေးညှိနှိုင်း​ပေးတဲ့လု​ကျေ့ကျန်း​ရောက်​လာခဲ့ပါတယ်​ ​လု​ကျေ့ကျန်းဟာ​ပြောင်း​ရွှေ့​ကြေးကိုအဆမတန်​နှိမ်​ပြီး​ပေး​တဲ့အတွက်​​ကောင်​​လေးရဲ့ဖခင်​ဟာစိတ်​မထိန်းနိုင်​ပဲ​သေဆုံးသွားခဲ့ရပါတယ်​..ဒီလိုနဲ့​ကောင်​​လေးမှာဖခင်​အတွက်​ကလဲ့စား​ချေချင်​စိတ်​​တွေဖြစ်​လာပြီးလု​ကျေ့ကျန်းရဲ့အိမ်​ကိုမှန်​​ပြောင်းတစ်​လက်​နဲ့​ချောင်းကြည့်​ပါ​တော့တယ်​...ဒီလိုနဲ့လု​ကျေ့ကျန်းရဲ့သမီးငနုံမ​လေးကို​တွေ့ရာက​နေ ...ဘယ်​လို​တွေဆက်​ဖြစ်​လာမလဲ.. ဇာတ်​အိမ်​​အေး​အေး​လေးနဲ့စိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​..တွေးကောင်းတဲ့ဇာတ်ကားပုံစံမျိုးဖြစ်ပါတယ် This Movie Brought To You By Channel MyanmarTranslated & Reivew By Phyo ZawEncoded By LK
movie

On the Balcony ( 2019 )

2019
Someone Great (2019) 6.1
Someone Great (2019) IMDB - 6.1 Netflix ကကားလေးတွေဆို တော်တော်လေးကောင်းကြပါတယ်.....ဒီဇာတ်လမ်းအကြောင်းလေးက ကောလိပ်ထဲကပေါင်းလာကြပြီးအရမ်းချစ်တဲ့ သူငယ်ချင်းသုံးယောက်ရှိတယ်။တစ်နေ့ကျတော့ သူတို့ထဲကတစ်ယောက်က သူကိုးနှစ်လောက်တွဲလာတဲ့ကောင်လေးနဲ့ပြတ်သွားရော။အဲ့မှာ သူ့သူငယ်ချင်း ၂ ယောက်က သူအသည်းကွဲနေတာ သက်သာအောင်တစ်နေကုန်အတူအချိန်ဖြုန်းပြီး နှစ်သိမ့်ပေးကြတဲ့ တစ်နေ့တာလေးကို ရိုက်ပြထားတာပါ။ဒါပေမဲ့ ဒီကားထဲမှာ သူငယ်ချင်းသံယောဇဉ်ရော၊ သမီးရည်းစားအချစ်ရေးရော၊မိန်းကလေးချင်းချစ်ကြိုက်တဲ့အကြောင်းရော အဲဒါတွေကို ပါးပါးလေးနဲ့ချပြသွားတာပါ။တစ်ခါတစ်လေ ချစ်သူ ၂ ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ကြပေမဲ့လဲဘယ်လိုမှရှေ့ဆက်လို့မဖြစ်နိုင်တော့တဲ့အခြေအနေမျိုးတွေလဲရှိနိုင်တယ်ဆိုတာလဲ ရိုက်ပြထားတာပါ။ကိုယ်တောင် ဘာသာပြန်ရင်း တရားတွေပေါက်ကုန်ပြီဆက်ပြောရင် ဇာတ်လမ်းကကုန်တော့မယ် ကြည့်လို့တန်မဲ့ဇာတ်ကားကောင်းလေးပါ(+အခန်းအနည်းငယ်ပါတဲ့အတွက် မိသားစု၊ ကလေးသူငယ်များနဲ့ ကြည့်ဖို့မသင့်တော်ပါဘူး) File Size : (864 MB) & ( 324 MB)Quality : WEB-DL 720pRunning Time : ...
movie

Someone Great (2019)

