Channel Myanmar

2012

Shahid (2012) 8.2
Shahid (2012) Shahid (2012) "အမှန်တရားဘက်တော်သား" IMDb -8.2/10ချတာတွေလည်းမကြိုက်ဘူး။ ရိုတာတွေလည်းငြီးငွေ့နေကြတဲ့ CM ပရိသတ်ကြီးအတွက် ရုံတင်အမြတ်ငွေ 5 ဆကျော်ရခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်လည်းဖြစ်၊ Scam 1992ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီးHansal Mehtaတစ်‌ယောက် ကားတိုင်းအရှုံးပေါ်နေရာကနေ ဝက်ဝက်ကွဲပြန်အောင်မြင်ခဲ့တဲ့ Biography movieလေးတစ်ကားဖြစ်တဲ့ Shahidဆိုတဲ့movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးကိုတော့ ရှေ့နေကြီးShahid Azmiတစ်ယောက် လုပ်ကြံခံရပြီးချိန်မှာရိုက်ကူးဖို့ ဒါရိုက်တာMehtaတစ်‌ယောက် အကြံရခဲ့တာဖြစ်ပါတယ်။ဘုံဘေအဓိကရုဏ်းဖြစ်ချိန်မှာ ရှာဟစ်ဒ်ဟာ ၁၅ နှစ်အရွယ် မြီးကောင်ပေါက်လူငယ်တစ်‌ယောက်၊ ဆယ်ကျော်သက်ပီပီ စူးစမ်းချင်စိတ် မခံချင်စိတ်ကများတော့ အဓိကရုဏ်းထဲဘုမသိဘမသိဝင်စပ်စုရင်း ရဲဘက်ကဖမ်းတဲ့ထဲပါသွားပါတော့တယ်။ ဒါပေမဲ့ အသက်မပြည့်သေးတော့ ရှာဟစ်ဒ်ပြန်လွတ်လာတာပါတယ်။အဓိကရုဏ်းမှာ ကမောက်ကမဖြစ်နေတဲ့ကြား ရှာဟစ်ဒ်တစ်‌ယောက် အကြမ်းဖက်လေ့ကျင့်ရေးစခန်းကိုလိုက်သွားခဲ့ပေမဲ့ အကြမ်းဖက်တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေတာကိုမြင်ပြီး ဘုံဘေကိုပြန်လာခဲ့ပေမဲ့ ရဲဘက်ကသတင်းရပြီး ရှာဟစ်ဒ်တစ်‌ယောက် အကြမ်းဖက်ကာကွယ်ရေးဥပဒေ(POTA)နဲ့ငြိပြီး ဖမ်းခံရပါတော့တယ်။အကြမ်းဖက်မှုနဲ့ဖမ်းခံရ အတင်းအကြပ်အပြစ်တွေဝန်ခံခဲ့ရပြီး ထောင်နန်းစံခဲ့တဲ့ ရှာဟစ်ဒ်တစ်ယောက် ထောင်ထဲမှာ ဦးနှောက်ဆေးချင်သူတွေ ဖျက်ဆီးချင်သူတွေ ဒုနဲ့ဒေးရှိနေပေမဲ့ ကံကောင်းချင်တော့ လမ်းညွှန်ပေးမယ့်သူနဲ့ဆုံပြီး ထောင်ကလွတ်လာချိန်မှာ ဥပဒေပညာကိုသင်ယူလို့ ...
movie

Shahid (2012)

2012
The Courier (2012) 4.5
The Courier (2012) The Courier (2012) ==============ဒီကားလေးကတော့ 2012 တုန်းကထွက်ရှိထားတဲ့ Crime Drama ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ကော်ရီရာ ဆိုတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဟာ Client တွေလာအပ်တဲ့ပစ္စည်း မှန်သမျှကို ပို့ချင်တဲ့သူဆီ မရောက်ရောက်အောင် ပို့ပေးတဲ့ အလုပ် လုပ်ပါတယ်။ ပြောရရင်တော့ မြေအောက်အလုပ်တွေပေါ့။ တစ်ရက် သား သူ့ဆီကို Evil Sivie ဆိုတဲ့ လူတစ်ယောက်ဆီကို SuitCase တစ် ခုပို့ခိုင်းရာကနဲ့ ဇာတ်တည်ထားပါတယ်။လာအပ်တဲ့ Client ကလည်း Evil Sivie ဆိုတဲ့ နာမည်ကလွဲပြီး ဘာမှ မပေးတော့ Evil Sivie ဆိုတဲ့လူတစ်ယောက်အကြောင်းကို လိုက်ရှာရင်း နဲ့ ကော်ရီရာတစ်ယောက် ပစ္စည့်ပို့တာထက်ပိုတဲ့ကိစ္စတွေမှာ ပတ်သတ် မိသွားတဲ့အခါမှာတော့ Evil Sivie ဆိုတဲ့သူကဘယ်သူလဲ ကော်ရီရာတ စ်ယောက်ပတ်သတ်မိတဲ့ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေဘာဆက်ဖြစ်မ လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.4 GB) / (608 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, ...
movie

