Channel Myanmar

2019

The Operative (2019) 5.3
The Operative (2019) ဒီကားလေးကတော့ ထောက်လှမ်းရေးဇာတ်လမ်းနဲ့ Mystery/Thriller ဇာတ်ကားသစ်လေးဖြစ်ပါတယ်။အေးအေး ငြိမ်ငြိမ်လေးနဲ့ကြည့်မယ့်ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်ဆိုတဲ့အမျိုးသမီးဟာသူ့ရဲ့ထူးခြားတဲ့ ကိုယ်ရေးရာဇာဝင်ကြောင့်Mossad လို့ခေါ်တဲအစ္စရေးထောက်လှမ်းရေးအဖွဲ့ရဲ့မျက်စိကျခြင်းကိုခံခဲ့ရပါတယ်။ဂျုးလူမျိုးလည်းမဟုတ်၊ အစ္စရေးနိုင်ငံသားလည်းမဟုတ်ဂျာမနီမှာနေပြီးဒီလိုအဖွဲ့အတွက်အလုပ်လုပ်ပေးတယ်ဆိုတာ ထူးဆန်းပါတယ်။ဒီလိုနဲ့သူ့ကိုအီရန်ကိုလွှတ်ပြီးသူလျှိုလုပ်ခိုင်းဖို့ အသေးစား စစ်ဆင်ရေးတွေနဲ့စခိုင်းရာကနေ တဖြေးဖြေးသူ့ထမ်းဆောင်ရတဲ့စစ်ဆင်ရေးဟာ အရေးကြီးလာပြီးအထိအခိုက်မခံတဲ့စစ်ဆင်ရေးဖြစ်သွားပြီးနောက်...ဌာနချုပ်နဲ့ ရေချယ်နဲ့ သူ့ရဲ့အထက်အရာရှိဖြစ်သူသောမတ်စ်တို့ကြားမီးပွားတစ်ခုဖြစ်ပွားခဲ့ပြီးအဲဒီမီးပွားဟာအစ္စရေးနိုင်ငံကိုခြိမ်းခြောက်မှုဖြစ်စေတဲ့အထိ ဖြစ်လာတဲ့နောက်မှာတော့ရေချယ်ဆိုတာဘယ်လိုအမျိုးသမီးလဲ....သူနဲ့ Mossad တို့ရဲ့ဆက်ဆံရေးကဘယ်လိုလဲ...အီရန်နဲ့အစ္စရေးတို့ရဲ့ နိုင်ငံရေးတစ်စေ့တစ်စောင်းတွေနဲ့အတူတွေ့မြင်ရမှာပါ။ဇာတ်ရှိန်အေးအေးနဲ့ပဲကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (900 MB) and (430 MB) Quality : AMZN WEB-DL 720p Running Time : 1h 40min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.AMZN.WEBRip.DDP5.1.x264-CM Translated by Thura Zarni ...
movie

The Operative (2019)

2019
The Hustle (2019) 5.4
The Hustle (2019) 2019 ထဲမကြာသေးမီကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ the Hustle ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် …Crime/Comedy ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီးတော့ မပြုံးဘဲဝါးလုံးကွဲ ရယ်ချင်သူများနဲ့ဂျိမ်းစ်ဘွန်းဆန်ဆန် စုံထောက်ဆန်ဆန် ရုပ်ရှင်ကားတွေကို နှစ်သက်သူတွေအတွက် ကြည့်ရမယ့်စာရင်းထဲ ထည့်ဖို့ဇာတ်ကားလေးပါ …ပန်နီ ရပ်စ်ဆိုတဲ့ ဝတုတ်တုတ်ကောင်မလေးဟာ အွန်လိုင်းမှာ ခပ်မိုက်မိုက်ကောင်မလေးတွေရဲ့ပုံတွေတင်ပြီးတော့အပြင်မှာ ဒိတ်ချင်တဲ့ ယောက်ျားတွေကို လိမ်စားနေတဲ့ ကြုံရာကျပန်း လူလိမ်မလေးတစ်ယောက်ပေါ့ …ဂျို့စ်ဖင်း ချက်စ်တာဖီးဒ် ဆိုတဲ့ ချောမောလှပတဲ့ အမျိုးသမီးကတော့ သန်းကြွယ်သူဌေးတွေကိုမှ ပစ်မှတ်ထားလေ့ရှိတဲ့နိုင်ငံတကာပတ်ပြီး အကွက်ချလိမ်လည်တတ်တဲ့ လူလိမ်အကြီးစားတစ်ယောက်ပေါ့တစ်နေ့တော့ ခပ်ဝဝ လူလိမ်မလေးတစ်ယောက်နဲ့ ခပ်လှလှ လူလိမ်မကြီးတစ်ယောက်တို့ဟာရထားတစ်စီးပေါ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြပါတော့တယ်…ရယ်မောရင်းရင်ခုန်ရမယ့် ဒီဇာတ်ကားလေးကို နာမည်ကြီးဟောလိဝုဒ် စတားတွေဖြစ်ကြတဲ့Anne Hathaway နဲ့ Rebel Wilson တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားတော်မူကြပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (750 MB) ...
movie

