Channel Myanmar

2012

Dungeons & Dragons: The Book of Vile Darkness (2012)
Dungeons & Dragons: The Book of Vile Darkness (2012) Dungeons & Dragons : The Book of Vile Darkness (2012)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy ...
movie

Dungeons & Dragons: The Book of Vile Darkness (2012)

2012
Bol Bachchan(2012) 5.3
Bol Bachchan(2012) Bol Bachchan (2012) Action, Comedy IMDb 5.6/10 (9.3K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး မင်းသားကြီးအဂျေးနဲ့ အဘီရှိခ်ဘဂျမ်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၅၀ (ကန်ဒေါ်လာ ၆.၃သန်း) မှာ ကုဋေ ၁၆၅ (ကန်ဒေါ်လာ ၂၁သန်း) အထိ ပြန်လည်ရရှိခဲ့ပြီး ဒီကားထဲမှာ အဘီရှိခ်ဘဂျမ်းဟာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု အကောင်းဆုံး ဟာသသရုပ်ဆောင်ဆု စတဲ့ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်...။အဗာစ်က အမွေဆိုင်အိမ်ကြီးကို အမှုရှုံးသွားပြီးတဲ့နောက် ဘဝပျက်သွားခဲ့တယ်။ ကြံရာမရတဲ့အဆုံး ညီမဖြစ်သူ ဆာနီယားနဲ့အတူ ရနခ်ပူးဆိုတဲ့ ရွာလေးမှာ အခြေချဖု့ိထွက်လာခဲ့ပါတယ်။အဲ့ဒီရွာမှာ ပရစ်ထဗီရာဂျ်ဆိုတဲ့ ဩဇာအာဏာအရှိဆုံးလူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရိုးတယ် တုံးတယ်ပေါ့။သူမကြိုက်ဆုံးအချက်က လိမ်တာပါပဲ။ တစ်ခါက သူ့ကိုလိမ်ခဲ့ဖူးတဲ့ သူ့အလုပ်သမားတစ်ယောက်ကို ရိုက်လိုက်တာ တော်ရုံနဲ့ ဆေးရုံကနေ မဆင်းနိုင်တော့ပါဘူး။အဲ့ဒီမှာပဲ အဗာစ်ဟာ မလွဲသာမရှောင်သာနဲ့ ပရစ်ထဗီဆီမှာ အလုပ်ရသွားပြီး တစ်လိမ်ပေါ် နှစ်လိမ်ဆင့် အလိမ်ချင်းထပ်လာတဲ့အခါမှာတော့ ဇာတ်ကားလေး ဘယ်လိုကြည့်ကောင်းလာမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…4.17GB / 1.7GB Quality…1080p BluRay Remux /720p Format…mp4 Duration….2h ...
movie

Bol Bachchan(2012)

2012
Ghost Island 3 (2012)
Ghost Island 3 (2012) Pulau Hantu(Ghost Island) - 3(2012)Pulau Hantu 1 နဲ့ 2 တို့ရဲ့အဆက် Pulau Hantu 3 ပါဒီဇာတ်ကားမှာတော့ cast အဟောင်းတွေထဲက နေးရိုတစ်ယောက်ပဲ ပြန်ပါပြီး cast အသစ်တွေနဲ့ အားဖြည့်ထားပါတယ်လတ်လျားလတ်လျား ဖြစ်နေတဲ့ နေးရိုနဲ့သူ့သူငယ်ချင်း ကီမိုတို့ လုပ်ငန်းအတွေ့အကြုံ မလိုတဲ့ အလုပ်ခေါ်စာတစ်ခု သတင်းစာထဲမှာ တွေ့တာနဲ့ လျှောက်လိုက်ကြပါတယ်အလုပ်က ဖွင့်ထားတာ ၆ လပဲ ရှိသေးတဲ့ ကျွန်းတစ်ကျွန်းပေါ်က အပန်းဖြေစခန်းမှာ လုပ်ရမှာပါအဲဒီကျွန်းက နေးရိုကို နှစ်ကြိမ်တိုင်တိုင် ကောင်းကောင်းကြီး ဧည့်ခံပေးခဲ့တဲ့ ကျွန်းပါအရင် Pulau Hantu 1 နဲ့ 2 မှာတုန်းက လူသူကင်းရှင်းတဲ့ တစ္ဆေကျွန်းကြီး ဖြစ်ခဲ့ပေမဲ့ ဒီဇာတ်ကားမှာတော့ လူစည်ကားတဲ့ အပန်းဖြေစခန်း တစ်ခု ဖြစ်နေပါပြီအပန်းဖြေစခန်းပိုင်ရှင် အမျိုးသားက ရုပ်ရည်ချောမောပြီး သဘောကောင်းပုံရပေမဲ့ မကောင်းဆိုးဝါးတွေနဲ့ ဆက်သွယ်ပြီး သေသွားတဲ့သူ့မိန်းမကို ပြန်ခေါ်ဖို့ ကြံစည်နေတဲ့သူပါတစ္ဆေကျွန်းရဲ့ ...
movie

