Channel Myanmar

2015

Open Season: Scared Silly (2015) 5.2
Open Season: Scared Silly (2015) စိတ်ညစ်စရာတွေ ပင်ပန်းတာတွေများနေလို့ ရယ်မောရတဲ့ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ရယ်ရယ်မောမော ကြည့်ရှုရမယ့် ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားလေးက အသစ်တော့ မဟုတ်ပါဘူး။ဘာသာပြန်သူ ငယ်ငယ်က ကလေးတွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားလေးပါ။ဇာတ်ကားနာမည်လေးကတော့ Open Season Scared Silly လို့ ခေါ်ပြီးတော့ ၂၀၁၆ ကထွက်ခဲ့တဲ့ အပိုင်းပါ။ သူ့အရှေ့မှာတော့ အရင်အပိုင်းတွေ ရှိသေးတာပေါ့နော်။ ဇာတ်လမ်းလေးကို အကြမ်းဖျင်း ပြောပြရရင် ဝက်ဝံကြီးနဲ့ ချိုတစ်ဖက်ပဲပါတဲ့သမင်လေးကြားက အလွဲအချော်တွေကို ဟာသစွက်ပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါပဲ။သမင်လေး အယ်လီယော့က တောထဲက တိရစ္ဆာန်တွေကိုပုံပြင်တွေ လျှောက်ပြောပြတတ်ပါတယ်။အဲဒီထဲမှာမှ ရေပန်းအစားဆုံး ပုံပြင်ကတော့ ဝေးလင်းဝမ်းပက်သမန်းဝံပုလွေကြီးရဲ့ ပုံပြင်ပါပဲ။ဖန်တီးပြောနေတဲ့ ပုံပြင်တွေကို တကယ်ထင်ပြီး ကြောက်နေတာကတော့ဝက်ဝံကြီး ဘု ပါ။ ဝက်ဝံကြီးဘုက သမန်းဝံပုလွေကြီး တကယ်ရှိတယ်အထင်နဲ့ပုန်းမယ် ပြေးမယ်တွေ လုပ်တော့တာပါပဲ။အဲဒီအချိန်မှာ အယ်လီယော့က သူ့သူငယ်ချင်းကြီး မကြောက်တတ်အောင်ကြောက်တဲ့အရာတွေနဲ့ ရင်ဆိုင်ခိုင်းမယ်ဆိုပြီး တခြားတိရစ္ဆာန်တွေနဲ့ အကွက်ချစီစဉ်တော့တယ်။အစပိုင်းမှာ အဆင်ပြေနေပေမဲ့ သမန်းဝံပုလွေပုံစံကို ...
movie

Open Season: Scared Silly (2015)

2015
Bad Sister (2015)
Bad Sister (2015) Bad Sister (2015)နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ...
movie

Bad Sister (2015)

2015
A Wonderful Cloud (2015) 5.8
A Wonderful Cloud (2015) A Wonderful Cloud 2015 IMDB 5.8/10ကိတ်နဲ့ ယူဂျင်းဆိုတာက အကွဲကွဲအပြဲပြဲနဲ့ ပြတ်သွားခဲ့ကြတဲ့ရည်းစားဟောင်းနှစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ ကိတ်တယောက် ရည်းစားဘ၀တုံးက အတူထောင်ခဲ့တဲ့ကုမ္ပဏီကိုလက်လွှဲယူဖို့အတွက် ယူဂျင်းရှိရာ လော့စ် အိန်ဂျလိစ်မြို့ကိုအလည်ခရီးလာဖို့အကြောင်းဖန်လာပါတော့တယ်။ ကိတ်ကို မပြတ်နိုင်သေးတဲ့ယူဂျင်းရဲ့ ပြန်သိမ်းသွင်းမယ့် ဉာဏ်နီဉာဏ်နက် အစီအစဉ်တွေကိုကိတ်တယောက်ရိပ်မိသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဘ၀အနာဂတ်တခုတကယ်ရှိနိုင်ပါ့မလားဆိုတာ 72နာရီအတွင်းအဖြေရှာဖို့ဖြစ်လာပါတော့တယ်။ယူဂျင်းတယောက် ကိတ်ကို ပြန်စည်းရုံးနိုင်ပါမလား။ကိတ်ကလည်း ဘာကိုရွေးချယ်သွားမလဲ။ဒီအလည်ခရီးရဲ့ အဆုံးမှာ သူတို့နှစ်ယောက်ရဲ့ ထူးထူးခြားခြား ဇာတ်လမ်းလေးကဘယ်လိုမျိုးနိဂုံးချုပ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒီ အချစ်ဒရာမာ ဇာတ်ကားရဲ့ထူးခြားချက်အနေနဲ့ကတော့မင်းသား/ ဒါရိုက်တာ ယူဂျင်းကိုယ်တိုင်က တကယ့်ရည်းစားဟောင်းဖြစ်တဲ့ကိတ်နဲ့ပဲ ဇာတ်လမ်းကို အမည်နာမပြောင်းလဲခြင်းမရှိရေးသားရိုက်ကူးထားတာဖြစ်ပါတယ်။ File size…  1.7 GB /  790 MB Quality… Webrip 1080p / 720p Format… mp4 Duration…. 1h 21m Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by ...
movie

