Channel Myanmar

2018

Voldemort: Origins of the Heir (2018) N/A
Voldemort: Origins of the Heir (2018) အခုတင်ဆက်ပေးရမယ့် movie လေးကတော့ ပရိသတ်တွေရဲ့ ကလေးဘဝကတည်းက ဇာတ်လိုက်ကျော် ဟယ်ရီပေါ်တာ ဖန်များအားလုံးသိကြမယ့် မှော်နက်ဂိုဏ်းချုပ်ကြီး Voldemort(ဗိုဒမော့)အကြောင်းကို ရိုက်ကူးထားတာပါ...ဒီမူဗီအတွက်official Teaser trailer ကို 2017 Juneမှာ FBမှာတင်ခဲ့တဲ့အခါ...၂ရက်အတွင်း ကြည့်ရှုသူ သန်းနှစ်ဆယ်ကျော်ခဲ့ပါတယ်...ဟယ်ရီပေါ်တာဖန်ကလည်း နည်းမှမနည်းပဲကိုး ...ဒီဇာတ်ကားလေးကိုရှုစားပြီးတော့ ဟယ်ရီနဲ့ပတ်သက်တဲ့ Facts တွေကို သေချာသိနိုင်မှာဖြစ်ပါတယ်...ဟယ်ရီပေါ်တာရဲ့ရန်သူတော်ကြီး ဗိုဒမော့ရဲ့ ငယ်ဘဝ တွန်ရစ်ဒယ် တစ်ယောက် ဒီလို မှော်နက် ဂိုဏ်းချုပ်ကြီးတစ်ယောက် ဖြစ်လာဖို့ လုပ်ဆောင်ခဲ့တဲ့ ငယ်ဘဝ ကြိုးပမ်းမှုတွေကို စိတ်ဝင်စားဖွယ် ဘယ်လိုတွေများတင်ဆက်ထားသလဲ....ပရိသတ်တွေနဲ့ မစိမ်းတဲ့ စလေးသရင်း, ဂရစ်ဖင်းဒေါ, ဟက်ပ်ဖက် နဲ့ ရာဗင်ခလော ဆိုတဲ့ ဟော့ဂ်ဝက် မှော်ကျောင်းကြီးလေးကျောင်းရဲ့ ဆက်ခံသူတွေ ဒီဇာတ်ကားထဲမှာ ဘယ်လိုများပါဝင်ထားကြမလဲ ဆိုတာကို ဟယ်ရီပေါ်တာ ပရိတ်သတ်များအားလုံးလက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦးလို့ File Size : (500 MB) Quality : WEB-DL ...
movie

Voldemort: Origins of the Heir (2018)

2018
The Polka King (2018) 5.8
The Polka King (2018) ​ဟောလိဝုဒ်​နာမည်​​ကျော်​ သရုပ်​​ဆောင်​ Jack Black ပါဝင်​သရုပ်​​ဆောင်​ထားပြီး IMDb rating 5.9 ရရှိထား​သော The Polka King ရုပ်​ရှင်​သည်​Pennsylvania ပြည်​နယ်​မှ Polka ဂီတ​ဖျော်​​ဖြေသူအနုပညရှင်​တစ်​ဦးဖြစ်​တဲ့ ဂျန်​လီဝင်​ရဲ့ အခက်​အခဲများကြားမှ ကြိုးကြိုးစားစားဖြင်​့ခက်​ခဲစွာ​အောင်​မြင်​​ကျော်​ကြားသူတစ်​ဦးဖြစ်​လာခဲ့ပုံသူ၏​ပေါင်​းသင်​းဆက်​ဆံမှုစွမ်​းရည်​ ပါးနပ်​မှု ရည်​မှန်​းချက်​ကြီးစွာကြိုးစားခဲ့သဖြင်​့​အောင်​မြင်​ခဲ့ပုံကျူ းလွန်​ခဲ့​သောအမှားများ​ကြောင်​့ကျရှုံးခဲ့ပုံ၊ဘဝ၏အတက်​အကျ မိသားစု၏အ​ရေးပါပုံ၊ကြိုးစားအားထုတ်​မှု၏တန်​ဖိုးတို့ကိုရသ​ပေါင်းစုံ​အ​ဖြစ်​ခံစားကြည်​့ရှုရမဲ့ Biography / Documentary ဆန်​ဆန်​ရုပ်​ရှင်​ကား​ကောင်​း​လေးဖြစ်​ပါတယ်​။File Size : (800 MB) and (300 MB) Quality : WEBRip 720p Running Time : 1hr 35min Format : Mp4 Genre :Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : iNTERNAL.1080p.WEB.x264-STRiFE Translated by Htet Myet Encoded by Thanhtike Zaw
movie

