Channel Myanmar
2017
Take Off (2017)
Take Off (2017) Take Off (2017) ဒီကားက ကိုယ့်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တာဝန်ရှိသူတွေမှာ ဘယ်လောက်တာဝန်ယူစိတ်ရှိသလဲဆိုတဲ့အပေါ် မူတည်ကြောင်း ရိုက်ပြခဲ့တဲ့ကားလေးပေါ့။ဒီအတွက် စားကောင်းသောက်ကောင်း သံအရာရှိ၊ စားကောင်းသောက်ကောင်း မျိုးချစ်စိတ်နဲ့တော့ မရဘူး။လူစိတ်ရော လူကြီးစိတ်ပါရှိမှ ဖြစ်မှာပါ။Take off က ၂ဝ၁၇ မတ်လ ၂၄ ရက်နေ့က ထွက်ခဲ့တဲ့ အိန္ဒိယမာလာရာလမ် စကားပြော ဒရာမာနဲ့ ရင်သိမ့်တုန်ကားပါ။အီရတ်နိုင်ငံ တီကရစ်ဆေးရုံမှာ အလုပ်သွားလုပ်တဲ့ နပ်စ် ၁၉ ယောက်ဟာ ၂ဝ၁၄ အီရတ်အစိုးရနဲ့ ISIS တို့ ပြည်တွင်းစစ်ထဲမှာ ပိတ်မိနေတယ်။အသက်ဆိုတာ အစွန်းရောက် အစ္စလာမ်မစ် တွေရဲ့ သေနတ်ပြောင်းဝမှာပဲ ရှိတယ်။အိန္ဒိယအနေနဲ့ သူ့လူ ၁၉ ယောက်ကို ဘေးမသီရန်မခ ဘယ်လို ကယ်ခဲ့ရလဲဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ဒီကားကို မာဟက်ရှ်နာရာယမ်နဲ့ ပီဗွီရှာဂျစ်ကူးမားတို့က ဇာတ်ညွှန်းရေးသားပြီး မာဟက်ရှ်နာရာယမ်က ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ဒီရုပ်ရှင်ကို ဒူဘိုင်းနဲ့ ...
movie
Take Off (2017)
2017
HEVC 1080p 5.1
The Fate of the Furious (2017) Fast and Furious 8 6.8
The Fate of the Furious (2017) Fast and Furious 8       Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့  Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ...
movie
The Fate of the Furious (2017) Fast and Furious 8
2017
Midnight Runners (2017) 7.3
Midnight Runners (2017) ဒီတခေါက်တော့ Marvel ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တော့မယ့် တောင်ကိုရီးယားမင်းသား‌‌ေချာ Park Seo-Joonပါဝင် သရုပ်ဆောင်ခဲ့တဲ့ Midnight Runners ဆိုတဲ့ action, comedy ကားလေးကို တင်ဆက်လိုက်ပါပြီIMDB rating 7.3 နဲ့ .Rotten Tomatoes 100% ရရှိထားပါတယ်တောင်ကိုရီးယားမင်းသားချော Kang Ha-neul နဲ့အတူ ရိုက်ကူးထားပြီး 2017 ခြနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းလေးကတော့ ရည်ရွယ်ချက်ရေရေရာရာမရှိဘဲနဲ့ ရဲတက္ကသိုလ်ကို ရောက်လာကြတဲ့ အူကြောင်ကြား ကောင်လေး ၂ ယောက် အကြောင်းကို ရိုက်ပြထားတာပါPark Seo-Joon ကတော့ အစားမက်တဲ့ကောင်လေး ဂီဂျွန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး Kang Ha-neul က သန့်ရှင်းရေးကျန်းမာရေးနဲ့ ပတ်သက်လာရင် ဇီဇာကြောင်တတ်တဲ့ မှန်ကြောင်လေး ဟီရောအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်သဘာဝမတူ၊ ရှင်သန်ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်မတူ၊ စတွေ့ကတည်းက မျက်နှာကြောမတည့်တဲ့ ကောင်လေး ၂ ယောက်ရဲတက္ကသိုလ်ဝင်ခွင့်အတွက် ...
