Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2018
N/A
Unstoppable (2018)
ဒုန်ချွဲ နဲ့ ဂျီဆူး တို့ဟာ သာယာပျော်ရွှင်နေတဲ့ ဇနီးမောင်နှံဖြစ်ပြီး အေးအတူ ပူအမျှ နေတက်ကြသူတွေပါ ဒုန်ချွဲ က အရမ်းရိုးသားလွန်းတော့ အမြဲတမ်းလူလိမ်ခံရပါတယ် ချစ်ဇနီးလေး ဂျီဆူး အချိန်ပြည့်အလုပ်လုပ်နေရတာ မကြည့်ရက်တဲ့အတွက် သူကိုယ်တိုင်လဲ အပင်ပန်းခံပြီး ပိုက်ဆံရှာနေရပါတယ်... ဒုန်ချွဲဟာ ဂျီဆူး နဲ့ မတွေ့ခင်တုန်းက လူတိုင်းတုန်လှုပ်ရတဲ့ အတိုက်အခိုက်သမား တစ်ယောက်ဖြစ်ပြီး မတရားတာမြင်ရင် မနေတက်သလို စိန်ခေါ်ရင် ရေမြေဆုံးထိ လိုက်တက်သူပါ မိန်းမ ရပြီးမှ အရင်လို မဟုတ်တော့ပဲ ငါးရောင်းပြီး အေးဆေးနေတက်သူ ဖြစ်သွားခဲ့တာပါ... တစ်ရက်မှာတော့ ဒုန်ချွဲ တို့ ဇနီးမောင်နှံဆီကို ကံကြမ္မာဆိုး တစ်ခု ၀င်ရောက်လာပါတယ်... ဒုန်ချွဲ ငွေတွေ အလိမ်ခံရလို့ နှစ်ယောက်သား စကားများကြပြီး ဂျီဆူး က အိမ်ကို အစောကြီး ပြန်သွားခဲ့ပါတယ်.... စိတ်ကောက်နေတဲ့ ဂျီဆူး ကိုချော့ဖို့ ဒုန်ချွဲ ရောက်လာခဲ့ပေမဲ့ နောက်ကျသွားခဲပါပြီ အိမ်ထဲထိ ၀င်ရောက်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဂျီဆူး ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်.... ဒုန်ချွဲ တစ်ယောက် ရဲတိုင်ခဲ့ပေမဲ့ တကယ်အလုပ်မလုပ်တဲ့ ရဲတွေကြောင့် မိန်းမ ဖြစ်သူကို ကိုယ်တိုင်လိုက်ရှာဖို့ အမှောင်လောက ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သော် အခါ... ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပါတယ်
movie
Unstoppable (2018)
2018
5.9
Door Lock (2018)
ဂင်ဂျောင်းမီဆိုတဲ့ အမျိုးသမီးဟာ နယ်မြို့ကနေ ဆိုးလ်ကိုအလုပ်လာရောက်လုပ်ကိုင်နေတဲ့သူတစ်ဦးပါ အလုပ်ကြိုးစားသူဖြစ်ပေမယ့် အားနာပြီးကြောက်တတ်တဲ့သူဖြစ်လို့ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လူလည်ကြမှုကိုလည်း အမြဲခံရလေ့ရှိပါတယ် အဲ့ဒီလို ကြောက်ရွံ့အားငယ်တတ်တဲ့ ဂင်ဂျောင်းမီ တစ်ယောက် သူနေထိုင်ရာတိုက်ခန်းဟာ ထူးဆန်းပြီးထိတ်လန့်ဖို့ကောင်းနေတယ်ဆိုတာ သိလာရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားရပါတော့တယ် ဒီ Door Lock 2018 ဇာတ်ကားဟာ လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး တစိမ့်စိမ့်နဲ့တွေးပြီး ကျောစိမ့်လာစေမယ့် ဇာတ်ကားတစ်ကားပါ လူတိုင်းအတွက်တော့ ကိုယ်နေထိုင်တဲ့ အိမ်ဆိုတာ ကိုယ့်အတွက် အကောင်းဆုံးနားခိုရာပါ မိဘအိမ်မဟုတ်ဘဲ ရပ်ဝေးမှာအလုပ်လုပ်နေရရင်တောင် ကိုယ်ငှားနေတဲ့ အဆောင် ဒါမှမဟုတ် တိုက်ခန်းဟာ တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှကို အတိုးချအနားယူနိုင်တဲ့ နေရာလေးပါ ဒါပေမယ့် အဲ့ဒီနေရာက ထူးဆန်းပြီး ကြောက်ဖို့ကောင်းနေမယ် ဆိုရင်တော့…… ( မိသားစုနဲ့ နေတဲ့သူတွေအတွက်တော့ မသိပေမယ့် တစ်ယောက်တည်းနေတဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားကြည့်ပြီးရင် မအိပ်ခင် တံခါးလော့ကို သုံးခေါက်လောက်စစ်မိကြမယ်လို့ ထင်ပါတယ်) ရုပ်ရှင်ကို ဘာသာပြန်ပေးပြီး အညွှန်းရေးပေးသူကတော့ Aung TayZa ဖြစ်ပါတယ်
movie
Door Lock (2018)
2018
6.6
Madeline’s Madeline (2018)
Rating 6.6 ရရှိထားတဲ့ကားဖြစ်ပါတယ်....ဒီကားကတော့ မက်ဒလင်း ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါသူက နည်းနည်းလဲ စိတ္တဇဆန်ဆန်ဖြစ်နေပြီးသူ့အမေကိုလဲ မထင်ရင်မထင်သလို ရိုက်တာတွေ၊ ကုတ်တာတွေ၊အဲ့လိုမျိုးတွေလုပ်တတ်ပါတယ် အထူးသဖြင့်သူ့ကိုဆူတာမျိုးတို့ ဘာတို့ဆိုရင်ပေါ့သူပျော်တာကတော့ စိတ္တဇဆန်ဆန် ပြဇာတ်တွေ ကပြလေ့ရှိတဲ့အဖွဲ့မှာ ပါဝင်ရတာပါ။အဲ့က နည်းပြဆရာမနဲ့လဲ တော်တော်ခင်ပါတယ်။ဆရာမကလဲ မက်ဒလင်းပြောပြတဲ့ သူ့ဇာတ်ကြောင်းတွေကို ပြဇာတ်လုပ်လေ့ရှိပါတယ်။နောက်ပိုင်း မက်ဒလင်း၊ သူ့အမေ၊ နည်းပြဆရာမနဲ့ သူ့ပြဇာတ်တိုက်ဖော်တွေကြားဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့.....ဒီဇာတ်လမ်းလေးက တစ်မျိုးလေးဆန်းပြီး ပုံမှန်နဲ့ကွဲထွက်နေတဲ့ပုံမျိုးလေးပါ.... File Size : (868 MB) & (253 MB)Quality :Wed-DL 720pRunning Time :1hr 33 minFormat : Mp4Genre : Drama , Mystery , ThrillerSubtitle : ...