2019
Mercy Black (2019) 5.1
Mercy Black (2019) စိတ်ကူးယဉ်အဖော်တစ်ယောက်ကိုကလေးသဘာဝအလျောက် စိတ်ကူးခဲ့မိရာမှသူငယ်ချင်းဖြစ်သူကိုဓားနဲ့ထိုးသတ်ခဲ့မိတဲ့မာရီနာဟက်စ်...ထိုအဖြစ်အပျက်ကြောင့် မာရီနာတစ်ယောက်စိတ်ရောဂါကုဆေးရုံမှာနေခဲ့ရပြီး၁၅နှစ်အကြာမှာတော့သူ့အမနဲ့သူ့တူလေးတို့နှစ်ယောက်နဲ့အတူနေဖို့ပြန်ရောက်လာခဲ့သည်...သူမစိတ်ကူးဖြင့်ပုံဖော်ခဲ့တဲ့မာစီဘလက်ခ်ဆိုသောအရာမှာ ဒီအတောအတွင်းအင်တာနက်မှ ပျံ့နှံ့ပြီးအလွန်နာမည်ကြီးခဲ့တာကြောင့်မာရီနာ့အနေနဲ့သူလုပ်ခဲ့မိသောအရာတွေအတွက် ကြောက်လန့်နေခဲ့ရသည်...သူ့အတိတ်ကိုဒီအတိုင်းပဲမြှုပ်နှံပစ်လိုက်မယ်လို့တွေးထားခဲ့သော်လဲသူ့တူလေးဖြစ်သူမှာမာစီဘလက်ခ်ကိုအလွန်စွဲလမ်းနေပြီးအန္တရာယ်စက်ကွင်းထဲသို့တဖြည်းဖြည်းတိုးဝင်နေခဲ့သည်...သူ့တူလေးကိုပြန်ကယ်ဖို့အတွက်မာရီနာ့အနေနဲ့သူကြောက်လန့်နေခဲ့ရတဲ့အတိတ်ကိုရင်ဆိုင်ပြီးမာစီဘလက်ခ်နဲ့ပတ်သတ်တဲ့ အမှန်တရားကိုပြန်လည်ဖော်ထုတ်ဖို့ဖြစ်လာတဲ့အခါမှာတော့... File Size : (824 MB) & ( 309 MB)Quality : WEB-DL 720pRunning Time : 1 hr 28 minFormat : Mp4Genre : Horror , Mystery , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin 
movie

Mercy Black (2019)

2019
Integrity ( 2019 ) 5.3
Integrity ( 2019 ) ဟောင်ကောင် ICAC ရဲ့ ငွေမည်းလိုက်ပြီး လာဘ်စားမှုတွေ ဖော်ထုတ်တဲ့ဇာတ်ကားကောင်းလေး မိတ်ဆက်ပေးလိုက်တယ်။စာရင်းကိုင်နဲ့ သူဌေးပူးပေါင်းပြီး စတော့ငွေတွေကို ကျားကစားသလိုအကွက်ရွေ့သွားတဲ့အမှုကို အခြေခံထားတဲ့ ဇာတ်လမ်းလေးနော်။ရင်းနှီးမြှုပ်နှံသူတွေခေါ်ပြီး စတော့ဈေးကွက်မှာ ဈေးအပြောင်းအလဲများတဲ့လီတကုန်သွယ်ရေးလုပ်ငန်း... ဒီဈေးပြောင်းလဲနေတာက သဘောရိုးဟုတ်ရဲ့လားနောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူရှိလား ရှိတယ်ဆိုရင်ရော ဘယ်သူဖြစ်မလဲဒီအမှုကို ICAC က လိုက်ဖို့အတွက် တိုင်ခဲ့တဲ့ စာရင်းကိုင်ရဲ့သရုပ်မှန်ကရော ဘာလဲ သူကရော ဘာလို့ တရားစီရင်မယ့်နေ့မှထွက်ပြေးရတာလဲ တွေးစရာတွေအများကြီးပြည့်နက်နေတဲ့ ဇာတ်ကားပါမင်းသားတွေ ရုပ်ဆိုးတယ်ဆိုပြီး ကျော်မသွားနဲ့. မင်းသားတွေရုပ်ဆိုး ရုပ်ချောတောင် မသိလိုက်ရအောင်ကို ဇာတ်လမ်းအချိုးအကွေ့တွေအချိတ်အဆက်တွေ များလွန်းလို့ မနည်းလိုက်နေရမယ့် ဇာတ်လမ်းလေးတစ်ခုပါ။ဇာတ်ကားကောင်းကိုမှ ကြည့်ချင်တယ်ဆိုတဲ့ သူတွေ လက်မလွှတ်သင့်ပါဘူး This Movie Brought To You By Channel MyanmarTranslated & Review By Chu ChuEncoder : LK
movie

Integrity ( 2019 )

