Channel Myanmar

2017

Blade Runner 2049 (2017) 8.4
Blade Runner 2049 (2017) လောလောလတ်လတ်ထွက်ရှိလာတဲ့Blade Runner 2049(2017)ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ အရင် Blade Runner 2017(1982)ကားကို အခြေတည်ပြီး ထွက်ရှိလာတဲ့ ကားသစ်လေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ လူသားတွေနဲ့ ချွပ်စွပ်တူတဲ့ Replicantဆိုတဲ့ လူသားပုံတူတွေဟာ 2049မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။အဲ့ဒီမှာ K ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ Replicant ဗားရှင်းအဟာင်းတွေကို လိုက်သုတ်သင်ရင်း ထူးဆန်းမှုတစ်ခုကိုသိထားမိလာပါတော့တယ်။မီးဖွားထားတဲ့ လက္ခဏာနဲ့ Replicantအရိုးစုစက်ရုံကထုတ်လုပ်တဲ့ Replicantတွေက မျိုးပွားနိုင်သလားမွေးလာတဲ့ကလေးကရော ဘယ်မှာလဲOfficer Kကရောဘာလဲအရင်ကBlade Runner အရာရှိ ဒတ်ကတ်ကရောဘယ်မှာလဲ- စတဲ့ သိုလော့သို့လော မေးခွန်းတွေနဲ့ဇာတ်လမ်းကို အဆုံးထိဖမ်းစားနိုင်တဲ့ကားပါ။Rating မြင့်မြင့်နဲ့ သမာရိုးကျဇာတ်လမ်းတွေထဲက ခွဲထွက်လာတဲ့Mysteryကားကောင်းလေးကို ကြည့်ရှုလိုတဲ့ CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.2 GB)/(999 MB) Quality….Open Matte 1080p HEVC / 720p Format…mkv/mp4 Duration….02:43:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Thanhtike Zaw Translated by Aye Mon Kyaw
movie

Blade Runner 2049 (2017)

2017
Ok Jaanu (2017) 5.1
Ok Jaanu (2017) ဒီတစ်ခါတော့ Channel Myanmar ပရိသတ်ကြီးအတွက် အရိုမှာနာမည်ကြီးတဲ့ Bollywood အချစ် ဒရမ်မာ ကားလေးတင်ဆက်လိုက်ပါတယ်လက်နောင်မှာနေတဲ့ ဂိမ်းဒီဇိုင်နာလေး အေဒီဟာ အမေရိကန်ကိုပြောင်းပြီး နေထိုင်ဖို့ ဆန္ဒရှိနေသူပါ။သူ့သူငယ်ချင်းမင်္ဂလာဆောင်တစ်ခုမှာ တာရာဆိုတဲ့မိန်းမချောလေးနဲ့ ဆုံတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။တာရာကကျတော့ ဗိသုကာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဗိသုကာဘွဲ့ရပညာရှင်ပါ။သူမရဲ့အိမ်မက်ကတော့ ပဲရစ်ကိုသွားပြီ အဆင့်မြင့်ဗိသုကာပညာတွေကိုဆည်းပူးဖို့ပါတဲ့။အိပ်မက်တွေကိုယ်စီနဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သဘောကျသွားကြပါတယ်...ဒါပေမယ့် သူတို့ရဲ့အိပ်မက်တွေကတော့ ထပ်တူမကျခဲ့ပါဘူး...အိပ်မက်တွေမတူတဲ့ သူတို့နှစ်ယောက် လမ်းမခွဲခင်ထိ အတူတူနေဖို့ ဆုံးဖြတ်ပြီး ပျော်ရွှင်နေကြပေမယ့်ကိုယ့်လမ်းကိုယ်လျှောက်ဖို့ လမ်းခွဲရမယ့်အချိန်တွေ နီးကပ်လာတဲ့အခါမှာတော့...အချစ်က အရာရာကို ကျော်ဖြတ်ပြသွားမလားဆိုတာ...။ File size…(6.5 GB)/(2.7 GB)/(1.2 GB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:16:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

Ok Jaanu (2017)