The Hustle (2019)

2019
Snow Flower (2019) N/A
Snow Flower (2019) Snow flower ဆိုတဲ့ ဂျပန်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...IMDb Rating (7.1) ပါ။ သေရမယ့်ရက် သေရမှာကြိုသိနေတဲ့ မိယူကိတစ်ယောက်ဟာ ဘဝကို အရှုံးပေးဖို့ကြိုးစားနေချိန် အမှတ်မထင် နှင်းပန်းလေးအနေနဲ့ သူ့ဘဝထဲကို ဝင်လာသူကတော့ ယူးဆုကဲပါပဲ... ဒါကြောင့် ယူးဆုကဲကို သူကိုယ်တိုင် ရည်းစားအဖြစ် တစ်လစာချုပ်နဲ့ တွဲဖို့တောင်းဆိုခဲ့ပါတယ်...အချစ်ဆိုတာကို ဘာမှန်းမသိတဲ့သူတို့နှစ်ယောက်အတွက်တော့ အချစ်ဆိုတာ အရာအားလုံးနဲ့ အလဲထပ်ရဲလောက်တဲ့ စွန့်စားခန်းကြီးတစ်ခု... အချစ်ဆိုတာ အနားမှာ လက်ကိုကိုင်ထားပြီး ရှိနေပေးတာမျိုး... အချစ်ဆိုတာ သူ့အတွက် လုပ်ပေးရရင် ပျော်နေတတ်တာမျိုး... အချစ်ဆိုတာ.... တစ်ခဏတာအချိန်လေးအတွက်တောင် တစ်ဘဝလုံးကို လောင်းကြေးထပ်ရဲတာမျိုးပါ... သူတို့ရဲ့အချစ်ကို ဇာတ်လမ်းလေးကြည့်ပြီး ခံစားလိုက်ကြပါတော့... ( မှတ်ချက်။ ။ နှလုံးသားနဲ့ ခံစားပြီး မျက်ရည်ခိုင်မှ ကြည့်ကြပါ။) File size…(1.1 GB) and (600 MB) Quality….Blu-Ray 720p Format…mp4 Duration….02:0:500 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Chu Chu   
movie

Snow Flower (2019)

2019
Halloween Fright Night (2019)
Halloween Fright Night (2019) Halloween Fright Night (2019)   Horror ရုပ်ရှင်ချစ်သူများအတွက်ဇာတ်ကားကောင်းတကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ 2019ထွက် ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် Halloween Day ဟာ သရဲမျက်နှာဖုံး ပုံစံမျိုးစုံစွပ်ပြီး မြူးတူးကခုန်တဲ့ပျော်ရွှင်ပွဲဖြစ်သလို ဘော်ဒါအချင်းချင်းစနောက်ကျီစယ်လေ့ရှိတဲ့နေ့လေးဖြစ်တယ်.. ဒါပေမယ့် Halloween Day မှာ ရုံးခန်းတည်ရှိရာ တိုက်ကြီးအတွင်းမှာ ခြောက်လန့်ခံရပြီး ပိတ်မိနေရင်...... ဒီကားလေးမှာလည်း Halloween Day မှာ တိုက်ပေါ်ကနေခုန်ချပြီးသေသွားခဲ့တဲ့ ရုံးဝန်ထမ်းမလေးတစ်ယောက်ဟာ နောက်နှစ် Halloween Day ရောက်ချိန်မှာ ရုံးနောက်ကျမှဆင်းရတဲ့လူတစ်စုကိုခြောက်လန့်ရင်း တိုက်တွင်းမှာပဲပိတ်လှောင်ထားတဲ့အခါသူတို့တွေလွတ်မြောက်နိုင်ပါ့မလား.... ဒီရုံးဝန်ထမ်းသရဲမလေးက ဒီလူတွေနဲ့ ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ.. စတာတွေကိုထိန့်လန့်ခြောက်ခြားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်   Translated & Review By Phyo Zaw   Encoded By LK
movie

Halloween Fright Night (2019)

