Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2015
7.4
Mission: Impossible – Rogue Nation (2015)
Mission: Impossible V - Rogue Nation (2015)=================================IMDb Rating 7.4/10ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher ...
movie
Mission: Impossible – Rogue Nation (2015)
2015
4K HEVC
5.9
Dragon Blade (2015)
Dragon Blade (2015) =============== IMDb Rating - 5.9/10ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလို ငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Scene တွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင် ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်း ပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ ယဉ်ကျေးမှုပဲအကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ် ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ် အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့ အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမ ဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်း စနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို ၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာ ကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ် တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာ ရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် ...
movie
Dragon Blade (2015)
2015
5.9
[18+]Female War: A Nasty Deal (2015)
အိမ်ထောင်ရေးမှာအချစ်မပါရင် ဆားမပါတဲ့ဟင်းလိုပဲ ပေါ့ပျက်ပျက်ရယ်ပါ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်က အွန်ယောင်း ပဲ အွန်ယောင်းက ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေတဲ့သူတယောက် နူးညံ့သိပ်မွေ့ပြီး နှလုံးသားလှသူတယောက် အထူးသဖြင့်သူမရဲ့ အမူယာဟန်ပန်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ပဲ သူမကို ကံထူးသွားသူကတော့ ပန်းချီဆရာတယောက်ရယ်ပါဒါပေမဲ့ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ကြမ္မာဆိုးကြီးဝင်မွှေပါတယ် ပန်းချီဆရာက မတော်တဆမှုနဲ့ မျက်လုံးနှစ်ဖက်ကွယ်သွားပါတယ် ကြံရာမရဖြစ်နေချိန် ခိုးကိုးရာမဲ့နေချိန်မှာပဲသူတို့ကို သတိထားမိသွားသူက ကင်ဆာရောဂါနဲ့ဘဝနေဝင်ချိန်ရောက်နေတဲ့ တစ်ကောင်ကြွက် ကုံလုံတဲ့အဖိုးကြီးတစ်ဦး...... သူတို့နှစ်ယောက်ကို ဂရုဏာသက်ပြီး သူ့မျက်လုံးကိုလှူဖို့ဆုံးဖြတ်လိုက်ပါတော့တယ် အွန်ယောင်းကလည်း ကျေးဇူးသိတက်သူပီပီ အဖိုးကြီးကိုသေတဲ့အချိန်စောင့်ရှောက်ဖို့အားထုတ်ပါတယ်ဒါပေမဲ့လေ... အွန်ယောင်းလေးကိုမြင်တာများပြီး အဖိုးကြီးစိတ်ပြောင်းသွားတယ် မတော်တရော်တစ်ခုကိုတောင်းဆိုလိုက်တယ် မျက်လုံးနှစ်လုံးလဲရမယ် အမွေတွေအားလုံးလဲရမယ် သူနဲ့တညပဲအိပ်တဲ့လေ အွန်ယောင်း ဘယ်လိုမှမငြင်းသာတော့ပဲ ခင်ပွန်းသည်စက္ခုနှစ်ကွင်းအလင်းရဖို့ မျက်စိမှိတ်လိုက်ပါတော့တယ်ဒါပေမဲ့အဖိုးကြီးက စိတ်သာရှိပေမဲ့ကိုယ်ကလိုက်မလာပါဘူး အဲဒီအချိန်မှာ အွန်ယောင်းတယောက် ရှိသမျှပညာအကုန်ထုတ်သုံးပေမဲ့လည်း အွန်ယောင်း ရဲ့ကြိုးစားမှုတခုကလေ Naked Weapon ထဲက Maggie Q ညုတဲ့အခန်းကို သွားပြီးတော့သတိရစေမှာအမှန်ပါပဲဇာတ်လမ်းဇာတ်ကွက်တွေက ခမ်းနားပြီး အချစ်ရေး အိမ်ထောင်ရေး မိန်းမတယောက်ရဲ့ အနွံတာခံမှုတွေကို DS Fans တွေအကြိုက် အခန်းများများနဲ့ရောနှောထားတာမို့ ကြည့်ရှု့ကြည့်ပါဦး File size…1.9GB / 856MB Quality…1080p FHD /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu ...