movie
Madeline’s Madeline (2018)
2018
7.2
A Cool Fish ( 2018 )
2018 ထွက် IMDb 7.2 ရရှိထားတဲ့ တရုတ်ကားသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ရဲဘက်အကူလုပ်ချင်နေတဲ့လောင်မာဆိုတဲ့လူတစ်ယောက်ဟာသူစာမေးပွဲအောင်တဲ့နေ့မှာပဲအမူးလွန်ပြီးကားမောင်းရာကသူ့မိန်မဆုံးပါးပြီး သူ့ညီမကဒုက္ခိတဖြစ်ခဲ့ရတယ်၊တစ်နေ့သူလုံခြံရေးလုပ်တဲ့ siteထဲကနေသေနတ်တစ်လက်ရှာတွေ့ခဲ့ပေမယ့်မထင်မှတ်ပဲပျောက်ဆုံးသွားခဲ့တယ်..တစ်ချိန်တည်းမှာပဲ ဖုန်းဆိုင်ကိုဓားပြတိုက်မှုမှာသေနတ်တစ်လက်ပါဝင်နေပြန်တယ်၊အဲ့သေနတ်ကလောင်မာရဲ့သေနတ်ဖြစ်နေမလား..ဓားပြတိုက်တဲ့တရားခံအစစ်ကိုဘယ်လိုဖမ်းမိမလဲ၊တစ်ဖက်မှာလည်း ဒုက္ခိတဖြစ်သွာရတဲ့အတွက်လောကကြီးကိုစိတ်ကုန်နေပြီးသူ့အစ်ကိုကိုမုန်းတီးနေတဲ့မိန်းကလေးတစ်ယောက်..သူ့အိမ်ထဲအမှတ်မထင်ရောက်လာနဲ့ဓားပြနှစ်ယောက်နဲ့ဆုံပြီးဘယ်လိုတွေများဆက်ဖြစ်ကြမလဲ..အနှိပ်သမအမည်ခံပြည့်တန်ဆာတစ်ယောက်ကသူချစ်ရမဲ့သူကိုဘယ်လိုတွေကာကွယ်ပေးမလဲ..ရဲဘက်အကူဖြစ်ချင်တဲ့လောင်မာရဲ့မလျှော့တဲ့ဇွဲနဲ့ကြိုးစားမှုတွေ၊ အပြန်အလှန်ချစ်ခြင်းမေတ္တာတွေကိုခံစားရမှာဖြစ်ပါတယ် ဘာသာပြန်နဲ့အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်Encoder : LK
movie
A Cool Fish ( 2018 )
2018
7.3
Beautiful Boy (2018)
သမီးတွေက ဖအေချစ် သားတွေက မအေချစ်လို့ပြောကြပေမယ့် တကယ်တော့ အဖေလုပ်သူတိုင်းက သားဦးလေးကိုပဲလိုချင်တာများပါတယ် ဘာကြောင့်ရယ်မသိ စစချင်းကလေးဘဝမှာ အဖေတွေက သားတွေကိုသိပ်တန်ဖိုးထား သိပ်ချစ်ပါတယ် နောက်မှသာ... အရွယ်ရောက်လာတဲ့သားနဲ့ အဖေနဲ့ မတည့်ကြတော့တာမဟုတ်လား Beautiful Boyဆိုတာကလဲ သားနဲ့ ဖအေကြားက မေတ္တာကိုပြသတဲ့ကားတစ်ကားပါ သားလုပ်သူ မူးယစ်ဆေးနွံထဲ နစ်နေချိန် အဖေကတတ်စွမ်းသလောက် ဆွဲထုတ်ပေးတဲ့ကားပါ ဇာတ်လမ်းကတော့ဒါလေးပါပဲ... ထပ်ပြီး ပြောချင်မိတာက သူတို့နိုင်ငံက သားသမီးအပေါ်ဆက်ဆံတဲ့ ဆက်ဆံရေးပါ သူတို့ရဲ့ဆုံးမမှုတွေက ပြောရရင် အာဆီယံမိဘတွေနဲ့ကွာပါတယ် ထစ်ခနဲဆို အရင်ရိုက် နောက်မှချော့ဆိုတဲ့ထုံးကို သူတို့ မသုံးပါဘူး နားလည်လွယ်အောင်ရှင်းပြတယ် လမ်းပြတယ်နောက်ဆုံး ပြောမရရင်လျစ်လျူရှုလိုက်တယ် ဒါပေမယ့်လဲ တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးထုံးစံရှိမယ် သားဆိုးသမီးဆိုးကို ပစ်ရိုးမရှိဆိုတဲ့အတိုင်း ဒီကားမှာလဲ သားအတွက်ကြိုးစားပေးတဲ့ အဖေလုပ်သူ ဒေးဗစ်ရှက်ဖ်ကိုမြင်ရပါလိမ့်မယ် ဘာပဲပြောပြောပါ ကျွန်တော်ကတော့ ဒေးဗစ်ရှက်ဖ်လို ဖခင်မျိုးကို သိပ်သဘောကျပါတယ် သားနဲ့ သူငယ်ချင်းလိုပေါင်းတယ် သားကို နားလည်အောင်ပြောတယ် သားနဲ့အတူတူ weedပါလိုက်သောက်ရင်း အချိန်ပေးခဲ့ပါတယ်... ဆိုတော့ တစ်နေ့မိဘနေရာရောက်လာမယ့်သူတွေ ကြည့်သင့်တယ်လို့ ထင်ပါတယ် အရင်ရိုက်နောက်မှချော့ ဆိုတာကြီးကို ပြောင်းလဲသင့်ပြီမဟုတ်လား... ကျွန်တော်sithuကencodeပြီး ကိုWai Zinမှခံစားတင်ဆက်ပေးထားပါတယ် encoderအနေနဲ့ထပ်ဖြည့်စွက်ပြောချင်တာကဒီကားက မိဘနေရာရောက်မယ့်လူတွေဖြစ်တဲ့ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ် နောင်တမရစေရပါဘူး ဘ၀တစ်ခုလုံးအတွက်အမြင်တချို့ပါပြောင်းသွားနိုင်ပါတယ် အဆင်ပြေကြပါစေဗျာ
