Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2013
7.3
Belle (2013)
Belle (2013)~ IMDb - 7.3/10, RT - 85%, Meta - 64% ~အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ ...
movie
Belle (2013)
2013
6.3
The Last Stand (2013)
The Last Stand (2013) ================အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီးအာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံးအမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီးနောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာကပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ်အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်ကအက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီးသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးကဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့်အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… 1.8 GB / 925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre ..... Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie
The Last Stand (2013)
2013
6.5
Young Detective Dee: Rise of the Sea Dragon (2013)
Young Detective Dee: Rise of the Sea Dragon (2013)IMDb Rating (6.5)/ Rotten Tomatoes (53%)Mark Chao သရုပ်ဖော်တဲ့ ဒီးလျန်ကျယ် ခေါ် စုံထောက် ဒီးဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် ...ဒါကြောင့် စုံထောက်ဒီးကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။မင်းသား Mark Chao ကစုံထောက်ဒီးအဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။Andy Lou နဲ့ ဒီးလျန်ကျယ် ကို ရင်းနှီးခဲ့ရတဲ့ ကျွန်တော်တို့ဟာ Mark Chao နဲ့ ရုတ်တရက်ကြုံလိုက်ရတော့ အသားမကျဖြစ်လိုက်ရသေးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားပုံဖော်လိုက်တဲ့ ...
movie
Young Detective Dee: Rise of the Sea Dragon (2013)
2013
1080p HEVC
6.5
(18+) Don Jon (2013)
IMDb (6.5) / Rotten Tomatoes (80%)မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်....လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။ အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ...အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ...အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ " အပြာကားစွဲတဲ့ စိတ်ရောဂါ "တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ...
movie
(18+) Don Jon (2013)
2013
1080p HEVC
7.5
Tokyo Family (2013)
Tokyo Family (2013) =============== IMDb Rating - 7.5/10ငါတို့ဟာ အသုံးမကျတဲ့သားတွေပေါ့။ ဘယ်တော့မှလည်း ကိုယ့်ဘဝ ကိုယ်နိုင်အောင် မကျောင်းနိုင်ခဲ့ကြပြန်။ မရှင်သန်နိုင်အောင် ရှင်သန် နေခြင်းတွေနဲ့ မရေနိုင်အောင် ရာသီတွေဘယ်ရွေ့ကြာပြီလေလဲ၊ ငါ မသိတော့တဲ့ မရေရာခြင်းတွေ။ အိမ်ပြန်မရောက်ဖြစ်တဲ့သားတွေ အတွက် အိမ်ဟာရှိနေသေးလည်း သားတွေအိမ်ပြန်ရောက်မလာဘဲ အိမ်ဟာ မရှိတရှိကလေးပဲ ငွေ့ငွေ့ကျန်။ကမ်းကုန်အောင် ပေတေလေလွင့်နေသားတစ်ယောက်ကို အိမ်ဟာ ဘယ်တော့မှ ကျောခိုင်းမသွားခဲ့ဘူး။ "နေ့စဉ်မှာပိုက်ဆံထွက်မြဲ ရှာ တော့မလွယ်" သူ့စီးကရက်ဖိုး သူမလောက်လို့ လက်ဖြန့်တဲ့အခါလည်း ဘယ်တော့မှ အဲဒီလက်ဟာ ဗလာမဖြစ်ခဲ့ဘူး။ မမြင်ပေသေချာနေတဲ့ လူပေလူတေလေးရဲ့ ရှုပ်ပွနေတဲ့အခန်းကျဉ်းလေးကိုလည်း မမေ့ခဲ့ဘူး။ ငါ့ရဲ့ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း အဲဒီကမ္ဘာမှာ ငါရှာမတွေ့နိုင်ခဲ့တော့ အမှားများစွာကြား နေသားကျလာခြင်းဟာလည်း ငါယုံကြည်နေတဲ့ လူ ဆန်တဲ့ကမ္ဘာ။"ဝေးခဲ့သူမို့ " ငါတို့ရဲ့အချစ်တို့ကိုလည်း ငါတို့ရဲ့အပြုံးလို့ ကောင်းချီးပေး ပိုခမ်းနားစေတဲ့အခါ... အခုလိုသိခြင်းနဲ့မဟုတ်ဘဲ ရင်နဲ့နားလည်နိုင်တဲ့အခါ ... အဲဒီအခါ ငါနှောင်းသွားမလား။ တကယ်တမ်းသာဆို အဲဒီအချစ်ဟာ ငါရေစုန်မျှောချင်ခဲ့တဲ့ ဘဝပေါ့။ ဘယ်တော့မှ လိမ္မာမလာနိုင်တဲ့ငါ အဖြေ မရနိုင်မှာကိုလည်း သေချာနေခဲ့ခြင်းတွေ။ "အရိပ်စစ်"ရဲ့အတိတ်ဟာာ အမြဲအသစ်ပဲ။ ဘယ်အရာတွေဘယ်လိုနေမယ် မသေချာနေလည်း ဘယ် လိုပဲ ကွေ့ကောက်စီးစီးပေါ့ ဘယ်တော့မှ ...