The Courier (2012)

2012
The Spies (2012) 6.2
The Spies (2012) The Spies 2012 အညွှန်းစပိုင်ကားတွေ ကြိုက်ပါတယ်ဆိုတဲ့လူတွေအဖို့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ မြောက်ကိုရီးယားစပိုင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB 6.2/10 ရရှိထားပြီး Box office 8.3 မီလီယံရရှိထားတာက ၂၀၁၂ ခုနှစ်က အတိုင်းအတာနဲ့ဆို တော်တော်လေး အောင်မြင်ခဲ့တဲ့ ကားလေးတစ်ကားဖြစ်ခဲ့တာပေါ့။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၀ ‌ခေတ်ကာလက မြောက်ကိုရီးယားစပိုင်တွေ တော်တော်ခေတ်ထခဲ့တဲ့ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံက အာဇာနည်ဗိမာန်ဗုံးဖောက်ခွဲမှုကလည်း မြောက်ကိုရီးယားစပိုင်လက်ချက်ပါပဲ။ မြောက်ကိုရီးယားစပိုင်တွေကို တောင်ကိုရီးယားဆီ စေလွှတ်ခဲ့ပြီး နိုင်ငံရေးအခြေအနေကို ထောက်လှမ်းနေခဲ့ကြပါတယ်။ အဲထဲမှာမှ အဖွဲ့မှူးဂင်ကတော့ ရောက်တာကြာနေပြီး မိသားစုကို ဗီရာဂရာ (လိင်ကြီးဆေး) တွေရောင်းပြီး ခက်ခက်ခဲခဲ ရှာကျွေးနေရတာပါ။ တစ်နေ့ကျတော့ မြောက်ကိုရီးယားက ဝန်ကြီးတစ်ယောက် တောင်ကိုရီးယားကိုသစ္စာဖောက်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုလာတဲ့အခါမှာတော့ အရှုပ်အထွေးတွေ စတင်လာပါတော့တယ်။ အဲအချိန်မှာ မြောက်ကိုရီးယားဘက်က စစ်ဆေးရေးခေါင်းဆောင်ကို စေလွှတ်ပြီး အဖွဲ့မှူးဂင်တို့ဆီ ဆက်သွယ်ကာ တောင်ကိုရီးယားမှာ ရောက်နေတဲ့ မြောက်ကိုရီးယားစပိုင်အဖွဲ့ကို ပြန်လည်စုစည်းပြီး ဝန်ကြီးကို လုပ်ကြံဖို့ ကြိုးစားကြပါတော့တယ်။အဲလိုကြိုးစားတဲ့နေရာမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ အောင်မြင်ပါ့မလား ဘယ်လိုအလွဲလေးတွေ ပေါ်လာမလဲဆိုတာ CM ဖန်သားပြင်ပေါ်က ကြည့်ရှုလိုက်ပါဦးနော်ဒီကားထဲမှာ ...
movie

The Spies (2012)

