Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2016
6.4
Mohenjo Daro (2016)
- ဒီနေ့ မှာတော့ အိန္ဒိယစွန့်စားခန်း အချစ်ဇာတ်လမ်းလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ဘီစီ ၂၀၁၆ ကာလမြင်ကွင်းနဲ့ အစပြုထားပြီး ဆာမန်းနဲ့ ဟိုဂျိုတို့သူငယ်ချင်းနှစ်ယောက်ဟာ အမ်ရီဆိုတဲ့ ရှေးဟောင်းရွာလေးမှာ နေထိုင်သူတွေပါ။ တစ်ရက်မှာတော့ လှေနဲ့ မြစ်ကျောင်းတစ်လျှောက်သွား လာကြရင်း မိကျောင်းသုံးကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ဆာမန်းက အကြီးဆုံးမိကျောင်းကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့ အကြောင်းအရာဟာ ဆာမန်းကို ယနေ့အထိ ခြောက်လှန့်နေပြီး မိုဟန်ဂျိုဒါရိုမြို့က ဦးချိုတစ်ခုတည်းပါတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကိုလည်း မကြာခဏအိပ်မက်မက်ခဲ့ပါတယ်။တစ်ရက်မှာတော့ ဆာမန်းဟာ ဦးလေးဖြစ်သူ တားနေတဲ့ကြားကနေပဲ မိုဟန်ဂျိုဒါရိုကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမြို့ဟာ ကြမ်းတမ်းရက်စက်တဲ့အပြင် ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့အကြောင်း သူ့ဦးလေးက သတိပေးခဲ့ပြီး သေရေးရှင်ရေးကြုံတဲ့အခါမှာ သုံးဖို့အတွက် အဆောင် ပစ္စည်းတစ်ခုပေးခဲ့ပါတယ်။မိုဟန်ဂျိုဒါရိုမြို့ကို အာဏာရှင်မာဟမ်နဲ့ သူ့သားဖြစ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မွန်းဂျာတို့က အုပ်ချုပ်နေတာပါ။ ဆာမန်းဟာ မိုဟန်ဂျိုဒါရိုက ဩဇာရှိဘုန်း တော်ကြီးရဲ့ ...
movie
Mohenjo Daro (2016)
2016
6.3
The Take (2016)
The Take (2016) IMDb - 6.3/10_____Rotten - 48% သူ့ရဲ့ မူရင်းဇာတ်ကားနာမည် Bastille Day ကိုဆို လူတော်တော်များများသိနေကြမှာပါ အကြမ်းအရမ်းတွေ အက်ရှင်ကားတွေကို သိပ်ကြိုက်ကြတဲ့ ပရိတ်သတ်တွေဆို သဘောတွေ့ကြမယ့် ဇာတ်ကားမျိုးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ပြင်သစ်မှာ ခါးပိုက်နိုက်အဖြစ်အသက်မွေးနေတဲ့ မယ်ရီမန်ဆန် ဟာ တနေ့မှာ အိတ်တလုံးကိုခိုးလာရာမှ မထင်မှတ်ပဲ ဝက်ဝံရုပ်တခုကို ရရှိခဲ့ပါတယ် သူဟာ မထင်မှတ်ပဲ ဝက်ဝံရုပ်ကိုလူစည်ကားတဲ့ နေရာတခုမှာ စွန့်ပစ်ထားခဲ့ပြီး ပိုမထင်မှတ်ထားတာက ထို ဝက်ဝံရုပ်ထဲမှာ ချိန်ကိုက်ဗုံးတစ်ခုပါနေတာပါပဲ ဒီလိုနဲ့ မယ်ရီမက်ဆန် တယောက် ဘယ်လိုအရှုုပ်တော်ပုံတွေထဲကို ပါဝင်နေမလဲ ဘယ်လိုအန္တရာယ်တွေကိုကော ကြုံတွေ့ရမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှူရမှာပါ Size - 570 MB Quality - HD 720p Format - mp4 Duration - 01:32:00 Translator - MTDM Encoder - Oscar
movie
The Take (2016)
2016
7.3
Rustom: 3 shoots (2016)
