Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2018
N/A
Zawgyi*******အခုနောက်ဆုံးထွက် Sci-Fi Movie ကားပဲဖြစ်ပါတယ် တရုတ်တို့ဟာthe wandering earth 2019 ကားမှာအောင်မြင်မှုအကြီးအကျယ်ရပြီးတဲ့နောက်CGI ကောင်းကောင်းနဲ့ သိပ္ပံကားတွေဆက်လက်ဖန်တီးဖို့ကြိုးစားနေတာတွေ့ရသလိုဒီကားမှာလည်း မင်းသားမင်းသမီးအားကောင်းကောင်းနဲ့တင်ဆက်ထားတာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ် မင်းသား လုဟန် နဲ့ မင်းသမီး ရှု ကြည် တို့ ပါဝင်ထားပါတယ်အညွှန်းကတော့အာကာသ ကျောက်စိုင်တစ်ခုကြောင့် လူသားမျိုးနွယ်တစ်ခုလုံးဒုက္ခရောက်ရတဲ့အချိန်မှာ လူသားတွေ တိုက်ပွဲရင်ဆိုင်တဲ့ပုံကိုရိုက်ပြထားတဲ့ ကားလေးပါ...ဒီကျူးကျော်သူ ဂြိုလ်သားတွေကိုလူသားတွေ ဘယ်လိုတိုက်မယ်...ဒီစစ်ပွဲတွေကြားထဲမှာဘယ်လိုဇာတ်လမ်းတွေ ရှိနေဦးမယ်ဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ...အက်ရှင်ကြိုက်သူ၊ sci-fi ချစ်သူတွေလည်းအကြိုက်တွေ့မယ့်ကားလေးမို့ လက်မလွှတ်သင့်ဘူးနော် Unicode*******အခုနောက်ဆုံးထွက် Sci-Fi Movie ကားပဲဖြစ်ပါတယ် တရုတ်တို့ဟာthe wandering earth 2019 ကားမှာအောင်မြင်မှုအကြီးအကျယ်ရပြီးတဲ့နောက်CGI ကောင်းကောင်းနဲ့ သိပ္ပံကားတွေဆက်လက်ဖန်တီးဖို့ကြိုးစားနေတာတွေ့ရသလိုဒီကားမှာလည်း မင်းသားမင်းသမီးအားကောင်းကောင်းနဲ့တင်ဆက်ထားတာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ် မင်းသား လုဟန် နဲ့ မင်းသမီး ရှု ကြည် တို့ ပါဝင်ထားပါတယ်အညွှန်းကတော့အာကာသ ကျောက်စိုင်တစ်ခုကြောင့် လူသားမျိုးနွယ်တစ်ခုလုံးဒုက္ခရောက်ရတဲ့အချိန်မှာ လူသားတွေ တိုက်ပွဲရင်ဆိုင်တဲ့ပုံကိုရိုက်ပြထားတဲ့ ကားလေးပါ...ဒီကျူးကျော်သူ ဂြိုလ်သားတွေကိုလူသားတွေ ဘယ်လိုတိုက်မယ်...ဒီစစ်ပွဲတွေကြားထဲမှာဘယ်လိုဇာတ်လမ်းတွေ ရှိနေဦးမယ်ဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ...အက်ရှင်ကြိုက်သူ၊ ...
movie
Shanghai Fortress ( 2019 )
2018
6.2
A Dark Place(2018)
A Dark Place(2018)ဟာဘာ့ခ်ျဟာ ဆိုတဲ့မြို့လေးဟာ လူစိမ်းအ၀င်အထွက်မရှိ မှုခင်းတွေ မရှိသလောက်ရှားပါးပြီး တိတ်ဆိတ်အေးချမ်းတဲ့ မြို့ငယ်လေးတစ်ခုပါ။ ဒွန်နီကတော့ မြို့ရဲ့သန့်ရှင်းရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီး မုဆိုးမ မိခင်ကြီးနဲ့ အတူနေထိုင်ပါတယ်။ တစ်နေ့တော့ ဒွန်နီ အမှိုက်သိမ်းတဲ့လမ်းကြောင်းရဲ့အိမ်တစ်အိမ်က ကလေးငယ်တစ်ယောက် ပျောက်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့မနက်မှာ အလောင်းအဖြစ် ပြန်တွေ့ခဲ့ရပါတယ်။ကလေးမှာပြင်ပဒဏ်ရာမရှိတဲ့အတွက် သာမန်ရေနစ်သေဆုံးမှုလို့သာ ပိတ်သိမ်းလိုက်ပေမယ့် ကလေးမိခင်ရဲ့စကားတစ်ခွန်းကြောင့် ဒီအမှုကို သူစိတ်ဝင်စားလာပါတယ်။ တစ်ခြား ဘယ်သူကမှ ဂရုစိုက်ပုံမရတဲ့ ဒီအမှုကိုစိတ်ဝင်တစားလိုက်ပါစုံစမ်းမိချိန်မှာတော့ခြိမ်းခြောက်မှုတွေ အန္တရာယ်တွေရင်ဆိုင်လာရတဲ့အခါ။ ဒီအမှုဟာ တကယ်ပဲ မရိုးသားမှုတွေရှိနေတာလား?