Channel Myanmar

2018

The Public(2018) 6.5
The Public(2018) The Public(2018)နိုင်ငံခြားက အိမ်ခြေယာမဲ့တွေကတော့ တချို့တလေက သူတောင်းစားတွေပါ...တချို့တလေကတော့ အလုပ်လုပ်ကြပါတယ်...ဒါပေမဲ့ အိမ်ခြေယာမဲ့ကတော့ အိမ်ခြေယာမဲ့ပါပဲ... သူတို့တွေ ဘယ်အချိန်မှာ ဒုက္ခအရောက်ဆုံးလဲဆိုရင် ရာသီဥတုဖောက်ပြန်တဲ့အချိန်လို့ပဲပြောရမှာပါ...နွေရာသီအရမ်းပူတဲ့အချိန်...မိုးရာသီ မိုးအရမ်းကြီးတဲ့အချိန်...ဆောင်းရာသီ အရမ်းအေးတဲ့အချိန်မျိုးပေါ့...ဒီဇာတ်ကားထဲမှာတော့ Ohio ပြည်နယ် Cincinnati မြို့ကိုအအေးလှိုင်းဖြတ်တဲ့အခါမှာ အိမ်ယာမဲ့တွေ ဒုက္ခရောက်တဲ့အကြောင်း ရိုက်ကူးထားတာပါ...အအေးဒဏ်ကြောင့် မြို့တွင်း အိမ်ယာမဲ့ဂေဟာတွေမှာ လူတွေပြည့်လျှံလာခဲ့ပါတယ် ဒီလိုနဲ့ အခြေအနေပိုမိုဆိုးရွားလာပြီး အသေအပျောက်တွေရှိလာတဲ့အခါမှာတော့ အိမ်ယာမဲ့တွေဟာတစ်ညတာခိုနားနိုင်မယ့် နေရပ်အဖြစ် မြို့လယ်ခေါင်က အများပိုင် စာကြည့်တိုက်ကြီးကို ရွေးချယ်လိုက်ပါတော့တယ်... ဒါပေမဲ့လည်း အာဏာပိုင်တွေက ဒီကိစ္စကို ခွင့်မပြုဘဲတားဆီးလာချိန်မှာတော့ အစိုးရအဖွဲ့များနဲ့ အိမ်ခြေယာမဲ့တို့အကြား ပဋိပက္ခ ပြဿနာတွေဖြစ်ပွားလာခဲ့ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.....File Size : (945 MB) and (374 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Public(2018)

2018
I Like Me (2019) 5.5
I Like Me (2019) လူတိုင်းကိုယ့်ကိုယ်ကိုသဘောကျတဲ့စိတ်,ချစ်တဲ့စိတ်လေးတွေရှိကြမှာပါဒါပေမယ့်ဘယ်အရာမဆိုအစွန်းရောက်သွားရင်မကောင်းဘူးလေနော်ဒီကားထဲမှာကိုယ့်ကိုယ်ကိုအရမ်းသဘောကျလွန်းပြီးကိုယ်လုပ်ချင်ရာတွေပဲလုပ်နေတတ်တဲ့မိန်းမတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကိုဟာသနဲ့နှောပြီးရိုက်ပြထားတာပါမိသားစုပြဿနာတွေကိုဟာသလေးနဲ့ရောပြီးရိုက်ပြထားတာဖြစ်ပါတယ်အဖေတူအမေကွဲညီအမနှစ်ယောက်မှာကိုယ့်ဘက်ကိုယ်ပဲအမြဲကြည့်တဲ့အစ်မဖြစ်သူဟာအိမ်ရဲ့အမြဲတမ်းအပယ်ခံလူအထင်သေးခံခဲ့ရပြီးညီမဖြစ်သူကတော့ သူ့ကိုယ်သူပြီးပြည့်စုံတဲ့သူတစ်ယောက်လို့ခံယူထားတာဖြစ်ပါတယ်ဒါပေမယ့်ဘဝအလှည့်အပြောင်းဆိုတာအရမ်းကြောက်ဖို့ကောင်းတယ်လေနော်အစ်မဖြစ်သူကညီမအိမ်မှာနေရင်းပျင်းပျင်းနဲ့စာအုပ်တွေဖတ်ရာကနေကိုယ့်ကိုယ်ကိုသဘောကျဖို့ချစ်ဖို့အကောင်းမြင်စိတ်သွင်းဖို့ရည်ရွယ်ပြီးစာအုပ်တစ်အုပ်မတော်တဆရေးလိုက်မိတာကနေညီအမနှစ်ယောက်ဘယ်လိုအခြေအနေတွေပြဿနာတွေရင်ထဲရှိတာတွေပွင့်ထွက်လာကြမလဲအပယ်ခံရတဲ့အစ်မဖြစ်သူရဲ့ဘဝဟာဘယ်လောက်တောင်ဆိုးလဲဆိုတစ်ဦးတည်းသောသားကလက်ထပ်တာတောင်မင်္ဂလာဆောင်ကိုမခေါ်တဲ့အထိပါပဲသူ့သားနဲ့ရောဘယ်လိုအဆင်ပြေအောင်ကြိုးစားမလဲညီမနဲ့ရောတည့်အောင်ဘယ်လိုလုပ်မလဲသူ့ဘဝကရောမယုံနိုင်အောင်ဘယ်လိုပြောင်းလဲသွားမလဲ......ဒီကားထဲမှာသူရေးထားတဲ့စာအုပ်ရဲ့စာသားတစ်ချို့ကိုဖတ်ပြတဲ့အခါလူငယ်တွေလေးစားအတုယူရမယ့်စာသားလေးတွေပါနေတာကြောင့်သေချာကြည့်မယ်ဆိုပညာပါပေးတဲ့ဇာတ်ကားလေးဖြစ်မှာပါကိုယ့်ကိုယ်ကိုချစ်ပါ,သဘောကျပါအလွန်အကြူးနဲ့သူများတွေကိုတော့အနှောက်အယှက်မဖြစ်စေနဲ့ပေါ့ File Size : (787 MB) & (223 MB)Quality : Web-DL 720pRunning Time : 1 hr 23 minFormat : Mp4Genre : ComedySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