movie
[18+]Female War: A Nasty Deal (2015)
2015
7.6
Sicario (2015)
Genre – Action, Crime, Drama IMDB – 7.6/10 ၂၀၁၅ ခုနှစ်တုန်းက အလန်းစားရုပ်ရှင်တွေထဲက တစ်ကားဆိုငြင်းရမယ် မထင်ဘူးဗျာ… သေသပ်လှပတဲ့ ရိုက်ကွက်၊ ပံ့ပိုးပေးထားတဲ့ နောက်ခံတီးလုံးက စိတ်လှုပ်ရှားစရာ၊ မထင်ထားတဲ့ဇာတ်လမ်းနဲ့ ဇာတ်ကောင်ဖွဲ့စည်းပုံတွေကြောင့် ပိုမိုက်တဲ့အက်ရှင်ကားကောင်း ဖြစ်သွားခဲ့ရတယ်။ အက်ရှင်ဇာတ်ကားက ကောင်းဆိုရိုက်ထားတဲ့ ဒါရိုက်တာကြီးက Blade Runner တို့ Dune တို့ Arrivalတို့ ရိုက်ထားတဲ့ Denis Villeneuve ပေါ့ သူ့ စတိုင်အတိုင်းခပ်အေးအေးနဲ့ သံစဉ်တွေ အမြင်တွေနဲ့ ဖော်ကျူးထားတယ်။သရုပ်ဆောင်တွေကလည်း လူတိုင်းသိကြတဲ့ လက်ဖျောက်တီးThanos ကြီး Josh Brolin ရယ် အမြဲမှုန်ကုပ်ကုပ်နဲ့ သရုပ်ဆောင်လေ့ရှိတဲ့ Benecio Del Toro ရယ် Quiet Place တို့ တွမ်ခရုနဲ့ရှယ်ကြမ်းထားတဲ့ Edge of Tomorrow ထဲက Emily Blunt ...
movie
Sicario (2015)
2015
4K HEVC
5.8
Abulele (2015)
Abulele (2015) ==========="တကယ်လည်းမရှိ၊ ရှိခဲ့ရင်လည်း ခင်ဗျားတို့ ကျွန်တော်တို့ မမြင်နိုင်မယ့် ဖြစ်တည်မှုတစ်ခုအကြောင်းပေါ့ဗျာ"။ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တော်မှာ ကျောရိုးခံထားတဲ့ လျှို့ ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ မြေထဲ ပင်လယ်ဒေသမှာ ကလေးနဲ့ခွေးပဲ အယုံအကြည်ရှိကြတယ်ဆို ပြီး အိပ်ရာဝင်ပုံပြင်တစ်ခုမျှသာ သမုတ်ခံထားရတာကတော့ Abulele ဆိုတဲ့ ရှေးဒဏ္ဍာရီလာသတ္တဝါကြီးတွေပဲဖြစ်ပါတယ်။အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အိမ်မှာရော ကျောင်း မှာပါအဆင်မပြေဖြစ်ပြီး မဝင်ဆံ့နိုင်သလိုခံစားနေရတဲ့ အာဒမ်နဲ့ ဗုံးခိုကျင်းထဲကသတ္တဝါကြီးတို့ သူငယ်ချင်းတွေဖြစ်လာကြတဲ့ အခါမှာတော့.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်)File Size..........(1.2 GB) / (436 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin Wut Yi Encoder..........SWM
movie
Abulele (2015)
2015
7.1
Right Now, Wrong Then (2015)
“Right Now Wrong Then”အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့သိပ်ရင်းနှီးတာ မဟုတ်ဘူး။ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှသူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ရွေးချယ်မှုသေးသေးလေးတွေပဲ ...
movie
Right Now, Wrong Then (2015)
2015
6.8
Brothers of the Wind(2015)
လင်းယုန်ငှက်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး အမဲလိုက်ရာနေရာမှာလည်းအံ့ဩဖွယ်ကောင်းအောင် ထူးချွန်တဲ့ ငှက်တွေဖြစ်ပါတယ်။ဖမ်းချင်တဲ့ သားကောင်ကိုတွေ့ရင် လေပေါ်ကနေအောက်ကိုထိုးဆင်းပြီးမှ မြေကိုမထိပဲ သားကောင်ကို ချီသွားနိုင်တဲ့ပုံစံဟာ လင်းယုန်ငှက်တွေရဲ့ နာမည်ကြီး အမဲလိုက်ပုံလို့ပဲ ပြောရပါလိမ့်မယ်။ဒီဇာတ်ကားကလည်း အဲ့လို အံ့ဩဖို့ကောင်းတဲ့လင်းယုန်တစ်ကောင်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။လူးကပ်စ်ဟာ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူက ကြင်နာတတ်တဲ့စိတ် အပြည့်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီးတစ်ယောက်တည်း အေးအေးဆေးဆေးလည်း နေတတ်သူပါ။ဒီလိုထူးခြားတဲ့ ကောင်လေးတစ်ယောက်မှာအတိတ်ဖြစ်ရပ်ဆိုးတွေလည်း ရှိနေပါတယ်။လူးကပ်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေပြီးသူ့ရဲ့ဖခင်ဖြစ်သူနဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေး မရှိပါဘူး။တစ်နေ့တော့ လူးကပ်စ်တစ်ယောက် လျှောက်သွားရင်းနဲ့တောင်ပေါ်တစ်နေရာက ပြုတ်ကျနေတဲ့ လင်းယုန်ငှက်ပေါက်စလေးတစ်ကောင်ကို တွေ့ခဲ့ပါတယ်။လူးကပ်စ်က ကြင်နာတတ်သူပီပီ ငှက်ကလေးကိုမွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ လူးကပ်စ်နဲ့ ငှက်ကလေး သူငယ်ချင်းတွေဖြစ်လာတာကိုကြည်နူးစရာ မြင်တွေ့ရမယ့်ဇာတ်ကားလေးပါ။ငှက်ကလေးမှာလည်း သူ့ရဲ့ကိုယ်ပိုင် ဘဝဇာတ်လမ်းတစ်ခုရှိနေတဲ့အခါမှာ လူးကပ်စ်တို့ သူငယ်ချင်းနှစ်ယောက်ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ ကြည့်ရှုရမှာပါ။အယ့်လ်ပ်စ် တောင်တန်းကြီးတွေရဲ့ ရှုခင်းလှလှတွေကိုကြည့်ချင်တဲ့ သူတွေအတွက်ရော လူနဲ့တိရစ္ဆာန်ကြားကသံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိူး ကြိုက်သူတွေအတွက်ပါကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size… 2.2GB ...