ဘယ်လိုရန်သူမှမရှိနိုင်တဲ့ကလေးငယ်တစ်ယောက်အသတ်ခံရတယ်ဆိုရင် အကြောင်းပြချက်က ဘာကြောင့်ဖြစ်နိုင်မလဲ? သူတို့နယ်မြို့လေးဟာထင်သလို တကယ်ရော အေးချမ်းရဲ့လား? Mystery, Thriller ဇာတ်ကားမျိုးဆိုပေမယ့် မိသားစု ဒရာမာလေးနဲ့အတူAndrew Scott ရဲ့ အံ့မခန်းသရုပ်ဆောင်စွမ်းရည်ကိုပါ မြင်တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်.....File Size : (839 MB) and (300 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Mystery,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
A Dark Place(2018)
2018
6.1
All Is True(2019)
All Is True(2019)15ရာစု 16ရာစုအတွင်းမှာနာမည်ကျော်ကြားခဲ့ပြီး အခုထက်ထိလည်း အင်္ဂလိပ်စာပေလောကမှာသြဇာကြီးမားခဲ့တဲ့ ကဗျာဆရာကြီး ပြဇာတ်ဆရာကြီး ဝီလီယမ်ရှိတ်စပီးယားအကြောင်းသိကြမှာပါ သူက Romeo & Juliet, King Lear, Hamlet,Merchant of Venice စတဲ့ နာမည်ကြီးပြဇာတ်ကြီးတွေအပြင်ကဗျာပေါင်းများစွာရေးခဲ့တာပါ လန်ဒန်မှာလည်း ပြဇာတ်ရုံတည်ထောင်ပြီး အဲ့ဘက်ခေတ် အင်္ဂလန်ပြည်ကြီးရဲ့ နာမည်ကျော်ပြဇာတ်ဆရာဖြစ်ခဲ့ပါတယ်ဒီဇာတ်ကားမှာတော့ သူ့ရဲ့အောင်မြင်ခဲ့တဲ့နှစ်တွေအပြီး သူ့ရဲ့မိသားစုဘဝ ကိုယ်ပိုင်ဘဝအကြောင်းကိုရိုက်ထားတာပါ ..... မိသားစုအတွင်း ဖြည်တည်ကြတဲ့သံယောဇဉ်တရားတွေနဲ့ သူဖြတ်သန်းခဲ့ရတဲ့ အခက်ခဲဆုံးဆိုတဲ့အကြောင်းကို ရိုက်ပြထားတာလည်းဖြစ်ပါတယ်.... ၀ီလီယမ်ရှိတ်စပီးယားဆိုတာနဲ့ သူ့ရဲ့အောင်မြင်မှုတွေနဲ့ အောင်မြင်မှုမရခင်စပ်ကြားကာလမှာ ကြိုးစားမှုတွေကို အခက်ခဲဆုံးလို့ထင်ခဲ့ပေမယ့် ဒါက သူ့အတွက် ရင်ဆိုင်ဖြေရှင်းရအခက်ခဲ့ဆုံးအပိုင်းမဟုတ်ခဲ့ပါဘူး... သူ့ဘ၀အတွက်သူ့မိသားစုအတွက်က အခက်ခဲ့ဆုံးအပိုင်းက ဘာဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါဦး.ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်....File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Format…mp4 Duration…01:41:00 Genre : Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
All Is True(2019)
2018
5.5
The Rookies ( 2019 )
Zawgyi*******ဒီကားလေးဟာတရုတ်နိုင်ငံမှာ 2019 julyကမှထွက်ထားတဲ့တရုတ်နဲ့အင်္ဂလိပ်တို့ဖက်စပ်ရိုက်ကူးထားတဲ့ အထူးအေးဂျင့်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီကားထဲမှာ အမြင့်တက်ပြပြီးလိုင်းပေါ်မှာပရိသတ်အခိုင်အမာရရှိထားတဲ့ ဖျော်ဖြေရေးသမားကျောက်ဖုန်းဟာဇီဝလက်နက်လဲလှယ်ဖို့လုပ်နေတဲ့အကြမ်းဖက်သမားတွေရဲ့ကြားထဲကိုမတော်တဆဝင်ရောက်မိသွားရကနေ နိုင်ငံတကာအထူးအေးဂျင့်ဖြစ်တဲ့Bruceလက်အောက်မှာတာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့အခါ....Budapestမြို့မှာ Bruceအပါအဝင်သူ့ရဲ့သူငယ်ချင်းတီထွင်ပညာရှင်တင်းစန်းနဲ့အလုပ်ကနေနားထားတဲ့ဆရာဝန်မ LVတို့အပြင်တရုတ်ဘက်ကအရာရှိမလေး မြောက်မြောင်တို့နဲ့အတူBudapestမြို့လေးမှါအေးဂျင့်အဖြစ်တါဝန်ထမ်းဆေါင်ဖို့ဖြစ်လာတဲ့အခါကမ္ဘာကြီးကိုဖျက်ဆီးဖို့ကြံစည်နေတဲ့ သံမဏိလက်သီးကိုနှိမ်နင်းနိုင်ပါ့မလား..Actionကားကြိုက်သူတွေအတွက်တော့အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းတစ်ခုပါပဲ.. Translated & Review By Phyo ZawEncoded By LK Unicode********ဒီကားလေးဟာတရုတ်နိုင်ငံမှာ 2019 julyကမှထွက်ထားတဲ့တရုတ်နဲ့အင်္ဂလိပ်တို့ဖက်စပ်ရိုက်ကူးထားတဲ့ အထူးအေးဂျင့်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီကားထဲမှာ အမြင့်တက်ပြပြီးလိုင်းပေါ်မှာပရိသတ်အခိုင်အမာရရှိထားတဲ့ ဖျော်ဖြေရေးသမားကျောက်ဖုန်းဟာဇီဝလက်နက်လဲလှယ်ဖို့လုပ်နေတဲ့အကြမ်းဖက်သမားတွေရဲ့ကြားထဲကိုမတော်တဆဝင်ရောက်မိသွားရကနေ နိုင်ငံတကာအထူးအေးဂျင့်ဖြစ်တဲ့Bruceလက်အောက်မှာတာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့အခါ....Budapestမြို့မှာ Bruceအပါအဝင်သူ့ရဲ့သူငယ်ချင်းတီထွင်ပညာရှင်တင်းစန်းနဲ့အလုပ်ကနေနားထားတဲ့ဆရာဝန်မ LVတို့အပြင်တရုတ်ဘက်ကအရာရှိမလေး မြောက်မြောင်တို့နဲ့အတူBudapestမြို့လေးမှါအေးဂျင့်အဖြစ်တါဝန်ထမ်းဆေါင်ဖို့ဖြစ်လာတဲ့အခါကမ္ဘာကြီးကိုဖျက်ဆီးဖို့ကြံစည်နေတဲ့ သံမဏိလက်သီးကိုနှိမ်နင်းနိုင်ပါ့မလား..Actionကားကြိုက်သူတွေအတွက်တော့အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းတစ်ခုပါပဲ..Translated & Review By Phyo ZawEncoded By LK
movie
The Rookies ( 2019 )
2018
6.2
Driven (2018)
ပိုက်ဆံရဖို့အတွက် မူးယစ်ဆေးအရောင်းအ၀ယ်၊သယ်ယူပို့ဆောင်ရေးအလုပ်တွေလုပ်နေရတဲ့ဂျင်မ်ဆိုသောသူတစ်ယောက်တစ်နေ့မှာ အက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက်ဆီမှာမူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့အဖမ်းခံလိုက်ရသည်...သို့သော်လဲ အစိုးရရဲ့သတင်းပေးအနေနဲ့လုပ်ရင်ထောင်ကျမခံရအောင်လုပ်ပေးမယ်ဆိုတဲ့ကတိကြောင့်ဂျင်မ်တစ်ယောက်သတင်းပေးဖြစ်လာခဲ့ပြီးမူးယစ်ဆေးအရောင်းအ၀ယ်သမား မော်ဂန်ဆိုသည့်သူကိုဖမ်းဆီးရန်အတွက်ကယ်လီဖိုးနီးယားတောင်ပိုင်းကို သူတို့မိသားစုလိုက်ပြောင်းရွှေ့လာခဲ့ကြသည်...မမျှော်လင့်ဘဲနဲ့ သူတို့အိမ်နားမှာနေထိုင်သည့်သူဟာမော်တော်ကားလောကရဲ့နာမည်ကြီးတီထွင်သူတဖြစ်လဲကားကုမ္ပဏီကြီးတစ်ခုရဲ့ဦးစီးခေါင်းဆောင်ဂျွန်ဒီလောရီယန်ဖြစ်နေကြောင်းကိုသိခဲ့ရပြီးမကြာမီမှာ သူတို့နှစ်ယောက်ခင်မင်လာခဲ့ကြသည်...နောက်ပိုင်းမှာ ဂျွန်ရဲ့ကုမ္ပဏီငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေကြုံတွေ့လာရတဲ့အခါမှာဂျင်မ်တစ်ယောက် သူ့ရဲ့ဇာတ်ရှုပ်တွေထဲဂျွန့်ကိုဆွဲသွင်းလိုက်မိရာမှဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ...ဂျင်မ်ရဲ့ အက်ဖ်ဘီအိုင်အတွက်အလုပ်လုပ်ပေးနေတာတွေကရောမျှော်လင့်ထားသလိုအဆင်ပြေလာပါ့မလား...အက်ဖ်ဘီအိုင်ကရောကတိပေးထားတဲ့အတိုင်းဂျင်မ့်ကိုလွတ်လပ်စွာနေခွင့်ပေးလိုက်မှာလား...ဂျင်မ်တို့ဘ၀ထဲဂျွန်တစ်ယောက်ဘယ်လိုတွေဆက်စပ်ဝင်လာမိမှာလဲဒီကားလေးထဲမှာ ကြည့်လိုက်ရအောင်လားဗျာ... File Size : (1 GB) & (203MB)Quality : WEB-DL 720pRunning Time : 1 hr 48 minFormat : Mp4Genre : Biography , Drama , ThrillerSubtitle : Myanmar Subtitle (Hard Sub) ...
