Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2013
6.2
Firestorm (2013)
Firestorm (2013)Firestorm ဟာ ကိုးဆယ်ခုနှစ်ဟောင်ကောင် ရဲအက်ရှင်ကားတွေဟန်မျိုးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး အက်ရှင်ပရိသတ်တွေ စိတ်မပျက်ရအောင် အက်ရှင်ခန်းတွေ ဆက်တိုက်သလို ထည့်သွင်းထားတဲ့ကားပါ။ Infernal Affairs လို ရဲတွေနဲ့ ဒုစရိုက်သမားတွေကြားက လောဘတွေ အတ္တတွေကို နှစ်ဖက်လုံးပုံဖော်ထားတဲ့ကားလို့လည်း ဝေဖန်ရေးသမားတွေက ဆိုပါတယ်။"ပြည်သူ့တာဝန်ကို ကြည်ညို ဥပဒေကို လက်ကိုင်ထားပါ" တဲ့။ ဒါပြည်သူ့ရဲတစ်ယောက်ဖြစ်တဲ့ အထူးတပ်ဖွဲ့ အရာရှိ လူမင်းချင်ရဲ့ လက်ကိုင်စကားပါ။"ရဲလောကမှာ အရက်သမားတွေ လောင်းကစားသမားတွေ ပုံနေသလို မုဆိုးမဖြစ်သွားတဲ့ မိန်းမတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ငါတို့ ဒီအလုပ်ကို ဘာလို့ဆက်လုပ်နေလဲဆိုတော့ အပြစ်မဲ့တဲ့ ပြည်သူတွေ မသေစေချင်လို့ပဲ"တဲ့။ဒီလိုမျိုး တာဝန်သိတဲ့ စုံထောက်လူမင်းချင်နဲ့ ငွေအားလူအား တောင့်တင်းတဲ့ လူဆိုးဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်အားပြိုင်ရတဲ့အချိန်မှာ ဘယ်သူတွေက မြေစာပင်ဖြစ်ကျန်ခဲ့မလဲ ဘယ်သူတွေကို ပေးဆပ်ပြီး အဲ့ဂိုဏ်းကြီးကိုဖြိုခွင်းရမှာလဲ စသည်ဖြင့် အပစ်အခတ် ဒရာမာစုံလင်စွာနဲ့ ကြည့်ရှုရမဲ့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ ...
movie
Firestorm (2013)
2013
3.7
Baby Blues (2013)
Baby Blues (2013)2013ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ခြောက်ခြောက်ခြားခြားhorrorကားတခုပါပဲ လူတိုင်းလိုလိုကြားဖူးကြမှာပါကျွန်တော်တို့တွေ တနေရာရာကို ပြောင်းရွေ့ကြတဲ့အခါအဲ့ဒီနေရာမှာ မကျွတ်မလွတ်ပရလောကသားတွေ ရှိတက်ပြီးသူတို့ရဲ့အစွဲအလမ်းရှိရာ အရာဝတ္ထုတခုခုမှာ တွယ်ကပ်နေတက်တာကိုပေါ့ဒီဇာတ်လမ်းလေးကလဲ အဲ့ဒီလိုဇာတ်လမ်းမျိုးကိုကျောရိုးခံထားပါတယ်.ဇာတ်လမ်းအကျဉ်းကတော့လူငယ်စုံတွဲတတွဲဟာ ဈေးသက်သာတဲ့အိမ်တလုံးမှာ အတူနေထိုင်ဖို့ ငှားရမ်းပြီးရွေ့ပြောင်းလာခဲ့ပါတယ်. အဲ့ဒီအိမ်မှာပဲထူးခြားတဲ့အရုပ်မလေးကို တွေ့ခဲ့ပါတယ်.ပထမကတော့ နဂိုအိမ်ငှားတွေကျန်ခဲ့တဲ့အရုပ်တခုပါပဲဆိုပြီးနမော်နမဲ့နေခဲ့ကြပေမယ့် နောက်ပိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေခြောက်ခြားဖွယ်ရာတွေကို ကြုဲံတွေ့လာရချိန်မှာတော့............ File size…1.7GB / 575MB Quality…1080p BluRay 5.1CH / 720p Format…Mp4 Duration….1h 32min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by X Cross
movie
Baby Blues (2013)
2013
Switch (2013)