movie
Beautiful Boy (2018)
2018
6.8
Miss Baek (2018)
ဒီကားလေးကတော့ child abuse အကြောင်းရိုက်ထားတဲ့ဇာတ်လမ်းလေးပါ တကယ့်ဖြစ်ရပ်မှန်ကိုရုပ်ရှင်ရိုက်ထားတာဆိုတော့ ရင်ထဲတော်တော်ထိပါတယ် ( ဘာသာပြန်ရင်းမျက်ရည်တောင်ကျတယ် ) သရုပ်ဆောင်တွေကလည်းတကယ့်အပိုအလိုမရှိသရုပ်ဆောင်ထားတာပါ message တွေအများကြီးနဲ့တကယ့်အနှစ်ကားလေးပါ ကြည့်ပြီးရင် ရင်ထဲတစ်ခုခုတော့ကျန်ခဲ့မှာပါ ဇာတ်လမ်းအကျဉ်းချုံးကတော့ ဘတ်ဆန်းအာ(miss beak) ဟာ လူသတ်ဖို့ကြိုးစားမှုနဲ့ထောင်ကျဖူးတဲ့အမျိုးသမီးတစ်ယောက် ငယ်စဉ်ကတည်းအကြောင်းအမျိုးမျိုးကြောင့် အမေအရင်းကနေစွန့်ပစ်တာကိုခံခဲ့ရတယ် ဒီလိုနဲ့ဘ၀ကိုဖြစ်သလိုရပ်တည်လာရင်း မထင်မှတ်ပဲအေးစက်နေတဲ့ဆောင်းညတစ်ညမှာ လမ်းဘေးမှာထိုင်ပြီးခိုက်ခိုက်တုန်နေတဲ့ ကိုးနှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့စတွေ့ခဲ့တယ် အဲ့ကလေးမလေးကလည်းအဖေအရင်းနဲ့ အဖေဖြစ်သူရဲ့အတူနေရည်းစားရဲ့နှိပ်စက်မှုတွေကို အရွယ်နဲ့မလိုက်အောင်ခါးစည်းခံနေရတဲ့ကလေးမလေး ဒီကလေးမလေးကိုဘတ်ဆန်းအာကတွေ့သွားတဲ့အချိန်မှာ ဘတ်ဆန်းအာက သူ့မရဲ့အတိတ်ကဘ၀ကိုသတိရသွားပြီး ဒီကလေးမလေးအပေါ်သနားသွားပါတယ် ဘတ်ဆန်းအာကဒီကလေးမလေးရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေကိုတွေ့ပြီး ကလေးမလေးကိုနှိပ်စက်ကြတဲ့အကြောင်းကိုသိသွားပါတော့တယ် ဘတ်ဆန်းအာနဲ့ဒီကလေးမလေးတွေ့ပြီး ဘာတွေဆက်ဖြစ်မှာလဲ ဒီကလေးမလေးကိုရော ဘတ်ဆန်းအာကကယ်တင်နိုင်မှာလား ဘတ်ဆန်းအာကိုရော သူ့အမေကဘာလို့စွန့်ပစ်သွားခဲ့တာလဲ ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲကြည့်ပေးကြပါဦး ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Shwe Yee Oo ဖြစ်ပါတယ်
movie
Miss Baek (2018)
2018
7.3
Wildlife (2018)
Rating 7.3 ရရှိထားတဲ့Drama ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်...Wild Life ဆိုတဲ့ရုပ်ရှင်ကားလေးကတော့ လက်ရှိလူ့ပတ်ဝန်းကျင်မှာဖြစ်လေ့ရှိတာလေးတွေကို မီးမောင်းထိုးပြပြီး ရိုက်ကူးထားတဲ့ ကားတစ်ကားဖြစ်ပါတယ်။မိသားစုနဲ့အတူကြည့်လို့ကောင်းမယ့် ကားမျိုးဆိုရင်လည်းမှားမယ်မထင်ပါဘူး...အိမ်ထောင်စုတစ်ခုမှာ စီးပွားရေးအဆင်မပြေရင်ဘယ်လိုပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာရယ်စိတ်တွေကဘယ်လိုပြောင်းလဲနိုင်တယ်ဆိုတဲ့အကြောင်းကိုခလေးတစ်ယောက်ရှိတဲ့ လူသုံးယောက်မိသားစုလေးနဲ့ရိုက်ကူးပြသထားတဲ့ ပညာပေးကားလေးဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပါဦးနော်... File Size : (900 MB) & (245 MB)Quality :Wed-DL 720pRunning Time :1hr 45 minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin
movie
Wildlife (2018)
2018
5.5
The Leakers ( 2018 )
Action , Crime , Thriller ကြိုက်သူတွေအတွက်တော့လုံးဝအကြိုက်တွေ့မယ့်ဇာတ်ကားပါပဲဇာတ်လမ်းစတင်ကတည်းက ဗိုင်းရပ်တခုကြောင့်လူတွေအတုံးအရှုံးသေဆုံးတာနဲ့စတင်ပြီး ဇာတ်လမ်းကိုအစပျိုးထားတယ်အဲ့ ဗိုင်းရပ်ကို VR-23 လို့ WHO က နာမည်ပေးလိုက်ပါတယ်ပြန့်ပွားမှုနှုန်းကကြောက်စရာကောင်းသလို သေဆုံးမှုနှုန်းကလည်းမြင့်တက်နေပါတယ်...မလေးရှားသတင်းထောက်သေဆုံးမှုကစလို့ Amanahကုမ္ပဏီရဲ့မန်နေဂျင်းနဲ့အခြားသူတွေဆက်တိုက်ဆိုသလိုသေဆုံးခဲ့တယ်၊တစ်ဆက်တည်းမှာပဲ Amanahရဲ့ဒုတိယဆက်ခံသူဟာလဲ ဟောင်ကောင်မှာ The Leakersဆိုတဲ့အဖွဲ့ရဲ့ပြန်ပေးဆွဲတာခံလိုက်ရတယ်၊ဒီအမှုကိုကိုင်တွယ်ဖို့အတွက်မလေးရှားရဲအရာရှိဟာဟောင်ကောင်ကိုလာဖိုြ့ဖစ်လာခဲ့တယ်အဲ့ဒီမှာဟောင်ကောင်ရဲနဲ့ဆုံပြီးဘာတွေဆက်ဖြစ်လာကြမလဲဟောင်ကောင်သတင်းထောက်မလေးဟာသူငယ်ချင်းဖြစ်သူမလေးရှားသတင်းထောက်ရဲ့သေဆုံးမှုကိုပါဝင်စုံစမ်းရင်း ဘယ်လိုတွေဆက်ဖြစ်လာမလဲတစ်ဖက်မလေးရှားကနေစပြီးနိုင်ငံအသီးသီးဆီကို VR-23ဗိုင်းရပ်စ်ပိုးပြန့်ပွားလာပြီးကူးစက်ရောဂါတွေဖြစ်လာတယ်၊ဒီဗိုင်းရပ်စ်ပိုးကို ကုသနိုင်တဲ့ MD5ဆိုတဲ့ဆေးအသစ်ကိုAmanah ဆိုတဲ့ ဆေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကပဲရနိုင်တယ်၊ဒီဗိုင်းရပ်စ်ပိုးပျံနှံ့လာမှုရဲ့အဓိကကြိုင်းကိုင်သူကဘယ်သူများဖြစ်နိုင်မလဲThe Leakersရဲ့အဖွဲ့ဝင်တွေကဘယ်သူတွေလဲစိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားပဲဖြစ်ပါတယ် ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်Encoder : LK
movie
The Leakers ( 2018 )
2018
7.8
Rise of the Legend ( 2018 )
ဘယ်အရာမဆိုတကယ်တမ်းလုံ့လဝိရိယရှိရှိနဲ့ကြိုးစားရင်အောင်မြင်မှုဆိုတဲ့အသီးအပွင့်ကိုခူးဆွတ်ရမှာပါအခုတင်ဆက်မယ့်ကားလေးကတော့ မလေးရှား လက်ရွေးစင်ကြက်တောင်ရိုက်ကစားသမား လီချုံးဝေရဲ့ဘဝအကြောင်းဖြစ်ရပ်မှန်ဖြစ်စဉ်ကိုပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့Rise Of the Legend ဇာတ်ကားပါIMDb Rate 7.3 လည်းရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့လီချုံးဝေဟာ ငယ်ငယ်လေးကတည်းကကြက်တောင်ရိုက်တာအရမ်းဝါသနာပါတဲ့လူငယ်လေးတစ်ယောက်ဒါပေမယ့်လည်း သူ့အဖေက လုံးဝသဘောမတူဘူးသူ့အဖေလုံးဝသဘောမတူပေမယ့်လည်းအခက်အခဲတွေကြားက လီချုံးဝေတစ်ယောက်ဘယ်လိုမျိုးကြိုးစားခဲ့တာလဲ...လူ့ဘဝမှာကြုံရမယ့်အခက်အခဲတွေ...ဇာတ်ကားထဲမှာမှ မဟုတ်ပါဘူးအပြင်မှာလည်း ကြိုးစားဆဲကြုံတွေ့ရတဲ့အခက်အခဲလေးတွေရှိတာပါပဲ..ဒါတွေကိုဘယ်လိုကျော်ဖြတ်လဲအောင်နိုင်ခြင်းနဲ့ရှုံးနိမ့်ခြင်းတွေဒွန်တွဲနေတဲ့လောကနိယာမအတိုင်း ရှုံးနိပ့်ခြင်းတွေကြားမှာဇွဲမလျော့ပဲ ဘယ်လိုကြိုးစားခဲ့လဲဆိုတာကိုယ်တိုင်သာခံစားကြည့်ရှုပါအညွှန်းနဲ့ဘာသာပြန် Ei Pyae ဖြစ်ပါတယ်Encoder : LK