2019
The Great Hack (2019) 7.1
The Great Hack (2019) IMDb – 7.10 / Rotten tomatoes – 85%ပထမဦးဆုံးပြောချင်တာက ဒီရုပ်ရှင်ဟာ အပျော်ကြည့်ဖျော်ဖြေရေးရုပ်ရှင်မဟုတ်ပါဘူး …၂၀၁၆ အမေရိကန် မှာ ရွေးကောက်ပွဲအပြီးမှာ Facebook နဲ့ Cambridge Analytica ကုမ္ပဏီတို့ကြားအကြီးအကျယ်ပွဲဆူခဲ့တဲ့နည်းပညာဆိုင်ရာ တရားမဝင် မဲဆွယ်မှုတွေအသုံးချပြီး လူတွေကို လှည့်စားခဲ့တာတွေ မဟုတ်မမှန် နိုင်ငံရေးဝါဒဖြန့်မှုတွေလုပ်ခဲ့တာတွေကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်…ဒီရုပ်ရှင်ကိုဘယ်လိုလူတွေကြည့်သင့်လဲ ?ဒီမေးခွန်းကိုဖြေရရင် Facebook လိုလူမှုကွန်ယက်အသုံးပြုသူတွေ မဖြစ်မနေကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ် …ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ သိမ်းဆည်းအသုံးချခံနေရပါတယ်၂၀၁၆ ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွေလုပ်တုန်းကလည်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သုံးပြီးလူတွေကို ဖျားယောင်းခဲ့လို့ အဲ့ဒီကုမ္ပဏီတွေ တရားစွဲခံရပါတယ်ဒီအချက်အလက်တွေကို ဘယ်လိုအသုံးချပြီး ဘယ်လိုစည်းရုံးခဲ့လဲ ဒီထဲမှာ အားလုံးပါပါတယ် ...
movie

The Great Hack (2019)

2019
Bharat (2019) 5.7
Bharat (2019) IMDb rating - 5.7/10Google Users - 74%Genere - Acrion/Dramaမင်းသားကြီး Salman Khanနဲ့ မင်းသမီး Katrina Kaifတို့ အပြင် Sunil Grover တို့ သရုပ်ဆောင်ထားကြတဲ့ ရုံတင်ဇာတ်ကားကြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။-----------------------------------------------လူတစ်ယောက် ဘဝတစ်ခု ဆိုပေမဲ့ ဘားရတ်ရဲ့ ဘဝက ဖြတ်သန်းရတဲ့ နယ်ပယ်အစုံမှာ မှတ်သားထားစရာ ဖြစ်ရပ်လေးတွေ ရှိတယ်။ခု သူဟာ အသက်ကြီးကြီး လူအိုကြီး တစ်ယောက် ဖြစ်နေပြီ။ငယ်ဘဝကတည်းက ခုထိတိုင် မပြောင်းလဲသေးတဲ့ အကြောင်းအရာတွေ အပြုအမူတွေ ရှိတုန်းပဲ။တစ်နေ့ သူ့အဖေ ' ဒီဆိုင်လေးမှာ လာတွေ့မယ်၊ စောင့်နေပါ ' ဆိုတဲ့ စကားကို ငယ်ဘဝကနေ ခုထိ မမေ့သေးဘူး။တနေ့ကျရင် သူ့အဖေနဲ့ သူ့ညီမ သူတို့ဆီ လာကြမယ်လို့ သူ ယုံကြည်ထားတုန်းပဲ။" မင်းက အကြီးဆုံးသားမို့ ...
movie

Bharat (2019)

2019
Made in Malta (2019) 5.0
Made in Malta (2019) ရည်မှန်းချက်ကြီးတဲ့ ဒါရိုက်တာ ဗင့်ဆင့်က မယ်တာမြို့ကို ရုပ်ရှင်ဖွင့်ပွဲအတွက် ရောက်နေတုန်း သူ့ရဲ့ Ex စပိန်မလေးနဲ့ ပြန်တွေ့တဲ့ အကြောင်းကနေ ဇာတ်လမ်းပျိုးထားပါတယ် ဒီဇာတ်ကားမှာ လှပတဲ့ စပိန်နိုင်ငံ မယ်တာမြို့နောက်ခံနဲ့ လောကဓံရဲ့ရိုက်နှက်မှုကို အလူးအလဲခံထားရတဲ့ ချစ်သူနှစ်ယောက် ရင်ထဲကစကားတွေ ပြောကြတဲ့ ဇာတ်ဝင်ခန်းတွေက လက်တွေ့ဆန်လွန်းပါတယ် သာမာန် အချစ်ဇာတ်လမ်းမျိုးမဟုတ်ဘဲနဲ့ အချစ်၊ ဘဝ နဲ့ သေခြင်း အကြောင်းတွေကို လေးလေးနက်နက် တွေးမိစေမဲ့ romance ကားမျိုးကြည့်ချင်ရင်တော့ Made in Malta ကိုကြည့်ကြည့်ပါလို့ တိုက်တွန်းပါတယ် ရုပ်ရှင်ကားကို Htet Wai Lwin မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ Encode ပေးထားပါတယ်
movie

Made in Malta (2019)