Action, Crime, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသား Andy Lau က အေးဂျင့်ဖိုက်တာတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။သိပ္ပံနည်းနည်းဆန်တဲ့တရုတ်အက်ရှင်ကားလေးတွေအများစုကပေါသလိုလိုဖြစ်သွားတတ်တယ်ဗျ။ ဒါပေမဲ့အခုကားလေးကိုတော့မပေါဘူးလို့မထင်ပါနဲ့၊ အခုကားလေးလည်းပေါတာပဲ။ ဒါပေမဲ့ပေါပေမဲ့တော်တော်ကြည့်လို့ကောင်းနေတာဆိုတော့ ပေါကောင်းလေးပေါ့။ဒါပေမဲ့ပေါတယ်ဆိုတာကနိုင်ငံတကာပရိသတ်ရဲ့အမြင်မှာပေါနေတာမျိုးပေါ့ဗျာ၊ ထောက်ပြစရာလစ်ဟာတာတွေ၊ ဟိုဟာတွေ ဒီဟာတွေ ဘာညာကွိကွ ဘလာဘလာဆိုပြီး ပေါကားလို့သတ်မှတ်ခံရတာမျိုးပေါ့။ ဒါပေမဲ့ကြည့်လိုက်လို့အရမ်းကြီးငါ့အချိန်တွေသက်သက်ဖြုန်းလိုက်ရတယ်ဆိုတာမျိုးတော့မဖြစ်မယ့်ကားကောင်းလေးပါ။ နိုင်ငံကြီးသုံးနိုင်ငံပေါင်းကားဆိုတော့ ဗြိတိသျှရော တရုတ်ရော ဂျပန်ရောက စကီလန်းလန်းလေးတွေကိုကြည့်ရမယ်၊ ပိုပြီးကျစ်လျစ်အောင်လုပ်ရင်ရှယ်ကောင်းမယ့်ဇာတ်ကွက်ရှိနေတာရယ် အထဲက CGI တွေက ၂၀၁၃ နဲ့ဆိုအရမ်းကြီးမဆိုးနေတာရယ်ကတော့ ဒီကားလေးကို အဓိကကြည့်ပျော်ရှုပျော်ဖြစ်စေတဲ့အချက်ပါပဲ။အက်ရှင်ကားဆိုတဲ့အတိုင်း အက်ရှင်ကတော့ တကယ်အပြည့်အဝကိုပါတာပါ၊ အာရှမျက်စိနဲ့ဆိုကြည့်လို့တကယ်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုးဒဏ္ဍာရီတည်းကနှစ်ပိုင်းကွဲနေတာကြာပြီဖြစ်တဲ့ ပန်းချီကားတစ်ကားရဲ့အပိုင်း ၂ ပိုင်းကို သူပြိုင်ကိုယ်နိုင်အပြိုင်လုကြမယ့် ဗြိတိသျှ၊ တရုတ်၊ ဂျပန်သုံးနိုင်ငံပေါင်းကားလေးဖြစ်ပြီး ဒီထဲကအဓိကအေးဂျင့် ရှောင်ဂျင်ဟန်ရဲ့အက်ရှင်ကြမ်းကြမ်းတွေ တရုတ်၊ ဂျပန်၊ အင်္ဂလန်ဂျက်မတွေရဲ့ အက်ရှင်ကောင်းကောင်းတွေကို အာရှမျက်စိလေးနဲ့ခံစားဖို့ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Switch ဆိုတဲ့အက်ရှင်ကားကောင်းလေးကိုညွှန်းလိုက်ရပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p ...
movie
Switch (2013)
2013
6.8
Odd Thomas (2013)
Odd Thomas (2013)IMDb - 6.8CM ပရိသတ်ကြီးရေခင်ဗျားတို့မှာ အများနဲ့ မတူ၊ သဘာ၀နဲ့ ဆန့်ကျင်နေတဲ့ စွမ်းရည်တစ်ခု ရှိနေမယ် ဆိုပါစို့ စိတ်ဖတ်နိုင်တာတို့ ၊ ကိုယ်ဖျောက်နိုင်တာတို့ ၊ အချိန်ခရီးသွားနိုင်တာမျိုးတော့ မဟုတ်ဘူးဗျသေခြင်းတရားကို မြင်နိုင်ခြင်းပါ ရှင်းအောင်ပြောရရင် နာနာဘာ၀တွေကို မြင်နိုင်ခြင်းပေါ့အဲဒီအစွမ်းရှိနေရင် ခင်ဗျားတို့ ဘာလုပ်မလဲကျွန်တော်လိုလူကတော့ အဲဒီအစွမ်းသာရှိနေရင် လောကကြီးမှာ နေနိုင်မယ်မထင်ဘူး ဘ၀မှာ သေမှာထက်ကြောက်တာ သရဲပဲဗျ :3သိုပေမဲ့ Odd Thomas ဆိုတဲ့ လူကတော့ ဒီစွမ်းရည်နဲ့ အကျွမ်းတ၀င်ရှိနေပုံပါပဲသူက အားလုံး အမြင်မှာတော့ သာမန်လူ အညတရ စားဖိုမှူး တစ်ယောက် ပတ်၀န်းကျင်မှာ အများနည်းတူ လှုပ်ရှားသွားလာနိုင်သူပေါ့မတူတာတစ်ခုကတော့ အမှောင်လောက က သာမန်မဟုတ်တဲ့ အရာတွေကို မြင်နေနိုင်တဲ့ သူရဲ့ မြင်ကွင်းပါပဲတစ်ခါတစ်ရံ နာနာဘာ၀တွေက တရားမျှတမှုအတွက် သူ့ထံရောက်လာကြသလို အကူအညီရဖို့အတွက်လည်း အိပ်မက်တွေ ပေးလေ့ရှိကြတယ်ဒီလိုတွေထဲမှာမှ ထူးခြားတာကတော့ Bodachs လို့ ခေါ်တဲ့ မကောင်းတဲ့လူနောက် လိုက်တဲ့ အမှောင်လောက သတ္တဝါဆိုးတွေပါပဲ သူတို့က ...