I Like Me (2019)

2018
The Wedding Guest (2018) 5.5
The Wedding Guest (2018) လန်ဒန်က အမျိုးသားတစ်ယောက် ပါကစ္စတန်က မင်္ဂလာပွဲတစ်ခုကိုသွားဖို့ပြင်ဆင်နေတယ်...ဒါပေမယ့် သူ့မျက်နှာက မှိုင်းညိုလို့ ပျော်ရွှင်နေတဲ့ပုံလည်းမပေါက်ပါလား...ဒါတင်မကသေးဘူး သူယူသွားဖို့ ပြင်ဆင်နေတဲ့ပစ္စည်းတွေကလည်း သမာရိုးကျမဟုတ်ပြန်ဘူး ...ဒါဆို သူအဲ့မင်္ဂလာပွဲကို သွားရတဲ့ရည်ရွယ်ချက်က ဘာများလဲ..သူကရော ဘယ်သူလဲ...သူတက်မယ့် မင်္ဂလာပွဲကို ကျင်းပမယ့်သူတွေက သူနဲ့ဘယ်လိုတော်စပ်နေသလဲ...ဇာတ်ကားတစ်ကားလုံး စလယ်ဆုံးဘာဖြစ်မလဲဘာဖြစ်မလဲဆိုပြီးရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ မ spoil တော့ပါဘူးကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ)File Size : (750 MB) and (380 MB) Quality : WEB-DL 720p Running Time : 1hr 38min Format : Mp4 Genre :  Thriller  Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by May Myat Thu Encoded by THZ
movie

The Wedding Guest (2018)

2018
The Legend Of Yang Jian ( 2018 ) 5.0
The Legend Of Yang Jian ( 2018 ) ပုံမှန်တွေ့နေကျ သိုင်းကားတွေ မှော်ကားတွေလိုအစွမ်းဘက်ကိုဦးစားမပေးပဲ တိုက်ခိုက်ရေးဘက်ကို ပိုဦးစားပေးထားတဲ့ဇာတ်ကားဖြစ်ပါတယ်ဒီကား​လေးဟာ ရန်​ကျန်​ဆိုတဲ့ တတိယမျက်​လုံးအစွမ်းရှိတဲ့နတ်​မင်းဟာ လူ့ပြည်​မှာတာဝန်​ထမ်း​ဆောင်​ရင်းရွာ​လေးတစ်​ရွာနားမှာဒဏ်​ရာဗလပွနဲ့လဲကျ​နေခဲ့ရုံသာမကမှတ်​ဥာဏ်​ပါ​ပျောက်​ဆုံးခဲ့ရပါတယ်​..ဒီလိုနဲ့ရွာသူမ​လေးယိ​ကျေဟာတစ်​ရွာလုံးနဲ့ဆန့်​ကျင်​ပြီး ရန်​ကျန်​ကိုကယ်​တင်​​ပေးခဲ့ရာက​နေဒီရွာ​လေးမှာ ဓားပြရန်​နဲ့ကြုံခဲ့ရပြီး ရန်​ကျန်​ရဲ့တန်​ခိုးစွမ်းအားကိုအမှတ်​မထင်​​တွေ့ရှိသွားတဲ့အခါ.....ရန်​ကျန်​တို့တစ်​သိုက်​ယဇ်​ပူ​ဇော်​ပွဲမှာကျင်းပမဲ့တိုက်​ခိုက်​​ရေးပွဲအတွက်​ တိုက်​ခိုက်​​ရေးသမားအဖြစ်​​ရောင်းစားခြင်းခံလိုက်​ရပါ​တော့တယ်​......ဒီတိုက်​ခိုက်​ပွဲမှာဘယ်​လိုအန္တရာယ်​​တွေနဲ့ကြုံ​တွေ့ရမှာလဲ....ရန်​ကျန်​က​ရောသူ့အတိတ်​ကိုပြန်​မှတ်​မိနိုင်​ပါ့မလားဇာတ်​ကားတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​...ကြမ်းတမ်းရက်​စက်​တဲ့သတ်​ပွဲ​တွေကြိုက်​တတ်​တဲ့သူ​​တွေအတွက်​​တော့ အကြိုက်​​တွေ့​စေမှာပါ... Translated & Review By Phyo ZawEncoded By LK
movie


