Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2012
7.1
Confession of Murder (2012)
Confession Of Murder (2012)ကိုရီးယား အကောင်းဆုံး Thriller Collection ရုပ်ရှင်တွေထဲက တကားအပါအဝင်ဖြစ်တဲ့ ယခု ရုပ်ရှင်ကားက စာရင်းထဲပါမယ်ဆိုလည်း ပါနိုင်လောက်အောင်ပင် ဇာတ်လမ်း ဇာတ်အိမ်ဖွဲ့စည်းမှု မှာ ကျစ်လစ်လွန်း ပီပြင်လွန်းပါသည်။သွက်လက်သော ဇာတ်အိမ်ဖွဲ့စည်းမှု များဖြင့် တကားလုံးကို ဆွဲခေါ်စေနိုင်သည်။ထောက်လှမ်းရေးရုပ်ရှင်ကားပီပီ တွေးစရာတွေ ဇာတ်အိမ်မြှု ပ်ကွက်တွေဖြင့် ပရိသတ်အပေါ်ကို ဒရစပ် ဖမ်းစားနိုင်ခဲ့သည်။အထူးသဖြင့် အက်ရှင်ခန်းတွေ အသက်ဝင်တာကလည်း အဓိကကျပါသည်။စစချင်း အဖွင့်ဇာတ်အိမ်မှာပင် ဆိုင်ခန်းထဲကို လူတစ်ယောက် ဝုန်းခနဲ ဝင်လာကာ ကော်ဖီသောက်နေသူအား အတင်းဝင်၍ ထိုးကြိတ်ပစ်သည်။ထိုးကြိတ်ခံရသူက ရဲအရာရှိ စုံထောက်တစ်ဦး။ဆိုရလျှင် အသတ်အပုတ် အတိုက်အခိုက် ပညာကို ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။သို့ဖြစ်စေကာမူ လာရောက်သတ်ပုတ်သူအား အနိုင်ရအောင် မတိုက်ခိုက်နိုင်ချေ။ လာရောက်တိုက်ခိုက်သူက သူဖမ်းဆီးနေသော လူသတ်သမား တစ်ဦး ဖြစ်၏။သူ့ကြောင့်ပင် နိုင်ငံတစ်ခုလုံး ထိတ်လန့်နေရ၏ ။အသတ်ခံရသည့် မိန်းခလေးတွေ မိသားစုတွေ မနည်းတော့ ။ထောက်လှမ်းရေး ...
movie
2012
4.8
About Cherry (2012)
Director: Stephen Elliott ရိုက်ကူးတင်ဆက်ထားပြီးSeptember 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ ဖော်ချွတ်အလှပြ ဓါတ်ပုံရိုက်ပြီး ဘ၀ ကို အသက်မွေးတဲ့မိန်းကလေး တစ်ယောက်အကြောင်း ရုပ်ရှင်ဇတ်ကားလေးပါ....အိန်ဂျယ်လီနာ ဟာ အ၀တ်လျှော် ပင်မင်းဆိုင်မှာ အလုပ်လုပ်တဲ့မိန်းကလေးပါ သူ့မှာ ကြည့်ရှုရမယ့် အရက်ဂျိုးကပ် နေတဲ့ အမေနဲ့အရွယ်မရောက်သေးတဲ့ ညီမလေး တစ်ယောက် ရှိပါတယ်သူတို့ က အရက်စွဲနေတဲ့ အမေယူထားတဲ့ ပထွေးနဲ့ နေရပါတယ်အိန်ဂျယ်လီနာ မှာလဲ အိမ်မှာ မနေရဲလောက်အောင်ပါပဲအလုပ်က ပြန်လာပြီး အရက်မူးနေတဲ့ ပထွေးက မကောင်းကြံမှာစိုးလို့ညည ညီမလေးဖြစ်သူကို ဖက်ပြီး အိပ်ရပါတယ် ညီမဖြစ်သူကိုလဲ စောင့်ရှောက်ရင်းကိုယ့်ကိုကိုယ်လဲ ကာကွယ်နေရတာပေါ့...တစ်ရက်မှာတော့ ကလပ်မှာ ဂစ်တာ တီးတဲ့ အိန်ဂျယ်လီနာ ရဲ့ ရည်းစားကနေဖော်ချွတ် ဓါတ်ပုံရိုက်ဖို့ ကမ်းလှမ်းလာပြီး ဒေါ်လာ ၅၀၀ ပေးမယ်လို့ ဆိုပါတယ်မိသားစု အတွက် ငွေလိုနေတဲ့ ...