2012
Two Weddings and a Funeral (2012) 6.2
Two Weddings and a Funeral (2012) Two Weddings and A Funeral (2012)ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ တေုင်ကိုရီးယားရဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်က Homosexual တွေရဲ့ဘဝကိုရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီနေ့ခေတ်တောင်ကိုရီးယား လိုမျိုးပွင့်လင်းမြင်သာမှုမရှိသေးတဲ့အချိန်တုန်းက Homosexual ဆိုရင်ရှက်စရာ လူသိမခံချင်စရာကိစ္စလို့သတ်မှတ်နေတဲ့အချိန်မှာ Homosexual ကောင်လေးတစ်ယောက်က မိဘတွေကအိမ်ထောင်ပြုရင် အိမ်ဝယ်ပေးမယ်ဆိုလို့ သူ့လိုပဲ Homosexual ဖြစ်ပြီး ကလေးမွေးစားချင်နေတဲ့ ဆရာဝန်မလေးတစ်ယောက်နဲ့ဟန်ဆောင် လက်ထပ်လိုက်ပါတော့တယ် လက်ထပ်ပြီးနောက်သူတို့ရဲ့မိဘတွေကို အရူးလုံးလုံးပဲလုပ်နိုင်မလား သူတို့ရဲ့ပတ်ဝန်းကျင်မှာရော မရိပ်မိအောင်နေနိုင်ကြပါ့မလားဆိုတာအပြင် တောင်ကိုရီးယား ရဲ့ Homosexual တွေရဲ့ပွင့်လင်းပြီးချစ်စရာကောင်းမှုကို ဟာသလေးရောပြီးကြည့်ရှုရမှာမို့ Bl fan တွေလည်းစမ်းပြီးကြည့်ကြည့်ပါလို့ ညွှန်းချင်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်Genre..... Horror Quality….  720p File size… 785MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator .....Thae Thae Encoder ..... Aaron
movie

Two Weddings and a Funeral (2012)

2012
Papa (2012) 6
Papa (2012) PAPA (2012)ဇာတ်လမ်းရဲ့ အဓိကဇာတ်‌ကောင်ဖြစ်တဲ့ ရှင်းချွန်းဆော့ဟာ အိုင်ဒေါလ်‌မန်နေဂျာအနေနဲ့ တက်သစ်စ နာမည်ကြိးအဆိုတော်မလေးကို စင်တင်ပေးထားနိုင်သူ ဖြစ်ပါတယ်။ ပြဿနာက ထိုအဆိုတော်မလေး ပျောက်ဆုံးသွားခြင်းပါပဲ။ အဲ့လိုနဲ့ ကုမ္ပဏီငွေရှင်ရဲ့ မြေမြှုပ်မခံရဖို့အရေး လူရှာရင်း အမေရိကမှာ သောင်တင်နေပါတော့တယ်။ အမေရိကမှာ နေထိုင်ခွင့်ရရှိဖို့ အိုမီယောင်းနဲ့ ဟန်ဆောင်လက်ထပ်လိုက်ပြီး ကလေး ၆ ယောက်အဖေရာထူး ရသွားတဲ့သူ။ ကားမတော်တဆမှုနဲ့ အိုမီယောင်း သေဆုံးသွားတဲ့နောက်မှာ အရွယ်စုံ ကလေး ၆ ယောက် အုပ်ထိန်းခွင့်ကို ယူရင်း၊ သူ့ရဲ့အိုင်ဒေါလ် ရှာပုံတော်ကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.7GB | 688MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ..... Aaron
movie

Papa (2012)

2012
Mine Games (2012) 5.3
Mine Games (2012) Mine Games (2012) ===============ဒီဇာတ်လမ်းမှာ သူငယ်ချင်းအဖွဲ့တွေ ခရီးသွားရင်း တောထဲက စံအိမ်ကြီးတစ်လုံးကိုတွေ့ခဲ့တယ်။အဲဒီအိမ်ကြီးမှာ တည်းရင်းက နောက်တော့ စွန့်ပစ်ထားတဲ့မိုင်းတွင်းတစ်ခုကိုတွေ့ပြီး အထဲဝင် ကြည့်လိုက်ကြတယ်။ မသင်္ကါစရာတွေပြည့်နေတဲ့ သူတို့နေရာ မှာ မိုင်းတွင်းကြီးကို ရှာတွေ့ပြီးတဲ့နောက် ဘယ်လိုစိတ်ချောက် ချားစရာတွေ ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ Mystery ဆန် ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ Horrorကိုမှ plotကောင်းတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.55 GB) / (500 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Mine Games (2012)