movie
Odd Thomas (2013)
2013
6.3
Dark Skies (2013)
Dark Skies (2013)=============IMDb Rating - 6.3/10ကောင်းကင်ကြီးတွေ မည်းတက်လာလိုက်တာ... ငှက်တွေအကောင်သုံးရာလောက်ရှိမယ်။ဒန်နီယယ်ရဲ့အိမ်ကို ဝင်တိုက်နေတာ ကြက်သီးထချင်စရာကြီး။ အိမ်ထဲကပစ္စည်းတွေလည်း အကုန်ပျောက်ကုန်လို့ရဲစခန်းခေါ်ပြန်တော့လည်း ဒီအိမ်က ကလေးက ခြေဆော့လက်ဆော့ရှိလို့နေမှာပါဆိုပြီး မှတ်ချက်ပေးသွားပြန်တယ်။ဒါပေမဲ့ အဲ့ဒီအိမ်မှာ ပစ္စည်းတွေကျကွဲ၊ လူတွေလည်း အိပ်နေရင်းလမ်းထလျှောက်၊ အိပ်ရာကနိုးလာရင် ဒဏ်ရာတွေရနေကြတာ အပြင်လူတွေမသိရှာဘူး...အပြင်လူတွေမသိသလို သူတို့ကိုယ်တိုင်တောင်မသိကြဘူး။....ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလိုမျိုးကြုံတွေ့ရတာဟာ ဒန်နီယယ်တို့မိသားစုတစ်ခုတည်းမဟုတ်ဘဲ အများကြီးရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်.... ကျိန်စာသင့်နေတဲ့မိသားစုလေးအဖြစ်ကနေ ဘယ်လောက်ထိတုန်လှုပ်ချောက်ခြားဖွယ်ကောင်းပြီး ပဟေဠိဆန်သွားမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုလိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JoJoVa မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JoJoVa, Thet Hnin Su တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRayDuration - 1hr 37minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, Sci-Fi, ThrillerSource : ...
movie
Dark Skies (2013)
2013
6.2
Redemption (Hummingbird) (2013)
Redemption (Hummingbird) (2013)===========================IMDb Rating - 6.2/10ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာက ခင်ဗျားတို့ အသဲစွဲကြိုက်ကြတဲ့ Peaky blindersရဲ့ creatorနဲ့ ဇာတ်ညွှန်းဆရာ ဖြစ်တဲ့ Steven Knight ။ ဒီကားက သူ့ရဲ့ ပွဲဦးထွက် ဒါရိုက်တာလုပ်တဲ့ကား။မင်းသားက ဂျေဆန်စတက်တန်။ 2000ပြည့်နှစ်နဲ့ အနီးတစ်ဝိုက်ကာလတွေမှာ ကြီးပျင်းလာတဲ့ သူတွေအတွက် အနောက်တိုင်းအက်ရှင်ဆို သူ့ကားတွေပဲ ပြေးကြည့်ကြတာများတယ်။ The Transporterတို့ ဘာတို့ဆို ငယ်ဘ၀က အသည်းစွဲတွေဖြစ်ခဲ့ကြတယ်။ဇာတ်လမ်းကတော့ ဂျေဆန့်ထုံးစံအတိုင်း သူက အထူးတပ်ဖွဲ့က စစ်သားဟောင်း ခပ်ကြမ်းကြမ်းကောင်။ နောက် စစ်ရာဇ၀တ် ကျူးလွန်မိပြီး အဲဒီစိတ်နဲ့ အရက်သမား ဖြစ်သွားတယ်။စစ်ထွက် အရက်သမားဟာ အကြောင်းတစ်ခုနဲ့ လန်ဒန်မြေအောက် လောကနဲ့ သွားရှုပ်မိတဲ့အကြောင်းပေါ့။Peaky Blindersရဲ့ Creatorက ရိုက်ကူး ရေးသားထားတာဆိုတော့ အက်ရှင်ကားပေမဲ့ အက်ရှင်ခန်းတွေကို တော်သင့်ရုံပဲထည့်ပြီး ဇာတ်ကို တဖြည်းဖြည်းနဲ့ရင်ဖိုရအောင်တော့ ရေးသွားတာကိုလည်းတွေ့ရတယ်။ PBဖန်တွေလည်းကိုယ့်ကားCreatorရဲ့ ပွဲဦးထွက်ကားအနေနဲ့ မြည်းစမ်းကြည့်သင့်ပြီး ဂျေဆန်စတက်တန် ဖန်တွေအတွက်လည်း သူ့ရွှေခေတ်နှောင်းကို ပြန်ခံစားရစေမယ့် ကားဆိုလည်းမမှားပါဘူး။ Quality – 1080p, 720p, 360p BluRayDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie
Redemption (Hummingbird) (2013)
2013
(18+)Nasha(2013)