movie
About Cherry (2012)
2012
7.2
As One (2012)
တင်းနစ်ပြိုင်ပွဲတွေ အာရှ နိုင်ငံများ ပြိုင်ပွဲ ကျင်းပတဲ့အချိန်ဖြစ်သည် ကိုရီးယား နိုင်ငံအနေဖြင့် တောင် နှင့် မြောက် ဆိုပြီး နှစ်ဖွဲ့ခွဲ၍ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သော အခါ မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီး မြောက် နှင့် တောင် ပြိုင်ပြီးလျင် တရုတ် နင့် ပြိုင်ခါ ရွှေတံဆိပ်ဆု ရယူရမည်ဖြစ်သည် မြောက် နှင့် တောင် ပြိုင်ကြသော အခါ တောင်ပိုင်း မှ မြောက်ပိုင်းကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတွင် တရုတ် နှင့် ကိုရီးယား တောင်ပိုင်း ပြိုင်ခဲ့ရာ တရုတ်က အသာစီး အနိုင်ရရှိခဲ့ပြီး တောင်ကိုရီးယား ကတော့ ငွေတံဆိပ် ရရှိပြီး မြောက်ကိုရီးယားက ကြေးတံဆိပ်ရကာ တရုတ်က ရွှေတံဆိပ် ဆု ရရှိခဲ့ပါတယ်... ထိုအဖြစ်အပျက်များ ဖြစ်ပြီးနောက်ပိုင်း ထပ်မံ ဗိုလ်လုပွဲ တက်ရန် ကိုရီးယား တောင် နှင့် မြောက် တို့ အပြင်းအထန် ကြိုးစားခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်များ ...
movie
As One (2012)
2012
7.1
The LEGO Story (2012) Short Film
Lego ဆိုတဲ့ အတုံးဆက်တဲ့ အရုပ်လေးတွေ မတိုင်ခင်မှာ ထို Lego ဆိုတဲ့ နာမည် အစပြုခဲ့တဲ့ လူ ၂ ဦး ရှိနေပါတယ် သူတို့ကတော့ Lego ကို စတင်ခဲ့သူ ပိုင်ရှင် နှင့် သူ၏ သားတို့ပါပဲ သူတို့ ရဲ့ အောင်မြင်ကျော်ကြားတဲ့ Lego ဆိုတဲ့ နာမည်တစ်ခုရဖို့ ဘယ်လိုရုန်းကန်ခဲ့ရတယ် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာတွေ ကို Short Film Animation လေး ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် The Lego Story ကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ပဲ ဖြစ်ပါတယ်...(သစ်ဆန်းခန့်) Download (122mb)
movie
The LEGO Story (2012) Short Film
2012
6.1
Love Fiction (2012)
Love Fiction (2012)_____IMDb - 6.1/10 Goo Joo-wol ...အူကြောင်ကြောင် နိုင်ပြီး အသားမစားတဲ့ စာရေး ဆရာ ပါ။ နောက်ဆုံး တွဲနေတဲ့ ချစ်သူက ရှင်သာ အသား စားရင် ဆိုတဲ့ စကားသုံးခွန်းပဲ ပြောပြီး လမ်းခွဲတာ ခံခဲ့ရသူပါ။ Goo Joo-wol က အချစ်ရေးမှာ သိပ်ကံမကောင်း ပါဘူး။ ကလေး ဘဝကထဲက ချစ်သူ ရှိခဲ့ဖူးပါတယ်။ နင့်ရဲ့ ရှုရှုးပေါက်တဲ့ နေရာ ငါ့ကို ပြပါ ပြောလို့ ကလေးဘဝ အချစ်ဦးနဲ့ လမ်းခွဲ ခဲ့ရပါတယ်။ ဆယ်ကျော်သက် အရွယ်မှာလဲ ခပ်ကြမ်းကြမ်း ချစ်သူဖြစ်နေလို့ လမ်းခွဲ ခဲ့ပြီး။ နောက်ဆုံး ချစ်သူ မတိုင်ခင် ရှေ့တစ်ယောက်က မယ်သီလရှင် ဝတ်သွားလို့ အချစ်ရေး ကံမကောင်းဘူး ဆိုတာ ယုံကြည်ပြီး ခပ်ကြောင်ကြောင် ...