Ghost Island 3 (2012)

2012
Act of Valor(2012) 7.0
Act of Valor(2012)   Act of Valor (2012) ကော်စတာရီကာရဲ့ဟိုတယ်တစ်ခုမှာCIA အေးဂျင့်၂ယောက်တည်းခိုနေတယ်...ဒီသတင်းကိုဘယ်ကဘယ်လိုရတယ်မသိ..အကြမ်းဖက်သမားများရောက်ရှိလာပြီးအမျိုးသားအေးဂျင့်ကိုတော့နဖူးကိုကျည်တစ်တောင့်ပစ်ကျွေးပြီးအမျိုးသမီးအေးဂျင့်ဖြစ်သူကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်....ဒီနောက်မှာတော့အမျိုးသမီးအေးဂျင့်ကိုပြန်လည်ခေါ်ယူဖို့မရိန်းစစ်သားတွေကိုအမေရိကန်တို့စုစည်းခဲ့တယ်...အေးဂျင့်အမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သူဟာတကယ့်ထိပ်သီးဒုစရိုက်ခေါင်းဆောင်ဖြစ်နေတဲ့အပြင်ခေတ်မှီလက်နက်ကြေးစားလက်နက်ကိုင်စစ်သည်တို့အပြည့်နဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်...ဒီအမှုမှာမူးယစ်ရာဇာတွေအကြမ်းဖက်သမားတွေနဲ့တကယ့်ကိုကြောက်စရာအရှုတ်အထွေးကြီးပါပဲ...ဒါပေမယ့် ကယ်ထုတ်တဲ့စစ်ဆင်ရေးဟာ ထင်သလောက် မလွယ်ကူတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဟာအမေရိကန်နိုင်ငံအတွက် စက်တင်ဘာ-၁၁ရက် အရေးအခင်း ထက်ပိုဆိုးတာတွေ ကြုံလာနိုင်ကြောင်း သိရှိလာရတဲ့အခါမှာတော့…..။ကိုင်းမရိန်းတပ်သားတွေဘယ်လိုအစီအစဉ်တွေဆွဲကြလဲ....သူတို့အကုန်လုံးအသက်ပျောက်သွားနိုင်လား...အောင်မြင်ကြပါ့မလား...CIA အေးဂျင့်အမျိုးသမီးကိုရောကယ်တင်နိုင်ပါ့မလား....ထင်ထားတာထက်တိုက်ပွဲတွေကြမ်းနေမလား...ခံစားကြည့်လိုက်ပါဦးဗျို့...စစ်ကားကြိုက်သူတို့အဖို့နင်းကန်ကြည့်သင့်ပါကြောင်း.......  File Size :(2.5GB) (1.1 GB) and (327 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:41:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae
movie

Act of Valor(2012)

2012
Liberal Arts (2012) 6.7
Liberal Arts (2012) Liberal Arts (2012)~ IMDb - 6.7/10, Rotten Tomatoes - 71% ~Cast တွေကို ကြည့်လိုက်ရုံနဲ့တင် ပေါ့ပေါ့တန်တန်ကား မဟုတ်တာ သဘောပေါက်ကြမယ့် ၂၀၁၂ ထွက် Drama Comedy ဇာတ်ကားလေးတစ်ကားပါ။ ပုရိသတို့အသည်းစွဲ မမ Elizabeth Olsen ရယ်၊ HIMYM က ကိုယ်တွေရဲ့ ဘော်ဒါကြီးတက်ဒ် ဖြစ်တဲ့ Josh Radnor တို့ရယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ဒီဇာတ်ကားလေးမှာတော့ တက်ဒ်ဟာ ကျောင်း၀င်ခွင့်အရာရှိတစ်ယောက်ဖြစ်တဲ့ ဂျက်ဆီနေရာကနေ သရုပ်ဆောင်ထားပါတယ်။ HIMYM မှာကတည်းက အသည်းကွဲဘော်ဒါကြီး တက်ဒ်ဟာတော့ ဒီထဲမှာလည်း အိမ်ထောင်ကွဲခါစ အသည်းကွဲသမားကြီး ဖြစ်နေပြန်ပါတယ်။ ဂျက်ဆီရဲ့ ကျောင်းသားဘ၀က ဆရာဖြစ်သူ ပီတာရဲ့ အငြိမ်းစားယူပွဲလေးကြောင့် ကောလိပ်တက်ခဲ့ရာ‌ဒေသကို ခဏပြန်လာခဲ့ရင်း ကျောင်းသူတစ်ဦးဖြစ်တဲ့ ဇစ်ဘီနဲ့ ဆုံမိကြတယ်။ အိမ်ထောင်ကွဲခါစ ဂျက်ဆီနဲ့ ကောလိပ်က ...
movie

