Channel Myanmar

2016

Approaching the Unknown 2016 4.8
Approaching the Unknown 2016 ဒီရုပ်ရှင်ကားက စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းနဲ့ ဒရမ် မာအမျိုးအသားထဲမှာပါပါတယ်။ အာကာသထဲမှာနေထိုင်ရတယ့် လူတစ်ဦးရဲ့  ရည်မှန်းချက်တွေ ၊ အထီးကျန်မှုတွေ ၊ စိတ်ပင်ပန်းမှုတွေအကြောင်းကို အဓီကရိုက်ကူးတင်ဆက်ထား ပါတယ်။ IMDbRating ၄.၈ ၊ Rotten Tomatoes ၄၅% ၊ Metacritic ၅၃ နဲ့  Rpger Ebert ၄ မှာ ၂.၅ ရရှိထာပါတယ်။ ဒီရုပ်ရှင်က ဝေဖန်ရေးလောကမှာ ဝေဖန်မှုကောင်းတာရော မကောင်းတာရော ရရှိခဲ့ပြီး ဒွိဟဖြစ်စေခဲ့ပါတယ်။ အဓီကသရုပ်ဆောင်ထားတယ့် မင်းသားကြီး မက်ခ်စတောင်း ရဲ့ သရုပ်ဆောင်မှုတွေ ကိုတော့ ချီးကျူးခဲ့ကြပါတယ်။ The New York Times ဒီရုပ်ရှင်ကတစ်ကားလုံးကြည့်လို့ မကောင်းရင်တောင် မင်းသားကြီး စတောင်းရဲ့ လူသားတွေရဲ့ အင်ဂျင်နီယာ ပေါ်မှာ ယုံကြည်အသက်ရှင်နိုင်ဖို့ ကြိုး စားနေတယ်လူတစ်ယောက်အဖြစ် သရုပ်ဆောင် ထားတယ့် အပိုင်းကတော့ အရမ်းကောင်းပါတယ်လို့  မှတ်ချက်ပေးထားတယ်။ ၂၀၁၆ခုနှစ် ဇွန်လပိုင်းကထွက်ရှိထားပြီး တစ်ကားလုံး မိနစ် ၉၀ ကြာပါတယ်။ ဒီဇာတ်လမ်းပုံစံ က ...
movie

Approaching the Unknown 2016

2016
Heartfall Arises (2016) 4.6
Heartfall Arises (2016) ဒီနေ့ရုပ်ရှင်အကြို ခံစားဖို့အတွက် ကိုတော့ ဟောင်ကောင် တရုတ်မှု ခင်း၊ အက်ရှင်၊ ဒရာမာဇာတ်ကား လေးအကြောင်း ဖော်ပြပေးလိုက် ပါတယ်။အပစ်အခတ်နဲ့ အစဖွင့်ထား တဲ့ ဒီဇာတ်လမ်းမှာ ရဲစုံထောက် ဂျွန်မာဟာ လူသတ်သမား Generalနဲ့ အပြန်အလှန်ပစ်ခတ်နေတုန်း ဂျွန်မာဟာ General ရဲ့ ခေါင်းကို သေနတ်နဲ့ပစ်ပြီး ရှင်းလိုက်နိုင်သ လို စုံထောက်မာလည်း နှလုံးတည့် တည့်ကို သေနတ် မှန်သွားခဲ့ပါ တယ်။ ဒါပေမဲ့လည်း ကံကောင်း စွာနဲ့ အချိန်မီနှလုံးအစားထိုး ကုသ နိုင်ခဲ့တာကြောင့် ဂျွန်မာအသက် ရှင်သန်ခွင့်ရခဲ့ပါတယ်။ဆေးရုံမှာ ကုသခံနေတုန်းမှု ခင်းဆိုင်ရာ စိတ်ပညာရှင်ကယ်လ် ဗင်ချဲနဲ့ ဆုံခဲ့ပြီး တကယ်တော့ သူ တို့နှစ်ယောက်ဟာ တစ်ချိန်တုန်း က တရုတ်စစ်တုရင်မာစတာတွေ ပဲ ဖြစ်ပါတယ်။နိုင်ငံတစ်လွှားမှာ ခန္ဓာကိုယ် အစိတ်အပိုင်းရယူဖို့အတွက် သတ်ဖြတ်ခံရတဲ့ မှုခင်းတွေများလာတဲ့ အတွက် ရဲစုံထောက်မာနဲ့ စိတ်ပညာရှင်ချဲတို့နှစ်ယောက်အတူ ...
movie