2018
Nakee 2 (2018) 6.1
Nakee 2 (2018) ၂၀၁၆ခုနှစ်မှာ နာခီ ၁ကို ပြသခဲ့ပြီး rating အရမ်းကောင်းပြီး နာမည်ကြီးခဲ့တယ် ၂၀၁၈ oct မှာတော့ နာခီ၂ကို movie အနေနဲ့ ရုံတင်ခဲ့ပြီး တနှစ်ပြည့်ခါနီးဆဲဆဲမှာတော့ video file ထွက်လာခဲ့တယ် မဲခေါင်မြစ်က ဘိုးဘိုးနဂါး စရီဆူထို တရားထိုင်နေတုန်း နာခီမယ်တော်က လူ့ကမ္ဘာကို ခိုးတက်ပြီး ရေကစားလေ့ရှိတယ် တစ်ရက်ကျ ရေကစားရင်း ဂဠုန်တစ်ကောင် ဝင်သုတ်တာခံရတာကို တိုင်းပြည်ငယ်တခုက စစ်သူကြီး ရှိုင်ရဆင်က ကယ်တင်ခဲ့ရာက ချစ်ကျွမ်းဝင်သွားခဲ့တယ် စစ်သူကြီးတို့ထုံးစံအရ တိုင်းပြည်ကြီးတခုနဲ့ စစ်ဖြစ်ရင်း ရှိုင်ရဆင်ကျရှုံးသွားချိန်မှာတော့ နာခီဟာ စစ်နိုင်သွားခဲ့တဲ့တိုင်းပြည်တခုလုံးကို ရေလွှမ်းသတ်ခဲ့ပါတယ် အဲ့ဒီမကောင်းမှုကြောင့် ဘိုးဘိုးစရီဆူထိုရဲ့ နှစ်တထောင် အပြစ်ပေးမှုကို ခံခဲ့ရပြီး နာခီမယ်တော်ကို ကိုးကွယ်တဲ့ ဒုန်မမ်ပရွာလေးထဲက ခမ်ပွန်ဆိုတဲ့ မိန်းမကြီးတဦးရဲ့သမီးဖြစ်သူ ခမ်းကျောက်ကိုယ်ထဲ သူ့စိတ်ဝိဉာဏ်ဝင်နေခဲ့တယ် စစ်သူကြီးရှိုင်ရဆင်ကလည်း သုတေသနကျောင်းသား ထွတ်စဖွန်အဖြစ် ဒုန်မမ်ပရွာလေးဆီပြန်ရောက်လာခဲ့ပြီး အချစ်ဇာတ်လမ်းပြန်လည်ဖြစ်တည်လာခဲ့တယ် ဒါပေမယ့် ခမ်းကျောက်ကို သာမန်မြွေမကောင်းဆိုးဝါးအမှတ်နဲ့ တစ်ရွာလုံးက ဒုက္ခပေး အမေဖြစ်သူ ခမ်ပွန်ကိုပါ သတ်လိုက်ကြပြီး ထွတ်စဖွန်ကိုပါသတ်မယ်လုပ်ကြရာကနေ နာခီမယ်တော် ဒေါသပုန်ထခဲ့ပြီး ရွာသားတွေကို ထပ်သတ်ခဲ့ပါတော့တယ် ဒီအပြစ်တွေအတွက် ဘိုးဘိုးစရီဆူထိုက ထပ်အပြစ်ပေးခဲ့ပြီး ထွတ်စဖွန်ကတော့ ဘုန်းကြီးဝတ်သွားခဲ့ပါတော့တယ် ခုနာခီ ၂ ဖြစ်တည်လာရတဲ့အကြောင်းကတော့ နာခီ ၁မှာ ခမ်းကျောက်ကို မနာလိုဖြစ်နေပြီး ထွတ်စဖွန်ကို တဖတ်သတ်သဘောကျနေတဲ့ လမ်းကျစ်ဆိုတဲ့မိန်းကလေး ကျိန်ဆိုခဲ့တဲ့ဆုတောင်းစကားတခုကြောင့်ပါ နာခီမယ်တော် ...
movie

Nakee 2 (2018)

