Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2015
5.0
Bleeding Heart (2015)
2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ မိန်းမအက်ရှင် ဇာတ်ကြမ်း ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက IMDb 5.5 ထိရရှိထာပြီးတော့ သဲထိပ်ရင်ဖို ဒ ရာမာကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေ အနေနဲ့ကတော့ကြည့်ရှူသင့်တဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ မေ ဟာ ရိုးသားအေးဆေး စွာ ဘ၀ကိုဖြတ်သန်းနေတဲ့ ယောဂ သင်တန်းနည်းပြ ဆရာမ တယောက်ဖြစ်ပါတယ် ဒီလိုနဲ့ တစ်နေ့မှာ ကွဲကွာသွားတာကြာပြီ ဖြစ်တဲ့ ညီမဖြစ်သူနဲ့ ဆုံတွေ့မိပြီး ညီမ ဖြစ်သူဟာ လိင်လုပ်သမ တယောက်အဖြစ် ဘ၀ကို ဖြတ်သန်းနေရပြီး လင်ယောကျာ်း ဖြစ်သူကလဲ နိပ်စက်ခံ နေရသည် ကို သိရှိ လိုက်ရာမှ တည်ငြိမ် သူလေး မေတစ်ယောက် ဘယ် လိုများ ပြောင်း လဲ သွားလေ သလဲ ဆိုတာ ကိုတော့ ဆက်လက်ကြည့် လိုက်ကြပါတော့ဗျDownload Large File From PcloudDownload Small File From Pcloud
movie
Bleeding Heart (2015)
2015
5.4
The Black Death (2015)
ဒီကားလေးကတော့ထိုင်းဇွန်ဘီးကားတစ်ကားလို့ပြော ရင်မလွန်ပါဘူးရှေးခေတ်နန်းတွင်းခေတ်ကရွာတစ်ရွာရဲ့ ကူးစက်ရောဂါအကြောင်းကိုရိုက်ကူးထားတာပါ 1565 ခုနှစ်ကာလလောက်ကို နောက်ခံထား ရိုက်ကူးထားတာဖြစ်ပြီး IMDb 5.4 တောင်ရထားတာဆိုတော့ မဆိုးဘူးလို့ပြောရမှာပါပဲ ဇာတ်လမ်း အကျဉ်းလေးကတော့ တစ်ရွာလုံးကူးစက်ရောဂါဖြစ်ပြီးဇွန်ဘီးဖြစ်သွားတဲ့အခါကျန်ခဲ့တဲ့ မကူးစက်ရသေးတဲ့ လူတစ်စုအဲဒီရွာကနေဘယ်လိုလွတ် မြောက်အောင်ပြေးကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ရိုက် ကူးထားပါတယ်ထူးထူးဆန်းဆန်းကားလေးတွေစိတ်ဝင် စားတဲ့ပရိတ်သတ်တွေအကြိုက်ကားတစ်ကားလို့ပြော ရင်းဒေါင်းလိုက်ကြပါဦးလို့ (ဇာတ်လမ်း အညွှန်းကိုတော့ ကိုစိုးထွေးကရေးသားပေးခဲ့တာဖြစ်ပါတယ်)Download From Pcloud Download Form V.I.P Link
movie
The Black Death (2015)
2015
7.4
Little Boy ( 2015 )
IMDb Rate 7.4 ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့လည်းမိတ်ဆက်ပေးချင်ပါတယ်2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Little Boy ဇာတ်ကားဟာ ကလေးငယ်တစ်ယောက်ရဲ့ဖခင်အပေါ်မှာထားရှိတဲ့မေတ္တာတရားကိုဖော်ကျူးတဲ့ကားကောင်းလေးဖြစ်ပါတယ်အကျဉ်းချုဉ်းပြောရရင်တော့ အသက် ၈ နှစ်အရွယ်သာရှိတဲ့သားငယ်ဟာ အဖေနဲ့ဝေးကွာနေတဲ့အတွက် ဖခင်ဖြစ်သူအိမ်ပြန်လာစေဖို့ ကြိုးပမ်းခြင်းပါ..ဒါဟာလည်းဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပဲဖြစ်နိုင်ပါလိမ့်မယ်..ဒီတော့ ဒီစစ်ကြီးပြီးမှ ဖခင်အိမ်ပြန်ရောက်လာမှာဖြစ်တဲ့အတွက် ဘာမဆိုလုပ်ရလုပ်ရ လုပ်မယ့် သားငယ်ရဲ့ မဖြစ်နိုင်တာကိုယုံကြည်မှုတွေနဲ့အတူ ဒီဇာတ်လမ်းလေးဟာဖခင်တစ်ယောက်က သားအပေါ်ထားတဲ့မေတ္တာ..သားငယ်ရဲ့ဖခင်အပေါ်ချစ်ခြင်းတွေကိုဖေါ်ကျူးတင်ဆက်သွားမှာပါ Download With Pcloud Link ( 680 MB )