Liberal Arts (2012)

2012
David (2012)
David (2012) David (2012)=============လူရယ်လို့ဖြစ်လာတာနဲ့ အဆင်မပြေမှုတွေ၊ အလိုမကျမှုတွေ၊ စိတ်ဆင်းရဲစရာတွေ၊ ၀မ်းနည်းစရာတွေ တွေ့ကြုံကိုကြုံရပါတယ်။ အမေ့ဗိုက်ကထွက်လာကတည်းကငို၊ ဗိုက်ဆာလို့ငို၊ နို့ဖြတ်လို့ငို၊ မှောက်လဲလို့ငို၊ လိုချင်တာမရလို့ငို၊ ဆရာမရိုက်လို့ငို၊ အသဲကွဲလို့ငို၊ အလုပ်ပြုတ်လို့ငို၊ ချစ်ရသူတွေဆုံးရှုံးရလို့ငို၊ နောင်တရလို့ငို အစရှိသ၍ လူတိုင်းလူတိုင်းဟာ ကိုယ့်အပူ ကိုယ့်စိတ်တိုင်းမကျမှုတွေနဲ့ ဘ၀ကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနေကြရပါတယ်။ ဒါပေမယ့် ဒီလိုပူပင်မှု၊ နာကျင်မှုတွေကို အရှိအရှိအတိုင်း လက်ခံလိုက်မယ်ဆိုရင် ဘ၀ကြီးဟာ နဂိုရှိရင်းစွဲထက် အနည်းငယ်လောက်တော့ နေလို့ကောင်းသွားမယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးပေးထားတဲ့ ဘောလီဝုဒ်ဇာတ်ကားကောင်းလေး ‌David ကို မိတ်ဆက်ပေးချင်ပါတယ်။ဒီကားမှာတော့ တစ်နယ်တစ်ရပ်စီက ဒေးဗစ်တွေရဲ့ ဘ၀ဇာတ်ခုံအနိမ့်အမြင့်တွေနဲ့အတူ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ နာကျင်မှုတွေကို ဘယ်လိုကိုင်တွယ်သွားကြလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ပထမဒေးဗစ်ဟာ သူ့အမေ၊သူ့မွေးစားအဖေနဲ့ ရဲတွေရဲ့ဇာတ်ရှုပ်တွေကြား ဘာမှမသိဘဲ ၀င်ပါခဲ့ရပါတယ်။ ဒုတိယဒေးဗစ်ဟာ ပရော်ဖက်ရှင်နယ်ဂီတသမားဖြစ်ချင်သူဖြစ်ပြီး နိုင်ငံခြားသွားရခါနီးမှာပဲ ခရစ်ယာန်ဘုန်း‌တော်ဖြစ်သူ သူ့အဖေနဲ့ ဘာသာရေးအစွန်းရောက်တွေအကြား အရွယ်နဲ့မလိုက်အောင် ရင်ဆိုင်ခဲ့ရပါတယ်။တတိယဒေးဗစ်ဟာ သူချစ်ရတဲ့သူက သူ့သူငယ်ချင်းနဲ့လက်ထပ်ခါနီးဖြစ်နေတဲ့အချိန် သူ့ချစ်သူကိုရဖို့ကြိုးစားရင်း ပူလောင်နေရပါတယ်။ ဒီလိုမတူညီတဲ့ပြဿနာမျိုးစုံကို ဒေးဗစ်တို့တတွေ ဘယ်လိုမျိုးဖြေရှင်းသွားကြလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…2.9GB  / 1.3GB Quality…1080p  WEBRIP ...
movie

David (2012)