2019
The Prodigy (2019) 6.0
The Prodigy (2019) မွေးကတည်းက ဉာဏ်ရည်ထက်မြက်ပြီး ရိုးအေးတဲ့ ကလေးတစ်ယောက် ဖြစ်တဲ့ Miles ဆိုတဲ့ ကောင်လေး၊မွေးရာပါ မျက်လုံးတွေကလည်း တဖက်ကို တရောင်စီနဲ့ ဖြစ်နေခဲ့တဲ့ Miles ဟာ အရွယ်ရောက်လာပြီး မူမမှန်တဲ့ ဆိုးသွမ်းရက်စက်တဲ့ အပြုအမူတွေ ပြု မူလာပါတယ်။စိတ်ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအာသာကတော့ Miles ဟာ တယောက်ယောက်က လူဝင်စားအနေနဲ့ ဝင်စားတာဖြစ်ပြီးကိုယ့်ရဲ့အတိတ်ဘဝကိုမှတ်မိနေရခြင်းက အရင်ဘဝတုန်းက မပြီးပြတ်သေးတဲ့ကိစ္စတွေကို ဒီဘဝမှာအဆုံးသတ်ချင်လို့ဖြစ်ကြောင်းရှင်းပြပါတယ်။ဒါပေမယ့် Miles ကိုဝင်စားတဲ့သူက သာမန်လူမဟုတ်ပဲ လူသတ်သမားတစ်ဦးဖြစ်နေတဲ့အခါမှာတော့........အဲဒီလူရဲ့ ရက်စက်တဲ့ အကျင့်စရိုက်တွေ၊ ဆိုးဝါးတဲ့ လက္ခဏာတွေ ပြလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ၊မိခင်ဖြစ်တဲ့သူကရော ထိန်းချုပ်နိုင်ပါ့မလား၊ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် ...
movie

The Prodigy (2019)

2019
Who Would You Take to a Deserted Island? 5.3
Who Would You Take to a Deserted Island? Who would you take to a deserted island (2019) ပူလောင်လွန်းတဲ့ နွေရာသီရက်တစ်ရက်မှာ ကိုယ့်အိပ်မက်ဆီကို အရောက်သွားကြရတော့မယ့် လူငယ်လေးယောက်ရဲ့နှုတ်ဆက်ပွဲကနေ အစပြုခဲ့တဲ့ ဒီဇာတ်လမ်း။ ရှစ်နှစ်ကြာ ခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းလေးယောက်၊ စုံတွဲနှစ်တွဲရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲ။ မတော်တဆ ကစားမိကြတဲ့ "မင်း ဘယ်သူ့ကို ကန္တာရကျွန်းကို ခေါ်သွားမှာလဲ" ဆိုတဲ့ ကစားနည်းကြောင့် သူတို့ကြားက လျှို့ဝှက်ချက်တွေ ပွင့်အံလျှံကျလာခဲ့ကြတယ်။ အဲ့လျှို့ဝှက်ချက်က ဘာတွေလဲ? အဲ့လျှိ့ဝှက်ချက်ကြောင့် သူတို့ကြားမှာ ဘာတွေဖြစ်ကြဦးမလဲ? စပိန်ကားတွေရဲ့ ထုံးစံအတိုင်း Twist တွေက တကယ့်ကို အကြီးကြီးတွေပါပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်ရမှာတွေလည်း ပါပါတယ်။ ဇာတ်လမ်းကို ဒီလောက်ပဲ ပြောပြချင်ပါတယ်။ ဒီ့ထက်ပြောပြလိုက်ရင် Plot Twist တွေ ပေါ်ကုန်မှာစိုးလို့ မပြောပြတော့ပါဘူး။ Plot Twist တွေက ကြည့်နေရင်းနဲ့ အရသာရှိလာပါလိမ့်မယ်။ ရုပ်ရှင်ကားကောင်းကောင်းကြိုက်ရင်တော့ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါ။ Money Heist နဲ့ Elite မှာ ပါဝင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေလည်း ပါတယ်ဆိုတော့ Money Heist နဲ့ Elite ကို ကြည့်ဖူးတဲ့ ပရိသတ်တွေအတွက်တော့ အရမ်းညွှန်းမနေတော့ပါဘူး။ စိတ်ချလက်ချသာ ကြည့်လိုက်ပါ။ IMDb Rating ကတော့ ...
movie