movie
Little Boy ( 2015 )
2015
5.4
Queen Of Spades (2016)
ရင်တမမနဲ့ကြည့်ရမဲ့ ကားလေးလာပါပြီဗျာအရင်ဦးစွာ အန်ရနဲ့အတူ သူ့သူငယ်ချင်းသုံးယောက်က Queen Of Spadesအကြောင်းကိုပြောနေကြပါတယ် သူက လူတွေကိဘယ်လိုခြောက်လှန့်ကြောင်း စသည်ဖြင့်....အဲဒီမှာဘာထဖြစ်လဲဆိုတော့ အန်ရရဲ့သူငယ်ချင်းတွေဟာသရဲ(Queen Of Spades)ကိုခေါ်ဖို့အန်ရကိုပြောလာပါတယ်...ဒီနေရာမှာ အန်ရတစ်ယောက်ဒုက္ခလှလှတွေ့ပါတော့မယ်ဘာလို့လဲ.... သူခေါ်လိုက်တဲ့ မကောင်းဆိုးဝါးကြီးဟာ.မှန်ထဲကနေထွက်လာပြီးနောက်မှာသူရှင်သန်ဖို့အတွက် ပူးကပ်ဖို့ အရာဝတ္ထု ဒါမှမဟုတ်သက်ရှိ လူခန္ဓာတစ်ခုလိုမှာပါ ဒါကတော့ ရှင်းနေပါပြီ သူ အန်ရခန္ဓာကိုယ်ကိုပဲ ဝင်ပူးကပ်တော့မှာပေါ့ခများတို့မသိသေးတာတစ်ခုက အန်ရဟာ သူ့ကိုယ်ထဲဝင်ပူးထားတဲ့ ဒီမကောင်းဆိုးဝါးကြီးကို.ဘယ်လိုပြန်ခုခံပြမလဲဆိုတာကိုပါပဲ သူတစ်ယောက်တည်းမနိုင်ပါဘူး အကူအညီတွေလိုပါလိမ့်မယ် ကိုင်း.....ဘယ်လိုတင်ဆက်ထားလဲဆိုတာ ခံစားလိုက်ကြပါဦးသြော်...ဒီကားကြည့်ပြီးရင် ခများတို့အိမ်ကမှန်မှာ ဇတ်ကားထဲကသရဲခေါ်နည်းအတိုင်း ခေါ်ကြည့်ပါ သရဲထွက်လာရင် ကျွန်တော်နဲ့မဆိုင်ဘူးနော် (ဘာသာပြန်နဲ့ အညွန်းရေးသူကတော့ ဂျွန်လယောင်ဖြစ်ပါတယ်)Download Large File From Pcloud Download Small File From Pcloud
movie
Queen Of Spades (2016)
2015
6.8
The Lion Standing in the Wind (2015)
မြန်မာကားလို့ပြောရင်ကျွန်တော်အခုထက်ထိသဘောကျနေ ဆဲနှစ်ချိုက်နေဆဲကားလေးတစ်ကားကိုပြပါဆို ရင်ကြိုးကြာတောင်ပံခတ်သံဆိုတဲ့မြန်မာကားလေးပါပဲ ဆရာဝန်တစ်ယောက်ရဲ့လူနာတွေအပေါ်ထားရှိတဲ့မေ တ္တာစေတနာဂရုဏာတွေကို အဲဒီကားမှာကွင်းကွင်းကွက် ကွက်မြင်နိင်ပါတယ်ခုကျွန်တော်ဘာသာပြန်ထားတဲ့ ကားလေးကတော့အဲဒီဇတ်လမ်းပုံမျိုးနဲ့အနည်းငယ်ဆင် ပါတယ်လေထု ထဲမတ်တပ်ရပ်နေတဲ့ခြင်္သေ့တစ်ကောင် လို့ဇတ်ကားနာမည်ကို ထူးထူးခြားခြားလေးပေးထားပါ တယ်အလွန်ကောင်းမွန်တဲ့ဇတ်ကားလေးပါဆရာဝန် တစ်ယောက်ရဲ့လူနာတွေအပေါ်ထားရှိတဲ့စိတ်စေတနာ မေတ္တာကိုကွင်းကွင်းကွက်ကွက်မြင်နိုင်အောင်ရိုက်ကူး နိင်ခဲ့တဲ့ဂျပန်ဇတ်ကားကောင်းတစ်ကားပါဇတ်ကားက တော့ ဂျပန်နိုင်ငံမှာရိုက်ကူးထားတာမဟုတ်ပါဘူးအာဖရိ ကရဲ့အလွန်ဝေးလံတဲ့နေရာလေးကိုတာဝန်ထမ်းဆောင် ရန်သွားတဲ့ဆရာဝန်လေးကိုအိချိယိုရဲ့အကြောင်းကိုရိုက် ကူးထားတာပါမိမိရဲ့ဆရာဝန်ဘဝလေးကိုမိမိနိုင်ငံလိုတိုးတက်နေတဲ့နေရာမှာ အသုံးချဖို့မကြိုးစားပဲအလွန်ဝေး ကွာတဲ့လူသူအရောက်အပေါက်နည်းတဲ့နေရာကိုရွေး ချယ်တဲ့ဆရာဝန်လေးရဲ့စိတ်ထားဟာလေးစားစရာပါ မိမိချစ်ရတဲ့သူကိုတောင်ခွဲခွာပြီးအာဖရိကကိုထွက်ခွာ ခဲ့တဲ့ ဆရာဝန်လေးတစ်ယောက်ချစ်သူနဲ့ပြန်ဆုံတွေ့နိုင် မှာ လားပြည်တွင်းစစ်တွေအမြဲဖြစ်နေတဲ့အာဖရိကလိုနိုင် ငံကနေကောပြန်လာနိုင်မှာလား ပရိတ်သတ်တွေစောင့် ကြည့်ကြပါကျွန်တော်အကြိုက်ဆုံးကိုအိချိယိုရဲ့စကား တစ်ခွန်းရှိပါတယ်သူ့ကိုလူနာရှင်တွေကလူနာနဲ့ပက် သက်ပြီးအပြစ်ပြောတဲ့အခါဆရာဝန်လေးရဲ့ စကားလေး ကတော့လူတွေဟာနာကျင်စရာတွေများလာတဲ့အခါ တ ခြားလူတွေကိုအပြစ်ပုံချတတ်ကြပါတယ်တဲ့အလွန် ကောင်းတဲ့စကားလေးပါပဲ ဒီဇတ်ကားကိုရေးတဲ့အချိန်မှာ ကျွန်တော်ဟာဆရာဝန်တစ်ယောက်ရဲ့ဘဝကိုကိုယ်ချင်း စာနာပြီးရေးခဲ့ပါတယ်အလွန်ကောင်းမွန်တဲ့ဇတ်ကား လေးကို ပရိတ်သတ်တွေကြည့်ရုရင်းတစ်ခုခုရင်ထဲမှာ ကျန်ရစ်ခဲ့ပါမယ်လို့ ပြောရင်းဒေါင်းလော့လင့်နှိပ်လိုက်ကြ ပါဦးလို့ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကိုတော့ ကိုစိုးထွေးကရေးသားပေးခဲ့တာပါ )Download Large FIle From PcloudDownload Small File From Pcloud
movie
The Lion Standing in the Wind (2015)
2015
6.5
The Long Way Home (2015)
The Long Way Home (2015)_____Rotten -6.5/10 ၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ် အဓိကသရုပ်ဆောင်အဖြစ် ကလေးသရုပ်ဆောင်ကနေတက်လာတဲ့ လူငယ်မင်းသားလေး Yeo Gin gu ပါဝင်သရုပ်ဆောင်ထားပါတယ်... စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တာပဲတောင် ကိုးရီးယားဖက်ကလည်း လယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလို မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်.. တောင်ကိုးရီးယားဖက်က ခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်.. လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာက ကျပျောက်သွားပါတယ် အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့် တင့်ကားတစ်စီးနဲ့နင့် ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်း ကျန်ခဲ့ပါတယ် ကျောင်းသားလေးကို သူ့ရဲ့ခေါင်းဆောင်က သေခါနီးမှာ တင့်ကားကို သေချာစောင့်ရှောက်ခဲ့ဖို့ မှာသွားပါတယ်။ သူကလည်း တင့်ကားမမောင်းတတ် ဘယ်လိုများ တင့်ကားကို စောင့်ရှောက်သွားလဲနှင့် တောင်ကိုရီးယားရဲ့ အရေးကြီးစာကိုလည်း သူကောက်ရလိုက်တော့ ဘယ်လိုတွေများ ရှေ့ဆက်ဖြစ်ကြမှာလဲ အဲဒီမှာ မြောက်ကိုးရီးယားတင့်ကားတပ်က ကျောင်းသားစစ်သားလေးနဲ့ စာကိုလိုက်ရှာေနေတဲ့တောင်ကိုးရီးယားလယ်သမားစစ်သားတို့တွေ့ကြတဲ့အခါ ဘာတွေဖြစ်လာကြမလဲ……………… ဒီကားမှာ အဓိက အသက်ဝင်တာကတော့ အဓိကသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို ဇာတ်ညွှန်းရေးတဲ့သူကလည်း နာမည်ကျော်ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာကြောင့် ပြောင်မြောက်လှပါတယ် စစ်ပွဲရဲ့အဓိပ္ပါယ်မဲ့တိုက်နေရတဲ့သဘောတွေ စစ်ရဲ့အနိဌာရုံတွေနဲ့အတူ ဟာသတွေ ...