Heartfall Arises (2016)

2016
Head Shot (2017) 7.3
Head Shot (2017) ဘ၀မှာမိသားစုဆန်တဲ့ ကြင်နာယုယမှု နွေးထွေးမှုမရှိပဲ မကောင်းမှုတွေကြားထဲမှာသာ ကြီးပြင်းလာတဲ့ကောင်လေး တစ်ယောက်ဟာ တစ်နေ့တော့ သူတို့အဖွဲ့ရဲ့ လက်ချက်နဲ့ ဦးခေါင်းမှသေနတ်ဒဏ်ရာရပြီး ဆေးရုံကိုရောက်လာပါတယ် ဆေးရုံရောက်လာတော့ ခေါင်းကဒဏ်ရာကြောင့် အတိတ်မေ့ပြီး ဘ၀မှာမကြုံတွေ့ဖူးတဲ့ ဆရာဝန်မလေးရဲ့ နွေးထွေးမှုတွေကိုခံစားမိပြီး တယောက်နဲ့ တစ်ယောက်သံယောဇဉ်တွယ်သွားပါတော့ ထိုအချိန်မှာပဲ အတိတ်က ကျန်ရှိနေခဲ့သေးတဲ့ ပြသနာတွေကြောင့် ဆရာဝန်မလေးဟာ ဓါးစာခံအဖြစ်ဖမ်းဆီးခြင်းခံရပြီး ဘ၀မှမကြုံတွေ့ဖူးတဲ့ အချစ်ကိုစတင်ခံစားရချိန်မှာ အခုလိုဖြစ်သွားခဲ့တော့ မင်းသားခမျာ ရင်ဝကို မီးစနဲ့ထိုးသလို ဖြစ်ပြီး ဒိန်းတလိန်းနတ်ပူးပြီး မင်းသမီးကိုလိုက်လံကယ်တင်ပါတော့တယ် ကဲ ပရိတ်သတ်ကြီးရော ဒီကားက သွေးသံရဲရဲ သတ်ခန်းဖြတ်ခန်းတွေကို အားပါးတရကြည့်ရမှာဖြစ်ပြီး အချစ်ဆိုတဲ့ အရာက အရာရာကိုပြောင်းလဲစေနိုင်ကြောင်းကိုလဲ ကြည့်ရမှာဖြစ်ပါတယ် အချစ်ခန်း ကြိုက်ခန်းတွေကိုလဲ ထည့်သွင်းထားတာကြောင့် အလှည့်အပြောင်းလေးတွေနဲ့ ရသပေါင်းစုံ ပါဝင်နေတာကြောင့် ကြည့်ရှူသူများ နှစ်သက်သဘောကျမှာအမှန်ပါပဲ နာမည်ကြီးခဲ့တဲ့ The Raid ထဲက မင်းသား Iko Uwais က ခေါင်းဆောင်ရိုက်ကူးထားတာကြောင့် အက်ရှင်ကား ခပ်ကြမ်းကြမ်းကိုမှ ကြိုက်တယ်ဆိုတဲ့ သူတွေကတော့ လက်မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုတာကိုတော့ ပြောပြလိုက်ပါရစေဗျာ (ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်ကတော့ ကိုအောင်ပြေ ဖြစ်ပါတယ်ဗျ ) 
movie

Head Shot (2017)

