Channel Myanmar

2013

The English Teacher (2013)
The English Teacher (2013) IMDb- 5.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်ကကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမလင်ဒါစင်ကလဲရား ဖြစ်ပါတယ်။သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကိုသူ့ဘဝရဲ့ အဖော်မွန်အဖြစ် သ‌ဘောထားတဲ့သူပါ။ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲနေထိုင်နေပါတယ်။ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်းမတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီးစာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်ကဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ဒီကိစ္စတင်ပဲလား... ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…  1.3 GB ...
movie

The English Teacher (2013)

2013
My Paparotti (2013) 7.1
My Paparotti (2013) My Paparotti (2013)ဒီကိုရီးယားရုပ်ရှင်ကိုတော့ Time to Huntတို့ Architecture 101 တို့လို ရုပ်ရှင်ကောင်းတွေနဲ့ Signal ,Taxi Driverဇာတ်လမ်းတွဲလို ဇာတ်လမ်းတွဲတွေရိုက်ခဲ့တဲ့ Lee Je-Hoon နဲ့ ရိုက်ထားသမျှ ရုပ်ရှင်၂၀လောက်အကုန်ကောင်းပြီး သရုပ်ဆောင်လည်းဂျွတ်တဲ့ Christmas in August တို့ Green Fish တို့ The Berlin Fileတို့မှာ သရုပ်ဆောင်ခဲ့တဲ့ Dr. Romantic , Tree With Deep Rootsတို့လို ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Han Suk-Kyuတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။Signalမင်းသားကြီး Cho Jin-Woongကလည်း အားဖြည့်ထားပါသေးတယ်။ Cho Jin-Woongနဲ့ Lee Je-Hoonတို့ Signalမတိုင်ခင် တွဲသရုပ်ဆောင်ခဲ့တဲ့ကားဆိုလည်း မမှားပါဘူး။ Strangers Againတို့ Doctor Strangerတို့ထဲက ဆက်စီကျတဲ့မမ Kang So-Raလည်းပါပါတယ်။ဇာတ်လမ်းကတော့ တောဘက်က အနုပညာကျောင်းတစ်ကျောင်းမှာ စာသင်တဲ့ ...
movie

My Paparotti (2013)

2013
Afflicted (2013) 6.2
Afflicted (2013) ဒဲရစ်ခ် နဲ့ ကလစ်ဖ် တို့က ကမ္ဘာတစ်ပတ်ခရီးထွက်လာကြသူတွေပါ။ ခရီးထွက်လာရင်းနဲ့ပဲရစ်ရောက်လာပြီးတဲ့အချိန် ညတစ်ညမှာ ဒဲရစ်ခ် က ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတဲ့နောက်သူကိုယ်တိုင်တောင်မမှတ်မိတဲ့ ထိခိုက်ဒဏ်ရာတွေရလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒဲရစ်ခ်မှာထူးဆန်းတဲ့ဝေဒနာတွေခံစားလာရသလို ထူးခြားတဲ့သဘာဝလွန်အစွမ်းတွေပါရလာခဲ့ပါတယ်။ဒဲရစ်ခ်ရဲ့သဘာဝလွန်အစွမ်းတွေက လူတွေရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာတဲ့အခါမှာဒဲရစ်ခ်တို့တွေဘယ်လိုအဖြေရှာကြမလဲဆိုတာကိုဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ File size…  1.62 GB /  800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre .....  Horror, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Citrus
movie

Afflicted (2013)

2013
Concrete Clouds (2013) 6.6
Concrete Clouds (2013) Concret Clouds (2013)လေထဲက အိမ် .....နှစ်ယောက်သား အိပ်မက်တွေကို အတူတူ မက်ခဲ့ဖူးကြတယ် လေထဲမှာ တိုက်အိမ်ဆောက်ခဲ့ဖူးကြတယ် အရာရာဟာ မျှော်လင့်ချက်တွေနဲ့ တည်ဆောက်ပေမဲ့ တစ်ခါတလေမှာ အနှစ်မဲ့နေတဲ့ တိမ်စိုင်တွေ အရောင်တောက်ခဲ့ကြချိန်ပေါ့။ဒီဇာတ်လမ်းကတော့ ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ ထိုင်းနိုင်ငံရေး စီးပွားရေးကပ်ဆိုက်ချိန်ကြောင့် လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေကို တိတ်တဆိတ်နဲ့ ဖြည်းဖြည်းချင်း ပြိုကွဲခဲ့ရတဲ့ အကြောင်းပါပဲ။Mutt ရဲ့အဖေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ Mutt က နယူးယော့ကို ပြောင်းလာခဲ့ပြီး ငွေကြေးရောင်းဝယ်ဖောက်ကားသူအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးပျက်ကပ် ဆိုက်ချိန်မှာ အမိနိုင်ငံကို ပြန်လာခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ ပြန်လာရင်း အထက်တန်းကျောင်းတုန်းက သူ စွဲလမ်းခဲ့ရတဲ့ ရည်းစားဟောင်းဖြစ်တဲ့ Sai နဲ့ ပြန်ပြီး ဆက်သွယ်ခဲ့ပါတယ်။ Sai ကတော့ လက်ရှိအချိန်မှာ သူ့ရဲ့ဈေးကွက်ဖြန့်ချိရေး အလုပ်မှာ ကျရှုံးမှုတွေနဲ့ ကြုံနေရတာပါ။ တစ်ချိန်တည်းမှာပဲ Mutt ရဲ့ ညီဖြစ်သူ Nic က ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်နေတဲ့ ...
movie

