Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2014
8.6
Interstellar (2014)
Interstellar (2014) IMDb - 8.6/10_____Rotten - 72% Won 1 Oscar. Another 43 wins & 148 nominations 2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်… 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background musicတွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် ...
movie
Interstellar (2014)
2014
BluRay DS4K HEVC
7.1
Mune: Guardian of the Moon (2014)
Mune : Guardian of the Moon (2014)ဒီကားလေးကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ Family/Fantasy အမျိုးအစား animation ကားကောင်းလေးတစ်ကားပါ Rating မှာလည်း MIDb 7.1 ထိရရှိထားပြီးတော့ ကလေးရောလူကြီးပါကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ အချိန် ၁ နာရီကျော်လောက်ကြာပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးက ချစ်ဖို့ကောင်းလွန်းတော့ အကြိုက်တွေ့မယ်ဆိုတာသေချာပါတယ် ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာ ကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ် နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှဲပြောင်းပွဲအပြီးမှာ လူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖို့ကြိုးစားပါတော့တယ် အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲ စောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတို့ဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာ ရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီးမိသားစုနဲ့တူတူကြည့်ဖို့ အသင့်တော်ဆုံးကားလေးတစ်ကားပဲဖြစ်လို့ အခုပဲဒေါင်းထားလိုက်ကြတော့နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Adventure, Animation, Comedy, Family Quality…. 1080p | 720p File size… 1GB | 490MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron
movie
Mune: Guardian of the Moon (2014)
2014
5.6
Fleet of Time (2014)
ဒီတစ်ခါမှာတော့ တရုတ် romance ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ကားနာမည်ကတော့ fleet of time လို့ခေါ်ပြီးတော့၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ၁၉၉၀ - ၂၀၀၀ ပြည့်နှစ်ကြားမှာ အထက်တန်းကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြတဲ့သူငယ်ချင်းတစ်ဖွဲ့အကြောင်းကို အဓိက ရိုက်ကူးထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသား Eddie Peng က ချန်ရွှင်အဖြစ်နဲ့နာမည်ကြီးရုပ်ရှင် Lost in the Stars ထဲကမင်းသမီး Ni Ni က ဖန်းဟွေအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဖန်းဟွေဟာတခြားကျောင်းကနေ ပြောင်းလာတဲ့ ကျောင်းသူအသစ်ပါ။အမြဲတမ်း တစ်ယောက်တည်း သီးသန့်နေတတ်ပြီးဘယ်သူနဲ့မှလည်း စကားမပြောပါဘူး။ချန်ရွှင်က ဖန်းဟွေကို စစတွေ့ချင်းနေ့မှာတင် စိတ်ဝင်စားသွားခဲ့ပြီးတော့ဖန်ဟွေရဲ့ အာရုံစိုက်မှုကိုရဖို့ နည်းမျိုစုံသုံးတော့တာပေါ့။ချန်ရွှင်တို့ သူငယ်ချင်းအဖွဲ့ထဲက လင်းကျားမော့ဆိုတဲ့ကောင်မလေးရဲ့ ဖန်တီးပေးမှုကြောင့် ဖန်းဟွေလည်းချန်ရွှင်တို့အဖွဲ့ထဲကို ရောက်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ချန်ရွှင်ဟာ ဖန်းဟွေရဲ့ နာကျင်စရာအတိတ်စိတ်ဒဏ်ရာကို သိသွားရင်းကနေ ချစ်မိသွားခဲ့ပါတယ်။ဖန်းဟွေကလည်း ချန်ရွှင်ကို ပြန်ချစ်နေခဲ့တာမလို့နှစ်ယောက်ဟာ ...