ကဲဗျာ ဒီတခေါက်တော့ အလန်းစား Bollywood တကားကိုတင်ပေးလိုက်ပါတယ်ဗျာ ဇာတ်ကားလေးက တော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးပါ ရပ်စတန်ဆိုတဲ့ ရေတပ်ဗိုလ်အရာရှိဟာ တာဝန်ပြီးလို့ အိမ်ကိုပြန်လာရာမှာ မထင်မှတ်ပဲ သူ့မိန်းမ နဲ့ သူငယ်ချင်းဖြစ်သူ ရဲ့ စာပေးစာယူ တွေကို လက်ပူးလက်ကြပ်မိရာမှ သူ့မိန်းမရဲ့ အပြင် လူကို မထင်မှတ်ပဲ လက်လွန်ပြီးသက်မိသွားခဲ့ရာမှ ကိုယ်တိုင် ရဲစခန်းမှာ သွားရောက်ဝင်ခံ အဖမ်းခံခဲ့ပါတယ် သူ ကိုယ်တိုင်သတ်ခဲ့မိတာလား ဒါမှ မဟုတ်တခြားတယောက်က သတ်ခဲ့တာကိုများ ကြားထဲက ၀င်ရောက် အဖမ်းခံရတာလား ဒါတွေရဲ့ နောက်ကွယ်မှာ မထင်မှတ်ထားတဲ့ လှည့်ကွက်ကြီးရှိနေသောအခါမှာတော့ ..................... (ဘာသာပြန်သူကတော့ သာရစ် အယ်လ် ၀ါကာဖြစ်ပါတယ်)
movie
Rustom: 3 shoots (2016)
2016
7.0
Nerve (2016)
Nerve (2016)Trailer Review လေးရေးမလို့:D “Nerve” သရုပ်ဆောင်တွေ က Emma Roberts နဲ့ Dave Franco ။ ဒီနေရာမှာ ရုပ်ရှင်အကြောင်းထက် သရုပ်ဆောင်အကြောင်းအရင်ပြောချင်တယ်။ ဒီကား Trailer ကြည့်ပြီးတဲ့ သဘောကျသွားတဲ့တစ်ချက်ကတော့ မင်းသား မင်းသမီး ရွေးချယ်မှုပဲ (juz my opinion) ... Dave Franco 2010 နောက်ပိုင်း ကောင်မလေးတွေ ကြွေတဲ့စာရင်းမှာ ပါလာတဲ့ မင်းသားတစ်လက်ဆိုမမှားပါဘူး။သူ့ကို လူသိများလာစေတဲ့ရုပ်ရှင်တွေက 21JumpStreet, 22JumpStreet, Now You See Me, Now You See Me 2 and Neighbors ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ခဲ့တာမျိုးတော့ မဟုတ်ဘူး။ အခု NERVE က သူ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်မယ့်ဇာတ်လမ်း ။ ဟုတ်ပြီ Emma Roberts အကြောင်းဆက်ပြောမယ်။ Emma Roberts ကိုယ့်အနေနဲ့ပြောရမယ်ဆိုရင်တော့ AQUARMARINE ထဲမှာတည်းက ကြွေတာ ။ မင်းသမီးသုံးယောက်ထဲမှာ သူ့ကို အကြိုက်ဆုံး ...
movie
Nerve (2016)
2016
4.9
TimeRiader(2016) မြန်မာစာတန်းထိုး
တရုတ်ဇတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါ တယ်ရှေးဟောင်းပစ္စည်းတွေလျို့ ဝှက်ချက်ဇတ်ကား တွေကိုကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ ကွက်တိပါပဲအလွန်ပင်ရှေးကျတဲ့သဘာဝလွန်မြွေဧ ကရီမရဲ့ဂူဗိမ္မာန်ကိုရှာဖွေတဲ့ရတနာမုဆိုးတစ်သိုက် ရဲ့ကံကြမ္မာကိုရိုက်ကူးထားတာပါမြွေဧကရီမရဲ့ဂူဗိ မ္မာန်ကိုလူတွေဘာလို့သဲသဲမဲမဲရှာဖွေနေကြတာလဲဂူ ဗိမ္မာန်ထဲမှာကောဘာတွေရှိနေသလဲရတနာတွေ လားတခြားအဖိုးမဖြတ်နိင်တဲ့အရာတွေလားရတနာ မုဆိုးတွေထိုဂူကြီးထဲမှာလွယ်လွယ်ကူကူဝင်ထွက် နိင်မှာလားဒါမှမဟုတ်ဘယ်လိုအန္တရယ်တွေကကော ဂူအတွင်းထဲမှာစောင့်ကြိုနေမှာလဲအလွန်စိတ်ဝင်စား ဖို့ကောင်းပါတယ်စွန့်စားမှုတွေကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့လက်မလွတ်သင့် တဲ့ဇတ်ကားလေးလို့ပြောပါရစေအသစ်အသစ်တွေ အကောင်းအကောင်းတွေကိုမှနှစ်သက်တဲ့ပရိတ် သတ်တွေအတွက်ကျွန်တော်(စိုးထွေး)ရယ်ညီလေး (ဂျွန်လရောင်)ရယ်ပူးပေါင်းပြီးအလျင်အမြန်ပရိတ် သတ်တွေဆီပို့ပေးလိုက်ပါပြီဒေါင်းဖို့ကတော့ပရိတ် သတ်တွေရဲ့သမိုင်းပေးတာဝန်ပါပဲလို့ပြောကြားရင်း အလွန်ကောင်းမွန်တဲ့ဇတ်ကားလေးကိုဒေါင်းလိုက်ပါ လို့ပဲပြောလိုက်ရပါတယ်Download On Pcloud