2016
The Creature Below (2016) 3.4
The Creature Below (2016) အိုလဗ် ဟာ ရေငုပ်ကျွမ်းကျင်သူ အမျိုးသမီး တစ်ဦးဖြစ်ပြီး အမြဲတမ်း စွန့်စားလိုတဲ့ စိတ်ဓါတ်ရှိသူ တစ်ဦးဖြစ်ပါတယ်... တစ်ရက်မှာတော့ အကောင်းဆုံးသော အကောင်းဆုံးများထဲမှ ကမ္ဘာပင်လယ်ဗဟို အနက်ဆုံးထိ စူးစမ်းရှာဖွေဖို့ ရေငုတ်ဝတ်စုံ တီထွင်သူ ဒါရာ  နှင့် ဆက်သွယ်ပြီး ဒါရာ တီထွင်ထားသော ရေငုပ် ၀တ်စုံဖြင့် ပင်လယ်၏ အလယ်ဗဟိုကိုသွားလိုကြောင်း သူမကို အလုပ်ခန့်ပါရန် တောင်းဆိုခဲ့ပါတယ်... ထိုနှင့် ကျွမ်းကျင် ပညာရှင် အိုလဗ် တစ်ယောက် ဒါရာ ၏ အကောင်းဆုံးသော ရေငုပ် စက်သစ်ကြီးဖြင့် ပင်လယ်၏ အနက်ရှိုင်းဆုံးသော နေရာသို့ ဆင်း၍ မျိုးစိတ်အသစ်များကို လေ့လာခဲ့ရာ မမြင်နိုင်သော တစ်စုံတစ်ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ် သို့ပေမယ့် ထို တိုက်ခိုက်ခံရမှုကို မေ့လျောသွားခဲ့ပြီး ထိုတိုက်ခိုက်ခံရသော အချိန်မှာ သူမ ဆီတွင် တစ်ခုခု ကပ်ညှိတွယ် ကျန်ခဲ့သည်ကို မသိခဲ့သောအခါ... ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Ye Kyaw Htet ဖြစ်ပါတယ်..============ Thit ...
movie

The Creature Below (2016)

2016
Lion (2016) 8.0
Lion (2016) Lion (2016) IMDb - 8.0/10_____Rotten - 84% Nominated for 6 Oscars. Another 59 wins & 98 nominationsLion (2016)Saroo ဆိုတဲ့ လူငယ်လေးဟာ သူ့အမေ,သူ့အကို တို့နဲ့အတူ အိန္ဒိယနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်ပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ကျောက်မီးသွေးရထားပေါ်က ကျောက်မီးသွေးခဲတွေကို ခိုးယူပီး ပြန်ရောင်းစားတဲ့ အလုပ်ကို လုပ်ကြပါတယ်။ မိခင်ကတော့ ကျောက်တောင်တစ်ခုမှာ ကျောက်ခဲ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ Saroo တို့ညီအကို နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအကိုတွေပါ။ တစ်ရက်မှာတော့ သူ့အကို ညပိုင်းလုပ်တဲ့ အလုပ်ဆီ Saroo ကလိုက်သွားခဲ့ပါတယ်။ အလုပ်ကိုရောက်ဖို့ ရထားတဆင့်စီးရပါတယ်။ ဘူတာရုံရောက်တော့ Saroo အရမ်းအိပ်ချင်နေတဲ့အတွက် သူ့အကိုက ခုံတန်းလေးပေါ်မှာ သူ့ညီကိုထားခဲ့ပီး အလုပ်သွားလုပ်ခဲ့ပါတယ်။ Saroo ...
movie

Lion (2016)

2016
Jackie (2016) 6.7
Jackie (2016) Jackie (2016) IMDb - 6.7/10_____Rotten - 87%   ကျွန်တော် La La Land ဇာတ်ကားကို ပိုကြိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ပြောရမယ်ဆိုရင်တော့ ယခု Jackie ဇာတ်ကားထဲက Natalie Portman သရုပ်ဆောင်ခဲ့တာ Emma Stone ထက် အဆများစွာ သာခဲ့တယ်။ ယခုဇာတ်ကားကိုလည်း ရုံမှာကြည့်ဖို့မစောင့်နိုင်တော့တဲ့အတွက် SD version လေးပဲကြည့်ခဲ့ရတယ်။ သမိုင်းမှာ America ရဲ့နာမည်ကျော် သမ္မတတစ်ဦးဖြစ်ခဲ့တဲ့ John F. Kennedy ရဲ့ အမျိုးသမီးဖြစ်သူ Jacqueline Kennedy Onassis ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ Biographical ရုပ်ရှင်ဇာတ်ကားဆိုပေမဲ့ တစ်ခြားဇာတ်ကားတွေနဲ့ကွာခြားတာတစ်ခုက ယခုဇာတ်ကားက ခင်ပွန်းဖြစ်သူလုပ်ကြံခံရပြီးတဲ့နောက်ပိုင်း နေ့ရက်တွေက သူမရဲ့ဘဝကို ပိုမိုအာရုံထားပြီး တင်ပြထားတာပဲ။ ထို့အတွက်ကြောင့်လည်း ယခုဇာတ်ကားဟာ ပိုမိုလေးနက်တယ်လို့ခံစားခဲ့ရတယ်။ Natalie Portman ရဲ့ သရုပ်ဆောင်ကွက်တွေကို ...
movie