movie
Midnight Runners (2017)
2017
The Emoji Movie (2017) 5.7
The Emoji Movie (2017) လူတိုင်း အသုံးပြုနေတဲ့ Emoji လေးတွေ အကြောင်းလေ့လာ စမ်းစစ် ဖူးပါသလား...ဥပမာ တစ်နေ့ကို Emoji ဘယ်နှစ်ခုသုံးတယ်ဘယ် Emoji ကို အသုံးများနေတယ် ဆိုတာကိုပေါ့ဒီ The Emoji Movie မှာတော့ လူတိုင်းရဲ့ ဖုန်းတစ်လုံးဆီမှာEmoji လေးတွေ ရဲ့ ကမ္ဘာရှိပါတယ်ဒစ်ဂျစ်တယ် ကမ္ဘာပေါ့အဲ့ဒီ ဒစ်ဂျစ်တယ် ကမ္ဘာလေးတွေထဲက Emoji တွေဟာလူတစ်ယောက်စီ တိုင်းအတွက် အလုပ်လုပ်ပေးရပါတယ်Emoji ဌာန တွေ ရှိပြီး စနစ်တကျ စည်းမျဉ်းအတိုင်းသွားရပါတယ်အကယ်၍များ သင် ဖုန်းကနေ တစ်ယောက်ယောက်ကိုEmoji မှားပို့လိုက်တာ ဆိုရင် Digital World ထဲက Emojiတစ်ကောင်က အမှားလုပ်မိလိုက်တာ ဖြစ်ပြီး သူ့နေရာအစားထိုးခံရပြီး အလုပ်ပြုတ်သွားနိုင်ပါတယ် :Pကဲ Emoji လေးတွေ ဘယ်လို အလုပ်လဲ ကြည့်ဖို့အသင့်ပဲလားဒီရုပ်ရှင်ကားကို Aye Mon Kyaw က ဘာသာပြန်ပေးထားပြီးThit San ...
movie
The Emoji Movie (2017)
2017
77 Heartbreaks (2017) 6.1
77 Heartbreaks (2017) 2017 ခုနှစ်ထွက် ဟောင်ကောင် Drama ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတာလင်မယားတွေကြားမှာသာ သက်ရောက်မူမရှိပေမယ့်သမီးရည်းစားတွေအနေနဲ့ တော့ အခန့်မသင့်လျှင်ပြတ်ဆဲသွားသည်အထိ ဖြစ်သွားတတ်ပါတယ် ဒီကားလေးထဲမှာတော့ချစ်သူရည်စားတွေအနေနဲ့ ဘယ်လောက် သက်တမ်းကြာတဲ့RS ဖြစ်ပါစေ ပြသနာရှာရင်း အရစ်လွန်သွားရင်တော့စိတ်ကုန်ပြီး ပြတ်ဆဲသွားနိုင်တယ်ဆိုတာကို သင်ခန်းစာယူကြည့်ကြရမှာပါကိုယ့်အချစ်ရေးတစ်ကယ်မပြီးဆုံးခင် အသဲဘယ်နှကြိမ်ကွဲခဲ့လဲ?တစ်ခါလား နှစ်ခါလား? အီဗအတွက်တော့ ၇၇ကြိမ်ကွဲခဲ့တာပါ. သူ့ချစ်သူကောင်လေး အဒမ်ကသူ့ကိုအသဲကွဲခံစားအောင်လုပ်ခဲ့တဲ့ အကြိမ်အရေအတွက်ပါ. နောက်ဆုံးတော့ သူမဟာ လမ်းခွဲခဲ့ပါတယ် ၇၈ကြိမ်မြောက်သူထပ်ပြီးခွင့်လွတ်နိုင်မှာလား? သင်ရော သင်ချစ်တဲ့သူကို ဘယ်လောက်အကြိမ်ကြာကြာခွင့်လွတ်နိုင်မှာလဲ သင်ရောဒီဇာတ်လမ်းကိုကြည့်ပြီး အသဲဘယ်နှခါကွဲသွားမလဲ???????သင်ရော သင့် ကောင်လေး/ ကောင်မလေးအပေါ်မှာ၇၇ကြိမ် သည်းခံ နိုင်ပါ့မလား ¿¿¿ :PQty - 720p BlurayDuration - 1hr 35minGern - Drama / RomanceSubtitle - Myanmar HardsubTranslator - Inzali ThanhtikeEncoder - Kyaw Ye Aung
movie
77 Heartbreaks (2017)
2017
The Hitman’s Bodyguard (2017) 6.9
The Hitman’s Bodyguard (2017) The Hitman's Bodyguard (2017)IMDb - 6.9/10_____Rotten - 43%  2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့  လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ...... သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ...