Concrete Clouds (2013)

2013
Fading Gigolo (2013) 6.6
Fading Gigolo (2013) Fading Gigolo (2013) Genre – Comedy, Romance IMDB – 6.2/10မူရီဆိုတဲ့လူကြီးဟာ မျိုးရိုးအလိုက် အမွေလက်ဆင့်ကမ်းရခဲ့တဲ့စာအုပ်ဆိုင်လေးကို ပိတ်လိုက်ရပါပြီ။သူ့ဆီမှာ ပိုက်ဆံလိုပြီး အလုပ်ပေါင်းစုံလုပ်ပြီး ရုပ်အဖြောင့်အတောင့်ကြီးမဟုတ်ပေမဲ့ လူကြီးလူကောင်းဆန်ပြီး မိန်းမကျောနပ်တဲ့ဖီရိုရာဗန်တေးဆိုတဲ့ မိတ်ဆွေလည်း ရှိပါတယ်။တစ်ရက်ကျ သူ ပြနေကြ အရေပြားဆရာဝန်မဆီကနေထူးခြားတဲ့ ဖိတ်ကြားချက်ကို သိလိုက်ရပါတယ်အဲဒါကတော့ သူ့ သူငယ်ချင်းမ တစ်ယောက်နဲ့ သုံးပါးသွားကဖို့မင်းသားတစ်ပါး လိုအပ်နေတာပါတဲ့။အဲဒါ မူရီဆိုတဲ့ ဘဲကြီးက အသိရှိတယ်ပေါ့ ဒီတိုင်းတော့ မရနိုင်ဘူးအခကြေးငွေတော့ ပေးရလောက်မယ်ဆိုပြီး ဖီရိုရာဗန်တေးကိုမင်းလုပ်ပါလား မင်းဆို ဖြစ်နိုင်တယ်ဆိုပြီးယောက်ျားဖျာသည်လိုင်းသွင်းပါတော့တယ်။အစပိုင်းတော့ ဆရာသမားလည်း ငြင်းတာပေါ့နောက်ကျ စမ်းကြည့်မယ်ဆိုပြီး လုပ်ရာကနေဘယ်လိုတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ဂျူးလူမျိုးတွေနဲ့ လူမျိုးရေး ဘာသာရေး စည်းကမ်းတင်းကြပ်ပုံတွေလည်းဗဟုသုတရပါတယ်။ မင်းသားနေရာကတော့ Transformer ကားတွေထဲကရယ်ရတဲ့ Agent Simmon ကြီး သရုပ်ဆောင်ပေးထားပြီး Sexy သိပ်ဆန်တဲ့မင်းသမီးကြီး Sharon Stone နဲ့ အကိတ်မင်းသမီး Sofia Vergara ...
movie

Fading Gigolo (2013)