2012
Raaz 3 (2012) 4.1
Raaz 3 (2012) Raaz 3: The Third Dimension (2012)လောကမှာ လူတွေဟာ လိုအင်ဆန္ဒတွေနဲ့ ရစ်ပတ်ဖွဲ့နှောင်ထားတယ်... ဒီလိုအင်ဆန္ဒတွေဟာ တစ်ပါးသူအပေါ် ကောင်းကျိုးပြုနိုင်သလို သူများဘဝကိုစုတ်ပြတ်သပ်သွားအောင်လည်း လုပ်နိုင်ပါတယ်...ဒီလိုအင်ဆန္ဒတွေ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားရင်တော့ လူ့အသက်ကိုတောင် နှုတ်ယူလိုက်နိုင်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဒီ့ရဲ့သာဓကတစ်ခုပါပဲ...ရှနာယားဟာ ပြီးပြည့်စုံနေပေမယ့်လည်း ဒီနှစ်ရဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို လွန်စွာလိုချင်နေခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်...နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာလေး အာဒိသယနဲ့လည်း တိတ်တိတ်ပုန်းတွဲနေသူလေးပေါ့..ဒါပေမဲ့ ဒီဆုကို တက်သစ်စ မင်းသမီး ဆန်ဂျနားက ဆွတ်ခူးရရှိသွားခဲ့ပါတယ်...ကိုယ့်အတွက်လို့ ထင်ထားခဲ့တဲ့အရာက သူများလက်ထဲပါသွားလို့ စိတ်သောကရောက်ရတာကတစ်ဖက် တက်သစ်စလေးက ကိုယ့်ကိုကျော်တက်သွားလို့ ခံပြင်းတာကတစ်ဖက်နဲ့ သူမဟာ မကောင်းတဲ့အာဃာတအမုန်းတရားတွေ ဝင်လာပါတော့တယ်...ဒီလိုနဲ့ နတ်ဆိုးနဲ့အပေးအယူလုပ်ပြီး ဆန်ဂျနားကို ဒုက္ခပေးလာခဲ့တဲ့အခါမှာတော့...။စိတ်ဝင်စားစရာကောင်းတဲ့ တခြားအပိုင်းတွေကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါဦးနော်..ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ အင်မရန်းဟက်ရှမီ ဗီပါရှားဗာဆူး နဲ့ အေရှားဂုပ်သားတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဘားဂျက် ရူပီ သန်း၂၅၀အသုံးပြုခဲ့ပြီး Box Office မှာ ရူပီ သန်း၉၇၀ပြန်လည်ရရှိခဲ့ပါတယ် World-wide အနေနဲ့ကတော့ အမေရိကန် ဒေါ်လာ 12million အထိရရှိခဲ့ပါတယ်.. File size…3GB / 1GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 19m Subtitle….Myanmar ...
movie

Raaz 3 (2012)

2012
Rigodon (2012) 5.9
Rigodon (2012) (18+) Rigodon (2012)2012 ခုနှစ်မှာ ထွက်ရှိခဲ့တဲ ဖိလစ်ပိုင် အိမ်ထောင်ရေးကားလေးပါRigodon ဆိုတာက စပိန်ကနေ ဆင်းသက်လာတဲ့ စကားဖြစ်ပြီးတော့ ဖိလစ်ပိုင်လိုကတော့ "ကချေသည်" လို့ ဆိုလိုတာပါ။ ဘဝ ဆိုတာက တီးလုံးနဲ့လိုက်ပြီး ကနေရတဲ့ ကချေသည်လိုပါပဲ နိမ့်ချည်တစ်ခါ မြင့်ချည်နဲ့တစ်လှည့်နဲ့ပေါ့။ ရစ်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ခါနီး အိမ်ထောင်စောစောစီးစီးကျပြီးတော့ ကိုယ့်ရဲ့ အိပ်မက်နောက် မလိုက်နိုင်ခဲ့ပဲ လမ်းပျောက်နေခဲ့တယ်။ ဒါပေမဲ့လဲ သူဟာ သူ့ရဲ့သရုပ်ဆောင်ဘဝကို ပြန်လိုချင်ပြီး လုပ်မိလုပ်ရာ လုပ်ခဲ့မိပါတယ်။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းဟာလဲ သူ့လို အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ လူတစ်ယောက်အတွက် နေရာဆိုတာ မရှိခဲ့ပါဘူး။ နောက်ဆုံးတော့ အိမ်ထောင်ရေးကို လျစ်လျှူရှုကာ မိမိ ငယ်ဘဝက မလုပ်ခဲ့ရတာ မဖြစ်ခဲ့ရတာတွေကို ပြန်လည်အကောင်ထည်ဖော်ရင်း ရစ်ကီရဲ့ နောက်ကွယ်က ဘဝဟာ ဘယ်လိုလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။*** တစ်ခုသတိချပ်စရာရှိတာက အိမ်ထောင်ရေးကားဆိုပေမဲ့ အဖော်အချွတ်နဲ့ ကုတင်ပေါ်ကအခန်းတွေ ပါဝင်တဲ့အတွက် မိသားစုနဲ့တော့ ကြည့်ရှုလို့ မသင့်တော်ပါဘူး။ အကြံပေးတဲ့အနေနဲ့ မြသန်းတင့် ဘာသာပြန်ထားတဲ့ "စစ်နဲ့ငြိမ်းချမ်းရေး" စာအုပ်ထဲက ...
movie