movie
Fleet of Time (2014)
2014
6.3
Neighbors (2014)
Neighbors (2014) IMDb-6.3/10 Rotten Tomatoes-73% CM ပရိတ်သတ်ကြီးအတွက် 2014က ထွက်ရှိခဲ့တဲ့ဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Seth Rogen, Zac Efron နဲ့ Rose Byrne စတဲ့သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်ခ်နဲ့ ကယ်လီတို့ဟာအခုမှကလေးရထားတဲ့ စုံတွဲလေးဖြစ်ပြီး သူတို့ရဲ့လူငယ်ဘဝကုန်ဆုံးသွားခဲ့ပြီလို့ ခံစားနေကြရတဲ့ စုံတွဲလေးပါဆိတ်ငြိမ်ရပ်ကွက်လေးမှာ အိမ်လေးတစ်လုံးဝယ်ပြီးမိသားစုသုံးယောက်အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။တစ်နေ့မှာတော့ သူတို့ ဘေးအိမ်ကို ဒယ်တာ ဆိုင်လ်ဆိုတဲ့တက္ကသိုလ်ကလပ်က ကျောင်းသားတွေအပြုံလိုက်ပြောင်းချလာပါတော့တယ်။ မက်ခ်နဲ့ ကယ်လီတို့လည်း အနှောက်အယှက်မဖြစ်အောင်ပြောဆိုထားပေမဲ့ နေ့တိုင်း ရက်ဆက်ပါတီတွေပေးပြီးဆူညံနေကြတာမလို့ ရဲကိုတိုင်လိုက်တဲ့ကိစ္စကနေစပြီးဒယ်တာဆိုင်လ်အဖွဲ့ဝင်တွေနဲ့ သူတို့နှစ်ယောက်ကြားမှာအချင်းချင်းဒုက္ခတွေပေးကြရင်း နောက်ဆုံးဘယ်ဘက်ကနိုင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့(၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 921 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard ...
movie
Neighbors (2014)
2014
6.6
Monster High: Frights, Camera, Action! (2014)
Monster High: Frights, Camera, Action! (2014) ================================== IMDb Rating - 6.6/10ဒီကားလေးကတော့ monster high franchise ထဲက ကာတွန်းကားလေး တစ်ကားဆိုတော့ Monster inc.တို့ Hotel Transylvania တို့ထဲကလို သတ္တဝါအထူးအဆန်းလေးတွေကိုမှ Barbie ကာတွန်းကားတွေလို vibe မျိုးနဲ့ခံစားရမှာပါ။ အထူးသဖြင့် Barbieကာတွန်းကားလေးတွေကြိုက် တတ်တဲ့မိန်းကလေးတွေ ကြိုက်နှစ်သက်ကြမယ့် ကာတွန်းကားကောင်း လေးဖြစ်ပါတယ်။Main character ဖြစ်တဲ့ Draculauraလေးဟာ ကျောင်းမှာ လူချစ်လူခင် ပေါတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပေမယ့် သူ့ကိုယ်သူ ကြီးကျယ်တဲ့ အရာတွေမလုပ်နိုင်လို့ အားငယ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မထင်မှတ် ထားတဲ့သတင်းတစ်ခုကြောင့် သူ့ဘဝက ပြောင်းလဲဖို့အကြောင်းဖန်လာခဲ့ ပါတယ်။ ဒါပေမယ့် အဲဒီသတင်းက သူထင်သလိုမဟုတ်တာကို သိလိုက်ရ တဲ့နောက်မှာတော့ Draculaura တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့အတူ စွန့်စားခန်းဖွင့်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အမြင်ဆန်းဆန်းလေးနဲ့ ကြည့်ရှုရမယ့်ကာတွန်းကားလေးတစ်ကားဖြစ်ပြီး မိသားစုနဲ့ကြည့်ရှုလို့ ကောင်းမယ့် ကာတွန်းကားလေးတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်)File Size..........(1.35 GB) / (665 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie
Monster High: Frights, Camera, Action! (2014)
2014
6.6
The Homesman (2014)
The Homesman (2014)~ IMDb - 6.6/10, RT - 81%, Meta - 68% ~ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ...