movie
Brothers of the Wind(2015)
2015
7.0
Fathers and Daughters (2015)
“အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်.နိုးထပြီး. ကျဆင်းတယ်.ပြီးတော့ ချစ်တယ်. ထွက်သွားတယ်...”ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာအကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို“ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင်ဇာတ်မသိမ်းသေးပါဘူး” လို့အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်.မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကိုဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့်ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီးစိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာအချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်.သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာသမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန်ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလိုတစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာတွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှမရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်.ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲကခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကိုတွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကိုလွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size… 1.6GB / 713MB Quality… Blu-Ray ...
movie
Fathers and Daughters (2015)
2015
8.1
Masaan (2015)
Masaan (2015) ******************** ဒီဇာတ်ကားလေးကတော့ Drama/Romanceအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ပရိတ်သတ်အချစ်တော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဗစ်ကီကောရှလ်နဲ့ Section 375 ရုပ်ရှင်ဇာတ်ကားမှာ တရားလိုရှေ့နေအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရစ်ချကျန်ဒါတို့က ပါဝင်အားဖြည့်ထားကြပါတယ်။ဒီဇာတ်ကားဟာ တခြားကြည့်နေကျ အချစ် ဟာသ စိတ်ကူးယဥ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတော့မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဇာတ်နိမ့်တွေရဲ့ လက်တွေ့ဘဝကို ယှဥ်ပြပြီး အရိုးရှင်းဆုံးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပါ IMDB 8.1 ရရှိထားပြီးတော့ အကောင်းဆုံးရိုက်ကူးရေးနဲ့ ဇာတ်လမ်းဇာတ်ညွှန်းဆုတွေကိုလည်းရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဒေဝီပတားက်ဟာ ကွန်ပြူတာဆရာမတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တပည့်ဖြစ်သူ ပီးရူးရှ်နဲ့ ဟော်တယ်တစ်ခုမှာနှစ်ပါးသွားလေ့ရှိပါသတဲ့။ တစ်နေ့မှာတော့ ဟော်တယ်ဝန်ထမ်းတစ်ယောက်က သတင်းပေးလိုက်တဲ့အတွက် ရဲကို သတင်းပေးလိုက်တဲ့အတွက် ရဲတွေရောက်လာတော့တာပေါ့။ ရဲဖမ်းခံရမှာကြောက်တဲ့ ပရူးရှ်ဟာ ရေချိုးခန်းထဲဝင်ပြေးပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ပီရူးရှ်ကို သတ်သေအောင် ဒေဝီကအကြပ်ကိုင်ပါတယ်ဆိုပြီး သတင်းမပြန့်စေချင်ရင် ရူပီ ၃သိန်း ပေးရမယ်လို့ ရဲက ဒေဝီ့အဖေကိုပြောပါတယ်။ ဘာမှဝင်လမ်းကောင်းကောင်းမရှိတဲ့ သားဖနှစ်ယောက် ဒီငွေ ၃သိန်းကို ဘယ်လိုပေးကြမှာလဲ ... ဘယ်လိုအခတ်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ .... ကြည့်ဖူးတဲ့သူတိုင်း နောင်တမရတဲ့ကားလေးဆိုရင်လည်းမမှားပါဘူး ဒါကြောင့်မလို့ လုံးဝလက်လွတ်မခံသင့်ပါကြောင်း . File size…1.8GB / 728MB Quality…1080p BluRay / ...