2013
Joe (2013) 6.8
Joe (2013) IMDb - 6.8/10ဇာတ်လမ်းအညွှန်းသူ့ဖခင်က အရက်သမား၊ သူ့မိသားစုက စားရမဲ့သောက်ရမဲ့…ဟိုလေလွင့်ဒီလေလွင့်ဖြစ်နေတဲ့ မိသားစုအတွက်၁၅နှစ်သားလေး ဂယ်ရီဟာ ဂျိုးဆိုတဲ့ လူတစ်ယောက်ဆီမှာအလုပ်လာလုပ်ပါတယ်။ဂျိုးက ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒေါသထွက်တတ်တဲ့စိတ်ကိုဆေးလိပ်သောက်၊အရက်သောက်ရင်း မြိုသိပ်ချုပ်တည်းရင်းနေနေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ ဂျိုးက အလုပ်ကြိုးစားလုပ်တဲ့သူတွေကို သဘောကျပြီးသူ့အလုပ်သမားတွေအပေါ်မှာတော့တကယ်ကောင်းပေးတဲ့ အလုပ်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ဂယ်ရီလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားတတ်သူဖြစ်တာမို့ဂျိုးက သဘောကျပြီး သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်လာကြပါတယ်။ဂယ်ရီရဲ့ အဖေက ဂယ်ရီ့အပေါ်မှာ သည်းမခံနိုင်လောက်အောင်နှိပ်စက်ညှင်းပန်းတဲ့လုပ်ရက်တွေ လုပ်လာတဲ့အခါမှာဂျိုးတစ်ယောက် သူ့ရဲ့လူသားချင်းစာနာစိတ်တွေ နှိုးကြွလာပြီးဂယ်ရီ့အတွက် သူကိုယ်တိုင် ပါဝင်ဖြေရှင်းဖို့ ဖြစ်ပါတော့တယ်။အသုံးမကျတဲ့ ဖခင်လက်ထဲမှာ နေနေရပေမယ့်ကံကောင်းထောက်မစွာနဲ့ ဂျိုးလိုလူမျိုးနဲ့တွေ့ဆုံလိုက်ရတဲ့ဂယ်ရီနဲ့ လူကြမ်းကြီးပေမယ့် စာနာတတ်တဲ့စိတ်နှလုံးရှိတဲ့ဂျိုးတို့အကြောင်း ရိုက်ကူးပြသထားပါတယ်။ဂျိုး အဖြစ် Ghost rider မင်းသားကြီး Nicolas Cage ကသရုပ်ဆောင်ထားပါတယ်။ကဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကOrika ဖြစ်ပါတယ်။  File size…  1.9 GB /  790 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h ...
movie

Joe (2013)

2013
Anna (2013) 6.4
Anna (2013) Anna (2013)~ IMDb rating - 6.4/10 ~Mindscape ဆိုတဲ့ ထောက်လှမ်းရေးအေဂျင်စီက သာမန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမဟုတ်ဘဲ လူတွေရဲ့မှတ်ဥာဏ်တွေကိုဖတ်နိုင်တဲ့ စိတ်စွမ်းအင်ရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ အေဂျင်စီတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ လက်သည်မပေါ်တဲ့အမှုတွေကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ဂျွန်ဝါရှင်တန်ကတော့ Mindscape လက်အောက်က နာမည်ကြီး မှတ်ဥာဏ်စုံထောက်တစ်ဦးပါ။ အထက်လူကြီးက သူ့ကို သာမန်ဆယ်ကျော်သက်တွေထက်ထူးခြားနေတဲ့ အန်နာဆိုတဲ့ကောင်မလေးကို မှတ်ဥာဏ်ဖတ်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။အန်နာက ကျောင်းတွင်းအကြမ်းဖက်မှုရဲ့တရားခံအဖြစ်နဲ့ကျောင်းထုတ်ခံထားရပြီး အခန်းပြင်ထွက်ခွင့်မရဘဲ အချိန်ပြည့်စောင့်ကြည့်ခံနေရပြီး ပထွေးဖြစ်သူက အန်နာကို စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပြင်နေပါတယ်။ ဂျွန်ရောက်လာတာဟာ အန်နာ့အတွက် အပြစ်ကင်းကြောင်းသက်သေပြဖို့ မျှော်လင့်ချက်ဖြစ်လာပါတယ်။အန်နာ့ကိုမှတ်ဥာဏ်ဖတ်ရင်း ဂျွန်ရဲ့ Career တလျှောက်မှာ တခါမှမကြုံဖူးတဲ့ ထူးထူးဆန်းဆန်းအရာတွေဖြစ်လာပါတော့တယ်။ ကျောင်း Hallway ကရပ်နေတဲ့နာရီ၊ အပြင်ကကျောင်းသူစာရင်းထဲမှာမရှိတဲ့နာမည်နဲ့ အန်နာ့ကျောင်းနေဖက်တစ်ယောက်ရဲ့လည်ပင်းကအမာရွတ်အပေါက်... ဘယ်အပိုင်းတွေကအမှန်ဖြစ်ပြီး ဘယ်အပိုင်းတွေက အန်နာလုပ်ကြံဖန်တီးထားတာလဲ...တကယ်ပဲအန်နာက Victim လား... လူသတ်သမားလား... ဆိုတာ ​​​ကြည့်ရှုသူတွေကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Anna (2013)

2013
World War Z (2013) 7.0
World War Z (2013) World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်...၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့....မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်..ရောဂါဟာ စက္ကန့်ပိုင်း ...
movie

World War Z (2013)