movie
TimeRiader(2016) မြန်မာစာတန်းထိုး
2016
6.3
The Shallows (2016)
The Shallows (2016)IMDb - 6.3/10_____Rotten - 78% ကျွန်တော်တို့ငယ်စဉ်ကကြည့်ရှု့ခဲ့ဖူးတဲ့ Jaw တို့ Deep blue sea တို့လိုဇာတ်ကားမျိုးကို ကြိုက်ခဲ့မယ်ဆိုရင် ဒီဇာတ်ကားကိုသင်သေချာပေါက်နှစ်သက်မှာပါ ပုံမှန်ကြည့်နေကြဇာတ်ကားတွေနဲ့ ကွဲထွက်နေတာကတော့ လူတစ်ယောက်နဲ့ငါးမန်းတစ်ကောင်ပဲအဓိကပါဝင်ထားပါတယ် ဇာတ်လမ်းဖွဲ့စည်းပုံကရိုးစင်းလွန်းပြီး ရှင်သန်မူဆိုတဲ့အရာကိုပါးပါးလေးရိုက်ပြထားတာပါ ဇာတ်လမ်းက- Nancyဆိုတဲ့ဆေးကျောင်းသူမိန်းကလေးတစ်ယောက်ဟာရေလွှာလျှောစီးရတာအလွန်ဝါသနာပါသူတစ်ယောက်ပါ သူမရဲ့အမေဟာလည်းရေလွှာလျှောစီးသမားကောင်းတစ်ယောက်ဖြစ်ပြီး သူမလေးစားအားကျရတဲ့သူတစ်ယောက်ပေါ့ မက္ကဆီကိုနိုင်ငံမှာရှိတဲ့လူသူအရောက်ပေါက်နည်းတဲ့ကမ်းခြေတစ်ခုကို သူမရဲ့အမေသွားခဲ့ဖူးတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင်ရောက်အောင်သွားပြီး ရေလွှာလျှောစီးဖို့သွားပါတော့တယ် ဟိုရောက်တော့သူမရဲ့ပျော်ရွှင်မူတွေကိုဖျက်ဆီးပစ်မယ့်အရာတစ်ခုမထင်မှတ်ပဲရောက်လာတဲ့အခါမှာတော့..... ???????????? (သိချင်ရင်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဗျာ spoiled ဖြစ်သွားမှာစိုးလို့) Action, Horror, Thriller အမျိုးအစားပါ IMDB မှာ 6.3 တောင်ရထားတယ်ဆိုတော့ ကြည့်မကောင်းမှာတော့ပူစရာမလိုပါဘူး (ps-မင်းသမီးကကျွန်တော်တို့ Deadpool မင်းသားကြီး Ryan Reynolds ရဲ့ ချစ်ဇနီးချောလေးဖြစ်ပါကြောင်း)။ Review Credit>>> Phyothu Aung's FB (ဒီဇာတ်ကားကို Myominthu Thanmyint မှ ဘာသာပြန်တင်ဆက်ထားတာပါ။) File size…(2.09GB) Quality…HEVC 1080p Format…mp4 Duration….01:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant
movie
The Shallows (2016)
2016
7.0
Phobia (2016) ျ
IMDb 7.0 ရထားတဲ့ Thrill ဘောလိဝုတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးက တော့ အရင် အတိတ်ဘ၀ကဖြစ်ပျက်ခဲ့တာတွေကို စိတ်စွဲလန်းပြီး ဥပါဒ်ဒဏ်ကြောင့် ဥပါတ်ရောက်ဆိုသလိုပဲ စိတ်ထင်ရာကိုစွဲလန်းမိပြီး မဖြစ်သင့်တာတွေဖြစ်ပျက်ရပုံတွေကို ရိုက်ကူးပြထားတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ကောင်မလေးတယောက်ဟာ ပါတီပွဲတစ်ခုမှာ အပြောင်အပျက် သူမဟာ အရင်ဘ၀က ခွေးဖြစ်ခဲ့ပြီး မထင်မှတ်ထားပဲ ကားကြိတ်ခံရပြီးသေဆုံးခဲ့ကြောင်း မယုံလျှင် လည်ပင်းမှာ အရင်ဘ၀က အမှတ်အဖြစ် ကားကြိတ်ခံခဲ့ရသော ဒဏ်ရာကို အမှတ် အဖြစ်တွေ့မြင်နိုင်ကြောင်းပြောကြားပြီး နောက်ပြောင်ခဲ့ရာမှ ထို အရာတွေဟာ တကယ်ပဲဖြစ်ပျက်လာလေ မလားဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှူရမှာဖြစ်ပါတယ်Download On Vip Link 720p/360p