A Wonderful Cloud (2015)

2015
NH10 (2015) 7.2
NH10 (2015) NH 10 (2015)IMDb - 7.2 /10ဒီတစ် ခေါက်မှာ တော့PKကားထဲက နာမည်ကြီးမင်းသမီးအနွတ်ရှ်ကားပါဝင်တဲ့ 2015ထွက် Thriller/Drama ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်း ခရီးထွက်လာတဲ့အဝေးပြေးလမ်းမပေါ်က အာဂျွန်နဲ့မီရာဆိုတဲ့လင်မယားဟာ မထင်မှတ်ထားပဲ လူသတ်မှုတစ်ခုကိုမျက်မြင် တွေ့လိုက်ရပြီး နောက်မှာ သူတိုနှစ်ဦးကိုပါ လူသတ်သမားအုပ်စုက ကိစ္စရှင်းဖိုကြံစည်ကာလိုက်သတ်ပါတော့တယ်လူသူနည်းပါးတဲ့အဝေးပြေးလမ်းမကြီးရဲ့ လမ်းကြောင်းပေါ်မှာ သူတိုရအောင်ထွက်ပြေးနိုင်ပါ့မလား လူသတ်မှုရဲ့ နောက်ကွယ်မှာရော ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာ ဇာတ်ကားတလျှောက်လုံး သဲထိတ်ရင်ဖိုစွာကြည့်ရှု့သွားရမှာဖြစ်ပါတယ်ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်သူက Khin Khin ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2GB / 783MB Quality…1080p WEB DL /720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin
movie

NH10 (2015)

2015
Delivery Man (2013) 6.3
Delivery Man (2013) Delivery Man (2013) ==================အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်Starlord မင်းသားကြီး Chris Pratt နဲ့အတူမင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်ဟာသနှောတဲ့drama ကြိုက်သူတွေသဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။  File size…  1.33 GB /  646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie

Delivery Man (2013)

2015
Hana’s Miso Soup (2015) 7
Hana’s Miso Soup (2015) Hana's Miso Soup (2015)ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ Hana Chan no Misoshiru ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ Yasutake Shingo ဟာ အနေအေးတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ သွက်လက်ကြွတဲ့ ဂီတတက္ကသိုလ်ကကျောင်းသူလေး Kazynori Chieဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက် တဖြည်းဖြည်းရင်းနှီးပြီး ချစ်သူတွေဖြစ်သွားခဲ့ရာက တစ်နေ့မှာတော့ Chie ဟာ ကင်ဆာဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ ဒါပေမဲ့ Shingo ကတော့ Chieကို လက်မလွှတ်ဘဲ ခွဲစိတ်မှုခံယူစေပြီး လက်ထပ်ခဲ့ပါတယ်။ အဲဒီလိုကနေ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ Chieမှာ ကိုယ်ဝန်ရလာခဲ့ပါတော့တယ်။ ဒါပေမဲ့ စိုးရိမ်စရာတစ်ခုကတော့ Chieဟာ ကလေးမွေးခဲ့ရင် ကင်ဆာပြန်ဖြစ်ပြီး သေနိုင်တယ်ဆိုတာပါ။ ဒါပေမဲ့နောက်ဆုံးမှာတော့ အသက်ကိုပါရင်းပြီး ကလေးကို မွေးဖို့အတွက်ဆုံးဖြတ်ခဲ့တာကြောင့် Hanaဆိုတဲ့ ကျန်းမာတဲ့သမီးလေးမွေးဖွားလာခဲ့ပါတယ်။ သို့ပေမဲ့လည်း သူရဲ့ရောဂါအခြေအနေကြောင့် ဘယ်အချိန်မှာ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ မသိနိုင်တဲ့Chieဟာ သမီးလေးHanaကို ငယ်ငယ်ကတည်းက စားသောက်မှုပုံစံတွေ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေကို သင်ကြားပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Chieဟာ သူစိုးရိမ်နေခဲ့တဲ့အတိုင်း ကင်ဆာပြန်ဖြစ်မှာလား ဒါမှမဟုတ် မိသားစုသုံးယောက်အတူတူ အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ရှိသွားနိုင်မှာလားကို ...
movie