movie
Driven (2018)
2018
6.7
Gwen (2018)
ဒီကားလေးကတော့မိသားစုဒရမ်မာဇာတ်ကားလေးတစ်ကားပါစစ်တိုက်ထွက်သွားတဲ့ဖခင်ပြန်အလာကိုစောင့်နေတဲ့မိသားစုတစ်စုတောင်ကုန်းပေါ်ကသူတို့လုပ်ကိုင်စားသောက်နေတဲ့ခြံကိုအပိုင်သိမ်းချင်နေတဲ့တောင်ခြေကလူတွေ ဖခင်မရှိခိုက်မှာသူတို့ခြံရဲ့သိုးတွေကိုသတ်ပစ်ပြီးသူတို့ခြံမရောင်းရောင်းအောင်အနိုင်ကျင့်ကြတဲ့ လူအုပ်စုရောဂါအခြေအနေတစ်နေ့တခြားဆိုးရွားလာတဲ့အမေကိုလည်းဆေးကုဖို့ပိုက်ဆံကမရှိ ခြံကလည်းမဖြစ်ထွန်းနောက်ဆုံးမှာသူတို့မိသားစုစိတ်ကူးထဲကအတိုင်းအဖေပြန်အလာကိုသူတို့တောင်ကုန်းပေါ်ကခြံလေးမှာပဲစောင့်နေနိုင်မလားအဖေကရောပြန်လာနိုင်မလားသူတို့ခြံလေးကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကြည့်ကြည့်လိုက်ပါဦးနော် File Size : (788 MB) & (225MB)Quality : WEB-DL 720pRunning Time : 1 hr 24minFormat : Mp4Genre : AnimationSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Gwen (2018)
2018
8.0
Miss Granny (2018)
Miss Granny (2018)_____IMDb - 8.0/10 ဒီတစ်ခေါက် Channel Myanmar ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ "Miss Granny" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းပဲဖြစ်ပါတယ်...ဖိလစ်ပိုင်ဇာတ်လမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းပါ...ဒီဇာတ်လမ်းက 2014 မှာထွက်ခဲ့တဲ့ ကိုးရီးယားဇာတ်လမ်း "Miss Granny 2014" ကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်..ဇာတ်အိမ်ကောင်းပြီး တခဲနက်အောင်မြင်ခဲ့တာကြောင့် Chinese Version "20 Once Again"ဆိုပြီးတော့ 2015 မှာ ထွက်ရှိခဲ့ပါသေးတယ်...ဒီလောက် ကောင်းတဲ့ ဇာတ်လမ်းကို ဖိလစ်ပိုင်နာမည်ကျော် မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုရမှာပါအညွှန်း - ဖေလီဆိုတဲ့ အသက် ၇၀ ကျော်အမျိုးသမီးပါ...ဆံပင်ဖြူ သွားကျိုးပြီး ပါးရေနားရေတွေ တွန့်ကာ ခြေထောက်တွေလည်း မကောင်းတော့တဲ့ အရွယ်ပါ...ဖေလီမှာ သူဂုဏ်ယူရတဲ့ ဂုဏ်ထူးဆောင် သားလေးတစ်ယောက်ရှိပါတယ်...သူဟာ သူ့သားလေးက ဘယ်လောက်တော်ကြောင်း ဘယ်မှာ ပါမောက္ခဆိုပြီး တွေ့တဲ့သူတိုင်းကို အမြဲ ဂုဏ်ယူပြောဆိုတတ်ပါတယ်...အချိန်တန် ...
movie
Miss Granny (2018)
2018
5.6
Charlie Says (2018)
ဒီကားကတော့ အမေရိကားရဲ့စက်ဆုပ်ဖွယ်ကောင်းပြီးနာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့Charlie Mansonနဲ့သူ့နောက်လိုက်တွေအကြောင်းရိုက်ထားတဲ့Biographical Dramaကားတစ်ကားဖြစ်ပါတယ်။အရင်လည်းသူ့အကြောင်းရုပ်ရှင်တွေရိုက်ခဲ့ဖူးပါတယ်။ဒီကားမှာတော့ သူ့ကိုအရမ်းကိုချစ်ခင်ယုံကြည်ခဲ့တဲ့ကောင်မလေးတွေဘက်ကရိုက်ပြထားတာပါ။ဒီဘဲကြီးကThe Beatles ရော့ခ်အဖွဲ့ကိုအရမ်းရူးသွပ်ပြီးသူကိုယ်တိုင်လဲသီချင်းတစ်ပုဒ်တောင်ထွက်ခဲ့သေးတယ်။ကယ်လီဖိုးနီးယားကခြံကြီးတစ်ခြံမှာ Manson Family ဆိုပြီးသူတို့နေကြတယ်။ပုံစံကနည်းနည်းဟစ်ပီဆန်တယ်လွှင့်ပစ်ထားတဲ့အသီးအရွက်တွေကိုချက်စားတယ်မြင်ဇောင်းမှာအိပ်တယ် သူတို့အချင်းချင်းလိင်ဆက်ဆံကြတယ်သူတို့ဘာကိုမှမထိန်းချုပ်ထားဘူး။ဒါပေမယ့် ကျမ်းစာကိုရူးသွပ်ပြီး race warကိုစတင်ဖို့လုပ်တယ်။အခုလက်တလောထွက်ထားတဲ့ နာမည်ကြီး Once upon a time in HollywoodကားမှာMargot Robbieသရုပ်ဆောင်ထားတဲ့ Sharon Tateနဲ့တခြားအနုပညာရှင်တွေကိုလည်း ဒီFamilyကသတ်ခဲ့တာပါ။ဒီကားမှာ ဒီဘဲကြီးကကောင်မလေးတုံးတုံးအအလေးတွေကိုတကယ်လွှမ်းမိုးခြယ်လှယ်ပြီး brainwashလုပ်သွားတာတွေကိုရိုက်ပြထားတယ်။Castတွေကလည်း မျက်နှာသိပ်မစိမ်းတဲ့သူတွေပါGame of Thrones seriesထဲက ဂီလီတစ်ယောက်လဲပါပါတယ်။ File Size : (1 GB) & ( 387 MB)Quality ...
