Channel Myanmar
2018
The Devil’s Doorway N/A
The Devil’s Doorway မရတော့ဘူး Devil's doorway ကြည့်ပြီး အရမ်းဒေကြောက်နေပြီ.....မထင်ရတဲ့ နေရာတွေကနေ ပေါ်လာတဲ့ သရဲတွေနဲ့ ... ဒီတစ်ခေါက်မှာတော့ Horror movie အမျိုးအစား ဖြစ်တဲ့ "Devil's doorway" (မိစ္ဆာတံခါးဝ)ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..အညွှန်း....ဒီကြောက်စရာအကြောင်းအရာ တွေကတော့ 1960 ချမ်းအေးတဲ့အချိန်မှာ ဖြစ်ခဲ့တာပါ...Father Thomas Riley နဲ့ John Thornton ဟာထူးဆန်းတဲ့အကြောင်းအရာတစ်ခုကို စုံစမ်းဖို့ အတွက် Irish အိမ်တစ်အိမ်ကို သွားခဲ့ပါတယ်...ဒီအိမ်ဟာ သူတို့နှစ်ယောက်အတွက် မိစ္ဆာတံခါးဝထဲဝင်သလို ဖြစ်ခဲ့ပါတယ်...သူတို့နှစ်ယောက် အကြောင်းအရင်းကို ဘယ်လိုဖော်ထုတ်ကြမလဲ....မိစ္ဆာတံခါးဝကနေ ပြန်ထွက်နိုင်မလား... ကဲ CM ပရိတ်သတ်တွေနဲ့ မိစ္ဆာတံခါးဝထဲအတူတူဝင်ကြမယ်နော်...
movie
The Devil’s Doorway
2018
Vodka Diaries (2018) 6.5
Vodka Diaries (2018) ဒီဇာတ်လမ်းလေးက စိတ်ဝင်စားစရာဇာတ်လမ်းပါပဲလို့ ပြောပါရစေ။အာရွှင်နီဆိုတဲ့ အေစီပီတစ်ယောက်ရယ်၊ ကဗျာဆရာမဇနီးရယ်၊ လူသတ်မှုတွေရယ်နဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ပြထားပါတယ်။အေစီပီရဲ့ ဇနီးဟာ နူးညံ့တဲ့ အနုပညာကို ဝါသနာကြီးပြီး လင့်အပေါ် ဖျစ်ညှစ်ပြီး နားလည်ပေးနေရသူပါ။ဇာတ်လမ်းအစမှာ အေစီပီဟာ အပန်းဖြေခရီးတစ်ခုကို ကဗျာကြိုက်တဲ့ ဇနီးနဲ့ အတူ ထွက်လာခဲ့ပါတယ်။မကြာမီမှာပဲ အေစီပီဟာ လူသတ်မှုတစ်ခုကို ကိုင်တွယ်ခဲ့ရတယ်။အဲ့ဒီအမှုကို လိုက်ရင်း လူသတ်မှု သုံးခု ဆက်တုက် ဖြစ်ပွားခဲ့တယ်။အေစီပီအာရွှင်နီလည်း ဒီအမှုတွေကို ကိုင်တွယ်ရင်း လူသတ်မှုတွေကို ကြိုးကိုင်သူဆီက ဖုန်းခေါ်ဆိုမှု တစ်ခု ရရှိခဲ့ပါတယ်။၎င်းဟာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး အေစီပီရဲ့ ဇနီးကိုလည်း ပြန်ပေးဆွဲခေါ်ယူသွားပြီဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ဒီလိုနဲ့ အေစီပီဟာ ဇနီးကိုဖမ်းခေါ်သွားတဲ့ လူသတ်မှုတွေရဲ့ တရားခံကို လိုက်ရှာရင်းသူစစ်ဆေးဆဲ အလောင်းတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ဖုန်းခေါ်ဆိုမှုတွေအရ သဲလွန်စတွေပေးရာမှာတော့.... ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ ပေါ်ထွင်လာပါတော့တယ် ။အဲ့ဒီအဖြစ်အပျက်၊လှည့်ကွက်တွေကတော့....... ။အလောင်းတွေ ဘယ်ရောက်သွားတာလဲ?အေစီပီရဲ့ ဇနီး ဘယ်ရောက်သွားလဲ?အေစီပီရဲ့ ဇနီးနဲ့ ဓာတ်ပုံအတူရိုက်ထားတဲ့ ...