2017
4K HEVC
Godha (2017) 7.5
Godha (2017) ဒီကားကတော့ 2017ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 7.5ရရှိထားတဲ့ အိန္ဒိယနပန်းအားကစားကားပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ နပန်းအားကစားနဲ့ ပက်သက်ရင် အားလုံးသိထားကြတာကတော့ 2016ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့မင်းသားကြီး Aamir Khanနဲ့ မင်းသမီးFatima Sana Shaikhတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း Dangalဆိုတဲ့ ကားပါပဲ။ဒီလိုမျိုး အိန္ဒိယနိုင်ငံမှာ ရာဇဝင်နဲ့ရှိခဲ့ပြီး အလေးအမြတ်အားကစားတစ်ခုလို တန်ဖိုးထားကြတဲ့ နပန်းအားကစား စတင်ကွယ်ပျောက်လာချိန်....လူငယ်တွေတန်ဖိုးမထားတတ်ကြတော့လို့ အားကစားပညာရပ်တစ်ခု စတင်မှေးမှိန်လာတဲ့အချိန်မှာ နပန်းအားကစားကို တန်ဖိုးထားပြီးအားပေးနေသေးတဲ့ နပန်းအားကစားသမားဟောင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူက သူ့ရဲ့သားဖြစ်သူ ဒက်စ်ကို ပညာသင်ဖို့ ပန်ဂျက်ကောလိပ်ကိုလွှတ်လိုက်ပြီးတဲ့နောက်မှာ ဒက်စ်ဟာ နပန်းအားကစားသမား အက်ဒီသီစင့်ဆိုတဲ့ကောင်မလေးကို ချစ်မိသွားခဲ့ပါတယ်။ နဂိုတည်းက အစွန်းရောက်ဝါဒတွေနဲ့မိန်းမဆိုတာ ယောကျာ်းယူပြီး ကလေးမွေးရမယ်လို့ တစ်ဖက်ပိတ်နေသူ အစ်ကိုဖြစ်သူကိုဖောက်ထွက်ပြီး နပန်းဆော့ဖို့ရုန်းကန်နေရတဲ့ပန်ဂျက်သူ​လေး အက်ဒီသီဟာ သူမရဲ့လမ်းကြောင်းမှာ ဘာတွေကို ဆက်ရွေးချယ်သွားလေမလဲ။ ဒက်စ်တစ်ယောက်အနေနဲ့ရောသူ့မြို့ရဲ့ နပန်းအားကစားတစ်ဖက်၊ ချစ်ရသူရဲ့ ဘဝကတစ်ဖက်မှာ ဟန်ချက်ညီအောင် ဘယ်လိုထိန်းပြီး သူချစ်ရတဲ့အရာတွေကိုဘယ်လိုကာကွယ်သွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါနော်။အိန္ဒိယနပန်းအားကစားရဲ့ ...
movie

Godha (2017)

2017
Kiseki: Sobito of That Day (2017) 6.4
Kiseki: Sobito of That Day (2017) Kiseki: Sobito of That Day (2017)အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green ...
movie

Kiseki: Sobito of That Day (2017)

2017
Moon-young (2015) 6.3
Moon-young (2015) Moon Young (2015) __________________________________စကားမပြောတတ်တဲ့ ကောင်‌မလေး "မွန်ယောင်း" ဟာ မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး အမြဲအရက်မူးနေတဲ့ ဖခင်နဲ့ နေထိုင်နေရသူပါ ။သူမဟာ လက်ထဲမှာ Camera Recorder လေးတစ်ခုကို အမြဲတမ်းကိုင်ထားပြီး လူတွေရဲ့ မျက်နှာ‌တွေကို တိတ်တဆိတ်မှတ်တမ်းတင်ထားလေ့ရှိတယ် ။ဖခင်ရဲ့ အရက်မူးသွေးဆိုးမှုတွေကို မခံနိုင်တော့တဲ့အဆုံးမှာတော့ မွန်ယောင်းတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပြီး ကောင်လေးနဲ့လမ်းခွဲခဲ့ရလို့ အသည်းကွဲနေတဲ့ ဂျန်ဟီဆူး ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုပတ်သက်မှုတွေရှိလာမလဲ?မွန်ယောင်းက ဘယ်လိုအကြောင်းတွေကြောင့်များ လူတွေရဲ့မျက်နှာကို မှတ်တမ်းတင်နေခဲ့ရတာလဲ? ဆိုတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေအပြင် အသက် ၁၀ နှစ်ကွာတဲ့ ကောင်မလေးနှစ်ယောက်ကြားက ပတ်သက်မှုလေးကိုပါ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre.....Drama, Short Quality….WEB-DL 1080p and 720p File size…955MB and 495MB Format…mp4 Duration….1h 5min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... ...
movie

Moon-young (2015)