movie
Rise of the Legend ( 2018 )
2018
7.7
Sarkar (2018)
အားလုံးလည်း စောင့်မျှော်နေကြပြီ ထင်ပါတယ်ဗျာ။ ဘာသာပြန်အခက်အခဲနည်းနည်းရှိနေလို့ ကြန့်ကြာသွားခဲ့ပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Tamil မင်းသား ဗီဂျေးရဲ့ 2018နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ " အညွှန်း " "မင်္ဂလာပါ ကိုယ့်လူတို့ မစ္စတာ ဆွန်ဒါ ရာမဆွာမီရဲ့ အကြောင်း သိတဲ့သူ ဘယ်နှယောက် ရှိလဲ " "သူက ထိပ်သီကုမ္ပဏီ GL ရဲ့ CEO ပါ" "သူက အမေရိကမှာနေတဲ့ တမေးလ်လူမျိုးပါ" "သူက ဒေါ်လာသန်းပေါင်းများစွာ လစာရသူပါ" "ဒီအပြင် သူဟာ ပြိုင်ဘက်ကုမ္ပဏီတိုင်းကို ဖြိုခွင်းတတ်တယ် သူကို ကုမ္ပဏီတော်တော်များများ ဖိမ့်ဖိမ့်တုန် ကြောက်ကြရတယ်" ခု သူ အိန္ဒိယကို ပြန်လာတာ ဘာအတွက်လဲ? အရင်လို ကုမ္ပဏီတချို့ကို ဖြိုခွင်းခဲ့ဦးမှာလား? "ယုံတောင်မယုံနိုင်ပါဘူးဗျာ သူ အိန္ဒိယကို လေယာဉ်စင်းလုံးငှားပြီး ဘော်ဒီဂတ်တွေနဲ့ ပြန်လာတာ သူပြည်နယ်ရွေးကောက်ပွဲမှာ မဲပေးဖို့ အတွက် သီးသန့်ပဲတဲ့။ သူမဲပေးပြီး ညနေ မိသားစုနဲ့ ထမင်းလက်ဆုံစား၊ ပြီးရင် အမေရိကကို ပြန်မှာပါတဲ့" ဒီလိုနဲ့ အမေရိကမှာနေတဲ့ တမေလ်နာဒူပြည်နယ်ဂုဏ်ဆောင် မစ္စတာ ဆွန်ဒါရာမဆွာမီဟာ မဲရုံဆီ သွားပြီး မဲပေးခဲ့ရမှာတော့ သူ့အမည်နဲ့ မဲက ပေးပြီးသား ဖြစ်နေခဲ့တာပါ။ သူတပါးကြောတာကို မခံချင်တဲ့ ...
movie
Sarkar (2018)
2018
N/A
The Demonologist (2019)
အဘာတူ၊ မိုးလတ်၊ အဘာဒန်၊ လက်ဗီယာသန်း တို့ဟာ လူစီဖာကို ပုန်ကန်ခဲ့ပြီးတော့ကမ္ဘာပျက်သုဉ်းစေတဲ့ မြင်းစီးစစ်သည်တော်လေးဦး(Four Horseman of Apocalypse) ဖြစ်လာခဲ့ပါတယ်…ထိုအခါမှာ လူစီဖာဟာ ကမ္ဘာမြေကိုရောက်ရှိလာပြီးတော့ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် သူ့ရဲ့သွေးရင်းမျိုးဆက်ဖြစ်တဲ့တဲရစ်နဲ့ ဆီးရပ်စ်ဆိုတဲ့ မျိုးဆက်နှစ်ခုကို ချန်ထားခဲ့ပါတယ်…ဒါပေမယ့် တဲရစ်မျိုးဆက်ဟာ လူစီဖာကို ပုန်ကန်ခဲ့ပြီးတော့မြင်းစစ်သည်တော်လေးဦးနဲ့ ပူးပေါင်းပြီး ကမ္ဘာကြီးကိုဖျက်ဆီးဖို့ ကြံရွယ်လာတဲ့အခါမှာတော့.ကိုယ့်ကိုကိုယ် ဘယ်သူဆိုတာကိုတောင် မသိသေးတဲ့ စီးရပ်ဖ်မျိုးနွယ်ရဲ့နောက်ဆုံးလက်ကျန် ဒေမီယန် စီးရပ်ဖ်တစ်ယောက်ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်…မှော်ဒဏ္ဍာရီဆန်တဲ့ ကားတစ်ကားဖြစ်တာမို့ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ… File Size : (863 MB) & (249 MB)Quality :Web DL 720pRunning Time :1hr 40 minFormat : Mp4Genre : ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by ...