Hana’s Miso Soup (2015)

2015
Ex Machina 2015 7.7
Ex Machina 2015 Ex Machina က 2015 တုန်းက ထွက်ရှိထားတဲ့sci-fi ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.7အထိရရှိထားတဲ့ ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ကမ္ဘာ့အကြီးဆုံး အင်တာနက်ရှာဖွေရေး ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ 26 နှစ်အရွယ် Programmer ကယ်လက်ဟာ CEO ဖြစ်သူ နေသန်တည်ဆောက်နေတဲ့ အေဗာအမည်ရှိ စွမ်းဆောင်ရည်မြင့် အသိဉာဏ်တုသုံး စက်ရုပ်အား စစ်ဆေးပေးရန် မဲနှိုက်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်..... စစ်ဆေးခြင်းများကို လုပ်နေရင်း နေသန်ရဲ့ မူမမှန်တဲ့ အပြုအမူတွေ အေဗာရဲ့ သာမန်ထက်ထူးခြားတဲ့ အပြုအမူတွေက ကယ်လက်ကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပြီး စစ်ဆေးခံနေရသူက အေဗာလား သူကိုယ်တိုင်လားဆိုတာတောင် မကွဲပြားနိုင်တော့တဲ့အခါ........ ဇာတ်ကားက Artifical Intelligence ကို ဇောင်းပေးရိုက်ထားသော ရုပ်ရှင်ဖြစ်ပြီး nude scene အနည်းငယ်ပါဝင်သောကြောင့် 18 နှစ်အောက် မကြည့်သင့်သော ရုပ်ရှင်ဖြစ်ပါတယ်....  File size…  5.9 GB / 1.1 GB /  545 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 1h 48m Genre ...
movie

Ex Machina 2015

2015
4K HEVC
Hot Pursuit (2015) 5.1
Hot Pursuit (2015) ခူပါ (Cooper) ဆိုတဲ့ကောင်မလေးဟာ သူ့အဖေခြေရာနင်းပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ သူကအမြဲစာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူဖြစ်တာကြောင့် သူလုပ်သမျှတိုင်းက တလွဲတွေဖြစ်ကုန်ပြီး အရာရှိအလုပ်မလုပ်ရတော့ဘဲ သက်သေစစ်ဆေးရေးဌာနမှာပဲ လုပ်ရတော့တယ်။ဒါပေမဲ့ တစ်ရက်မှာ ကာတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗစ်ဆန်းတစ်ကော်တက်ဇ်ကို ဖမ်းမိသွားပြီး တရားရင်ဆိုင်ဖို့ဖြစ်လာတယ်။ဒါအတွက် သက်သေခံပေးမယ့် ရီဗာလင်မယားနှစ်ယောက်ကိုရဲတွေကကာကွယ်ရင်း တရားရုံးကိုပို့ပေးဖို့ဖြစ်လာတယ်။အဲဒီတာဝန်ကို ကပ္ပတိန်ဖြစ်သူက ခူပါကိုပေးလိုက်တော့သူ့မှာရဲအရာရှိလိုပြန်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။တာဝန်ကတော့ မစ္စစ်ရီဗာကို တရားရုံးဆီလိုက်ပို့ပေးရုံပဲဆိုပေမဲ့ သူ့အိမ်ဆီသွားတဲ့အခါမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေဝင်ပစ်လို့ ခူပါဟာမစ္စစ်ရီဗာနဲ့အတူ ထွက်ပြေးကြပြီး အမှုကိုပြေလည်အောင် ဖြေရှင်းကြရင်း သူတို့နှစ်ယောက်ရဲ့အလွဲတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…  1.57 GB /  739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Hot Pursuit (2015)