2019
The Juror (2019) 7.1
The Juror (2019) အရင် ဟိုးရှေးရှေးတုန်းကလိုပဲ ပြောရမလားရှေးမြန်မာတွေရဲ့ တရားစီရင်တဲ့နည်းလမ်းက အပြစ်ရှိသူကို သမာသမတ်ရှိတဲ့ လူကြီးတွေကို သူကြီးကခေါ်ပြီးတရားခံအပြစ်ရှိမရှိ ဝိုင်းပြီး စီရင်ဆုံးဖြတ်စေပါတယ်တဲ့။အဲဒါကို သဘောကျလို့ဖြစ်မယ်။အနောက်တိုင်း တရားစီရင်ရေးမှာ ဂျူရီလို့ခေါ်တဲ့ အရပ်သားတွေနဲ့ စုဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲ့ကို တရားသူကြီးက စီရင်ချက်ချရာမှာ အကူအညီဖြစ်အောင် ခေါ်ထားပါသတဲ့။ဒီ Juror 8 (2019) ဆိုတဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပထမဆုံး ဂျူရီပါတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာပါ။တကယ်ဖြစ်ရပ်မှန်ကိုရိုက်ထားတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ ဂျူရီတွေရဲ့ အခန်းကဏ္ဍကို ပေါ်လွင်အောင် ပြသပေးခဲ့ပါတယ်။စီရင်ချက်ချမယ့် တရားသူကြီးရှိရဲ့သားနဲ့ ဘာလို့ ဂျူရီတွေခေါ်နေရလဲဆိုတဲ့ မေးခွန်းရဲ့အဖြေက ဒီဇာတ်ကားထဲမှာပါပါတယ်။Drama ဇာတ်ကားဆိုပေမဲ့ ပျင်းစရာမရှိပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ သူ့ရဲ့မိခင်ကို သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ ကန်ဒူဆစ် ကိုစီရင်ချက်ချရမယ့် တရားခွင်က ဂျူရီပါဝင်တဲ့ ပထမဆုံးတရားခွင်ပါ။ဂျူရာ ...
movie

The Juror (2019)

2019
The Red Sea Diving Resort (2019) 6.2
The Red Sea Diving Resort (2019) The Red Sea Diving Resort (2019) ဆိုတဲ့ ဒီ စပိုင်ဇာတ်ကားလေးက တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ 'အီသီယိုပီးယားနိုင်ငံက ဂျူးလူမျိုးတွေ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ရတဲ့အတွက် အစ္စရေးနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။အစ္စရေးထောက်လှမ်းရေး မော့ဆက် က နိုင်ငံတကာက အေးဂျင့်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ကို အစ္စရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ အာရီ လီဗင်ဆင်က ဦးဆောင်ပြီးထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးတဲ့အကြောင်းလေးပါ။ကယ်ပုံကလည်း ဆန်းပါတယ်။သူတို့ အေးဂျင့်တစ်စုက အီသီယိုပီးယားနိုင်ငံနဲ့ ကပ်နေတဲ့ ဆူဒန်နိုင်ငံမှာ Red Sea Diving Resort ဆိုတဲ့ ဟိုတယ်ကို ဖွင့်ပြီးအဲဒီကနေ ဒုက္ခသည်တွေကို ရေလမ်းကနေ အစ္စရေးရေတပ်အကူအညီနဲ့ လွတ်မြောက်အောင် ကူညီပေးနေတာပါ။အထူးလေ့ကျင့်ထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား အေးဂျင့်တွေက ဟိုတယ်မှာ ဝန်ဆောင်မှုပေးနေရင်းဒုက္ခသည်တွေကို ထွက်ပြေးလွတ်မြောက်အောင် ဘယ်လိုကူညီခဲ့ကြလဲဆိုတာ ရင်တစ်မမ ...
movie

The Red Sea Diving Resort (2019)

2019
Bill Tilghman and the Outlaws (2019) 5.3
Bill Tilghman and the Outlaws (2019) ဟောလိဝုဒ်က ရုပ်ရှင်အဖွဲ့သားတစ်စုဟာ အနောက်ပိုင်းရဲ့မြို့တစ်မြို့မှာနာမည်ကြီးတဲ့ရဲအရာရှိ Bill Tilghmanကို ဘဏ်ဓားပြတိုက်တဲ့ အက်ရှင်ကားမှာပါဝင်ဖို့ ကမ်းလှမ်းပါတယ်။ရုပ်ရှင်ထဲမှာလည်း သူကရဲအရာရှိလုပ်ရမှာပါ။ရုပ်ရှင်ထဲမှာပါတဲ့လူဆိုးတွေကိုလည်း အပြင်မှာသူတကယ်ဖမ်းဆီးထောင်ချခဲ့တဲ့အနောက်ပိုင်းရဲ့နာမည်ကြီးထောင်သားလူဆိုးတွေကို ပြန်သုံးတာဖြစ်ပါတယ်။ရဲအရာရှိအစစ်နဲ့ထောင်သားအစစ်တွေခေါ်ရိုက်တဲ့ ဘဏ်ဓားပြတိုက်တဲ့ရုပ်ရှင်ဟာဟောလိဝုဒ်အဖွဲ့သားတွေထင်သလို အောင်မြင်နိုင်မလားထောင်သားတွေကရော ရုပ်ရှင်အဖွဲ့ရဲ့အစီအစဉ်ကို တကယ်လိုက်နာပါ့မလားဆိုတာတွေကိုတော့Bill Tilghman and the Outlaws ရုပ်ရှင်ထဲမှာကြည့်ရှလိုက်ပါ။ File Size : (1 GB) & ( 257 MB)Quality : Web-DL 720pRunning Time : 1 hr 56 minFormat : Mp4Genre : Comedy , WesternSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded ...
movie