movie
Love Fiction (2012)
2012
7.2
21 Jump Street (2012)
movie
21 Jump Street (2012)
2012
5.4
Housefull 2 (2012)
Housefull 2 ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် Housefull ဇာတ်ကား၏ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည်။ Housefull 2 ဇာတ်ကားသည် ချမ်းသာတဲ့သမက် အပြိုင်အဆိုင်လိုချင်နေတဲ့ သမီးချော အဖေနှစ်ယောက်ဖြစ်တဲ့ Kapoor & Son ညီအစ်ကို ၂ ယောက်ရဲ. အဖက်ဖက်မှပြိုင်ဆိုင်မှု လက်စားချေခြင်းဇော ကြီးပြီး အရာရာ မှားယွင်းကုန်တဲ့ ညီအစ်ကို သူငယ်ချင်း ၄ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ Channel Myanmar ပရိတ်သတ်ကြီးပဲ ကြည့်ရူလိုက်ကြပါတော့ဗျာ File Size : 1.2 GB Quality : Blu ray 720P Running Time : 2hr 25 minute Format : Mp4 Genre : Comedy,Romance Subtitle Fix : Thanhtike Zaw Encoder : Thanhtike Zaw
movie
Housefull 2 (2012)
2012
6.5
Resident Evil: Damnation (2012) IMDb - 6.5/10_____Rotten - 100% ကဲဗျာ Holloween နေ့အတွက်ပဲ Resident evil ရဲ့ 2012 ခုနှစ်ထွက် 3D Animation ကားလေးကိုတင်ပေးလိုက်ပါတယ် Sony နဲ့ Campcom ကထုတ်တဲ့ PS2 ဂိမ်းတွေနဲ့ ရင်းနှီးသူဆိုရင်တော့ ဒီဇာတ်လမ်းလေးကို စိမ်းမယ် မထင်ဘူးဗျ
movie
Resident Evil: Damnation (2012)
2012
7.2
Ruby Sparks (2012)
Ruby Sparks (2012) IMDb - 7.2/10_____Rotten Tomatoes - 79% [ Spoilers Alert ] အကယ်၍ ကျနော်တို့ တပါးသူတစ်စုံတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျ ဖန်ဆင်းပုံဖော်လို့ရတဲ့ အခြေအနေတစ်ခုကို ရောက်သွားကြပြီ ဆိုပါစို့ဗျ။ အဲဒီ ဖန်ဆင်းခံရမယ့်သူက ကိုယ့်ရဲ့ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ဆိုရင်ရော....သူ့ကို ဘာတွေ ဘယ်လို စိတ်ကူးယဉ်ပြီး ပုံဖော်မလဲ ။ တော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းမှာပါ ။ သူ့ကို ကိုယ်လိုသလို ဖန်ဆင်းနိုင်မယ် တော်တော်ပျော်စရာကောင်းမယ်လို့ ထင်မိပါတယ်။ ဥပမာ အနေနဲ့ ကိုယ်ဖန်ဆင်းလိုက်တဲ့ ချစ်သူတစ်ယောက်ကို ...အကြာကြီးစိတ်မကောက်ရ တို့၊ မကြာခဏ သတိရပေးပါ တို့ ၊ အကြင်နာတွေအများကြီး ခြွေပေးပါတို့ .... စသဖြင့် ထည့်ပေးလိုက်မယ်ဆိုရင် Very Romantic ပေါ့ ^_^ ။ ဟုတ်ကဲ့ ။ အဲဒီလို အခြေအနေကို စိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားရှိပါတယ် ။ ဇာတ်ကားရဲ့ ...