The Polka King (2018)

2018
Step Sisters (2018) 5.3
Step Sisters (2018) ဒီကားထဲမှာတော့ ဂျမဲလာဆိုတဲ့လူမဲမလေးဟာ အရမ်းတော်တဲ့သူ့ချစ်သူနဲ့အတူ ဟားဘက်ကိုတက်ချင်ခဲ့ပါတယ်။ဒါပေမဲ့ အမြဲလိုလို ပြည့်စုံဖို့ကြိုးစားနေတဲ့ သူ့အမေက ဂျီပီအေ ၄.၀ ကျော်မှ သူ့ကို တက်ခွင့်ရအောင်ထောက်ခံပေးမယ်လို့ပြောလို့ အရမ်းစိတ်ညစ်ပြီး လူဖြူပါတီကိုသွားမိရာက ဇာတ်လမ်းလေးစခဲ့ပါတယ်။လူဖြူမတွေကို လူမဲအက ကတတ်အောင်ကြိုးစားနိုင်ရင် ဟားဘက်တက္ကသိုလ်ကိုတက်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူဖြူအရိုင်းမလေးတွေကို အကသင်ပေးခဲ့ပါတယ်။ဒီလိုအကသင်ပေးရင်း ကြုံရတဲ့အခက်အခဲတွေနဲ့ လူမျိုးရေးခွဲခြားတတ်တဲ့သူ့သူငယ်ချင်းတွေနဲ့ အမေကြား ဗျာများခဲ့ချိန်မှာ အကောင်းဆုံးလို့ထင်ထားတဲ့ သူ့ချစ်သူက သူ့ဘက်မှာမရှိဘဲ သူ့ကိုတကယ်မချစ်နိုင်မှန်းသိခဲ့ပါတယ်။အဲဒီအချိန်မှာ ဟာသတွေပြောပြီး ကြင်နာတတ်တဲ့ လူမဲကောင်လေးနဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့ပါတယ်။ဒီလို လူငယ်တွေကြားဖြစ်တတ်တဲ့ ပြဿနာလေးတွေကို သင်ခန်းစာပြရိုက်ထားတဲ့ ဇာတ်မြူးဟာသကားလေးတစ်ကားပါ။လူမဲအကကို အသားပေးရိုက်ထားတာဖြစ်တဲ့အတွက် အလန်းစားအကတွေအကြောင်းကတော့ ထည့်ပြောဖို့တောင်လိုမယ်မထင်ပါဘူး။နောက်ဆုံးမှာ လူမဲမလေး ဂျမဲလာတစ်ယောက် ဟားဘက်ကိုတက်ခွင့်ရရဲ့လား သူ့ချစ်သူအသစ်နဲ့ရော ဘယ်လို ရင်ခုန်စရာလေးတွေရှိခဲ့လဲဆိုတာတော့ ဒီကားလေးထဲမှာ ကြည့်လိုက်ကြပါဦး။လုံးဝစိတ်မပျက်စေရမယ့် ကားကောင်းလေးဆိုတာ အာမခံလိုက်ပါရစေ။ File Size : (900 MB) and (366 MB) Quality : WEBRip ...
movie

Step Sisters (2018)