movie
The Hitman’s Bodyguard (2017)
2017
The Boss Baby (2017) 6.3
The Boss Baby (2017) The Boss Baby (2017)________IMDb - 6.3/10    မိဘနှစ်ပါးရဲ့ အလိုလိုက်ချင်းကိုခံထားရတဲ့ တင်ဆိုတဲ့ကလေးလေးဘဝထဲကို ညီလေးတစ်ယောက် ယောက်လာခဲ့တယ်။ အဲဒီကလေးပေါက်စကို မနာလိုလည်းဖြစ် မသင်္ကာတဲ့အစ်ကိုဖြစ်သူ တင်မ် ဟာ လျို့ဝှက်ထောက်လှမ်းရင်းဘော့စ်ဘေဘီလေးရဲ့ လျိုှုဝှက်ချက်ကို သိသွားခဲ့ပါတယ်။ သူ့ညီမြန်မြန်ထွက်သွားစေဖို့အတွက် သူ့ညီရဲ့လျို့ဝှက်စစ်ဆင်ရေးကို လိုက်ကူညီရင်း ကမ္ဘာပေါ်က ကလေးတွေရဲ့ ချစ်ခြင်းကို လုယူမယ့် ဗီလိန်ကြီးတစ်ယောက်နဲ့ ရင်ဆိုင်လာရတဲ့အခါ.....။ဒါရိုက်တာ Tom McGrath က ရိုက်ကူးပြီး ဇာတ်ညွှန်းရေးသူကတော့ Michael McCullers ပါကာတွန်းဇာတ်ကောင်တွေရဲ့ နောက်ခံစကားပြောသူတွေအနေနဲ့ကတော့ Boss Baby အဖြစ် Alec Baldwin နဲ့ Older Tim အဖြစ်Patton Wswalt တို့က အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။ 20th Century Foxကုမ္ပဏီက ရိုက်ကူးပြီး မတ် ၃၁ ရက်မှာ ထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဘာသာပြန်ကတော့ ဝေယံမောင် နဲ့ မျိုးမြင့်မောင်ဖြစ်ပါတယ်File Size - 765 MB Translated By - Wai ...
movie
The Boss Baby (2017)
2017
Despicable Me 3 (2017) 6.3
movie
Despicable Me 3 (2017)
2017
HEVC 1080p 5.1
Thupparivaalan 7.6
Thupparivaalan Thupparivaalan (2017) မြန်မာစာတန်းထိုး Imdb Ratings : 7.8 ဒီကားလေးက ကြည့်ဖူးနေကျ တေလဂူကားတွေနဲ့ လုံး၀ကွဲထွက်နေတဲ့ မင်းသားချော Vishal ရဲ့ Mysteryဆန်တဲ့ကားလေးစုံထောက်ကြီးရှားလော့ဟုမ်းကို ကြိုက်ခဲ့လို့လား မသိတေလဂူ စုံထောက်ကားကို အရသာတွေ့နေမိပါတယ် ညွှန်းတယ်လို့ပဲ ဆိုဆို ဒီကားက တေလဂူ(ကောလိဝုဒ်)မဆန်တဲ့ကား လို့ ပြောပါရစေတေလဂူမဆန်ဘူးဆိုတာ့တစ်ခြားပြောတာ မဟုတ်ပါ သီချင်းတွေလုံး၀မပါတာ၊ စကားတွေအများကြီး မပြောတာ ဇာတ်လမ်း အရမ်းကြီးမရှည်တာတွေကို ပြောတာပါမင်းသားကလည်း နာမည်ကြီး မင်းသား အရင်ဇာတ်ရုပ်တွေနဲ့လုံး၀ကို မတူပဲ တစ်ခေတ်ဆန်းထားတဲ့ကားလို့ပဲ ဆိုချင်တယ်ဇာတ်ကြောင်းက...အလွတ်စုံထောက်တစ်ယောက် အမှုလိုက်စရာမရှိလို့ ငြီးတွားနေရာက စပါတယ် လာအပ်တဲ့အမှုတွေကလည်း သာမာန်အမှုတွေမို့သူ့အတွက် ပျင်းဖို့ကောင်းနေတာပေါ့ ပျင်းရင် စောင်ခြုံအိပ်လိုက် စာအုပ်တွေဖတ်လိုက်နဲ့ မာနကြီးပြီး စကားတွေအများကြီးမပြောတတ်တဲ့ ဂွတီးဂွကျ စုံထောက်ပေါ့ (Sherlock charactorကို မှီငြမ်းထားတာကိုး)အမှုမရှိချင်နေ..ပိုက်ဆံတွေ ဘယ်လောက်ပုံပေးပါစေ သူစိတ်မပါရင် ဘယ်အမှုကိုမှ လက်မခံတတ်တဲ့ ခေါင်းမာတဲ့စုံထောက်နာမည်က ကာနီယန်းတဲ့တစ်နေ့တော့ သူတို့မြို့လေးရဲ့ ပင်လယ်ကမ်းခြေနားမှာနေတဲ့ကောင်လေး တစ်ယောက် သူ့ဆီကို အမှုတစ်ခုလာအပ်တယ်အမှုက အဲ့ဒီကောင်လေး မွေးထားတဲ့ခွေးလေး ပျောက်ဆုံးတဲ့အမှုကောင်လေးနာမည်က နာဗီးတဲ့အမှုကိုကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းပေမယ့် အကြောင်းစုံသိလိုက်ရတဲ့အခါ ဆန်းကြယ်တဲ့အမှုတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်ဒါနဲ့အဲ့ဒီခွေးပျောက်တဲ့အမှုကို လက်ခံပြီး ...