movie
Ruby Sparks (2012)
2012
5.3
Spring Breakers (2012) 18+
လူမှာအကြမ်းဖျင်းအားဖြင့် စရို်က်နှစ်မျိုးခွဲနိုင်မယ်။ ကောင်းမှု 'သုစရိုက်' (Wholesome)ကို အားသန်သူနဲ ့မကောင်းမှု 'ဒုစရိုက်' (Unwholesome)ကို အားသန်သူ.. ဒီမှာ လူတွေက စိတ်လှုပ်ရှားမှု (Emotion)ကို အခြေခံတဲ့ မကောင်းမှုဘက်ကို အားသန်ပျော်မွေ့တတ်ကြတယ်..။ ကောင်းမှုက အတွေး(Thinking)ဘက် ကဲအလေးပေးရတော့ လုပ်ဖို့ကို အချိန်ယူရတတ်တဲ့ သဘောရှိတယ်။Spring Breakers ဇာတ်ကားမှာ ဒါကို လေးလေးကဲကဲကိုဖော်ပြထားခဲ့တယ်၊ မင်းသားက ဂျိမ်းစ်ဖရန်ကို (Rise of the Planet of the Apes)၊ မင်းသမီးတွေက ဗန်နက်ဆာဟက်ဂျန်စ်(High School Musical)၊ ဆယ်လီနာဂိုမက်စ်(Monte Carlo)၊အက်ရှ်လေဘန်ဆန် (Supernatural)..၊ မိန်းကလေး သူငယ်ချင်း(၄)ယောက် နွေဦးအပျော်ခရီး (Spring Break) ထွက်တာကနေဘဝတစ်ချိုးကြုံတဲ့ အကြောင်း..၊ အပျော်တစ်ခုကနေ အပျက်ဘက်ရောက်သွားပုံ..၊ နောက်အမေရိကန်တွေရဲ့ အဆုံးစွန်ကာမဂုဏ်အာရုံခံစားမူ၊ မူးယစ်ဆေးဝါး(Drugs)၊ အရက်ယမကာ(Alcohols)နဲ့ လိင်ဆက်ဆံမှု(Sexual pleasure)..၊ အဲဒါတွေဘယ်လိုခံစားလဲဆိုတဲ့ အပြတွေက ထင်းထင်းပြက်ပြက်ရှိလွန်းလှတယ်..၊ အဘွားအုပ်ထိန်းမှုအောက်မှာ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ဂိုမက်စ် ရဲ့ အပျော်တစ်ခုမှာ စိတ်မရဲတရဲနဲ့၊ သူ့ပျော်ပုံက ခပ်ထောင့်ထောင့်ရှိပုံ.. အပျော်တစ်ခုမှာစိတ်လွတ်ကိုယ်လွတ် ပျော်တတ်တဲ့ ဟက်ဂျန်စ် နဲ့ ဘန်ဆန် တို့ရဲ့ စူးရဲကြမ်းရှတဲ့ သရုပ်ဆောင်ပုံတွေ၊ နောက် ဇာတ်ကားအစ မိနစ်(၄၀)လာက်မှ ဖြတ်ဝင်လာတဲ့ ဖရန်ကို၊ ...