2018
The Scoundrels ( 2018 ) 6.5
The Scoundrels ( 2018 ) IMDb 6.5 ရရှိထားတဲ့ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်မြောက်ဝမ်လွေ့ကအရမ်းတော်တဲ့နိုင်ငံ့လက်ရွေးစင်ဘတ်စကတ်ဘောလုံးသမားဖြစ်ပါတယ်ပရိသတ်ကိုထိုးမိသောကြောင့်အသင်းမှနှုတ်ထွက်ခံရပါတယ်အလုပ်မရှိသူငယ်ချင်းမရှိနဲ့သူ့ဘဝဆိုးရွားလာတယ်ကြီးမားတဲ့လျော်ကြေးကြောင့်ကားပွဲစားဆိုင်မှာအလုပ်သွားလုပ်တယ်သူ့ဘေးမှာမိန်းကလေးသူငယ်ချင်းရှင်းကျယ်ပဲသူ့ကိုဂရုစိုက်တယ်တစ်နေ့မှာသူအလုပ်လုပ်ရင်းတစ်ကိုယ်လုံးသွေးတွေနဲ့ရန်ရာဝေ့ကိုတွေ့သွားပြီး မိုးကာဓားပြဖြစ်တဲ့အစ်ကိုပြောင်းကသူ့ကိုသေနတ်နဲ့ခြိမ်းခြောက်လို့သူ့နဲ့တစ်ဖွဲ့တည်းဖြစ်သွားတယ်ရဲတွေလိုက်ဖမ်းရင်းဘာတွေဆက်ဖြစ်ဦးမလဲမြောက်ဝမ်လွေ့နဲ့အစ်ကိုပြောင်းနဲ့ဘာတွေကြံစည်နေလဲသူတို့ရဲလက်ထဲကလွတ်နိုင်ပါ့မလား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာဆက်လက်စောင့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေနော် Translated & Review By XiaoEncoded By LK
movie

The Scoundrels ( 2018 )

2018
You Are the Apple of My Eye (2018) 6.9
You Are the Apple of My Eye (2018)   You Are the Apple of My Eye လို့မြင်မိတာနဲ့ ကျွန်တော်တို့ရင်ထဲ ဆစ်ခနဲနာလာတတ်တဲ့ ခံစားချက်တစ်ချို့ရှိခဲ့ကြတယ်မလား...၂၀၁၁ က ထိုင်ဝမ်ဇာတ်ကား You Are the Apple of My Eye ဆိုတဲ့ဇာတ်ကားဟာ ကျွန်တော်တို့ငယ်ဘဝတွေနဲ့ ထပ်တူကျလွန်းလို့အဲ့ဒီဆစ်ဆစ်နာတဲ့ အနာကိုပဲ တယုတယ ပြန်ပြန်သတိရ ခဏခဏ ပြန်ပြန်ကြည့်ရတဲ့ ဇာတ်ကားပေါ့...အခုကတော့ အဲ့ဒီဇာတ်ကားကို Japan Remake အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ဂျပန်ဇာတ်ကားဖြစ်လို့ တမူထူးခြားတဲ့ အရသာကို ပြန်မြည်းစမ်းခွင့်ရပါမယ်....ထူးခြားတာက စံပြကျောင်းသူ မိန်းမလှလေးနေရာက သရုပ်ဆောင်တဲ့ မင်းသမီးလေး Asuka Saitō ပါ။သူရဲ့ မိခင်က မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး ဂျပန်လူမျိုးဖခင်နဲ့ ရထားတဲ့ ကပြားလေးဖြစ်ပါတယ်။မြန်မာပြည်ကိုလဲ လာလည်ခဲ့ဖူးပါသတဲ့။ တကယ်လဲ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးမလေးပါ။ကျွန်တော်တို့ အားလုံး ငယ်ဘဝကိုဖြတ်သန်းဖူးသလို အမှတ်တရတွေကိုယ်စီရှိကြဖူးတယ်။ လောကကြီးအကြောင်းသင်ယူကာစ ဆယ်ကျော်သက်အရွယ်မှာ သိပ်ချစ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေရှိတယ်။ ဘဝရဲ့ ပထမဆုံးတွေ ...
movie

You Are the Apple of My Eye (2018)

2018
Ophelia (2018) 7.1
Ophelia (2018) ရှိတ်စပီးယားပြဇာတ်တွေနဲ့ မစိမ်းသူတွေကတော့ နာမည်ကျော် ဟမ်းမလက်ပြဇာတ်ကို သိကြမှာပါဒီကားကတော့ အဲဒီကမ္ဘာကျော်ပြဇာတ်ကိုပဲ ပြန်ရိုက်ထားတာ ဖြစ်ပါတယ်ဟမ်းမလက်ရဲ့အမျိုးသမီးဖြစ်သူ အိုဖီလီယာဘက်က လှည့်ပြီးတော့ဇာတ်ညွှန်းခွဲ ရိုက်ကူးတင်ဆက်ထားတာပါဇာတ်လမ်းအကျဉ်းကတော့ မင်းသားတစ်ပါးဖြစ်သူ ဟမ်းမလက်နဲ့ဘုရင့်နောက်တော်ပါးတစ်ဦးရဲ့ သမီးဖြစ်သူ အိုဖီလီယာတို့ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်ဟမ်းမလက်က သိပ်မရင့်ကျက်သေးတဲ့ မင်းသားတစ်ပါး ဖြစ်ပြီးသူ့ဦးရီးတော်ရဲ့ အနိုင်ကျင့်မှု လူဝါးဝမှုတွေကို ခံနေရကျဖြစ်ပါတယ်အိုဖီလီယာကတော့ တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ မိန်းမသားတွေကိုနှိပ်ကွပ်ထားတဲ့ခေတ်မှာတောင် ထက်ထက်မြက်မြက်ယောကျာ်းတွေနဲ့ တန်းတူ ကြီးပျင်းလာတဲ့ မိန်းကလေးတစ်ဦးပါသူတို့နှစ်ဦးရဲ့အခက်အခဲကြားက ချစ်ပုံပြင်ကို တင်ဆက်ထားတာပဲဖြစ်ပါတယ်သာမန်အချစ်ဇာတ်လမ်းလို့ထင်နိုင်ဖွယ်ရာရှိပေမယ့် ကမ္ဘာကျော်ပြဇာတ်ဆိုတဲ့အတိုင်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အနု အကြမ်း အလွမ်း အကုန်ပါအောင် တင်ဆက်ထားတာပါတစ်ဆင့်ပြီးတစ်ဆင့် ဇာတ်ကွက်ကိုမှန်းမရအောင် ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်ကြည့်မိလို့နောင်တမရမယ့်ကားတစ်ကားဖြစ်ပြီးတော့Rating 7.1 အထိရရှိထားပါတယ်...ဒီပြဇာတ်ကလည်း ရိုမီယို ဂျူးလိယက်နဲ့ အပြိုင် ကမ္ဘာကျော်ခဲ့တဲ့ပြဇာတ်တစ်ခုမို့ ကြည့်ပြီးတဲ့အခါ ...
movie