movie
Thupparivaalan
2017
1987: When the Day Comes (2017) 8.2
1987: When the Day Comes (2017) 1987 : When the day comes (2017)Zawgyiဒီဇာတ်ကားကို လွန်ခဲ့တဲ့နှစ်သုံးဆယ်ကာလက တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားပဲဖြစ်တယ်။အဲဒီအချိန်တုန်းက တောင်ကိုရီးယားနိုင်ငံဟာ အခုလို ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သေးဘူး။စစ်အစိုးရနဲ့ အာဏာပိုင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေကို ပြည်သူတွေလည်စင်းခံနေရတဲ့အချိန်၊ အဲဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ ကျောင်းသားတစ်စုဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတော့တယ်။အင်အားကြီးသူနိုင်စတမ်းဆိုသလို အဲဒီဆန္ဒပြမှုမှာအနိုင်ရရှိသွားသူကတော့အာဏာပိုင်တွေပါ။ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ဆိုးလ်တက္ကသိုလ်ကကျောင်းသား ပက်ဂျွန်ချောအပါအ၀င်ဆန္ဒပြသူအချို့ကို အာဏာပိုင်တွေလက်ဝယ်ဖမ်းဆီးရခဲ့တယ်။ကျုပင်ခုတ်ကျုငုတ်ပါမကျန်အောင်ရှင်းမယ်ဆိုတဲ့အကြံနဲ့အာဏာပိုင်တွေဟာ အဖမ်းဆီးခံကျောင်းသားပက်ဂျွန်ချောကို နှိပ်စက်နည်းပေါင်းစုံနဲ့နှိပ်စက်ပြီး ဆန္ဒပြမှုနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စစ်ကြောမေးမြန်းခဲ့တယ်။ပက်ဂျွန်ချောတစ်ယောက်လည်းနှိပ်စက်မှုပေါင်းစုံကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ အသက်ပါဆုံးရှုံးသွားတော့တယ်။သူ့ရဲ့သေဆုံးမှုဟာ 1987 ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းဝင်ဆန္ဒပြမှုကြီးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ဖိနှိပ်ခံရပုံတွေ မတူညီကြပေမယ့် ပြည်သူတွေအားလုံးရဲ့ တစ်ခုတည်းသောဦးတည်ချက်ကတော့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အဲဒီလို ပြည်သူတွေအားလုံးညီညီညွတ်ညွတ် သွေးတွေချွေးတွေနဲ့ပေးဆပ်ခဲ့တာကြောင့်လည်း တောင်ကိုရီးယားနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ရပ်တည်နေနိုင်တာဖြစ်ကြောင်းကိုဒီဇာတ်ကားက ကောင်းကောင်းကြီးမီးမောင်းထိုးပြနေတယ်။ဒီဇာတ်ကားဟာ ဝေဖန်ရေးတွေအကြားမှာ အောင်မြင်ရုံသာမက ငွေကြေးပိုင်းအရလည်း တော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့ကားပါ။$14 သန်းရင်းထားတဲ့ဇာတ်ကားဟာ ပြည်တွင်းဝင်ငွေ $54 သန်းကျော်ရရှိခဲ့တာဟာ တော်တော်ကြောက်စရာကောင်းတဲ့အောင်မြင်မှုမျိုးပါ။IMDB ...
movie
2017
A Taxi Driver (2017) 7.9
A Taxi Driver (2017) A Taxi Driver (2017)IMDb - 7.9/10_____Rotten - 96%   IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်းတွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ကျန်တဲ့မြို့တွေ ...