Bill Tilghman and the Outlaws (2019)

2019
The Son (2019) 6.2
The Son (2019) ကိုယ်ကအမှန်ကိုပြောနေပေမယ့် အကုန်လုံးကရူးနေတယ်နင်မှားတာဆိုတဲ့အကြည့်တွေ အပြောတွေကိုခံရဖူးလားဒီဇာတ်ကားထဲမှာတော့အဲဒီလိုမခံမရပ်နိုင်တွေကိုခံစားရမှာပါပထမအိမ်ထောင်နဲ့သမီးနှစ်ယောက်ရခဲ့ပေမယ့်အကြောင်းပြချက်မရှိအုပ်ထိန်းခွင့်မရခဲ့တဲ့ပန်းချီပညာရှင်တစ်ယောက်နောက်အိမ်ထောင်နဲ့ကလေးရဖို့ကြိုးစားရင်း သားလေးတစ်ယောက်ရလာတဲ့အခါမှာတော့သူထင်ထားသလိုဖြစ်မလာခဲ့ အယူသီးလွန်းတဲ့မိန်းမရဲ့ထိန်းချုပ်မှုတွေကလေးကိုလှောင်ပိတ်ထားတာတွေ လူအများရှေ့ရောက်ရင်တော့သူမဟုတ်သလိုနေတတ်တဲ့မိန်းမရဲ့လှည့်ကွက်တွေ လူတွေအကုန်လုံးကိုအမှန်တရားတွေပြောပြနေပေမယ့်လည်းရူးနေတယ်လို့အကုန်လုံးရဲ့အထင်ခံရတဲ့အခါနောက်ဆုံးကွာရှင်းပြီး သားကိုတွေ့ခွင့်တောင်းတဲ့အချိန်သူ့ကိုပေးတာသူ့သားမဟုတ်ဘူးလို့အကုန်လုံးကိုရှင်းပြနေပေမယ့်ဘယ်သူမှလက်မခံကျတဲ့အခါ...နောက်ဆုံးသူပြောသလိုသူ့ဆီမှာရှိနေတာသားအရင်းလားသူပဲတကယ်ရူးနေတာလားသူထင်နေတဲ့အတိုင်း သူ့သားအစစ်ကိုတွေ့ခွင့်ရဖို့ကြိုးစားရင်းဘာဖြစ်သွားမလဲ...စိတ်ဝင်တစားနဲ့ကြည့်လိုက်ရအောင်လားဗျာ File Size : (865 MB) & ( 270 MB)Quality : Web-DL 720pRunning Time : 1 hr 32 minFormat : Mp4Genre : ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

The Son (2019)

2019
4 latas (2019) 5.9
4 latas (2019) တိုရှို၊ ဂျိုဆေးဗားနဲ့ ဂျွန်ပီယာတို့ ၃ ဦးက အရမ်းခင်တဲ့ သူငယ်ချင်း ၃ ယောက်ဖြစ်ပါတယ်သူတို့ ၃ ဦးဟာ မကြာခဏ ခရီးတွေထွက်လေ့ရှိပြီးများသောအားဖြင့် ဆဟာရ သဲကန္တာရကို ဖြတ်ကျော်ခရီးနှင်လေ့ရှိပါတယ်အဲဒီလိုနဲ့အကြောင်းကြောင်းကြောင့် သူငယ်ချင်းတွေ ကွဲကွာသွားရင်းနေလာရာကနေ တစ်ရက်မှာတော့ တိုရှိုတစ်ယောက်ဂျိုဆေးဗားရဲ့ အမျိုးသမီးဆီကနေ စာတစ်စောင် လက်ခံရရှိပါတော့တယ်သူတို့ရဲ့သူငယ်ချင်းဖြစ်သူ ဂျိုဆေးဗားတစ်ယောက်နောက်ဆုံးအချိန်ရောက်နေပြီဆိုတာကို အသိပေးထားတဲ့စာပါအဲဒီလိုနဲ့ပဲတိုရှိူတစ်ယောက်ဟာ နောက်ထပ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ဂျွန်ပီယာဆီသွားပြီး ဂျိုဆေးဗားဆီ လိုက်ကြဖို့လုပ်ပါတော့တယ်လေယာဉ်နဲ့အားချင်းသွားဖို့စီစဉ်ထားပေမယ့် ဂျိုဆေးဗားသမီးဖြစ်သူအကြံနဲ့ဟိုးအရင်ကလို ဟိုးအရင်ကကားနဲ့ပဲသဲကန္တာရကို ဖြတ်ကျော်ခရီးနှင်ဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါမှာတော့ စွန့်စားခန်းကြီးစတင်ပါတော့တယ်သဲကန္တာရအလယ်မှာ ကြုံရတဲ့အခက်အခဲမျိုးစုံ ဒုက္ခသုခပေါင်းစုံနဲ့ ။ကြုံဆုံရတဲ့ လူအမျိုးမျိုး စိတ်အထွေထွေ အကြောင်းကိုဟာသနှောပြီး ခပ်သွက်သွက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရယ်မောစရာလည်းပါ ရင်မောစရာလည်းပါတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်File Size : (987 MB) & ( 368 MB)Quality : Web-DL 720pRunning Time : 1 hr 44 minFormat : Mp4 ...
movie

