Channel Myanmar

2015

[18+] Love Clinic (2015) 6.0
[18+] Love Clinic (2015)    တစ်ညလုံးနှစ်ယောက်တည်း အတူရှိနေတဲ့ ယောင်္ကျားလေးနဲ့မိန်းကလေး နောက်နေ့မနက်အထိ…ဘာမှောက်မှားမှုမှ မဖြစ်တာဘာကြောင့်ပါလဲ...     မိန်းကလေးကိုယ်တိုင် Sexy dance နဲ့ဆွဲဆောင်တယ်… မိန်းကလေးကိုယ်တိုင် မာယာအပြည့်နဲ့ဆွဲဆောင်တယ်… မိန်းကလေးကိုယ်တိုင် ခန္ဓာအလှနဲ့ဆွဲဆောင်တယ်… အဲ့ဒါတောင်…ယောင်္ကျားလေးဖြစ်သူက တုံ့ပြန်မှုတစ်စုံတစ်ရာမပေးတာ ဘာကြောင့်ပါလဲ… ဘာကြောင့်လဲဆိုတာကို ဖန်တီးရိုက်ကူးထားတဲ့ Love Clinic ဆိုတဲ့ ကိုရီးယားဇာတ်ကားဟာ IMDb Rating (6.0) ရရှိထားပါတယ်။ ဇာတ်လမ်းလေးက ချစ်မှုရေးရာဖွဲ့ဇာတ်လမ်းလေးပါ။ မိသားစုနဲ့ကြည့်ဖို့မသင့်တော်လို့သာ 18+ ခေါင်းစဉ်တပ်ထားပေမယ့် Comedy,Drama ဇာတ်လမ်းလေးပါပဲ။    ဇာတ်လမ်းအကျဉ်းကတော့... Wang Seong-ki (မင်းသားOh Ji-ho) က အမျိုးသမီး သားဖွားဆရာဝန် / မီးယပ်သားဖွားပညာရှင်ပါ။ Gil Sin-seol (မင်းသမီးKang Ye-won) ကတော့ ဆီးရောဂါပါရဂူပါ။ Gil Sin-seol (Kang Ye-won) က သူ့ဖခင်ဆရာဝန်အပေါ်မခံချင်စိတ်နဲ့ အမျိုးသားမျိုးပွားအင်္ဂါအထူးပြုပညာရှင်ဖြစ်ဖို့ကြိုးစားနေသူပါ။ Wang Seong-ki ရော Gil Sin-seol မှာပါ လျှိုု့ဝှက်ချက်တွေကိုယ်စီရှိလို့ချစ်သူတွေမထားကြပါဘူး။ သူတို့နှစ်ယောက်မမျှော်လင့်ဘဲ အဆောက်အအုံတစ်ခုအတွင်းမှာ ကပ်လျှက်ဆေးခန်းဖွင့်မိတဲ့အခါမှာတော့.. တစ်ယောက်နဲ့တစ်ယောက်အမြင်စောင်းမှု၊အဆင်မပြေမှု၊အလွဲလွဲအမှားမှားတွေကြားက ချစ်ခရီးလမ်းလေး လျှောက်မိတဲ့အခါ…. ။ ဒီဇာတ်ကားကိုကြည့်ပြီး သိလာရတာက... ချစ်တယ်ဆိုတာ စိတ်နဲ့တင်ချစ်နေလို့မရပါဘူး… ချစ်တာကို ချစ်နေမှန်းသိအောင်ပြသဖို့လည်း လိုပါတယ်။ #AYK (ရုပ်ရှင်အညွှန်းကို myanmarload.com မှကူးယူဖော်ပြပါသည်။)   File Size…(900 MB)Quality…HD-Rip ...
movie

[18+] Love Clinic (2015)