2015
Sisters (2015) 6.0
Sisters (2015) IMDB 6/10Rotten tomatoes 60% Mean Girls, Baby Mama တို့လိုဇာတ်ကားကြီးတွေတင်မကပဲOscars, Emmys, Golden Globesတို့လို ဆုပေးပွဲကြီးတွေမှာပါစင်ပေါ်တက်‌ပြောင် Hostလုပ်နေကြ Hollywood ရဲ့ အတွဲအညီဆုံးဟာသမင်းသမီးနှစ်‌ယောက်ဖြစ်တဲ့Tina Fey နဲ့ Amy Poehler တို့ရဲ့နောက်ထပ်ဟာသဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။Tina တဖြစ်လဲ ကိတ်ကတော့ အဲလစ်စ်ညီအစ်မမှာ အမဖြစ်တဲ့သူပေါ့။သမီးတယောက်ရှိနေတာတောင်မှ ဘာအသိတရားမှမ၀င် အလုပ်ကလည်းမမြဲဘ၀ကိုခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့သူ။ Amyတဖြစ်လဲ ‌မော်ရာကကြတော့ ညီမဖြစ်တဲ့သူကိုမှ အရမ်းစိုးရိမ်တတ် သူတပါးအလိုကိုပဲလိုက်တတ်တဲ့သူ။ အမဖြစ်သူ ကိတ်ရဲ့ ပြဿနာပေါင်းစုံကို နောက်ကလိုက်ရှင်းပေးရတာလည်းသူပါပဲ။ ဒီလိုနဲ့ပဲ တနေ့မှာ ကလေးဘ၀တုံးကအိမ်ကြီးကို မိဘတွေကမရောင်းခင် နောက်ဆုံးနှုတ်ဆက်တဲ့ပါတီတခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အချိန် ညီအစ်မနှစ်ယောက် ဘယ်လိုမျိုး တလွဲတွေဖြစ်ကြဦးမှာလဲ။ ဘယ်လိုပြဿနာတွေဖြစ်ကြဦးမှာလဲ။အဆုံးမှာ ညီအစ်မနှစ်ယောက်အတွက်မေ့‌မရတဲ့ ပါတီတခုဖြစ်ခဲ့မလားဆိုတာကို ရယ်မောခံစားရင်း ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။Maya Rudolph လိုမျိုးမင်းသမီးကြီးကလည်း ဒီဇာတ်ကားမှာ ၀င်ရောက်အားဖြည့်ပေးထားပြီးတော့ Tina နဲ့Amyတို့ရဲ့နောက်ထပ် တွဲချက်ညီညီ ပြက်လုံးတွေ သရုပ်ဆောင်မှုတွေကို CMပရိတ်သတ်ကြီးကလည်း ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ File size…  2.3 GB /  1.7 GB Quality… BluRay 1080p / ...
movie

Sisters (2015)

2015
Chloe and Theo (2015) 5.8
Chloe and Theo (2015) Chloe and Theo (2015) ================ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းကရေခဲတောင်တွေအရည်ပျော်ကျ လာမှုနဲ့အတူ အဲ့ဒီဘက်ပိုင်းမှာနေထိုင်တဲ့ အက်စကီးမိုးတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်စပြုလာတဲ့နောက် သူတို့ဆီက အကြီးအကဲတွေဟာ သူတို့ထဲကမှ လူရည်လည်၊အင်္ဂလိပ်စကားတတ်တဲ့ သီယိုကို ရွေးချယ်ပြီး သူတို့ပြောချင်တဲ့ သတင်းစကားပါးဖို့အတွက် နယူးယောက်မြို့ကိုစေလွှတ်ခဲ့ပါတယ်။မြို့တော်ကြီးမှာ သီယိုတစ်ယောက်တည်းယောင်ချာချာဖြစ်နေတုန်း ကလိုဝီ ဆိုတဲ့ အိမ်ခြေယာမဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနောက် ကလိုဝီရဲ့ အတူနေမိတ်ဆွေတွေရဲ့ ကူညီမှု အားပေးမှုတွေနဲ့ ဝင်ရိုးစွန်းက အမှာစကားကို ကမ္ဘာကုလသမဂ္ဂနဲ့တကွ လူအများဆီကိုသတင်းပါးဖို့ အားထုတ်ကြပုံတွေကို ရှုမြင်ရမှာဖြစ်ပါတယ်။ကလိုဝီအဖြစ် Dakota Johnson နဲ့ သီယိုအဖြစ်ပါဝင်ထားသူကတော့ ပြင်ပ မှာလည်း ရာသီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး လူတွေ awareness ရအောင် လုပ်ဆောင်နေတဲ့ Theo Ikummaq ကိုယ်တိုင်ပါပဲ။ ဒီရုပ်ရှင်ဟာလည်း သူ့ကြိုး စားမှုတွေ အားထုတ်မှုတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1 GB) / (413 MB) Quality............BLU-RAY 1080p / 720p Duration........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator......Alias Encoder..........SWM
movie