movie
A Taxi Driver (2017)
2017
Our Time Will Come (2017) 6.4
Our Time Will Come (2017) ဝေဖန်ရေးသမားတွေရဲ့ ကောင်းမွန်တဲ့ဝေဖန်သံတွေ နဲ့ ရုပ်ရှင်ဆုပေါင်း ၈ ဆု ရရှိထားပြီးဆင်ဆာကြမ်းလှတဲ့ တရုတ်အစိုးရရဲ့ ပိတ်ပင်မှုကိုခံရပြီးမှ ၂၀၁၇ ခုနစ်မှာထွက်ရှိလာခဲ့တဲ့ တရုတ်တော်လှန်ရေးကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တရုတ်အမျိုးသမီး တော်လှန်ရေးခေါင်းဆောင် “ဖန်းကူး” နဲ့ တော်လှန်ရေးတပ်ဖွဲ့အောင်မြင်ဖို့ မိမိကိုယ်ကို စတေးထားတဲ့ လူငယ်တွေရဲ့ ကြိုးပမ်းခဲ့ပုံတွေကိုနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Zhou Xun , Wallace Huo, Eddie Peng တို့က အတွဲညီညီပုံဖော်ပေးထားပါတယ်။လူငယ်တော်လှန်ရေးအဖွဲ့တွေရဲ့ တော်လှန်ရေးအတွင်းမှာ ကြုံတွေ့ရတဲ့ ခံစားချက်တွေ၊ ခံယူချက်တွေ၊ အတွေ့အကြုံတွေကို အဓိကထားပြီး ရိုက်ပြပေးထားပါတယ်။ ပစ်တာခတ်တာတွေချည်းပဲ ရိုးအီနေအောင်မပြဘဲ တော်လှန်ရေးစိတ်ဓါတ်တွေကို အများကြီးထည့်သွင်းပေးထားတဲ့ ကားလေးဖြစ်တာမို့တွေးလို့ကောင်းမယ့် ရုပ်ရှင်ကောင်းလေးတစ်ကားပါ။ “သမီးတို့တော်လှန်ရေးကကျောက်ခဲကိုကြက်ဉနဲ့ပေါက်သလိုဖြစ်နေမှာပေါ့”“ဒီလိုသာ လူတိုင်းတွေးနေရင် အရေးတော်ပုံ ဘယ်နိုင်တော့မှာလဲအမေ...သမီးပြန်လာခဲ့မှာပါ...အားလုံးအေးချမ်းသွားတဲ့တစ်နေ့ သမီးတို့ ပြန်လည်တွေ့ဆုံကြတာပေါ့”  Translated by : JoJoVaEncoded by : YKFile Size ...
movie
Our Time Will Come (2017)
2017
Solo (2017) 7.1
Solo (2017) Solo 2017-------------------------Solo (2017) ဟာ IMDb 7.1/10 ရထားတဲ့ Anthology Type Netflix Movie ဖြစ်ပါတယ်ဒီဇာတ်ကားမှာ ဇာတ်လမ်းတို လေးခုပါဝင်ပြီးတော့ဇာတ်လမ်းတစ်ခုချင်းစီမှာ အရှင်သီဝရဲ့ personality တစ်ခုချင်းစီရဲ့ ပုံရိပ်ကို ထင်ဟပ်ပြသထားတာပဲဖြစ်ပါတယ်Water Air Fire Earth ဆိုတဲ့ element လေးခုကိုပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်ချစ်ရသူဇနီးသည်ရဲ့ အမှတ်တရတွေကို တစ်သက်လုံးထမ်းပိုးရင်း နေထိုင်သွားတဲ့ ရှေခါဘာသာမတူတဲ့ချစ်သူနဲ့ ခက်ခက်ခဲခဲ ကြိုးစားပေါင်းဖက်ခဲ့ရပြီးမှ ဟန်းနီးမွန်းကာလမှာမှ သေကွဲကွဲရတဲ့ ဒေါက်တာထရစ်လော့အဖေကို သတ်ခဲ့တဲ့လူကို ပြန်လိုက်ရှာရင်း လက်စားချေဖို့ကြိုးစားခဲ့တဲ့ ဂိုဏ်းစတား ရှီဗာအရမ်းချစ်ရတဲ့ကောင်မလေးကို မဆုံးရှုံးချင်လို့ စိတ်လိုက်မာန်ပါပြုမူမိတဲ့ ဗိုလ်လေးရူဒရာလူငယ်လေးယောက်ရဲ့ အချစ်နဲ့ဘဝမှာ အနိမ့်အမြင့်အတက်အကျ နာကျင်မှုနဲ့ ဒေါသ ရောပြွမ်းမှုတို့ကိုကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးခုလုံးမှာ Dulquer Salmann တစ်ယောက်တည်းကပဲအဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာBejoy Nambiar က ရိုက်ကူးတင်ဆက်ထားပါတယ် Translated by : Jerrica Encoded by ...