movie
The Homesman (2014)
2014
5.8
Miss Meadows (2014)
Miss Meadows(2014)IMDb rating- 5.8ဇာတ်လမ်းအညွှန်း မယ်ရီမဲဒိုးစ်ဟာ ငယ်ရွယ်ပြီး ချစ်စရာလည်းကောင်း၊ယဉ်ကျေးမှုလည်းရှိတဲ့အမျိုးသမီးလေးတစ်ယောက်ပါ။ အိမ်သေးသေးလေးမှာ တစ်ယောက်တည်းနေထိုင်ပြီးသူ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို သူ့အမေဆီအမြဲဖုန်းဆက်ပြောပြတတ်ပါတယ်။ အခုကတော့ ပထမတန်းကလေးတွေအတွက်ယာယီဆရာမလေး လုပ်ပေးနေပါတယ်။ဒီလိုအမျိုးသမီးလေးက အပြင်ပိုင်းမှာ တည်ငြိမ်ချစ်စရာကောင်းနေပေမယ့်သူ့ရဲ့တကယ့်သရုပ်မှန်ကိုတော့ ဘယ်သူမှမသိကြဘူးပါဘူး။လူဆိုးတွေ၊ရာဇဝတ်ကောင်တွေ၊လူ့အဖွဲ့အစည်းအတွက်အန္တရာယ်ရှိတဲ့သူတွေကို သတ်ပစ်တဲ့သူ (vigilant)တရားဘက်တော်သားအနေနဲ့ ရှင်သန်နေသူတစ်ဦးပါ။ လောကကြီးမှာ လူဆိုးတွေရှိနေလို့မဖြစ်ဘူးလို့ စိတ်သွင်းထားတဲ့သူ့အတွက်ဘယ်လိုအတိတ်ဆိုးတွေများ ရှိနေမလဲ။ဒီလိုနဲ့ တစ်နေ့တော့ ရဲမှူးနဲ့မစ်မဲဒိုးစ်တို့နှစ်ဦးသားတွေ့ဆုံချစ်ကြိုက်ကြပါလေရော။အဲဒီနောက် ဘာတွေဆက်ဖြစ်လာမလဲပေါ့။ ကိုယ်ပိုင်စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာလေးမှာ နေထိုင်နေတဲ့မယ်ရီမဲဒိုးစ်လေးတစ်ယောက် လက်တွေ့လောကကြီးဆီရုန်းထွက်လာနိုင်မယ့်ပုံလေး ရိုက်ကူးထားတာပါ။ဒါပေမဲ့ လက်တွေ့လောကကြီးဆီ သူ တကယ်ပဲနီးစပ်လာနိုင်ခဲ့လားဆိုတာကတော့ တွေးစရာလေးအဖြစ်ကျန်ရှိနေစေမယ့် ဇာတ်လမ်းမျိုးလေးပါ။ မစ်မဲဒိုးစ်အဖြစ် နာမည်ကြီးမင်းသမီးကြီး Kate Holmes ကသရုပ်ဆောင်ထားပါတယ်။ ကလေးဆန်တဲ့ချစ်စရာအသွင်အပြင်လေးတွေ ညွှန်းပြစရာမလိုလောက်အောင်အပီအပြင်သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ဆက်လက်ကြည့်ရှုကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 2 GB / 844 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
Miss Meadows (2014)
2014
4.7
Fugly (2014)
Fugly (2014) အမှန်တရားဘက်တော်သား IMDb 4.7/10 Thriller/ Comedyဒီတစ်ခါမှာတော့ CMပရိသတ်ကြီးအတွက် မင်းသမီးချောလေး ကီယာရာရဲ့ ပွဲဦးထွက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ပွဲဦးထွက်ဆိုပေမယ့်လည်း ကီယာရာရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ ကီယာရာဆိုတာနဲ့ ကြည့်ကြမယ်ဆိုတာကို သိပေမယ့် ဝတ္တရားအရ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါရစေ။ဒေ့ဗ် ၊ ဒေဗီ ၊ ဂူရာ့ဗ်နဲ့ အာဒီတို့ဟာ ငယ်ငယ်ကတည်းက ပခုံးဖက်ပြီးပေါင်းလာကြတဲ့ သူငယ်ချင်းတွေပေါ့ သူတို့လေးယောက်ထဲမှာ ဂူရာ့ဗ်ကတော့ ဝန်ကြီးရဲ့သားတစ်ယောက်ဖြစ်ပြီး ကျန်တဲ့သုံးယောက်ကတော့ သာမန်လူတန်းစားတွေပါ ဂူရာ့ဗ်က အမြဲတမ်းပြဿနာရှာလေ့ရှိပေမယ့် အဖေဖြစ်သူရဲ့အရှိန်အဝါကြောင့် ဘယ်သူမှမထိရဲကြတဲ့လူတစ်ယောက် ..