movie
Vodka Diaries (2018)
2018
Operation Red Sea (2018) Blu-Ray 1080p 5.1 CH x264 7.2
Operation Red Sea (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264 CM ပရိတ်သတ်ကြီးကို ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Operation Red Sea ဆိုတဲ့ ၂၀၁၈ ထွက် Chinese ကားလေးပါIMDB Rating 7.1 ရထားပြီးတော့ Rotten Tomato 81% ထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်တုန်းက ယီမင် ပြည်တွင်းစစ်မှာ ပိတ်မိနေခဲ့တဲ့ တရုတ်နိုင်ငံသားတွေကိုကယ်ထုတ်ခဲ့ခြင်းဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ထားတာပါ။ဒီဇာတ်ကားထဲမှာ ရေဝိုင်ယာမှာ အစိုးရရယ် တော်လှန်ရေးတပ်တွေရယ် အကြမ်းဖက်သမားတွေရယ် ကြောင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာတဲ့ အချိန်မှာ ရေဝိုင်ယာမှာရှိတဲ့ တရုတ်ပြည်သူပြည်သားတွေက ပိတ်မိနေပါတော့တယ်ဒီလို ပိတ်မိနေတာကို အနားမှာရှိနေတဲ့ တရုတ်ရေတပ်သင်္ဘောကို ကယ်ထုတ်ဖို့ တာဝန်ပေးအပ်တော့တာပေါ့။ရေတပ်သင်္ဘောကလည်း သူ့ရဲ့အတော်ဆုံးကွန်မန်ဒို တပ်ဖွဲ့ကိုစေလွှတ်ပြီးဓားစားခံတွေကိုကယ်တင်ခိုင်းပါတယ်။ဒီအချိန်မှာပဲ ရှီနန် ဆိုတဲ့ တရုတ် ပြင်သစ် သတင်းထောက်မလေးကလည်း ရေဝိုင်ယာက စွမ်းအင်ကုမ္ပဏီမှာ သုတေသနခေါင်းဆောင်ဖြစ်တဲ့ ဝီလီယန်က ယူရေနီယမ် တူးဖော်ပြီး ကိတ်ဝါ (ယူရေနီးယား) ...
movie
Operation Red Sea (2018) Blu-Ray 1080p 5.1 CH x264
2018
Operation Red Sea (2018) 7.2
Operation Red Sea (2018) CM ပရိတ်သတ်ကြီးကို ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Operation Red Sea ဆိုတဲ့ ၂၀၁၈ ထွက် Chinese ကားလေးပါIMDB Rating 7.1 ရထားပြီးတော့ Rotten Tomato 81% ထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်တုန်းက ယီမင် ပြည်တွင်းစစ်မှာ ပိတ်မိနေခဲ့တဲ့ တရုတ်နိုင်ငံသားတွေကိုကယ်ထုတ်ခဲ့ခြင်းဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ထားတာပါ။ဒီဇာတ်ကားထဲမှာ ရေဝိုင်ယာမှာ အစိုးရရယ် တော်လှန်ရေးတပ်တွေရယ် အကြမ်းဖက်သမားတွေရယ် ကြောင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာတဲ့ အချိန်မှာ ရေဝိုင်ယာမှာရှိတဲ့ တရုတ်ပြည်သူပြည်သားတွေက ပိတ်မိနေပါတော့တယ်ဒီလို ပိတ်မိနေတာကို အနားမှာရှိနေတဲ့ တရုတ်ရေတပ်သင်္ဘောကို ကယ်ထုတ်ဖို့ တာဝန်ပေးအပ်တော့တာပေါ့။ရေတပ်သင်္ဘောကလည်း သူ့ရဲ့အတော်ဆုံးကွန်မန်ဒို တပ်ဖွဲ့ကိုစေလွှတ်ပြီးဓားစားခံတွေကိုကယ်တင်ခိုင်းပါတယ်။ဒီအချိန်မှာပဲ ရှီနန် ဆိုတဲ့ တရုတ် ပြင်သစ် သတင်းထောက်မလေးကလည်း ရေဝိုင်ယာက စွမ်းအင်ကုမ္ပဏီမှာ သုတေသနခေါင်းဆောင်ဖြစ်တဲ့ ဝီလီယန်က ယူရေနီယမ် တူးဖော်ပြီး ကိတ်ဝါ (ယူရေနီးယား) အဖြစ် သန့်စင်ကာ ဗုံးလုပ်ဖို့ ကြံစည်နေတယ်ဆိုတာကု်ဖော်ထုတ်တွေ့ရှိထားပါတယ်။ဒီတော့ ...