2015
Nil Battey Sannata(2015) 8.5
Nil Battey Sannata(2015) IMDb....8.5,,,,,,Rotten....87% အောက်ခြေလူတန်းစားအမျိုးအစားကိုယေဘုယျအနေနဲ့ ဆိုက္ကားသမား အငှားယာဉ်မောင်း တောင်သူလယ်သမား အိမ်ဖော် လက်လုပ်လက်စားနေ့စားသမားများလို့ သတ်မှတ်ရမလား ကျွန်တော်လည်း မကွဲပြားဘူး ဒါပေမဲ့ အိမ်ဖော်တစ်ယောက်ရဲ့သားသမီး လယ်သမားတစ်ယောက်ရဲ့သားသမီးတွေဟာ ဆရာဝန် အင်ဂျင်နီယာ အောင်မြင်တဲ့စီပွားရေးလုပ်ငန်းရှင် စတဲ့ အနေအထားမျိုးတွေကိုကူးပြောင်းဖို့ဆိုတာတော့ ရုပ်ရှင်မဆန်လှဘူး....ဘာလို့ဆို သူတို့နေတဲ့အသိုင်းအ၀န်း မိဘရဲ့ထောက်ပံ့ပေးနိုင်မှု ခံယူချက်စတာတွေဟာ အပေါ်ကကျွန်တော်ပြောခဲ့တဲ့အနေအထားတွေကို အကောင်အထည်ဖော်ဖို့ သီးခြားဆန်နေတယ်....ကြာပန်းဆိုတာ ရွှံနွံတွေပေါ်မှာပေါက်တယ်တို့ ပတ္တမြားမှန်လျှင် နွံမနစ်ဘူးဆိုတဲ့ အဆိုတွေရှိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ ဒီလိုမျိုးဖြစ်ပျက်တာတွေက ၁ ကနေ ၁၀ အထိရေတွက်တတ်တဲ့ကလေးကိုရေခိုင်းရင်တောင် ရနိုင်ပါတယ် ဒီအိန္ဒိယကားလေးထဲမှာ အိမ်အကူအမေတစ်ယောက်နဲ့ ၁၀တန်းကျောင်းတက်နေတဲ့ သူ့သမီးလေးအကြောင်း ရိုက်ပြထားတာပါ......အမေက အိမ်အကူဖြစ်ပေမဲ့ သူ့သမီးလေးကို ၁၀တန်းအောင်မြင်ပြီး ပညာတတ် အမျိုးသမီး လေးဖြစ်ချင်တယ် ဒါကြောင့် သူအမျိုးမျိုးကြိုးစားတယ် သမီးလေးရဲ့ခံယူချက်ကိုပြောင်းလဲဖို့ရယ် ငွေတွေရသလောက်ရှာဖို့ရယ် သူဘယ်လောက်ကြိုးစား ကြိုးစား သမီးလေးရဲ့စိတ်ထဲမှာ ၁၀တန်းအောင်လည်း ကျောင်းထားဖို့ပိုက်ဆံမတတ်နိုင်တဲ့ အမေရဲ့အဖြစ် ၊ အိမ်အကူ သမီးက အိမ်အကူပဲဖြစ်မယ်ဆိုတဲ့ သမီးရဲ့ခံယူချက် ယုံကြည်ချက်ကို ရိုက်မချိုးနိုင်ခဲ့ဘူး .......ဒါပေမဲ့သူလက်မလျှော့ဘူး. ကျွန်တော်ပြောတာတွေက ဒီကားကိုပေါ့ပျက်စေလို့ ဆက်မပြောတော့ဘူး . ဒီကားက လူတိုင်းကြည့်သင့်တယ်လို့ကျွန်တော်ထင်တယ် ဇတ်လမ်းရဲ့ ...
movie