2017
(18+)Mother’s Job (2017) 7.6
(18+)Mother’s Job (2017) အိမ်ထောင်ရေးတစ်ခုကို လွယ်လွယ်လေးပဲတွေးပြီးခေါင်းမာတက်တဲ့ မမတစ်ယောက်ရှိတယ်သူ့မှာ သားတယောက်ရှိပြီး အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေများလာတော့ ကွာရှင်းပြတ်စဲလိုက်တယ်ခိုကိုးရာမဲ့ ဘဝကိုကြုံရာကျပမ်းလုပ်လာရင်းကအရက်ဘားတစ်ခုမှာ ခြေချမိတယ်အရင်းရှင်တို့ရဲ့ထုံးစံအတိုင်းပါပဲ ဧည့်ကြိုက်တယောက်ရလာပြီဆိုရင်မဖြစ်ဖြစ်တဲ့နည်းနဲ့ ရစ်ပတ်ထားစမြဲပါပဲသူမရဲ့အလှတွေက ခန့်ညားပြီးကျက်သရေရှိနေတာကိုးတည်ငြိမ်ရင့်ကျက်ပြီး ကျားတွေရဲ့ ဘဝင်ခွေ့အောင်ချွဲနိုင်သူယောင်နုမိသားစုအဆင်မပြေတော့ အကြွေဗလပျစ်နဲ့အားလုံးကနယ်ဖက်ရွှေ့ပေးရပေမဲ့ပညာရေးတစ်ပိုင်းတစမို့ သူကျန်ခဲ့ရရှာတယ်မိသားစုအဆင်မပြေတော့ ကျောင်းစရိတ်မပံ့ပိုးရှာနိုင်ကြဘူးယောင်နုအနေနဲ့ ဝင်ငွေကောင်းတဲ့ အချိန်ပိုင်း အလုပ်ရရှိရေးပဲဦးစားပေးရပါတယ်သူကငယ်ရွယ်နုပျိုတယ် ခန့်ငြားတယ် စော်ကြည်ဘဲပေါ့အလုပ်ရှာဖွေရင်းကနေ အရက်ဘားတစ်ခုမှာ စားပွဲထိုး သန့်ရှင်းရေးအစစ အရာရာလုပ်ပေးရပြီး ဝင်ငွေကောင်းတဲ့ အလုပ်ရခဲ့ပါတယ်သူတို့နှစ်ဦး အလုပ်တစ်ခုတည်းမှာ အတူတူတွေ့ကြတယ်တစ်နေ့မှာ အကြောင်းတစ်ခုကြောင့်အိမ်ထိလိုက်ပို့ရာမှ ငယ်သူငယ်ချင်းရဲ့ အမေဖြစ်နေမှန်းသိခဲ့ရတယ်အဲဒီမှာပဲ သူတို့ပိုရင်းနှီးလာပြီး မျိုသိပ်ထားသမျှတွေ ပွင့်ထွက်လာပါတော့တယ်မောင်လေးတွေရဲ့ မမအပေါ် ဘယ်လောက်ချစ်ပြီး ဘယ်လောက်အနွံတာခံတက်လဲဆိုတာဒီဇာတ်ကားလေးကသက်သေပါပဲမောင်လေးတွေက အသက်ပေးဖို့တောင်ဝန်မလေးကြပါဘူးအချစ် အလွမ်းအဆွေး အိမ်ထောင်ရေးရသစုံတာဖြစ်လို့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲBar ဆိုတာ ၁၈ နှစ်ကျော်မှ သွားဖို့အဆင်ပြေသလိုBar ဇာတ်ဝင်ခန်းများများပါတဲ့ဇာတ်ကားတွေကိုလည်း ၁၈ နှစ်ကျော်မှကြည့်သင့်ပါတယ်  File size…1.5GB / 700MB Quality…1080p FHD / 720p Format…mp4 Duration….1h 21mins Subtitle….Myanmar Subtitle (Hard ...
movie

(18+)Mother’s Job (2017)

2017
Raees (2017) 7.4
Raees (2017)  IMDb Rating (7.0)မင်းသားကြီးရှရွတ်ခန်းကို  မှောင်ခိုဂိုဏ်းခေါင်းဆောင်အဖြစ် တမူထူးခြားစွာ မြင်ရမှာပါ။အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ဆိုတာ အရက်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ထားပြီး အရက်ရောင်းဝယ်ရင် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်ထားပါတယ်....ဒီလိုအခြေအနေတွေကြောင့် အရက်မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေ ကြီးထွားလာပါတော့တယ်....ဒီလိုဖြစ်လာရတာကလဲ ဂူဂျာရတ်ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ကြောင့်ဖြစ်လာတာ။အချိန်က ၁၉၈၀ နဲ့ ၁၉၉၀ ကြားကာလ ...ငယ်ငယ်ကတည်းက မှောင်ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်လာပါတယ်...သူများနဲ့မတူ ထူးခြားတာက သူဘယ်လောက်ပဲဆိုးသွမ်းပါစေ ဒေသခံတွေကတော့ သူ့ကို သဘောကျကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက သူ့မွေးရပ်မြေကို ထောက်ပံ့ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး သူကတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူဆိုးဂိုဏ်းသားတွေကို အမှန်အကန်ဖော်ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။ မှောင်ခိုရာဇာ ရာအီးစ်က ပြည်နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင်ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ...
movie