သူငယ်ချင်းလေးယောက်က အမြဲတမ်းတပူးပူးတတွဲတွဲနေတတ်ကြပြီး တစ်ယောက်ကို ထိပါးလာပြီဆိုရင် ကျန်တဲ့သူတွေကလည်း ငြိမ်ခံမနေကြဘူးပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ရဲ့သူငယ်ချင်းမလေးဒေဗီကို ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်က ထိကပါးရိကပါးလုပ်လာတဲ့အတွက် ပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ် ဆိုင်ပိုင်ရှင်ကို ကားနောက်ဖုံးထဲပိတ်ထားလိုက်ပြီး ကားပတ်မောင်းနေတုန်းမှာပဲ ကင်းလှည့်နေတဲ့ရဲနဲ့ပက်ပင်းတိုးပါလေရော ဂူရာ့ဗ်က ခါတိုင်းလိုပဲ အဖေဖြစ်သူရဲ့အရှိန်အဝါနဲ့ ရှောင်ထွက်ဖို့ကြိုးစားပေမဲ့ ဒီရဲကိုတော့ ခါတိုင်းလို ခြိမ်းခြောက်လို့မရခဲ့ပါဘူး နောက်ပြီးရဲအရာရှိဖြစ်တဲ့သူက ကားနောက်ဖုံးထဲမှာပါလာတဲ့လူကို လက်လွန်ကြက်သွန်တွေဖြစ်ပြီး သတ်လိုက်မိတဲ့အခါမှာတော့ ဒီအရှုပ်တော်ပုံကြီး သူတို့ခေါင်းပေါ်ရောက်ဖို့ဖြစ်လာပါတော့တယ် သူတို့တွေ ဘယ်လိုပြဿနာတွေကြုံရမလဲ ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood ...
movie
Fugly (2014)
2014
8.1
Kaththi (2014)
Kaththi (2014) "ဓား" ================IMDb 8.1/10 ဗီဂျေးရဲ့ ကားဟောင်း၊ ကားကောင်း ခပ်မိုက်မိုက် နှစ်ကိုယ်ခွဲရုပ်ရှင်လေးတစ်ခုကို ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းသွား တော်တော်လေးမိုက်တာကြောင့် remake ဆရာကြီး အက်ရှေးကူးမားကတောင် ပြန်ပြီး remake လုပ်မယ်လို့ သတင်းတွေထွက်ဖူးခဲ့တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ဇာတ်လိုက်ဖြစ်သူ ကာသီဟာ ထောင်ကို ၁၈ ကြိမ်ဖောက်ဖူးတဲ့၊ ရဲတွေကတောင် ထောင်ဖောက်တဲ့သူတွေကို ဖမ်းဖို့အတွက် တဖန်ပြန်ပြီး အကူအညီတောင်းရတဲ့ ထောင်မင်းသားတစ်ယောက်ပါ။တစ်ခါမှာတော့ အဲဒီလိုပဲ ထောင်ဖောက်ပြေးရင်း သူ့ရှေ့မှာ ပစ်ခတ်မှုတစ်ခုဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီပစ်ခတ်မှုမှာ ဒဏ်ရာရသွားတဲ့သူက သူနဲ့ ရုပ်တထေရာတည်းတူနေတဲ့ ဗီရာဆိုတဲ့သူဖြစ်နေတာကြောင့် အဲဒီ ဗီရာအယောင်ဆောင်ပြီး ရဲတွေမမိအောင်ရှောင်နေရင်း ထောင်မင်းသားဘဝကနေ နင်းပြားတွေရဲ့သူရဲကောင်း ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။အက်ရှေးကူးမားကတောင် remake လုပ်ဖို့ ကြိုးစားဖူးတဲ့ထိ တော်တော်မိုက်တဲ့ရုပ်ရှင်လေးဖြစ်လို့ စီအမ်ပရိသတ်တွေအတွက် CM Bollywood Team ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Kaththi (2014)