movie
Charlie Says (2018)
2018
3.9
D-Railed (2018)
ခရီးသည်အုပ်စုတစ်စု အပျော်စီးရထားပေါ်မှာပါလာခဲ့ကြသည်...ရထားပေါ်မှာအပျော်ကစားနည်းများကစားရင်းရင်ခုန်စိတ်လှုပ်ရှားရမည်ဟုမျှော်မှတ်ခဲ့ကြသော်လဲစိတ်ညစ်ဖွယ်အဖြစ်အပျက်များနဲ့သာတွေ့ကြုံခဲ့ရပါတယ်...တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ရထားကပါလမ်းချော်ပြီးမြစ်ထဲပြုတ်ကျသွားသောအခါ...သူတို့ဘာတွေဆက်ဖြစ်ကြမလဲ...သူတို့ကိုကယ်ဆယ်မယ့်သူတွေရောရောက်လာမှာလား...မရောက်လာဘူးဆိုရင်ရော သူတို့အသက်ဆက်လက်ရှင်သန်အောင်ဘယ်လိုတွေကြိုးပမ်းရုန်းကန်ကြရမှာလဲဒီကားလေးထဲမှာကြည့်လိုက်ရအောင်လား File Size : (754 MB) & (279 MB)Quality : WEB-DL 720pRunning Time : 1 hr 20 minFormat : Mp4Genre : ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie
D-Railed (2018)
2018
3.7
Pentagram (2019)
ဒီကားကတော့ Pentagramလို့ဆိုတဲ့အတိုင်းနတ်ဆိုးကိုပူဇော်တာနဲ့ပတ်သတ်တဲ့ကားလေးပါ။ဆေးစွဲနေတဲ့မိန်းကလေးဟိုလီရယ်၊သူ့ကိုအမြဲကူညီစောင့်ရှောက်နေတဲ့သူ့အစ်ကိုလုခ်ရယ်၊သရဲပုံပြင်တွေပြောပြီး နေရာတကာဆရာကြီးလုပ်တတ်တဲ့မက်စ်နဲ့ကူညီချင်စိတ်ရှိတဲ့လော်ရန့်တို့ ခပ်ဆိုးဆိုးလူငယ်၎ယောက်ဟိုလီဆေးဖြတ်ဖို့အတွက် အယ်လ်အေကိုထွက်လာခဲ့တယ်။လမ်းတစ်လျှောက်ကစားသောက်ဆိုင်တွေကိုဓားပြတိုက်လာရင်းပေါ့။တစ်နေရာရောက်တော့ အကြောင်းတစ်ခုကြောင့်ကားပျက်ရာကနေအဖြစ်ဆိုးတွေကြုံရမယ့်အိမ်အိုကြီးတစ်လုံးထဲ ဝင်ရောက်မိပါတော့တယ်။ပြီးတော့ သူတို့အကုန်ကျိန်စာမိပြီး အိမ်အပေါ်ထပ်ကနတ်ဆိုးနဲ့ပတ်သတ်တဲ့pentagramထဲပိတ်မိသွားပါတော့တယ်။အဲ့ကနေလွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းကလူတစ်ယောက်ကိုစတေးရမှာဖြစ်တဲ့အကြောင်းသိသွားတဲ့အချိန်မှာတော့သူတို့လွတ်မြောက်ဖို့အတွက် ဘာတွေလုပ်ကြမလဲ၊မိမိသေရေးရှင်ရေးနဲ့ပတ်သက်လာတဲ့အခါဘယ်လိုတွေလုပ်မိကြမယ်ဆိုတာ ဒီကားမှာကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : (752 MB) & (284 MB)Quality : WEB-DL 720pRunning Time : 1 hr 20 minFormat : Mp4Genre : HorrorSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie
Pentagram (2019)
2018
4.8
Zoo Wars (2018)
ပိတ်ရက်မှာကိုယ်တွေလိုစကြဝဠာကြီးထဲကနေ တိရစ္ဆာန်ဝဠာကြီးထဲခဏသွားလိုက်ကြရအောင်ဒီကားထဲမှာတော့ သူတို့အခေါ်တိရစ္ဆာန်ဝဠာကြီးပေါ့အဲဒီထဲကကောင်းတဲ့အခြမ်းနဲ့မကောင်းတဲ့အခြမ်းတို့ရဲ့မပြီးဆုံးနိုင်တဲ့စစ်ပွဲကြီးသူတို့နဂါးငွေ့တန်းမှာရှိတဲ့ အကုန်လုံးကိုအမှုန့်ဖြစ်သွားအောင်လုပ်ပစ်နိုင်တဲ့ ဆော့စ်ဆိုတဲ့စွမ်းအားကြီးကို မကောင်းတဲ့အခြမ်းကခေါင်းဆောင်ကထိန်းချုပ်ပြီးဒီစကြဝဠာတစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့ကြိုးစားနေတဲ့အချိန်အဲဒါကိုတားဆီးနိုင်မယ့် ကောင်းတဲ့အခြမ်းရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ရွေးချယ်ထားတဲ့သူဆိုတာကြီးကိုရှာပုံတော်ဖွင့်ရင်း ဘယ်လိုအတားအဆီးတွေကိုကျော်ဖြတ်ကြမလဲစစ်ပွဲကြီးကရောဘယ်ကဘယ်လိုအစပြုလာလဲ...နောက်ဆုံးသူတို့ရှာနေတဲ့သူကိုဘယ်မှာရှာတွေ့မလဲ(ရှာတွေ့တဲ့နေရာကအဆန်းကြီး)မကောင်းတဲ့အခြမ်းကခေါင်းဆောင်ကိုဘယ်လိုတွေတိုက်မလဲဆိုတာကိုတော်တော်ကိုမထင်ထားတဲ့လှည့်ကွက်လေးတွေနဲ့ရယ်နေရမယ့်ကာတွန်းကားကောင်းလေးတစ်ကားပါFile Size : (657 MB) & ( 209 MB)Quality : Web-DL 720pRunning Time : 1 hr 10 minFormat : Mp4Genre : Animation , Comedy , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Zoo Wars (2018)
2018
4.8
The Ladybug (2018)
ဒါကတော့ ကာတွန်းကားလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ချစ်စရာကာတွန်းကားလေးတ်ါကားပါ။အရမ်းစိတ်ထားကောင်းမွန်ပြီး ရိုင်ပင်းကူညီတတ်တဲ့ ရူဘီလို့ခေါ်တဲ့ပျစားပိုးအမလေးတစ်ကောင်ဟာလူတွေဖန်တီးထားတဲ့ ဖန်အိမ်ထဲမှာပဲနေရပါတယ်။တစ်နေ့မှာ တီဗီကနေတဆင့် သစ်ပင်ပန်းပင်တွေနဲ့စိုပြည်လှပနေပြီးပိုးကောင်လေးတွေရဲ့သုခဘုံလို့တင်စားရတဲ့ရွှေရောင်တောင်ကြား (Golden Canyon)ကိုသိရှိခဲ့ပါတယ်။ဒါကြောင့် အကြွားသန်ပြီးလေကြီးတဲ့ ပုစဉ်းတစ်ကောင်နဲ့ မိတ်ဆွေဖွဲ့ပြီးရွှေရောင်တောင်ကြားဆီ စွန့်စားခန်းဖွင့်ပါတော့တယ်။ဝေးလှတဲ့ခရီးတစ်လျှောက်မှာ အန္တရာယ်တွေကိုရင်ဆိုင်ပုံတွေ၊မိတ်ဆွေတွေအချင်းချင်းရိုင်းပင်းကူညီပုံတွေကိုဟာသစွက်ပြီးတင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ချစ်စရာကာတွန်းကားလေးတစ်ကား ဖြစ်ပါတယ်။ File Size : (712 MB) & ( 338 MB)Quality : Web-Rip 720pRunning Time : 1 hr 15 minFormat : Mp4Genre : AnimationSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded ...