2019
Happy Death Day 2U(2019) 6.2
Happy Death Day 2U(2019) Happy Death Day 2U(2019) IMDb.....6.2 ဒီကားက 2017 တုန်းကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ပထမကားမှာ တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Dayကိုဆင်နွဲခဲ့ရတာပါ။ ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ ဒီဒုတိယကားမှာတော့သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။ အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကြိုးထက်ဆိုးကြိုးများပြီးသူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ ေ့ရှကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ ဒီကားမှာတော့ အေကြာင်းအရင်းကိုဖော်ပြထားပါ။ အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ပထမကားနဲ့မတူ အရသာအနည်းငယ်ကွဲသွားပါလိမ့်မယ်။ေ့ရှကားကြည့်ဖူးတဲ့သူတွေလည်း ဆက်အားပေးလို့  ...
movie

Happy Death Day 2U(2019)

2019
The Brave (2019) N/A
The Brave (2019) The Brave(2019) IMDb...6.5 Albanian မြို့ဟာ   မူးယစ်ဆေးတွေနဲ့ ဂန်းစတားတွေကျက်စားရာမြို့... မြို့ရဲ့အဓိကစီးပွားရေး ဟာ မူးယစ်ဆေးလိုဖြစ်နေတယ်.. မူးယစ်ဆေးတွေရဲ့ အဓိက ကြိုးကိုင်သူကို အစိုးရဘက်က ဖမ်းချင်ပေမယ့်လည်း သက်သေမခိုင်လုံလို့ ဖမ်းဆီးရခက်နေတယ်... ရဲဘက်နဲ့အစိုးရပိုင်းကလူတွေကလည်း မူးယစ်ဂိုဏ်းနဲ့မကင်းသလို အဖွဲ့တောင့်လွန်းတဲ့ သူတို့ကြောင့် လူနည်းစုလိုဖြစ်နေတဲ့ ရဲဝန်ထမ်းကောင်းတွေအတွက် အချိန်ကုန်လူပင်ပန်းတာပဲအဖတ်တင်နေသလိုပါပဲ... သို့ပေမယ့် ဒီအခြေအနေတွေကိုပြင်ဆင်ပြီး မူးယစ်အဖွဲ့ကို ဖမ်းဆီးနိုင်ဖို့ အထူးစုံထောက်အရာရှိတစ်ဦးနဲ့ အထူးအေ့ဂျင့်တစ်ဦးနဲ့ပူးပေါင်းမိတဲ့အချိန်မှာတော့... ကိုင်း မူးယစ် အက်ရှင် မှုခင်းကားတွေသဘောကျတဲ့သူတွေအဖို့ကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ... File Size : (900 MB) and (313 MB) Quality : WEB-DL 720p, Format…mp4 Duration…01:40:00 Genre : Action, Crime, Thriller | Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae
movie

The Brave (2019)

2019
The Highwaymen(2019) 7.1
The Highwaymen(2019) The Highwaymen(2019)IMDb...7.1တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်....မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်...သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ဝှက်ထားတဲ့ လက်နက်များဖြင့်ထောင်စောင့်များကို သတ်ဖြတ်ကာ  သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်...ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ....ဒါတွေအားလုံးရဲ့အဓိက တရားခံက ဝရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်..တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇဝတ်သားအပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်..ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်...နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂)ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်...ရှေးယခင်က ရိန်းဂျိန်းတွေဟာဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့်ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်..ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်...ကိုင်း သူတို့ ဖမ်းမိနိုင်မလား....ဒီရာဇဝတ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ...ခံစားကြည့်လိုက်ပါဦး...မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့်အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size : (1GB) and (357MB)Quality : ...
movie

The Highwaymen(2019)