movie
Tokyo Family (2013)
2013
7.0
Oblivion (2013)
Oblivion (2013) IMDb - 7.0/10_____Rotten - 53%၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့ sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ် အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး 2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာ ကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲ မမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေ အဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့....။ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။ File size…(3.8 GB)/(1.3 GB) /(830 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:04:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Oblivion (2013)
2013
4K HEVC
5.7
The Purge (2013)
The Purge (2013)ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း နောက်တစ်ခေါက်ပြန်ပြန်ကြည့်ချင်နေတဲ့ ဇာတ်ကားတွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။~ ဇာတ်လမ်းအညွှန်း ~အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းလာတာနဲ့အမျှ ဒုစရိုက်မှုတွေ ဆင်းရဲမွဲတေမှုတွေ မှိုလိုပေါက်လာတာကို ဘယ်လိုဖြေရှင်းရမလဲ ခေါင်းခဲနေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီနေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့နေ့မျိုးပေါ့။ လူချမ်းသာတွေကတော့ ငွေနဲ့အကာအကွယ်ယူလို့ရပေမယ့် ဆင်းရဲတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ ပစ်ပယ်ထားခံရတဲ့သူတွေကတော့ အဲဒီနေ့ရဲ့ ပစ်မှတ်တွေပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်ပေမယ့် မထင်ထားရလောက်အောင် ဆင်းရဲမှုတွေ ဒုစရိုက်မှုတွေနည်းသွားပြီး ...
movie
The Purge (2013)
2013
6.6
Go Goa Gone (2013)
Go Goa Gone (2013) Action, Adventure, Comedy IMDb 6.6/10 (14K)အခုတစ်ခါတင်ဆက်ပေးမယ်ကားလေးကတော့ မင်းသားကြီးဆေ့ဖ်အလီခန်းနဲ့ Lootcase 2020 မင်းသားကူနားတို့ သမီးယောက်ဖနှစ်ဦးရဲ့ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ အိန္ဒိယရူပီ ၁၉.၄သန်း (ကန်ဒေါ်လာ ၂.၄သန်း) အထိအမြတ်ရခဲ့တဲ့ ၂၀၁၃ခုနှစ်က ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဟာဒစ် လဗ် ဘန်နီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ်..