movie
The Long Way Home (2015)
2015
7.4
Our Times (2015)
IMDb (7.4/10) ရရှိထားတဲ့ Comedy,Romance အမျိုးအစား ထိုင်ဝမ်ဇာတ်ကားလေးပါ။ဇာတ်လမ်းကတော့.....သာမန်ကုမ္ပဏီဝန်ထမ်းမလေး လင်းကျန်းရှင်းရဲ့ ကျောင်းသားဘဝအမှတ်တရတွေကို ရသစုံလင်စွာတင်ဆက်ထားတာပါ…လင်းကျန်းရှင်း နဲ့ ကျာင်းသားဆိုးလေး ဆုတိုင်ယွီတို့အကြောင်း …လင်းကျန်းရှင်းတိတ်တခိုးကြွေနေရတဲ့ စာအတော်ဆုံးကျောင်းသား အိုးရမ်နဲ့ နောက်ပိုးအချစ်အကြောင်း....ကျန်းရှင်း အားကျနေတဲ့ ထောင်မင်းမင် ဆိုတဲ့ အလှနတ်သမီးလေးရဲ့ ရင်ခုန်သံကရော ဘယ်မှာနားခိုမလဲဆိုတဲ့အကြောင်း…စတဲ့စတဲ့ ငယ်ဘဝရဲ့ ရင်ခုန်တပ်မက်မှုတွေ ပေါ့ပါးလွတ်လပ်မှုတွေအကြောင်းတွေကိုခံစားကြည့်ရှုရမှာပါ။Rating မြင့်သလို ဇာတ်လမ်းလဲကောင်းမွန်တဲ့ဇာတ်ကားပါ။(Chu Qiao မှခံစားတင်ဆက်ထားပါတယ်။) File size…(999MB) and (540MB)Quality…Blu-Ray Rip 720p Format…mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Our Times (2015)
2015
6.1
Heist (2015)
အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးဟာ ဖခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတရား လို နူးညံ့သိမ်မွေ့တဲ့အရာနဲ့ ဖောက်ထွင်းဝိဇ္ဇာ လူမိုက်လူကြမ်းကြီး ရဲ့ ကြမ်းတမ်းတဲ့စရိုက် လိုမျိုး ဆန့်ကျင်ဘက်အရာနှစ်ခု ကို ချပြထားတာပါ။ လူမိုက်မှာလည်း အသည်းနဲ့ပါ။ သမီးအပေါ်အရမ်းချစ်ရှာတဲ့ ဖခင်တစ်ယောက်ဟာ သူ့သမီးဆေးကုသစရိတ် အလျင်လိုလာတဲ့အခါမှာတော့ မတတ်သာတဲ့အဆုံး လောဘသား တစ်ချို့နဲ့ပေါင်းပြီး ကာစီနိုရုံ ကို ဖောက်ထွင်းပါတော့တယ်။ ကံက မကောင်းချင်တော့ စီစဉ်ထားသလိုဖြစ်မလာပါဘူး။ ပြေးရင်းလွှားရင်းနဲ့ အသက် ဘေး လွတ်ဖို့ ဘတ်စ်ကားတစ်စီးကို ပြန်ပေးဆွဲမှ ရတော့မယ့် အခြေအနေမှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ရင်ခုန်ဖို့ကောင်းပါတယ်။ အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။File Size : 750 MB Quality : Blu ray 720P Running Time : 1hr 33 minute Format : Mp4 Genre : Action, ...
movie
Heist (2015)
2015
5.5
Love H2O (2015)
အသည်းကွဲဖူးတဲ့လူတွေရှိကြလား? အသည်းကွဲရင် ဘာတွေများလုပ်ကြလဲ? ဒီဇာတ်ကားလေးထဲမှာတော့ ကောင်မလေးက သူ့ချစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရတယ်...ဒါနဲ့ မိန်းကလေးတို့ ထုံးစံအတိုင်း လက်စားချေလိုစိတ်အပြည့် နာကျည်းစိတ်တို့နဲ့ ရည်းစားဟောင်းရဲ့မင်္ဂလာပွဲကို သူ့ထက်သာတဲ့ကောင်လေးနဲ့တွဲပြီး ပွဲသွားတက်ဖို့ကြံစည်တာပေါ့... ဒီလိုကြံစည်ရာမှာ သူ့ကို စိတ်ဝင်စားတဲ့ကောင်လေးသုံးယောက်နဲ့ ဘယ်လိုဇာတ်လမ်းတွေလုပ်ပြီး ဘယ်လိုအရှုပ်ထုပ်တွေဖြစ်လာမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။၂၀၁၅ ထွက် ထိုင်းဇာတ်ကားလေးဖြစ်ပြီး Comedy/Drama/Romance ပရိတ်သတ်တွေအတွက် တင်ဆက်လိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်ထားသူကတော့ Myat Noe Thu ပါ။) File size…(950MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Download and Watch 720p HD (VIP Link) (or) Download 720p HD (pCloud) Download Small File 360p (450MB)