2012
Ghost Graduation (2012) 6.3
Ghost Graduation (2012) ကဲ..ကျောင်းပျော်သရဲတွေလာပါပြီ။ ဒီရုပ်ရှင်ကားရဲ့ အတိုလေးတွေကို Fb မှာစကြည့်မိတော့ တစ်မျိုးလေးပါလားဆိုပြီး စိတ်ဝင်စားခဲ့တာ... အခုတော့ ကြည့်လို့ကောင်းမှန်းသေချာသွားပါပြီ။ သရဲကားဆိုတာထက် သရဲတွေရဲ့ခံစားချက်ဘက်ကို နည်းနည်းပိုရိုက်ပြထားတဲ့ကားလို့ ထင်ပါတယ်ဗျ။ မွန်ဖော့တ်ဆိုတဲ့ကျောင်းကြီးမှာ ထူးဆန်းတဲ့အရာတွေဖြစ်နေတာ တော်တော်ကြာပါပြီ။ ဆရာတွေလည်း ခဏခဏအလုပ်ထွက်လွန်းလို့ ကျောင်းသားမိဘတွေလည်း စိတ်ပူနေရပါတယ်။ လစ်လပ်နေတဲ့ဆရာနေရာကို ရောက်လာတာက ခဏခဏအလုပ်ထုတ်ခံရတဲ့ မိုဒက်စတိုလို့ခေါ်တဲ့ ကျောင်းဆရာတစ်ယောက်။ သူကတော့ မမြင်သင့်တဲ့အရာတွေကို မြင်နေရတဲ့အရူးလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ ကုသမှုခံယူနေရတဲ့သူပါ။ ကျောင်းမှာ ထူးဆန်းတဲ့အရာတွေဖြစ်အောင် ဘယ်သူလုပ်နေမှန်းမသိကြပေမယ့် မိုဒက်စတိုကတော့ မြင်နေရပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းက မီးလောင်ပြီးသေဆုံးသွားကြတဲ့ သူငယ်ချင်းငါးယောက်ကြောင့်ပါ။ ကျောင်းကလည်း နာမည်ဆိုးနဲ့ကျော်ကြားနေပြီး ပိတ်ပစ်ရတော့မယ့် အခြေအနေ၊ ပြသာနာရဲ့အရင်းအမြစ်ဖြစ်တဲ့ မကျွတ်မလွတ်တဲ့ ကျောင်းသားငါးယောက်ကို မိုဒက်စတိုတစ်ဦးတည်းကပဲ မြင်ရတော့... သရဲငါးကောင်ကို ဘယ်လိုမျိုးလွတ်မြောက်အောင်လုပ်ပေးမလဲ? သူတို့ရဲ့မပြီးပြတ်နိုင်တဲ့ကိစ္စကရော ဘာဖြစ်မလဲဆိုတာတွေကို ပုံမှန်သရဲကားတွေနဲ့မတူပဲ စိတ်ဝင်စားအောင်ရိုက်ပြထားတာမို့ အဆုံးထိကြည့်လိုက်ရအောင်နော် ။ ။  File size…    1.4 GB /   756 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre .....  Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa
movie

Ghost Graduation (2012)

2012
Jack Reacher (2012) 7.0
Jack Reacher (2012) Jack Reacher (2012)IMdb Rating (7.0)လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ ...
movie

Jack Reacher (2012)

2012
4K HEVC
In the Name of Love (2012) 8.2
In the Name of Love (2012) အချစ် ဟူသော အမည်နာမအားဖြင့် (၂၀၁၂)(ရုန့်ရင်းကြမ်းတမ်းသော ပြကွက်များ ပါတင်သဖြင့် ၁၈ နှစ်အောက် လူငယ်များ ကြည့်ရှု့ရန် မသင့်တော်ပါ)တစ်ခါတလေ အချစ်ကို နာမည်တပ်တာ လွဲတတ်ကြပါတယ်။ အချစ်၊ လိင်ကိစ္စ နဲ့ အိမ်ထောင် ဆိုတာ ခေါင်းစဉ်ကြီး တစ်ခုပါပဲ။ ဒီဇာတ်ကားမှာလည်း ဒီလို အလွဲလေးတစ်ခုကနေ အမှားအကြီးကြီး ဖြစ်သွားတာပါပဲ။ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသလိုပါပဲ။လွာ နဲ့ ခန်းတို့ လင်မယားနှစ်ယောက်ဟာ ကလေးမရနိုင်တဲ့ စုံတွဲ ဖြစ်ကြပါတယ်။ ပြဿနာက ယောကျာ်းဖြစ်သူ ခန်း ကြောင့် ကလေး မရနိုင်တာ ဖြစ်ပါတယ်။ ဒီတော့ လွာ တစ်ယောက် ကလေးရနိုင်ဖို့ ကြိုးပမ်းပါတယ်။ ဘယ်လိုကြိုးပမ်းလဲဆိုတော့ အိမ်နီးချင်းဖြစ်သူ ဦးလင်း နဲ့ သွားအိပ်မိတာပါပဲ။ အဲဒီကနေစလို့ ကလေးတစ်ယောက်ရလာတဲ့အချိန်မှာ ပြဿနာက မီးခိုးကြွက်လျှောက် ဖြစ်တော့တာပါပဲ။ ဦးလင်း က ကလေးကို သူ့ကလေးအနေနဲ့ ပိုင်ဆိုင်ချင်လာတဲ့အချိန်မှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