Jackie (2016)

2016
Throne of Elves (2016) 7.9
Throne of Elves (2016) ဒီကားလေးက ပထမထွက်ရှိထားတဲ့ Dragon Nest: Warrior's Dawn ရဲ့အဆက် ဒုတိယကားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးမပြောခင် movie version လေးအကြောင်းပြောပါရစေ ကျွန်တော်တို့ပထမတင်ပေးခဲ့တာက english version ဖြစ်ပြီး အခုတင်ဆက်ပေးတာကတော့ chinese version ပဲ ဖြစ်ပါတယ်... version မတူတဲ့အတွက် ဇာတ်ကားမှာပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ နာမည်ဟာ နတ်သူငယ်မလေး လီယာ(Liya)ကလွဲပြီး ကျန်တာတွေမတူကြပါဘူး.. .(ဥပမာ eng ver: Lambert = Chinese ver: Xiao Yu) ဒါလေးတစ်ခုတော့ သည်းခံပေးပါခင်ဗျာ   ဇာတ်လမ်းအကျဉ်းအရ ပထမဇာတ်ကားရဲ့ နဂါးတိုက်ပွဲအပြီး အားလုံးအေးချမ်းသွားတဲ့အချိန် ရှောင်ယူ(လမ်းဘာတ့်) နဲ့ နတ်သူငယ်မလေး လီယာတို့နှစ်ယောက်လည်း တစ်ယောက်နဲ့တစ်ယောက်မေတ္တမျှနေကြပြီ...   သို့သော်လည်း နေရာဒေသဝေးကွာတဲ့အခြေအနေကြောင့် တွေ့ကြရဖို့တော့ မလွယ်ကြ..   .တစ်နေ့ ကံကြမ္မာမျက်နာသာပေးလို့ သူတို့နှစ်ယောက် ဆုံတွေ့ဖို့ အခွင့်အရေးတစ်ခုပေါ်ပေါက်လာလေရဲ့...   ဒီအချိန် နတ်သူငယ်တိုင်းပြည်ကို သိမ်းပိုက်ဖို့ကြံစည်နေတဲ့ အမှောင်လောကဘက်တော်သား နတ်သူမတစ်ယောက်က ကြိုးစားအားထုတ်လာတဲ့အခါမှာတော့....   နတ်သူငယ်ထီးနန်းကို သိမ်းပိုက်ဖို့ သူ ဘယ်လိုတွေလုပ်မှာလဲ? လီယာတို့ရဲ့အချစ်ဇာတ်လမ်းကရော ဘာတွေဖြစ်မလဲ? ဆိုတာတွေကိုတော့ ဒီရုပ်ရှင်ဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုကြပါကုန်...   ဒီကားမှာတော့ နတ်သူငယ်မလေးတွေ အရင်ထက် ပိုချော ပိုချစ်စရာကောင်းလာတာကိုသတိပြုမိပါတယ် ကောင်းမွန်တဲ့ Animation ပြုလုပ်ချက်တွေကြောင့်လည်း ကြည့်ရှူရတဲ့ ပရိတ်သတ်ကြီးအတွက် သဘောကျစေမှာပါ...   ဒါကြောင့် ...
movie

Throne of Elves (2016)