ဟာဒစ်နဲ့လဗ်က အတိုင်အဖောက်ညီတဲ့ ဆိုးဖေါ်ဆိုးဖက်တွေဖြစ်ပြီး ဘန်နီကတော့ အမြဲဒုက္ခခံပေးနေရရှာတဲ့ ရိုးသားကြိုးစားတဲ့ကောင်လေးပေါ့။တစ်ရက်တော့ သူတို့သုံးယောက်ဟာ လောကဓံရဲ့ရိုက်ခတ်ကြားမှာ ယက်ကန်ယက်ကန်နဲ့ ရုရှားမာဖီးယားဦးဆောင်ပြီးကျင်းပပေးတဲ့ ပါတီပွဲတစ်ခုမှာ အပီကဲဖို့ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။သူတို့တွေ အပီကဲပြီး နောက်တစ်နေ့မှာတော့ လူတွေဟာ မူးယစ်ဆေးတစ်မျိုးသုံးစွဲမှုကြောင့် အသိစိတ်မရှိကြတော့ဘဲ အချင်းချင်းကိုက်ဖြတ်စားသောက်လာခဲ့ပါတော့တယ်။အလွဲလွဲအချော်အချော်နဲ့ ဒီသူငယ်ချင်းသုံးယောက်ဟာ ဒီမရဏကျွန်းပေါ်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဟာသလေးနှောပြီးကြည့်ရဦးမှာမို့ ရှုစားတော်မူကြပါဦးနော်။ File size…2.58GB / 1.14GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Go Goa Gone (2013)
2013
7.1
Mary Is Happy, Mary Is Happy (2013)
Mary Is Happy, Mary Is Happy (2013)~ IMDb - 7.1/10, Rotten Tomatoes - 78% ~အိမ်နီးချင်း ထိုင်းရုပ်ရှင်တွေကတော့ Minimalist style နဲ့ ကမ္ဘာပတ်နှင့်နေပါပြီ။ ဒါရိုက်တာ Nawapol လို့ကြားရင် သိတဲ့သူက သိနိုင်ကြပေမယ့် သာမန်ရုပ်ရှင်ချစ်ပရိတ်သတ်အဖို့တော့ သူ့ကိုမသိတောင် သူ့ကားတစ်ချို့ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ ၂၀၁၉တုန်းက မြန်မာပြည်မှာ ရုံတင်သွားတဲ့ Happy Old Year လို၊ တစ်ချိန်က လူငယ်အတော်များများကြိုက်ခဲ့ကြတဲ့ Heart Attack လို၊ မနှစ်တုန်းက ထွက်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fast and Feel Love တို့လိုကားတွေကိုတော့ ရင်းနှီးကြမှာပါ။အခု ဒီကားကတော့ သူ့ရဲ့ အစောပိုင်းလက်ရာတစ်ခုပါ။ ဆု ၆ဆု နဲ့ စကာတင် ၁၁ခု ဆိုတာလောက်ကို စာရင်းထဲ ...
movie
Mary Is Happy, Mary Is Happy (2013)
2013
6.8
Short Peace (2013)
Short Peace (2013) ============== IMDb Rating - 6.8/10ဂျပန်ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေကို Anime ပုံစံနဲ့ကြည့်ချင်တဲ့ သူတွေအတွက် လုံးဝရှယ်ဖြစ်နေတဲ့ Anime တစ်ခုနဲ့မိတ်ဆက် ပေးပါမယ်။Code Geass, Gintama, Inuyasha, Colourful တို့လို Anime တွေရဲ့ပဲ့ကိုင်ရှင် Studio Sunrise ရဲ့လက်ရာဖြစ်တဲ့အပြင် IMDb Rating 6.8/10 ရထားတာမို့ အတော်လေးမိုက်ပါတယ်။ "Short Peace" ဆိုတဲ့ Anime လေးထဲမှာ သူ့နာမည်အတိုင်း ပုံပြင်တို လေးပုဒ်ပါပါတယ်။ ၃ပုဒ်က ဂျပန်ရှေးဟောင်းပုံပြင်တိုလေးတွေ ဖြစ်ပြီး နောက်ဆုံးကတော့ ကမ္ဘာပျက်ခေတ်က စစ်ပွဲဇာတ်လမ်းတို လေးပါ။ဂျပန်ဒဏ္ဍာရီပုံပြင်တို(၃)ပုဒ်ကတော့ - ဆုခုမိုဂါမိ (ရှေးပစ္စည်းဝိညာဉ်)၊ ဟိနော့ယောဂျင်း(မီးသတိပေး)နဲ့ ဂမ်ဘို ဖြစ်ပါတယ်။ နောက်ဆုံးကတော့ စစ်ကားပေါ့ဗျာ။Animation Art Style ကလည်း တစ်ပုဒ်နဲ့တစ်ပုဒ်မတူဘဲ အတော်လေး လည်းလှပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ချင်းစီကလည်း စိတ်ဝင်စားစရာ ကောင်းတာမို့ တစ်ကားလုံးပျင်းချိန်ကိုမရှိပါဘူး။ Japan Anime Fan မဟုတ်တဲ့သူတွေကိုတောင် အကြိုက်တွေ့စေမှာဖြစ်လို့ Anime fan တွေ အတွက်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကြည့်ရှုခံစားလိုက်ကြ ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe ...