2015
Wolf Warrior (2015) 5.4
Wolf Warrior (2015) ဒီနေ့ အတွက်တော့ အတိုက် အခိုက်၊ အပစ်အခတ်နဲ့ ခပ်သွက် သွက် အက်ရှင်ကားကြည့် ပရိ သတ်အတွက် တရုတ်အက်ရှင် ကားလေးဖြစ်ပါတယ်။အထူး ရဲတပ်ဖွဲ့က တပ်ကြပ် ကြီး လန်ဖန် ဟာ လက်ဖြောင့်သေနတ် သမား တစ်ဦးဖြစ်ပြီး တစ်ရက် မှာ သူတို့ တပ်ဖွဲ့တရားမဝင် ဘိန်း ထုတ်တဲ့ စက်ရုံကို ဝင်ရောက်နှိမ်နင်းရင်း ဘိန်းရာဇာ တစ်ယောက် နဲ့ ထိပ်တိုက် ဆုံခဲ့ပါတယ်။ဘိန်းရာဇာက ဓားစာခံ တစ်ယောက်ကို အကာအကွယ် ယူရင်း အထူးတပ် ဖွဲ့ဝင်တစ်ယောက်ကို သေနတ် နဲ့ ပစ်ခဲ့တာကြောင့် လန်ဖန် က အထက် အမိန့် ကို မစောင့်ဘဲ ကိုယ့် သဘော နဲ့ ကိုယ် ဘိန်းရာဇာကို သေနတ်မှန်အောင်လုပ်ခဲ့ပါတယ်။အမိန့် မနာခံမှု နဲ့ လန်ဖန် တစ်ယောက် အထူးရဲ တပ်ဖွဲ့က ...
movie

Wolf Warrior (2015)

2015
The Piper (2015) 6.3
The Piper (2015) The Piper (2015) ________IMDB - 6.3/10IMDb  Rating 6.3 ရထားတဲ့ ကိုးရီးယား  Horror/Mystery ဇာတ်ကားလေးပါ၊ နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိပါမှာ။ ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးပါ၊ ဇာတ်လမ်းလေးကတော့ ကိုရီးယားတောင်နဲ့မြောက်စစ်ပွဲပြီးခါစအချိန်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပွဲအတွင်းမှာ ဇနီးဆုံးသွားတဲ့အတွက် “ကင်ဝူကျုံး” ဟာ ကလေးကိုတစ်ယောက်တည်း ပြုစုခဲ့ရတဲ့ ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာတစ်ဦးပါ။ သူ့သားလေးမှာ TB ရောဂါဖြစ်နေတဲ့အတွက်ဆေးကုဖို့ ဆိုးလ်ကို သားအဖနှစ်ယောက် ခြေလျင်ခရီးဆက်လာခဲ့တယ်။ စာမတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်  နိုင်ငံခြားသားတစ်ယောက်က အမြင်ကပ်ကပ်နဲ့ “Kiss your ass Monkey” လို့ရေးပေးလိုက်တာကိုဆိုးလ်မှာဆေးကုလို့ရမယ့်နေရာလိပ်စာထင်ပြီး ဒါလေးကိုကိုင်ပြီး ဆိုးလ်ကိုတက်လာခဲ့တယ်။ လမ်းခုလတ်မှာ လေကြောင့် ရွာတစ်ရွာကချက်နေတဲ့ဟင်းနံ့လေးရပြီး လူသူမသိတဲ့တောနက်လေးထဲကရွာကို ရောက်သွားခဲ့တယ်။ ရွာက လူတွေက ...
movie

The Piper (2015)

2015
The DUFF (2015) 6.5
The DUFF (2015)   ဒီတစ်ခါတော့ comedy ကြိုက်တဲ့သူတွေအတွက် ဇာတ်မြူးလေးပါ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ The Duff ဆိုတဲ့ movie လေးပါ ဒီဇာတ်ကားထဲမှာတော့ ဘီယမ်ကာဆိုတဲ့ စာကြမ်းပိုးမလေးနဲ့ အရမ်းလန်းအရမ်းဟော့တဲ့ ဂျက်စ်နဲ့ကေဆီတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပါ ဘီယမ်ကာဟာ သူ့သူငယ်ချင်းနှစ်ယောက်ရဲ့ duff ဖြစ်မှန်းမသိဖြစ်နေခဲ့ပါတယ် ဘီယမ်ကာရဲ့ငယ်သူငယ်ချင်း ခပ်ဟော့ဟော့ဘောလုံးအသင်းခေါင်းဆောင် ဝက်စလေက သူ့ကိုပြောပြတဲ့အခါ ဘီယမ်ကာတစ်ယောက် အတော်စိတ်အနှောက်အယှက်ဖြစ်ပြီး သူ့သူငယ်ချင်းတွေရဲ့ duff အဖြစ်မနေနိုင်တော့ဘဲ သူကြိတ် crush နေတဲ့ကောင်လေး တိုဘီကိုဖွင့်ပြောရဲဖို့ကြိုးစားပါတော့တယ် ဒါကို ဝက်စလေကကူညီပေးခဲ့ပါတယ် အဲဒီအတောတွင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်ဆိုတာကို ဟာသနှောပြီးရိုက်ထားတာပါ နောက်ဆုံးမှာတော့ စာကြမ်းပိုးလေးဘီယမ်ကာတစ်ယောက် လှလာပြီးသူ့ crush ရဲ့ အချစ်ကိုတကယ်ပဲရမလားဆိုတာကိုတော့ စောင့်ကြည့်ကြပါလို့   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်) File Size : (750 MB) and (300 MB) Quality : 720p Bluray Running ...
movie