Rigodon (2012)

2012
Frankenweenie (2012) 6.9
Frankenweenie (2012) Frankenweenie (2012)~ IMDb - 6.9/10, Rotten Tomatoes - 87% ~ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်း‌အကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာ‌ပေါ့။ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ...
movie

Frankenweenie (2012)

2012
Inescapable (2012) 5.2
Inescapable (2012) Inescapable (2012) ==============၂၀၁၂ က ထွက်ရှိခဲ့တဲ့ နိုင်ငံရေးနောက်ခံပြုထားတဲ့ Drama, Thriller ဇာတ်ကားတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်။ MCU ရဲ့ Spider-man သုံးကားထဲမှာ အန်တီမေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Marisa Tomei ရဲ့ အလှအပ တွေကိုလည်း ခံစားရဦးမှာပါ။အာဒိဒ်ဟာ ကနေဒါ နိုင်ငံ တိုရန်တိုမှာ ဇနီးတစ်ယောက်၊ သမီးနှစ်ယောက်နဲ့ အခြေတကျ နေထိုင်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းလာခဲ့သူပါ။ သူ့သမီး ဖြစ်သူ နှစ်ယောက်ကတော့ သူ့အဖေရဲ့ ‌အတိတ်ကို သိချင်ပေမယ့် အာဒိဒ်ဟာ ပြောမပြခဲ့ပါဘူး။  တစ်နေ့မှာတော့ သမီးအကြီးဖြစ်သူ မူနာ ဟာ ဆီးရီးယားနိုင်ငံ ဒက်မာစကတ်မြို့မှာ ပျောက်ဆုံးသွားပါတော့တယ်။ သမီးအကြီးက ဂရိနိုင်ငံကနေ ဓာတ်ပုံရိုက်ကူးရေးလုပ်ရင်း ကနေဒါကို ပြန်မလာဘဲ သူ့အဖေအကြောင်းကို စုံစမ်းချင်တဲ့အတွက် ဆီးရီးယားနိုင်ငံကို အဖေမသိအောင် ခိုးသွားခဲ့တာပါ။အာဒိဒ်လည်း သတင်းရရချင်း သမီးဖြစ်သူကို ကယ်ဆယ်ဖို့ ဆီးရီးယားနိုင်ငံကို ပြန်သွားခဲ့ရင်း သူ ချန်ထားခဲ့ပြီ ဖြစ်တဲ့ သူ့ဘဝအဟောင်းက ဇာတ်လမ်းတွေ ပြန်လိုက်ပါတော့တယ်။ သမီးကို ကယ်တင်ချင်စိတ်ကြီးနေတဲ့ အာဒိဒ် ...
movie

Inescapable (2012)

2012
Red Tails (2012) 5.9
Red Tails (2012) Red Tails (2012) ================ Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း ...
movie

Red Tails (2012)

2012
Men in Black 3 (2012) 6.8
Men in Black 3 (2012) ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်...အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်...တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
movie

Men in Black 3 (2012)

2012
4K HEVC
The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
Safe (2012) 6.5
Safe (2012) Safe (2012)မိုင် လို့ခေါ်တဲ့ တရုတ်မလေးက တစ်ခါမြင်ထားလိုက်ရင် ဘယ်တော့မှ မမေ့တော့အောင်အထိကို မှတ်ဉာဏ်တအားကောင်း လွန်းတဲ့သူပါ။ ဒီလို ဉာဏ်ကောင်းတဲ့အတွက်လည်း ဒုစရိုက်ဂိုဏ်းအချို့နဲ့ လုပ်ငန်းရှင်အချို့က မိုင်ကို အပြိုင်အဆိုင် အလို ရှိနေကြပါတယ်။တစ်ရက်မှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတစ်ယောက် က မိုင်ကို ပြန်ပေးသွားပြီး သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီကို ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ လုခ်ရိုက် က ရုရှားမာဖီယားတွေ နဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိလိုက်တာကြောင့် မာဖီယားတွေက လုခ် ရဲ့ ဇနီးသည်ကိုသတ်ပြီး လက်စားချေသွားပါတယ်။ ဇနီးသည်ဆုံးရှုံးလိုက်ရတဲ့ လုခ်လည်း အရက်သမားလုံးလုံးဖြစ်ပြီး အိမ်ခြေယာမဲ့အနေနဲ့ လေလွင့်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်ကြီး က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး သိပ်မကြာခင်မှာပဲ ရုရှားမာဖီးယားတွေက မိုင့်ကို ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။အခွင့်အရေးရတုန်း မာဖီးယားတွေလက်ကနေ ပြေးလာတဲ့ မိုင် နဲ့ လုခ်တို့ ...
movie