movie
Masaan (2015)
2015
7.6
Creed (2015)
Creed (2015) ==========Creed 2 ထွက်လာပြီတော့ Creed 1 လဲကြည့်ချင်ကြမယ်ထင်လို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်။ ဒီကားက တစ်ချိန်တုန်းက နာမည် ကျော်လူကြိုက်များခဲ့တဲ့၊ အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့ လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)File Size : (950 MB) Quality : Blu-Ray 720p Running ...
movie
Creed (2015)
2015
4.7
The Red Dress (2015)
The Red Dress (2015) ===============ဇာတ်လမ်းနာမည်အတိုင်း အနီရောင်၀တ်စုံတစ်စုံနဲ့ မီးပွားစတင်ခဲ့တဲ့ ဇာတ်လမ်းလို့ ဆိုရမယ်ထင်ပါတယ်။ Drama Thriller ဖြစ်ပြီး ကြည့် ရင်းကြည့်ရင်း ဒီလိုထင်ထားပေမဲ့ ဟိုလိုဖြစ်သွားမလား ဒီလိုဖြစ်နေမလား ဒွိဟတွေပွားရင်း အဆုံးထိဆွဲခေါ်သွားမယ့် ကားမျိုးပါ။ပတ်ထရစ်ရှာနဲ့ရိန်နာတို့ဟာ အများအမြင်မှာ အစစအရာရာပြည့်စုံနေတဲ့ ဇနီးမောင်နှံပေါ့။ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ကလေးဆုံးသွားတာ ကစလို့ သူတို့ဘ၀ထဲ ဂြိုလ်ဆိုးကစမွှေပါတော့တယ်။ ကလေးဆုံးပြီးတဲ့ နောက်မှာ ပတ်ထရစ်ရှာတစ်ယောက် စိတ်ဓာတ်တွေအကျကြီးကျသွားခဲ့ သလို လင်မယားဆက်ဆံရေးလည်း ဝေးကွာလာခဲ့ပါတယ်။ အဲဒီဒဏ်ရာ တွေကို ကုစားဖို့အတွက် ရိန်နာနဲ့ပတ်ထရစ်ရှာဟာ လန်ဒန်မြို့ကြီးနဲ့ဝေးရာ၊ လှပတဲ့ မော်လ်တာကျွန်းဆီ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အစပိုင်းမှာ ပတ်ထရစ်ရှာတို့လင်မယား ပြန်ပြေလည်သလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်ကအရိပ်တွေ ပြန်ပေါ်လာပြီး နှစ်ဦးသားရဲ့ကြည်နူးမှုဟာ ကြာရှည်မခံလိုက်ပါဘူး။ နောက်ပိုင်းမှာ ရိန်နာ၊ ပတ်ထရစ်ရှာ၊ ရိန်နာရဲ့ အခင်ဆုံးသူငယ်ချင်းဂျိမ်းစ်နဲ့ ရုံးစာရေးမလေး ကန်းဒစ်တို့ရဲ့ဖောက်ပြန်ရေး ဇာတ်ထုပ်တွေ၊ သံသယ၀င်စရာမီးလောင်မှုနဲ့ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေ အားလုံး ရောသောရှုပ်ထွေးလာပါတယ်။ ဒီလိုနဲ့ အနီရောင်၀တ်စုံတစ်စုံက စတင်ပြီး ကြောက်စရာကောင်းတဲ့ စိတ်ရဲ့ဖောက်ပြန်ပြောင်းလဲမှုက အေးချမ်း နေတဲ့ဘ၀တွေကို ဘယ်လိုဒုက္ခပေးသွားမလဲ၊ ဇာတ်လမ်းကို ဘယ်လိုဆွဲခေါ် သွားမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.8 ...