movie
Short Peace (2013)
2013
6.3
Hide and Seek (2013)
Hide and Seek (2013) ================“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။”အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။ အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… ...
movie
Hide and Seek (2013)
2013
6.1
Steel Cold Winter (2013)
Steel Cold Winter (2013)ယွန်းဆူဟာ သူငယ်ချင်းကို သတ်တဲ့တရားခံဆိုတဲ့ စိတ်ဒဏ်ရာနဲ့အတူ ကျေးရွာလေးကို မိခင်နဲ့အတူ ပြောင်းလာခဲ့သူဖြစ်ပါတယ်။ အဲ့ကျေးရွာမှာ မကောင်းတဲ့ကောလဟာလတွေ အဖြန့်ခံနေရပြီး စိတ်မကျန်းမာတဲ့ အဖေနဲ့အတူတူနေတဲ့ အပယ်ခံဖြစ်နေတဲ့ ဟေးဝန်လည်းရှိနေပါတယ်။ ယွန်းဆူက ဟေးဝန်တို့ရွာကို ပြောင်းလာပြီး ဟေးဝန်ကို ချစ်မိသွားတဲ့အခါမှာ....ယွန်းဆူက တကယ်ပဲ သူငယ်ချင်းကို သတ်ခဲ့တာလား? ဟေးဝန်ရဲ့ ကောလဟာလတွေကရော တကယ်ပဲလား? သူတို့နှစ်ဦးရဲ့ ဖုံးကွယ်ထားတဲ့တစ်ဖက်ခြမ်းက ဘာဖြစ်မလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ကြည့်ရှုရမယ့် thriller ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror Quality…. 1080p | 720p | 480p File size… 1.6GB " 692MB | 340MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August
movie
Steel Cold Winter (2013)
2013
6.5
Chez Nous (2013)
Chez Nous (2013) ============= IMDb Rating - 6.5/10ဘားလေးတစ်ခုရှိတယ် Chez Nous တဲ့။ အဲဒီဘားမှာပဲ အသက် အရွယ်မတူ အလုပ်အကိုင်မတူ genderမတူ sexualityမတူတဲ့ လူခြောက်ယောက်စုမိကြတယ်။ Chez Nous ဆိုတဲ့နာမည်အတိုင်းပဲ အဲဒီဘားက သူတို့အတွက်အိမ်လိုကိုဖြစ်လို့ပေါ့။တစ်နေ့မှာ ခြောက်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ ဘားပိုင်ရှင် အက်ဂျယ်က ကျန်းမာရေးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အပြင် သူတို့ရဲ့ဆိုင်က ဒေဝါလီခံရတော့မယ်ဆိုတာ ကျန်တဲ့ငါးယောက်က သိသွားကြလေရော။ ဆိုင်ကိုပြန်ဝယ်ဖို့ ပိုက်ဆံမရှိကြတဲ့ ငါးယောက် သားဟာ ကြံကြံစည်စည် ပြတိုက်က စိန်လည်ဆွဲကို ခိုးဖို့လုပ်ကြပါ တော့တယ်။စွန့်စွန့်စားစား ခိုးတဲ့ကားဆိုပေမဲ့ comedyဖြစ်နေတော့ သည်းထိတ် ရင်ဖိုဖြစ်မနေဘဲ ရယ်ရမှာပါ။ ဇာတ်ကွက်တချို့ကို အမ်စတာဒမ်ရဲ့ နာမည်ကြီး Gay Pride ပွဲတော် 2012 Canal Parade အတွင်းမှာ ရိုက်ထားတာဖြစ်တဲ့အတွက် ပွဲတော်ကျင်းပနေပုံတွေကိုလည်း ပျော် ပျော်ကြီး ကြည့်ရမှာပါ။ ဒါပေမဲ့အက်ဂျယ်ကလွဲလို့ ကျန်တဲ့ငါးယောက်မှာ အဖြောင့်နေနေ အကွေးနေနေ အတွဲကိုယ်စီတွေနဲ့ ဖြစ်တဲ့အတွက် FAသမားတွေကြည့်မိရင် ရည်းစားလိုချင်သွားပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.93 GB) / (828 MB) ...