2013
4K HEVC
Evil Dead (2013) 6.5
Evil Dead (2013) Evil Dead 2013 ကို ဆင်ဆာတွေမဖြတ်ထားတဲ့ BluRay Extended Version အသစ်နဲ့တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့....ဒီဇာတ်ကား စစချင်းမှာဆို လူငယ်ငါးယောက်ဟာ တောနက်ထဲက သစ်လုံးအိမ်တစ်ခုကို အကြောင်းကိစ္စတစ်ခုနဲ့အတူ ရောက်လာကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ထိုအိမ်ထဲမှာ အိပ်ပျော်နေတဲ့ မကောင်းတဲ့အရာတစ်ခုကို မထင်မှတ်ဘဲ သွားလှုပ်နိုးမိတဲ့ အခါမှာတော့ အဲ့ဒီမကောင်းဆိုးရွားရဲ့ လက်ကနေ ဘယ်လို အသက်ရှင် ရုန်းကန်လွတ်မြောက်ကြဖို့ ကြိုးစားကြမလဲ ဆိုတာ အရမ်းကို စောင့်ကြည်ချင်စရာ ကောင်းပါတယ်။ အောက်မှာ Review လေးကို ဆက်ဖတ်ကြည့်လိုက် ကြရအောင်ပါ။ **** Evil Dead 2013 ဟာဆိုရင် အရမ်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ Horror movie တစ်ခုလို့ပြောလာရင် ငြင်းစရာ မရှိပါဘူး။ ဇာတ်လမ်း ဇာတ်ကွက်ကို သေချာထောင့်စိအောင် ပုံဖော် ဖွဲ့စည်းထားတာကိုလဲတွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Possession ဆိုတဲ့ ပြင်သစ် drama/ horror ဇာတ်ကားကို ပြေးမြင်မိရလောက်အောင် ပီပီပြင်ပြင်နဲ့ ကြောက်ရွံ့စိတ်လှုပ်ရှားဖို့ ကောင်းတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ စိတ်မသက်မသာ ...
movie

Evil Dead (2013)

2013
4K HEVC
Nurse 3D (2013) 4.6
Nurse 3D (2013)  (ဤဇာတ်လမ်းတွင် သွေးထွက်သံယိုအခန်းများလိင်အသားပေးအခန်းများ ရင့်သီးသောစကားလုံးများပါ၀င်သည့်အတွက်ကလေးသူငယ်များကြည့်ရှုရန်မသင့်လျော်ပါ)ကျွန်မနာမည်က အက်ဘီဂေး ရက်ဆယ်တဲ့။ လုံးကြီးပေါက်လှယောကျားတိုင်းလည်ပြန်ငေးရတဲ့အချောလေး။ကျွန်မအလုပ်လုပ်နေတာက အော်လ်စိန့်ဆေးရုံမှာ သူနာပြုတယောက်အနေနဲ့။ဒါပေမယ့်ညဆိုရင်တော့ကျွန်မကမုဆိုးပဲကျွန်မအမဲလိုက်တဲ့သူတွေကယောက်ျားတွေအထူးသဖြင့်ဖောက်ပြန်ကြတဲ့အိမ်ထောင်ရှိယောကျာ်းတွေပေါ့။ကျွန်မအမြင်သူတို့ကဒီကမ္ဘာပေါ်မှာရွံစရာအကောင်းဆုံးလူတန်းစားတရပ်ပဲ။ကျွန်မကသူတို့ကိုဖျား‌ယောင်းတိုင်းပါလာကြတယ်။အဲ့သည်အခါကျမှ သူတို့နဲ့ထိုက်တန်တဲ့အပြစ်ကိုကျွန်မပေးနေကြ။ဒီလိုနဲ့ကျွန်မဘ၀ထဲကို၀င်လာတာက ဒန်နီရော်ဂျာဆိုတဲ့သူနာပြုအသစ်‌က‌လေး။ဘာမှမသိနားမလည်တဲ့ဒီကောင်မလေးကိုယောကျာ်းထုကြီးဆီကနေကာကွယ်ပေးချင်တယ်။သူ့ဘေးနားကတွဲလောင်းတွဲလောင်းနဲ့စတိဗ်ဆိုတဲ့သူ့ရည်းစားကိုလည်းအမြင်ကတ်တယ်။ဒန်နီကကျွန်မဘယ်လိုကြိုးစားကူညီကူညီကျွန်မကိုပြန်လှည့်တောင်မကြည့်တာအရမ်းမုန်းတယ်။ဒန်နီကကျွန်မအပိုင်ပဲ ဘယ်သူ့မှမပေးနိုင်ဘူး။ကျွန်မလက်ခုပ်ထဲဒန်နီရောက်လာအောင်ကျွန်မဘယ်လိုကြိုးစားမလဲရှင်တို့ကြည့်သာကြည့်လိုက်ကြပါတော့ File size…  1.4 GB / 636.7 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 25m Genre ..... Thriller , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Nurse 3D (2013)