movie
The Red Dress (2015)
2015
6.7
Twilight Over Burma (2015)
Twilight Over Burma (2015)~ IMDb rating - 6.7/10 ~ကိုလိုနီနှောင်းပိုင်း မြန်မာနိုင်ငံရဲ့ မငြိမ်သက်မှုတွေကနေ ဒီဇာတ်လမ်းက မြစ်ဖျားခံခဲ့တယ်ပြောရမလား။ အမေရိကက ပါတီတစ်ခုမှာ အာရှသားကောင်လေးတစ်ယောက်နဲ့ ဩစတေးလျသူကောင်မလေးတစ်ယောက် တွေ့ကြတဲ့အချိန်မှာပဲ ဒီဇာတ်လမ်းစတယ်လို့ ပြောရမလား။ ဒီဇာတ်လမ်းရဲ့ မူရင်းရေးသားသူ အင်ဂျီဆာဂျန့်အတွက်တော့ ပါတီတစ်ခုဟာ ဒီဇာတ်လမ်းရဲ့ အစဖြစ်ခဲ့တယ်။ အာရှသားကောင်လေးတစ်ယောက်က ဩစတေးလျသူလေးကို "ကျွန်တော်က စဝ်ကြာဆိုင်ပါ။ ဗမာပြည်အရှေ့မြောက်ဘက်က ရှမ်းပြည်က လာတာပါ။ တိတိကျကျဆို သီပေါဆိုတဲ့ သာယာတဲ့မြို့လေးကပေါ့။ အဲဒီနယ်က ကွန်နက်တီကတ်လောက်ကျယ်တယ်ဗျ။" လို့ သူ့ကိုယ်သူ စမိတ်ဆက်ခဲ့တယ်။ အဲဒီသူ့ကို လာမိတ်ဆက်တဲ့ အာရှသားကောင်လေးက ဗမာပြည်က စော်ဘွားမှန်းလည်း သူမသိခဲ့ဘူး။ ကောင်လေးကလည်း သူ့အကြောင်းသူ လုံးဝထုတ်မပြောခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးပြောသလို အတိတ်က ...
movie
Twilight Over Burma (2015)
2015
5.7
Where’s the Dragon? (2015)
Where's the Dragon (2015)တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ ရာသီခွင်၁၂ကောင်အကြောင်းကို နည်းအမျိုးမျိုးနဲ့ရုပ်ရှင်ရိုက်ကြပေမယ့် အခုကာတွန်းကားလေးကတော့ ထူးထူးဆန်းဆန်းလေး ရိုက်ကူးထားပါတယ်။ရာသီခွင်နတ်မင်း ၁၂ ပါး ရှိတဲ့အထဲကမှ ဩဇာအကြီးဆုံးဖြစ်တဲ့ နဂါးမင်းကပျောက်သွားပါတယ်။ နဂါးမင်းပျောက်နေတဲ့ နှစ် ၅၀၀ လောက်အတွင်း လူ့လောကကြီးမှာလည်း ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု ဖြစ်လာရပါတယ်။နဂါးနဲ့ဇာမဏီဆိုတာ အချင်းချင်းခရက်ရှ်နေကြတဲ့စုံတွဲလေးပေါ့.. အမှန်က ဇာမဏီပျောက်လို့နဂါးက လိုက်ရှာရင်း နဂါးပါပျောက်သွားတာပါ။ ပြီးတော့ နဂါးပျောက်လို့ ဇာမဏီရှာရင်းနဲ့ သူလည်းထပ်ပျောက်သွားပြန်ပါတယ်။ အစွမ်းအရမ်းထက်ပြီး အားအင်အကြီးဆုံးနှစ်ကောင်ကို ပျောက်အောင်ဖျောက်ပစ်လိုက်တာ ပိုးဟပ်ပါတဲ့..အဲ့ဒီမှာဇာတ်လမ်းကစတာပါပဲ ရာသီခွင်နတ်မင်း ၁၂ ပါးကို အာရုံနောက်အောင်လုပ်နိုင်ပြီး နေရာအပြောင်းအလဲလုပ်ချင်နေတဲ့ ပိုးဟပ်ကြီးက ဘယ်လိုမျိုးဉာဏ်ဆင်ခဲ့လဲ? ချစ်စရာတိရစ္ဆာန် ၁၂ ကောင်လေးတွေကရော ဘယ်လိုကာကွယ်ပေးကြမလဲ? ရယ်စရာဟာသလေးတွေအပြင် ပညာပေးဗဟုသုတလေးတွေပါထည့်ထားပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေမို့လို့ ကလေးကြီးတွေ အကြိုက်တွေ့ဦးမှာအမှန်ပါပဲဗျာ ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre..... Animation Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | ...