movie
Operation Red Sea (2018)
2018
Stand by Me (2018) 8.0
Stand by Me (2018) Stand by meဆိုတဲ့ 2018ထွက်​ ကားသစ်​​လေးက​တော့ Drama အမျိုးအစားဖြစ်​ပြီး  ဖြစ်​ရပ်​မှန်​ကို ပြန်​လည်​ပုံ​ဖော်​ထားတဲ့ ကား​လေးတစ်​ကားပါဒီဇာတ်​ကား​လေးကို စိတ်​မခိုင်​တဲ့လူ​တွေ ကြည်​့မယ်​ဆိုရင်​​တော့ တစ်​သျှူး​လေး​တော့ ​ဆောင်​ထားကြပါ​နော်​ဒီကား​လေးမှာ​တော့ အသက်​ရဝအရွယ်​ အဖိုးတ​ယောက်​က ​မြေး​လေးနှစ်​​ယောက်​ကို ပင်​ပင်​ပန်​းပန်​း ရှာ​ဖွေ​ကျွေး​မွေး​စောင်​့​ရှောက်​ရင်​း ​​နေထိုင်​​နေခဲ့တယ်​ဘယ်​​လောက်​ပဲ အဖိုးချစ်​ခင်​​စောင်​့​ရှောက်​​နေပါ​စေမိဘ​မေတ္တာငတ်​​နေတဲ့ က​လေး​တွေက​တော့ အ​မေနဲ့အ​ဖေကိုသာ လွမ်​းဆွတ်​​နေခဲ့ရှာပါတယ်​အဖိုးဖြစ်​သူက အ​မေ့ကို ​မောင်​းထုတ်​လိုက်တယ်​ဆိုပြီး က​လေး​တွေက အဖိုးကို တခါတ​လေ မုန်​းတီးတတ်​ပါတယ်​အဲ့လိုနဲ့ အဖိုးဖြစ်​သူက အဆုတ်​ကင်​ဆာဖြစ်​​နေခဲ့ပြီး​တော့ က​လေး​တွေကို ဘယ်​လိုဆက်​လုပ်​ရမှန်​းမသိ​တော့ပဲ​ချွေးမဖြစ်​သူကို ရှာဖို့ကြိုးစားပါ​တော့တယ်​​ချွေးမဖြစ်​သူကို​တော့ အဖိုးက သူ့သား​သေသွားတာကို အာမခံ​ငွေ​တွေယူပြီး ထွက်​သွားလို့ မုန်​းတီ​းခဲ့တာပါအဲ့လိုနဲ့အဖိုးက သူ့​ချွေးမကို​ရော ပြန်​ရှာ​တွေ့ခဲ့လားသူ့​ချွေးမက​ရော ဘာလို့ အာမခံ​ငွေ​တွေယူသွားခဲ့ရတာလဲအဖိုးက​​သေ​တော့မှာမို့ က​လေး​တွေကို​ရော ဘယ်​လိုလုပ်​ခဲ့လဲက​လေး​တွေက​ရော အ​မေနဲ့ပြန်​​တွေ့ပါ့မလားဆိုတာ မသိချင်​ကြဘူးလားတကယ်​့ကိုသနားစရာ​ကောင်​းတဲ့ ဖြစ်​ရပ်​မှန်​ကား​လေးလည်​းဖြစ်​ပြီး လက်​​တွေ့ဘဝမှာလည်​း ဖြစ်​တတ်​တဲ့အ​ကြောင်​းအရာပုံစံမို့လို့ မဖြစ်​မ​နေကို ကြည်​့သင်​့တဲ့ ဗဟုသုတရတဲ့ကား​လေးပါကြည်​့ကိုကြည်​့သင်​့ပြီး ကြည်​့ရတာတကယ်​တန်​​စေမယ်​့ ကား​လးပါလို့ ညွှန်​းလိုက်​ချင်​ပါတယ်​ရှင်​(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Nandar Kyaw  ဖြစ်ပါတယ်)File Size ...
movie
Stand by Me (2018)
2018
7 Splinters in Time (2018) 5.0
7 Splinters in Time (2018) 7 Splinter in Time ဇာတ်ကားကတော့ Director -Gabrial Judet Weinshel အကောင်းဆုံး ပုံဖော်ရိုက်ကူးထားသော ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မင်းသမီး Emmanuelle Chriqui အပြင် တစ်ခြား သရုပ်ဆောင်များစွား ပါဝင်ထားသောဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ စုံထောက်တစ်ယောက်က လူသတ်မှု့တစ်ခုကို စုံစမ်းရင်း သူပုံစံနဲ့ချွတ်ဆွတ်တူသော လူတစ်ယောက်နဲ့ထပ်တွေ့တဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်သွားမလဲ... ဘယ်လိုတွေဖြစ်သွားမလဲဆိုတာ အဆုံးသတ်ခန့်မှန်းရခက်တဲ့ Mistery, Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ Brilliant Star ပါ) File Size : (655 MB) and (330 MB) Quality : AMZN WEB-DL 720p Running Time : 1hr 15min Format : Mp4 Genre : Mystery, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP2.0.x264-NTG Translated by Brilliant Star Encoded by Thanhtike ...
movie
2018
My Perfect You (2018) 6.9
My Perfect You (2018) My Perfect( ကိုယ့်ရဲ့ပြည့်စုံသူလေး)ဖိလစ်ပိုင်ဇာတ်ကားကိုမှ ကြိုက်တဲ့ ပရိတ်သတ်တွေရှိလား...ဒါဆိုရင်တော့ ဒီနှစ်မှာပဲ ထွက်ရှိထားတဲ့ "My perfect you" ဆိုတဲ့ ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်...အညွှန်း- ဘန်းဆိုတဲ့ ကောင်လေးက ချစ်သူကို အရမ်းချစ်တဲ့ ကောင်လေးတစ်ယောက်...ဒါပေမဲ့ မမျှော်လင့်ဘဲ သူ့ချစ်သူရဲ့ ငြင်းပယ်မှုကို ခံလိုက်ရတဲ့အချိန်...နာကျင်မှုတွေကြောင့် အလုပ်တွေလဲပျက်ပြီး အလုပ်ထုတ်ခံလိုက်ရတဲ့ ဘန်း...သူ့ကို သူ့ကောင်မလေး ဘာလို့ ငြင်းခဲ့တာလဲ.... ဘန်းဟာ စိတ်ညစ်ပြီး ကားအရှိန်နဲ့ မောင်းခဲ့တယ်...ဒီလိုနဲ့ ကားမထိန်းနိုင်ဖြစ်ပြီး လျှိတစ်ခုထဲ ကျသွားခဲ့တယ်...ဘန်းဟာ ကားထဲက ထွက်ပြီး ယောင်လည်လည်နဲ့ အပန်းဖြေစခန်းတစ်ခုထဲရောက်သွားတယ်...အဲ့အပန်းဖြေစခန်းရဲ့ ပိုင်ရှင်အဘီဆိုတဲ့ကောင်မလေးနဲ့ ဆုံခဲ့တယ်...အဘီနဲ့ ဘန်း သံယောဇဉ်တွေဖြစ်ခဲ့တယ်.. ဒါပေမဲ့ ဘန်းရဲ့ အချစ်ဇာတ်လမ်းက တည်မြဲပါ့မလား....ဒီဇာတ်လမ်းထဲက ရတာက လူတိုင်းပြဿနာတွေနဲ့ နေ့စဉ် မိတ်ဆွေဖြစ်ရတာ သိခဲ့ပါတယ်...ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်...CM ပရိတ်သတ်ကြီး "My perfect you" ဆိုတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးနော်.... Qty ...