2013
The Green Inferno (2013) 5.3
The Green Inferno (2013) The Green Inferno (2013)IMDb rating - 5.3ဇာတ်လမ်းအညွှန်းအာဖရိကအမျိုးသမီးအခွင့်အရေးအတွက် အားမလိုမရဖြစ်နေတဲ့တက္ကသိုလ်ကျောင်းသူ ဂျက်စတင်းဟာ ကျောင်းစောင့်တွေအရေးအတွက်အစာငတ်ခံဆန္ဒပြနေတဲ့၊ အယ်လီဟန်ဒရိုခေါင်းဆောင်တဲ့၊လူအခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ ကျောင်းသားအဖွဲ့ထဲ ဝင်ရောက်လာတယ်။ပီရူးနိုင်ငံအပိုင်းထဲက အမေဇုန်တောတစ်နေရာမှာ တောကို ရှင်းပြီးအဖိုးတန်ဓာတ်ငွေ့တွေထုတ်ယူမယ့်ကုမ္ပဏီဟာ အဲ့တောနေရာကရှားပါးလူရိုင်းမျိုးနွယ်စုဖြစ်တဲ့ ရာဟက်စ်တွေရဲ့ ရွာကိုပါ ထိပါးပြီးဒေသခံလူမျိုးစုကိုပါ ရက်ရက်စက်စက် ရှင်းလင်းသတ်ပစ်လိုက်နိုင်တဲ့ဒီအရေးကို တားဆီးဖို့ ကယ်တင်ဖို့ဟာ အယ်လီဟန်ဒရိုတို့အဖွဲ့ရဲ့နောက်ထပ်ပရောဂျက်ဖြစ်လာပါတယ်။ဒီအဖွဲ့က လူထုအာရုံစိုက်မှုရလာအောင် ဆန္ဒထုတ်ဖော်မှာဖြစ်ပြီးUNက ရှေ့နေကြီးရဲ့သမီး ဂျက်စတင်း တစ်ယောက်လည်း လိုက်လာခဲ့တယ်။ခက်ခက်ခဲခဲဆန္ဒပြပြီး အပြန်လမ်းမှာ သူတို့စီးလာတဲ့လေယာဉ်လေးက တောနက်ကြီးထဲမှာ ပျက်ကျပါလေရော။တချို့လည်း သေကုန်ပြီး အသက်ရှင်ကျန်တဲ့ ဂျက်စတင်းတို့လူစုကတော့ နောက်ထပ် “တစ်ပူပေါ် နှစ်ပူဆင့်”ဆိုသလိုပဲရာဟက်စ်တွေ ဖမ်းခေါ်သွားခံရပါတယ်။ရာဟက်စ်လူမျိုးစုတွေက လူ့ဦးခေါင်းကိုအမဲလိုက်သူတွေ၊လူသားစားလူရိုင်းမျိုးနွယ် ဖြစ်လေတော့…..ဂျက်စတင်းတို့ ဘာတွေဆက်ပြီး တွေ့ကြုံရမလဲ။လူသားစားလူရိုင်းတွေ ဖမ်းခံရတာဆိုတော့အသက်ရှင်လွတ်မြောက်မယ့်သူရော ရှိပါ့မလားဆက်လက်ကြည့်ရှုလိုက်ကြပါဦး။လုံးဝ horror အကြမ်းစား၊ ကြည့်ရင်းနဲ့ကိုအမလေး အမလေး အော်နေရမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horror ကြိုက်တဲ့သူတွေအတွက်တကယ်ကြည့်ကောင်းမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (၁၈နှစ်အောက် ကလေးတွေနဲ့ စိတ်နုနုရွရွလူတွေအတွက် ကြည့်ရှုရန် မသင့်တော်ပါ။) ဒီဇာတ်လမ်းရဲ့ ...
movie

The Green Inferno (2013)