Chloe and Theo (2015)

2015
Splash Splash Love (2015) 8.6
Splash Splash Love (2015) ဒီဇတ်လမ်းလေး က တော့ လက်ရှိ ရှိနေတဲ့ ခေတ်ကနေဂျိုဆွန်း ခေတ်ကို ရောက်ရှိသွားတဲ့ အထက်တန်းကျောင်းသူဂျန်ဒါဘီ ရဲ့ အကြောင်းလေးပေါ့...သူမ ဟာ ကျောင်းစာကို ပေါ့ပျက်ပျက်သာ လုပ်တက်ပြီးဘ၀ ကို ရိုးရိုးလေး ဖြတ်သန်းချင်တဲ့ သူ တစ်ဦးပေါ့...အဲ့ဒီလိုနေလာရင်းနဲ့ တစ်ရက်မှာတော့အတန်းတင် စာမေးပွဲဖြေဆိုရမယ့်အချိန်ရောက်ရှိလာတဲ့အခါ စာတွေ မရ အနှိမ်ခံရတဲ့ ကျောင်းသူလေးကကျောင်းခန်းထဲက ထွက်လာပြီး မိုးရေတွေထဲ ပြေးရင်းရေအိုင်လေး တစ်ခုထဲ ခုန်ဝင်လိုက်တဲ့ အခါ ခေတ်နောက်ပြန်ဂျိုဆွန်း ခေတ်ကို ရောက်ရှိသွားပြီး မိုးခေါင်ရေရှားတဲ့ ပြသနာကိုဖြေရှင်းပေးဖို့ ဘုရားသခင် က လွှတ်ပေးလိုက်တဲ့သူ အဖြစ်ရောက်ရှိသွားပါတော့တယ်....  File size…  1.3 GB /  628 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 8m Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard ...
movie

Splash Splash Love (2015)

2015
The Second Best Exotic Marigold Hotel (2015) 6.5
The Second Best Exotic Marigold Hotel (2015) The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံ‌ရေးအကြောင်းတွေ၊ ...
movie

The Second Best Exotic Marigold Hotel (2015)

2015
Solace (2015) 6.4
Solace (2015) Solace (2015)~ IMDb rating - 6.4/10 ~ဘရက်ဒ်ပစ်နဲ့ မော်ဂန်ဖရီးမန်းတို့ရဲ့ Se7en အဆက်​အနေနဲ့ရိုက်ကူးမယ်လို့ စီစဥ်ခဲ့​​ပေမဲ့ ဒေးဗစ်ဖင်ချာက ဇာတ်ညွှန်းသိပ်သ​ဘောမကျတာ​ကြောင့် အစီအစဥ်ပျက်သွားပြီး Se7en နဲ့ အချိတ်အဆက်မလုပ်တော့ဘဲ သူ့ဘာသာ သီးခြားထွက်ရှိလာတဲ့ မှုခင်း ဒရာမာကားတစ်ကားဖြစ်ပါတယ်။ Anthony Hopkins လို ထိပ်တန်းမင်းသားကြီးနဲ့ Colin Farrell လို A-List မင်းသားအပါအဝင် Jeffrey Dean Morgan အပြင် Abbie Cornish လည်းပါထားတာမို့ Se7en လောက်နီးနီး Cast ရော ဇာတ်ရော ကြမ်းနေတဲ့ စိတ်နယ်လွန်မှုခင်းကားမို့ အားလုံးသဘောကျလောက်မယ့် ရုပ်ရှင်ပါပဲ။~ ဇာတ်လမ်းအညွှန်း ~သဘာဝလွန် စိတ်နယ်လွန် ပဟေဠိဆန်ဆန်စွမ်းအားတွေရော၊ FBI က ကွင်းဆက်လူသတ်မှုအတွက် အမှုလိုက်တာရော ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မို့ သဘာဝလွန်စုံထောက်ကားအဖြစ်နဲ့ ဇာတ်အိမ်ဆန်းဆန်းပြားပြား တည်ထားတဲ့ရုပ်ရှင်ပါ။ဂျွန်ကလန်စီဆိုတဲ့လူရှိတယ်။ သူက ...
movie

Solace (2015)