2018
American Satan (2018) 6.0
American Satan (2018) Rockerကြီး​တွေအတွက်​ ဇာတ်​ကား​ကောင်း​လေးတစ်​ကားနဲ့မိတ်​ဆက်​​ပေးပါရ​စေ။ဒီဇာတ်​ကား​လေးက​တော့ Rockဂီတကိုရူးသွပ်​တဲ့ ဂျွန်​နီတို့လူငယ်​တစ်​ဖွဲ့ဟာ တီးဝိုင်း​ထောင်​ပြီးအောင်​မြင်​မှုရ​အောင်​ကြိုးစားကြတဲ့ဇာတ်​လမ်း​လေးပါ။တီးဝိုင်းအဖွဲ့​ထောင်​ပြီး​အောင်​မြင်​မှုက​အောင်​ကြိုးစား​နေချိန်​မှာပဲ ​စေတန်​နတ်​ဆိုးနဲ့​တွေပြီး လမ်းမှားကိုစတင်​လိုက်​မိပါ​တော့တယ်​။စေတန်​နတ်​ဆိုးက သူတို့အဖွဲ့ကို​အောင်​မြင်​​အောင်​လုပ်​​ပေးမယ်​၊ သို့​ပေမယ့်​ အ​ပေးအယူအ​နေနဲ့လူသား​တွေကိုယစ်​ပူ​ဇော်​​ပေးရပါတယ်​။အဲ့ဒါနဲ့​အောင်​မြင်​မှုကို​တောင့်​တကြတဲ့လူငယ်​အတွက်​ အမှား​တွေလုပ်​မိကြပါ​တော့တယ်​။တီးဝိုင်းအဖွဲ့က​အောင်​မြင်​လာတာနဲလအမျှ အ​ပျော်​အပါး​တွေပါလာပြီး​နောက်​ဆုံးမှာ ​ဆေးစွဲသွားတဲ့အထိလမ်းမှားလိုက်​မိပါ​တော့တယ်​။အဲ့လိုအခက်​အခဲ​တွေ၊ ပြင်​မရအမှား​တွေထဲက​နေ ဘယ်​လိုရုန်းထွက်​ကြမလဲဆိုတာ ဒီဇာတ်​လမ်းက​လေးမှာ ဆက်​လက်​ကြည့်​ရှု့ကမှာဖြစ်​ပါတယ်​။ဇာတ်​ကားထဲမှာ သုံးထားတဲ့သီချင်း​တွေနဲ့ riffတီးကွက်​​တွေကအမိုက်​စား​တွေမို့လို့ Rockပရိတ်​သတ်​​တွေအတွက်​​တော့ သ​ဘောကျမှာအမှန်​ပါပဲ။Rockerကြီးများ လက်​လွတ်​မခံသင့်​တဲ့ဇာတ်​လမ်း​ကောင်း​လေးပါ။ File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre :Drama, Music, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.X264-AMIABLE Translated by Ye Yint Encoded by Thanhtike Zaw
movie

American Satan (2018)

2018
The Open House (2018) 6.5
The Open House (2018) ဒီကားကတော့ Horror ဇာတ်ကားသစ်လေးပါ13 reasons why ထဲက မင်းသားချောလေး Dylan Minnette ပါဝင်သရုပ်ဆောင်ထားပါတယ်မိသားစု အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရချိန် အမျိုးသားဖြစ်သူ ရုတ်တရက်မတော်တဆမှုနဲ့ သေဆုံးသွားခဲ့တဲ့အတွက် ကြံရာမရဖြစ်ပြီး တောင်ပေါ်မြို့လေးကို ခေတ္တ ပြောင်းရွှေ့နေထိုင်ကြတဲ့ နာအိုမီ နဲ့ လိုဂန် တို့ သားအမိ....သူတို့ပြောင်းသွားတဲ့မြို့လေးမှာ လူထူးလူဆန်းတွေနဲ့ တွေ့ဆုံရတဲ့အပြင်....သူတို့ နေထိုင်နေတဲ့ အိမ်ကြီးက ထူးဆန်းတာတွေ ဆက်တိုက် ဖြစ်လာတဲ့အခါ......အဲ့ဒိမြို့ပေါ်က လူတွေက ဘယ်သူတွေလဲ.....သူတို့အိမ်ကြီးထဲက ထူးခြားဖြစ်ရပ်တွေက ဘာကြောင့်ဖြစ်နေတာလဲ......ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က တရားခံက ဘယ်သူလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ..... File Size : (750 MB) and (330 MB) Quality : WEBRip 720p Running Time : 1hr 34min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle ...
movie

The Open House (2018)