Safe (2012)

2012
Contraband (2012) 6.4
Contraband (2012) Contraband (2012)ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ...ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 ...
movie

Contraband (2012)

2012
John Carter (2012) 6.6
John Carter (2012) WALL-E , Finding Dory ,Toy Story တို့လို Animation ကောင်းတွေရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Andrew Stanton ရဲ့ Live Action ဇာတ်ကားဖြစ်ပါတယ်။ Walt Disney က ထုတ်လုပ်ထားတာဖြစ်ပြီး Action Scene တွေ မိုက်တာကြောင့်ရယ် မားစ်ဂြိုဟ်ပေါ်က ရှုခင်းတွေရယ် ထူးဆန်းတဲ့အကောင်ဗလောင်တွေရယ်ကြာင့် ဒီဇာတ်ကားက ကြည့်ဖူးသူတိုင်း အမှတ်ရမိတတ်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဂျွန်ကာတာဆိုသူဟာ အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပေါ့...သူဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အခုချိန်မှာ အပူမရှာဘဲ အေးအေးဆေးဆေး နေချင်တဲ့ သူတစ်ယောက်ပေါ့။ ဒါပေမယ့် အေးဆေးမနေရဘဲ သူ့ကို စစ်မှုပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။သူဟာ စစ်ပွဲထဲမှာ အင်ဒီးယန်းလူနီတွေရဲ့ လက်ကလွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ် အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကို သူပါ ရွတ်ဆိုလိုက်တဲ့အခါမှာ ရုတ်တရက်မေ့မျောသွားပါတော့တယ်။ သူပြန်သတိရတဲ့ အချိန်မှာတော့ ...
movie

John Carter (2012)

2012
1080p HEVC
Memorial Day (2012) 6.1
Memorial Day (2012) Memorial Day (2012)================IMDb Rating - 6.1/10ဒီဇာတ်ကားဟာ ပစ်တယ်၊ ခတ်တယ်၊ လူတွေ သေတယ်ဆိုတဲ့သာမန်ရိုးကျ စစ်ကားတစ်ကားမဟုတ်ပါဘူး။ စစ်ပွဲ တစ်ပွဲမှာပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်ပြန် စစ်သားဟောင်းတွေရဲ့ နောက်ကွယ်ကခံစားချက်တွေကို ‌ဖော်ပြပေးနေတဲ့ စစ်ပွဲနောက်ခံပြု ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အီရတ်မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ ဆာဂျင် ကိုင်းလ် ဗိုဂယ်ဟာစစ်ဆင်ရေးလုပ်ဆောင်ရင်း အမှတ်တရပစ္စည်းတွေ စုဆောင်းတတ်သူတစ်ယောက်ပါ။ တစ်နေ့မှာ စစ်ဆင်‌ရေးလုပ်ဆောင်ရင်း ကိုင်းလ်တစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတက်လိုက်ရပါတော့တယ်။ဆေးရုံတက်ရင်း အဘိုးဖြစ်သူပြောပြခဲ့တဲ့ ဇာတ်လမ်းများကိုပြန်ပြောင်းပြောဖို့ ဖြစ်လာပါတော့တယ်။ ကိုင်းလ်ရဲ့ အဘိုးဖြစ်သူ ဘက်တ်ဗိုဂယ်ဟာ ဒုတိယကမ္ဘာစစ်မှာတိုက်ပွဲဝင်ခဲ့တဲ့ စစ်သားဟောင်းကြီး တစ်ယောက်ပါ။ ဘက်တ်ဟာစစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှပြန်မပြောဘဲအမှတ်တရပစ္စည်းများကိုသာ သိမ်းထားပါတယ်။ ကိုင်းလ် ငယ်စဥ်က တူတူပုန်းတမ်းကစားရင်း အဘိုးရဲ့ ပစ္စည်းတွေ သိမ်းထားတဲ့သေတ္တာကြီးကို တွေ့သွားပါတော့တယ်။ ထိုသေတ္တာကြီးကို တွေ့ရာမှအဘိုးဖြစ်သူရဲ့ လျှို့ဝှက်ထားတဲ့ စစ်ပွဲအတွင်း အဖြစ်အပျက်တွေကိုကိုင်းလ် နားဆင်ရပါတော့တယ်။  စစ်ပွဲဆိုတာ ခေတ်သာ ပြောင်းသွားတယ် အဖြစ်အပျက်တွေက ...
movie