Ophelia (2018)

2018
Measure of a Man (2019) 6.2
Measure of a Man (2019) နွေရာသီအားလပ်ရက်ဆိုတာကိုမကြိုက်တဲ့သူမရှိသလောက်ရှားမယ်လို့ထင်ပါတယ်ဒီအချိန်ကအကုန်လုံးကိုခဏမေ့ထားပြီးလွတ်လွတ်လပ်လပ်ပျော်ပါးလို့ရတဲ့အချိန်ကောင်းလေးတစ်ခုပဲလေလူငယ်တွေအတွက်ရောမိသားစုတွေအတွက်ရော ဒါပေမယ့်ဒီကားလေးမှာတော့နွေရာသီအားလပ်ရက်ကိုမုန်းတဲ့လူငယ်လေးတစ်ယောက်ကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားကာရသအမျိုးမျိုးပေးထားတာကိုခံစားရမှာ နွေရာသီဆိုမြို့ပြကနေကျေးလက်ကိုထွက်လာပြီးအပန်းဖြေလေ့ရှိတဲ့ မိသားစုတွေမြို့ပြကနေလာအပန်းဖြေတဲ့သူတွေကိုမကျေနပ်တဲ့ဒေသခံလူငယ်အုပ်စုအဲဒီကြားထဲမှာဓါးစာခံဖြစ်ပြီးအမြဲအနိုင်ကျင့်ခံရတဲ့အပြင်ဘာလုပ်လုပ်အကောင်းမမြင်ပေးတဲ့အဖေရဲ့စကားလုံးဖိနှိပ်မှုတွေကိုပါခံရတဲ့ကောင်လေးတစ်ယောက် တစ်နေ့သူအလုပ်လုပ်တဲ့အိမ်ကအဖိုးကြီးရဲ့ပညာသားပါပါပညာပေးမှုတွေနဲ့ရင့်ကျက်လာတဲ့အခါ....ရုတ်တရက်ပြဿနာတွေထဖြစ်တဲ့အဖေနဲ့အမေရဲ့ဆက်ဆံရေးကြားထဲဘယ်လိုနေမလဲ ... တိတ်တခိုးချစ်နေရတဲ့ကောင်မလေးနဲ့ရောဘယ်လိုရှေ့ဆက်မလဲ...ဒီကြားထဲအချစ်ရေးရှုပ်တဲ့သူ့အစ်မပြဿနာတွေရော.... ဒီကားလေးကလူငယ်တွေကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါဟာသလေးတွေပါရောထားတာမို့ပျင်းရမှာမဟုတ်ပါဘူး... File Size : (937 MB ) & (302 MB)Quality :Web-DL 720pRunning Time :1 hr 40 minFormat : Mp4Genre :  Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

Measure of a Man (2019)

2018
1/1 (2018) 6.7
1/1 (2018) အခုမှအသက်နှစ်ဆယ်ပြည့်ကာစမိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းရတဲ့အခြေအနေတွေအခက်အခဲတွေ ဒုက္ခတွေကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါအဖေကရုတ်တရက်ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့အချိန်အမေနဲ့စကားများပြီးအိမ်ကထွက်လာခဲ့တဲ့ဆယ်ကျော်သက်အရွယ်မိန်းကလေးဆေးတွေသုံးပြီးရည်းစားနဲ့အတူအိပ်မိရာကကိုယ်ဝန်ရှိလာခဲ့တဲ့အခါရည်းစားကလည်းထားခဲ့ အဖေကလည်းသေအဲဒီအချိန်မှာပဲအမေနဲ့ပြန်လည်စကားပြောရာကအဖေရဲ့အကြောင်းတွေသိလာတဲ့အခါဘာကြောင့်သတ်သေသွားလဲဆိုတာ....လူငယ်တွေကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါ File Size : (789 MB ) & (249 MB)Quality :Web-DL 720pRunning Time :1 hr 25 minFormat : Mp4Genre :  DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