4 latas (2019)

2019
Dirty God (2019) 6.5
Dirty God (2019) ကိုယ်အချစ်ထင်ပြီး ကိုးကွယ်ခဲ့တဲ့လူတစ်ယောက်က ကိုယ့်ဘဝအတွက်သေရာပါ ဒဏ်ရာတစ်ခုပေးခဲ့မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ဒီဇာတ်ကားလေးထဲမှာဆိုရင် ဂျိတ်ဆိုတဲ့ အမျိုးသမီးဟာ သူရဲ့အတူနေချစ်သူက သူတို့ရဲ့သမီးလေးရှေ့မှာပဲ သူ့မျက်နှာကိုအက်စစ်နဲ့ ပက်တာကို ခံခဲ့ရပါတယ်။သူဟာအသက်မသေခဲ့ပေမဲ့ ဒီရုပ်ဆိုးဆိုး အမာရွတ်တွေနဲ့ပဲ တစ်သက်လုံးနေသွားရတော့မှာပါ။ သူ့ဘဝဟာ ဘယ်လောက်ထိ အခက်အခဲတွေကြုံတွေ့ရမလဲ။အခက်အခဲတွေကိုရော ဘယ်လိုကျော်ဖြတ်သွားမလဲ ဆိုတာရှုစားကြရမှာပါ။ ဒီကားကတော့ မိသားစုနဲ့အတူကြည့်ဖို့အဆင်မပြေပါဘူး...File Size : (935 MB) & (343 MB)Quality : Web-DL 720pRunning Time : 1 hr 44minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated by HMOEncoded by Moe Myint Lwin
movie

Dirty God (2019)

2019
A Violent Separation (2019) 5.6
A Violent Separation (2019) ဒီတစ်ခေါက်တော့ CM ပရိတ်သတ်ကြီးအတွက် Drama Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ A Violent Separation (2019) ပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရေးနဲ့နော်မန်ဟာလောကကြီးမှာ နှစ်ယောက်တည်းရှိတဲ့ ညီအကိုတွေပါ။ ညီအကိုဆိုပေမယ့်စရိုက်သဘာဝချင်းကွာခြားတာကြောင့်ရေးက လူရမ်းကားဖြစ်နေပေမယ့် နော်မန်ကတော့ ရဲအရာရှိတစ်ယောက်ပါ။ တစ်ရက်မှာတော့ အကိုဖြစ်သူရေးက သူ့ချစ်သူ အက်ဘီကိုသတ်လိုက်မိပါတော့တယ်ရေးတစ်ယောက်ဘာဆက်လုပ်မလဲ။ ညီဖြစ်သူ နော်မန်ကရော ဘာဆက်လုပ်မလဲ ဆိုတာ ရင်တစ်ဖိုဖို ဆက်လက်စောင့်ကြည့်ရမယ့် ကားကောင်းလေးပါ။ဇာတ်လမ်းလေးနာမည်ကတော့ A Violent Separation(2019)ပါ။File Size : (1 GB) & (284 MB)Quality : Web-DL 720pRunning Time : 1 hr 46 minFormat : Mp4Genre : Crime , ThrillerSubtitle : Myanmar Subtitle (Hard ...
movie

A Violent Separation (2019)

2019
UglyDolls (2019) 4.5
UglyDolls (2019) UglyDolls (2019) ၂၀၁၉ မေလမှာ ထွက်ရှိခဲ့တဲ့ သီချင်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆိုတော် တစ်ပြုံတစ်ခေါင်းနဲ့ ထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေးပါ။ နာမည်ကြီးကားတွေကြားထဲမှာ ထွက်ခဲ့ရတဲ့အတွက် အရမ်းမသိလိုက်ကြဘူး ထင်ပါတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Kelly Clarkson အဓိက ပါဝင်သရုပ်ဆောင်ထားပြီး X Factor ရဲ့ ဒိုင်တစ်ဦးလည်း ဖြစ်တဲ့ Blake Shelton လည်း ပါဝင်ပါတယ်။ Nick Jonas, Janelle Monae, Pitbull တို့လည်း ပါပါသေးတယ်။ Asian Artist အနေနဲ့ ၀မ်လီဟုန် (Wang Lee Hom) လည်း ပါပါသေးတယ်။ သီချင်းတွေ အများကြီး နားထောင်ရမှာဆိုတော့ ကြည့်ရမှာအရမ်းတန်ပါတယ်။ ဒါကတော့ ဇာတ်လမ်းရဲ့ထူးခြားချက်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ရုပ်ဆိုးရုပ်ကလေးတွေ ရုပ်ဆိုးတောင်ကြား (Uglyville) မှာ နေကြပါတယ်။ မော်စီဆိုတဲ့ အရုပ်မလေးကလေး ဒီရွာသူတစ်ယောက်ပါ။ သူကတော့ သူတို့ရွာရဲ့တခြားတစ်နေရာမှာ သူတို့ကို ချစ်ပေးမယ့် လက်ခံပေးမယ့် ကလေးလေးတွေ ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။ ကမ္ဘာအကြီးကြီးလည်း ရှိတယ်လို့ သူမက ယုံကြည်ထားပါတယ်။ ဒီတော့ သူ့သူငယ်ချင်းတွေနဲ့ အဲဒီကို ရောက်အောင်သွားဖို့ ...
movie