2018
Mom and Dad (2018) 6.4
Mom and Dad (2018) ၂၀၁၈ခုနှစ်ဇန်န၀ါရီကမှတရားဝင်ထုတ်လုပ်လိုက်တဲ့ မင်းသားကြီးနီကိုလတ်စ်ကေ့ခ်ျရဲ့ ကားသစ်လေးပါ။ဒီဇာတ်ကားလေးဟာ တမူထူးခြားတဲ့အရသာလေးကိုပေးမှာပါ။ဘာလို့လဲဆိုတော့ Horror-Comedy ဇာတ်ကားလေးဖြစ်နေလို့ပါပဲ။ပိုစိတ်ဝင်စားကောင်းသွားပါပြီ။ဇာတ်ကားနာမည်က အမေနဲ့အဖေဆိုတော့ မိဘမေတ္တာဘာညာဆိုပြီးထင်ကောင်းထင်နိုင်ပါတယ်။ဒီကားလေးမှာတော့ လုံးဝဆန့်ကျင်ဖက်ပါပဲ။ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုက မိသားစုလေးတစ်စုကိုအခြေပြုဇာတ်အိမ်တည်ထားပါတယ်။ဖခင်ဖြစ်သူဟာ တနေကုန်ကုန်းရုန်းအလုပ်လုပ် မိသားစုကိုထောက်ပံ့ ကလေးတွေကြောင့်စိတ်ပင်ပန်းနေရပြီး မိခင်ဖြစ်သူကလည်း ကလေးတွေကိုပြုစုပျိုးထောင်ဖို့ အလုပ်ကနေထွက်ထားရတယ်။သားသမီးရယ်လို့ တနေကုန်ဖုန်းပွတ် မိဘတွေနဲ့ကွိုင်တတ်တဲ့ မြီးကောက်ပေါက်သမီးတစ်ယောက်၊ လုပ်ချင်ရာလုပ်စိတ်ထင်သလိုသောင်းကျန်းတဲ့ သားအငယ်ကောင်ဆိုပြီးနှစ်ယောက်မွေးထားကြတာပါ။တစ်နေ့တစ်နေ့ မိဘနှစ်ပါးမှာ ဒီသားသမီးနှစ်ယောက်ကိုပြောရဆိုရ ထိန်းသိမ်းရနဲ့အတော် စိတ်အိုက်ကြမှာပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ ၂၄နာရီစာမိဘတွေပြန်သောင်းကျန်းခွင့်ရသွားစေတဲ့ဖြစ်ရပ်ဆန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ကျောင်းကြိုဖို့ မိဘတွေကျောင်းပြင်မှာစောင့်နေကြစဉ် ခေါင်းလောင်းအထိုးမှာပဲ မိဘတွေအားလုံးကိုယ့်သားသမီးကိုယ်ပြန်ရန်မူချင်စိတ်ပေါက်ပြီး Zombie သဖွယ်ဖြစ်ကုန်ကြပါတယ်။တခြားဘယ်သူ့ကိုမှရန်မပြုဘဲ ကိုယ့်သားသမီးကိုပြန်လိုက်ရန်ရှာကြတော့တဲ့အခါ တစ်ကျောင်းလုံး ၀ရုန်းသုန်းကားဖြစ်ကုန်ပြီး အဲဒီမောင်နှမနှစ်ယောက်လည်းကြောက်ကြောက်နဲ့ အိမ်ပြန်ပြေးလာတဲ့အခါမှာတော့ အိမ်မှာမိန့်မိန့်ကြီးထိုင်စောင့်နေတဲ့မိဘနှစ်ပါးနဲ့တည့်တိုးကြကုန်တာပါပဲ။၂၄နာရီတိတိ အဲဒီမောင်နှမနှစ်ယောက်နဲ့ Nicolas Cage တို့လင်မယားနှစ်ယောက် လိုက်တမ်းပြေးတမ်းတစ်အိမ်လုံးပြောင်းဆန်အောင် သောင်းကျန်းကြတာကို ရင်တထိတ်ထိတ်နဲ့ရှုစားရမှာဖြစ်ပြီး ကြားထဲမှာလည်းဟာသဖောက်တတ်သေးတော့ အရသာနှစ်မျိုးခံစားရမှာပါ။ဒါ့အပြင်ဒီဇာတ်ကားမှာ ...
movie