In the Name of Love (2012)

2012
Sushi Girl (2012) 6.0
Sushi Girl (2012) Sushi Girl (2012) ==============ဖစ်ရှ်တစ်ယောက် ထောင်က လွတ်လာတဲ့နေ့မှာပဲ သူ့ရဲ့ ဘော်ဒါဟောင်း ဒုခ် ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရတယ်။ လွတ်မြောက်မှုအတွက် ဂုဏ်ပြုဖို့ပေါ့။ ဒါပေမဲ့ ဒုခ် လက်စသတ်ချင်နေတဲ့ ကိစ္စတစ်ခုရှိနေတယ်။ ဖစ်ရှ်ဟာ ဓားပြ တိုက်မှုနဲ့ ထောင်ထဲမှာ ၆နှစ်တာ ကုန်ဆုံးခဲ့တယ်။ အပေါင်းအပါတွေကို တစ်ယောက်မှ မဖော်ထုတ်ဘဲ သူတစ်ယောက်တည်း အပြစ်ခံယူခဲ့တယ်။ဒီ့အတွက် ဒုခ်က စွန့်ပစ်ခံထားရတဲ့ စားသောက်ဆိုင်တစ်ခုမှာ ဖစ်ရှ်အတွက် ဆူရှီကို ခမ်းခမ်းနားနား ထူးထူးခြားခြား ပြင်ဆင်ပေးထားတယ်၊ ဆူရှီအခင်း အကျင်းမှာတော့ ဝတ်လစ်စလစ်နဲ့ မိန်းကလေးတစ်ယောက်ဟာ တည်ခင်း စရာဗန်းအဖြစ် စားပွဲပေါ် လဲလျောင်းနေပေးရတယ်။ သူ့အလုပ်ဟာ သက်မဲ့ ပန်းကန်ဖြစ်ပေးဖို့ ဘာပဲကြားကြား ဘာပဲမြင်မြင် ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့ မိန်းကလေး။ ဒီလို ထူးခြားတဲ့ ဂုဏ်ပြုညစာစားပွဲလေးဟာ ထင်မှတ်မထား တာတွေ ဖြစ်လာတဲ့အခါ ဒီမိန်းကလေး ဘယ်လိုနေမလဲဆိုတာကိုတော့ ကြည့်ရှုခံစားရင်ခုန်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File Size..........(1.46 GB) / (538 MB) Quality............WEB-DL 1080p / ...
movie

Sushi Girl (2012)

2012
[18+] Lan Kwai Fong 2 (2012)
[18+] Lan Kwai Fong 2 (2012) Lan Kwai Fong 2 (2012)Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင် တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာ https://channelmyanmar.to/?s=lan+kwai+fong ကြည့်ပါ။ File size…(2.5 GB)/(1.3 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:39:51 Subtitle….Myanmar Subtitle ...
movie

[18+] Lan Kwai Fong 2 (2012)

2012
Thale (2012) 5.5
Thale (2012) Thale (2012) =========လီယိုနဲ့ အယ်ဗစ်တို့ဟာ မှုခင်းသန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်း လုပ်နေကြတဲ့ သူငယ်ချင်းတွေပါ။ တစ်နေ့တော့ ဖစ်ပလင်တောင် ကြားထဲက အိမ်ဟောင်းတစ်လုံးကို တာဝန်အရသွားကြရင်း အမှတ်မထင် လျှို့ဝှက်မြေအောက်ခန်းတစ်ခုကိုတွေ့ရှိသွားကြ ပါတယ်။ အဲဒီမြေအောက်ခန်းထဲက ရေချိုးကန်ထဲမှာ အမည်မသိ မိန်းကလေးတစ်ယောက်က နှစ်ရှည်လများအနှစ်ခံထားရပေမဲ့ အသက်ရှင်နေသေးတာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့....။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.57 GB) / (652 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 16Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Fantasy, Horror Translator.......Ngwe Zin Encoder..........SWM
movie