movie
Chez Nous (2013)
2013
7.3
Ilo Ilo (2013)
Ilo Ilo (2013)~ IMDb - 7.3/10, RT - 100%, Meta - 85% ~အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ...
movie
Ilo Ilo (2013)
2013
6.1
The Hour of the Lynx (2013)
The Hour of the Lynx (2013) ==================== IMDb Rating - 6.1/10the Hour of the Lynxတဲ့ နာမည်လေးကိုက ခပ်ဆန်းဆန်း လေးရယ်၊ ဇာတ်ကားအစပိုင်းမှာကတည်းကို cinematography ကောင်းကောင်းလေးနဲ့ အစပြုထားတော့ ထင်လိုက်တာက အမြင် ဆန်းဆန်းလေးနဲ့ကြည့်ရမယ့် လူသတ်ကားထင်ရပေမယ့် drama ပိုင်းကလဲ တော်တော်လေး strongဖြစ်တယ်။ဇာတ်လမ်းအသွားလေး ခန့်မှန်းနေရတာလေးကိုက ဒီဇာတ်ကားကို ကြည့်နေရတဲ့ ရသ တစ်မျိုးပဲဗျာ၊ ကြည်နူးရတဲ့ ချစ်ခြင်းမေတ္တာရဲ့ သဘောတရားကိုလဲ မတူညီတဲ့ ရှုထောင့်တစ်ခုကနေ မြင်စေရမယ့် ဇာတ်ကားလေးတစ်ကားလဲဖြစ်နေတာမို့ အချိန်ကုန်ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားလို့တော့ ကျွန်တော်ညွှန်းလိုက်ပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(1.7 GB) / (586 MB) / (300 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......Paul Encoder..........SWM
movie
The Hour of the Lynx (2013)
2013
6.7
The Flu (2013)
[Unicode]The Flu (2013)လက်ရှိဝူဟန်ဗိုင်းရပ်စ်ဖြစ်နေတဲ့အချိန်မှာ ၂၀၁၃လောက်ကထွက်ထားတဲ့Flu လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ဇာတ်လမ်းကတော့ တရုတ် ဖိလစ်ပိုင် စတဲ့မတူတဲ့နိုင်ငံတွေကနေကိုရီးယားကို တရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်...တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်းအလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့် Avian Virusဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် ၊နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီး ကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့....ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူ ကင်မီရီဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ် ။တစ်ကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ လက်ရှိ coronaဒဏ်ကိုအံတုနေရတဲ့ တရုတ်နိုင်ငံကြီးဘေးကင်းပါစေလို့ဆုတောင်းရင်း တင်ဆက်ပေးလိုက်ပါတယ်...။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )File Size__(3GB) / (1.6B) Quality__Bluray_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:27:00 Type__Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt
movie
The Flu (2013)
2013
5.7
[18+] Miss Change (2013)