The DUFF (2015)

2015
Big Fortune Hotel (2015)
Big Fortune Hotel (2015) တရုတ် ပာာသ သရဲကားပါ ၂၀၁၅ လောက်ကထွက်ခဲ့တာပါ ဇာတ်ကားကပုံစံကတော့ မလေးရှားမှာ ကောင်လေးတယောက်လှည့်လည်ရင်းနဲ့ ဆီဒစ် ဆိုတဲ့သရဲမလေးနဲ့တွေ့ဆုံခဲ့ပါတယ် ဆီဒစ် ဆိုတဲ့သရဲမချောလေးပာာဆိုရင်ဖြင့် လွန်ခဲ့တဲ့နှစ် ၃၀ က အသတ်ခံခဲ့ရတာပါ လက်စားချေလိုသေးတာကြောင့် သရဲမဖြစ်နေသေးတာပါ ကောင်လေးနဲ့ သူ့သူငယ်ချင်းတွေအကူအညီနဲ့ ဆီဒစ်သူ့ကိုသတ်တဲ့တရားခံကိုရှာတွေ့သွားနိုင်မလား? မျက်စိရှေ့မှာမြင်တာအားလုံးကရော အမှန်ဖြစ်နိုင်ပါ့မလား? အမှုကိုဖော်သွားရင်း ဇာတ်ကားကို မပျင်းရအောင် ဟာသလေးတွေနဲ့တည်ဆောက်ထားတာပါ သရဲမလေးကလည်းအရမ်းချောတော့ ကြည့်ရတာပိုမိုက်တာပေါ့ဗျာ ပင်ပန်းနေတဲ့နေ့လေးမှာ ဟာသကားလေးကြည့်ပြီး အပန်းဖြေလိုက်ပါ    (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ ကွီးငြိမ်းချမ်းထက် ပါ)  File Size : 700 MB/300 MB Quality : Bluray720p Running Time : 1hr 28minutes Format : Mp4 Genre : Action, Horror, Comedy Translator : Nyein Chan Htet Encoder :Thanhtike Zaw
movie

Big Fortune Hotel (2015)

2015
April and the Extraordinary World (2015) 7.4
April and the Extraordinary World (2015) Imdb 7.4 ရရှိထားတဲ့ ပြင်သစ် ကာတွန်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ စိတ်ကူးယဉ် သိပ္ပံကာတွန်းကားမျိုးဖြစ်ပေမဲ့ တွေ့နေရကျပုံစံနဲ့ကွဲပြားပါတယ်။ ၁၉၄၁ ခုနှစ်မှာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ သမိုင်းတွေ မှာသိခဲ့တာထက် တော်တော် ကို ကွဲပြားနေပါတယ်။ အဲ့အချိန်မှာ နပိုလီယံ ၅ က ပြင်သစ်နိုင်ငံ ကို အုပ်စိုးနေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ အတွင်းမှာလည်း ပညာရှင်တွေ ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားလေ့ရှိတယ်။ ဒီတော့ ဒီလိုပျောက်ဆုံးသွားတဲ့ အတွက်ကြောင့်နာမည်ကျော်တီထွင်မှု့တွေ ဖြစ်မလာတော့ဘူးပေါ့။ ရေဒီယိုမရှိတီဗွီဆိုတာမရှိ ဒီဇယ်အင်ဂျင်ဆိုတာလည်းမရှိ ကမ္ဘာကြီးဟာ တော်တော်ကို ခေတ်နောက်ကျ လို့နေတာပေါ့။ လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက တွေ့ ရှိခဲ့တဲ့ ကျောက်မီးသွေး ရေနွေးငွေ့ အင်ဂျင် ဆိုတဲ့ အခြေအနေမှာပဲ ရပ်တံ့ နေတာပါ။ ဒီလိုအခြေအနေမှာ အေဗရယ်လ် ရဲ့ မိဘတွေဟာ သက်ရှိတွေ အတွက် ထူးဆန်းတဲ့ဆေးရည်ကို တီထွင်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဆေးရည် အောင်မြင်တဲ့ အချိန်မှာ ...
movie