2014
Mother (2014)
Mother 2014Manga artist ဖြစ်တဲ့ ကာဇူအို အူမဲဇုက မန်ဂါလောကရဲ့ နာမည်ကျော်ဆရာတစ်ူ ဖြစ်ပါတယ်။ တစ်နေ့မှာ သူပရိသတ်တဖြစ်လဲ၊ တည်းဖြတ်သူပေါက်စလေး ဆာကူရာက သူ့အတ္ထုပတ္တိအကြောင်းကို စာအုပ်ထုတ် ဖြန့်ဝေဖို့ လာညှိုနှိုင်းပါတော့တယ်။ ဒီလိုနဲ့ မန်ဂါဆရာတစ်ယောက် သူကြုံတွေ့ခဲ့ ဘဝဖြတ်သန်းမှုအကြောင်း ပြောပြရာကနေ ထူးဆန်းမှုတွေကို သတိပြုမိလာတာပါပဲ။ အတိတ်ကို တူးဆွရင်း သူ့မိခင်ရဲ့ သေဆုံးမှုကနေ မဖြေရှင်းနိုင်ခဲ့တဲ့ ပဟေဠိကားချပ်ကို ဆက်စပ်ရင်း အဖြေထုတ်ဖို့ ဖြစ်လာတဲ့အခါ... လက်တွေ့နဲ့ စိတ်ကူးယဉ်ပုံပြင်ကို ဆက်စပ်ရင်း သူတို့တွေ အဖြေရှာတွေ့မလားဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲဖြစ်ပါတယ်Genre..... Horror Quality…. 720p File size… .. 485MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ..... Aaron
movie
Mother (2014)
2014
6.7
Divergent (2014)
၂၀၁၀ ခုနှစ်တွေတုန်းက post-apoclayptic ဇာတ်ကားတွေခေတ်စားခဲ့တဲ့အချိန်ဆို မမှားပါဘူး။Hunger Game, Maze Runners, Mad max: fury road တို့နဲ့ အချိန်သိပ်မကွာဘဲ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကတော့ IMDb 6.6 ရရှိထားပြီးဒါရိုက်တာ Neil Brurger က ရိုက်ကူးထားပါတယ်။ Lionsgate Films ကနေ ထွက်ရှိထားပြီး Underworld မင်းသားTheo James နဲ့ The Amazing Spiderman 2 ထဲက MJ မင်းသမီးShailene Woodley တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ကမ္ဘာစစ်ပွဲကြီး ပြီးသွားတဲ့နောက် ကျန်ရစ်ခဲ့တဲ့သူတွေကလုံခြုံရေးကြောင့် နံရံအမြင့်ကြီးတွေ တည်ဆောက်ပြီးမြို့တော်ကြီးကို တည်ခဲ့ကြပါတယ်။ အနာဂတ်မှာ ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့လူသားတွေကို ဂိုဏ်းငါးခုခွဲပေးတဲ့ စနစ်ကို ဖန်တီးလိုက်ကြတယ်။မြို့ကို ကာကွယ်သူတွေ၊ လယ်စိုက်သူတွေ၊ အသိပညာကိုထိန်းသိမ်းသူတွေ စသဖြင့်ပေါ့။ ဒါပေမဲ့ သဘာဝကျစွာပဲ ဘယ်ဂိုဏ်းနဲ့မှမကိုက်ညီတဲ့သူတွေလည်း ပေါ်လာပါတယ်။ ဒီလို ...