2015
AWOL-72 (2015) 3.9
AWOL-72 (2015) AWOL-72 (2015) ==============ကွန်ရက်ဒ်မေလာဆိုတာ မရိန်းတပ်သားတစ်ယောက်၊ ဒါပေမဲ့ အစိုးရ ဆီကနေ လျှို့ဝှက်ပစ္စည်းတစ်ခုကို ယူပြီး ချစ်ရသူနဲ့အတူ မိသားစုဘဝ လေး တည်ထောင်ဖို့ ကြိုးစားနေတဲ့အချိန်။ အဲဒီမှာ ရုရှား ထောက်လှမ်း ရေးနဲ့ လော့အိန်ဂျလိစ် ရဲဌာနက စုံထောက်အဒမ်တို့ကလည်း ဒီ မရိန်း တပ်သားကို AWOL သွားလို့ လိုက်လံပြီး ထောက်လှမ်းနေကြတာပေါ့။ AWOL ဆိုတာ တပ်ထဲကနေ စစ်ပြေးထိလုပ်ဖို့ မရည်ရွယ်ပေမဲ့ ခွင့်မရှိပဲ တာဝန်ပျက်ကွက်ပျောက်ဆုံးတာကို ဆိုလိုတာပါ။ဒီမှာတင် မေလာ့နောက်ကို ရုရှားထောက်လှမ်းရေးနဲ့ စုံထောက်တွေအပါ အဝင် ထူးဆန်းတဲ့လူတစ်ယောက်ကလည်း နောက်ယောင်ခံလိုက်နေတာ ပါ။ ဒီလိုနဲ့ မေလာတစ်ယောက် ချစ်ရတဲ့လူနဲ့ သာမန်ဘဝလေး ရရှိဖို့အတွက် လိုက်နေတဲ့လူတွေလက်က ထွက်ပြေးနေရပြီး ဘယ်လိုအခက်အခဲပေါင်းစုံ ကြုံရမလဲဆိုတာ လှည့်ကွက်လေးတွေနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်မြူး လေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့åç Thura Aung ဖြစ်ပါတယ်)File Size..........(1.4 GB) / (600 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 22Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator......Thura Aung Encoder..........SWM
movie

AWOL-72 (2015)

2015
(18+) Sometimes Pornography Star (2015)
(18+) Sometimes Pornography Star (2015) Sometimes Pornographyအချစ်နဲ့လိင်ကိစ္စကို သိမ်သိမ်မွေ့မွေ့ခံစားချင်တဲ့ သူတွေအတွက် ဒီကားကကြည့်သင့်တဲ့ အထဲပါပါတယ် လိင် ကိစ္စရဲ့ သဘောသဘာ၀ ယောကျ်ားတွေရဲ့ စိတ်ခံစားချက် လွတ်လွတ်လပ်လပ်နေချင်တဲ့ ယောကျ်ား တစ်ယောက်ကိုမှ စွဲလမ်းမိတဲ့ မိန်းမတစ်ယောက်ရဲ့ စွဲလမ်းစိတ်သဘော စတာတွေကို စကားလုံးလှလှလေးတွေနဲ့ ပုံဖော်ထားသလို လိင်မှု ကိစ္စကိုလည်း နူးနူးညံ့ညံ့ တင်ဆက်ထားတဲ့ Pornograhpy ပဲဖြစ်ပါတယ်လိင် ကိစ္စဆို ၀ုန်းဒိုင်းကုတင်ပေါ်တက်ဆိုတာထက် အချစ်နဲ့ လိင် ကိစ္စကိုတွဲပြီး ညင်ညင်သာသာလေးမှ သဘောကျတယ်ဆို ဒီကားကိုကြည့်သင့်ပါတယ် မင်းသမီးရော မင်းသာရော လူလတ်ပိုင်းအရွယ်ဆိုပေမယ့် ရုပ်ရည်ကော ဘော်ဒီပိုင်းပါ တော်တော်လေးကြည့်ကောင်းပြီးသရုပ်ဆောင်လည်းကောင်းတယ်လို့ပြောလို့ရပါတယ် သာမန် 18+တွေနဲ့ ကွဲထွက်ပြီး မိန်းမတွေရဲ့ သဘောသဘာ၀ ယောကျ်ားတစ်ယောက်ရဲ့ စိတ်သဘောသဘာ၀ကို နားလည်ချင်တယ်ဆို 18+ကိုမှ Documentary ဆန်ဆန် ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ File size…400MB Quality…720p Format…mp4 Duration….1h 30mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by FOX
movie

(18+) Sometimes Pornography Star (2015)