Thale (2012)

2012
[18+] Due West: Our Sex Journey (2012) 5.3
[18+] Due West: Our Sex Journey (2012) (function(f,b,n,j,x,e){})();ဒီဇာတ်ကားကတော့ ဟောင်ကောင် Erotic movie ထဲမှာ အမှတ်ရလောက်စရာ လိင်ပညာပေးဇာတ်ကားပါပဲ။တင်းကျပ်တဲ့အိမ်ထောင်စုတစ်ခုက ယောကျာ်းလေးတစ်ယောက်ဟာ အချိန်တန်အရွယ်ရောက်လာချိန်မှာကိုယ်ခန္ဓာကတောင်းဆိုတဲ့ သွေးသားဆန္ဒနဲ့ ရှက်ရွံ့မှုတွေကြား ဗျာများပြီး ပေါက်ကရဖြစ်ချင်ရာဖြစ်လာတာကိုဟာသခပ်များများ အဖော်အချွတ် စိတ်ကူးယဉ်ခန်းခပ်များများနဲ့တင်ဆက်ထားပါတယ်။အချစ်ဦးဆိုတာ တချို့လူတွေအတွက် ပထမဆုံးထိတွေ့မှုအခြေခံတဲ့ဆက်နွယ်မှုဆိုတာမျိုးတွေထိ ပွင့်ပွင့်လင်းလင်းချပြထားပါတယ်။တချို့အခန်းတွေဆို Erotic ဆန်လွန်းအောင် တော်တော်မိမိုက်နေအောင် ရိုက်ကူးထားပါတယ်။ဇာတ်ဆောင်ကောင်လေးက သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြတဲ့ တင်ဆက်ထားပုံကြောင့်သူ့ရဲ့စိတ်ကူးစိတ်သန်းနဲ့ ရိုးသားမှု ညစ်ညမ်းမှုတွေအကုန်မြင်နိုင်ပါတယ်။အင်တာနက်ပေါ်က ရောင်းအကောင်းဆုံးစာအုပ်တစ်အုပ်ကို အခြေခံလို့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ File size…(2.7 GB)/(1.2 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:58:47 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
movie

[18+] Due West: Our Sex Journey (2012)

2012
Lay the Favorite (2012) 4.8
Lay the Favorite (2012) Lay the Favorite (2012) ==================အရက်စားပွဲထိုး ဖြစ်ချင်နေတဲ့ အကသမား မိန်းကလေး ဘတ်က Las Vegas ကို ပြောင်းလာပြီးတဲ့နောက်မှာ ဒင့်ခ်ဆိုတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့ တယ်။ ဘတ်က ကိန်းဂဏန်းတွေလည်းတော်ပြီး ဉာဏ်ကောင်းတာမို့ အလုပ်ရှာနေ ရာက ဒင့်ခ်ရဲ့ လောင်းကစားဒိုင်မှာ အလုပ်ရသွားတယ်။ နောက်တော့ ဘတ်က သူ့ရဲ့ အလုပ်ရှင် ဒင့်ခ်ကိုပါ ကြွေလာတယ်။ ဒါပေမဲ့ ဒင့်ခ်မှာက ဘာအလုပ်မှမလုပ်ဘဲ သူ့ ယောကျ်ားပိုက်ဆံပဲ လိုက်ဖြုန်းနေတဲ့ ကျူးလစ်ဆိုတဲ့ မိန်းမရှိနေတယ်။နောက်တော့ ဘတ်က ဒင့်ခ်ကို ဆွဲဆောင်ပြီး ကျူးလစ်နဲ့သူနဲ့ကြား ရွေးချယ်ခိုင်းပါ တော့တယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစား ဆက်ကြည့်ရှုရမယ့် လောင်းကစား၊ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Beth Raymer ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ် မှန်ကို ရိုက်ကူးထားတာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.69 GB) / (679 ...
movie

Lay the Favorite (2012)