movie
Divergent (2014)
2014
4K HEVCHDR
6.5
Escobar: Paradise Lost (2014)
Pablo Escobar ဆိုတဲ့ ကိုလံဘီယာက မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက်အချစ်နဲ့ အန္တရာယ်ကြားထဲကသည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကိုအသားပေး ဖော်ပြထားပါတယ်။ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က သရုပ်ဆောင်ထားပြီး Josh Hutcherson ကနစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။ The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတားJosh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူအလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီးချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်းမူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။အစပိုင်းမှာတော့ သူတို့အချစ်ရေးကအားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက်ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်..အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ ...
movie
Escobar: Paradise Lost (2014)
2014
6.6
The Hunger Games: Mockingjay – Part 1 (2014)
The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie
The Hunger Games: Mockingjay – Part 1 (2014)
2014
4K HEVC
7.0
Jack Strong (2014)
ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာအရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့သူ့မိသားစုရဲ့လုံခြုံရေးအတွက် "Jack Strong" ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီးအမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာတရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.1 GB / 895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ..... Thriller , Action Subtitle…. Myanmar Subtitle (Hard ...
movie
Jack Strong (2014)
2014
6.3
Transcendence (2014)
Transcendence(2014)2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ... Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်.... PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး... နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသောteam တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Researchတွေလည်းလုံးဝဖျက်ဆီးခံလိုက်ရပါတယ်...နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့ သူတို့ကတော့"Revolutionary Independence From Technology" (R.I.F.T.)ပါ လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့ Will Caster ဟာ သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်....အဲ့ဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒါအပြင် Morgan Freemanလည်းပါနေသေးရဲ့..ဒီဇာတ်ကားဟာ ၂၀၁၄တုန်းက ရိုက်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်အတွင်းမှာ Google ကannounce ...
movie
Transcendence (2014)
2014
7.6
Dawn of the Planet of the Apes (2014)
Dawn of the Planet of the Apes (2014) IMDb - 7.6/10_____Rotten - 90% ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for ...