Mom and Dad (2018)

2018
Day of the Dead: Bloodline (2018) 3.9
Day of the Dead: Bloodline (2018) Zombieland 2 နဲ့ World War Z 2 ထွက်မယ် သတင်းကြားပြီး ထွက်မဲ့ရက်တွေ တစ်ရက်ပြီးတစ်ရက် နောက်ရွှေ့သွားတဲ့အချိန် ...2017 မှာ Zombie ကားတွေ ထွက်ခဲ့ပေမဲ့ အားလုံးက ပရိသတ်အကြိုက် မဖြစ်ခဲ့တဲ့အချိန်မှာ2018 ကိုတော့ Zombie ကားကောင်းလေးနဲ့ အတူ စနိုင်ခဲ့ပြီဆေးကျောင်းသားလေးတွေ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးပြီး ဘာကြောင့်သေဆုံးရလဲဆိုတာကို အဖြေရှာနေရာကနေ စတင်ပျံ့နှံ့ခဲ့တဲ့ရောဂါပိုးတစ်မျိုး တစ်မြို့လုံးကိုး အရှင်လတ်လတ် ကိုက်စားခံရတဲ့အနေအထားဖြစ်စေခဲ့ပါတယ်ဒီရောဂါပိုးအတွက် ကာကွယ်ဆေးနဲ့ ကုသနည်းကို အသက်ရှင်ကျန်ရစ်တဲ့ဆေးကျောင်းသူလေး ရှာဖွေဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ခံစားကြရအောင်ဗျာ File Size : (750 MB) and (260 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Horror Subtitle : Myanmar ...
movie

Day of the Dead: Bloodline (2018)

2018
Kickboxer: Retaliation (2018) N/A
Kickboxer: Retaliation (2018) ၂၀၁၈ခုနှစ်ထွက်အက်ရှင်ကားမှ အက်ရှင်ကားဖြစ်တဲ့အတိုက်အခိုက်တွေ မွေထိုင်းဘက်စုံတိုက်ခိုက်ရေးဇာတ်ကားတွေကို ကြိုက်နှစ်သက်သူများအတွက်စိတ်ကြိုက်တွေ့စေမယ့်ကားလေးပါ။ဒီကားမှာတော့ ကာ့ဒ်တစ်ယောက် ထိုင်းကိုဘယ်တော့မှပြန်မလာတော့ဘူးဆိုပြီး ဆုံးဖြတ်ထားခဲ့ပေမယ့် MMA ကမ္ဘာ့ချန်ပီယံပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုပြန်လည်ခြေချရပါတော့တယ်။ခဏတာတိမ်းရှောင်ခွင့်ရခဲ့ပေမယ့် ထိုင်းကိုပြန်လာမိတာနဲ့ ယခင် အတိတ်ကရာဇ၀င်ကြွေးတွေဆပ်ဖို့အကြောင်းဖန်လာပါတော့တယ်။  ဘယ်လိုမှရှောင်တိမ်းလို့မရတော့တဲ့ အခါမှာတော့ မွန်ကွတ်ဆိုတဲ့ လူသန်ကြီးကိုအနိုင်ယူနိုင်မှဖြစ်တော့မယ်ဆိုတဲ့အခါမှာတော့ လက်ဝှေ့ကျော်ကြီး မိုင်တိုင်ဆန်၊ ဘောလုံးအကျော်အမော်ကြီး ရိုနယ်ဒင်ဟို၊ နာမည်ကျော်မင်းသားကြီးဗန်ဒိန်းတို့ရဲ့ ရောသမမွှေလေ့ကျင့်ပေးမှုတွေနဲ့အတူ ကာ့ဒ်တစ်ယောက်ကြွေးရှင်းနိုင်မလား။တစ်ခါတည်းဇာတ်သိမ်းသွားမလားဆိုတာတော့ အက်ရှင်ကားပရိသတ်တွေကိုယ်တိုင်ပဲ ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦး  File Size : (900 MB) and (330 MB) Quality : WEBRip 720p Running Time : 1hr 50min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEBRip.x264-ZMG Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

Kickboxer: Retaliation (2018)

2018