(18+) Nasha (2013) --------------------- ဆယ်ကျော်သက်အရွယ် မှီးကောင်ပေါက်စကောင်လေးတစ်ယောက်နဲ့ ၃၀ဝန်းကျင် ရင့်ကျက်နေတဲ့လှလှပပ ဆရာမလေးတို့ကြားက မေတ္တာတရားကိုချပြထားတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ. တချို့အချစ်တွေကျမစွဲလန်းသင့်ဘူးဆိုတာကို နည်းနည်းပညာပေးထားတာတွေလဲပါတော့ပေါ့ဗျာ...ဇာတ်လမ်းအကျဉ်း ------------------ ဆာဟေးတို့ဆိုတာ သူတို့မြို့ရဲ့ကောလိပ်မှာသိပ်ဆိုးတဲ့ ကျောင်းသားလေးတွေ.....စစနောက်နောက်နဲ့ လုံးဝမျက်နှာပိုးမသတ်လို့ကျောင်းအုပ်ကြီးခဏခဏဒဏ်ပေးရတဲ့လူဆိုးအဖွဲ့ပေါ့.တနေ့ကျ သူတို့ရဲ့နွေရာသီကျောင်းပိတ်ရက်လှုပ်ရှားမှုအတွက် အနီတာဆိုတဲ့ဆရာမလေးတစ်ယောက် ရောက်လာပါတယ်.အနီတာက မိန်းမလှပေါ့. မနက်ဆိုဘောင်းဘီတိုနဲ့ပုံမှန်ပြေးတယ်.ခန္ဓာကိုယ်အဆစ်အပေါက်ကလဲပြောစရာမရှိတော့ ကျောင်းကဆာဟေးတို့အဖွဲ့ငမ်းကြတာပေါ့ဗျာ.. ဒါပေမယ့်ဆာဟေးကတော့စည်းတခုကျော်မိသွားတယ်. အဲ့ဒါကတော့ အဲ့ဒီဆရာမကိုတဏှာစိတ်အပြင် ချစ်စိတ်ဝင်မိသွားတာပါပဲ...သူနဲ့ဆရာမဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ဆက်လက်ကြည့်ရှုခံစားစေချင်ပါတယ်.......လူငယ်ကားတွေသဘောတရားအရတချို့ဇာတ်ဝင်ခန်းတွေမှာ က္ကထ္ထိယမလေးတွေရဲ့လှပတဲ့နေရာတချို့ လှစ်ဟပ်ပြသထားတာအပြင်ချစ်မှုရေးရာဇာတ်ဝင်ခန်းတချို့ကြောင့် အသက်၁၈နှစ်အောက်မကြည့်သင့်ပါFile size…1.85GB / 906Mb / 465MB Quality…1080p WEB Rip DD+5.1 / 720p / 480p Format…Mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YK
movie
(18+)Nasha(2013)
2013
7.1
Fast & Furious 6 (2013) Fast and Furious 6
Fast and Furious အဆက်အနေနဲ့ထွက်ရှိထားတဲ့ နံပါတ် ၆ ခုမြောက်ဇာတ်ကားဖြစ်ပါတယ်...ထုံးစံအတိုင်း နာမည်ကျော်မင်းသားမင်းသမီးတွေ ကားတွေ သေနတ်တွေနဲ့ အက်ရှင်အလန်းစားတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File Size : (2.4 GB) / (1.3 GB) Quality : BluRay 1080p / 720p 5.1CH Running Time : 2hr 10min Format : MKV Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Nyeinsaeya Aung
movie
Fast & Furious 6 (2013) Fast and Furious 6
2013
6.9
Enemy(2013)
Enemy(2013) ရုပ်ရှင်အညွှန်းတစ်ခါတစ်လေ ကျရင် ကိုယ့်ဘဝရဲ့ ရန်သူဆိုတာ ကိုယ်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်ဒီရုပ်ရှင်ကတော့ အချုပ်အနှောင်ကို မကြိုက်တဲ့ ယောက်ျား တစ်ယောက်၊ မိန်းမ တစ်ယောက်တည်းအပေါ် မှာပဲသစ္စာရှိရမှာ ကြောက်နေပြီး အဲ့လို ဘဝမျိုးမှာ လက်တွေ့ရှင်သန်နေထိုင်နေရတဲ့ အတွက် စိတ္တဇဝေဒနာ ကိုခံစားနေရတဲ့ ယောက်ျားတစ်ယောက်အကြောင်းပါရုပ်ရှင်ရဲ့ အဓိကက မင်းသားရဲ့ စိတ်ရောဂါ အကြောင်းကို လုံးဝ ပရိတ်သတ်တွေ နှစ်ခါပြန်ကြည့်ပြီးစဥ်းစားရလောက်မယ့် ပုံစံမျိုးနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ပထမတစ်ခေါက်ကြည့်ပြီးရင်တော့ wtf? ဘာကြီးလဲ လို့ တွေးမိသွားနိုင်ပေမယ့်ရုပ်ရှင် တစ်ခုရဲ့ symbolism,metaphors တွေကို စိတ်ဝင်စား နားလည်တဲ့ သူတွေအတွက်ကတော့ဒီရုပ်ရှင် ပဟေဠိ တစ်ခုလိုပါပဲ အဖြေကို သေချာ နားလည်သွားတဲ့ အခါကျရင်တော့ တကယ့် masterpiece တစ်ခုလို့ ခံစားရမှာ အသေအချာပါပဲမင်းသားကတော့ ကျွန်တော့်အနေနဲ့ nightcrawler,spiderman-far from home တို့မှာ တွေ့ခဲ့ရတဲ့ မင်းသားကြီးjake ...