movie
Dawn of the Planet of the Apes (2014)
2014
4K HEVC
6.6
Bhoothnath Returns (2014)
Bhoothnath Return (2014) ************************* ဒီဇာတ်ကားလေးကတော့ 2008က ထွက်ရှိထားတဲ့ Bhoothnathဆိုတဲ့ ဇာတ်ကားရဲ့ အဆက် Comedy/Drama အမျိုးအစား ဟင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.6အထိ ရရှိထားပါတယ်။Bhoothnath 2008ထဲမှာဆိုရင် ဘူးသ်နားသ်ဟာ ကလေးတစ်ယောက်ကို ခြောက်ပေမဲ့ အဲ့ကလေးက မကြောက်ခဲ့တာကြောင့် ကလေးတစ်ယောက်ကိုတောင် ကြောက်အော်မခြောက်နိုင်ဘူး ဆိုပြီး တခြားသရဲတွေက လှော်ပြောင်သရော်ကြပါလေရော။အဲ့လိုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ရာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီး သရဲအဖြစ် ပြန်လည် ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ဒီလိုနဲ့ ကမ္ဘာမြေကို ရောက်လာပြီးတော့ အက္ကရူးသ် ဆိုတဲ့ ကောင်လေးကို ခြောက်လှန့်ခဲ့ပေမယ့် အက္ကရူးသ်ကမကြောက်ခဲ့ပဲ ဘူးသ်နားသ်နဲ့ သူငယ်ချင်းတောင်ဖြစ်သွားကြပြီး သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတွေမှာ ဆက်မခြောက်တော့အောင် နှစ်ယောက်သား လိုက်လံကူညီကြပြီး အခအကြေးငွေကြေးတွေလည်း ရလာပါတော့တယ်။တစ်နေ့မှာတော့ ဘောင်းဝ်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ ရှိနေတဲ့ သရဲကို ရှင်းထုတ်ပေးနိုင်ရင် ရူပီ သိန်း၂၀ ပေးမယ်လို့ ကမ်းလှမ်းလာရာမှာတော့...ဘယ်လို အရှုပ်အထွေးတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ...ဘူးသ်နားသ်တို့အဖွဲ့ သရဲကို ရှင်းထုတ်နိုင်မှာလား...ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ... ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့...( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
Bhoothnath Returns (2014)
2014
7.3
Mardaani (2014)
Mardaani (2014) "ဇော" IMDb - 7.3Rab Ne Bana Di Bodiနဲ့ Le Jayengeတို့လို နာမည်ကြီးကားတွေရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်တဲ့ ဒါရိုက်တာ Aditya Chopra ထုတ်လုပ်ရိုက်ကူးပြီး ဇနီးဖြစ်သူ Rani Mukeejiကိုယ်တိုင် Main leadနေရာက သရုပ်ဆောင်ထားတဲ့ လက်ရာဟောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ တစ်ချိန်က ရုံတင်အမြတ်ငွေ ၃ ဆလောက်ရခဲ့ပြီး sequelတွေဆက်ရိုက်ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာဆိုတော့ ဘယ်လိုနေမလဲဆိုတာ ရှုစားကြပါဦး။ဇာတ်လိုက်ကျော်ကြီးရှီဗာနီဟာ တရားမျှတမှုကိုမြတ်နိုးတဲ့ Senior inspector တစ်ယောက်၊ ရာဇဝတ်သားကို ဖမ်းဖို့ဆို ဓားတောင်ပဲကျော်ရကျော်ရ၊ ကျားဂူထဲအောင်းရအောင်းရ တဇွတ်ထိုးလုပ်တတ်လွန်းလို့ အထက်ကတားယူရတဲ့အထိပါပဲ။ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့ရှီဗာနီဟာ လမ်းမှာမတရားခံနေရတာမြင်ရင်လည်း ဇိုးခနဲဇက်ခနဲဝင်ဝင်ပြီး လက်စွမ်းပြတတ်ပါသေးတယ်။ရာဇဝတ်သားတွေအတွက် နတ်ဆိုးမဖြစ်နေတဲ့ရှီဗာနီဟာ တကယ်တော့ ကလေးသိပ်ချစ်တတ်တဲ့သူတစ်ယောက်ပေါ့။ ဦးလေးကရောင်းစားပစ်မယ့် ပယာနီဆိုတဲ့ကလေးကို အမြန်ကယ်ထားပြီး ဂေဟာမှာထားလို့ သမီးရင်းလိုသဘောထားစောင့်ရှောက်တဲ့အထိ စိတ်သဘောထားနူးညံ့တဲ့သူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပယာရီကို မွေးနေ့ပွဲလုပ်ပေးဖို့ စီစဉ်ပြီးမှာ ပျောက်ချင်းမလှပျောက်သွား ...