2019
2.0 (2019) 7.0
2.0 (2019) ၂၀၁၈ ခုနှစ်မှာ ထွက်ထားတဲ့ ဟင်ဒီစတားနဲ့တမီးလ်စတားတို့ အားပြိုင်ထားတဲ့ ၂၀၁၈ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားဟာ ၂၀၁၀မှာ ထွက်ခဲ့တဲ့ Enthiranရဲ့ အဆက်ဆိုလည်း မမှားပါဘူး။ပထမဇာတ်ကားထဲမှာတော့ ချက်တီးစက်ရုပ်ကိုမသမာသူတွေရဲ့ လက်ချက်ကြောင့် သိမ်းဆည်းခံခဲ့ရတာ အားလုံးသိမယ်ထင်တယ်။ဇာတ်လမ်းအကျဉ်းကို ချပြရမယ်ဆိုရင်လူတိုင်းလည်းသိပြီးထားလောက်ပါပြီ။မြို့ထဲမှာ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပျက်ပုံကို စတင်တွေ့မြင်ရမှာပါ။ရှိရှိသမျှ မိုဘိုင်းဖုန်းတွေဟာ ဘာရယ်ကြောင့်မှန်းမသိaလထဲ လွင့်ထွက်ပျံသန်းသွားခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။တခြားမိုဘိုင်းဖုန်းအရောင်းကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ရေးဝန်ကြီးတွေပါ အသတ်ခံရပါသေးတယ်။ဖုန်းတွေ ဘယ်ရောက်သွားကြတာလဲ။ဘယ်သူ့လက်ချက်လဲ ဆိုတာ အားလုံး ပဟေဠိဖြစ်နေကြချိန်မှာဒါကို အဖြေရှာဖို့ ဒေါက်တာဗာစီကရန်ဟာ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ စစ်တပ်ကတောင် မနိုင်တဲ့ ထိုအရာကြီးကိုချေမှုန်းဖို့... ချက်တီးစက်ရုပ်ကို ပြန်လည်အသက်သွင်းဖို့ အကြောင်းဖန်လာပါပြီ။ကဲ ချက်တီးနဲ့အတူ မိုက်ခရိုဘော့လေးတွေလည်းပါဝင်ခံစားလိုက်ပါဦးဗျာ။----------------------------------------------- မတောင်းခင် ကြိုပြောပါရစေဗျာ။ဒီဇာတ်ကားကြည်တောက်ရှင်းမထွက်ခင်မှာရှေ့ကဇာတ်ကားကို တင်ပေးဖို့ စိတ်ကူးရှိခဲ့ပါတယ်။ဒါပေမဲ့ မူလတမီးလ် ဗားရှင်း ဘလူးယေးမရှိတာမျိုးတွေ၊ ဟင်ဒီအသံထွက်နဲ့ ဘလူးယေးကျတော့စုံမစုံတာမျိုးတွေပဲ တွေ့ခဲ့ပါတယ်။အချိန်ပေးမရှာတာလည်း ဖြစ်ပါလိမ့်မယ်။အဲ့ဒီအတွက် ပထမကားကို ခုလောလောဆယ်တော့ မရနိုင်သေးပါဘူးလို့ ပြောပါရစေ။တောင်ပိုင်းကားမို့ သူတို့ပြည်နယ်အကြိုက်ရိုက်ထားတာဖြစ်လို့ တချို့ပရိသတ်တွေအတွက်တော့အကြိုက်တွေ့မှာမဟုတ်ပါဘူး။လောလောနဲ့ ဇာတ်ကားနှစ်ကားကိုတပြိုင်နက်အမြန်ဆုံးရေးထားတဲ့အတွက်လွဲချော်မှုတစ်စုံတစ်ရာပါရင် ခွင့်လွှတ်ပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint ...
movie

2.0 (2019)

2019
Nancy Drew and the Hidden Staircase(2019) 5.7
Nancy Drew and the Hidden Staircase(2019) Nancy Drew and the Hidden Staircase(2019) Nancy Drew လို့ဆိုလိုက်တာနဲ့ သွက်လက်ချက်ချာပြီး သတ္တိရှိတဲ့ ကလေးစုံထောက်မလေးကို ပြေးမြင်မိကြမှာပါ။ သူမအကြောင်းရေးသားထားခဲ့တဲ့ ဝတ္တုတွေဟာလဲ အထူးကျော်ကြားအောင်မြင်ခဲ့သလို ဇာတ်လမ်းပြန်လည်ရိုက်ကူးခဲ့ရာမှာလဲ အောင်မြင်ခဲ့ပြန်ပါတယ်။အခုလဲ အားလုံးရဲ့ အချစ်တော် Nancy Drew ကို ခေတ်အမြင် ခေတ်အသွင်နဲ့ ကြည့်ရှုခံစားနိုင်ဖို့ရာ လောလောလတ်လတ်ထွက်ရှိလာတဲ့ Nancy Drew and The Hidden Staircase (2019)ကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 5.8/10 နဲ့ Rotten Tomatoes 70%တော်ရရှိထားတဲ့ ဟောဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကိုလဲ တင်ပြလိုပါသေးတယ်။ မိခင်ဖြစ်သူကွယ်လွန်သွားတဲ့နောက်မှာ နန်စီဒရူးနဲ့ သူမဖခင်ဖြစ်သူတို့ ရေးဗားဟိုက်စ် ဆိုတဲ့ မြို့လေးကိုရွေ့ပြောင်းလာပါတယ်။ အဲဒီမြို့လေးမှာဖြစ်နေတာကတော့ Twin Elms ဆိုတဲ့အိမ်မှာ သရဲအကြီးအကျယ်ခြောက်တာပါပဲ။ အရာရာမှာစပ်စပ်စုစုနဲ့ ထက်မြက်တဲ့ နန်စီဒရူးအဖို့တော့ ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။ အဆိုပါ သရဲခြောက်တဲ့ပြဿနာကို နန်စီဒရူးတစ်ယောက် မနေနိုင်မထိုင်နိုင်ဝင်ပါရင်း ဘာတွေဆက်ဖြစ်မလဲ? သူဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ပေါ့ပေါ့ပါးပါးစုံထောက်ကားလေးတွေကိုကြည့်ရှုသူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့် Nancy Drew ...
movie