1/1 (2018)

2018
Edge of the Knife (2019) 6.3
Edge of the Knife (2019) နွေရာသီမှာကျွန်းတစ်ဖက်ကိုလာပြီး ဆောင်းတွင်းအတွက်အစာလာစုရတဲ့လူမျိုးစုတစ်စုသတ်မှတ်ထားတဲ့နေ့ရောက်ပြီဆိုသူတို့နေထိုင်ရာကျွန်းတစ်ဖက်ကိုပြန်ပြီးနေထိုင်စားသောက်ကျလေ့ရှိတဲ့လူမျိုးစုအကြောင်းကိုmysteryဆန်ဆန်ရိုက်ကူးထားတဲ့ကားလေးပါတစ်နေ့သူတို့နေထိုင်ရာကိုပြန်ရတော့မယ့်အချိန်မှာသူတို့မျိုးနွယ်စုဝင်လူငယ်တစ်ယောက်ကကလေးတစ်ယောက်ကိုခေါ်ပြီးပျောက်ချင်းမလှပျောက်ဆုံးသွားတဲ့အခါ...ဘယ်လောက်ပဲလိုက်ရှာလိုက်ရှာမတွေ့တော့တဲ့အဆုံးသေသွားပြီလို့ကောက်ချက်ချလိုက်တဲ့အချိန်....လုံးဝပြောင်းလဲသွားတဲ့သူကိုပြန်တွေ့လိုက်ရတဲ့အချိန်သူတို့ဘယ်လိုလုပ်ကြမလဲ....ကလေးကိုရောပြန်တွေ့နိုင်မလားဆိုတာ.....အဲဒီအချိန်ကမျိုးနွယ်စုတွေနေထိုင်မှု,ယုံကြည်မှုတွေကိုသေချာရိုက်ပြထားတဲ့ကားကောင်းလေးတစ်ကားပါ File Size : (944 MB ) & (306 MB)Quality :Web-DL 720pRunning Time :1 hr 41 minFormat : Mp4Genre :  Drama , HistorySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

Edge of the Knife (2019)

2018
Her Smell (2019) 6.2
Her Smell (2019) အောင်မြင်ကျော်ကြားနေတဲ့ရော့ခ်အဆိုတော်တစ်ယောက်ရဲ့အခက်အခဲတွေကိုရသအမျိုးမျိုးနဲ့ရိုက်ပြထားတဲ့ကားလေးတစ်ကားပါဘက်ကီဆမ်းသင်းဆိုတဲ့ ရှေးအယူအဆတွေနတ်ဘုရားကိုးကွယ်မှုတွေကိုအယူသည်းနေတဲ့အောင်မြင်နေတဲ့ရော့ခ်အဆိုတော်တစ်ယောက် ပတ်ဝန်းကျင်မှာရှိတဲ့ဆွေမျိုးတွေအဖွဲ့ဝင်တွေနဲ့အမြဲတမ်းပြဿနာဖြစ်နေခဲ့ပြီး နောက်ဆုံးအကုန်လုံးကစွန့်ခွာသွားချိန်မှာ..... အသက်ငယ်ငယ်ကောင်မလေးချောချောလေးတွေနဲ့ဖွဲ့စည်းထားတဲ့ရော့ခ်အဖွဲ့ကသူတို့နေရာကိုဝင်လာချိန်မှာ...သမီးလေးတစ်ယောက်ရှိပေမယ့်လည်းအောင်မြင်ချိန်မှာသူ့ရဲ့အယူသည်းမှုတွေကြောင့်သမီးကိုအနားမှာမထားရဲတဲ့ဘဝနောက်ဆုံးအောင်မြင်မှုဒဏ်ကိုမခံစားနိုင်ဘဲသမီးကိုအရမ်းချစ်လို့အကုန်လုံးကိုစွန့်လွှတ်ပြီးတစ်ယောက်တည်းနေဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာရော... သမီးနဲ့ရောအဆင်ပြေနိုင်မလား...သူအရမ်းမြတ်နိုးတဲ့ရော့ခ်ဂီတကိုရောပြန်လည်ခြေလှမ်းနိုင်မလားဆိုတာ... (ဒီကားထဲမှာအကုန်လုံးနဲ့မစိမ်းတဲ့မော်ဒယ်မင်းသမီးချောလေး ကာရာဒယ်လီဗင်းလဲပါဝင်ပါတယ်) File Size : (1 GB ) & (245 MB)Quality :Web-DL 720pRunning Time :2 hr 14 minFormat : Mp4Genre : Crime , Drama , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie

Her Smell (2019)