movie
Where’s the Dragon? (2015)
2015
5.3
A Love You (2015)
A Love You (2015) =============ဟာသကားကြိုက်နှစ်သက်သူတွေအတွက် ပြင်သစ်ဟာသ ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးက တော့ ဖရတ်က မိဘတွေမရှိတုန်းအိမ်မှာပါတီပွဲကျင်းပတယ်။ ကားကို ပဲရစ်မြို့ထဲစွန့်ပစ်ခဲ့လို့ ရဲစခန်းမှာဖြေရှင်းပြီးအိမ်အ ပြန်မှာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းမန်နူကအိမ်ကိုရောက်လာ တယ်။မန်နူက သူနဲ့အတူညက ပါတီပွဲမှာအိပ်ခဲ့တဲ့ကောင်မလေးကို စွဲလမ်းသွားပြီးတော့ ကောင်မလေးရှိတဲ့နေရာကို လိုက်သွား မယ်လို့ပြောတယ်။ ဖြစ်ချင်တော့ အဲ့ကောင်မလေးက ဖုန်းနံ ပါတ်လည်းမပြော၊ နာမည်လည်းမပြောခဲ့ပဲနဲ့ လက်ပေါ်မှာ လိပ်စာလေးတစ်ခုပဲရေးထားခဲ့တယ်။ မန်နူက အိမ်စီးကားရှိ တဲ့ဖရတ်ကို အတင်းလိုက်ပို့ပေးဖို့တောင်းဆိုတာနဲ့ပဲ လိုက်ပို့ ပေးဖို့ဆုံးဖြတ်လိုက်တာပေါ့။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် တောင်ပိုင်းအယ်ဗီညွှန်ကိုသွားရင်းနဲ့လမ်းမှာ ဘယ်လိုအခက် အခဲတွေကြုံရမလဲဆိုတာကြည့်ရှုပေးပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.68 GB) / (752 MB) / (437 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Tin Myo Lwin Encoder..........SWM
movie
A Love You (2015)
2015
6.5
Self/less(2015)
Self/less (2015)=============IMDb - 6.5CM ဖန်တွေအတွက် Deadpool မင်းသား Ryan Reynolds ရဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကျိကျိတက်အောင်ချမ်းသာနေပေမဲ့လည်း ကင်ဆာ နောက်ဆုံးအဆင့်ရောက်နေတာကြောင့် နောက်ထပ်ခြောက်လတောင်မနေရတော့တဲ့အိမ်ခြံမြေသူဌေးကြီး ဒေမီယန် ဟေးလ် တစ်ယောက် သူ့ရဲ့အသိစိတ်ကိုတခြား ခန္ဓာကိုယ်တစ်ခုထဲကိုပြောင်းထည့်ပြီး ဆက်လက်ရှင်သန်လို့ရမယ်လို့ဆိုတဲ့ "အရေခွံလဲခြင်း" ဆိုတဲ့ ပရိုဂရမ်ကို သဘောတူလိုက်ပြီး အက်ဒ်ဝပ်ကစ်ဒ်နာဆိုတဲ့ နာမည်အသစ်နဲ့ ဘဝအသစ်မှာ ပျော်ပျော်ကြီးဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေကနေပြီးသူယူထားတဲ့ ခန္ဓာကိုယ်ကဓာတ်ခွဲခန်းထဲမှာဖန်တီးထားတဲ့ ခန္ဓာကိုယ်မဟုတ်ပဲလူစစ်စစ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာနောက်ကွယ်ဖုံးကွယ်ထားတဲ့ဖြစ်ရပ်တွေကို လိုက်ပြီးစုံစမ်းရင်း ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို အက်ရှင်ခန်းအကြမ်းစားတွေနဲ့ ကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲဗျ။ File size…1.15GB / 491MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 57m Genre ..... Action , Mystery , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie
Self/less(2015)
2015
6.0
Get Hard(2015)
Get Hard (2015)=============IMDb - 6.0ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း(Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက်တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက်သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်းတောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြားတွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင်မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက်တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန်နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံးဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူကရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လိုအရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard ...