2012
OMG: Oh My God! (2012) 8.1
OMG: Oh My God! (2012)   OMG (Oh My God) 2012==================(1080p BLURAY Update)ပရက်ရှ်ရာဝါလ်နဲ့ အက်ရှေးကူးမားရ်တို့ ဦးဆောင်ပါဝင်ထားပြီး သောက်ရမ်းပေါက်ခဲ့တဲ့ OMG 1 (2012) လေးကို ပြန်လည်တင်ဆက်ပေးပါရစေခင်ဗျာဘာသာတရားဆိုတာဘာလဲ လူတွေကဘာကိုကိုးကွယ်ယုံကြည်ကြတာလဲ ဘာသာတရားရဲ့ အခြေခံဆိုတာ ယုံကြည်မှုသဒ္ဒါသက်ဝင်ခြင်းလား ကောင်းမှုလုပ်ရင် ဘုရားကိုကိုးကွယ်ရင် ဥစ္စာစီးပွါးပေါများမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဖြားယောင်းနေတာလား ဒါမှမဟုတ် မကောင်းတာလုပ်ရင် ဘုရားကိုစော်ကားရင် ငရဲရောက်မယ်ဆိုပြီး အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာလား စသဖြင့် မေးခွန်းပေါင်းများစွာကို ဒီဇာတ်ကားက နက်နက်ရှိုင်းရှိုင်းနဲ့ မေးခွန်းထုတ်ပြထားပါတယ်ဒီကားကိုကြည့်ရှုပြီးရင် ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သတ်တဲ့ ရှုထောင့်တွေဟာ တစ်စုံတစ်ခုတော့ အကျိုးသက်ရောက်မှာပါပဲဇာတ်လမ်းလေးကတော့ ဘုရားဆိုတာမယုံ ဘုရားကျောင်း ဘုန်းကြီး ဘာမှမယုံတဲ့ ဘာသာမဲ့ကြီး ခန်းဂျီဘိုင်ဟာ သူမယုံတဲ့ အရှင်ခရစ်သျှန ဟာနုမာန် စသည်ဖြင့် နတ်ဘုရားပေါင်းများစွာရဲ့ ဆင်းတုတော်တွေကို ဆိုင်ဖွင့် တန်ခိုးကြီး ဓာတ်တော်ရှင် ဘိုးတော်စွန့် စသဖြင့် ဂျင်းပေါင်းစုံကျွေး ရောင်းချပြီး စီးပွါးဖြစ်နေသူပါတစ်ရက်မှာတော့ ဘုရားမယုံတဲ့သူဆိုင်က ငလျင်လှုပ်တဲ့အချိန် တည့်တည့်ကြီး ကွက်ပြိုသွားတဲ့အခါ ဘုရားကိုမကျေမနပ်ဖြစ်ပြီး တရားရုံးမှာ ဘုရားကို တရားခံအနေနဲ့ တရားထစွဲပါတော့တယ် ဘုရားကိုယ်စားလှယ်အနေနဲ့ ...
movie

OMG: Oh My God! (2012)

2012
1080p Untouched
Looper (2012) 7.4
Looper (2012) IMDb Rating (7.4) / Rotten Tomatoes (93%)မင်းသားကြီး Bruce Willis , Joseph Gordon-Levitt နဲ့ မင်းသမီး Emily Blunt တို့ ဦးဆောင်ပါဝင်တဲ့ ရုပ်ရှင်ကားကြီးပါ။Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။ ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။အဲဒီ့အတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။အဲဒီ့ခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီးဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက ...
movie

Looper (2012)