Raees (2017)

2017
(18+) The Sister’s Scandal (2017) 6.5
(18+) The Sister’s Scandal (2017) The Sister’s S-Scandal 2017အရင်ကိုရီးယားလူကြီးကားတွေနဲ့ မတူတဲ့ဒီ 18+ကားလေးကဇာတ်လမ်းလေးကြည့်လို့ကောင်းတယ် ဇာတ်လမ်းကိုပြောရရင်နာမည်ကြီးဒါရိုက်တာဖြစ်ဖို့ကြိုးစားနေတဲ့ ရည်မှန်းချက်ကြီးတဲ့ယူဂျင်းအီဆိုတဲ့ ကောင်မလေး အဲ့ကောင်မလေးမှာ ယူဂျောင်းဆိုတဲ့ညီမလေး တစ်ယောက်ရှိတယ် သူ့ညီမကလည်း ဂျင်းအီအလုပ်လုပ်နေတဲ့ရုပ်ရှင်ကုမ္ပဏီ က ဝန်ထမ်းမလေးပေါ့ ဒါပေမယ့်သူတို့အလုပ်လုပ်နေတဲ့ ကုမ္ပဏီသူဌေးကတော့ တကယ့်စားနေကျ ကြောင်ဖားကြီး အားနေ ဝန်ထမ်းမလေးတွေကိုစားလိုက် မင်းသမီးတွေကို စားလိုက်လုပ်နေတဲ့ Sugar Daddyကြီးပေါ့ ယူဂျောင်းကသူ့အစ်မဂျင်းအီရဲ့ ကြိုးစားအားထုတ်ထားတဲ့ ဇာတ်ညွှန်းကိုရုပ်ရှင်ရိုက်ဖြစ်အောင်စတေးခံအနေနဲ့ သူ့ကုမ္ပဏီက သူဌေးနဲ့ တူတူအိပ်လိုက်ရတယ်ဒါကိုသိသွားတဲ့ သူ့အစ်မ ဂျင်းအီတစ်ယောက် စားဖားသူဌေးကိုဘယ်လိုလက်စားချေမလဲဆိုတာ ရင်တလှပ်လှပ်နဲ့ ခံစားကြည့်ရဦးမှာပါစားဖားကြီးရဲ့ မင်းသမီးငယ်လေးတွေ စားပုံ၊ဝန်ထမ်းကောင်မလေးကိုနှိုက်မြည်းပုံ 18+အခန်းတွေ ဖောဖောသီသီပါတဲ့အပြင် အရင်ကားတွေနဲ့မတူတဲ့ ရိုက်ကွက်တွေကြောင့် နောက်ထပ်သဘောကျဦးမယ့်ကားလေးလို့ညွှန်းချင်ပါတယ်   File size…1.4Gb / 700MB Quality…1080p / 720p Format…mp4 Duration….1h 23mins Subtitle….Myanmar Subtitle (hard sub) Encoder…X Cross Translated by  FOX
movie

(18+) The Sister’s Scandal (2017)