movie
Love H2O (2015)
2015
6.4
Teen Beach 2 (2015)
ကဲ အခုတခါ ပိတ်ရက် အတွက်ကတော့ ပေါ့ပေါ့ ပါးပါး ကျောင်းသား ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ပေါ့ပေါ့ ပါးပါးလေးနဲ့ မြူးကြွတဲ့ တေးဂီတတွေနဲ့ အတူ အခုခေတ် လူငယ်တွေရဲ့ ခပ်နောက်နောက် အလေ့အထတွေကို နောက်ခံထားရိုက်ကူးထားပြီး လူငယ်တွေရဲ့ အချစ်ရေး ဘ၀ရေးရာတွေအတွက် ကိုပါ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်း အကျဥ်းလေးကတော့ ဘရက်ဒီ နဲ့ မက်စ်တို့ ၂ယောက်ဟာ ကမ်းခြေမှာ လှိုင်းစီးကြရင်းနဲ့ ကောင်မလေး ခပ်လန်းလန်းတွေကို တွေ့ရှိသွားရာမှ နောက်ကွယ်မှာ ဘယ်လို ဇာတ်အရှူပ်တွေ ရှိနေတယ် ဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူ ကြရမှာဖြစ်ပါတယ်Download From V.I.P Link Download From Pcloud
movie
Teen Beach 2 (2015)
2015
7.2
The Man Who Knew Infinity (2015)
လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ကာလ တခုသောနွေဦးရာသီမှာ အင်္ဂလန်မှာရှိတဲ့ Trinity ကောလိပ်မြေပေါ်ကို အိန္ဒိယလူငယ်လေးတယောက်ဟာ အိပ်မက်တွေတပွေ့တပိုက်နဲ့ မ၀ံ့မရဲခြေချခဲ့ပါတယ်။ ... Ramanujan ဆိုတဲ့ ဒီလူငယ်ဟာ အင်္ဂလန်မြေကို ရောက်လာဖို့ သူ့ဘ၀တခုလုံး ပုံအောခဲ့ရတာဖြစ်ပါတယ်။ သူဟာ အိန္ဒိယမှာ သာမန်စာရေးအလုပ်ရဖို့ ရုံးပေါင်းစုံမှာ အောက်ကျို့ပြီးအလုပ်လိုက်တောင်းသည့်တိုင် နေရာကောင်းကောင်း မရပါဘူး။ သူ့မှာ ဘွဲ့ဒီဂရီမရှိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာ ၀ါသနာအရ သင်္ချာပညာကို လေ့လာလိုက်စားမှုဟာ သူ့ကို ကမ္ဘာသစ်တခုထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့လေ့လာတွေ့ရှိချက်များဟာ သူ့အတွက် အင်္ဂလန်သွားသင်္ဘောလက်မှတ် ဖြစ်စေခဲ့ပါတယ်။ ... ရာမနုဂျန်တယောက် အင်္ဂလန်မြေကို အရဲစွန့်ရောက်လာချိန်ဟာ အိန္ဒိယဟာ ဗြိတိသျှကိုလိုနီဖြစ်နေချိန်ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ပါမောက္ခတွေဟာ နဂိုကမှ ကိန်းခန်းကြီးတဲ့အပြင် လက်အောက်ခံနိုင်ငံတခုက အောက်ခြေလူတန်းစားသာဖြစ်တာမို့ အသက် ၂၇ နှစ်အရွယ် ဒီလူငယ်ကိုတွေ့ကာစမှာ သူတို့ သိပ်တော့အထင်မကြီးပါဘူး။ ... ဒါပေမယ့် သွေးကြီးတဲ့ Cambridge ပါမောက္ခကြီးတွေနဲ့ အိန္ဒိယလူငယ်လေးကို တခုသောအရာက နီးကပ်စေခဲ့ပါတယ်။ အဲဒါကတော့ ပညာဆိုတဲ့အရာပဲ ဖြစ်ပါတယ်။ ... တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းကို ကြည့်ပြီးချိန်မှာ အတွေးဝင်မိတာရှိပါတယ်။ အဲဒါကတော့ ပညာကိုချစ်မြတ်နိုး တန်ဖိုးထားတတ်ပုံခြင်းတူရင် လူမျိုးအဆင့်အတန်းကွာခြားမှုတွေ ရှိနေသည့်တိုင် နီးစပ်သွားနိုင်ပြီး ပညာအပေါ်တန်ဖိုးထားမှုမတူတဲ့အခါ အသိုက်အ၀န်းတခုအတွင်း ရှိနေသည့်တိုင်အောင် ဝေးကွာနေတတ်တယ်ဆိုတာပါပဲ..... ... ဒီကားထဲမှာ ကြိုက်မိတဲ့ dialogue လည်း ရှိပါတယ်။ ကမ္ဘာကျော်တက္ကသိုလ်ကြီးရဲ့ ပရိဝုဏ်မြေအနင်းမှာ မင်သက်အံ့သြသွားတဲ့ အိန္ဒိယသားလေး Ramanujan ကို John Littlewood ...