movie
My Perfect You (2018)
2018
Kung Fu Traveler 2 (2018) 5.0
Kung Fu Traveler 2 (2018) ဒီကားကတော့ Kung Fu Traveler 1 ရဲ့အဆက်ဖြစ်ပါတယ်ဇာတ်လမ်းကျောရိုးကတော့ ဂြိုလ်သားတွေ ကမ္ဘာမြေကိုကျူးကျော်လာပြီးနောက်ပိုင်း သူတို့ကို တိုက်ခိုက်နိုင်တာဟာ ကွန်ဖူးသိုင်းပညာတစ်ခုပဲရှိပါတော့တယ်ပထမဇာတ်ကားတုန်းက လူသားတွေဘက်က စက်ရုပ်တစ်ကို ၁၈ရာစုကို အချိန်ခရီးသွားစေခဲ့ပြီးတောင်ပိုင်းကွန်ဖူးပညာကို ယူစေခဲ့ပါတယ်ဒါပေမယ့် ပိုအဆင့်မြင့်တဲ့ ဂြိုလ်သားတွေအတွက်တော့ ထိုတောင်ပိုင်းပညာတစ်ခုနဲ့တင် မလုံလောက်ခဲ့ပါဘူးအဲ့ဒါကြောင့် ဒီဒုတိယဇာတ်ကားမှာတော့ စက်ရုပ်နှစ်ကို မြောက်ပိုင်းခြေထောက်သိုင်းဘုရင်ဆီကို ထပ်မံ စေလွှတ်ပြီး ပညာသင်စေခဲ့ပါတယ်အချိုးအကွေ့တွေများစွာနဲ့အတူ စက်ရုပ်နှစ်နဲ့ ဇုဇီရင်းတို့နှစ်ယောက်ကွန်ဖူးဆရာကြီးကိုရှာပုံတော်ဖွင့်ခန်းကို ကြည့်ရှုရမှာဖြစ်ပါတယ်ပထမဇာတ်ကားရဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Tiger Wu Chan နဲ့ မင်းသမီး Zhi Wang က ပါဝင်သရုပ်ဆောင်ထားပါတယ်တစ်ခုပါပဲ Low budget CGI ဖြစ်ပြီး ပထမဇာတ်ကားလောက်သိပ်အားမရခဲ့ပေမယ့် တရုတ်ရိုးရာသိုင်းကွက်တွေကိုအဓိကထားကြည့်ရှုရမှာမို့Entertaining တော့ဖြစ်ခဲ့ပါကြောင်း...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ မေမြတ်သူပါ)File Size : (750 MB) and (360 MB) Quality : WEB-DL 720p Running Time ...
movie
Kung Fu Traveler 2 (2018)
2018
Siberia (2018) 5.1
Siberia (2018) ဒီတစ်ခါမှာတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ John Wick မင်းသားကြီး Keanu Reeves ရဲ့ဇာတ်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။Romance, Crime, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Matthew Ross က ရိုက်ကူးပုံဖော်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ========== Lucas Hill ဟာ အမေရိကန်စိန်ကုန်သည်တစ်ဦးဖြစ်ပါတယ်။တစ်ရက်မှာ အပြာရောင်စိန်တွေကို ရောင်းဖို့ရုရှားက၀ယ်လက်တစ်ဦးနဲ့ချိတ်ဆက်မိသွားတဲ့အခါ အရောင်းအ၀ယ်ဖြစ်မြောက်ရေးအတွက်ရုရှားနိုင်ငံကိုထွက်လာခဲ့ပါတော့တယ်။သို့ပေမယ့် ရုရှားအရောက်မှာတော့ သူ့စိန်တွေကို ထိန်းသိမ်းပေးထားတဲ့ ပါတနာဖြစ်သူ Pyotr ဟာ စိန်တွေနဲ့အတူပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။တစ်ဖက်ဝယ်လက်ဟာ မာဖီးယားဆန်ဆန်လူဆိုးဂိုဏ်းဖြစ်တာကြောင့် အရောင်းအ၀ယ်သာမဖြစ်ရင် သူ့အသက်ရန်ရှာခံရမယ်ဆိုတာကိုသိတဲ့ Lucas ဟာ ပျောက်သွားတဲ့ပါတနာနဲ့စိန်တွေကို အပူတပြင်းလိုက်ရှာရပါတော့တယ်။အဲဒီလိုလိုက်ရှာရင်းနဲ့ ယမကာဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Katya ဆိုသူနဲ့ ငြိစွန်းမိသွားတဲ့အခါမှာ အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပါတော့တယ်။ဒီလိုရှုပ်ထွေးတဲ့အခြေအနေကို Lucas တစ်ယောက် ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ဒီဇာတ်ကားဟာ Crime Thriller ကားသာဖြစ်တဲ့အတွက်ကြောင့်John Wick လို အက်ရှင်ဇာတ်ကြမ်းမျိုးသာကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက်တော့ စိတ်မကောင်းပါဘူး။အက်ရှင်အခန်းတွေဖောဖောသီသီကြီးမပါဝင်တဲ့ခပ်အေးအေးဇာတ်လမ်းသာဖြစ်ပေမယ့် ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့သိချင်စိတ်နဲ့ ဇာတ်လမ်းကိုအဆုံးထိဆွဲခေါ်သွားမှာပါ။မင်းသားကြီး Keanu Reeves ...