movie
Solo (2017)
2017
Blame! (2017) 6.7
Blame! (2017) Blame!IMDb - 6.7/10Rotten Tomatoes - 55%Myanimelist - 7.2/10ဒီ‌animeကို 2017တုန်းက Netflixကနေထုတ်လွှင့်ခဲ့တာပါ။ Sci-fiဇာတ်လမ်းကြည့်ရှုချင်တဲ့သူတွေမလွတ်တန်းကြည့်ရှုသင့်တဲ့ဇာတ်ကားပါဇာတ်လမ်းအကျဉ်းကတော့အနာဂတ်ကာလမှာ AIနည်းပညာတွေနဲ့မြို့ကြီးတစ်မြို့ကိုလူသားတွေဟာတည်ဆောက်ခဲ့ပါတယ်တနေ့ကျတော့ကူးစက်ရောဂါတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့ကာAIနည်းပညာနဲ့မြို့ကြီးဟာ လူသားတွေကိုရှင်းလင်းမှုတွေစတင်လုပ်‌ေဆာင်ခဲ့ပါတော့တယ်။ ရှင်းလင်းမှုခံရတဲ့အတွက် လူသားတွေရဲ့အရေအတွက်ဟာ လက်တစုပ်စာလောက်ပဲကျန်တော့ပြီးစားစရာတွေရှားပါးတဲ့အထိဖြစ်လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ကေလီဆိုတဲ့ ထူးဆန်းတဲ့လူတယောက်ပေါ်လာခဲ့ပြီး Net terminalမျိုးရိုးဗီဇရှိတဲ့လူသားတွေကိုလိုက်ရှာတဲ့အခါမှာတော့......- လူသားတွေကိုမြို့ကြီးကဘာလို့တိုက်ခိုက်ခဲ့လဲ- ကေလီဆိုတဲ့လူဟာဘယ်သူလဲ- Net terminalမျိုးရိုးဗီဇရှိတဲ့သူတွေဟာ ဘာထူးခြားလို့ကေလီဟာလိုက်ရှာနေရလဲဆိုတာကိုကိုယ်တိုင်ကြည့်ရှုလိုက်ပါ Translated by : Dr.NyanEncoded by : YKFile Size : 1.5GB and  1.1GBQuality : 1080p and720pSubtile : Myanmar (Hardsub)
movie
Blame! (2017)
2017
The Lost Case (2017)
The Lost Case (2017) The Lost Case (2017) အညွှန်း********************************* တစ္ဆေသရဲတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်တဲ့သူတွေလည်းရှိသလို မယုံကြည်တဲ့သူတွေလည်းရှိကြပါတယ် ဒါပေမယ့် ကမ္ဘာတစ်ဝန်းမှာတော့ ရှင်းပြလို့မရနိုင်တဲ့ သဘာ၀လွန်ဖြစ်ရပ်များဟာဆက်လက် ဖြစ်ပေါ်နေဆဲဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး ဒီဇာတ်ကားလေးက​တော့ တစ္ဆေသရဲတွေရဲ့ခြောက်လန့်မှုကြောင့် ဒုက္ခရောက်နေကြတဲ့ လူတွေကို ကူညီ​​ပေးတဲ့ ရသစုံတီဗီရှိုးတစ်ခုကို အ​ခြေခံပြီးအစပျိုးထားပါတယ် အဲ့ဒီတီဗီရှိုးဟာ ဖြစ်ရပ်မှန်သဘာ၀လွန်ဖြစ်ရပ်​တွေကို ရိုက်ကူးတင်ဆက်​ပေးတဲ့ အစီအစဥ်​တစ်ခုပါ အစ် နဲ့ ပေါ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အဲ့ဒီအစီအစဥ်ကို တာဝန်ယူရိုက်ကူးရတဲ့ကောင်​လေး​တွေဖြစ်ပါတယ် တစ်နေ့မှာတော့ ရှိုးရိုက်ကူးဖို့အတွက် သူတို့နှစ်​ယောက်ဟာ မရင်းနှီးတဲ့သူစိမ်းဒေသတစ်ခုကို ခရီးထွက်လာရပါတော့တယ် သူတို့ရိုက်ကူးမယ့်အိမ်ကိုရောက်သွားတဲ့အခါမှာတော့ သူတို့ထင်ထားတာထက် ရှုပ်ထွေးနေတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့လာရပါတယ် သူတို့ဖြေရှင်းနိုင်ပါ့မလား……. သူတို့ရိုက်ကူးရတဲ့အမှုကရော ဘယ်လိုအမှုမျိုးဖြစ်နေမလဲ…… စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းအခင်းအကျင်းတွေနဲ့ ကြည့်ရှုသူတွေကိုတစိမ့်စိမ့်နဲ့ကြောက်ရွံနေမိအောင် ရိုက်ကူးထားတဲ့ Horror ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ  Translated by : Thet Hnin HsuEncoded by : YKQuality : 720p WEB DLFile Size : 770MB