movie
The Man Who Knew Infinity (2015)
2015
N/A
[18+] Utopians (2015)
Utopians ကားဟာ ၁၈+ကားတကားဖြစ်ပါတယ် ၁၈+ဆိုပေမယ့် အခုခေတ်လူငယ်တွေမမှားသင့်မှားအပ်တာတွေ မစူးစမ်းသင့်တာတွေကို message ပေးတဲ့ကားလို့ပြောတာပိုသင့်တော်ပါတယ် Drama ကားတကားပါပဲ ဒါပေမယ့် heterosexuality...bisexuality.. homosexuality...ဆိုတဲ့ အပိုင်းသုံးပိုင်းလုံးကို ထည့်သွင်းရိုက်ပြထားတာကြောင့် ၁၈+ ကားတကားလို့ ကျနော်အနေနဲ့သတ်မှတ်လိုက်တာပါ အဓိကကတော့ ပညာပေးကားအနေနဲ့ ရိုက်ပြထားတဲ့ကားဆိုရင်လည်းမမှားပါဘူး ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ မင်းသားနဲ့ မင်းသမီးက တက္ကသိုလ်ကျောင်းသားချစ်သူတွေ....မင်းသားက ဒသနိကနယ်ပမယ်မှာ အတွေးလွန်ပြီးတော့ စူးစမ်းလေ့လာချင်သူတဦး... သူတို့ချစ်သူနှစ်ဦးကြားထဲကို သမရိုးကျဇာတ်လမ်းတွေအတိုင်းပဲ ကြားလူတယောက်ဝင်လာပါတယ်...သူကတော့ အဲ့ဒီစုံတွဲရဲ့ စာသင်ပေးတဲ့ကျောင်းဆရာပဲဖြစ်တယ်....ကျောင်းဆရာကလည်း စာစသင်တဲ့အချိန်ကတည်းက သူ့ဖာသာသူ Homosexuality အမျိုးအစားပါလို့ အတိအလင်းကြေညာခဲ့ပြီးသား....မင်းသားရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ ကျောင်းဆရာရဲ့ပွင့်လင်းမှုတွေကြား မင်းသမီးဘယ်လိုလိုက်ဖြေရှင်းမလဲဆိုတာတွေ... ပြီးတော့ ဟောင်ကောင်ကားဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့ GAY RULE တွေ.. GAY LIFE တွေကို စိတ်ဝင်စားအောင်ရိုက်ပြထားတဲ့ဇာတ်ကားတကားပဲဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Aung Pyay ဖြစ်ပါတယ်။) File size…(850MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:34:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
[18+] Utopians (2015)
2015
6.1
Tag (2015)
အမျိုးသမီး အထက်တန်းကျောင်းမှ ကျောင်းသူ အားလုံးသည် အားလပ်ရပ် အပန်းဖြေခရီးထွက်လာရသဖြင့် ပျော်ရွှင်နေကြသည်... ကား နှစ်စီး ဖြင့် ခရီးဆက်နေရပြီး ကျောင်းသူ များသည် ထိန်းမနိုင်လောက်အောင် ကားပေါ်တွင် ဆော့နေကြပြီး တစ်ဦးနဲ့တစ်ဦး နောက်ပြောင်ရုံမကပဲ တစ်ခါတစ်ရံ လမ်းသွားလမ်းလာများကိုပါ ပြုတင်းပေါက်မှ ခေါင်းလေးများပြူထွက်ပြီး စနောက်ခဲ့ကြလေသည်... ထို ကျောင်းသူများ ထဲတွင်မှ အတည်ငြိမ်ဆုံးသော မစ်ဆူကို ကတော့ သူမ ၀ါသနာပါသော ကဗျာလေးတွေကို ငြိမ်သက်စွာ ဒိုင်ယာရီ စာအုပ်လေးထဲတွင် ချရေးလျက်ရှိနေခဲ့ပြီး ဆူညံပွတ်လောရိုက်နေသော ကျောင်းသူများဖြင့် အဆက်သွယ်ပြတ်နေခဲ့ပါတယ်... ထိုသို့ အချင်းချင်းစနောက်နေရင်း မစ်ဆူကို ထံမှ သူငယ်ချင်းများက စာအုပ်ဆွဲယူရာ ဘောလ်ပင်န် လေး ကျသွားသဖြင့် မစ်ဆူကို တစ်ယောက် အပြုံးမပျက် စိတ်မဆိုးပဲ ခုံပေါ်မှ အောက်သို့ ဒူးလေးထောက်ပြီး သူမ ဘောလ်ပင်န် ကို လှမ်းအယူမှာတော့ ခုနက ဆူညံပွတ်လောရိုက်နေသော ကျောင်းသူများ၏ အသံသည် ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားလေတော့ရာ မစ်ဆူကို တစ်ယောက် အံ့သားသင့်၍ ဘေးဘီသို့ လှည့်ကြည့်လိုက်သော အခါတွင်တော့.... (သွေးထွက်သံယို အခန်းများ အများဆုံးပါဝင်လို့ ...