movie
Siberia (2018)
2018
How It Ends (2018) 5.2
How It Ends (2018) ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Netflix ကတင်ဆက်ပေးလိုက်တဲ့ Sci-Fi ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ How it ends (2018)ပါ။ဒီဇာတ်လမ်းလေးဟာ သဲထိတ်ရင်ဖိုကားတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက်တော့ အရမ်းကိုအကြိုက်တွေ့စေမယ့်ကားလေးပါ။နာမည်ကျော်မင်းသားကြီး Forest Whitakerရဲ့ သဘာဝကျကျသရုပ်ဆောင်မှုတွေရယ်၊ ထူးဆန်းတဲ့ဇာတ်လမ်းကျောရိုးရယ် ကြောင့်ဇာတ်လမ်းအဆုံးအထိဆွဲခေါ်သွားနိုင်မှာမလွဲမသွေပါပဲ။ဒီဇာတ်လမ်းလေးရဲ့ အကျဉ်းကတော့....ဥပဒေအကျိုးတော်ဆောင်ဖြစ်တဲ့ ဝီလ်တစ်ယောက် သူနဲ့ဆက်ဆံရေးသိပ်မပြေလည်လှတဲ့ ယောက္ခမလောင်းဖြစ်သူ တွမ်ဆီကို သမီးတောင်းဖို့ တစ်ကိုယ်တည်းခရီးထွက်လာခဲ့ပါတော့တယ်။ယောက္ခမလောင်းမိသားစုနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ကိုပြန်အလာမှာ ထူးဆန်းတာတွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။သူ့ကောင်မလေးဖြစ်သူဆမ်နေထိုင်ရာဆီးယက်တဲလ်မှာတစ်ခုခုတော့ဖြစ်နေပြီလို့သိကာ အပြေးအလွှားပြန်ပေမယ့် လျှပ်စစ်ဓာတ်အားလိုင်းတွေပြတ်တောက် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ကာ လေယာဉ်တွေလဲမထွက်တော့ပါဘူး။အဲ့ဒီအခါမှာသူ့နဲ့ဆက်ဆံရေးမပြေလည်တဲ့စစ်သားဟောင်းယောက္ခမဖြစ်သူနဲ့ သူ့ကောင်မလေးဆီကိုခရီးနှင်ပါတော့တယ်...အစစအရာရာပြတ်တောက်သွားတဲ့အခြေအနေတစ်ခုမှာ သူတို့နှစ်ယောက်ရောအောင်မြင်ပါ့မလား?ဒီလိုရုတ်တရက်ဖြစ်လာတာတွေကဘာကြောင့်လဲ?မိုင်ပေါင်းထောင်သောင်းချီတဲ့ခရီးလမ်းတစ်ခုမှာဘာတွေတွေ့ကြုံရဦးမှာလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဇာတ်လမ်းလေးပါလို့ပဲညွှန်းလိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပါ) File Size : (860 MB) and (380 MB) Quality : WEBRip 720p Running Time : 1hr 53min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle ...