movie
Phobia (2016)ြ
2016
5.5
Dishoom (2016)
ဒီတစ်ခါတော့ CM ပရိတ်သတ်တွေ တောင်းဆိုမှုများနေတဲ့ Bollywood ဟာသ အက်ရှင် စွန်းစားခန်း တွေပါဝင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ် ဇတ်လမ်းအစမှာတော့ အိန္ဒိယနိုင်ငံရဲ့ အတော်ဆုံးခရစ်ကတ်ကစားသမားဟာ အရှေ့ အလယ်ပိုင်းသွားရင်း ပျောက်ဆုံးသွားခဲ့ပါတယ် မင်းသားချော John Abraham နဲ့ ရဲငပေါ အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Varun Dhawan တို့အဖွဲ့ဟာ အဖမ်းဆီးခံ ခရစ်ကတ် ကစားသမားကို ၃၆ နာရီအတွင်းဘယ်လို ရှာဖွေပြီး ဘယ်လိုဖမ်းမိမလဲ ? ခရစ်ကတ်သမားကို ဖမ်းထားတဲ့ လူဆိုးကလည်း ဘယ်လိုနိပရိယာယ်တွေသုံးပြီး ရဲတွေကို လှည့်စားမလဲ ? ကျွန်တော်အကြိုက်ဆုံး အိန္ဒိယ ခရစ်ကတ်ကစားသမား ပြောသွားတဲ့စကားကတော့ "ကျွန်တော့်မိဘတွေက ဘာဘာ/ညာညာဖြစ်ဖို့ ဘယ်တော့မှမမှာဖူး တိုင်းပြည်ကိုသစ္စာမဖောင်ဖို့ပဲမှာတယ်" ဆိုတဲ့စကားလုံးပဲ 2016 မှာထူးထူးခြားခြား ကြည့်ရမဲ့ ဟာသ အက်ရှင် စွန်းစားခန်းတွေပါဝင်တဲ့ဇာတ်ကားကောင်းဖြစ်တာမို့ ခုပဲဒေါင်းကြည့်လိုက်ကြပါတော့ဗျာ ???? File Size : 1GB Quality : Blu ray 720P Running Time : ...
movie
Dishoom (2016)
2016
8.0
Udta Punjab (2016)
IMdb 8.0/10 ရထားတဲ့ အိန္ဒိယ အလန်းဇာတ်ကားတကားကို ဘောလိဝုဒ် ပရိတ်သတ်ကြီး အတွက်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကား က ပန်ဂျပ်ပြည်နယ်မှာဖြစ်ခဲ့တဲ့ မူးယစ်ဆေးဝါး အကြမ်းဖက်မှုတွေ အကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပြီး ယခုနှစ် ဂျွန်လ ၁၇ ရက်နေ့မှာ ထွက်ရှိထားတာဖြစ်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေကလည်းဘောလိဝုဒ် ပရိတ်သတ်ကြီးနဲ့မစိမ်းတာမို့ မိတ်မဆက်ပေးတော့ပါဘူး ဒီဇာတ်ကားဟာ ကုန်ကျစရိတ် ၅.၉ သန်းကုန်ကျခဲ့ပြီး ၁၅သန်းထိအောင် ၀င်ငွေရရှိကာ ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်ကားတကားဆိုလည်းမမှားပါဘူး ဇာတ်လမ်း အကျဉ်းလေးကတော့ တော်မီဆင်းလို့ သိကြတဲ့ ရှာဟစ်ကူးပါး ဟာ လန်ဒန်ဖွား ပန်ချာပီတယောက်ဖြစ်ပြီး အော်မြင်တဲ့ အဆိုတော်တယောက်ပါ တနေ့မှာ သူဟာ ဆေးသမား တာယာဂျီနဲ့ ဆုံတွေ့မိပြီး ဆေးစသုံးခဲ့မိပါတယ် ဘာဟာရီ သူကတော့ စိုက်ခင်းကအလုပ်သမလေးဖြစ်ပြီးသူ့အိမ်မက်ကတော့ နိုင်ငံတော်အဆင့်ထိရွေးချယ်ခံထားရတဲ့ လက်ရွေးစင် ဟောကီကစားသမားတယောက်ဖြစ်ဖို့ပါ တနေ့မှာသူဟာ စိုက်ခင်းထဲမှာ အထုပ်တထုပ်ကိုတွေ့ပြီးဖွင့်ကြည့်ခဲ့မိပြီး ကံဆိုးမိုးမှောင်ကျ ပြီးဘယ်လိုတွေများဆက်ဖြစ်မလဲ ပရီရှာနီ သူကတော့ ဆရာဝန်တတယောက် သူ့အဓိကအလုပ်က ဆေးဖြတ်တဲ့ဆေးရုံမှာ အလုပ်လုပ်တာပါ သူ့သူငယ်ချင်း ဆာတာဆင်းဂ်ျ ကတော့ ဆေးမှောင်ခိုမှုတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးတဲ့ ရဲတယောက်ပါ တနေ့မှာတော့ ...