2015
[18+] Love at the End of the World (2015) 6.9
[18+] Love at the End of the World (2015) [18+] Love at the end of the world (2015)IMDb- 6.9/10MyDramaList- 6.8/10မိုးရာသီလေးမှာ အလောင်တစ်လိုင်းကြည့်သင့်တဲ့မိသားစုကားကောင်းလေးတစ်ကားကို ညွှန်းချင်ပါတယ် ပျော်ရွှင်မှုဆိုတာမရှိတဲ့မိသားစုလေးမှာ ဂျာယောင်းဆိုတဲ့အမျိုးသမီးက ကျောင်းမှာရာထူးမတိုးတဲ့အပြင် ခင်ပွန်းဖြစ်သူအရက်သမားရဲ့ နှိပ်စက်တာကိုကြိတ်မှိတ်ခံနေရပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သမီးဖြစ်သူ ယူဂျင်းကိုဆက်လက်ပြုစုပျိုးထောင်လာခဲ့ပါတယ်။ ဒီလိုနဲ့ သာယာနေတဲ့သားအမိနှစ်ယောက်ကြားထဲကို ဝင်လာတာကတော့ တစ်ကောင်ကြွက်ဆီဆိုင်ပိုင်ရှင်ဒုံဟာပါ။ ဒီလိုမျိုးအမေနဲ့ သမီးကြားမှာ ဒုံဟာတစ်ယောက် ဘယ်လိုမျိုး ဗျာများမလဲဆိုတာတော့ ဒီဇာတ်ကားလေးကိုဆုံးအောင်ကြည့်ရှုပေးဖို့ တိုက်တွန်းချင်ပါတယ်။ မြင်တွေ့ဖူးနေကျ မင်းသား မင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပြီး ယူဂျင်းလေးကလည်း ချစ်စရာကောင်းတာ‌တော့ အမှန်ပါပဲ။(၁၈+ ဆိုပေမယ့် ဒီဇာတ်ကားလေးရဲ့ပေးချင်တဲ့ message တွေအများကြီးပါတဲ့အတွက် တစ်ခန်းချင်းစီကို သေချာကြည့်ပေးပါလို့ တိုက်တွန်းချင်ပါတယ် ငိငိ)အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Kaung ပဲဖြစ်ပါတယ်Genre..... Romance Quality…. 1080p | 720p File size… 1.1GB | 529MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Kaung Encoder ..... Aaron
movie

[18+] Love at the End of the World (2015)

2015
[18+] Blood Bead (Red Ball) (2015) 5.5
[18+] Blood Bead (Red Ball) (2015) အသက်ကြီးပေမယ့် မပျက်စီးသေးတာကို သက်သေပြချင်နေတဲ့ ဒါရိုက်တာတိုကီတာ ကတော့ အနုပညာကျောင်းမှာ ပရော်ဖက်ဆာအဖြစ် ကျောင်းဆရာလုပ်နေရင်းနဲ့ သူ့ဘဝရဲ့နောက်ဆုံးရုပ်ရှင်ကားကို အောင်မြင်အောင်ရိုက်ကူးချင်နေခဲ့ပါတယ်။ဒါပေမဲ့ အသက်အရွယ်အရရော ခေတ်အနေအထားအရရော မတူညီတာကြောင့် အဆင်မပြေဖြစ်နေတဲ့ တိုကီတာဘဝထဲကို ဆယ်ကျော်သက်ကျောင်းသူလေး ရီဆူကို ဝင်ရောက်လာခဲ့ပါတယ်။ ရီဆူကို က ဇာတ်ညွှန်းရေးတဲ့နေရာမှာလည်း ကူညီပေးနိုင်သလို အထီးကျန်ပြီးငတ်မွတ်ဆာလောင်နေတဲ့လူအိုကြီးတစ်ယောက်ရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ အတန်းသားတွေစုပေါင်းပြီး ရုပ်ရှင်ရိုက်ကူးဖို့ ပြင်ဆင်တဲ့အချိန်မှာ ပြသာနာတွေတစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ အရမ်းကိုအပြာကားဆန်လွန်းတယ်ဆိုပြီး စိုးရိမ်နေရတဲ့ တိုကီတာရဲ့ဇာတ်ညွှန်းကရော ဘယ်လိုဖြစ်သွားမလဲ ? တိုကီတာနဲ့ ရီဆူကိုတို့ရဲ့ ဇာတ်လမ်းကရော ဘယ်လိုဇာတ်သိမ်းကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦးနော်.... File size…2.11GB / 839MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark V
movie

[18+] Blood Bead (Red Ball) (2015)