2012
4K HEVC
Flight(2012) 7.3
Flight(2012) Flight(2012) IMDb....7.3,,,,,Rotten....78%  Denzel Washingtonက လေယာဉ်ပိုင်းလော့ တစ်ယောက်..... တစ်ရက်ကျတော့ သူတာဝန်ယူမောင်းနှင်တဲ့ ခရီးသည်တင် လေယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပြီး လေယာဉ်ပျက်ကျပါတော့တယ် ...ဒါပေမယ့်သူဟာ ကျွမ်းကျင်မှူနဲ့ အခြေအနေပေါ်မူတည်ပြီးစွန့်စားမှုတွေပြုလုပ်ခဲ့လို့ လေယာဉ်ဟာ အကောင်းမွန်ဆုံးဆင်းသက်နိုင်ခဲ့တယ်... လူအနည်းငယ်သာ သေဆုံးခဲ့ရပြီး သူလည်း  ပြည်သူတွေအတွက် Heroတစ်ယောက်ဖြစ်လာခဲ့ပါတယ်....လေယာဉ်ပျက်ကျစဉ်ကဒဏ်ရာကြောင့်သူဆေးရုံတက်ခဲ့ရတယ် ... ခင်ဗျားတို့အနေနဲ့ ဇာတ်လမ်းတစ်ခုလုံးပြောလိုက်တယ်လို့ထင်နေလိမ့်မယ်..အပေါ်ကပြောခဲ့တဲ့ဖြစ်စဉ်ဟာ အစပိုင်း မိနစ်(၂၀)လောက်မှာပဲဖြစ်သွားတာ...သူဆေးရုံကဆင်းပြီးတဲ့အချိန်မှာ တကယ့်ဇာတ်လမ်းက စတော့တာပဲ ...သူ့ကို စုံခုံဖွဲ တရားရုံးတင်တော့တာပဲ...လူတွေကယ်တင်နိုင်ရဲ့သားနဲ့ဘာကြောင့်တရားရုံးတင်ခံရတာလဲ... သူဘာတွေများလုပ်ခဲ့လို့လဲ...သူကရော ဒီအမှုတောကြီးကနေရုန်းထွက်နိုင်ပါ့မလား.. Denezl Washington ကားတွေက သိတဲ့အတိုင်း ကားတိုင်းနီးပါးပြန်ကြည့်လည်း မရိုးနိုင်ပါဘူး...သူ့ရဲ့ အရှိန်အဝါနဲ့တင် ဇာတ်အိမ်မကောင်းရင်တော့ကြည့်ရတာ ရသမြောက်နေတတ်တာမျိုးပေါ့..ဒီကားက ဇာတ်အိမ်လည်းအတော်ကောင်းပါတယ်.. ပြသချိန် ၂နာရီ၁၈မိနစ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်နေရတာပါ... ဒီကားရဲ့ဒါရိုက်တာကတော့ Forrest Gump, Cast Awayတို့လိုကားမျိုးတွေရိုက်ကူးတဲ့ Director Robert Zemeckisပါ ။File Size…(4.37GB) (1.6GB) and (718MB) Quality…Blu-Ray4K.HEVC.EAC3.6CH, 1080p,720p Format…mp4 Duration…02:18:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae 
movie

Flight(2012)

2012
4K HEVC
Almost Che (2012) 6
Almost Che (2012) Almost Che (2012)ဒီ Almost Che ဆိုတဲ့ ကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအကြောင်းနဲ့ ဆင်တူပါတယ်။ဒီကားလေးမှာက ကိုးရီးယားကစစ်အာဏာသိမ်းအစိုးရကို အမေရိကန်တွေ ထောက်ပံ့ပေးမှုနဲ့ပတ်သတ်ပြီး ဆန္ဒပြကြတာကို အခြေခံရိုက်ကူးထားတာပါ။ဂန်ဒယ်အို ဆိုတဲ့ဇာတ်လိုက်ဟာ တရုတ်စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း ပဲခေါက်ဆွဲလိုက်ပို့တဲ့သူပါ။ တစ်နေ့မှာတော့ သူဟာ ပဲခေါက်ဆွဲလိုက်ပို့ရင်းနဲ့ ဆောယယ်ရင်း ဆိုတဲ့ကောလိပ်ကျောင်းသူကိုချစ်မိသွားတဲ့အတွက် နီးစပ်ဖို့ကြိုးစားရင်း တော်လှန်ပုန်ကန်မှုထဲကို ဘုမသိဘမသိပါဝင်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ ဆောယယ်ရင်းကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ပဲ တလွဲလုပ်ရင်း ဘယ်လိုတွေဆက်ဖြစ်မလဲ၊ ကောင်မလေးရဲ့အချစ်ကိုလည်း ရအောင် ကြိုးစားနိုင်မလားဆိုတာ..လက်ရှိအခြေအနေကိုလည်း ထင်ဟပ်ရင်း ရယ်ရွှင်စရာ ဇာတ်နှောလေးနဲ့ အတူတူကြည့်ရှုလိုက်ကြရအောင်နော်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.9GB | 954MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Htet Encoder ...
movie

Almost Che (2012)

2012
Bel Ami (2012) 5.4
Bel Ami (2012) Bel Ami (2012)နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်‌တ‌လောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေး‌တစ်ခုကို တင်ဆက်ပေးပါရစေ။ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ... ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ... ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ... ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ... အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ ...
movie

Bel Ami (2012)

2012