movie
Spring Breakers (2012) 18+
2012
7.9
Makkhi Eega (2012)
Channel Myanmar ပရိတ်သတ်တွေတကယ်အကြိုက်တွေ့စေမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် Makkhi Eega ဇာတ်ကားဟာ 2008 ခုနှစ်မှာထွက်ခဲ့ပြီးတော့ IMDbRate7.9 အထိရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ် နာနီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကိုချစ်မိတဲ့အတွက်အသက်ဆုံးရှုံးရတဲ့ဇာတ်ကြောင်းအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားခြင်းဖြစ်ပါတယ်.အဲ့မိန်းကလေးကလည်းသူ့ကိုပြန်ချစ်ပါတယ်သူတို့ကြားထဲမှာအကြီးမားဆုံးအနှောက်အယှက်ကတော့ သူတို့မြို့ရဲ့နာမည်ကြီးလုပ်ငန်းရှင်သူဌေးတစ်ဦးက သူ့ကိုချစ်နေခြင်းသာဖြစ်ပါတယ် အဲ့ဒီသူဌေးရဲ့မနာလိုမှုကနေတဆင့် နာနီကိုဝိုင်းရိုက်ရာကနေ လက်လွန်ပြီး နာနီသေဆုံးခဲ့ရပါတယ် ဒီအကြောင်းတွေကိုမိန်းကလေးကမသိပါဘူးနောက်ပိုင်းမှာတော့ နာနီဟာ ယင်ကောင်တစ်ကောင်အဖြစ်ပြန်လည်မွေးဖွားလာပြီး သူ့ကိုသတ်တဲ့လူကိုဘယ်လိုလက်စားချေမလဲ..သူချစ်တဲ့မိန်းကလေးကိုဘယ်လိုကာကွယ်မလဲဆိုတာတွေနဲ့အတူ ဇာတ်လမ်းအရသာကိုကောင်းကောင်းခံစားလိုက်ပါ....ဘောလိဝုဒ်ထုံးစံအတိုင်းအကအခုန်သီချင်းတွေခံစားရမှာဖြစ်ပေမယ့် အနည်းငယ်သာပါဝင်ပါတယ်..တချို့နေရာလေးတွေဟာသဆန်လို့သဘောကျမိမှာဖြစ်သလို ရင်နင့်သွားစေမယ့်ဇာတ်ဝင်ခန်းလေးတွေလည်းပါဝင်ပါတယ်..ရသမျိုးစုံပေးပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ကြောင်းအသိပေးလိုက်ပါတယ် Filesize : 1.1 GBQuality : Bluray -720p HDRun Time : 145 MinSubtitle : Myanmar Subtitle ( Hardsub )Encoded By LK
movie
Makkhi Eega (2012)
2012
6.1
Lockout (2012)
Lockout (2012)_____IMDb - 6.1/10 ခေတ်မှီဆန်းပြားတဲ့အမေရိကန်တို့ရဲ့တီထွင်ဖန်တီးမှုနဲ့ အာကာသပေါ်က ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ အကျဉ်းထောင်တစ်ခုကို တည်ဆောက်ထားပါတယ်။ ဒီအကျဉ်းထောင်ထဲမှာ နိုင်ငံတစ်ကာက ဆိုးပေ့ဆိုတဲ့ လူသတ်ကောင်နဲ့ မုဒိမ်းကောင်တွေကို အိပ်ပျော်စေ အောင်ပြုလုပ်ပြီး ထိန်းသိမ်းထားပါတယ်။ အဲဒီထောင်ကို အမေရိကန်သမ္မတရဲ့သမီးက လူသားခြင်းစာနာထောက်ထားမှုအစီအစဉ်အရ လာပြီး အကျဉ်းသားတွေကို အင်တာဗျူးပါတယ်။ အဲဒီမှာ အကျဉ်းသားတွေ လွတ်ထွက်လာကြပြီး ထောင်ကြီးကို အပိုင်စီးလိုက်ကြ ပါတယ်။မင်းသားကတော့ စီအိုင်အေအေးဂျင့်တစ်ယောက်ပါ။ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယအဝင်ခံနေရပြီး အစစ်ဆေးခံနေရသူပေါ့။ သူအဖမ်းမခံရခင် လျှို့ဝှက်ချက်ကို လက်လွှဲပေးခဲ့တဲ့သူက အဲဒီထောင်ကြီးထဲကိုရောက် နေတာကြောင့် သမ္မတသမီးကို တစ်ဦးတည်းသွားကယ်ဖို့တာဝန်ကို ယူလိုက်ပါတယ်။ ခေတ်မီတဲ့ထောင်ကြီးထဲမှာ အကျဉ်းသား ၅၀၀ နဲ့ ၁ ယောက်တည်းနဲ့ ဘယ်လိုရင်ဆိုင်မလဲ။ သမ္မတ သမီးလေးကိုရော ကယ်နိုင်မလား။ သူ့ရဲ့အရှုပ်အရှင်းတွေကလည်း ဘာတွေဖြစ် လာမလဲဆိုတာ ကြည့်လိုက်ကြပါ။Imdb rating 6.1 ရထားတဲ့ကားပါ။ ထုတ်လုပ်သူက Taken ...