April and the Extraordinary World (2015)

2015
Gabbar is Back (2015) 7.1
Gabbar is Back (2015) Gabbar is Back (2015)_____IMDb - 7.1/10     IMDB 7.1 ရရှိထားပြီး အင်မတန်မှ ကောင်းမွန်တဲ့ ဘောလီးဝုဒ် ဇာတ်ကားလေးတစ်ကားကို  တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာ နာမည်ကျော်မင်းသား အက်ခ်ရှေးကူမားရ်ကို ဂတ်ဘာ အဖြစ်တွေ့မြင်ရမှာပါ။ ညတစ်ညမှာ အိန္ဒိနိုင်ငံ မဟာရှက်ထရာ ခရိုင် အတွင်းမှာရှိတဲ့ မတူညီတဲ့ မြို့တွေက အခွန်ကောက်သမားဆယ်ယောက်ဟာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရဲတွေက အပူတပြင်း ရှာဖွေ နေစဉ်မှာပဲ ထိုဝန်ထမ်း ဆယ်ယောက် အနက် တစ်ယောက်ကလွဲလို့ အကုန်ပြန်ရောက်လာပါတယ်။ တစ်ယောက်ကတော့ အသတ်ခံလိုက်ရပါတယ် ထိုအသတ်ခံလိုက်ရတဲ့သူက လာဘ်အစားဆုံး အခွန်သမားပါပဲ။ထို အခွန်သမားရဲ့ အလောင်းနဲ့ အတူ ဂတ်ဘားကိုယ်တိုင် လာဘ်စားလို့ သတ်ရတာဖြစ်တယ် ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ လာဘ် အစားဆုံး အစိုးရာအရာရှိတွေ ပြန်ပေးဆွဲ ခံရ အသတ်ခံရတာတွေ ဆက်တိုက် ဖြစ်လာပါတယ်။ ဂတ်ဘားကဒီလိုဘာလို့ လိုက်သတ်နေရတာလဲ .... သူ့ကို ရဲတွေက ဖမ်းမိမှာလား လာဘ်ပေးလာဘ်ယူ လုပ်တာတွေကို အချက်အလက်သေးသေးလေးက အစ တိတိကျကျ သူဘယ်လိုများမှတ်တမ်းတွေ ယူနိုင်တာလဲ ခြေရာလက်ရာ မပေါ်အောင်ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ စတာတွေကို ...
movie

Gabbar is Back (2015)