movie
The Demonologist (2019)
2018
N/A
Officer ( 2018 )
ဒီနေ့မှာတော့ Telugu ရုပ်ရှင်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက်တော့သဘောကျမှာပါShivaji Rao ဟာ ရိုးသားကြိုးစားတဲ့ရဲသားလေးတစ်ယောက်ဒါပေမယ့်လည်း သူတို့ငှာန ရဲငှာနအတွင်းမှာအကျင့်ပျက်ခြစားတဲ့ရဲတွေရှိတယ်..ညစ်ပတ်တဲ့အလုပ်တွေလုပ်ကိုင်တဲ့ရဲတွေပေါ့...ဒါကိုသူကသတိထားမိတယ်သတိထားမိတော့ ဒီရဲတွေကို သတိပေးဖို့ကြိုးစားတယ်ရဲတွေရဲ့ မသမာမှုတွေပေါ်အောင် ကြိုးစားတယ်ဒီလိုနဲ့ပဲရဲကောင်းတစ်ယောက်ရဲ့ တာဝန်ကိုသူတာဝန်အောင်ကြိုးစားရင်း မကောင်းတဲ့ရဲ တွေဖြုတ်ချရင်းကနေနောက်ဆက်တွဲကပ်ပါလာတဲ့ မာဖီးယားတဂိုဏ်းလုံးရဲ့ရန်စွယ်နဲ့လည်းကြုံတွေ့ရတဲ့အခါသူဘယ်လိုလုပ်မလဲ..ဘယ်လိုရင်ဆိုင်မလဲဆိုတာဆက်လက်ခံစားကြည့်ရှုပါ Subtitle Credit To Subscene Uploader ( Somonlian )
movie
Officer ( 2018 )
2018
6.3
Sobibor (2018)
ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေသိမ်းပိုက်ထားတဲ့ပိုလန်နိုငိငံက ဆိုဘီဘော ဒုက္ခသည်စခန်းအမည်ခံ အကျဉ်းစခန်း တစ်ခုရှိပါတယ်ဒီဇာတ်ကားက အဲ့ဒီဆိုဘီဘောစခန်းက ဂျူးတွေရဲ့ ဂျာမန်လက်အောက်ကထွက်ပြေးဖို့ကြိုးစားပုံအကြောင်းရိုက်ပြထားတာပါနာဇီတွေ ဂျူးကို ဘယ်လောက် မုန်းလဲဆိုတာကတော့ အားလုံးကြားဖူးပြီးသားဖြစ်မှာပါဆိုဘီဘော စခန်းကို ဖျက်သိမ်းခါနီး အခြေအနေတွေဖြစ်လာတဲ့အခါမှာစခန်းထဲကလူတွေအကုန်အသတ်ခံရမှာ သေချာသွားပြီ ဖြစ်တဲ့အတွက်သေမဲ့အတူတူ မထူးဘူး ထွက်ပြေးလို့လွတ်လို့လွတ်ငြားဆိုပြီး ကြံစည်ကြပါတော့တယ်ဂျာမန်တွေရဲ့ ဂျူးတွေကို အနိုင်ကျင့်ပုံနှိပ်စက်ပုံတွေ မထင်ရင်မထင်သလိုသတ်ပစ်တာတွေကို လည်းဒီဇာတ်ကားမှာတွေ့ရမှာပါကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ဒေါင်းကြည့်ကြပါလို့တိုက်တွန်းပါတယ်... File Size : (976 MB) & (243 MB)Quality : BluRay 720pRunning Time :1hr 40 minFormat : Mp4Genre :Drama , History ...
movie
Sobibor (2018)
2018
5.3
Rust Creek (2018)
CM ပရိတ်သတ်ကြီးအတွက်ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Rust Creek ဆိုတဲ့ကားလေးပါစောရာဆိုတဲ့ကောင်မလေးကမိဘတွေရဲ့အဝေး မြို့တစ်မြို့မှာ ကောလိပ်တက်နေတာပါ။တစ်နေ့ သူကအလုပ်အင်တာဗျူးတစ်ခု ဇြေို့အရွေးခံရတဲ့အတွက်ဝါရှင်တန်ဒီစီကို သွားဖို့အကြောင်းပေါ်လာပါတယ်။ဒါပေမဲ့ အဝေးပြေလမ်းကြီးမှာ ယာဉ်လမ်းအချိန်းအပြောင်းရှိလို့တောလမ်းကသွားဖို့ ရေဒီယိုက သတင်းကိုကြားပြီးသူဟာ တစ်ခုမှမသွားဖူးတဲ့လမ်းကို GPSအားကိုးနဲ့တစ်ယောက်ထဲ ကားမောင်းလာခဲ့ပါတယ်။GPS ထုံးစံအတိုင်း တောထဲလဲရောက်ရော လမ်းပျောက်ပါလေရောပေါ့။အဲဒါနဲ့ ကားရပ်ပြီး မြေပုံထုတ်ကြည့်နေတုန်း အနားကိုလူ ၂ ယောက်ရောက်ရော။ပထမတော့အဲ့လူတွေက ကူညီပေးမလိုနဲ့ နောက်ပိုင်းကျ အကြမ်းဖက်လာပါတော့တယ်။စောရာလဲ သူတို့နဲ့တိုက်ခိုက်ပြီး တောထဲဝင်ပြေးရတော့တာပေါ့။ဒီလူတွေက စောရာကိုဘာအတွက်တိုက်ခိုက်တာလဲ။ဒီတောကြီးထဲမှာ ဒဏ်ရာရနေတဲ့ စောရာတစ်ယောက်အသက်ရှင်အောင်ရုန်းကန်နိုင်မှာလား။စောရာကို ကယ်တင်မဲ့လူရောပေါ်လာမှာလား။နောက်ကွယ်မှာရော ဘယ်လိုကိစ္စတွေရှိနေသလဲဆိုတာကတော့စိတ်ဝင်စားစွာနဲ့ကြည့်လိုက်ရအောင်..... File Size : (932 MB) & (273 MB)Quality ...