movie
Get Hard(2015)
2015
6.1
The Beach of the Drowned (2015)
The Beach of the Drowned (2015) ======================== IMDb Rating - 6.1/10မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ အင်မတန်သေးငယ်တဲ့ အပြစ်ပဲဖြစ်ဖြစ်၊ အကြီးဆုံးအပြစ်ပဲဖြစ်ဖြစ် မကောင်းမှုပါပဲ။ ဘယ် လောက်ပဲဖုံးဖိထားထား အချိန်တန်ရင် ဘူးပေါ်သလိုပေါ်ရတာချည်း ပါပဲ။ အခုမိတ်ဆက်ချင်တဲ့ဇာတ်ကားလေးဟာလည်း သင်္ဘောသား တစ်ယောက် အသတ်ခံရပြီး ကမ်းခြေမှာပေါ်လာတာကစပြီး တရားခံ တွေ ဖုံးကွယ်ထားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ စပိန်မှုခင်း ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ပန်ဂျွန်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ ကာစတယ်လိုဆိုတဲ့ သင်္ဘော သားရဲ့အလောင်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ စုံထောက် လီယိုကယ်လ် ဒက်စ် နဲ့ အရာရှိ ရာဖာအက်စ်တီဗက်စ် တို့ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ ရောက်ရှိလာကြပါတယ်။ သူတို့စုံစမ်းရင်း သိလာရတာက ဒီအမှုဟာ သာမာန်လူသတ်မှုတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ ရေဘက်ကာနီရာ ဆိုတဲ့အမျိုးသမီးရဲ့ အမှုနဲ့ပါဆက်စပ်နေတာကို တွေ့လာ ရပါတယ်။သူတို့တွေဟာ ကာစတယ်လိုကိုသတ်ခဲ့တာ ဘယ်သူဖြစ်မလဲ၊ ပျောက် ဆုံးနေတဲ့ အမျိုးသမီး ရေဘက်ကာကရော ဘယ်ရောက်နေမလဲ၊ တရားခံ ဘယ်နှယောက်လောက်ရှိနေမလဲ၊ အမှုနှစ်ခုဟာ ဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို စုံစမ်းဖော်ထုတ်တာဟာ စိတ်၀င်စားဖို့ကောင်းလွန်းတာကြောင့် မှုခင်းဇာတ်လမ်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jaka ဖြစ်ပါတယ်)File ...
movie
The Beach of the Drowned (2015)
2015
7.8
Aligarh(2015)
Aligarh (2015)IMDb-7.8/10အိန္ဒိယနိုင်ငံ Aligarh University မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုရိုက်ကူးထားတာ ဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသားကြီး Manoj Bijpayeeဟာလည်း ဒီထဲက စီရပ်ဇာတ်ကောင်နဲ့ Best Actor ဆု 3 ဆုဆွတ်ခူးရရှိခဲ့ပြီး nomination 2 ဆု၀င်ခဲ့ပါတယ် ဒီဆုတွေရခဲ့လောက်အောင်လည်း ဒီထဲကသူ့ရဲ့ ဇာတ်ရုပ်ကိုပီပြင်ဟာသရုပ်ဆောင်မှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ ကျော်က ပုဂ္ဂိုလ်တစ်ဦးကို မျက်မြင်တွေ့ကြုံရသလိုပါပဲ ဒီပူးဇာတ်ကောင်နဲ့ Rajkumar Rao က Best Supporting actor nomination ငါးဆုထိ၀င်ခဲ့ပါတယ်"ငါ့ရဲ့ခံစားချက်တွေကို ဒီ (g a y) စကားလုံးလေးသုံးလုံးနဲ့ ဘယ်လိုဖော်ပြလို့ရမှာလဲ"ပရော်ဖက်ဆာစီရပ်ဟာ အူရဒူဘာသာစကားပြောတဲ့မြို့မှာ မာရသီဘာသာစကားသင်ပေးတဲ့ ပရော်ဖက်ဆာတစ်ယောက်ပါ အိမ်ထောင်သည်ဆရာတွေကြားမှာလည်း သူတစ်ယောက်တည်းလူပျိုလူလွတ်တစ်ယောက်ဖြစ်နေခဲ့တယ် ဒါတွေတင်မက သူ့ရဲ့ချစ်စိတ်တိမ်းညွှတ်မှုဟာလည်း အများသတ်မှတ်ထားတဲ့စံညွှန်းတွေနဲ့မတူ တစ်မူထူးခြားနေလေတော့... သူ့ရဲ့ထူးခြားထူးချွန်မှုတွေကို အမြင်မကြည်တဲ့တက္ကသိုလ်အကြီးအကဲတွေရဲ့ ချောက်ချခံရပါတော့တယ် သူ့ရဲ့လိင်တိမ်းညွှတ်မှုမတူကွဲပြားမှုကိုသာ ထောက်ပြပြစ်တင်တဲ့ တက္ကသိုလ်အသိုင်းအဝိုင်းနဲ့ စီရပ်ရဲ့ လူအခွင့်အရေးချိုးဖောက်ခံရပြီး အိမ်ထဲထိကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုတွေအတွက် ရပ်တည်ပေးသူတို့ တရားရုံးမှာထိပ်တိုက်တွေ့ရင်ဆိုင်ကြပါတော့တယ်ဒီဇာတ်လမ်းမှာလူ့အဖွဲ့အစည်းရဲ့ လိုရာဆွဲတွေးတစ်ဖက်စောင်းနင်းပြုမူသူတွေနဲ့ မတူကွဲပြားမှုအရှိတရားကိုလက်ခံကျင့်သုံးသူတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ် File size…2.3GB / 879MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 54m Subtitle….Myanmar ...