movie
Enemy(2013)
2013
5.8
G.I. Joe: Retaliation (2013)
G.I. Joe: Retaliation (2013)_____IMDb - 5.8/10 GI Joe The Rise of Cobra ရဲ့ အဆက်အနေနဲ့ ထွက်ရှိလာခဲ့ပြီး ပထမရုပ်ရှင်က မင်းသားတွေဖြစ်တဲ့ Channing Tatum တို့ လီဗျောင်ဟွန်းတို့အပြင်ဒီရုပ်ရှင်မှာတော့ Dwayne Johnson တို့ Bruce Willis တို့လို ဖိုက်တာတွေပိုပါဝင်လာတာမို့ပိုကြမ်းလာတယ်ပြောရမှာပေါ့...။တကယ့်ဖိုက်တာမင်းသားတွေ အပြိုင်အဆိုင်ကြမ်းထားကြတာမို့ဇာတ်လမ်းထက် သူတို့ကြမ်းတာကို မနည်းလိုက်ကြည့်ရမလိုဖြစ်နေရပါတယ်။ဇာတ်လမ်းကတော့...G.I.Joe အဖွဲ့ရဲ့ ကပ္ပတိန်ဒုခ်နဲ့ အဖွဲ့သားတွေ ထောင်ချောက်ဆင်သတ်ဖြတ်ခံရပီးတဲ့နောက်အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ရုတ်ဘလော့ခ် ( The Rock) လေဒီဂျေး , ဖလင့် နဲ့ Snake eyes တို့တွေပူးပေါင်းပြီးCobra commander , Firefly , Zartan နဲ့ Storm Shadow တို့ရဲ့ကမ္ဘာကြီးကိုဖျက်ဆီးမဲ့အစီအစဉ်ကိုဘယ်လိုတွေတားဆီးကျမယ်...သူတို့အဖွဲ့အတွက် ဘယ်လိုလက်စားချေမယ်ဆိုတာကိုAction ဇာတ်ဝင်ခန်းအလန်းစားတွေနဲ့ကြည့်ရှုခံစားရမှာပါ။(Extended Version ကိုမှ HEVC Quality ပါ ...
movie
G.I. Joe: Retaliation (2013)
2013
HEVC 1080p 5.1
6.2
Water and Fire (2013)
Water and Fire(2013)လူတစ်ယောက်ရဲ့ မျက်ဝန်းတွေကိုကြည့်ပြီးကဗျာဖွဲ့နိုင်လောက်တဲ့အထိ ချစ်ဖူးကြလား??"ငါက လေထဲကအမှုန်အမွှားလေးပါလေတစ်ချက်ဝှေ့လိုက်ရင် တိမ်တွေပေါ်ရောက်သွားတယ်မိုးအဖြစ်နဲ့ပြန်ရွာချတဲ့အခါ မြေပြင်ပေါ်ကတစ်နေရာမှကျလာတယ်ကံကြမ္မာရဲ့ အကျဉ်းသားပေါ့အမှုန်အမွှားလေးတစ်ခုသာဖြစ်လို့ ဘာမဆိုရင်ဆိုင်ရဲပါတယ်"ဒါကတော့ အကြည့်ချင်းဆုံဖို့အရမ်းရှက်တတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့မျက်ဝန်းတွေကိုကြည့်ပြီးဖွဲ့ထားတဲ့ကဗျာပါကောင်မလေးရဲ့ အသံချိုချိုလေးတွေအောက်မှာကျရှုံးဖို့သူ့ကိုယ်သူခွင့်ပြုမိလိုက်တဲ့ လူတစ်ယောက်ရဲ့ကဗျာ.....ချစ်ခြင်းတရားဆိုတာ သိပ်ကိုဆန်းကြယ်တယ်မလားဘာအကြောင်းပြချက်မှမရှိဘဲ သူဖြစ်နေလို့ကိုချစ်မိသွားတာပါဆိုတဲ့ ချစ်သူနှစ်ဦးအတွက်နှစ်နှစ်ကာကာချစ်နေတဲ့အချိန်ရောက်မှ ပေါ်ပေါက်လာတဲ့ အကြောင်းတရားတစ်ခုကသူတို့အချစ်တွေကို ဖျောက်ဖျက်ပစ်နိုင်ပါ့မလား???ပူလောင်တဲ့အချစ်နဲ့ပိုင်ဆိုင်ဖို့ကြိုးစားခဲ့တဲ့သူအတွက်ကရောအချိန်ကြာလာရင် ငါ့ကိုချစ်လာမှပါဆိုတဲ့အတွေးက ရာနှုန်းပြည့်မှန်နိုင်ပါ့မလား???Water and Fire ဆိုတဲ့နာမည်လေးအတိုင်းပဲဆန့်ကျင်ဘက်ကမ္ဘာက လူနှစ်ယောက်ရဲ့ နက်ရှိုင်းလှတဲ့ အချစ်တွေကိုဖော်ကျူးထားတာပါခပ်ဆွေးဆွေး Romantic ဇာတ်ကားကြည့်ရှူချင်တဲ့သူအတွက်ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးလို့ ပြောပါစေ.... Translated and Reviewed by : AmeliaEncoded by : YKFile Size : 1.15GBQuality : 720p BLu-Ray DDP 5.1Duration : 1h 53min
movie
Water and Fire (2013)
2013
6.6
Insidious: Chapter 2 (2013)