movie
Udta Punjab (2016)
2016
N/A
Love O2O (2016)
ကျန်းရွှေဝူးရှန်း အွန်လိုင်းဂိမ်းတစ်ခုတွင် အဆင့်(၇)ရရှိထားသော လူဝေဝေ့ဝေအဖြစ်Computer မေဂျာရဲ့နတ်သမီး ...ဂိမ်းသရဲမလေး ... ပေဝေဝေ.....။ထိုဂိမ်းတွင် ထိပ်တန်းဇာတ်ကောင်ဖြစ်နေသော ရီရှောင်းနိုင်ခဲ အဖြစ်Computer ဆရာကြီး ...ဘက်စုံထူးချွန်.. ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်.. ရှောင်းနိုင်....။သူတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်မိသောအခါ Love O2O (Love online to online) ဇာတ်ကားဖြစ်လာပါတယ်။ဒီဇာတ်လမ်းက စီးရီးအနေနဲ့လဲ ထွက်ရှိထားပါတယ်။ Movie နဲ့မတင်းတိမ်နိုင်သူတွေ စီးရီးကို ထပ်ကြည့်ကြပါကုန်။ရှောင်းနိုင်အဖြစ်...Jing Boranပေဝေဝေအဖြစ်...Angelababy တို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။(Sid Moe Eain မှခံစားတင်ဆက်ထားတာပါ။) File size…(900MB) Quality…WEB-Rip 720p Format…mp4 Duration….01:43:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Download and Watch 720p and 360p (VIP Link) (or) Download 720p HD (900MB) Download 360p(360MB)
movie
Love O2O (2016)
2016
4.3
Tere Binladin 2 Dead or Alive (2016)
ကဲ ဒီတစ်ခါတော့ ခပ်မြူးမြူး ဟာသ ကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးကတော့ ဘင်လာဒင်သေလား မသေလားကို ပြောင်ပျက်ရိုက်ထားတာဖြစ်ပြီး တကားလုံး မရိုးရပဲ ခပ်မြူးမြူးကားလေးဖြစ်တာမို့ ပါးစပ်မပိတ်ရပဲကြည့်ရမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘောလိဝုဒ်ဒါရိုက်တာကို အမေရိကန်အေးဂျင့်က ငှားရမ်းပြီး ဘင်လာဒင်သေလား မသေလားကို သက်သေပြဖို့အတွင် လိမ်လည် ခေါ်ယူရာမှ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး နောက်ဆုံးမှာ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူ့ကြရမှာပါDownlaod On Vip Link Download On Pcloud Large File Size Download On Pcloud Small File Size is still uploading
movie
Tere Binladin 2 Dead or Alive (2016)
2016
6.3
Risen (2016) မြန်မာစာတန်းထိုး
ကဲ ဒီညအတွက်ကတော့ ရောမခေတ် AD 33 လောက်ကို အခြေခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါ့ရစေ ဇကားလေး ကတော့ အေဒီ ၃၃ မှာ Bible လာ ဗျာဒိတ်တစ်ခုကြောင့် ဖြစ်လာတဲ့ ပြန်လည်ရှင်သန်ထမြောက်ခြင်းဆိုတဲ့ ကောလဟာလတစ်ခုကို အဖြေရှာဖို့ ရောမ စစ်သူကြီးနဲ့ သူ့တပည့်တို့ဟာ ပြန်လည်ရှင်သန်ထမြောက်လာမဲ့ ခန္ဓာကိုယ် အပိုင်းအစ တစ်ခုကို ပြန်လည်ရှာဖွေဖို့ လိုက်လံစုံစမ်းကြရာမှ တကယ်ပဲ တွေ့ရှိပြီး အဖြစ်မှန်ကို ဖော်ထုပ်နိုင်မလား ဗျာဒိတ်တောင်ကကော မှန်ကန်မှုရှိနေသလားကို ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူလိုက်ပါတော့ဗျာ (စကားကျွင်း - ကျတော်လဲ ဇာတ်ကားကိုကြည့်ပြီး သိပ်နားမလည်တာကြောင့် နားလည်သလိုရေးထားတာမို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ)Download VIP Link Download Large FileSize On Pcloud Download Small File Size On Pcloud