2018
There Is No Place Like Home(2018) 6.1
There Is No Place Like Home(2018) There Is No Place Like Home(2019)There is no place like home (2018) ဆိုတဲ့ အီတလီ Romance, Drama ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက မိသားစုပြန်လည်တွေ့ဆုံကြတဲ့ ပီယက်ထရိုနဲ့ အယ်လ်ဘာတို့ရဲ့ ရွှေရတု မင်္ဂလာပွဲအကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့နေတဲ့ ကျွန်းလေးပေါ်မှာ မင်္ဂလာပွဲကို ကျင်းပခဲ့ပြီး မိသားစုစုံစုံညီညီ ပျော်ပျော်ပါးပါး အောင်အောင်မြင်မြင်ပြီးဆုံးသွားပါတယ်။ဒါပေမဲ့ ဧည့်သည်မိသားစုတွေ ပြန်ချိန်ရောက်တဲ့အခါမှာ ပင်လယ်မှာ လေထန်နေလို့ မပြန်နိုင်ဖြစ်ပြီး နောက်တစ်ရက်ထပ်နေရပါတယ်။အဲဒီအချိန်မှာ မိသားစုတစ်ခုချင်းစီက အချစ်ကိုလိုသူတွေ၊ အချစ်ပိုနေသူတွေ၊ အချစ်သစ်ရှာတွေသူတွေ၊အချစ်ကို တစ်ဖန် ဖန်တီးသူတွေ၊ အချစ်အကြောင်းကိုနားလည်သွားသူတွေရဲ့ အကြောင်းကို ပြပေးထားတာပါ။ဘဝထဲကအချစ်တွေအကြောင်း ဖြစ်ပြီး စိတ်ကူးယဉ်ဆန်စရာ ကောင်းတဲ့အချစ်အကြောင်းမဟုတ်လို့ သဘာဝကျကျအချစ်ဇာတ်ကားလေးတစ်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (850 MB) and ...
movie

There Is No Place Like Home(2018)

2018
Deja Vu ( 2018 ) N/A
Deja Vu ( 2018 ) လူခြေတိတ်ဆိတ်တဲ့ညတစ်ညမှာ ဂျီမင်က ခင်ပွန်းလောင်းဝူဂျင်နဲ့အတူကားမောင်းထွက်တုန်း ဝူဂျင်ကကားနဲ့ကျောင်းသူလေးတစ်ယောက်ကိုတိုက်မိခဲ့ပြီးအဲ့ဒီကျောင်းသူလေးကအခင်းဖြစ်ရာမှာပဲသေဆုံးသွားခဲ့ပါတယ်...ဝူဂျင်နဲ့ဂျီမင်တို့က သေဆုံးသွားပြီဖြစ်တဲ့ကျောင်းသူလေးကိုဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတစ်နေရာမှာလူမသိအောင်မြုပ်ထားပစ်လိုက်ပါတော့တယ်...အဲ့နေ့ကစပြီး ဂျီမင်တစ်ယောက်ထင်ယောင်ထင်မှားတွေမကြာခဏမြင်ကြားနေရပြီးသေသွားတဲ့ကျောင်းသူလေးကိုလည်းမကြာခဏသူ့ရှေ့ပေါ်လာတာကိုမြင်နေရလို့စိတ်ဂယောင်ခြောက်ခြားတွေဖြစ်နေခဲ့ပါတယ်....ဂျီမင်ကရဲစခန်းကိုသွားပြီး စုံထောက်အင်ထက်ဆီကိုအဲ့နေ့ကကားတိုက်မှုအကြောင်းကိုသွားတိုင်ကြားတဲ့အခါ အဖြစ်မှန်ကဒီတိုင်းပေါ်လာမှာလား....အဲ့ဒီသေဆုံးသွားတဲ့ကျောင်းသူလေးမှာ အဖေလိုတစ်ဖုံအစ်ကိုလိုတစ်ဖုံညီမလေးကိုအရမ်းချစ်တဲ့အစ်ကိုရှိနေမှန်းသူတို့မသိကြသောအခါ...အဲ့ဒီအစ်ကိုကရောသူ့ညီမလေးအတွက်ဘယ်လိုကလဲ့စားပြန်ချေပေးမှာလဲ....ဆိုတာဆက်လက်စောင့်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေ... Translated & Review By XiaoEncoded By LK
movie

Deja Vu ( 2018 )

2018
Adolescence (2018) 5.7
Adolescence (2018) တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးပြေပြေပြစ်ပြစ်မရှိဘဲဖရိုဖရဲဖြစ်နေတဲ့မိသားစုမှမွေးဖွားလာခဲ့တဲ့အာဒမ်ဟာလှပပြီးတော့ နားလည်ရခက်ခဲတဲ့အဲလစ်စ်ဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့သွားတဲ့အခါမှာယခင်ကသူ့ရဲ့သွက်သွက်လက်လက်မရှိတဲ့အကျင့်စရိုက်တွေဟာပြောင်းလဲလာပါတော့တယ်အရင်ကလိုကြောက်ရွံ့ရွံ့ကောင်လေးတစ်ယောက်မဟုတ်တော့ဘဲပြောင်းလဲလာခဲ့တဲ့အာဒမ်ဟာ နောက်ပိုင်းမှာအဲလစ်စ်ကြောင့် ဘယ်လိုတွေလမ်းမှားရောက်ပြီးဒုက္ခတွေရောက်ဦးမှာလဲ...ဒီဇာတ်လမ်းလေးမှာ အပေါင်းအသင်းကြောင့် ဘ၀ကောင်းသွားနိုင်သလိုအပေါင်းအသင်းကြောင့်ပဲ ဘ၀ပျက်ဆီးသွားတတ်တယ်ဆိုတာကိုလဲတွေ့မြင်ရမှာပါ File Size : ( 994 MB) & (250 MB)Quality :Web-DL 720pRunning Time :1 hr 39 minFormat : Mp4Genre : Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie

Adolescence (2018)

2018
Red Joan (2019) 6.3
Red Joan (2019) ဒီ Red Joan ဆိုတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အတွင်းအင်္ဂလန်နိုင်ငံ၏နျူးကလီးယားဗုံးနှင့်ပတ်သတ်သည့်ထိပ်တန်းလျှို့ဝှက်ချက်များကိုရုရှားတွေဆီအသိပေးခဲ့တဲ့ စပိုင်တစ်ယောက်ရဲ့အကြောင်းကိုရေးသားထားတဲ့နာမည်တူစာအုပ်ကို ပြန်လည်မှီငြမ်းပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်...ဂျုန်းဟာ ရူပဗေဒပညာကိုအထူးပြုသင်ယူထားတဲ့ကမ်းဘရစ်ခ်ျကျောင်းဆင်းတစ်ယောက်ပါ...သူ့အနေနဲ့ဘယ်လိုလုပ်ပြီးတော့နိုင်ငံရဲ့လျှို့ဝှက်ထိပ်တန်းအချက်အလက်တွေကိုဖောက်ထွင်းယူတတ်တဲ့စပိုင်တစ်ယောက်ဖြစ်သွားရသလဲ...သူပြောပြတဲ့ သူ့အနေနဲ့နိုင်ငံကိုသစ္စာဖောက်ခဲ့မိရတဲ့အကြောင်းရင်းကတော်တော့်ကိုစိတ်ဝင်စားစရာပါ...အဲ့အကြောင်းကဘာဖြစ်မလဲဆိုတာနဲ့ဘာကြောင့်စိတ်ဝင်စားဖို့ကောင်းရသလဲဆိုတာကိုဒီ Red Joan ကားကိုကြည့်ပြီးအဖြေရှာကြည့်ကြည့်လိုက်ပါ File Size : (945 MB) & (358 MB)Quality :Web-DL 720pRunning Time :1 hr 34 minFormat : Mp4Genre : Drama , Biography , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie

Red Joan (2019)

2018
Free Solo (2018) 8.2
Free Solo (2018) မဖြစ်နိုင်တဲ့အရာတွေ လုပ်ပြတဲ့အခါ ကျနော်တို့ အရမ်းသဘောကျ ကြပါတယ်။ ဘယ်လိုလုပ်သွားတယ် ဆိုတာကိုလဲ သိချင်ကြပါတယ်။ ၂၀၁၇ ခုနှစ် ဂျွန်လ ၃ ရက်နေ့က မယုံနိုင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်သွားပါတယ်။ ပေ ၇၅၀၀ ကျော်မြင့်တဲ့ အယ်လ်ကပ္ပိတန် လို့ခေါ်တဲ့ တောင်စောင်းကို လူတစ်ယောက် တက်သွားပါတယ်။ "နေပါဦး အယ်လ်ကပ် ကို လူတွေတက်နေတာ ၁၉၅၇ ခုနှစ် ကတည်းကပဲ။ ဘာများထူးဆန်းလို့လဲ" လို့မေးကောင်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးက ကြိုးတွေနဲ့ တက်ကြတာပါ။ အခု တစ်ယောက်ကတော့ ကြိုးမပါဘဲ တက်ခဲ့ပါတယ်။ Free Solo လို့ခေါ်တဲ့ ကြိုးမပါဘဲ တောင်တက်တဲ့ အားကစားတစ်ခု ရှိပါတယ်။ အဲ့ဒါက ဘယ်လောက်တောင်မှ ခက်ခဲပြီး အန္တရာယ်များ သလဲဆိုရင် မအောင်မြင်ရင် သေဖို့တစ်လမ်းပဲ ရှိပါတယ်။ ကြိုးမပါတဲ့ အတွက် ဒုတိယအကြိမ် ပြန်ကြိုးစားခွင့် ဆိုတာ မရှိပါဘူး။ ဒီမှတ်တမ်းရုပ်ရှင်မှာဆိုရင် အဲလက်စ်ဟွန်နိုးရဲ့ အယ်လ်ကပ်ကို ကြိုးလွတ်တက်ဖို့ ကြိုးစားတဲ့ အကြောင်းကို ကြည့်ရမှာပါ။ လူသားတစ်ယောက်အနေနဲ့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ဖို့ ကြိုးစားရင်း ဘာတွေပေးဆပ် လိုက်ရသလဲ ဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ အဖြေရှာနိုင်ပါတယ် ဒီ မှတ်တမ်းရုပ်ရှင်ကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Htet Wai Lwin ဖြစ်ပြီး Thit San ...
movie

Free Solo (2018)

2018