2013
Breathe In (2013) 6.3
Breathe In (2013) ဒီဇာတ်ကားကတော့ တကယ့်ကိုမှရိုးရိုးရှင်းရှင်းနဲ့ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ် ဇာတ်လမ်းအကြောင်းကတော့ ကျောင်းဆရာတစ်ဦးအနေနဲ့ လုပ်ကိုင်နေတဲ့ ဂီတပညာရှင်တစ်ဦးရဲ့အိမ်မှာ ဇနီးဖြစ်သူက စာသင်နှစ်တစ်ခုစာကျောင်းလာတက်တဲ့ လေ့လာရေးကျောင်းသူကို လက်ခံထားစဉ် လင်မယားနှစ်ယောက်ကြားနှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ မကျေနပ်ချက်တွေပွင့်ထွက်လာကာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို လေ့လာရေးကျောင်းသူကိုအရင်းတည်ပြီး မိသားစုအတွင်းမပြေလည်မှုတွေဖြစ်လာတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ်ဒီဇာတ်လမ်းလေးမှာ ဇာတ်လမ်းအဖွင့်နဲ့အပိတ်က ဇာတ်ဝင်ခန်းလေးက တွေးစရာတွေအများကြီးပေးတဲ့ဇာတ်ဝင်ခန်းတွေဖြစ်ပါတယ် ဇာတ်ဝင်ခန်းတိုင်းမှာလည်း သရုပ်ဆောင်တွေရဲ့အကြည့်တွေက တကယ့်ကိုမှသူတို့အတွင်းစိတ်ကို ထွင်းဖောက်မြင်လိုက်ရသလိုခံစားရစေတယ် ခင်ပွန်းဖြစ်သူကဇနိးသည် သူ့ကိုနားလည်မပေးလိုက်တဲ့အချိန်ဖြစ်သွားတဲ့အကြည့်၊ ဇနီးဖြစ်သူက ခင်ပွန်းသည်ဂီတအကြောင်းတွေပြောတဲ့အချိန် စိတ်မဝင်စားပေမယ့် နားလည်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ဖြစ်သွားတဲ့သရုပ်ဆောင်ချက်တွေ စသဖြင့်သရုပ်ဆောင်ချက်တွေကိုအသေးစိတ်ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအေးလေးဖြစ်ပေမယ့် အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲဆောင်သွားမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…1GB / 475MB Quality…1080p BluRay / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eunice
movie

Breathe In (2013)

2013
Another Me(2013) 4.6
Another Me(2013) Game of thrones က ဆန်ဆာ စတာ့ခ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sophie Turnerရဲ့ဇာတ်ကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဖေး ဒယ်လူ့စီဆိုတာ အရမ်းလှတဲ့ဆံပင်အနီရောင်နဲ့ အထက်တန်းကျောင်းသူလေး။ သူမရဲ့ပျော်ရွှင်စရာ မိသားစုဘ၀လေးတခုက လွန်ခဲ့တဲ့နွေရာသီ သူမရဲ့ ဖခင်နာမကျန်းစဖြစ်ခဲ့တာနဲ့အတူတူပြောင်းလဲသွားခဲ့ရတယ်။ကိုယ်တပိုင်းသေဖြစ်သွားတဲ့ယောကျာ်းဖြစ်သူကို စောင့်ရှောက်နေရတဲ့ ဖေးရဲ့မိခင် အန်းဒယ်လူ့စီရဲ့ အရှုပ်တော်ပုံတွေ။ မိုနီကာ မယ်ဒရန်ဆိုတဲ့ ဖေးကိုမနာလို ဖြစ်နေတဲ့ကောင်မလေးတယောက်။ ကျောင်းကလူကြိုက်များတဲ့ ဒရူးဆိုတဲ့ကောင်လေးက သူ့ကိုကြိုက်နေလို့ လူမုန်းခံရတာကလည်းရှိသေး။ ဒါပေမယ့် ဖေးအတွက် ဒါတွေထဲကအကြီးဆုံးပြဿနာကတော့ သူ့လိုအယောင်ဆောင်နေတယ်ထင်ရတဲ့လူတယောက်ရှိနေတာပဲ။သူမရဲ့နေ့စဉ်ဘ၀ထဲမသိမသာနဲ့ လူတွေကြား ၀င်၀င်‌မွှေသွားတဲ့ဒီသူကဘယ်သူလဲ။ ဒါကမိုနီကာရဲ့လက်ချက်ပဲလား။ သူမမိဘတွေရဲ့အေးစက်လာတဲ့ ဆက်ဆံရေးကြားကလျှို့ဝှက်ချက်တွေကရောဘာတွေလဲ။ အများအမြင်သူ့ကိုအရူးမတယောက်လိုထင်ရတဲ့အထိဒုက္ခပေးလာတဲ့ ဒီသူကိုသူဘယ်လိုရှာနိုင်မလဲ။ အဆုံးမှာတရားခံကဘယ်သူလဲဆိုတာကို Another Me ဆိုတဲ့ဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…1.1GB / 551MB Quality…1080p BluRay  / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by BrackMan
movie

Another Me(2013)

2013
What If (2013) 6.8
What If (2013) What If (2013) Genre – Comedy, Romance IMDB – 6.8/10“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ်ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်”ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာကဒီသီချင်းလေး ဖြစ်နေလို့။အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကိုတွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင်ဘယ်လိုတွေဆက်လုပ်ကြမလဲ...လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား...မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား…ဝေခွဲမရဖြစ်မှာ သေချာပါတယ်။တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြောတလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်းကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ်ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ်ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့အခက်သားမဟုတ်လား…။သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်းရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ်ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့ကမျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ…ဘာဆက်လုပ်ရမလဲ…။ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီးဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ဒယ်နီရယ်ရတ်ကလစ်ဖ် ...
movie