ရှေ့နေဂျေချီဟာ လူပျိုစစ်စစ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စနဲ့ပတ်သက်ရင် မျက်လုံးချင်းတောင်ဆုံလို့မရတဲ့ အာဂယောင်္ကျားပါ။တစ်အိမ်ထဲအတူနေတဲ့ သူ့သူငယ်ချင်းယောင်းဂူကတော့ မြာပွေလှသူဖြစ်ပြီးသူငယ်ချင်းကြိတ်ကြွေနေတဲ့ ကောင်မလေးကိုပါ အလွတ်မပေးသူပါ။တစ်နေ့မှာ...သူတို့ဘဝထဲကို ဘယ်ကမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်ရောက်လာပြီးသူမနဲ့ထိတွေ့သူတိုင်း ဘဝပြောင်းသွားတဲ့အခါမှာတော့........။ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်လှပပြည့်ဖြိုးညက်ညောတဲ့ ကောင်မလေးနဲ့အချစ်ခန်းလေးတွေကလည်းစွဲမက်ဖွယ်ကောင်းတာမို့ ပုရိသတို့ လက်မလွှတ်သင့်ပါကြောင်း.. File size…(1.4GB)and(602MB) Quality…WEB-DL 1080P, 720p Format…mp4 Duration….01:40:51 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
movie
[18+] Miss Change (2013)
2013
6.5
3096 Days (2013)
3096 Days (2013) ============= IMDb Rating - 6.5/10ဒီအဖြစ်အပျက်လေးကတော့ ဩစတြီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတစ်ခုဖြစ်ပါတယ်။ ၁၉၉၈ခုနှစ် မတ်လ၂ရက်နေ့မှာ (၁၀) နှစ်အရွယ် နာတာရှာကမ်းဘွတ်ရှ်ဆိုတဲ့ ကောင်မလေးတစ်ယောက် ကျောင်းသို့သွားတဲ့လမ်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ကြိုးစား ရှာပေမယ့်လည်း ရှာမတွေ့ခဲပဲ ဒီပျောက်ဆုံးမှုဟာ တအုံ့နွေးနွေးနဲ့ ဒီအတိုင်းပြီးသွားခဲ့ပါတယ်။ထိုမိန်းကလေးဟာ အိမ်မြေအောက်ခန်းထဲမှာ ရက်ပေါင်း ၃၀၉၆ (၈နှစ်)အကြာပိတ်ထားခံခဲ့ရပြီး ၂၀၀၆ခုနှစ် ဩဂုတ်လ ၂၃ရက်နေ့မှ ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။ အသက်၁၀နှစ်အရွယ် လူမမယ် မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခဲ့သူ ထိုလူဟာ ပြန်ပေးဆွဲဖို့ရာ အတွက် မြေအောက်ခန်းပြင်ဆင်တာတွေ အခန်းဖွဲ့တာတွေအတွက် အချိန်တစ်နှစ်ကျော်လောက်ကြိုတင်ပြင်ဆင်ခဲ့ပါတယ်တဲ့။ ထိုလူဟာ ကလေးမလေးကို ခိုင်းစေဖို့သက်သက်၊ နှိပ်စက်ဖို့သက်သက်၊ လိင် ကျွန်ပြုဖို့သက်သက်နဲ့ ၈နှစ်ကြာအောင် ဖမ်းဆီးခဲ့တာပါ။ဒီဇာတ်ကားလေးကတော့ သူမရဲ့ကိုယ်တိုင်ရေး အထုပ္ပတ္တိဖြစ်တဲ့ "နာတာရှာ ကမ်းဘွတ်ရှ်"ဆိုတဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဇာတ်ကားတစ်ကားကို ကောင်းတယ် မကောင်း ဘူး ဆိုတာထက် ဒီဇာတ်ကားလေးမှာ နာတာရှာတစ်ယောက် သူ့ဘဝရှစ် နှစ်တာလုံးကို ဒီမြေအောက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်လိုကုန်ဆုံးခဲ့လဲ၊ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရလဲ၊ လွတ်မြောက်ဖို့ရာအတွက် ဘယ်လိုတွေ ကြိုးစားခဲ့ရလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File ...