Nancy Drew and the Hidden Staircase(2019)

2019
The Kid Who Would Be King (2019) 6.1
The Kid Who Would Be King (2019) UNICODEMerlin စီးရီးတွေကို ကြည့်ဖူးတဲ့လူတိုင်းဒီကားလေးကိုစိမ်းမယ်မထင်ပါဘူး...ပုံပြင်တွေထဲက King Arthur နဲ့ ကျောက်တုံးထဲ စိုက်ဝင်နေတဲ့Excalibar ဓားကို လူတိုင်းကြားဖူးကြမှာ အသေအချာပါပဲ။The kid who would be king (2019) က အဲဒီပုံပြင်ထဲကလိုExcalibar ဓားကို ဆွဲထုတ်နိုင်ခဲ့တဲ့ ကလေးရဲ့ စွန့်စားခန်းအကြောင်းရိုက်ကူးထားတဲ့Adventure , Action , Family ဇာတ်ကားလေးပါ။King Arthur က ကျောက်တုံးထဲက ဓားကိုဆွဲထုတ်ပြီးတော့ဗြိတိန်ရဲ့ ဘုရင်ဖြစ်လာပြီး မွေးစားညီမဖြစ်သူ Morgana ရဲ့လက်က ကာကွယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ Morgana က နယ်မြေတွေအစိတ်စိတ်ကွဲလူတွေ မျှော်လင့်ချက်မဲ့ပြီး ခေါင်းဆောင်မဲ့နေတဲ့အချိန်ပြန်လာမယ်လို့ ကျိန်စာဆိုခဲ့ပါတယ်။Arthur ကလည်း အဲဒီအချိန်မှာ Excalibar ပြန်ပေါ်လာပါစေလို့ သစ္စာပြုခဲ့တယ်။၁၂ နှစ်အရွယ် မူလတန်းကျောင်းသားလေး Alex ရဲ့ ခေတ်မှာExcalibar က ပြန်ပေါ်လာပြီးတော့ Morgana ကလည်းပြန်အင်အားကောင်းလာပါတယ်။ ဓားကိုဆွဲထုတ်နိုင်ခဲ့တဲ့ ဘုရင်လေး Alex ...
movie

The Kid Who Would Be King (2019)