movie
Lockout (2012)
2012
4.1
Devil Seed(2012)
Devil Seed(2012) ဒီ Horror ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ကောလိပ်ကျောင်းသူချောလေး Alexပါ... ကျောင်းတွေအပြီးမှာ သူငယ်ချင်းတွေနဲ့အတူ Alex ဟာဆုံခဲ့ပါတယ်... တစ်ညတော့ သူငယ်ချင်းတွေနဲ့ ညဘက်အပြင်ထွက်ပြီး သောက်ကြပျော်ကြပေါ့... အိမ်အပြန်လမ်းမှာ သူမတို့ သူငယ်ချင်းတစ်စုဟာ စိတ္တဇပညာရှင်လိုလူဆီကိုရောက်သွားကြတယ်.. ထူးဆန်းတာက Alex ဟာ အဲ့ဒီပညာရှင်ကို အိပ်မက်ထဲမှာလို အပြင်မှာလိုလိုမြင်ဖူးနေတယ်... နောက်နေ့ကျတော့ အဲ့ဒီညကဖြစ်ခဲ့တာတွေကို Alex ဟာ ဘာကိုမှမမှတ်မိတော့ဘူး...သူငယ်ချင်းတွေလည်း စိုးရိမ်ထိတ်လန့်နေတယ်...ဘာလို့ဆို Alex ရဲ့ ကိုယ်မှာ ကုတ်ရာခြစ်ရာ ဗရာပွနဲ့ ..ဒါ့အပြင်ထူးဆန်းတဲ့အရာတွေလည်း ဆက်တိုက်ဖြစ်ခဲ့တယ်...Alex ကိုယ်တိုင်ပဲ သူ့ကိုယ်သူ ထိန်းချုပ်လို့မရဖြစ်နေတယ်...Alex ဘာတွေဖြစ်နေလဲ သူ့ရဲ့ သူငယ်ချင်းတွေကလည်း ဘယ်လိုရင်ဆိုင်ပြီးဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် JtheKoala မှရေးသားပေးထားပါတယ်...File Size : (750 MB) and (285 MB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Devil Seed(2012)
2012
Runway Cop (2012)
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖချာချွဲဆု (မင်းသား Kang Ji‑hwan) က ငယ်ငယ်ကတည်းက ဖိုက်တာတစ်ယောက်.... အခုကတော့ ကိုရီးယား ရဲတပ်ဖွဲ့မှာ သူ့တပည့်ကလွဲပြီး ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ နာမည်တစ်လုံးနဲ့ ရဲဖိုက်တာ ဖက်တီး..။ သူနဲ့ကျောင်းနေဖက် ယွန်ဂျေး (မင်းသမီး Sung Yu‑ri) က လျှမ်းလျှမ်းတောက် ဖက်ရှင်ဒီဇိုင်နာ...။ ယွန်ဂျေးတို့ မော်ဒယ်လ်ရှိုးပြပွဲက လူဆိုးဂိုဏ်းတစ်ခုရဲ့ မူးယစ်ဆေးတွေ ရောင်းဝယ်ဖောက်ကားမှု ဌာနေဖြစ်လာတဲ့အခါ....... ဒီလူဆိုးဂိုဏ်းကို လက်ရဖမ်းဖို့ ရဲတပ်ဖွဲ့မှ မော်ဒယ်လ်ရှိုးပြပွဲထဲကို သူလျှိုထည့်ဖို့ ကြိုးစားပါတော့တယ်။ ခက်နေတာက ကိုရီးယားရဲတွေမှာ ချဲခွဲဆုလောက် မော်ဒယ်အရပ်အမောင်းရှိတဲ့လူမရှိ..... ချာချွဲဆုကျတော့လဲ အရပ်အမောင်းရှိပေမယ့် သူ့ပုံစံက ဖက်တီး... ပုံမလာ ပန်းမလာ....