movie
The Ladybug (2018)
2018
6.4
Trial by Fire (2019)
တကယ်ပဲကလေးတွေကိုမီးရှို့သတ်ခဲ့တာလား၊လွတ်မြောက်ဖို့မျှော်လင့်ချက်တွေထားရင်းတကယ်ပဲသေဒဏ်မှလွတ်မြောက်မှာလားဆိုတာရယ်ဥပဒေလုပ်ထုံးလုပ်နည်းတွေကရောတကယ်ပဲမျှတရဲ့လား၊အဆိုးရွားဆုံးပြစ်မှုကျ ူးလွန်တဲ့သူတွေကရောလူသားတွေဖြစ်တဲ့အတွက်သေဒဏ်ပေးသင့်လား၊အပြင်လောကမှာရောမှားယွင်းပြီးသေဒဏ်ပေးခံရတဲ့လူဘယ်လောက်များရှိနေမလဲဆိုတာတွေကိုဖော်ပြရိုက်ကူးထားတဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ကြည့်သင့်တဲ့ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။IMDb rating 6.3 Rotten Tomatoesမှာ 61%နှင့်တခြားဝေဖန်မှုကောင်းတွေလည်းရထားပြီးနာမည်ကြီးမင်းသမီးကြီး Laura Dernလည်းပါဝင်ထားပါတယ်။(ရေဒီယိုမှလာတဲ့အမေရိကန်soccerအသုံးအနှုန်းအချို့ကိုအနီးစပ်ဆုံးဘာသာပြန်ထားပါတယ်)File Size : (1 GB) & ( 372 MB)Quality : Web-DL 720pRunning Time : 2 hr 07 minFormat : Mp4Genre : Biography , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie
Trial by Fire (2019)
2018
3.4
Joking Jazz 5G Aka Luang Pee Jazz 5G (2018)
ထိုင်းဟာသဇာတ်ကားဖြစ်တဲ့ Luang Pee Jazz 4G-2016 ရဲ့ အဆက်ဖြစ်တဲ့ Joking Jazz 5G -2018 ဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ပထမဇာတ်ကားက ဇာတ်ဆောင်အတော်များများ ပါဝင်ထားပြီး ပေါ့ပေါ့ပါးပါး ရီရမယ့် ဇာတ်ကားပါ။ File size…(1 GB) and (600 MB) Quality….HD-Rip 720p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Kyi Nue Zin & Nang Mwe Kham
movie
2018
5.5
Eerie(2018)
Eerie(2018)ကျောင်းတွေတိုင်းမှာ တစ္ဆေပုံပြင်တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတာတွေရှိတတ်ကြပါတယ်။ သီလရှင်တွေအုပ်ချုပ်တဲ့ မိန်းကလေး သီးသန့်ကျောင်းဖြစ်တဲ့ စတာလူရှာမှာလဲ ရှိပါတယ်။ သုံးထပ်မြောက်က အိမ်သာထောင့်ဆုံးအခန်းမှာ ကျောင်းသူတစ်ယောက်သတ်သေသွားဖူးတဲ့အတွက် အဲ့ဒီအိမ်သာကို ဘယ်သူမှ မသွားရဲကြပါဘူး။ တစ်နေ့ကျောင်းသူလေးတစ်ယောက် ညသန်းခေါင်တစ်ယောက်တည်း အဲ့ဒီအိမ်သာထဲကို သွားမိရင် ကြမ္မာဆိုးတစ်ခုနဲ့ကြုံမိသွားရာကနေ..။ ကျောင်းကို စည်းကမ်းလဲကြီး မျက်နှာထားလဲတင်းမာတဲ့ စစ္စတာ အဲလစ်စ်က အုပ်ချုပ်ပါတယ်။ မစ္စပတ် ကတော့ စိတ်ပိုင်းဆိုင်ရာအတိုင်ပင်ခံ တစ်ယောက်ဖြစ်တယ်။ ညဘက်ဆိုရင် သတ်သေသွားတဲ့ကျောင်းသူ အယ်ရစ်ကာက သူနဲ့စကား လာလာပြောတတ်တယ်။ အယ်ရစ်ကာ သေဆုံးမှုဟာ စစ္စတာ အဲလစ်စ်ရဲ့လက်ချက်မကင်းဘူးလို့ သံသယ၀င်လာတဲ့သူဟာ နှစ်ပေါင်းများစွာတည်ရှိလာခဲ့တဲ့ ကျောင်းကြီးရဲ့ အရှုပ်အထွေးတွေကြား မလွှဲမရှောင်သာ ၀င်ပါမိပါတော့တယ်။ Horror ထုံးစံ jump scare တွေ အများကြီးမသုံးထားပဲနဲ့ ဇာတ်ကြောင်းနဲ့လှည့်ကွက်တွေကို ဦးစားပေးတည်ဆောက်ထားတဲ့ကားတစ်ကားပါ။ ကြည့်နေရင်း ပဟေဠိတွေနဲ့ တစ်စိမ့်စိမ့်ခြောက်ခြားလာစေရမှာအမှန်ပါပဲ။ File Size : (850MB) and (341 MB) Quality : WEB-DL 720p, Format…mp4 Duration…01:41:00 Genre : ...