ဒီအပိုင်း ၂ မှာတော့ ဒေါလ်တွန် ရဲ့ ဖခင် ဂျော့ချ် ငယ်ရွယ်စဉ်ကသူ့အနောက်ကို လိုက်နေခဲ့တဲ့ မကောင်းဆိုးဝါး မိန်းမကြီး အကြောင်းကို နောက်ကြောင်းပြန်တဲ့ အခန်းတွေပါဝင်လာခဲ့ပါပြီ ဒီ အပိုင်း ၂ မှာတော့ အဲလိစ် မရှိတော့ ပေမယ့် အဲလိစ် ရဲ့ နောက်လိုက် ၂ ယောက်နဲ့မိတ်ဆွေ ဟောင်းတို့က ဂျော့ချ် ရဲ့ ခန္ဓာကိုယ်ထဲမှ မကောင်းဆိုးဝါးကို ဖယ်ထုတ်ဖို့ ကြိုးစားရတော့မဲ့အချိန်ပဲ ဖြစ်ပါတော့တယ်...ဒီ Insidious Chapter 2 ကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie
Insidious: Chapter 2 (2013)
2013
8.0
The Tale of the Princess Kaguya (2013)
The Tale of Princess Kagura (2013) ***************************************** Imdb rating- 8.0/10 Rotten Tomatoes- 100% ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေဆိုတာ ကျွန်မတို့ ကလေးဘဝရဲ့ အသည်းစွဲအမှတ်တရတွေပါ။ ငယ်ငယ်တုန်းက လူကြီးတွေပြောပြခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တွေ၊ ကြားဖူးနားဝရှိနေခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေ… ငယ်ဘဝဆိုတာ ဒါတွေနဲ့ ဖြတ်သန်းကြီးပြင်းလာကြရတာမဟုတ်လား? ကျွန်မအတွက်တော့ KAGUYAမင်းသမီးဟာ ငယ်စဥ်ကာလရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဝါးပင်ကနေ မွေးဖွားလာတဲ့ မင်းသမီးလေးဆိုတာ ၂၀၁၄ရုပ်ရှင်မထွက်ခင်ကတည်းက ဂျပန်ရိုးရာပုံပြင်အဖြစ် စာအုပ်တွေထဲမှာ ဖတ်ဖူးပြီးသားပါ။ ရုပ်ရှင်ထွက်လာတော့လည်း သူငယ်ချင်းတွေက Cinderella, Sleeping Beauty စတဲ့ ဒစ်စနေးကာတွန်းတွေကို သဘောကျကြချိန်မှာ ကျွန်မကတော့ MNTVမှာ ခဏခဏပြတဲ့ THE TALE OF PRINCESS KAGUYAကို စွဲလမ်းခဲ့ဖူးပါတယ်။ Studio Ghilibiဆိုတာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း animeတွေ မွေးဖွားရာနေရာတစ်ခုပါ။ Studio Ghilibiလို့ပြောလိုက်ရင် အများစုက တည်ထောင်သူ မီယာဇကီကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ...
movie
The Tale of the Princess Kaguya (2013)
2013
7.5
The Garden of Words (2013)
The Garden of Words (2013)***************************** 言の葉の庭ဇာတ်ကားနာမည်လေးက မြန်မာလိုဆို "စကားလုံးတွေ ပွင့်ဖူးတဲ့ပန်းဥယျာဉ်" တဲ့ဇာတ်လမ်းလေးက "မမနဲ့မောင်လေး" ပုံစံရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားဘူး...အေးချမ်းတဲ့ မိုးရာသီနဲ့ ဇာတ်လမ်းဆင်ထားတယ်..ခုလို မိုးရွာနေတုန်းကာလနဲ့ဆိုတော့ ပိုပြီး ဖီးလ်လို့ ကောင်းတာပေါ့အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး..သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်..ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ..မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူ ထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ...တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့.. မမ နာမည်က ယူကီနို ယူကာရီ တဲ့.. ၂၇ နှစ်အရွယ် အစ်မကြီးပေါ့...စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့ တွေ့ပါများတော့ ရင်းနှီးသွားကြတယ်...နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ကိုယ်ရှိနေကြတဲ့သူတွေ..ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ်(ကျွန်တော်တို့တွေဆိုရင်လည်း အွန်လိုင်းပေါ်က ခင်တွယ်မိတဲ့သူတွေအကြောင်း သိနိုင်သလောက် စူးစမ်းချင်ကြတယ်မဟုတ်လား)ဒီနေရာမှာ သူတို့ရဲ့ကဗျာတွေ ...