2017
(18+)Chain-The Temptation of Two Women(2017) 7.0
(18+)Chain-The Temptation of Two Women(2017) (18+)Chain-The Temptation of Two Women(2017)Dark Side ကိုမှ Thriller အသားပေး သည်းထိတ်ရင်ဖို ဇာတ်လမ်းသွားလေးနဲ့ လူကြီးကားလေးကိုမိတ်ဆက်ချင်ပါတယ် ဇာတ်လမ်းသဘောကတော့ မိန်းကလေးနှစ်ယောက်ရဲ့ အချစ်ကနေအစပြုပါတယ် မီနာနဲ့ ရှင်းယောင်းဆိုတဲ့ အတူနေသူငယ်ချင်းနှစ်ယောက် သူငယ်ချင်းထက်ပိုတဲ့သံယောဇဉ်တွေ ငြိတွယ်မိတဲ့ အခါ မီနာအတွက် ရှင်းယောင်းဆိုတဲ့ကောင်မလေးက အရာရာပေးဆပ်ဖို့အသင့်ဖြစ်လာခဲ့ပါတယ် မီနာဟာ Bi-Sexual တစ်ယောက်ဖြစ်လို့ ရှင်းယောင်းအပြင်ယောကျာ်းလေးချစ်သူလည်းရှိပါတယ် မီနာတစ်ယောက် အတူနေရည်းစားကောင်မလေးထက်ချစ်သူကောင်လေးကိုအရေးပေးမိတဲ့အခါ ချစ်သူကောင်လေး ဖောက်ပြန်လို့နာကျင်ရတဲ့အခါရှင်းယောင်းတစ်ယောက် မီနာကိုနာကျင်အောင်လုပ်တဲ့အရာ မှန်သမျှကို ရှင်းပစ်ဖို့ကြံစည်ခဲ့ပါတော့တယ် 18+ကားလေးဆိုပေမယ့် ဇာတ်လမ်းဇာတ်သွားလေးနဲ့ မလို့DSဖန်တို့ ကြည့်ကောင်းဦးမယ်ဆိုတာ အသေအချာပါပဲ ဆော်လေးတွေကလည်းကိုရီးယားပျိုဖြူတို့ ထုံးစံအတိုင်း ဖြူဖြူဖွေးဖွေး ရေဆေးငါးလေးတွေဆိုတော့ရှယ်မှရှယ်ပါပဲ မိန်းကလေးချင်းချစ်တဲ့ အခန်းတွေလည်း ဖောဖော သီသီပါဝင်ထားလို့ဗဟုသုတ စိတ်ဝင်စားရင် ဒေါင်းကြည့်ဖို့တိုက်တွန်းပါရစေ  File size…900MB Quality…720p FHD RIP Format…mp4 Duration….1h 33mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Fox
movie

(18+)Chain-The Temptation of Two Women(2017)

2017
[18+] Seduction (2017)
[18+] Seduction (2017) [Unicode](function(f,b,n,j,x,e){})();သင်သာ အချစ်ကို အဓိပါယ်ဖွင့်ဆိုရမယ်ဆို ဘယ်လိုဖွင့်ဆိုမိမလဲ ....သစ္စာတရားကိုတော့ မပါမဖြစ် ဖွင့်ဆိုမိကြမှာပေါ့...ဒီဇာတ်ကားကြည့်ပြီးရင်တော့ အဲ့သစ္စာတရားဆိုတာ ပေါက်စီနှစ်လုံးလား စမူဇာတစ်ခုလား အီကြာကွေးတစ်ချောင်းလားဆိုတာ မေးစရာတောင်ဖြစ်လာခဲ့ပါပြီ...ဒီဇာတ်ကားမှာ အဓိကပါမှာကတော့ လင်မယားနှစ်ယောက်ရယ် ခပ်ငယ်ငယ် ဒေါင်ကောင်းကောင်း ကီမုချိလို စွခွက်နဲ့ ကြာကူလီတစ်ကောင်ပါပါမယ် (စတာ တို့ ကီမုချိ က ပိုချောတယ် ငိငိ)လင်မယားနှစ်ယောက်မှာ ယောကျာ်းဖြစ်သူက ခွေးလိုနွားလို အလုပ်လုပ်ပါတယ် ... ညမအိပ်ပဲအလုပ်လုပ်တာကြောင့် စမူစာငတ်ပါတယ်စမူဇာသည်ကလည်း သူ့စမူစာကို ဖောက်သည်က ဝယ်မစားတော့ အတင်းထိုးရောင်းချင်နေပါတယ်ဒီလိုနဲ့ စောစောက ကြာကူလီကောင်နဲ့ ကားတိုက်မိသလို ဖြစ်ရင်းစတွေ့ပါပြီစမူစာရောင်းချင်သူနဲ့ စမူဇာနှိုက်မြည်းချင်သူတို့ ဆုံတွေ့ပြီးနောက် ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ပြီးdown မှားလို့ downပြီးကြည့် (ငိုးမ လင်းမူ) ဘာမှမဆိုင်လည်းဆဲတယ် :3ဒီဇာတ်ကားကတော့ ခင်ဗျားတို့ အိမ်သာတက်ရင်း ကြည့်နေကျ ဂျပန်ကားတွေနဲ့တောင်သွားဆင်ပါသေးတယ်အညွှန်းရေးတာကတော့ Dark Devil ပါ ။ Trans : NatsuEncoder : ...
movie

[18+] Seduction (2017)