movie
How It Ends (2018)
2018
Benji(2018) 6.3
Benji(2018) NetFlix ရုပ်​သံလိုင်းကရိုက်​ကူးထားပြီး Director - Brandon Camp ရိုက်​ကူးထားတဲ့ Benji ဆိုတဲ့ကား​လေးကို တင်​ဆက်​​ပေးလိုက်​ပါတယ်​Benji ဆိုတာ ဟိုး 1980s ကာလ​လောက်​ကထဲက ထွက်​ထားတဲ့ကား​လေးဖြစ်​ပြီးဇာတ်​လမ်း​ကောင်းလွန်း​တော့ ဒါရိုက်​တာ အမျိုးမျိုးက ပြန်​လည်​ရိုက်​ကူးကြပါတယ်​ ထူးခြားတာတစ်​ခုက ဒီကားထဲမှာ ​တော့ Benji ဟာ ​ခွေးအစစ်​ကို ​သေချာသင်​ပြီး လိုခြင်​တဲ့အမူအရာ သရုပ်​​ဆောင်​တဲ့ပုံစံရ​အောင်​ ထပ်​ခါတလဲလဲအချိန်​​ပေးရိုက်​ကူးထားတယ်​လို့သိရပါတယ်​IMDb မှာ​တော့ 6.4 ရထားပြီး​တော့ ​ခွေးချစ်​တတ်​တဲ့ ပရိတ်​သတ်​ကြီး အတွက်​တင်​ဆက်​​ပေးလိုက်​ပါတယ်​ဘန်ဂျီဆိုတာပေစုတ်စုတ်နဲ့ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ဖြစ်ပါတယ်ဘယ်သွားလို့ဘယ်လာရမှန်းမသိဘဲ လမ်းဘေးမှာနေတဲ့ ဘန်ဂျီလေးကို ကာတာဆိုတဲ့ ကလေးလေးတစ်ယောက်ကအိမ်ကိုခိုးခေါ်လာခဲ့ပြီး သူ့ညီမ ဖရန်ကီနဲ့အတူ သူ့အမေမသိအောင် ဖွက်ထားဖို့ကြိုးစားခဲ့ပါတယ်တရက်မှာတော့ ကာတာနဲ့ဖရန်ကီတို့မောင်နှမကို ဓားပြတွေက ရောင်းစားဖို့ဖမ်းသွားတဲ့အခါ ဘန်ဂျီလေးကအစွမ်းကုန်ကြိုးစားပြီး ကလေး၂ယောက်ကို ဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်တကယ့်ခွေးအစစ်တွေကို သင်ပေးပြီး လိုချင်တဲ့အိုက်တင်မရမချင်း အပင်ပန်းခံရိုက်ကူးထားတာဖြစ်လို့ ကြည့်ရတာအချိန်ကုန်တန်စေမှာပါ Qty - 720p Web DLDuration - 1hr 45minSubtitle ...
movie
Benji(2018)
2018
102 Not Out (2018) 7.6
102 Not Out (2018) IMDb rating : : 7.6ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ အသစ်စက်စက် ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . .ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ် တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် ...
movie
102 Not Out (2018)
2018
Mary Magdalene(2018) 6.0
Mary Magdalene(2018) Mary Magdalene(2018) Mary ဟာ သူရဲ့ မိသားစုနဲ့ တံငါရွာ​လေးကို ​ကျောခိုင်းပြီး ​Jesusရဲ့​နောက်​ကို လိုက်​ခဲ့ပြီး ရှင်​သန်​ခြင်းရဲ့အခြားနည်းလမ်းကိုရှာ​ဖွေခဲ့ပါတယ်​... အဲ့လိုလိုက်​ခဲ့တာက အခြားသူ​တွေ၊Saint Peter အပါအဝင်အ​​ခြားတမန်​​တော်​​တွေ ပဋိပက္ခ​တွေဖြစ်​စေခဲ့ပါတယ်​... ​နောက်​ပိုင်းမှာ​တော့ Mary ဟာ Jesus လိုပဲ လက်​ဝါးကပ်​တိုင်​မှာပဲ အဆုံးစီရင်​​စေခဲ့ပါတယ်​.... ဒီကား​လေးက​တော့ Jesus​ရဲ့ တမန်​​တော်​​တွေထဲက တစ်​ပါးဖြစ်​တဲ့ Mary အ​ကြောင်းကို အ​ခြေခံပြီး ရိုက်​ကူးထားတဲ့ ခရစ်​ယာန်​ ဘာသာ​ရေးကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​... Garth Davis က ရိုက်​ကူးထားပြီး Rooney Mara, Joaquin Phoenix အစရှိတဲ့ သ​ရုပ်​​ဆောင်​​တွေက ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​ကား​လေးဖြစ်​ပါတယ်​.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tinnilar Lwin Encoded by Phyo ...
movie
Mary Magdalene(2018)
2018
A Wrinkle in Time (2018) 4.1
A Wrinkle in Time (2018) A Wrinkle in Time(2018) ဒီ A Wrinkle in Time ဆိုတဲ့ကားလေးကိုနာမည်ကျော် Walt Disney Studioကနေရိုက်ကူးထားတာပါ.. . Walt Disneyရဲ့ ထုံးစံအတိုင်း သီချင်းကောင်းကောင်းလေးနဲ့ ဇာတ်လမ်းဇာတ်အိမ်ကလည်း ဆန်းဆန်းလေးဖြစ်လို့ မငြီးမငွေ့ကြည့်ရှုရမယ့်ကားတစ်ကားပါပဲ... Oprah Winfrey,Reese Witherspoon,Chris Pineစတဲ့ နာမည်ကျော်အနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးရဲ့ အကျဉ်းချုပ်လေးကတော့ ဖခင်ဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားပေမယ့် တစ်နေ့ပြန်လာမယ်ဆိုပြီး မျှော်လင့်ချက်လေးနဲ့ မက်ဂ် နဲ့ ချားလ်ဝေါလေ့စ်ဆိုတဲ့ မောင်နှစ်မနှစ်ယောက်ဟာ အချိန်တွေကိုဖြတ်ကျော်နေပါတယ်... တစ်ညမှာတော့ ထူးဆန်းစွာ နတ်သမီးတွေလို့ထင်ရလောက်တဲ့အမျိုးသမီးတွေနဲ့ တွေ့ဆုံမိပါတော့တယ်။ ဒီအမျိုးသမီးသုံးယောက်ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ အဖေဖြစ်သူဟာ မသေဆုံးသေးပဲ တစ်နေရာရာမှာပိတ်မိနေတာကို သိရှိလာရပါတယ်။ ဒီကလေးတွေ သူ့အဖေဖြစ်သူကိုဘယ်လိုကယ်တင်မလဲ... ဘယ်လိုအခက်အခဲတွေကရော ရှေ့ မှာစောင့်ကြိုနေမလဲ... ဖခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ရင်တစ်ထိတ်ထိတ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။ သဲထိတ်ရင်ဖို ကားကောင်းလေးတွေစိတ်ဝင်စားတဲ့ လူတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ ရှယ်ဇာတ်ကါးလေးလို့ပဲပြောချင်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ်JtheKoalaဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Adventure, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
A Wrinkle in Time (2018)
2018
Traffik (2018) 7.6
Traffik (2018) IMDB Rating 7.1 ရရှိထားတဲ့ဇာတ်ကားလေးပါ။Thriller ကားဆိုတဲ့အတိုင်းထိတ်လန့်တုန်လှုပ်စရာတွေပါပါတယ်။Paula Patton နဲ့ Roselyn Sanchez လိုမင်းသမီးတွေသရုပ်ဆောင်ထားတယ်ဆိုတော့ ရင်တုန်တဲ့အခန်းတွေအများကြီးပါတာပေါ့နော်။သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Brea ဟာ သတင်းသမားကျင့်ဝတ်နဲ့ ညီအောင်အလုပ်လုပ်နေပေမယ့်လည်း စီးပွားရေးကိုဦးစားပေးနေတဲ့ အရှိန်အဟုန်တပြင်း စီးဆင်းနေတဲ့ခေတ်ကြီးမှာ အချိန်အများကြီးယူပြီး အသိပညာပေးချင်တာကိုဦးစားပေးနေတဲ့ Brea အတွက်နေရာမရှိခဲ့ပါဘူး။အလုပ်ဖြုတ်ခံတော့မယ့်ဆဲဆဲမှာ သူရဲ့ချစ်သူဖြစ်တဲ့ John ကသူ့ကိုလက်ထပ်ခွင့်တောင်းဖို့ အပန်းဖြေခရီးတစ်ခုကိုခေါ်သွားခဲ့ပါတယ်။မမျှော်လင့်တဲ့ဖြစ်ရပ်တွေကြောင့် သူတို့ရဲ့အပန်းဖြေခရီးလေးပျက်စီးသွားပြီး ဘယ်လိုပြဿနာတွေထဲရောက်သွားတယ်ဘယ်လိုကြိုးစားဖြေရှင်းကြတယ်ဆိုတဲ့အကြောင်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှု့ခံစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 36min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by d3mon Encoded by Thanhtike Zaw
movie
Traffik (2018)
2018
The Catcher Was a Spy (2018) 5.9
The Catcher Was a Spy (2018) ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့် လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင် ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည် ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA   ဖြစ်လာမယ့် Office of Strategic Service (OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ ...
movie
The Catcher Was a Spy (2018)
2018
Ouija Seance: The Final Game (2018) 2.2
Ouija Seance: The Final Game (2018) Ouija Seance: The Final Game (2018) သရဲကားကောင်းကောင်းလေးကြည့်ဖို့စောင့်မျှော်နေတဲ့ CMပရိတ်သတ်ကြီးအတွက်July ၃ရက်နေ့ကမှ ထွက်ရှိထားတဲ့သရဲကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီနှစ်မှာထွက်လာတဲ့ Ouija ကားလေးက အရင်ကထွက်ထားတဲ့ကားတွေနဲ့ ဆက်စပ်မှုတော့မရှိပါဘူးဆာရာနဲ့ သူ့သူငယ်ချင်းတစ်စုတို့ ကျောင်းပိတ်ရက်မှာ ဆာရာအမွေရထားတဲ့ သူ့အဖွားဆီမှာသွားနေဖို့ အကြောင်းဖန်လာပါတယ် အဲ့အိမ်ရဲ့ထပ်ခိုးမှာ Ouija ဘုတ်ပြားတစ်ခုကို သွားယူခဲ့ပါတယ်။ ဂီရွန်းတွန်းအားပေးလို့  ဆာရာ့အဖွားဖန်တီးခဲ့တဲ့ ကျိန်စာကို မထင်မှတ်ဘဲ နှိုးထလိုက်မိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ......Ouijaကားတွေ ကြည့်ဖူးတဲ့သူတွေအတွက်တော့ Ouija Boardဆိုတာဘာလဲလို့ သိကြပါတယ်ထင်မထားတဲ့လှည့်ကွက်တွေနဲ့ ကျောချမ်းစရာကောင်းတဲ့ ဇာတ်ကားဖြစ်လို့ ဘေလ်ကုန်ခံရကျိုးနပ်မှာသေချာပါတယ်။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Khin  ပါ)   File Size : (700 MB) Quality : WEB-DL 720p Running Time : 1hr 22min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by ...