movie
3096 Days (2013)
2013
7.5
Googly(2013)
Googly (2013) Comedy, Romance IMDb 7.5/10 (2.8K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ KGF မင်းသားချောလေး ယာရှ်ရဲ့ အချစ်ဟာသဇာတ်မြူးကားကောင်းလေးပဲ ဖြစ်ပါတယ်..။ဒီကားထဲမှာလည်း ယာရွ္ဟာ အများနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်...။ခပ်ပြတ်ပြတ် လူမှန်စိတ်တိုကြီးဖြစ်တဲ့ ကောလိပ်ကျောင်းသားလေး ရှရသ်..တစ်ကျောင်းလုံးရဲ့ ချဉ်ဖတ်ဖြစ်နေပေမယ့် ကျောင်းက ပထမအဆင့်ကျောင်းသားတစ်ယောက်..။သူဟာ မိန်းမတွေနဲ့ အချစ်ကိုမုန်းတီးနေတဲ့ သူတစ်ယောက်ပေါ့..ကျောင်းပြပွဲတစ်ခုမှာ ဆြာတီဆိုတဲ့ ကောင်မလေးနဲ့ဆုံပြီး သူတစ်သဝေမတိမ်းလိုက်နာလာခဲ့တဲ့ သူ့ရဲ့ဒဿနတွေဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပြီး ဆွာတီအပေါ် ချစ်ခင်မြတ်နိုးစိတ်တွေ သက်ဝင်လာခဲ့ပါတော့တယ်...။ဆွာတီဟာလည်း ရှရသ်အပေါ် စိတ်ဝင်စားလာပြီး သူတို့နှစ်ဦးဟာ သူတို့ရဲ့အချစ်တွေကို အပြန်အလှန် ဖွင့်ဟလာတော့မယ့်အချိန်မှာပဲ ကံကြမ္မာဟာ သူတို့ကို လှည့်စားသွားခဲ့ပါတော့တယ်...။ဒီလိုနဲ့ ဆက်လက်ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ဘယ္လို ဘယ်ပုံ ဇာတ်သိမ်းခန်းဝင်သွားကြမလဲဆိုတာကိုတော့ ဆက်လက်ပြီးရှုစားပေးကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…3.2GB / 1.5GB Quality…1080p WEB RIP Uncut /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Googly(2013)
2013
5.2
Ready, Steady, Ommm! (2013)
Ready, Steady, Ommm! (2013) ====================== IMDb Rating - 5.2/102013ခုနှစ်က ထွက်ရှိထားတဲ့ ဆွစ်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စစ်တပ်ထဲမဝင်ချင်တဲ့ ယောဂဆရာ အဲလက်စ်နဲ့ သူ့ရဲ့ မိန်းမ သူနာပြု အန်နာတို့ဟာ သူတို့ရဲ့ သားဦးလေးအတွက် တိုက်ခန်းကောင်းကောင်းလေးတစ်ခု ရှာဖို့လိုအပ်လာပါတယ်။ နောက်ဆုံးကြံရာမရတဲ့အဆုံး အန်နာရဲ့ဖခင်ဖြစ်သူ ဒု-ဗိုလ်မှူးကြီး ရိုင်ကာ အိမ်မှာ နေရဖို့ဖြစ်လာပါတော့တယ်။ရိုင်ကာဟာလည်း စစ်တပ်မွန်းမံရေးသင်တန်းလုပ်ဖို့ ကြိုးစားနေတဲ့ အချိန် ဆိုတော့ အလဲအလှယ်အနေနဲ့ အိမ်ပေးပြီး သမက်ကိုတပ်ထဲ ခေါ်လာခဲ့ပါ တယ်။ တပ်ထဲမှာ အဲလက်စ်တစ်ယောက် ဘယ်လိုဗရုတ်သုတ်ခတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ဟာသဆန်ဆန် မြင်တွေ့ရမှာမို့ စိတ်အပန်းဖြေလို သူတွေ ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size..........(1.89 GB) / (854 MB) / (495 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Zaw Myo Thu Encoder..........SWM
movie
Ready, Steady, Ommm! (2013)
2013
First
3
4
5
6
7
Last
Previous
Next