2016
Time Renegades (2016) 6.8
Time Renegades (2016) IMDb (6.9/10) ထိရရှိထားတဲ့ ဒီကိုရီးယားဇာတ်ကားမှာ မင်းသား Jo Jung‑suk,Lee Jin‑wook နဲ့ မင်းသမီး Im Soo‑jung တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့......၁၉၈၀ က လူတစ်​​ယောက်​နဲ့ ၂၀၁၅ က လူတစ်​​ယောက်​ တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​ အိပ်​မက်​​တွေအပြန်​အလှန်​မက်​ပြီး သူတို့နှစ်​​ယောက်​ချိတ်​ဆက်​မိကြတယ်​။ အတိတ်​ဘဝကလူရဲ့ချစ်​သူ အသတ်ခံရပြီး​ သူနဲ့ဆိုင်​တဲ့ လူ​တွေလဲ တစ်​​ယောက်​ပြီးတစ်​​ယောက်​ ပုံစံတစ်​အ​မျိုးတည်းနဲ့ အသတ်​ခံရပါ​တယ်​။ ဒီလူသတ်​သမားဟာ ယခုဘဝကလူရဲ့ချစ်​သူကိုပါ သတ်​ဖို့ ကြိုးစားလာပါ​တော့တယ်​။ ဒါကို အရင်​ဘဝကလူက ကြိုမြင်​ပြီး..လူသတ်​သမားကို လိုက်​ဖမ်းဖို့ကြိုးစားပါ​တယ်​။ အချိန်မတူတဲ့ လူနှစ်ယောက်...တစ်ယောက်ရဲ့ အနာဂတ်ကို တစ်ယောက်က ကြိုတင်မြင်နေကြပြီး သေလုမျောပါးပြေးလွှားရမယ့်အဖြစ်က ဘယ်လောက်ထိစိတ်လှုပ်ရှား ရင်ခုန်စရာကောင်းမယ်ဆိုတာ ခံစားကြည့်ရှုကြပါဦး။(Myint Thinzar မှခံစားတင်ဆက်ထားတာပါ။)  File size…(900MB) and (430MB) Quality…HD-Rip 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

Time Renegades (2016)

2016
Shivaay (2016) 6.7
Shivaay (2016) အိန္ဒိယ နိုင်ငံမှာ ၀င်ငွေစံချိန်တင်ခဲ့ပြီး IMDb rating 6.6 ထိရရှိထားတဲ့ သည်းထိပ်ရင်ဖိုဒရာမာကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်... တောင်တက်လမ်းပြအဖြစ် တစ်ဘ၀လုံး နှစ်မြုပ်ထားတဲ့ ရှီဗား ...သူ့ဘ၀ကတောင်တက်သမားတွေကို လမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြု ပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် ...တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကို တောင်တက်လမ်းပြအဖြစ် လိုက်ရင် မမျှော်လင့်ပဲ နှင်းတောင်ပြိုကျရာမှ ချောက်ထဲ ပြုတ်ကျရင်း အဲ့ဒီအဖွဲ့မှာပါတဲ့ ဘူဂေးရီးယားသူ မိန်းမချောလေးအော်ဂါ က တောင်တက်လမ်းပြလူကြမ်းကြီးရဲ့ နှလုံးသားကို အချစ်ရဲ့ကျေးကျွန်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်... ဒီလိုနဲ့ အချစ်နယ်ကျွံကြရင်း ကိုယ်ဝန်ရှိသွားတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကလေးကိုဖျက်ချပစ်ဖို့ အော်ဂါက ဆန္ဒရှိနေပေမဲ့ လူကြမ်းကြီးရဲ့ နှလုံးသားကလက်မခံပဲ ကလေးကိုမွေးပေးဖို့ တောင်းဆိုခဲ့ပါတယ် ...ဒီလိုနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ အမေဖြစ်သူဟာ ဘူဂေးရီးယားကိုပြန်သွားခဲ့ပြီး သမီးလေးဖြစ်သူ ဂါရာ အသက်၉နှစ်အရွယ်ရောက်တဲ့အခါမှာတော့ မထင်မှတ်ပဲ သိမ်းဆည်းထားတဲ့ အမေဖြစ်သူရဲ့ပုံကိုတွေ့ရှိသွားရာမှ မိတဆိုး သမီးလေးက အမေဖြစ်သူဆီကိုသွားရောက်ဖို့ ပူဆာရာမှ  သူတို့သားအဖ ၂ယောက် အမေရှိရာ ဘူဂေးရီးယားကိုလိုက်သွားကြပါတယ် တဖက်နိုင်ငံကိုရောက်တော့ ဟော်တယ်မှာ ကလေးသူငယ်တွေကိုလိင်လုပ်သားအဖြစ်ခိုင်းစေတဲ့အမှုကို တွေ့ရှိပြီး ကူညီပေးခဲ့မိရာမှ ကလေးဖမ်းတဲ့ ဂိုဏ်းနဲ့ပတ်သက်မိပြီး သမီးလေးဟာ ...
movie