movie
Eerie(2018)
2018
3.3
The Dip Run (2019)
ဒီကားလေးကတော့သူငယ်ချင်းလေးယောက်ရဲ့အလွဲတွေကို ရိုက်ပြထားတဲ့တစ်ကားလုံးရယ်ရမယ့်ဟာသကားလေးတစ်ကားပါ ဆေးလိပ်ကြီးတွေအရောင်းအဝယ်လုပ်ဖို့စိတ်ကူးနဲ့အမေရိကန်ကိုဖြတ်ပြီးတော့အပေးအယူအတွက်ခရီးထွက်ခဲ့တာကနေစတာပဲတစ်လမ်းလုံးသူတို့လိုရာခရီးရောက်ဖို့ကို အနှောင့်ပေါင်းစုံသူတို့ရဲ့အလွဲပေါင်းစုံနဲ့ အားနေလမ်းမှာရပ်ပြီးပါတီလုပ်ချင်တဲ့သူတို့တွေလိုရာခရီးကိုရောက်ပြီးအဆင်ပြေပြေနဲ့အပေးအယူလုပ်နိုင်မလား ပြဿနာတွေဖြစ်ပြီးတိုင်း ဒီထက်ဆိုးဆိုးရွားရွားဘာများထပ်ဖြစ်နိုင်ဦးမှာလဲလို့ပြောပြီးသူငယ်ချင်းသုံးကောင်လုံးကိုဂျင်းထည့်သွားတဲ့ခေါင်းဆောင်တဲ့သူငယ်ချင်းကရောသူဦးဆောင်ပြီးခေါ်လာတဲ့ဒီအပေးအယူလုပ်မယ့်ခရီးစဉ်မှာ အဆင်ပြေပြေပြီးသွားမလားနောက်ဆုံးမထင်မှတ်ထားတဲ့အရာကြီးဖြစ်လာတဲ့အချိန်မှာရောသူတို့ဘာဆက်လုပ်ကြမလဲဆိုတာကို ရယ်မောရင်းကြည့်ရှုရမှာပါ File Size : (969 MB) & ( 361 MB)Quality : Web-DL 720pRunning Time : 1 hr 36 minFormat : Mp4Genre : ComedySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
The Dip Run (2019)
2018
6
House of the Rising Sons ( 2018 )
ဒီကားလေးဟာ Imdb6ရထားတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်1970ဝန်းကျင်လောက်ကအောင်မြင်ကျော်ကြားပြီး အသက်ကြီးသည်အထိလက်တွဲမဖြုတ်ခဲ့ကြတဲ့ ရော့ဂီတအဖွဲ့ Wynnersအကြောင်း တင်ဆက်ဖော်ပြထားတာပါ...သူတို့ရဲ့အောင်မြင်ကျော်ကြားမှုဆီလျှောက်လှမ်းရာလမ်းဟာပန်းခင်းသောလမ်းမဟုတ်ခဲ့ပါဘူးကျောင်းသားဘဝက သူတို့တိုက်ခန်းမှာသီချင်းလေ့ကျင့်ရင်းပတ်ဝန်းကျင်ရဲ့အပြစ်တင်မှုတွေကိုခံယူခဲ့ရပါတယ်..မိဘတွေရဲ့နားမလည်ပေးမှုတွေ..အခက်အခဲပေါင်းများစွာကိုဘယ်လိုတွေရင်ဆိုင်ဖြေရှင်းကြမလဲ...သူတို့တွေအောင်မြင်မှုရချိန်မှာဘယ်လိုပြသနာတွေကိုထပ်ပြီးကြုံတွေ့ရမှာလဲ..ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်....ဂီတလမ်းခရီးရဲ့ကြမ်းတမ်းမှုတွေ..အခက်အခဲ ပြသနာမျိုးစုံတွေကို တွေ့မြင်ရမှာဖြစ်ပြီးရင်ထဲထိစေတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ အရမ်းကိုသဘောကျမိပါတယ် Translated & Review By Phyo ZawEncoded By LK
movie
House of the Rising Sons ( 2018 )
2018
6.7
Making Babies(2018)
Making Babies(2018)ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ မိသားစု ကားလေးပါဒါရိုက်တာ Josh F Huber ရိုက်ကူးထားတဲ့ ဒီကားလေးမှာ မင်းသမီးချော Eliza Coupe နဲ့ Steve Howey တို့ အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Making Babies ဆိုတဲ့ နာမည်လေးအတိုင်းပဲ ...... ကလေးကို အရူးအမူးလိုချင်လှတဲ့ ဂျွန်( Steve) နဲ့ ကေတီ(Coupe) တို့ လင်မယားဟာ ၅ နှစ်ကြာတဲ့အထိ ကလေးမရလာတဲ့အခါ သူတို့တွေ ဆေးပညာရဲ့ အကူအညီနဲ့ ကလေးရဖို့ ကြိုးစားကြပါတော့တယ် .....ဂျွန်ဟာ အိုင်တီဌာနက ဖြစ်ပြီး သူ့ဝါသနာက ဘီယာဖောက်တဲ့ လုပ်ငန်းပါ ..... ကေတီကတော့ ကုမ္ပဏီတခုက စာရင်းကိုင်တယောက်ပေါ့ ...... အလုပ်တဘက်နဲ့ သူတို့နှစ်ယောက် ကလေးကို ငမ်းငမ်းတက်လိုချင်လို့ ဘယ်လို ခက်ခက်ခဲခဲကြိုးစားကြတာကို ဟာသလေးတွေ စွက်ပြီး ပေါ့ပေါ့ပါးပါးလေး ရိုက်ထားတာပါ .....ဒီကားလေးဟာ ဘယ်ဆီနေမှန်းမသိသေးတဲ့ ကလေးလေးကို ကြိုချစ်နေကြတဲ့ မိဘတွေရဲ့မေတ္တာကို ...