2019
Sunrise In Heaven (2019) N/A
Sunrise In Heaven (2019) ဒီကားရဲ့ထူးခြားချက်ကမင်းသားနဲ့မင်းသမီးရည်းစားမဖြစ်ခင်အချိန်နဲ့လက်ထပ်ပြီးတဲ့အချိန်နှစ်ခုကိုတလှည့်စီရိုက်ကူးပြထားတာပဲဖြစ်ပါတယ်လူငယ်ဘဝမှာတော့အိမ်ကလုံးဝကိုချုပ်ချယ်ထားပြီးစစ်သားနဲ့မတွဲရဆိုတဲ့အမိန့်ထုတ်ခံထားရတဲ့ကောင်မလေးတယောက်နဲ့အဲ့ကောင်မလေးကိုရဖို့ဘာပဲဖြစ်ဖြစ်လုပ်မယ်လို့စိတ်ဆုံးဖြတ်ထားတဲ့ကောင်လေးသူတို့နှစ်ယောက်ကိုကောင်မလေးအဖေသဘောတူလက်ခံလာအောင်သူဘယ်လိုကြိုးစားမလဲဆိုတာတွေ...သူတို့အသက်ကြီးသွားတဲ့အခန်းမှာတော့စကတည်းကကားအက်ဆီးဒင့်အကြီးစားဖြစ်တာနဲ့စပါတယ်မိန်းမဖြစ်သူကတော့ကံကောင်းစွာနဲ့အသက်ရှင်ပေမယ့်ယောကျာင်္းကတော့ သေမလားတသက်လုံးအိပ်ရာထဲမှာလှဲနေမလားဆိုတဲ့ရွေးရခက်တဲ့ဆုံးဖြတ်ချက်တွေပြုလုပ်ရပါတယ်ဘုရားသခင်ကိုယုံကြည်ပြီးပြန်လည်သတိရလာမှာကိုစောင့်နေချင်တဲ့စိတ်နဲ့တဖက်မှာလည်းဆေးပညာအရဘာမျှော်လင့်ချက်မှမရှိတော့လို့အကုန်လက်လွှတ်ခိုင်းနေတဲ့အခြေအနေယောကျာင်္းဖြစ်သူကိုအရမ်းချစ်လို့လက်မလွှတ်နိုင်တဲ့စိတ်တွေနဲ့တော်တော်ကြီးကိုဝမ်းနည်းဖို့ကောင်းအောင်ရိုက်ပြထားပါတယ်နောက်ဆုံးဘာလုပ်သွားလဲဆိုတာတော့....မင်းသားနဲ့မင်းသမီးကအရမ်းကိုချစ်ဖို့ကောင်းတဲ့အပြင် မိသားစုကြားပြဿနာတွေချုပ်ချယ်ခံရတဲ့မိန်းကလေးတယောက်ပုံစံတွေအချစ်နဲ့တွေ့ရင်သတ္တိရှိလာတာတွေရိုက်ပြထားလို့လူငယ်တွေလက်မလွတ်ပဲကြည့်သင့်ပါတယ်နော်.  File Size : (799 MB) & ( 261 MB)Quality : WEB-DL 720pRunning Time : 1 hr 25 minFormat : Mp4Genre :  Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

Sunrise In Heaven (2019)

2019
Triple Threat(2019) 5.6
Triple Threat(2019) Triple Threat(2019) IMDb....7.5 Ong Bak မင်းသား တိုနီဂျား၊ The Raid ရဲ့ မင်းသား Iko Uwais နဲ့ ထိုက်ချိမင်းသား တိုက်ဂါးချန်း တို့ ပူးပေါင်းပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကို တင်ပေးထားပါတယ်။ ဗီလိန်နေရာမှာတော့ ဘွိုင်ကာ မင်းသားကြီး စကော့ အက်ဒ်ကင်း ပါဝင်ထားတာမို့ ဘယ်လောက်ကြမ်းကြမလဲ ပြောဖို့မလိုလောက်တော့ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ရာဇဝတ်မှုတွေ မြင့်တတ်နေတဲ့ မဟာဂျာယာမှာ လူဆိုးဂိုဏ်းတွေနှိမ်နင်းရေးအတွက် အကြီးအကျယ်လာလှူဒါန်းတဲ့ တရုတ်မလေး ထန်းရှောင်ရှန်းကို ကော်လင်တို့ ကြေးစားအဖွဲ့က လုပ်ကြံဖို့ကြိုးစားတာမှာ ဟို ဂျပုသုံးကောင်နဲ့ တွေ့တာပါပဲ ။ သူတို့ သုံးယောက်နဲ့ ကော်လင်တို့က အရင်ကတည်းက ရန်ငြိုးရှိသူတွေပီပီ အတိုးရော အရင်းရော ပေါင်းပြီးဆပ်ကြပါတယ်။ အကျဉ်းပြောရရင်တော့ ချတဲ့ကားပါ။ ချပါတယ် အားတိုင်း။ သေနတ်ရှိရင်တောင် ဘေးချပြီး ချပါတယ်။ တွေ့ရာနေရာမှာ အားတိုင်းချပါတယ်။ ကြည့်ရင်းနဲ့ ကြည့်တဲ့သူပါ ချချင်နေလိမ့်မယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်...  File Size ...
movie

Triple Threat(2019)