Shivaay (2016)

2016
Mission Milano (2016) 3.9
Mission Milano (2016) မင်းသားကြီး Andy Lau ဦးဆောင်ပါဝင်တဲ့ ဒီဇာတ်ကားဟာ စွန့်စား အက်ရှင် ဟာသ အမျိုးအစား ဟောင်ကောင်ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.......လူးဝစ္စလော်ဟာ နည်းပညာ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး လူ သိများတဲ့ လူချမ်းသာ စွန့်ဦးတီ ထွင်လုပ်ငန်းရှင်တစ်ယောက်ပါ။ ဒီဂုဏ်ပုဒ်တွေရဲ့ နောက်ကွယ်မှာ တော့ သူဟာ ကိုယ်ခံပညာမာစ တာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဘိုး ဘေးဘီဘင်တွေက ချမ်းသာတဲ့ လူတွေဆီက ခိုးယူပြီး မရှိဆင်းရဲ သားတွေကို အလှူအတန်းပေးတဲ့ သူတော်ကောင်းသူခိုးတွေအဖြစ် အစဉ်အဆက်လုပ်ခဲ့ကြတာပါ။အမျိုးအဆွေတွေရဲ့ ကောင်းမွေကို လက်ခံရရှိထားတဲ့ လူးဝစ္စ လော်ဟာလည်း မတရားမှုတွေအ တွက် တိုက်ပွဲဝင်သလို အမှုမှန် ပေါ်ပေါက်ဖို့အတွက်လည်း ရဲတွေကို အကူအညီပေးပါတယ်။တစ်ရက်မှာတော့ လူးဝစ္စ ဟာ ဆွစ်ဇာလန်တက္ကသိုလ်ရဲ့ ရန်ပုံငွေနဲ့ သီးနှံစိုက်ပျိုးမရတဲ့မြေမှာ တစ်မိနစ်အတွင်း သီးနှံစိုက်နိုင်တဲ့ Seed of God ကို တီထွင်နိုင်ခဲ့ပြီး ပြိုင်ဘက်တွေကို ကျော်လွှားကာ စိုက်ပျိုးရေးလောကမှာ ...
movie

Mission Milano (2016)

2016
The Love Witch (2016) 6.8
The Love Witch (2016) IMDb (6.4/10)...Rotten Tomatoes (96%)RT 96% ရရှိထားလို့ ဒီဇာတ်ကားက သာမန်ကားတော့ မဟုတ်တာ သတိပြုမိမှာပါ။ခင်​ပွန်းသည်ရဲ့စွန့်​ပစ်​တာကိုခံလိုက်​ရတဲ့ မိန်းမတစ်​​ယောက်​ဟာ ​ယောက်ျားသားကြီးစိုးတဲ့မဟာဖိုဝါဒကိုအာခံပြီး​မှော်​ပညာနဲ့မိန်းမအဓိက၀ါဒီတစ်​​ယောက်​ဖြစ်​လာတဲ့ မိန်းမချောလေး Elaine အဖြစ် မင်းသမီး Samantha Robinson မှပါဝင်ထားပါတယ်။သူမဟာ ယောက်ျား​တွေကို အရူးအမူးစွဲလန်းသွား​အောင်​ ဆွဲဆောင်တယ်.. ဒီ​ယောကျာ်း​တွေဟာလဲ သူမနဲ့အကြောင်းပါပြီးတာနဲ့ သေနည်းအမျိုးမျိုးနဲ့ ​သေကုန်​တယ်​... သူမဟာ စိတ်ဝေဒနာသည်လို...စုန်းကဝေမလိုဖြစ်လာခဲ့ပြီး ရဲတွေကဒီလူသေမှုတွေကို လိုက်လံစုံစမ်းပါတယ်...အဲ့ဒီရဲကိုပါ ကဝေမ တဖြစ်လဲ မိန်းမချောလေး Elaine တစ်ယောက် အချစ်နတ်ဖမ်းစားပြီး ဘယ်လိုပြုစားမလဲဆိုတာ.........။(ဘာသာပြန်ထားသူကတော့ Mya Thin Kyi  ဖြစ်ပါတယ်။)  File size…(999MB) and (490MB) Quality…HD-Rip 720p Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung    Download and Watch 720p HD (VIP Link) (or) Download 720p HD (pCloud)  Download Small File 360p (490MB)   
movie