Memorial Day (2012)

2012
Girls Gone Dead (2012) 4.5
Girls Gone Dead (2012) Girls Gone Dead (2012)=================(18+ Warning ......သွေးသံတရဲရဲတွေ၊ အဖော်အချွတ်တွေ၊ ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေ ပါဝင်သည့်အတွက် အသက် ၁၈ နှစ်ပြည့်ပြိးမှသာ ကြည့်ရန်နှင့် မိသားစုနှင့်အတူ ကြည့်ရန် မသင့်ပါ။)၂၀၁၂ ခုနှစ်က ထွက်ရှိထားတဲ့ Thriller ကားလေးကို တင်ဆက် ပေးလိုက်ပါတယ်။ သွေးသံတရဲရဲနဲ့ လူသတ်မယ်၊ မိန်းကလေး လှလှလေးတွေရဲ့ အလှအပကို မြင်ရမယ် အဲလို သမာရိုးကျ လူသတ်ကားမျိုးကို ကြိုက်နှစ်သက်တွေအတွက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ဇာတ်လမ်းအကျဥ◌်းလေးပြောပြရရင် သူငယ်ချင်း ၆ ယောက်ဟာ ‌ နွေရာသီအားလပ်ရက် ကောလိပ်ပိတ်ရက်မှာ ခရီးတစ်ခုကို ထွက်ခဲ့ ကြပါတယ်။ ရေဘက္ကာဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ အမေဖြစ်သူထံမှ ခွင့်ပြုချက်တောင်းပြီး အဆိုပါခရီးစဥ်မှာ လိုက်ပါလာခဲ့ပါတယ်။ သူငယ်ချင်းတစ်စုဟာ အိမ်တစ်အိမ်မှာတည်းခိုရင်း ပျော်ကြပါးကြနဲ့ အပန်းဖြေနေရင်း လူတစ်ယောက်က သူတို့ကို စောင့်ကြည့်နေတာ ကိုတော့ မသိခဲ့ကြပါဘူး။မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်ယောက်ဟာ အလယ်ခေတ်က စစ်ပွဲတွေမှာ ကိုင်ဆောင်တဲ့ တူနဲ့ ပုဆိန်တွေကို အသုံးပြုပြီး အဆိုပါ ကောင်မ‌လေးများကို အမဲလိုက်သလို လိုက်လံသတ်ဖြတ်ပါတော့တယ်။ ဒါကြောင့် ရေဘက္ကာတို့ သူငယ်ချင်းတစ်စု အသက်ရှင်နိုင်ပါ့မလား။ အသက်ရှင်ဖို့ ...
movie

Girls Gone Dead (2012)