movie
The Lost Case (2017)
2017
One-Line (2017) 6
One-Line (2017) One-Line (2017) ကိုးရီးယားကားဆို Crime ဘက်သွားတဲ့ Movie တွေမှကြိုက်တဲ့ ကျွန်တော့်လိုလူတွေရှိလားဗျ ဒီလိုဆိုရင်တော့ 2017 ခုနှစ်မှာ ထွက်ရှိထားတဲ့ One-Line ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်းပေးမယ်ဗျာ ဒီကားက လိမ်လည်ချေးငွေလုပ်ငန်းကို အခြေတည်ထားတာပါ Korea drama/Crime ဆိုတော့ ထုံးစံအတိုင်း ထိုးတာ ကြိတ်တာတွေကတော့ မပါမဖြစ်ပေါ့ သတ်မှတ်ချက်တွေ မပြည့်မှီတာကြောင့် ချေးငွေထုတ်ယူခွင့်မပြုတဲ့သူတွေကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုက နောင်တစ်ချိန်မှာ ဆရာကြီးဖြစ်လာမယ့် ကျောင်းသားလေးကို အလုပ်ခန့်ခဲ့တာကနေ စပါတယ် ဉာဏ်ကိုလွှာပြီး သုံးတတ်တဲ့ဆရာသမားက တစ်စစနဲ့ ဝင်ငွေတွေတိုးလာပြီး ပြသနာတစ်ခုတက်ပြီး နောက်ဆုံး သူတို့အဖွဲ့ပျက်သွားရော ​နောက်တော့ သူက သူ့လက်သူ့ခြေနဲ့ ​အဲ့ဒီအလုပ်ပဲလုပ်ပြီး ဆရာတစ်ဆူဖြစ်လာပါတယ် ဒါပေမယ့် လူကောင်းနဲ့ လူဆိုးဆိုတာ နေရာတိုင်းမှာ ဒွန်တွဲပြီးရှိနေတာပဲမလား ​ရဲတွေက သူတို့တွေကို ဖမ်းဖို့ကြိုးစားရင်း ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားရိုက်ပြထားတာမို့ ကြည့်ရှုလိုက်ကြပါဦးဗျာ Translated by : Amelia Encoded by : August
movie
One-Line (2017)
2017
(18+) Picture of Beauty 6.2
(18+) Picture of Beauty DSဖန်တွေအကြိုက် ဝမ်းနည်းကြည်နူး ရစ်မူးစေမယ့် Drama/Romance ကားလေးပါ. ဇာတ်လမ်းအကျဉ်းကတော့ ရွာရဲ့ အလှပဂေးလေး ဂျူလီယာဟာ လုံးကြီးပေါက်လှအရွယ်ရောက်နေပေမယ့် သူ့ရဲ့အချစ်သီးကို ဆွတ်ခူးမယ့် ယောကျာ်းသားတော့ မရှိသေးပါဘူး. အဲ့ဒါကြောင့် သူမဟာ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ပြည့်တန်ဆာခန်းက သူငယ်ချင်းကောင်မလေးနဲ့သာ ဆန္ဒကိုဖြေသိမ့်နေရပါတယ်. ဒါပေမယ့် တနေ့မှာတော့ သူမ မိသားစုဟာ သမီးကညာအခါမလင့်စေနဲ့ဆိုသလို ယောကျာ်းပေးစားဖို့ ကြံစည်ခဲ့ကြပါတယ်. ဂျူလီယာလေးကလဲ သူမ အချစ်သီးကို ဆွတ်ခူးမယ့် အာကောင်းမောင်းသန်ယောကျာ်းကို မျှော်လင့်နေတာ ကြာပြီမို့ လက်ခံခဲ့ပါတယ်. ဒါပေမယ့် ကံဆိုးစွာပဲ သူမခင်ပွန်းဟာ သူမရဲ့ ပထမဆုံးအချစ်သီးကို ဆွတ်ခူးပြီးတာနဲ့ သူမကို စိတ်မပါတော့ပါဘူး. အဲ့ဒီတချိန်တည်းမှာပဲ သူ့သူငယ်ချင်းမလေးဟာ သူတို့ပြည့်တန်ဆာခန်းအတွက် ပန်းချီကားချပ်ဆွဲရာမှာ အလှဆုံးမိန်းမတစ်ယောက်လိုတာကြောင့် သူမကို အပြင်းအထန်ရှာဖွေနေခဲ့ပါတယ်. သူမ သူငယ်ချင်းဟာ ရှာဖွေတွေ့ရှိချိန်မှာတော့ သူမတို့ ပန်းချီကားဟာ ပြီးပြည့်စုံခဲ့ပြီး ဂျူလီယာလေးဟာလဲ သူမကို တကယ်ချစ်သူနဲ့ ဆုံကာ အချစ်ပန်းတွေ ထပ်မံပွင့်လန်းခဲ့ပုံကို ဆွတ်ပျံ့ကြည်နူးဖွယ် ရိုက်ပြထားတဲ့ ၂၁+ဇာတ်ကားလေးဖို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းပါရစေ.