What If (2013)

2013
The Host (2013) 5.8
The Host (2013) CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ချစ်စရာကောာင်းတဲ့ မျက်နှာလေးနဲ့မင်းသမီးချောလေး Saoirse Ronan ရဲ့သိပ္ပံအက်ရှင် ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဂြိုဟ်သားတွေက ကမ္ဘာကိုကျူးကျော်တဲ့ဇာတ်ကားမျိုးကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီကားမှာတော့ တခြားကားတွေလိုလက်နက်တွေနဲ့လာကျူးကျော်ကြတာမဟုတ်ဘဲ ဂြိုဟ်သားတွေကလူ့ခန္ဓာကိုယ်တွေကို အပိုင်စီးပြီးလူတွေလိုပဲဆက်ပြီးနေထိုင်ကြတာပါ။ဂြိုဟ်သားတွေဟာ ခန္ဓာကိုယ်ကို အပိုင်စီးရုံမကပဲလူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ကိုပါအပိုင်သိမ်းဖျက်ဆီးတာပါတွန်းလှန်နိုင်ဖို့ဆိုတာလဲ လုံး၀ မလွယ်ကူပါဘူးခုခံတဲ့လူတွေကိုလဲ သတ်ပစ်ကြပါတယ်။အဲဒီခုခံသူတွေထဲမှာ မယ်လနီဆိုတဲ့ကောင်မလေးလည်း ပါတာပေါ့။သူ့ခန္ဓာကိုယ်ကို ဂြိုဟ်သားတစ်ယောက်ကအပိုင်စီးလိုက်တဲ့အခါမှာ... File size…  1.59 GB /  664 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 5m Genre .....  Action , Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

The Host (2013)

2013
I Give It a Year (2013) 5.7
I Give It a Year (2013) အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.56 GB /  686 MB Quality… Blu-Ray ...
movie

I Give It a Year (2013)

2013
Devil’s Knot (2013) 6.1
Devil’s Knot (2013) Colin Firth, Reese Witherspoon,Dane Dehhan တို့လိုဝါရင့်သရုပ်ဆောင်တွေပါ၀င်ထားတဲ့ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။၀က်စ်မန်းဖက်စ် မြို့ဆိုတာက အာကန်ဆာပြည်နယ်ကဆိတ်ငြိမ်တဲ့မြို့လေးတမြို့ပါ။ဒီလိုမြို့လေးကိုတနေ့မှာ တုန်လှုပ်သွားစေခဲ့တာကတော့ရှစ်နှစ်သားအရွယ် စတီဗီ, မိုက်ကယ်နဲ့ ခရစ်စတိုဖာဆိုတဲ့ကောင်လေး ၃ယောက် လူသတ်ခံရမှုကြောင့်ပါပဲ။ဒီလူသတ်မှုမှာရဲတပ်ဖွဲ့က သံသဃရှိ စွဲချက်တင်ခံထားရတာကဒေမီယန် အက်ကိုးလ်, ဂျေဆင် ‌ဘော့်၀င်နဲ့ ဂျက်စီ မစ်စ်ကယ်လီဆိုတဲ့လူငယ်လေးသုံးယောက်ပါ။ဒီလူငယ်လေးသုံးယောက်ကို လူတွေကလည်းနတ်ဆိုးကိုးကွယ်တဲ့သူတွေ ကလေးတွေကိုယဇ်ပူဖော်လိုက်တာလို့စွပ်စွဲထားကြပါသေးတယ်။သူတို့ကိုကူညီဖို့အတွက် ရောက်လာခဲ့တဲ့သူကတော့ရွန်လက်စ်ဆိုတဲ့ အလွတ်တန်းစုံထောက်ပါ။သေဒဏ်အထိဖြစ်လာနိုင်နေတဲ့ ဒီလူငယ်လေးတွေကိုကူညီပေးရင်းနဲ့ရွန် သတိထားလာမိတာကတော့ ရဲတွေနဲ့စုံထောက်တွေရဲ့အလောတကြီး ဒီအမှုကိုတရားရုံးတင်ခဲ့တာတွေသက်သေရှေ့နောက်မညီ ထိန်ချန်တာတွေ မူမမှန်တဲ့ထွက်ဆိုချက်တွေပါ။ရွန်အနေနဲ့သူ့စိတ်ထဲထင်သလို ဒီကောင်လေးသုံးယောက်ကတကယ်ပဲအပြစ်မရှိတာလား။မရှိခဲ့ရင်ရောတကယ့်တရားခံတွေကဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါ့မလားအယူသီးမှုတွေနဲ့ တရားဥပဒေလက်တလုံးခြားလုပ်မှုတွေရဲ့အောက်မှာသူ့အနေနဲ့အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုDevil's knot ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…  1.58 GB /  768 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre .....  Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