movie
Rust Creek (2018)
2018
5.2
Touch Chesi Chudu ( 2018 )
ဘာဟီဆိုတဲ့လူတစ်ယောက်ဟာ အတော်လေးကိုနောက်ခံအင်အားကြီးမားပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေကိုတောင်သြဇာအာဏာလွှမ်းမိုးတဲ့လူတစ်ဦးမကောင်းတာတွေလည်းလုပ်တယ်သူ့မှာအင်မတန်ချစ်ရတဲ့ညီမလေးတစ်ယောက်ရှိပါတယ်တနေ့မှာတော့ သူ့ရဲ့ညီမလေးဟာနာမည်ကျော်လူမှုရေးလှုပ်ရှားသူ ဆက်ရာဒေ့ဗ်အသတ်ခံရတဲ့အမှုကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရတယ်သူ့အကိုဖြစ်သူကိုပြောပြတော့ညီမဖြစ်သူကိုကာကွယ်ဖို့ကြိုးစားပါတော့တယ်ဒီလိုကြိုးစားရင်းနဲ့ပဲ သူ့ရဲ့ ဖုံးကွယ်ထားတဲ့အရာတချို့တွေမထင်မှတ်ပဲ ပေါ်ပေါက်လာတဲ့အခါမှာတော့
movie
Touch Chesi Chudu ( 2018 )
2018
7.1
The Old Man & the Gun (2018)
IMDB Rating - 7.1ဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်က အသက်၆၀အရွယ်အဘိုးကြီးတွေဖြစ်ပေမယ့်ပျင်းဖို့မကောင်းပဲ ကြည့်ကောင်းတဲ့ကားတစ်ကားပါဇာတ်လမ်းအကျဉ်းကတော့ အသက်၆၀ကျော် အဖိုးကြီး သုံယောက်ပါတဲ့အဖွဲ့ဟာသေနတ်တစ်ချက်မဖောက်ပဲနဲ့ ဘဏ်တွေကိုဆက်တိုက် ဓားပြတိုက်နေခဲ့ပါတယ်ဘဏ်ဓားပြတိုက်တယ်ဆိုပေမယ့် တခြားသူတွေလို အုတ်အော်သောင်းတင်းမဟုတ်ပဲဓားပြတိုက်နေတယ်ဆိုတာ ရဲတွေသိဖို့နေနေသာသာဘဏ်မှာငွေထုတ်နေတဲ့သူတွေတောင် မသိလိုက်ကြပါဘူးအေးဓားပြဆိုတာ ဒါမျိုးကိုပြောတာနေမှာ အတိုပြောရရင်တော့ဒီသွေးအေးလူမိုက်ကြီးတွေကို ရဲကလိုက်ဖမ်းတဲ့အကြောင်းပါတစ်ကယ်ကောင်းတဲ့ဇာတ်ကားလေးဖြစ်လို့ ကြည့်သင့်ပါတယ်လို့တိုက်တွန်းပါတယ်..... File Size : (804 MB) & (243 MB)Quality :Web DL 720pRunning Time :1hr 33 minFormat : Mp4Genre :Comedy,Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Chanyein SoeEncoded by Moe ...
movie
The Old Man & the Gun (2018)
2018
5.0
The Oath (2018)
ဒီတစ်ခါကတော့ The Oathဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်လက်ရှိအမေရိကန်သမ္မတက patriotic oath(မျိုးချစ်ကြောင်း ကျမ်းကျိန်စာပေါ့နော်)ကို publishလုပ်လိုက်တယ်အဲမှာ လက်မှတ်ထိုးတဲ့သူတွေက အကျိုးကျေးဇူးတွေခံစားရမယ်ပြည်သူတွေကို CPUကနေ ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ပြောတယ်ဒါပေမဲ့ အဲ့oathကို သဘောမကျတဲ့ လူဖြူလူမဲလင်မယား၂ယောက်ရှိနေတယ်ယောက်ျားဖြစ်သူက တော်တော်လေးကို တယူသန်တဲ့သူအမြဲတမ်း သူမှန်တယ်ဆိုတဲ့ဒီဇိုင်းမျိုးသူတို့ကThanksgivingပိတ်ရက်မှာ မိသားစုအစုံ တွေ့ကြဖို့ စီစဉ်ထားတယ်အဲ့တွေ့ဆုံပွဲမှာ သူနဲ့ သူ့မိသားစုဝင်တွေနဲ့ ဘာတွေဖြစ်ကြမလဲoathမှာsignမထိုးတဲ့အတွက်ရော ဘာတွေဖြစ်လာမလဲဆိုတာ သိချင်ရင်တော့ဒီThe Oathလေးကို ကြည့်ကြပါလို့ ပြောချင်ပါတယ်နော် File Size : (871 MB) & (218 MB)Quality :Web DL 720pRunning Time :1hr 33 minFormat : Mp4Genre :Comedy, ThrillerSubtitle : ...