2015
All American Bikini Car Wash (2015) 4.3
All American Bikini Car Wash (2015) All American Bikini Car Wash (2015) ==========================ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားလေးကတော့ ပုရိသအပေါင်းတို့ မျက်စိအစာကျွေးလို့ ကောင်းမဲ့ ကားလေးပဲဖြစ်ပါတယ်။ ခေါင်းစဉ်အတိုင်းပါပဲ။ ကားရေဆေးလုပ်ငန်းပေါ့။ ဒါပေမဲ့ ဘီကီနီဝတ်ထားတဲ့ကောင်မလေးတွေကိုယ်တိုင် Hand wash only ဆေးပေးမဲ့ ကားရေဆေးပါတဲ့ဗျာ။ မမတွေ၊ညီမလေးတွေရဲ့အလှကိုတစ်ကားလုံး မကြည့်ချင်မှ အဆုံးမြင်ရမှာပါ။ ဘွင်းရှင်းလှတဲ့ရိုက်ကွက်တွေကြောင့် ၁၈ယောက်စုကြည့်ရမဲ့ကား ဖြစ်ကြောင်းပါ။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ဂျက်ခ်က စီးပွားရေးမေဂျာကျောင်းသားတစ်ယောက်။ သူတို့အိမ်ကချမ်းသာပေမဲ့ ဖအေ ဖြစ်သူက စည်းကမ်းတင်းကြပ်သူ။ ကိုယ့်သားကိုတောင် အိမ်ငှားခတောင်းတဲ့သူမျိုး။ တစ်နေ့ကျ ဖိုင်နယ်စာမေးပွဲလည်းကျ၊ အလုပ်လည်းပြုတ်၊ ငှားခလည်းပေးစရာမရှိဖြစ် နေတုန်း ပရော်ဖက်ဆာဖြစ်သူက သူ့ကားရေဆေးလုပ်ငန်းကို တစ်ပတ်တိတိအမြတ် ရအောင်လုပ်ပြနိုင်ရင် အအောင်ပေးပေးမယ်လို့ အပေးအယူလုပ်လာတော့ စာမေးပွဲ ကျလို့ အဘေခံရတော့မဲ့ ဇာတ်လိုက်ကျော်ကြီးက လက်ခံလိုက်ပါတယ်။သူ့သူငယ်ချင်း ဂေါ်မစွံကောင်ရယ်၊ လိုက်သမျှစော်တိုင်းရနေတဲ့ စော်ကြည်ဘဲရယ် ပေါင်းပြီး ပရော်ဖက်ဆာရဲ့ရိုးရိုးကားရေဆေးလုပ်ငန်းကို ဘီကီနီကားရေဆေးလုပ်ငန်း အဖြစ် ပြောင်းပစ်လိုက်ပါတော့တယ်။ လူငယ်ဆန်ဆန်နဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်း မဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကျန်တာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြ ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.86 GB) / (857 MB) Quality............WEB-RIP 1080p / ...
movie

All American Bikini Car Wash (2015)

2015
(18+)Buddy’s Mom (2015) 4.8
(18+)Buddy’s Mom (2015) ကိုးရီယား နုနုရွရွလေးတွေကို ခံစားကြည့်ရအောင် လောကဓံတွေကြောင့် အရွယ်နဲ့ မမျှအောင်တည်ငြိမ်နေတဲ့ အသက်ရွယ်ကောင်း အမျိုးသမီးတစ်ယောက်ရယ် သွက်လက်ဖျက်လက်ပြီး အရာရာမှာဦးဆောင်ပြီး ပျော်ပျော်နေတက်တဲ့ အမျိုးသမီးတစ်ယောက်ရယ် သူတို့ရဲ့ အလှတွေရယ်ကို တစ်လှည့်စီခံစားရမှာပါနှစ်ယောက်လုံးကတော့ အလှလေးတွေချည်းပါပဲ သူတို့ရဲ့ကျွမ်းကျင်မှုတွေကြားမှာ လူပျိုပေါက်စ ဂျောင်ဆူး ဗျာများရတာပဲ ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလို ကောင်မလေးတွေရဲ့ ကောက်ကြောင်းတွေကလဲ ပေါ်လွင်လွန်းတာမို့ DS Fans တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် File size…1.5GB / 734MB Quality…1080p WEB DL /720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

(18+)Buddy’s Mom (2015)

2015
Queen of the Desert (2015) 5.7
Queen of the Desert (2015) Queen of Desert (2015)ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့‌‌ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးလှည့်လည်သွားလာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကဗျာတလှည့် စာတလှည့်နဲ့ပြသထားပါတယ်။ ထူးတာက ဒီဇာတ်ထဲက အဓိကဇာတ်ကောင် ...
movie

Queen of the Desert (2015)

2015