The Love Witch (2016)

2016
Manchester by the Sea (2016) 7.8
Manchester by the Sea (2016) Manchester by the Sea (2016) IMDb - 7.8/10______Rotten - 96% Won 2 Oscars. Another 128 wins & 259 nominations  အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိခဲ့ပြီးIMDb 7.8 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ် ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ဆုနဲ့ ၂၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ် ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေး ဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေ အိမ်ထောင်ရေး ပြသနာတွေ၊ အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားကကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏ တရားဥပဒေအရ တူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့ အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့ မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့် လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာ နှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ် အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သား ပက်ထရစ်ဟာ ဦးလေးဖြစ်သူ ...
movie

Manchester by the Sea (2016)

2016
Legends of the Hidden Temple (2016) 6.0
Legends of the Hidden Temple (2016)   IMDb 6 ရရှိထားပြီး ၂၀၁၆ ခုနှစ်ကထွက်ခဲ့တဲ့ ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက မိသားစုနဲ့ အတူတူကြည့်လို့ရပြီး ပေါ့ပေါ့ပါးပါး နဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ နွေရာသီ ပိတ်ရက်မှာ မိသားစု အလိုက် တောတွင်းခရီးသွားကြရင်း ကလေးတွေက နယ်ကျွံပြီး ထူးဆန်းတဲ့ ရှေးဟောင်း ဘုရားကျောင်းပျက်ကြီးထဲကိုရောက်သွားပြီး ထူးဆန်းတာတွေ သဘာဝလွန် ဖြစ်ရပ်တွေကိုကြုံတွေ့ လိုက်ရတဲ့ အခါမှာတော့ ဘယ်လိုတွေ ဆက်လက်ဖြစ်ပျက်ကြမလဲ အသက်ရှင်ရင်ကော လွတ်မြောက်နိုင်ကြပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့Download From V.I.P Download Large File From cloudDownload Small File From Pcloud
movie


2016
A Monster Calls (2016) 7.5
A Monster Calls (2016) A Monster Calls (2016)IMDb - 7.5/10_____Rotten - 86%    အသစ်စက်စက် A Monster Calls လေး ရပါပြီ CM fan အပေါင်းတို့ရေ.. ဒါနဲ့CM ပိတ်သတ်ကြီးရော.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား.. ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်.. သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်.. တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက tree monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်.. သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလို့ပါ.. အဲ့ဒါက ဘာအတွက်လဲဆိုတော့... .... ... ကျွန်တော် ဇာတ်လမ်းလေးပေါ့သွားမှာစိုးလို့ ဒီ့ထက်ပိုပြီးမပြောပြတော့ပါဘူး.. ဒီ Fantasy | Drama ကားလေးက စာရေးဆရာ ...
movie

A Monster Calls (2016)