2019
Fall in Love at First Kiss ( 2019 ) 5.7
Fall in Love at First Kiss ( 2019 ) အသစ်ထွက် ဒီဇာတ်ကားလေးဟာဂျပန် manga series ဖြစ်တဲ့ “Itazura na Kiss”ရဲ့Remake Version ဖြစ်ပါတယ်..Romanceကြိုက်သူတွေအတွက်တော့ကားကောင်းပါပဲကောင်မလေးဟာနုံအပြီးစာညံ့တဲ့ကောင်မလေးသူဟာကျောင်းရဲ့အတော်ဆုံးကောင်လေးကိုသဘောကျလွန်းလို့မိန်းကလေးတန်မဲ့ချစ်ခွင့်ပန်ခဲ့ပေမယ့်ငြင်းပယ်ခြင်းကိုခံလိုက်ရပါတယ်ဒါပေမယ့်လည်း ကောင်မလေးက လက်မလျော့ခဲ့ပါဘူးတနေ့မှာတော့ ကံကြမ္မာဖန်လာတော့ကောင်မလေးအိမ်ဟာငလျင်ကြောင့်ပျက်ဆီးသွားတာမို့ကောင်လေးအိမ်မှာအကြောင်းဖန်လာတဲ့အခါဘယ်လိုတွေဆက်ဖြစ်ကြမလဲဆုံဆည်းနိုင်ကြပါ့မလား..ဇာတ်ကားတခုလုံးကို ရိုမန့်ဆန်ဆန်ကြည်နူးစွာခံစားရမှာပဲဖြစ်ပါတယ်Translated & Review By Phyo Zaw
movie

Fall in Love at First Kiss ( 2019 )

2019
Cyan Wizard ( 2019 ) 5
Cyan Wizard ( 2019 ) 2019 ထွက်ဇာတ်ကားသစ်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်မကောင်းဆိုးဝါးတွေကြီးစိုးနေတဲ့ခေတ်ကာလကြီးမှာ လူသားတွေဟာကြောက်လန့်စွာနဲ့ နေထိုင်ခဲ့ရတယ်..မကောင်းဆိုးဝါးလို့သူတို့ထင်တဲ့လူတစ်ဦးကိုလည်း မီးရှို့သတ်ပစ်ဖို့လည်းဝန်မလေးကြဘူးတာအိုဆရာလေးတစ်ဦးကလည်း မကောင်းဆိုးဝါးတွေကိုမကောင်းမြင်တဲ့သူတစ်ဦးပါပဲ..တစ်နေ့မှာတော့အဖြစ်အပျက်တခုကြောင့် တာအိုဆရာလေးရဲ့ မကောင်းဆိုးဝါးအပေါ်အမြင်တွေဟာပြောင်းလဲသွားရပါတယ်သူ့အဖေကိုကယ်တင်ဖို့အတွက်ရော ဘယ်လိုတွေစွန့်လွှတ်မှုတွေလုပ်ရမလဲပြီးတော့ လူသားနဲ့ မကောင်းဆိုးဝါးကြားထဲက ခြားနားချက်ကိုရှာဖွေရင်း လူသားဖြစ်ဖြစ် မကောင်းဆိုးဝါးဖြစ်ဖြစ် ချစ်ခြင်းမေတ္တာတရားကသာလောကကြီးမှာအလှပဆုံးသော အမှတ်တရတွေဖြစ်တယ်ဆိုတာကိုပုံဖေါ်ထားတဲ့ဇာတ်လမ်းကောင်းလေးပါပဲ ဆက်လက်ကြည့်ရှုခံစားပါ This Movie Brought To You By Channel MyanmarTranslated & Review By CM_Chinese TeamEncoded By LK  
movie

Cyan Wizard ( 2019 )

2019
Badla (2019) 7.9
Badla (2019) Badla (2019)__________IMDB - 7.9/10 ========================= Badla -2019 ဆိုတဲ့ ရုပ်ရှင်ကားဟာဘောလိဝုဒ်ပရိသတ်တွေကြား တော်တော်လေး လူသိများတယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ။"မအိုသေး" ဆိုတဲ့ အလောင်းစည်သူမင်းကြီးရဲ့ ပြောစကားလိုအသက်ကြီးနေပြီဖြစ်ပေမဲ့ဒီနေ့ထိ မြင်တွေ့နေရတုန်း အမီတာဘချန်းနဲ့Mulk-2018 ရဲ့ မင်းသမီး Tapsee Pannu တို့ နှစ်ယောက်ကို အဓိက မြင်တွေ့ရမှာပါ။--------------------------------------------------------"ဇာတ်လမ်းအကျဉ်း"တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ"သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ဒါပေမဲ့...ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ...
movie

Badla (2019)

2019