movie
Risen (2016) မြန်မာစာတန်းထိုး
2016
6.1
Azhar (2016) မြန်မာစာတန်းထိုး
IMDB-6.1 ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ ခရစ်ကတ်ကစားနည်းသမိုင်းမှာ အစောဆုံးနာမည်ကြီးတစ်ယောက်ဖြစ်တဲ့ မိုဟာမက်အက်ဇ်ဟာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ အတ္ထုပတ္တိကားတစ်ကားပါ ဇာတ်လမ်းကတော့ တစ်ခြားတစ်ခြားသော Sport Biographical Movie တွေလိုပဲ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ အောင်မြင်အောင် ကြိုးစားခဲ့ရပုံတွေကို မြင်တွေ့ရမှာပါ ၂၀၁၆ရဲ့ အတ္ထုပတ္တိကားကောင်းတစ်ကားလည်းဖြစ်တယ်လို့ ဆိုကြပါတယ် ဒီနေ့ကတော့ ကျွန်တော်တို့ စီအမ်က ဘောလိဝုဒ်ကားတွေ ဓာတ်ကျနေတယ်လို့ဆိုရမှာပဲ... ဒီတော့ ကျွန်တော်တို့တွေ ဒီကားကိုလည်း စီးမျောခံစားကြည့်လိုက်ကြရအောင်ဗျာ...... (ဇာတ်လမ်းအညွန်းကို ကိုကို Ye Khant Min မှ ရေး ပေးထားတာဖြစ်ပါတယ်) File size…(850 MB) Quality…720p Bluray Format…mp4 Duration….01:30:30 Subtitle….Myanmar Subtitle (Hardsub) Encoder…. Thanhtike ZawDownload Here (850 MB) Download Small File Size (450 MB)
movie
Azhar (2016) မြန်မာစာတန်းထိုး
2016
6.8
Ghayal Once Again (2016) မြန်မာစာတန်းထိုး
IMDB-6.8 Rotten Tomatoes-78% Ajay တစ်ယောက် သူငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ ပြဿနာတွေကနေ ရှင်းပြီးနောက်မှာ... သတင်းစာတိုက်မှာ သတင်းထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်နေပါတော့တယ် အဲဒီမှာ သူ့ရဲ့ အကြောက်အရွံ့မဲ့မှုတွေ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်တွေကြောင့် သူ့ကိုကြိတ်လေးစားနေတဲ့ အမာခံဖန်လူငယ်လေးယောက်ရှိပါတယ် တစ်နေ့ အဲဒီလူငယ်လေးယောက်က သတင်းလိုက်ရင်းသူတို့ရဲ့ကင်မရာမှာ လူသတ်မှုတစ်ခုပါလာတော့တဲ့အခါ... ဗီဒီယိုထဲမှာပါတဲ့လူတွေကလည်း မြို့ရဲ့ အာဏာအကြီးဆုံးလူနှစ်ယောက်ဖြစ်နေတဲ့အခါ... ကိုယ့်ဘက်မှာ အမှန်တရားပဲရှိတယ် သူ့ဘက်မှာက ငွေအားလူအားနဲ့ ဥပဒေကို ပြောင်းပြန်လှန်နိုင်တယ် အဲ့အချိန်မှာ အမှန်တရားကို မြတ်နိုး.အကြောက်အလန့်မရှိဘူးဆိုတဲ့ Ajay အနေနဲ့ ဘယ်လိုများရင်ဆိုင်မလဲ နိုင်ရောနိုင်ပါ့မလား... ဒီမေးခွန်းတွေရဲ့ အဖြေကိုသိချင်ရင်တော့... ဒီ RottenTomatoes က Best Movie လို့ပြောပြီး 78% ရထားတဲ့ကားမှာ ဆက်လက်ရှုစားကြရအောင်ဗျာ... (ဇာတ်လမ်းအညွန်းကို ရဲခန်.မင်းမှရေးပေးထားတာဖြစ်ပါတယ်) File size…(840MB) Quality…720p Bluray Format…mp4 Duration….02:07:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike ZawDownload Here (850 MB) Small File Size (450 MB)
movie
Ghayal Once Again (2016) မြန်မာစာတန်းထိုး
2016
5.2
Vigilante Diaries (2016) မြန်မာစာတန်းထိုး