2017
Birds Like Us (2017) 5.6
Birds Like Us (2017) Birds Like Us (2017)===============Birds Like Us ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Director Faruk Šabanović နဲ့ Amela Ćuhara တို့က ပုံဖော်ရိုက်ကူးပေးထားပါတယ်။ လူသူနဲ့ဝေးရာ ငှက်ရိပ်မြုံကြီးတစ်ခုစီမှာ နေထိုင်ကျက်စားကြတဲ့ ငှက်မျိုးစိတ်လေးတွေ... တစ်ချိန်လုံး မျက်စိပိတ်နားပိတ်နေထိုင်ခဲ့ကြရာကနေ ကိုယ့်ပင်ကိုယ်သဘာဝဖြစ်တဲ့ ပျံသန်းနိုင်ခြင်း အတတ်ကိုပါ မေ့လျော့လာကြတဲ့အခါ... ငှက်အရှင်သခင်ကြီးရဲ့ ခြယ်လှယ်ကြီးစိုးမှုအောက်မှာပဲ ဆက်ပြီးနေထိုင်ကြမလား? လောကကြီးနဲ့ထိတွေ့ဖို့ ကြိုးစားလာကြမှာလား? ကိုယ့်သဘာဝကိုယ်ရော ပြန်လည်ရှာတွေ့နိုင်ကြမှာလား? သူတို့တွေ ဘယ်လိုရှင်သန်ရုန်းကန်ကြမလဲ စတဲ့ လောကသဘာဝရဲ့ ဖြစ်ပျက်မှုအစုံစုံကို ငှက်ကလေးတွေကပုံဖော်ပြသပေးသွားမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thu Soe ဖြစ်ပါတယ်။)File Size - (1.33 GB) / (730 MB) / (316 MB) Quality – WebRip - (1080p) / (720p) / (360p) Duration - ...
movie

Birds Like Us (2017)

2017
[18+] Fifty Shades Darker (2017) 5.0
[18+] Fifty Shades Darker (2017) “Fifty Shades Darker” 2015 ခုနှစ်မှာ အပေါက်ဆုံးဖြစ်သွားခဲ့တဲ့ ရုပ်ရှင်တွေထဲကတစ်ခု….Erotic Romance ရဲ့ပုံစံကိုပီပီပြင်ပြင်ဖော်ပြခဲ့တဲ့ Fifty Shades of Grey ဟာ စာအုပ်ရော ရုပ်ရှင်ရောဝင်ငွေကောင်းပြီးနာမည်ကြီးတာ သိပ်မဆန်းပါဘူး…. (မင်းသားကလဲ အတော်ဆွဲဆောင်မှုကောင်းသလို မင်းသမီးကလဲ အတော်လှတာကိုး…)အခုဆိုရင်ဖြင့် Fifty Shades of Grey ရဲ့အဆက် Fifty Shades Darker ဟာ 2017 February မှာရုံတင်ခဲ့ပြီး  EL.James ရဲ့ Fifty Shades Trilogy မှ ဒုတိယမြောက်စာအုပ်ကို House of Card ဒါရိုက်တာ James Foley ကပြန်လည်အသက်သွင်းထားပြီး ဖြစ်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ကတော့ ပထမFifty Shades of Grey မှာ ပါဝင်ခဲ့တဲ့သူတွေအားလုံးနီးပါးပြန်လည်ပါဝင်မှာပဲဖြစ်ပါတယ်… အချစ်ဟာ (စာအုပ်တွေထဲမှာ ရုပ်ရှင်တွေထဲမှာ ဆိုရင်တော့) လူတစ်ယောက်ကို သိမ်မွေ့စွာပြောင်းလဲစေနိုင်တဲ့အစွမ်းသတ္တိရှိတဲ့ နူးညံ့တဲ့အရာတစ်ခုပါ။Sadist တစ်ယောက်ဖြစ်တဲ့ Christain Grey ကိုအချစ်ဆိုတဲ့အရာက ပြောင်းလဲစေခဲ့ပါတယ်။ မိခင်ရင်းကိုမျက်စိရှေ့မှာတင်ဆုံးရှုံးခဲ့ရတဲ့ Christian ...
movie

[18+] Fifty Shades Darker (2017)

2017
4K HEVC
IT (2017) 7.8
IT (2017) မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်...သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး...အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်...ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ...မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့...ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို... အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……''ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ...
movie

IT (2017)