UglyDolls (2019)

2019
Can’t See Me Love You ( 2018 ) 5
Can’t See Me Love You ( 2018 ) ဒီကား​လေးဟာchinese bဝx officeမှာ $326131​ကျော်​ဝင်​​ငွေရရှိထားတဲ့ 2018ထွက်​ဇာတ်​ကား​ကောင်း​လေးတစ်​ပုဒ်​ဖြစ်​ပါတယ်​..ဟယ်​ရီးရီးဆိုတဲ့​ကောင်​မ​လေးတစ်​​ယောက်​ဟာမျက်​ကြည်​လွှာအစားထိုးကုသပြီး​နောက်​မှာသရဲတစ်​​ကောင်ကိုမကြာခဏမြင်​​တွေ့​နေရပြီး​ခြောက်​လန့်​ခံ​နေရပါတယ်​...ဒီလိုနဲ့ပ​ယောဂဆရာမ​ကျောက်​နဲ့သူ့အဖွဲ့သားလျန်​ချိန်​နဲ့ယိထျန်း​တို့ရဲ့ စစ်​​ဆေးချက်​အရဒီသရဲဟာ သူ့ရဲ့မျက်​လုံးကိုရီးရီးဆီကပြန်​လာ​တောင်း​နေတယ်​ဆိုတာသိလိုက်​ရတဲ့အခါ...ရီးရီးရဲ့ညီမ စန်းစန်းနဲ့ သူ့ချစ်​သူဝမ်​ယွမ်​တို့နှစ်​​ယောက်​ ဒီသရဲရဲ့​နောက်​ကွယ်​ကအ​ကြောင်းအရာ​တွေကိုလိုက်​လံစုံစမ်းရင်းဘာ​တွေသိလာရမလဲ...ဘယ်​လိုလှည့်​ကွက်​မျိုး​တွေရှိ​နေတာလဲ ...ဇာတ်​ကားတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​ Translated & Review By Phyo ZawEncoded By LK
movie

Can’t See Me Love You ( 2018 )

2019
Kidnapping Stella (2019) 4.9
Kidnapping Stella (2019) တွမ်နဲ့ဗစ်တို့နှစ်ယောက် ချမ်းသာသည့်မိသားစုမှတစ်ဦးတည်းသောသမီးဖြစ်သူကို ပြန်ပေးဆွဲဖို့အစစအရာရာသေချာပြင်ဆင်လုပ်ကိုင်ထားကြသည်။အလုံပိတ်အခန်းတစ်ခန်းထဲမှာပဲ အဲ့မိန်းကလေးကိုချုပ်နှောင်ထားပြီးဗစ်ကပြန်ရွေးငွေတွေကိုရရှိဖို့နဲ့တခြားသောလိုအပ်တာတွေကိုလုပ်ဖို့အပြင်သို့ထွက်ထွက်သွားရပြီးတော့ တွမ်ကတော့ အဲ့အိမ်၊ အခန်းမှာပဲမိန်းကလေးကိုစောင့်ကြည့်ဖို့တာဝန်ယူရသည်။စောင့်ကြည့်တာဝန်ယူထားရတဲ့သူနဲ့ ပြန်ပေးဆွဲခံထားရတဲ့မိန်းကလေးဟာတစ်ချိန်တစ်ခါကသိကျွမ်းပတ်သတ်ခဲ့ကြဖူးတဲ့သူတွေပါဒါပေမယ့်လို့ ဘာကြောင့်သိကျွမ်းနေလျက်နဲ့ တွမ်ကဗစ်ကိုဖုံးကွယ်ထားရတာလဲ...ဗစ်သိသွားရင်ဘာတွေဖြစ်သွားမှာမို့လဲ...ပတ်သတ်ခဲ့ဖူးလျက်နဲ့ ဘာကြောင့်ထိုမိန်းကလေးကိုပြန်ပေးဆွဲဖို့အစီအစဉ်မှာတွမ်ပါ ပါဝင်ခဲ့ရတာလဲ...ပြန်ပေးဆွဲပြီးနောက်ပိုင်းမှာရော ဘာတွေဆက်ဖြစ်လာဦးမှာလဲ...ဆက်လက်စောင့်ကြည့်လိုက်ပါ File Size : (839 MB) & (315 MB)Quality : Web-DL  720pRunning Time : 1 hr 29 minFormat : Mp4Genre : ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie

Kidnapping Stella (2019)

2019
Devil’s Vendetta ( 2019 ) 5
Devil’s Vendetta ( 2019 ) ဒီကား​လေးကနတ်​ဘုရား​လောင်းလျာ​လေးနဲ့ ​မြေ​ခွေးနတ်​ဆိုးမ​လေးကြားကအချစ်​​တွေကို ​ဖော်​ပြထားတဲ့ 2019ထွက်​ဇာတ်​ကား​ကောင်း​လေးဖြစ်​ပါတယ်​...တန့်​စိမ်းဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​ဟာ ​ကောင်းကင်​စာအုပ်​ဆိုတဲ့အစွမ်းထက်​တဲ့စာအုပ်​​လေးကိုပိုင်​ဆိုင်​ထား​ပေမယ့်​သူကိုယ်​တိုင်​​တောင်​မသိထားတဲ့အပြင်​ သူကိုယ်​တိုင်​ကနတ်​ဘုရားအ​လောင်းအလျာ​လေးဖြစ်​​နေတာကိုလည်းမသိခဲ့ပါဘူး..ဒီလိုနဲ့ ​ကောင်းကင်​စာအုပ်​ရှိ​နေ​ကြောင်းအာရုံခံမိသွားတဲ့​မြေ​ခွေးနတ်​ဆိုးတစ်​သိုက်​ဟာ သူ့ဆီက​နေလုယူနိုင်​ဖို့အမျိုးမျိုးကြံစည်​ပါ​တော့တယ်​...ဒါ​ကြောင့်​နတ်​ဆရာလွမ်​ကိုသူ့ကိုကာ​ကွယ်​​ပေးဖို့ငှါးရမ်းထားခဲ့ပါတယ်​..ဒီလိုနဲ့​မြေ​ခွေးနတ်​ဆိုးမ​လေးမိန့်​အယ်​ဟာ တန့်​စိမ်းကိုချစ်​မိသွားပြီးဘယ်​လို​တွေကာကွယ်​​ပေးမှာလဲ...သူတို့နှစ်​ဦး​ပေါင်းစည်းနိုင်​ပါ့မလား..ဘယ်​လို​တွေကြုံ​တွေ့ရမှာလဲဆိုတာ​တွေကို ကြည့်​ရှုခံစားရမှာဖြစ်​ပါတယ်​ Translated & Review By Phyo ZawEncoded By LK
movie

Devil’s Vendetta ( 2019 )

2019
Pokémon Detective Pikachu (2019) 6.9
Pokémon Detective Pikachu (2019) CM Fan အားလုံး စောင့်မျှော်နေကြတဲ့ ချစ်ဖို့ကောင်းတဲ့ပီကာချူး လေး ရဲ့ ပိုကီမွန် ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ ဇတ်လမ်းပုံစံ ကတော့ တင်မ် ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ပိုကီမွန်ထရိန်နာ ဖြစ်ချင်နေသူပါ တစ်ရက်မှာတော့ တင်မ် ရဲ့ အဖေ ကွယ်လွန်သွားပြီလို့အကြောင်းကြားလာတာကြောင့် ရိုင်းမ်မြို့တော်ကိုထွက်လာခဲ့ပါတယ်... ပိုကီမွန် တွေ နဲ့ လူတွေ တစ်သားထဲ ရင်ဘောင်တန်းနေနိုင်တဲ့မြို့ဖြစ်ပြီး ပိုကီမွန်တွေကလဲ လူသားတွေ နဲ့ အလုပ်တူတူလုပ်ကြပါတယ် ဖခင်ဖြစ်သူ ရဲ့ အိမ်ကို ရောက်လာတဲ့ တင်မ် ဟာပီကာချူး နဲ့ အမှတ်မထင် တွေ့ဆုံကြရင်းပီကာချူး စကားပြောတာကို နားလည်ပြီးကြားနိုင်စွမ်းရှိတာတင်မ် တစ်ယောက်ထဲ ရှိတာကို သိသွားတဲ့ နောက်မှတော့တင်မ် ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ကိစ္စမှာတင်မ် နဲ့ ပီကာချူး တို့ တွဲဖက်ညီညီ ပူးပေါင်းပြီးအဖြေရှာကြတဲ့ အခါမှာတော့.... ဒီဇတ်လမ်းဟာ ပီကာချူး မူလ Animation ကားတွေနဲ့မတူညီပဲ ကွဲထွက်နေမှာဖြစ်ပြီး ရသ ...
movie

Pokémon Detective Pikachu (2019)

2019