movie
The Garden of Words (2013)
2013
6.3
47 Ronin (2013)
47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲက အံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ် အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါ ကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာ ဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံက ငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။ ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။ ငါတို့ထဲကဘယ်သူမှ ဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ ဒါပေမယ့် အနှေးနဲ့အမြန် ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာ ငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။ ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။ ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာ လက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင် ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။ သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကို ကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကို ရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။ သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုထားနေေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာ ရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်ေယာက်ဟာ သတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ် တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာ တာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာ သူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက် ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့ သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။ ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။ တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်က ပြင်ထန်လွန်းလှတယ်။ ဒီဇာတ်လမ်းမှာ အာကိုဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့ သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်း သခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။ အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။ ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာ သခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ အရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့ သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ သူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလား အဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။ ---------------- ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့ John ...
movie
47 Ronin (2013)
2013
7.8
Paranoia (2013)
ဒီကားလေးကတော့ တကယ့် Thrillerဇာတ်ကောင်းလေးပါ. ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ပရိသတ်ကို အဆုံးသတ်ထိဆက်ကြည့်စေချင်မယ့် ဇာတ်ကားလေးဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တဲ့ အဒမ်ကတ်စီဒီဟာ နာမည်ကြီး နည်းပညာကုမ္ပဏီဖြစ်တဲ့ ဝိုက်စ်မှာ ၀င်ရောက်လုပ်ကိုင်ဖို့ ပရောဂျက်ကို တင်ပြခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်. အဒမ်သာ လူငယ်ပီပီ မိုက်ရုးရဲဆန်စွာနဲ့ ပရောဂျက်လုပ်ဖို့ ကုမ္ပဏီကပေးထားတဲ့ ထောက်ပံ့ငွေကို သုံးပြီး သူငယ်ချငိးတွေနဲ့ ပျော်ပါးသောက်စားပစ်ခဲ့ပ့ါတယ်. အဲ့ကိစ္စကို ဝိုက်စ်ဖက်ဒ်က သိတဲ့အခါမှာ သူ့ကို ငွေအလွဲသုံးစားမှုနဲ့ တရားစွဲမယ် ငြိမ်းခြောက်ပြီး သူတို့ကုမ္ပဏီရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ အိုက်ကွန်ကုမ္ပဏီရဲ့နည်းပညာလျှို့ဝှက်ချက်တွေကို ခိုးယူဖို့ အတင်းအကြပ်ခိုင်းခဲ့ပါတယ်. အဒမ်ဟာ အိုက်ကွန်ကုမ္ပဏီရဲ့လူယုံဖြစ်လာတဲ့အခါမှာတော့ ကုမ္ပဏီနှစ်ဦးရဲ့လှည့်ကွက်တွေကို နားလည်ပြီး သူဟာဓားစာခံဖြစ်မှန်းမသိပဲ ဖြစ်နေခဲ့တာကိုပါနလည်ခဲ့ပါတယ်. အဒမ်ဟာ ကုမ္ပဏီနှစ်ခုရဲ့ယှဉ်ပြိုင်မှုကြားကနေ ဘယ်လိုလွတ်မြောက်အောင် ကြံစည်အားထုတ်သွားတယ်. ကုမ္ပဏီကြီးတွေရဲ့ပြိုင်ဆိုင်မှုက ဘယ်လောက်ထိနက်နဲတယ်ဆိုတာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါရစေဗျာ... File Size - 1gb Quality - bluray 1080p Subtitle - burmese Translator - YK Encoder - XCode
movie
Paranoia (2013)
2013
6.2
Gingerdead Man vs. Evil Bong
ဒီဇာတ်ကားလေးကတော့ ဘီးကျဲတွေ အကြိုက်တတွေ့စေမယ့် weedပြဲတဲ့အကြောင်းကို မှော်ဆန်ဆန်ဟာသဇာတ်နှောရိုက်ကူးထား comedyလေးပါ.ဇာတ်လမ်းအကျဉ်းကတော့ တရံရောအခါက နတ်ဆိုးဆေးအိုးတစ်လုံးရှိတယ်တဲ့. အဲ့နတ်ဆိုးဆေးအိုးက ဘယ်လောက်တောင် highစေလဲဆိုရင် တစ်ခါသောက်ပြီးရင် တစ်သက်လုံး စိတ်ကူးယဉ်ကမ္ဘာထဲက မထွက်နိုင်လောက်အောင်ကို ကောင်းပါတယ်. အဲ့နတ်ဆိုးဆေးအိုးကို သိမ်းထားတဲ့ weedဆိုင်ပိုင်ရှင် ဘီးကျဲ လာနယ်ဆိုတာလဲ ရှိသတဲ့ဗျာ. နောက်ပြီး gingerdeadmanဆိုတဲ့ မကောင်းဆိုးဝါးက သတ်ချင်နေတဲ့ မေလာဆိုတဲ့ လှပျိုဖြူတစ်ဦးလဲ ရှိပါတယ်. သူတို့နှစ်ဦးဟာ အကြောင်းအမျိုးမျိုးကြောင့် တိုက်ဆိုင်ပြီး အဲ့နတ်ဆိုးဆေးအိုးအစွမ်းနဲ့ စိတ်ကူးယဉ်ကမ္ဘာထဲ ပိတ်မိသွားသတဲ့. အဲ့အခါမှာ အဲ့နတ်ဆိုးဆေးအိုးကို ဘယ်လိုသုံးပြီး ဘယ်လိုပြဲကြပြီးတော့ မကောင်းဆိုးဝါးနတ်ဆိုးဖြစ်တဲ့ Ginger deadmanကို ဘယ်လိုအနိုင်ယူမယ်ဆိုတာကို ကြည့်ရှူခံစားကြပါဦးဗျာ. တချို့ဇာတ်၀င်ခန်းတွေမှာ ၁၈+ပါ၀င်တာကြောင့် ၁၈နှစ်အောက် ကြည့်ဖို့ မသင့်တော်ပါ.