movie
Tag (2015)
2015
7.1
Cat A.W.O.L (2015)
ကြောင်လေးတွေကိုချစ်တတ်တဲ့ ကောင်မလေးတွေရော ကြောင်လေးနဲ့ တူတဲ့ကောင်မလေးတွေကိုချစ်တတ်တဲ့ ကောင်လေးတွေရော အကြိုက်တွေ့ စေမယ့် ထိုင်းအချစ်ဟာသကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... မေရိုက ကြော်ငြာရိုက်ကွင်းက အလုပ်သင်ဝန်ထမ်းမလေးပါ... သူက မော် လို့ ခေါ်တဲ့ ခန့် ညားပြီး တော်တဲ့ ဒါရိုက်တာလေးကို ချစ်မိနေပါတယ်... သူတို့ နှစ်ယောက်အတူတူ ကြော်ငြာတစ်ခုကိုရိုက်ကူးဖို့ ဖြစ်လာတဲ့အခါ... ကြော်ငြာသရုပ်ဆောင်ကလည်းထူးထူးခြားခြား လူမဟုတ်ဘဲ ယာကူဇာကြီးတစ်ယောက်ရဲ့ ကြောင်ဖြစ်နေတဲ့အခါ... အခက်အခဲပေါင်းစုံကို တူတူကျော်ဖြတ်ရင်း မေရို ရဲ့ အချစ်တွေကို မော် တစ်ယောက်သိလာမလားဆိုတာကတော့ ... ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ကြည့်ရမယ့် အချစ်ဟာသကားလေးဖြစ်ပါတယ်... မီးညောင်လေးတွေလည်း အများကြီးပါတာကြောင့် ကြောင်ချစ်သူတွေလည်း အကြိုက်တွေ့ စေမယ့် ကားကောင်းလေးတစ်ကားပါ.....unicode ကြောင်လေးတွေကိုချစ်တတ်တဲ့ ကောင်မလေးတွေရော ကြောင်လေးနဲ့တူတဲ့ကောင်မလေးတွေကိုချစ်တတ်တဲ့ ကောင်လေးတွေရော အကြိုက်တွေ့စေမယ့် ထိုင်းအချစ်ဟာသကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်.... မေရိုက ကြော်ငြာရိုက်ကွင်းက အလုပ်သင်ဝန်ထမ်းမလေးပါ... သူက မော် လို့ခေါ်တဲ့ ခန့်ညားပြီး တော်တဲ့ ဒါရိုက်တာလေးကို ချစ်မိနေပါတယ်... သူတို့နှစ်ယောက်အတူတူ ကြော်ငြာတစ်ခုကိုရိုက်ကူးဖို့ဖြစ်လာတဲ့အခါ... ကြော်ငြာသရုပ်ဆောင်ကလည်းထူးထူးခြားခြား လူမဟုတ်ဘဲ ယာကူဇာကြီးတစ်ယောက်ရဲ့ကြောင်ဖြစ်နေတဲ့အခါ... အခက်အခဲပေါင်းစုံကို တူတူကျော်ဖြတ်ရင်း မေရို ရဲ့အချစ်တွေကို ...
movie
Cat A.W.O.L (2015)
2015
3.3
Roy 2015-မြန်မာစာတန်းထိုး
ဒီနေ့မှာ Channel Myanmar ပရိတ်သက်များအတွက် အိန္ဒိယအက်ရှင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ကို တင်ပေးချင်ပါတယ်။ 12 February 2015 မှာထွက်ရှိထားပြီးအိန္ဒိယအက်ရှင်ကောင်းကောင်း ကြိုက်နှစ်သက်သူတွေအတွက်ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ခုပါ။ရုပ်ရှင် ဒါရိုက်တာ ကာဘီ ဟာ သူခိုးဓါးပြတွေရဲ့အကြောင်းကို အခြေခံထားတဲ့ Gun Triology ဆိုတဲ့အခန်းဆက်ရုပ်ရှင်အများအပြားရိုက်ကူးပါတယ်။သူ့ရဲ့ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေအကုန်လုံးဟာလည်း အောင်မြင်ကြတာချည်းပါပဲ။သူ့ရဲ့ ရုပ်ရှင် ၃ပိုင်းမြောက်ကို ရိုက်ကူးဖို့ မလေးရှားကိုသွားတဲ့အခါမှာ လန်ဒန်က ဒါရိုက်တာမလေး အေးရှာ နဲ့တွေ့ဆုံမိပါတယ်။ကာဘီနဲ့ အေးရှာ လဲ ခင်မင်သွားပြီး မကြာခင် ချစ်သူတွေဖြစ်သွားကြတယ်။အေးရှာက ကာဘီရဲ့ သဘောထားတွေကို သိလာတဲ့အခါမှာလမ်းခွဲခဲ့ပြီးတော့ လန်ဒန်ကို ပြန်လာခဲ့တယ်။အငြင်းခံရလို့ စိတ်ဓါတ်ကျနေတဲ့ ကာဘီလဲ ရုပ်ရှင်ကိုဆက်မရိုက်နိုင်တော့ဘဲ မွန်ဘိုင်းကိုပြန်လာခဲ့တယ်။ နောက်ပိုင်းအကြိမ်ကြိမ်ပြန်ရိုက်ကူးခဲ့ပေမဲ့ ကာဘီဟာသူရဲ့ ရုပ်ရှင်အထွတ်အထိပ်ကိုစိတ်ကျေနပ်မှုမ ရရှိသေးပါဘူး။ဒါနဲ့ပဲ သူ့လက်ထောက် မီးရာရဲ့ အကြံအရ အေးရှာရဲ့ ရုပ်ရှင်ပြသတဲ့ရုပ်ရှင်ပွဲတော်မှာ အကဲဖြတ်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။အေးရှာ ကတော့ ကာဘီဟာ သူမနောက်ကို လိုက်နေတယ်လို့ထင်ပြီးသူ့မ ဘဝထဲက ...