movie
Ouija Seance: The Final Game (2018)
2018
How Long Will I Love U (2018) 6.5
How Long Will I Love U (2018) Romance Comedy ကားကောင်းကောင်းလေးကြည့်ချင်တယ်ဆိုသူများအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်ဇာတ်လမ်းအကျဉ်းလေးကတော့လုမင်က ၁၉၉၉ ခုနှစ်မှာ အိမ်ဒီဇိုင်းနာ သူ့ဒီဇိုင်းတွေကို ရင်းနှီးမြှုပ်နှံမယ့်သူမရှိလို့ တိုင်ပတ်နေတဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကောင်လေးပေါ့ရှောင်ကျောင်းဂုကတော့ ၂၀၁၈မှာ အသက်သုံးဆယ်ကျော် အချောအလှ ချမ်းသာတဲ့ယောကျာ်းနဲ့လက်ထပ်ချင်သူ အွန်လိုင်းဒိတ်တွေနဲ့တွေ့တိုင်းပြောလေ့ရှိတာက ရှင်အိမ်တစ်လုံးဝယ်နိုင်ရင် ကျွန်မရှင့်ကိုလက်ထပ်မယ်ဆိုပဲဖြစ်ချင်တော့ လုမင်နဲ့ ရှောင်ကျောင်းတို့နေတဲ့အိမ်က တစ်အိမ်တည်းဖြစ်နေတာပါပဲ လုမင်ကလည်း သူ့ခေတ် ၁၉၉၉ မှာနေတယ် ရှောင်ကျောင်းကလည်း သူ့ခေတ် ၂၀၁၈ မှာနေတယ်တစ်နေ့ကျတော့ ထူးဆန်းတာတွေဖြစ်လာတော့တာပါပဲအဲ့ဒါကတော့ ၁၉၉၉ နဲ့ ၂၀၁၈ timelines နှစ်ခုကို ဆက်ပေးတဲ့လမ်းတစ်ခု သူတို့အိမ်မှာ ပွင့်သွားတော့တာပဲအဲ့ဒီမှာ ရှောင်ကျောင်းနဲ့လုမင်တို့ ဆုံကြတော့တာပေါ့အစကတော့ ဘုနဲ့ဘောက်ဆိုပေမယ့် တစ်အိမ်တည်းနေရင်းတဖြေးဖြေးနဲ့ သံဃောဇဉ်တွယ်သွားကြပါတော့တယ်ချမ်းသာချင်တဲ့ ရှောင်ကျောင်းက လုမင်ကို အရည်အချင်းမရှိဘူးလို့ပြောတဲ့အချိန် ၂၀၁၈ မှာလုမင်က ထိပ်ထိပ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...အချိုးအကွေ့တွေများစွာနဲ့ သူတို့အချစ်ဟာ Happy Ending ဖြစ်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး **** ကိုယ်ပိုင်ဖန်တီးယူထားတဲ့ srt file ဖြစ်တာကြောင့် timing ...
movie
2018
On the Ropes (2018) 4.6
movie
On the Ropes (2018)
2018
Truth or Dare (2018) 4.8
Truth or Dare (2018) သည်းထိတ်ရင်ဖိုကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၈ ဧပြီ လထဲထွက်ထားတဲ့ Truth or Dare ? ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်မြန်မာနိုင်ငံက ကလေးတွေကစားကြတဲ့ တူတူပုန်းတမ်းလို အနောက်တိုင်းကကလေးတွေ ကစားလေ့ရှိတဲ့ ကစားနည်းတစ်မျိုးကို Truth or Dare ? လို့ခေါ်ပါသတဲ့…တစ်ယောက်က Truth or Dare ? လို့မေးလိုက်ရင်အမေးခံရတဲ့ တစ်ယောက်က Truth ကိုရွေးလိုက်မယ်ဆိုရင် သူဟာ မေးတဲ့မေးခွန်းတစ်ခုကို အမှန်အတိုင်း ဖြေရပါသတဲ့….Dare ကိုရွေးလိုက်မယ်ဆိုရင်တော့ မေးတဲ့သူစိန်ခေါ်တာ(ခိုင်းတာ)ကို မငြင်းဆန်ဘဲ လုပ်ရတဲ့ ဂိမ်းပါ ဒီပုံစံနဲ့ အလှည့်ကျဆော့ကြတာပေါ့..ဒီဇာတ်လမ်းထဲမှာ ကျောင်းပြီးတော့မယ့် ကောလိပ်ကျောင်းသားသူငယ်ချင်းတစ်စုဟာ သူတို့ရဲ့နောက်ဆုံး နွေရာသီကျောင်းပိတ်ရက်ကို မက္ကဆီကိုနိုင်ငံမှာ အချိန်ဖြုန်းရင်း ကုန်လွန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်….မက္ကဆီကိုရောက်တော့ သူတို့ဟာ လူငယ်တွေပီပီ ကမ်းခြေတွေ ဘားတွေမှာ သောက်စားပျော်ပါးကြရင်း တစ်ညရောက်တော့ ဘားတစ်ခုမှာ သူတို့လိုပဲ လူစိမ်းလူငယ်တစ်ယောက်နဲ့သိကျွမ်းခဲ့ရာက အဲ့ဒီညမှာပဲ ကိုလူစိမ်းရွေးချယ်မှုအရ ဘုရားကျောင်းပျက်ကြီးထဲမှာ ...
movie
Truth or Dare (2018)
2018