2015
Casa Amor: Exclusive for Ladies (2015) 6.2
Casa Amor: Exclusive for Ladies (2015) Casa Amor: Exclusive for Ladies [NC-17]  ကဲဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် သောကြာနေ့လိုည မျိုးမှာ ပင်ပန်းခဲ့သမျှကို ရီမောရင်းပြေပြောက်စေဖို့အတွက် အချစ်ဟာသ ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးမှာပါဝင်ထားတဲ့ မင်းသမီးကိုတော့ စီးရီးအကြိုက်ပရိတ်သတ် တွေဆိုရင်းနှီးနေကြမှာပါ ဇာတ်လမ်း အကျဉ်းလေးကတော့ အလုပ်အပေါ် ရူးသွပ်စွဲလန်းလွန်းသူ ဘိုဟီး တစ်နေ့မှာတော့ ကံဇာတာတက်ပြီးအလုပ် ပရိုမိုးရှင်းအတွက်အခွင့်အရေး တစ်ခုရရှိလာပါ တော့တယ် အဲ့တာကတော့ ကုမ္ပဏီ ရဲ့ထုတ်ကုန်အသစ်ကို နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေဆီကို တင်ပြမိတ်ဆက်ပေးရမှာပါ ဘဝအတွက်တက်လမ်း ကိုမြင်နေရတဲ့အတွက် ဘိုဟီးတစ်ယောက် အမှားမခံတော့တဲ့အခြေအနေမှာ ကံဆိုးစွာနဲ့ ကွန်ဒိုတစ်ခုထဲနေတဲ့ လူကြီးကစားစရာ ဆိုင်ပိုင်ရှင်နဲ့ ပါဆယ်ခြင်းမှားသွားပါတော့တယ် ကဲ ပရိတ်သတ်ကြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ကြတော့နော် တစ်ခုသတိပေးထားခြင်တာက အချစ်ဟာသဆိုပေမဲ့ Adult Scence တွေ ပေါပေါသီသီ ပါနေတာရယ် ဒိုင်ယာလော့ခ်တွေကကြမ်းတာမို့မိသားစုနဲ့မကြည့်ကြဖို့ တော့ပြောလိုက်ပါရပါရစေတော့ဗျာ   ဘာသာပြန်သူကတော့ ကိုကွန်ပိုက်ပါဗျာ  နမူနာကြည့်ရန်
movie

Casa Amor: Exclusive for Ladies (2015)

2015
Crimson Peak (2015) 6.6
Crimson Peak (2015) သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။ အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။ ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။ အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။ ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး Legendary Pictures နဲ့ Universal ...
movie

Crimson Peak (2015)

2015
Have a song on your lips (2015) 7.2
Have a song on your lips (2015) ကဲအခုတခါတော့ အဖီးလ် တစ်လိုင်းသန်တဲ့သူတွေအတွက် အသေအကြေ ဖီးလ်လို့ရမယ့် ဂျပန် ဖီးလ်ကားကြီးတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက IMDb မှာ rating 7.1/10 ရထားတဲ့ Drama ကားလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ယူရီကာရှီဝာဂါ ဟာ ပါရမီရှင် ပီယာနို ပညာရှင်တစ်ယောက်ပါ တစ်နေ့မှာ သူမ ဟာ သူ့ရဲ့ ဇာတိမြို့လေးဂိုတိုကျွန်း ကို တိုမြို့ကြီးကနေပြန်လာခဲ့ပါတယ် ဒီလိုနဲ့ ဇာတိမြို့လေးမှာယူရီတယောေ သာင်တင်ရင်း အလယ်တန်းကျောင်းကလေးမှာ ဆရာမ ၀င်လုပ်ပါတော့တယ် တစ်နေ့မှာတော့ ကျောင်းက ဂီတပြိုင်ပွဲဝင်ဖို့ကြုံလာတဲ့အခါမှာတော့  ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်လိုက်ကြပါတော့နော် ဘာသာ ပြန်ပေးသူ ကတော့ Ra VizZ ဖြစ်ပါတယ်Download Large File Download Small File
movie

Have a song on your lips (2015)