movie
Making Babies(2018)
2018
5.3
A Monks Madness ( 2019 )
ဒီဇာတ်လမ်းဟာ လွီကျေ့စိမ်းဆိုတဲ့ဘုန်းတေ်ကြီးတစ်ပါးရဲ့သွေးသောက်ညီအစ်ကိုလင်ချုံးကိုကယ်တင်ရင်းကြုံတွေ့ရပုံတွေကို ဖော်ညွှန်းပြသထားတာဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ ကောင်းယာနေ့ဆိုတဲ့စစ်သေနာပတိချုပ်ရဲ့သားဟာစစ်သူကြီးလင်ချုံးရဲ့ မိန်းမကို နှစ်သက်သဘောကျမိရာကနေလင်ချုံးကိုချောက်ချခဲ့ပြီး ချန်းကျုံးအကျဉ်းထောင်မှာပြစ်ဒဏ်ကျခံစေရုံသာမကလမ်းခုလတ်မှာလိုက်လံသတ်ဖြတ်ဖို့စခိုင်းခဲ့ပါတယ်....ဒါကိုရိပ်စားမိတဲ့ ဘုန်းတော်ကြီးလွီကျေ့ချုံးဟာ သူ့ရဲ့သွေးသောက်ညီအစ်ကိုလင်ချုံးနောက်တိတ်တဆိတ်လိုက်ပါသွားခဲ့ပြီးကူညီကယ်တင်ပေးရာကနေ ဘယ်လိုအန္တရာယ်တွေကြုံတွေ့ရမလဲ...လင်ချုံးနဲ့ သူ့မိန်းမကိုကယ်တင်ပေးနိုင်ပါ့မလား...ဒီကားထဲမှာ ဖြောင့်မတ်မှန်ကန်တဲ့လင်ချုံး..သစ္စာရှိလွန်းတဲ့မစ္စလင်..သွေးသောက်ညီအစ်ကိုအတွက်ဘာမဆိုစွန့်စားမယ့်လွီကျေ့စိမ်း...မစ္စလင်ကိုရဖို့ ကောက်ကျစ်ယုတ်မာလွန်းတဲ့ကောင်းယာနေ့တို့ရဲ့ အားပြိုင်မှုတွေကိုတွေ့ရမှာဖြစ်ပါတယ်...... Translated & Review By Phyo ZawEncoded By LK
movie
A Monks Madness ( 2019 )
2018
5.0
Summer Night (2019)
နွေရာသီနောက်ဆုံးရက်သတ္တပတ်တွေထဲက တစ်ရက်အကြောင်းပါအချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ Seth နှင့် Jamesonရယ်Taylorနှင့်တခြားသူငယ်ချင်းတွေရဲ့ music bandတွေဟာ သူတို့မြို့ထဲမှာရှိတဲ့The Alamoမှာဖျော်ဖြေရမှာပါ Sethမှာလဲ သူ့လူငယ်ဘဝကိုပြောင်းလဲသွားစေမယ့်သတင်းတစ်ခုနဲ့လဲ စိတ်ရှုပ်နေပါတယ်Jamesonကလဲ သူ့ရဲ့အဆက်ဟောင်းမိန်းကလေးနဲ့မကြာခင်ကဆုံခဲ့တဲ့အလန်းလေးတစ်ယောက်ကြား တွေဝေနေပါတယ်တစ်ခြားသူငယ်ချင်းတွေဆီမှာလည်း လူငယ်သဘာဝကိစ္စလေးတွေကိုယ်စီကိုယ်စီနဲ့ရှိနေပါတယ်ဒီဇာတ်ကားမှာ လူငယ်တို့သဘာဝ နွေရာသီညတစ်ညကိုကုန်ဆုံးတာနှင့်music bandရဲ့သီချင်းလေးတွေကို ခံစားရမှာဖြစ်ပါတယ် castတွေအနေနဲ့တော့မျက်နှာသိပ်မစိမ်းတဲ့ လူငယ်သရုပ်ဆောင်တွေကို တွေ့ရမှာဖြစ်ပါတယ်File Size : (870 MB) & (329 MB)Quality : Web-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie
Summer Night (2019)
2018
First
10
11
12
13
14
Last
Previous
Next