movie
The Oath (2018)
2018
6.9
The Vanishing (2018)
The Vanishing (ဆိတ်သုဉ်းပျောက်ကွယ်ခြင်း) တဲ့။ဒီကားလေးကိုရေးရတာ ရင်ထဲမှာ အရမ်းကိုထိရှမိတယ်။ဇာတ်ကားပြီးသွားတဲ့အချိန်မှာ လူကငြိမ်ပြီးကျန်နေခဲ့တဲ့ ခံစားမှုမျိုးကို ခံစားခဲ့ရတယ်။ဇာတ်လမ်းက အဆန်းကြီးမဟုတ်ဘူး။ဒါပေမယ့် လူတွေရဲ့ဖြစ်တတ်တဲ့သဘာဝကို ပီပီပြင်ပြင်ဖော်ပြပေးသွားတယ်။အရမ်းကောင်းပါတယ်။ရင်ထဲမှာတစ်ခုခုကျန်ခဲ့တဲ့အရသာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့လုံးဝကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ မီးပြတိုက်စောင့်ဖို့ အလှည့်ကျတဲ့ လူသုံးယောက်ဟာဂျူတီဝင်ဖို့အတွက် မီးပြတိုက်ကို ရောက်လာခဲ့ပါတယ်။သူတို့ရောက်ရှိပြီးမကြာခင်မှာပဲ မီးပြတိုက်ရှိရာကျွန်းကို လူတစ်ယောက်နဲ့သေတ္တာတစ်လုံး မျောပြီးလာတင်နေတာကို တွေ့ခဲ့ရတယ်။အဲဒီကစပြီး သုံးယောက်လုံးရဲ့ ကံကြမ္မာဟာ ပြောင်းလဲသွားခဲ့ပါတယ်။အထူးသဖြင့် တိတ်ဆိတ်ခြောက်သွေ့တဲ့မီးပြတိုက်လိုနေရာတစ်ခုမှာစိတ်ခြောက်ခြားစရာတွေပါ ထပ်ရောက်လာခဲ့မယ်ဆိုရင်ဒီလူသုံးဦးရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲဆိုတာကိုပြသပေးသွားတာဖြစ်ပါတယ်...အားပေးကြပါဦး... File Size : (927 MB) & (253 MB)Quality :Web DL 720pRunning Time :1hr 41 minFormat : Mp4 ...
movie
The Vanishing (2018)
2018
The Demon Law ( 2018 )
ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာမှာ မိစ္ဆာနတ်ဆိုးတွေသောင်းကျန်ခဲ့တယ်အဲ့တော့နန်းတော်ကာကွယ်ရေးအဖွဲ့က နတ်ဆိုးတွေကိုပြန်လည်တိုက်ခိုက်ဖို့အတွက် တိုက်ခိုက်ရေးအဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့တယ်အဖွဲ့ဝင်တွေဟာ လူသားတွေသာဖြစ်လို့ နတ်ဆိုးတွေကိုတွန်းလှန်နိုင်ဖို့အတွက် နတ်ဆိုးသွေးကိုသောက်ရပါတယ်...ဒါမှသာလျှင်ပြန်လည်တိုက်ခိုက်နိုင်မှာပါ ..ဒါကိုတွန်းလှန်နိုင်ဖို့လည်းလိုပါတယ်သူ့ခန္ဒာကိုယ်ရဲ့ဆာလောင်မှုကိုမတွန်းလှန်နိုင်ပဲ..သွေးကိုဆက်သောက်နေမယ်ဆိုရင် နတ်ဆိုးတစ်ဝက်လူတစ်ဝက်အဖြစ်ပြောင်းလဲသွားမှာပါ...အဖွဲ့ရဲ့ခေါင်းဆောင်ဟာတစ်ညမှာနတ်ဆိုးတွေကိုတိုက်ခိုက်ရင်းသူတို့လက်ထဲ မိန်းကလေးတစ်ဦးကိုကယ်တင်ခဲ့တယ်.ဒီကနေတဆင့်နောက်ဘာတွေဆက်ဖြစ်မယ်ဆိုတာဆက်လက်ခံစားကြည့်ရှုကြပါ ဘာသာပြန် Phyo Zaw ဖြစ်ပါတယ်Review and Encoded By LK
movie
The Demon Law ( 2018 )
2018
7.4
Pokémon the Movie: The Power of Us (2018)
နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိတဲ့ ပွဲတော် တစ်ခုကတော့ ပိုကီမွန် ဖမ်းပွဲပါ အဲ့ဒီပွဲကို နိုင်ငံတကာမှ ပိုကီမွန် ထရိန်နာတွေက လာရောက်ပြီး ယှဉ်ပြိုင်လေ့ ရှိပါတယ် ဒီနှစ်မှာတော့ ထိုပွဲကို အက်ရှ် နဲ့ ပီကာချူး အပြင် တစ်ခြား ထရိန်နာ အသစ်တွေလဲ လာရောက်ယှဉ်ပြိုင်ခဲ့သလို အနှောက်အယှက်တွေလဲ တွေ့ရမှာဖြစ်ပါတယ်.. ထရိန်နာ အသစ်လေး လီဆာ လဲ ရောက်ရှိလာသလို သူ့အကြောင်းနဲ့သူ လာရောက်ယှဉ်ပြိုင်သူတွေကြား ပိုကီမွန် အသစ်တွေကိုလဲ ထပ်မံတွေ့ရှိရမှာပါ ဒီကာတွန်းကားလေးကို ကောင်းမြတ်သူက ဘာသာပြန်ပေးထားပါတယ်
movie
Pokémon the Movie: The Power of Us (2018)
2018
First
22
23
24
25
26
Last
Previous
Next