2015
Wonderful Nightmare (2015) 6.9
Wonderful Nightmare (2015) ဒီဇာတ်ကားလေးကတော့ သဘာလွန်ဖြစ်ရပ်လေးတွေ ပါဝင်နေတဲ့ ဇာတ်ကားလေးပါ။ တစ်ကားထဲနှင့် အချစ် အလွမ်း မိသားစုသံယောဇဉ် ဟာသ စိတ်ဓါတ်ခွန်အားစတာတွေအားလုံးခံစားရရှိနိုင်တယ်လို့ အာမခံပါတယ်။ အဓိက သရုပ်ဆောင်တွေကတော့Romanace of the Witch ဇာတ်လမ်းတွဲမှ မင်းသမီးကြီးနဲ့ကျွန်တော်တို့မြန်မာပရိသတ်ကြီးအချစ်တော် ဂျွန်စော မင်းသားကြီးပါပဲ...ဇာတ်လမ်းလေးကတော့...• ရှေ့နေ လီယွန်ဝူးဆိုတဲ့ အပျိုကြီးမမတစ်ယောက်ကနေ စတာပါပဲ။ အပျိုကြီးမမက ငယ်ငယ်ထဲက အဖေဆုံးသွားခဲ့ပြီး အဖေကို ချစ်လွန်းလို့လွမ်းဖျားလွမ်းနာကျနေတဲ့အမေနှင့် နေခဲ့ရပြီး အမေကလည်း နောက်ထပ်နှစ်အနည်းငယ်မှာ ကွယ်လွန်သွားတော့ ငယ်ငယ် ကတည်းက ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချခဲ့တယ်။မိသားစုဘဝကို ဘယ်တော့မှ မထူထောင်ဘူး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရမယ် တစ်ကိုယ်တည်း အပျိုကြီးဘဝပေမယ့် အောင်မြင်နေရမယ်ဆိုပြီးတော့ပေါ့။တကယ်လည်းအောင်မြင်တဲ့ဘဝ ထူထောင်နိုင်ခဲ့ပါတယ်... ဒါပေမယ့် အောင်မြင်မှုနဲ့ငွေကြေးနောက်ကို လိုက်လွန်းတော့လည်းမုဒိမ်းမှုမှာတောင် တရားခံဘက်ကနေ ရှေ့နေလိုက်ပေးတဲ့ အပျိုကြီးမမရှေ့နေမကြီးပေါ့.. • တစ်ရက်မှာတော့ မထင်မှတ်ပဲ မတော်တဆကားတိုက်မှုဖြစ်ပြီးသေဆုံးသွားပြီဘဝမကူးခင် နေရတဲ့ကြားဘုံကို ရောက်သွားပါတော့တယ်။တကယ်တော့ သူမဟာသေဆုံးချိန်မတိုင်ပဲ ကြားဘုံမှာ အလုပ်လုပ်နေတဲ့နတ်သားတွေရဲ့ မှားယွင်းချက်ကြောင့် ...
movie

Wonderful Nightmare (2015)

2015
Molly Moon and the Incredible Book of Hypnotism (2015) 5.5
Molly Moon and the Incredible Book of Hypnotism (2015) ဒီဇာတ်လမ်းက စိတ်ညို့ခြင်းစာအုပ်ကိုရဖို့ ကံပါလာတဲ့ မိဘမဲ့ကလေးမလေးအကြောင်းကိုရိုက်ကူးထားတာပါ။ သူမက စာအုပ်ထဲကနည်းအတိုင်း စိတ်ညို့ပြီး လန်ဒန်ရှိုးသို့အရောက်လာကာ ချမ်းသာပြီးနာမည်ကြီးအောင်လုပ်လိုက်ပါတယ်။ နောက်ထပ်လူတယောက်ကလဲ ထိုစာအုပ်ကိုလိုချင်လို့ လန်ဒန်ကိုရောက်လာပြီး သူမနောက်ကိုလိုက်ရင်း သူမရဲ့ခွေးလေးကိုဖမ်းခေါ်သွားပါတယ်။ ခွေးကိုပြန်လိုချင်ရင် လန်ဒန်ကအချမ်းသာဆုံးဘဏ်ကို ဓားမြတိုက်ပြီးပြန်လာမဲ့ ဓားမြတချို့ဆီက ငွေနဲ့ရတနာတွေအားလုံးရအောင် ကူညီပေးရမယ်ဆိုပြီးအကျပ်ကိုင်လိုက်တဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတာ ပရိတ်သတ်ကြီးပဲဆက်လက်ကြည့်ရူ.လိုက်ပါ review credit ; khitmarket File Size : 750 MB /320 MB Quality : Blu ray 720P Running Time : 1hr 38 minutes Format : Mp4 Genre :  Adventure, Family Encoder : Thanhtike Zaw Download and Watch (YP Link) Download Here 720p HD (750 MB) Pcloud Link Download Here 720p ...
movie


2015