Devil’s Knot (2013)

2013
42 (2013) 7.5
42 (2013) ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.82 GB /  894 ...
movie

42 (2013)

2013
3096 Days (2013) 6.5
3096 Days (2013) 3096 Days ဇာတ်ကားဟာ သြစတြီးယားမှာဖြစ်ခဲ့တဲ့ 10နှစ်အရွယ် ကလေးမလေးနာတာရှာ ခမ်ပွတ်ရှ်ကို 8နှစ်ကြာအောင်ပြန်ပေးဆွဲခဲ့တဲ့ အကြောင်း ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နာတာရှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပေါ်လွင်အောင် ရိုက်ပြထားတာကိုလည်း တွေ့ရမှာပါ။ဒီလို နှိပ်စက်မှုတွေနဲ့ နာတာရှာရဲ့ စိတ်ဒဏ်ရာအကြောင်းကိုသေချာရိုက်ကူးထားတာဖြစ်လို့ တချို့သောပရိတ်သတ်တွေအတွက်တော့ကြည့်ရှုဖို့ ခက်ခဲနိုင်ပါတယ်။ဒါပေမယ့် ဒီဇာတ်ကားမှာ နာတာရှာရဲ့ စိတ်ခွန်အားနဲ့သူ့ကိုပြန်ပေးဆွဲသူဆီက ဇွဲရှိရှိ လွတ်မြောက်ဖို့ကြိုးပမ်းပုံကိုလည်း တွေ့မြင်ရဦးမှာပါ။ပါဝင်ထားတဲ့ castတွေကလည်း သရုပ်ဆောင် အရမ်းကောင်းကြပါတယ်။ဒီဇာတ်ကားဟာ ပြန်ပေးဆွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ခါးသီးတဲ့အမှန်တရားကို မီးမောင်းထိုးပြထားတဲ့ဇာတ်ကားတစ်ကား ဖြစ်လို့ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဗျာ   File size…  1.23 GB /  604 MB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre .....  Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

3096 Days (2013)

2013
Afternoon Delight (2013) 5.7
Afternoon Delight (2013) Afternoon Delight (2013)Imdb - 5.7Rotten Tomatoes - 66%ပျင်းရိစရာကောင်းနေတဲ့ အိမ်ထောင်မှုဘဝကိုအပြောင်းလဲဖြစ်လိုဖြစ်ငြား အဖော်ချွတ်ကလပ်ကိုလင်မယားနှစ်ယောက်လုံး သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ဇနီးဖြစ်သူ ရေချယ်တစ်ယောက်ကလပ်မှာလုပ်နေတဲ့ မက္ကန်နာဆိုတဲ့ကောင်မလေးနဲ့ရင်းနှီးကျွမ်းဝင်ပြီးကောင်မလေးဒုက္ခရောက်တာနဲ့ကြုံကြိုက်ပြီးရေချယ်တို့ အိမ်အထိလာနေဖြစ်ရော။ပိုက်ဆံရရင်ဘာမဆိုလုပ်တဲ့ မက္ကန်နာဟာရေချယ်ရဲ့ကယ်တင်ခြင်းကနေ သူ့ဟာသူသိမှန်းမသိပဲထွက်ပြေးနေမိတယ်။အလုပ်တွေပဲအမြဲတစေပိနေတဲ့ ယောက်ျားဖြစ်သူဂျက်ဖ်နဲ့စိတ်တွေကယောက်ကယက်ဖြစ်နေတဲ့ ရေချယ်တို့လိင်မှုဆက်ဆံရေးကတော့ ဘာမှထူးမလာခဲ့ပါဘူး။ပတ်ဝန်းကျင်မှာစိတ်အဆင်ပြေချင်ယောင်ဆောင်နေရတဲ့ရေချယ်တစ်ယောက်ဘယ်တော့ပေါက်ကွဲထွက်မယ် မသိတဲ့အစိုင်းခဲကြီးကိုပိုက်ပြီးနေလာခဲ့ရာမှအကြောင်းတရားတွေတိုက်ဆိုင်သွားတဲ့အခါကွဲထွက်လွင့်စင်ကုန်ပါတော့တယ်။ရုပ်ရှင်ဟာအမျောပုံစံဖြစ်ပြီး အေးအေးဆေးဆေးပေါ့ပေ့ါပါးပါး ရယ်မောစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…  1.59 GB /  790 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 48m Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Paing 
movie

Afternoon Delight (2013)

2013