2016
Let’s Be Evil (2016) 5.5
Let’s Be Evil (2016) ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဂျန်နီ တစ်ယောက် သင်ကြားရေးစနစ်တစ်ခုကို စမ်းသပ် သင်ကြားရန်ရွေးချယ်ထားသူတွေကို အကူအညီပေးဖို့ အလုပ်ကိုလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်... အလုပ်အကြောင်းကို သာမာန်ထက်ပိုပြီးလုံခြုံရေးတင်းကျပ်တယ်ဆိုရုံလောက်သာသိထားတဲ့ ဂျန်နီ တစ်ယောက် အလုပ်ရုံကိုရောက်သွားချိန်မှာတော့.. အလုပ်ရုံက Virtual Reality Glass လို့ ခေါ်တဲ့ ပုံရိပ်ယောင်မျက်မှန်တပ်မှသာ မြင်နိုင်တဲ့ မြေအောက်စခန်းတစ်ခုဖြစ်နေရုံသာမက သူမ အကူအညီပေးရမယ့်သူတွေက ကလေးငယ်လေးတွေဖြစ်နေပြီး ထို ကလေးငယ်လေးတွေက လူကြီးတွေလိုက်မမှီနိုင်လောက်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့ သင်ကြားရေးစနစ်တစ်ခုလုံးက Virtual Reality Glass လို့ ခေါ်တဲ့ ပုံရိပ်ယောင် မျက်မှန်မှတစ်ဆင့် သင်ကြားနေခြင်းဖြစ်ကြောင်းသိရှိခဲ့ရကာ... သူမရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်နဲ့ တူတူ ထူးဆန်းတဲ့အလုပ်ရုံမှာ အလုပ်လုပ်နေရင်း ထက်မြက်တဲ့ ကလေးတွေရဲ့ သားကောင်တွေဖြစ်မှန်းမသိဖြစ်လာခဲ့သောအခါ.. ဇာတ်လမ်းအစကစပြီး ကြည့်ရှုသူကို မေးခွန်းပေါင်းများစွာနဲ့  အဆုံးထိ ဆွဲခေါ်သွားမယ့် ချောက်ချားထိတ်လန့် စရာ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်............File size…(685 MB , 335 ...
movie

Let’s Be Evil (2016)

2016
The Nice Guys (2016) 7.4
The Nice Guys (2016) The Nice Guys (2016) IMDb - 7.4/10_____Rotten - 92%   ယခုဇာတ်ကားကို ကြည့်နေစဉ်မှာ ကျွန်တော်ဘယ်ဇာတ်ကားတွေကို သွားသတိရမိစေလဲဆိုတော့ Chinatown နဲ့L.A. confidential ဇာတ်ကားတွေပဲ။ ဒါပေမဲ့ ထိုဇာတ်ကားတွေနဲ့ ကွာခြားချက်တစ်ခုကတော့ အသောမတတ်နိင်အောင် ရယ်မောနေစေရတဲ့ ဇာတ်ဝင်ခန်းတွေပဲ။ ဟာသလို့ပြောရမယ်ဆိုရင် "Lethal Weapon" နဲ့ "Boogie Nights" တို့နဲ့လည်းသွားဆင်တူသေးတယ်။ ခင်ဗျားဟာ ဇာတ်အိမ်ကောင်းကောင်းတစ်ကား ကြည့်ချင်မယ်။ Action ခန်းတွေကိုလည်း များနိုင်သမျှများ၊ ကြမ်းနိုင်သမျှကြမ်းစေချင်မယ်။ ဒီကြားတည်း ဟာသခန်းလေးတွေလည်း ကြည့်ချင်သေးတယ်ဆိုရင်တော့ 2016 အတွက် ရှားရှားပါးပါး ယခု The Nice Guys ဆိုတဲ့ တစ်ကားလေးပဲ ထွက်ပေါ်လာခဲ့တယ်။ နောက်ထပ် တစ်ချက်က ဇာတ်သိမ်း၊ အားမရခဲ့ပေမဲ့ ယုတ္တိရှိတယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့အပြင် လက်တွေ့လောကကြီးတွေထဲမှာလည်း ယခုအတိုင်းပင် ငွေကြေးရှိရင် ဥပဒေတွေက လွတ်မြောက်စမြဲပင်လေ။ ဒီဇာတ်ကားကို ...
movie

The Nice Guys (2016)

2016