movie
Aligarh(2015)
2015
6.2
Assassination Classroom(2015)
Assassination Classroom (2015) -------------------------------------------------------- Anime ဖန်တွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ Assassination Classroom ရဲ့ Season 1 ကို LA အနေနဲ့ ပြန်ရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။Anime ကို LA ပြန်ရိုက်တာမလို့ ထုံးစံအတိုင်း ဂွမ်းတဲ့နေရာတွေအများကြီးဆိုပေမယ့် အဓိကဇာတ်ဆောင်ဖြစ်တဲ့ Koro sensei ကတော့ တစ်ပုံစံတည်းမလို့ ဖြေသာပါသေးတယ်လို့ ဆိုရမှာပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ လ,ကိုဖျက်ဆီးပြီးတော့ နောက်နှစ် သုံးလပိုင်းမှာ ကမ္ဘာကိုပါဖျက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ရေဘဝဲလိုသတ္တဝါကြီးကို ဘယ်လိုနည်းနဲ့မှသတ်လို့မရတဲ့အဆုံး လက်လျှော့လိုက်ရတော့မယ့်အချိန်မှာ အကြောင်းအရင်းတော့မပြောပေမယ့် စာအရမ်းညံ့ပြီးအပယ်ခံတွေစုနေတဲ့ အလယ်တန်းတတိယနှစ် E ခန်းရဲ့ အတန်းပိုင်ဖြစ်ခွင့်ပေးရင် အဲဒီကလေးတွေသတ်တာခံပါမယ်လို့ သဘောတူလက်ခံခဲ့ပါတယ်။ဒီလိုနဲ့ ကလေးတွေကိုစာလည်းသင်ပေးရင်း လုပ်ကြံသတ်ဖြတ်ရေးပါသင်ပေးရင်းနဲ့ ဆရာနဲ့ သူ့တပည့်တွေကြားကသံယောဇဥ်ခိုင်မာလာပြီး နောက်ဆုံးမှာ သူ့ကိုလုပ်ကြံနိုင်သွားမလား ဒါမှမဟုတ် မအောင်မြင်ဘဲနဲ့ မူလအစီအစဥ်အတိုင်း ကမ္ဘာကိုပဲဖျက်ဆီးမလားဆိုတာ... File size…2.1GB / 1.2GB Quality…1080p BluRay /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie
Assassination Classroom(2015)
2015
6.1
[18+] Empire of Lust (2015)
Empire of Lust ( 2015 )Uncut Version ဖြစ်ပြီး ဆင်ဆာဖြတ်ထားတဲ့ Scene တွေကို ပြန်ထည့်ပေးထားတာမလို့ BluRay Version ထဲမှာ Scene အစုံဆုံး Version ဖြစ်ပါတယ်။ ------------------- Empire of Lust ဟာ softcore ကားလို့ပြောလို့ရတဲ့အထိ လိင်မှုခန်းတော်တော်များပြီး အင်္ဂါတွေကလွဲလို့ တော်တော်ကြီး သေချာကိုပြထားတာပါ။ သို့ပေမဲ့လည်း ဒီရုပ်ရှင်ဟာ သာမန် 18+ကားသက်သက်ဆိုတာထက်တော့ အများကြီးပိုပါတယ်။ castတွေကတော့ တော်လည်းတော် နာမည်လည်းကြီးတဲ့ သူတွေပါ။ ဒီရုပ်ရှင်ရဲ့ကောင်းကွက်ထဲ castတွေ သရုပ်ဆောင်ကောင်းတာကလည်း အဓိကပါပဲ။Shin Ha-kyun - သူ့ကိုတော့ တောင်ကိုရီးယားက ထိပ်ဆုံးဆရာတွေထဲက တစ်ပါးဖြစ်တဲ့ ပတ်ချန်းဝုရဲ့ ရုပ်ရှင်အများစုမှာ လူအများစုရင်းနှီးပြီးသားဖြစ်မှာပါ။ ဆောင်းကန်ဟိုတို့ အီဗြောင်ဟွန်းတို့လို လူတွေနဲ့ ရင်ဘောင်တန်းသရုပ်ဆောင်နိုင်လောက်အောင် သရုပ်ဆောင်ကောင်းတဲ့သူပါပဲ။ စီးရီးအနေနဲ့ဆိုလည်း မနှစ်က သူရိုက်ထားတဲ့ beyond evilဟာ ...
movie
[18+] Empire of Lust (2015)
2015
First
2
3
4
5
6
Last
Previous
Next