movie
Mardaani (2014)
2014
6.7
If I Stay (2014)
If I Stay (2014) IMDb-6.7/10အထက်တန်းကျောင်းပြီးသွားလို့ ကောလိပ်ရွေးချယ်ရတော့မဲ့ဆယ်လိုပညာရှင် ဆယ်ကျော်သက်မလေး မီယာဟော တစ်ယောက်သူ့ရဲ့ အချစ်ဆုံးကောင်လေးဖြစ်သူအဒမ်နဲ့ အတူဆက်ရှိနေမလား၊ ဒါမှမဟုတ်သူ့အိပ်မက်ဖြစ်တဲ့ ဂီတလမ်းကြောင်းကို ရွေးချယ်ဖို့ မွေးရပ်မြေနဲ့ မိုင်သုံးထောင်ကျော်ဝေးတဲ့နယူးယော့ခ်မြို့မှာ ကောလိပ်တက်ရမလားဆိုပြီးရွေးချယ်ဖို့ ခက်ခဲနေခဲ့ပါတယ်။တစ်ဖက်မှာလည်း ဂျူးလိယက်ကောလိပ်ဝင်ခွင့် ရ၊ မရစာကရောက်လာတော့မှာဖြစ်လို့ မီယာတစ်ယောက်ပိုလို့တောင် စိတ်တွေရှုပ်ထွေးနေခဲ့ပါပြီ။ ကောလိပ်ဝင်ခွင့်စာရောက်လာမဲ့နေ့မှာ ဆီးနှင်းတွေကျနေတာကြောင့်မီယာတို့မိသားစုလည်း မိတ်ဆွေတွေဆီအလည်သွားကြရင်းလမ်းချော်ပြီး ကားမှောက်သွားခဲ့ပါတယ်။မတော်တဆမှုကြောင့် မီယာရဲ့ ခန္ဓာကိုယ်က ကိုမာဝင်သွားခဲ့ပြီးသတိရှိမနေပေမဲ့ မသိစိတ်ဝိဉာဉ်ကတော့ ဝိဉာဉ်အနေနဲ့ခန္ဓာကိုယ်အပြင်ဘက်ရောက်သွားပြီး လောကကြီးမှာ ဆက်ရှင်သန်မလား၊ ဒါမှမဟုတ်ဒီတိုင်းလက်လျော့ပြီး သေဆုံးလိုက်မလားဆိုတာကိုတော့မီယာတစ်ယောက်ရွေးချယ်ရပါတော့မယ်။ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး Kiss Ass (2010) မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Chloë Grace Moretz ကဇာတ်လိုက်အနေနဲ့ သရုပ်ဆောင်ထားတဲ့စိတ်ကူးယဉ် ဒရာမာကားကောင်းလေးဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 829 mb / 684 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... ...
movie
If I Stay (2014)
2014
6.8
It Follows (2014)
It Follows (2014) Horror, Mystery . --- Storyline --- It Follows က ကျွန်တော်ကြည့်ဖူးတဲ့ Horror ကားတွေထဲကမှ ကြောက်ဖို့အကောင်းဆုံးကားတွေထဲက ပါပါတယ်။ တခြားကားတွေလို audience မကြောက်ကြောက်အောင် ဖြဲခြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် သူ့ဟာသူရူးသွပ်နေအောင် လုပ်ထားတဲ့ကားပါ။ . Teenager ကောင်မလေးတစ်ယောက် တစ်ညမှာ သူ့ဘဲနဲ့ ကားထဲ ဇာတ်လမ်းတွေဖြစ်သွားတယ်။ ဒါက သူတို့ဆီမှာ ဘာမှမထူးဆန်းပါဘူး။ ဘာသွားဖြစ်လဲဆိုတော့ ကောင်လေးဆီက ကျိန်စာ curse လိုမျိုးတစ်ခုက ကောင်မလေးဆီရောက်လာတယ်။ အဲဒီမှာ လူနဲ့တူတဲ့ သရဲ/အကောင် ဘာမှန်းညာမှန်းမသိတဲ့ လူတစ်ယောက်က ကောင်မလေးနောက်လိုက် follow လုပ်ပါတယ်။ အစက ကောင်လေးဆီလိုက်ပေမဲ့ နှစ်ယောက်သား sex လုပ်လိုက်တဲ့အတွက် ကောင်မလေးနောက် လိုက်လာတာပါ။ အဲဒီ လိုက်တဲ့အကောင်ကို အလိုက်ခံရတဲ့လူတွေပဲမြင်ရပါတယ်။ Follow လုပ်တယ်ဆိုပေမဲ့လည်း လမ်းလျှောက်တဲ့ speed က zombie လောက်ပဲရှိတယ်။ ...
movie
It Follows (2014)
2014
4K HEVC
1
2
3
4
Last
Previous
Next