Vigilante Diaries ဇာတ်ကားက Rating 5.3 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ၉၀ပြည့်နှစ်များက သူရဲကောင်းတွေနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကြမ်းပါ ဒီဇာတ်ကားမှာ လျှို့ဝှက်စစ်ဆင်ရေးလုပ်တဲ့ အေးဂျင့်တွေဟာ ရာဇဝတ်သားဘဝကိုရောက်သွားတဲ့ ပုံမျိုးတင်ဆက်ထားတာပါ ရသစုံစုံလင်လင် ခံစားရမှာဖြစ်တဲ့အတွက် ထွေထွေထူးထူး ပြောနေစရာမလိုလောက်အောင် ကောင်းတဲ့ကားလေးပါ Jason Mewesနှင့် Paul Salonတို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ Christian Sesmaဖြစ်ပါတယ် (ဇာတ်လမ်း အညွန်းကိုတော့ မမ Bommy Chan မှရေးပေးထားတာဖြစ်ပါတယ်) File size…(750 MB) Quality…720p Bluray Format…mp4 Duration….01:48:30 Subtitle….Myanmar Subtitle (Hardsub) Encoder…. Arkar PhyoDownload Here (750 MB)
movie
Vigilante Diaries (2016) မြန်မာစာတန်းထိုး
2016
6.8
Traffic (2016) မြန်မာစာတန်းထိုး
ဒီနှစ်မှထွက်တဲ့ ဘောလိဝုဒ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဒီကားထဲမှာတော့ ပရိတ်သတ်တွေသိလောက်တဲ့ တော်တော်ကြီးကို ရင်နှီးနေမယ့် မင်းသား မင်းသမီးတွေပါဝင်ထားပါတယ် ဒီကားက တကယ်တော့ ချင်းနိုင်မှာဖြစ်ပျက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ချားသွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ် နာမည်ကြီးစူပါစတားတစ်ယောက်ရဲ့ သမီးလေး နှလုံးရောဂါဖြစ်လို့ ခွဲစိတ်ကုသရတော့မယ့် အချိန် နှလုံးအစားထိုးဖို့ရှာနေတဲ့အချိန် သူနဲ့ကိုက်တဲ့နှလုံးရလာတော့ အချိန်ကလည်းကပ်နေပြ ဘယ်လိုမှပို့ပေးလို့မရတဲ့အချိန်မှာ တစ်နာရီကို ၁၂၀ကီလိုနှုန်းနဲ့ ကမ္ဘာပေါ်မှာ အရှုပ်ဆုံးလမ်းတွေထဲတစ်ခုဖြစ်တဲ့ မွန်ဘိုင်းလမ်းတွေပေါ်မှာ မောင်းရဖို့ ကြုံလာတော့အခါ... ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဒီကားကပေးသွားတဲ့ အတွေးလှိုင်းဂယက်တွေကိုတော့ ချုပ်ထိန်းလို့မရစေရဘူးလို့ အာမခံနိုင်ပါတယ် တွေးစရာတွေ plot တွေ အများကြီးချန်သွားခဲ့တဲ့ ကားကောင်းတစ်ကားပါလို့... (ဇာတ်လမ်းအညွန်းကိုတော့ ရဲခန်.မင်းမှ ရေးပေးထားတာဖြစ်ပါတယ်)File size…(800MB) Quality…BR-Rip 720p Format…mp4 Duration….01:44:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw
movie
Traffic (2016) မြန်မာစာတန်းထိုး
2016
N/A
Scooby-Doo! And WWE: Curse of the Speed Demon (2016) မြန်မာစာတန်းထိုး
စကူဘီ ဒူး ချစ်သူများအတွက် ၂၀၁၆ ထွက် အသစ်ကို တင်ပေးထားပါတယ်။ IMDb 5.8 နဲ့ပါ။ စကူဘီ ဒူး အဖွဲကို WWE ကာရိုက်တာ Undertaker, Triple H တို့ နဲ့ တွဲဖက်ပေးထားပြီး လျို့ဝှက်ဆန်းကြယ် အမှုတစ်ခုကို ဖြေရှင်းကြတဲ့ အကြောင်းပါ။ အားပေးကြပါဦး။File size…(750MB) Quality…BR-Rip 720p Format…mp4 Duration….01:20:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw Download Here (750MB) Download Small File Size (340 MB)
movie
Scooby-Doo! And WWE: Curse of the Speed Demon (2016) မြန်မာစာတန်းထိုး
2016
7.4
Sultan (2016) မြန်မာစာတန်းထိုး ( Blu-ray Update)