movie
Gingerdead Man vs. Evil Bong
2013
7.2
The Croods (2013)
Croods 2 ထွက်တော့မှာဆိုတော့ Croods ကို ပြန်နွေးတဲ့ အနေနဲ့ ကြည့်မိတယ် ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးက သူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေက ကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီး သမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့... ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသား ကောင်လေး တစ်ယောက်က ပေါက်ချလာပြီး ကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီး မီးကို စတင် ဖန်တီးပြတော့တာပဲ ဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ် သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ် ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာ ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့ ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင် ထွက်ကြတော့တာပဲ ဒီဇတ်လမ်းမှာ ဘာတွေ တွေ့ရလဲ ဆိုတော့ မိသားစု စိတ်ဓါတ်ရယ် အဖေတစ်ယောက် ရဲ့ စိုးရိမ်မှုတွေ ပူပန်မှုတွေ အပြင် အသက်ရှင်နေထိုင်ဖို့ ...
movie
The Croods (2013)
2013
6.5
Ankur Arora Murder Case (2013)
(Unicode)(Alert !!!!! Medical Negligence )အသက်မွေးကျောင်း ဆိုင်ရာ ပညာရပ်တစ်ခုကို ရိုက်ကူးရာ၌ အိန္ဒိယရုပ်ရှင်လောကသည် လွန်စွာပါးနပ်ကျွမ်းကျင်လှသည်။ပေးချင်သည့် စိတ်ကူးရသတို့အား ထိမိချိတ်ဆက်ပုံကလည်း ရှင်းလင်းပေါ်လွင်လှသည်။ဤ ဇာတ်ကား မှာလည်း "ဆရာဝန်" ဟူသော အလုပ်အကိုင် တစ်ရပ်အား ဖော်ပြထားသည်။သို့သော် ဤဇာတ်ကား၏ ထူးခြားချက်မှာ "ဆရာဝန် "ဟူသော အသုံးအနှုန်းအား ပြန်လည် သုံးသပ်ဆင်ခြင်မိစေသည်။ဆရာဝန်အလုပ် ဟူသည် အသက်မွေးကျောင်း ပညာတစ်ရပ်ဖြစ်သော်လည်း ဆရာဝန်တစ်ဦးမကောင်းပါက ဆေးပညာလောကတစ်ခုလုံးအား ကိုယ်စားမပြုနိုင်။ဤကဲ့သို့ပင်။ လူနာအပေါ် စေတနာ ထားသော ဆရာဝန်သည်လည်း ဆေးလောကကို ကိုယ်စားပြုသည် မဟုတ်လှပါ။အဘယ်ကြောင့် ဆိုသော် ဆေးပညာနယ်ပယ်အရ စိတ်ဓာတ် နည်းနာများ ကောင်းမွန်စေရန် သင်ကြားပေးခဲ့သော်လည်း လိုက်နာအပ်သော စိတ်သဘောထား ကွာဟ မှုတို့ကြောင့် ဖြစ်ပေသည်။ဤဇာတ်ကားတွင်လည်း ထိုသို့သော သဘောတရားအခြေခံအား အခြေပြုထားသည်။ ကောင်းမွန်သော ဆရာဝန်ရှိသကဲ့သို့ ကိုယ်ကျိုးဆန်သော ဆရာဝန်လည်း ရှိခဲ့သည်။ဆရာဝန်တိုင်း ကောင်းသည်မဟုတ်။ ...
movie
Ankur Arora Murder Case (2013)
2013
7.2
The Physician (2013)
movie
The Physician (2013)
2013
First
5
6
7
8
9
Last
Previous
Next