movie
(18+) Picture of Beauty
2017
High Heel Homicide
High Heel Homicide ဒီတစ်ခါတော့ ဂျပန်ကားတွေနဲ့ ရိုးအီနေမှာဆိုးလို့ dark sideဖန်တွေကို.အမေရိကန် အချစ်ဇာတ်ကြမ်းစုံထောက်ကားလေးနဲ့ ပြောင်းလဲတင်ဆက်ပေးလိုက်ပါတယ်. ဇာတ်လမ်းအကျဉ်းကတော့ ဘားမှာ အရက်သောက်အချိန်ဖြုန်းနေတဲ့ ဘီးကျဲတွေကို လှလှပ‌ပလေး စကီလေးက မာယာနဲ့‌ဆွဲဆောင်ပြီး အချစ်ဆိပ်တက်နေတုန်း သတ်ပစ်လိုက်တာပါ. အဲ့လို လူသတ်မှုတွေကို ဆက်တိုက်လုပ်နေတဲ့ လူသတ်မမကို ဖမ်းဆီးမယ့် စုံထောက်ကြီးဟာလဲ ဘယ်လို လူသတ်မှုကွင်းဆက်တွေကို လိုက်ရင်း ဘယ်လိုတွေဖြစ်ပျက်လာတယ်ဆိုတာကို နောက်ခံတီးလုံးမြူးမြူးလေးတွေနဲ့ ရိုက်ကူးပြသထားတာကြောင့် dark sideဖန်တွေ သားရည်တမြှားမြှားနဲ့ကို ကြည့်ရမှာပါ. 18+ဖြစ်တာကြောင့် 18နှစ်ပြည့်မှ ကြည့်ကြပါခင်ဗျာ...
movie
High Heel Homicide
2017
Ayla: The Daughter of War (2017) 8.5
Ayla: The Daughter of War (2017) Ayla: The Daughter of War (2017)=========================IMDb Rating - 8.5/10#Unicodeဖြစ်ရပ်မှန် စစ်နောက်ခံ ရုပ်ရှင်ကားတစ်ခု တင်ပေးပါရစေ။ Rating 8.5 အထိ ရှိပါတယ်။တကယ် ခံစားလို့ကောင်းတဲ့ ရုပ်ရှင်လေးပါပဲ။ တောင်မြောက်ကိုရီးယား စစ်ပွဲမှာ ကူညီဖို့ရောက်လာတဲ့တူရကီ တပ်ရဲ့ တပ်ကြပ်ကြီး ဆူလီမန်ဟာ တိုက်ပွဲထဲမှာ တစ်ယောက်ထဲကျန်နေခဲ့တဲ့ကိုရီးယား ကလေးမလေးတစ်ယောက်ကို ကယ်တင်လာခဲ့တယ်။ ကလေးလေးက စကားလည်းမပြောနိုင်နာမည်လည်း မသိတာမို့ အိုင်လာလို့ပဲ နာမည်ပေးခဲ့လိုက်ပါတယ်။ အိုင်လာ ဆိုတာ လရောင် လို့အဓိပ္ပါယ်ရတဲ့ တူရကီ စကားလေးပါပဲ။ စစ်ပွဲတစ်လျှောက်လုံး အသက်ဘေးကြားထဲကနေ ကလေးလေးကိုစောင့်ရှောက်ခဲ့တဲ့ တူရကီ စစ်သားနဲ့ သူ့ကို အဖေလို့ပဲ ထင်နေတဲ့ အိုင်လာလေးရဲ့ ဘဝဇာတ်လမ်းပါပဲ။နည်းမျိုးစုံနဲ့ မခွဲရဖို့ ကြိုးစားခဲ့ပေမယ့် တူရကီကို ပြန်ရတော့မယ့် အချိန်ရောက်လာတဲ့အခါ ဆူလီမန်ဟာအိုင်လာကိုပြန်လာတွေ့ပါ့မယ်လို့ ကတိပေးထားခဲ့တယ်။ ဆူလီမန်က ပြောခဲ့တယ် အဖေဆိုတာသားသမီးကို ပေးတဲ့ ...
movie
Ayla: The Daughter of War (2017)
2017