2017
4K HEVC
Murder on the Orient Express (2017) 6.5
Murder on the Orient Express (2017) Murder on the Orient Express (2017) IMDb - 6.5/10_____Rotten - 61%   စာရေးဆရာမ အဂါသာ ခရစ္စတီးရဲ့ ၁၉၃၄ တုန်းက နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကဲနက်ဘရာနက် က ရိုက်ကူးထားတာပါ။၁၉၃၄ ဆောင်းရာသီကာလ မြင်ကွင်းနဲ့အတူ နာမည်ကျော် ဘယ်လ်ဂျီယံစုံထောက် ဟာဂျူလီပွိုင်ရော့တ်ဟာ ဂျေရုဆလင်က ခိုးမှုတစ်ခုကို ဖော်ထုတ်ပြီးနောက် ခရီးသွားပြီးအပန်းဖြေဖို့ စီစဉ်ခဲ့ပါတယ်။အဲဒါနဲ့ အစ္စတန်ဘူလ်ကို သွားခဲ့ပြီးOrient Express ရထားကုမ္ပဏီ ဒါရိုက်တာ သူ့မိတ်ဆွေဘော့နဲ့ တွေ့ဆုံခဲ့ပါတယ်။လန်ဒန်ကနေ သံကြိုးစာရတဲ့အတွက် ပွိုင်ရော့တ်တစ် ယောက်ဘော့စီစဉ်ပေးတဲ့ရထား ခရီးစဉ်နဲ့ အရေးပေါ်အိမ်ပြန်ဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပွိုင် ရော့တ်ကို ဆမ်မြူရယ်ရက်ချက် ဆိုတဲ့ အမေရိကန်သူဌေးတစ် ယောက်က သုံးရက်တာ ရထား ခရီးစဉ်အတွင်းမှာ သက်တော် စောင့်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ အမည်မသိပါတီတစ်ခုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ခံရတဲ့ အတွက် ပွိုင်ရော့တ်ကိုငှားတာ ဖြစ်ပေမယ့် ပွိုင်ရော့တ်ကလက် မခံခဲ့ပါဘူး။နောက်တစ်နေ့ ...
movie

Murder on the Orient Express (2017)

2017
4K HEVC
To the Bone (2017) 6.8
To the Bone (2017) To The Bone (2017) ~ IMDb - 6.8/10, RT - 70%, Meta - 64% ~ လူရယ်လို့ဖြစ်လာရင် အကြောက်တရားနဲ့ ဆင်းရဲဒုက္ခဆိုတာ ယှဥ်တွဲလာစမြဲပါပဲ။​တချို့က ဝလာမှာကြောက်တယ်။ တချို့က ​အသက်ရှင်ရတာကိုတောင် ကြောက်လာကြတယ်။အမျိုးမျိုးသော အကြောက်တရားတွေကြားမှာ ဒီ အယ်လန်ဆိုတဲ့ ကောင်မလေးကတော့ ဝိတ်တက်မှာကို ကြောက်တာပါ...Broken Family ​ဖြစ်သွားတဲ့ အယ်လန်တစ်ယောက် မိထွေးလက်အောက် ဂေးမိခင်တစ်ယောက်လက်အောက်မှာ မိသားစုအရှုပ်အထွေးတွေကြားမှာ သနားစရာ ကြီးပြင်းလာခဲ့ပါတယ်။အဲ့ကြားထဲကမှ အနုပညာကိုဝါသနာပါတဲ့ အယ်လန်ဟာ ကိုယ့် artwork ကြောင့် လူတစ်ယောက်နစ်နာသွားတာကို သိလိုက်ရတဲ့အချိန်မှာ ပြိုလဲပြီး အစာသိပ်မစားဘဲ အငတ်ခံလို့ စိတ်သက်သာရာ ရှာပါတော့တယ်။အဲ့လို အယ်လန်ဟာ အကြောက်တရားကနေ ဘယ်လိုရုန်းထွက်မလဲ။အယ်လန့်ကို ကူညီပေးတဲ့ဆရာဝန် ဒေါက်တာဘက်ခမ်းကရော ဘယ်လိုကုထုံးတွေနဲ့ ​အယ့်လန့်ဘဝကို အဖက်ဆယ်ပေးမလဲ။အယ်လန့်သူငယ်ချင်းလုခ်ကရော အယ်လန့်ကိုဘယ်လိုပျော်အောင်လုပ်ပြီး အယ်လန့်ဘဝကို ဘယ်လိုအသက်ဝင်လာစေမလဲဆိုတာကို ဒီ '' To ...
movie

To the Bone (2017)