နပန်းဆိုတာ အားကစားမဟုတ်ပါဘူး ရဲရင့်တဲ့ လူ၂ယောက်ကြားက တိုက်ပွဲ အဲ့တာ ကျွန်တော်ပြောတာ မဟုတ်ဘူးနော် စူလ်တန်က ပြောခဲ့တာ ကဲဗျာ ပရိတ်သတ်ကြီးအတွက် ၂၀၁၆ ထွက် မင်းသားကြီး ဆလမန်ခန်းရဲ့ ကားသစ်တကားကို ထပ်ပြီးတင်ပေးလိုက်ပါတယ် အလယ်အလတ်ပိုင်းအရွယ်ရှိတဲ့ နပန်းချန်ပီယံတစ်ယောက် Olympic မှာ India ကိုယ်စားပြုဝင်ပြိုင်ပြီး လက်ဝှေ့လောကကို ပြန်လာဖို့ ကြိုးပမ်းတဲ့အကြောင်းဖြစ်ပါတယ်။ တစ်ချိန်က ပြိုင်စံရှား အောင်မြင်ကျော်ကြားလှတဲ့ နပန်းသမားကြီး Sultan ခုတော့ အကြောင်းအမျိုးမျိုးကြောင့် အရှုံးသမားဖြစ်နေရာက ဆုံးရှုံးသွားသမျှကို ပြန်ယူဖို့အတွက် ကြိုးဝိုင်းအတွင်းကို ပြန်ဝင်ဖို့ဖြစ်လာပါတော့တယ်။ ဒီကားကို စသိမိတာကတော့ ထုံးစံအတိုင်း ရုပ်ရှင်ရုံမှာပြတဲ့ trailer ကြောင့်ပေါ့။ ပုံစံကမဆိုးဘူး၊ ရိုက်ချက်လေးတွေ မိုက်တယ်၊ တအားကြီးမကောင်းတောင် ထူးထူးခြားခြားနဲ့ အပန်းပြေနိုင်တယ် ကြည့်ဦးမှဆိုပြီးတော့ ဖြစ်ခဲ့တယ်ပေါ့ဗျ။ ဘယ်လိုကောင်းမယ် ဘာဖြစ်တယ်ညာဖြစ်တယ်မျိုး မှန်းထားတာမျိုးမရှိခဲ့ဘူး။ ဇာတ်လမ်းပိုင်းမှာ Sultan ဟာ Southpaw နဲ့ နည်းနည်းလေးသွားဆင်တယ်။ ဇာတ်ဝင်ခန်းတချို့ ပြောသွားတဲ့ ပေးသွားတဲ့ message တချို့အရ နောက်လာမဲ့ Amir Khan ရဲ့ ...
movie
Sultan (2016) မြန်မာစာတန်းထိုး ( Blu-ray Update)
2016
3.7
God’s Not Dead 2 (2016) မြန်မာစာတန်းထိုး
ပထမကား god not dead 1 ကို ကြည့်ဖူးတဲ့သူတွေအနေနဲ့ မစိမ်းတဲ့ဇာတ်ကားတကားပါဗျ ခရစ်ယာန် ဘာသာကို လေ့လာခြင်သူတွေ မသိသေးတဲ့သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတကားဆိုတာ ၁ ကိုကြည့်ဖူးတဲ့သူတိုင်း သိကြမယ် ထင်ပါတယ် ပထမကားလိုပဲ ဘာသာတရားကိုအယုံအကြည်မရှိတဲ့ ဆရာနဲ့ ဘာသာတရားအပေါ် လုံးဝ ယုံကြည် စွဲလန်းမှုရှိနေတဲ့ ဆရာတပည့်တို့တွေ့ဆုံကြတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်လက်ဖြစ်ပျက်နိုင်မလဲဆိုတာကို ဆက်လက်ရှူစားကြပါလို့ File Size : 850MB/ 433Mb Duration : 2hr 13min Quality : Bluray Rip720p Encoder : Thanhtike ZawDownload Here (850 MB) Download Small File Size (433 MB)
movie
God’s Not Dead 2 (2016) မြန်မာစာတန်းထိုး
2016
7.2
Everybody Wants Some!! (2016)
ဒီဇတ်ကားဟာ အမေရိကန် ဘေ့စ်ဘော အသင်းကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ၁၉၈၀ ခုနှစ်လောက်က အ၀တ်အစားတွေ ဟန်ပန်တွေ အသုံးအနှုန်းတွေ ကို ပြန်လည်တွေ့မြင်ရမှာပါ ထိုခေတ်က ကောင်လေး ကောင်မလေးတွေ ပုံစံ နဲ့ သီချင်းတွေကလဲ အလန်းတွေပါ မတူညီတဲ့ သူတွေကို လေ့ကျင့်ပေးဖို့ အတွက် အိမ်တစ်လုံးမှာ စုစည်းပေးထားပြီး ဘေ့စ်ဘော ပွဲအတွက် ပြင်ဆင်ပေးနေပေမယ့် တစ်ဦးနဲ့ တစ်ဦး အကျင့်စရိုက်တွေ မတူညီကြပုံ ပြသနာ ရှာကြပုံတွေက ရယ်လဲရယ်ရသလို အသင်းအဖွဲ့စိတ်ဓါတ်လေးတွေ ကိုလဲ တွေ့ရမှာBox office: 3.9 million USD ရရှိခဲ့ပြီးDirector: Richard Linklater ရိုက်ကူးတင်ဆက်ထားပါတယ်CM မှာ အားကစား ရုပ်ရှင်တွေ အများကြီး ရှိတဲ့အထဲ ကြည့်သင့်တယ်လို့ မှတ်ချက်ပေးချင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ(သစ်ဆန်းခန့်)(850MB)Small File (500MB)
movie
Everybody Wants Some!! (2016)
2016
First
21
22
23
24
25
Last
Previous
Next