2012
(18+)Dirty Blondes from Beyond(2012) 4.1
(18+)Dirty Blondes from Beyond(2012) မိန်းကလေးတွေချည်းပဲရှိတဲ့ဂြိုလ်တွေ စကြာဝဠာကြီးထဲမှာရှိနေပါတယ်အဲဒီထဲမှာ Vulvian ဂြိုလ်နဲ့ Byfrexia ဂြိုလ်က ပြိုက်ဖက်ဂြိုလ်တွေဖြစ်နေပါတယ်တစ်နေ့မှာတော့ Byfrexia ဂြိုလ်ကရာသီဥတုဆိုးရွားတဲ့ဒါဏ်ကို အပြင်းထန်ခံစားရပါတယ်Byfrexia ဂြိုလ်အရှင်သခင်မက ပြိုင်ဖက်ဂြိုလ် Vulvian သခင်မဆီနည်းပညာအကူညီလှမ်းတောင်းပါတယ်Vulvian သခင်မကလည်းအကူညီပေးမယ်ဆိုပြီး ကတိပြုလိုက်ပါတယ်တကယ်တော့ အဲဒီကတိက လိမ်ညာကတိပါပဲသူ့ရဲ့ရည်ရွယ်ချက်ရှိနေပါတယ် အဲဒါကတော့ Byfrexia ဂြိုလ်ကိုကျူးကျော်ပြီးမင်းသမီးကိုလိုချင်လို့ပါပဲByfrexia ဂြိုလ်သခင်မကတော့ သူထင်သလိုဖြစ်မလာပဲ တိုက်ခိုက်ခံရမှန်းသိလာတော့ခြေဦးတည့်ရာ ပြေးရပါတော့တယ်ပြေးရင်းပြေးရင်းပဲ ယာဉ်ချို့ယွင်းပြီး ကမ္ဘာဂြိုလ်ပေါ်ဆင်းသက်လိုက်ရပါတော့တယ်အဲဒီအချိန်မှာပဲ သူတို့ မမြင်ဖူးပဲ ကြားဖူးနားဝရှိတဲ့ပေါင်သုံးချောင်းမျိုးစိတ်နဲ့စတွေ့ပါတော့တယ်တစ်ဖက်မှာလည်း သူတို့နောက်ကို သဲကြီးမဲကြီးလိုက်နေတဲ့Vulvian ဂြိုလ်သူမအဖွဲ့ကလည်း ရှိနေပြန်ပါတယ်ယာဉ်ပျံပြင်ဖို့ ပစ္စည်းတွေရှာရင်း မျိုးစိတ်သစ်နဲ့ ထူးဆန်းတဲ့အရာတွေကိုတဝကြီး လေ့လာတဲ့ အကိတ်ဂြိုလ်သူမတွေသူတို့ရဲ့ ထူးခြားတဲ့ခံယူမှုသူတို့ရဲ့အမြင် တွေက လိင်ပိုင်းဆိုင်ရာကိုဦးစားပေးထားခြင်းဖြစ်လို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး File size…1.3GB / 575MB Quality…1080p / 720p Format...mp4 Duration…. 1h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder…X Cross Translated by Ki Mu Chi
movie

(18+)Dirty Blondes from Beyond(2012)

2012
[18+] Jan Dara: The Beginning (2012) 5.7
[18+] Jan Dara: The Beginning (2012) ဒီဇာတ်ကားကတော့ ထိုင်းမင်းသားမာရီယို နုစဉ်ကာလက ရိုက်ကူးထားတဲ့ 18+ Erotic Drama ထိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်...မွေးဖွားတုန်းက မိခင်ဆုံးပါးသွားတာကြောင့် ဖခင်ဖြစ်သူရဲ့ မုန်းတီးခြင်းကိုခံခဲ့ရတဲ့ ဂျန် အဘွားဖြစ်သူရဲ့ ကယ်တင်မှုကြောင့် မွေးမွေးပြီးခြင်း အသက်ဘေးကလွတ်ခဲ့ရတဲ့ ဂျန် မိခင်ဖြစ်သူရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် လူလားမြောက်ခဲ့ရတဲ့ ဂျန် ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပေါ့။၁၉၁၅ ခုနှစ် မုန်တိုင်းထန်တဲ့ ညတစ်ည ဘန်ကောက်မြို့ ဗလန်ပူးအိမ်တော်ကြီး မှာ ပျားပန်းခေတ်မျှအလုပ်ရှုပ်နေကြတဲ့ အလုပ်သမားများနဲ့ မခံမရပ်နိုင်နာကျင်မှုကို အံတုပြီး မိမိရဲ့ ရင်သွေးကို မွေးဖို့ ကြိုးစားနေတဲ့ အိမ်တော်ရဲ့ သခင်မ ဒါရာဟာ သူမရဲ့သားလေး ဂျန်ကို မွေးမွေးပြီးခြင်း လောကကြီးကို ကျောခိုင်းစွန့်ခွာသွားခဲ့ပါတယ်။ မိန်းမဖြစ်သူကို ဆုံးရှုံလိုက်ရတဲ့ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာက ဂျန်ကို သတ်ပစ်ဖို့အထိ မိုက်လုံးကြီးခဲ့ပေမယ့် ဘွားအေဖြစ်သူ၏ကယ်တင်မှုကြောင့် လောကကြီးမှာ ဆက်လက်ရှင်သန်ခွင့်ရခဲ့သလို ဖခင်ဖြစ်သူရဲ့ အမုန်းတရားကိုပါ မွေးမွေးပြီးခြင်းလက်ခံရရှိလိုက်ပါတော့တယ်။ မိခင်ရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူ ဝက်ဒ်ရဲ့ ပြုစုမှုနဲ့သာ ဂျန်ဟာ လူလားမြောက်ခဲ့ရပါတယ်။ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာဟာ မိန်းမဖြစ်သူ သေဆုံးပြီး အစောပိုင်းမှာ ငြိမ်နေခဲ့ပေမယ့် ဗလန်ပူးအိမ်တော်ကြီးရဲ့ ...
movie

[18+] Jan Dara: The Beginning (2012)

2012