2017
Man of Will (2017)
Man of Will (2017) Man of Will (2017) ဇာတ်လမ်းအညွှန်း******************************** ဧကရာဇ် အုပ်စိုးခွင့် ကုန်ဆုံးခါနီးတွင် ကိုရီးယားကို အုပ်စိုးချင်တဲ့ ရုရှားနဲ့ ဂျပန်တို့ကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ ဂျပန်က အသာစီးရပြီး ကိုရီးယားဘက်က ဂျပန်နဲ့ သံတမန်ရေး အဆင်ပြေအောင် ကြိုးစားခဲ့တာကြောင့် ကိုရီးယားဟာ ဂျပန်တို့ ဩဇာညောင်းတဲ့ နိုင်ငံ တစ်ခု ဖြစ်လာခဲ့တယ် မိဖုရားကြီး လုပ်ကြံခံလိုက်ရတာကြောင့် အမျက်ဒေါသထွက်နေတဲ့ ဂင်ချန်းဆူဟာ စိတ်ကိုမထိန်းနိုင်ဘဲ လုပ်ကြံမှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်လူမျိုးတစ်ယောက်ကို သတ်လိုက်မိတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရပြီး အင်ချွန်းထောင်ကို အပို့ခံလိုက်ရပါတယ်အင်ချွန်းထောင်ထဲကို ရောက်သွားတဲ့အခါမှတော့ ထောင်သားတွေကို စာသင်ပေးပုံ၊ ငုပ်လျှိုးနေတဲ့ မျိုးချစ်စိတ်ကို ပြန်လည်ဖော်ဆောင်ပေးပြီး ဂျပန်လက်အောက်မှ လွတ်မြောက်ရေးအတွက် စိတ်အားထက်သန်စွာ တော်လှန်ခဲ့ပုံတွေအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားကြီး Cho Jin Woong အပြင် ဂျွန်စောအဖြစ် လူသိများတဲ့ Song Seung Heon ...
movie

Man of Will (2017)

2017
Malila: The Farewell Flower (2017) 6.6
Malila: The Farewell Flower (2017) Malila: The Farewell Flower(2017)IMDb - 6.6/10ဒါကတော့ BL ဆိုပေမယ့် အတွေးတွေနဲ့ ကြည့်ရမယ့် BL ဇာတ်ကားပါပဲ။ရုပ်ရှင်ဆုအနေနဲ့ ၆ ဆု ရရှိထားပြီးတော့ တစ်ကြိုစာရင်း ၁၀ ကြိမ် ဝင်ထားတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကို စစဖွင့်လိုက်တယ်ဆိုရင်ပဲ ကဗျာတစ်ပုဒ်ပါတယ်။" ရနံ့ရယ်ဖြာ နံ့သာဆီဖြန်းပါလို့ လှမ်းကြစို့ ပွဲလယ်ခေါင် ဖက်မြကွမ်းတောင် ဘုရားထံ ဆုပန်မယ် နတ်များဝယ် တိုင်တည်လို့ သည်ချိန်ခါ ပွဲရယ် ပြီးပြန်တော့ ညရေးရယ် မှောင်ရီပျိုးရင်ဖြင့် စွန့်ရေးငယ် ကြုံပြန်တော့တယ် ဖက်ဘဝ ပြန်ကာလှမ်းရတယ် ကွမ်းတောင့်ဘဝလမ်း ....."ဇာတ်လမ်းရဲ့ခေါင်းစဉ်ဖြစ်တဲ့ ဖက်စိမ်းကွမ်းတောင် အကြောင်း စပ်ဆိုထားတဲ့ ကဗျာလေးပါ။ဒီကဗျာက ဒီရုပ်ရှင်အတွက် အတော်ရေးပါတဲ့ကဗျာလို့ဆိုရမယ်။နောက်ထပ်မြင်ရမှာက မျက်စိထဲ အတော်လေး ပနံသင့်တဲ့ Cinematography ကို သုံးထာတဲ့ ဇာတ်၀င်ခန်းတစ်ခန်း။လိုက်ဖက်ညီ‌နေတဲ့ ငှက်ပျောဖက်စိမ်းစိမ်းတွေ စံပယ်ပန်းဖြူဖြူတွေနဲ့ ဖက်စိမ်းကွမ်းတောင်လုပ်နေတဲ့ ဇာတ်၀င်ခန်းပေါ့။ဒီ ဖက်စိမ်းကွမ်းတောင်၊ မြစိမ်းကွမ်းတောင်၊ ...
movie

Malila: The Farewell Flower (2017)

2017
Baywatch (2017) 5.8
Baywatch (2017) နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင်ကြဲထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ...Dwayne Johnson,Zac Efron တို့လိုမင်းသားတွေအပြင် ညှို့ဓာတ်ပြင်းမင်းသမီးတွေဖြစ်တဲ့ Alexandra Daddario,Kelly Rohrbach နဲ့ အိန္ဒိယမင်းသမီး Priyanka Chopra တို့ပါဝင်ထားပါတယ်။(အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ)ဇာတ်လမ်းကတော့...ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ...
movie

Baywatch (2017)

2017
4K HEVC
Baahubali 2: The Conclusion (2017) Bahubali 2 8.7
Baahubali 2: The Conclusion (2017) Bahubali 2 IMDb Rating (8.2) / Rotten Tomatoes (86%)ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ...
movie

Baahubali 2: The Conclusion (2017) Bahubali 2

2017
4K HEVC