movie
Roy 2015-မြန်မာစာတန်းထိုး
2015
5.3
Point Break (2015)
Point Break (2015)_____IMDb - 5.3/10 လိုင်းဖြတ် သို့တည်းမဟုတ် ကျရှုံးချိန်နေရာတစ်ခု..... မိတ်ဆွေတို့ရဲ့ Point Break ကရော . ဘယ်အချိန်.. ဘယ်နေရာမှာပါလဲ? ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ Point Break ကတော့..... ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့ ယူတာ့ရှ်တစ်ယောက် FBI ကို ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။ သူရောက်ပြီးနောက်ပိုင်းမှာတော့ စိတ္တဇဆန်ဆန် လုယက်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ယူတာ့ရှ်ဟာ အမှုသွား အမှုလာတွေကို လေ့လာပြီးတော့ သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့ အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင် ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။ ဒီလိုကိစ္စတွေကို လုပ်မယ့်သူတွေဟာ ဘက်စုံကျွမ်းအားကစားသမားများပင် ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို လက်မခံခဲ့ပါဘူး။ တစ်ခုရှိတာကတော့ ယူတာ့ရှ်ရဲ့ ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။ အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ။ အိုဇာကီ ၈ ချက်ထဲကအတိုင်း ကမ္ဘာ့နေရာ အနှံ့အပြားမှာ စတန့်ပြကွက်တွေ၊ ဒုစရိုက်လုပ်ငန်းတွေကို လုပ်ဆောင်သွားတာတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားကြရမှာပါ။ စတန့်ပြကွက်တွေ ဖောဖောသီသီ သုံးထားတဲ့ ...
movie
Point Break (2015)
2015
6.7
Heroine Disqualified (2015)
movie
Heroine Disqualified (2015)
2015
4.5
Shades Of Decadencia ( 2015 ) 18+
18+ ဖြစ်နေလို့ထွေထွေထူးထူးမညွှန်းတော့ပါဘူး..ကြည့်ရှုကြပါကုန်
movie
2015
6.3
Vedalam (2015)
ကဲ ဒီတစ်ခါတော့ ဘောလိဝုဒ်ကားကောင်းလေးတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ဇာတ်ကြမ်း ဖြစ်ပြီးတော့ ခပ်ကြမ်းကြမ်း ကားလေးတစ်ကား ဖြစ်ပြီးတော့ သည်းထိပ်ရင်ဖို ဇာတ်ကားကြိုက် နှစ်သက်တဲ့ သူတွေကတော့ လက်မလွှတ်တမ်း ကြည့်ရမှာဖြစ်ပါတယ် ဇာတ်လမ်း လေးကတော့ နိုင်ငံတကာက အလိုရှိနေတဲ့ မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ညီအစ်အကို ၂ယောက် ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးတဲ့ နေရာမှာ အစ်ကိုဖြစ်သူ သေသွားခဲ့ပြီး ဒီလိုနဲ့ ညီဖြစ်သူက ပြန်လည်လက်စားချေတဲ့ အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ပရိတ်သတ်ကြီး ကဆက်လက် ကြည့်ရှူရမှာဖြစ်ပါတယ် ဘာသာပြန်သူကတော့ Max Millioon ပဲဖြစ်ပါတယ်ဗျ [ ကဲ ဒီတစ်ခါတော့ ဘောလိဝုဒ်ကားကောင်းလေးတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ဇာတ်ကြမ်း ဖြစ်ပြီးတော့ ခပ်ကြမ်းကြမ်း ကားလေးတစ်ကား ဖြစ်ပြီးတော့ သည်းထိပ်ရင်ဖို ဇာတ်ကားကြိုက် နှစ်သက်တဲ့ သူတွေကတော့ လက်မလွှတ်တမ်း ကြည့်ရမှာဖြစ်ပါတယ် ဇာတ်လမ်း လေးကတော့ နိုင်ငံတကာက အလိုရှိနေတဲ့ မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ညီအစ်အကို ၂ယောက် ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးတဲ့ နေရာမှာ အစ်ကိုဖြစ်သူ သေသွားခဲ့ပြီး ဒီလိုနဲ့ ညီဖြစ်သူက ပြန်လည်လက်စားချေတဲ့ အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ပရိတ်သတ်ကြီး ကဆက်လက် ကြည့်ရှူရမှာဖြစ်ပါတယ် ဘာသာပြန်သူကတော့ Max Millioon ပဲဖြစ်ပါတယ်ဗျ]Download From V.I.P Download Large File From ...
movie
Vedalam (2015)
2015
6.0
The Cat Funeral 2015
movie
The Cat Funeral 2015
2015
First
12
13
14
15
16
Last
Previous
Next