။ ရွေးချယ်စရာမရှိတော့တဲ့ ရဲတပ်ဖွဲ့ကလဲ ချာချွဲဆိုကိုပဲ မော်ဒယ်တစ်ယောက်ပုံစံပေါက်လာအောင် ယွန်ဂျေးဆီကို အပ်လိုက်ပါတော့တယ်။ ယွန်ဂျေးနဲ့ ချာချွဲဆုကလဲ ငယ်ငယ်ကတည်းက အပေါက်အလမ်းမတည့်သူများဖြစ်ရာ....။ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မယ့် ချာချွဲဆိုနဲ့ ငြင်းပယ်မရတဲ့ ယွန်ဂျေးနဲ့ ပဟေဠိဆန်တဲ့ လူဆိုးဂိုဏ်းတို့ ...
movie
Runway Cop (2012)
2012
5.1
The Three Stooges (2012)
The Three Stooges (2012) IMDb - 5.1/10_____Rotten - 52% The three stooges ဟာသဇာတ်ကားလေးပါ ၊၊ မိတ်ဆွေ သင်အမှန်တစ်ကယ် ဟာသဇာတ်ကားတွေ ကြိုက်ပါသလား၊၊ ဒီ ဇာတ်ကားကို ကြည့်ပါ၊၊ ဇာတ်လမ်းတစ်ခုလုံး မိုး၊ လယ်ရီ၊ ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်၊၊ Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့၊၊ ဘာမှမသိ ချစ်စဖွယ်ကလေးတွေ၊၊ နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်၊၊ “ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို့ မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ” အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်၊၊ ဒီလို အော်ကြောလန်သုံးယောက်က သူတို့ရဲ့ မတော်တဆအမှားတွေကြောင့် အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို မဖျက်သိမ်းရအောင် လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို့ ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ ၊၊ (ဇာတ်ကားအညွန်းရေးသူကတော့ ...
movie
The Three Stooges (2012)
2012
6.5
Premium Rush (2012)
Premium Rush (2012)IMDb - 6.5/10_____Rotten - 74% Wileeဆိုတဲ့ကောင်လေးဟာ ကိုလမ်ဘီယာ ဥပဒေကျောင်းဆင်း။ဒါပေမယ့် ဘဝကို ဒီလိုဖြတ်သန်းရမှာ မကြိုက်သူ။သူဟာ နယူးယောက်မှာ စက်ဘီးစီး စာပို့လုလင်လုပ်တော့မှ ဘဝရဲ့ အဓိပ္ပါယ် အနှစ်သာရ ကို ရှာဖွေတွေ့ရှိလာသူတစ်ယောက်။သူ့ ချစ်သူကောင်မလေး Vanessaကလည်း သူ့လိုလူ။ဒါပေမယ့် သူ့ဘဝအတွက် တစ်ခုခုထပ်လုပ်ရမယ်လို့အမြဲတမ်းပြောပြောနေတတ်တယ်။ Vanessaရဲ့ အတန်းဖော်ဟောင်း Nima ဟာ တစ်နေ့တော့ သူ၂နှစ်ကြာအောင် စုထားတဲ့ ဒေါ်လာ ၅သောင်းကို Mr.Leungထံ ပို့ခိုင်းပါလေရော။သူ့ဆီက လက်မှတ်တစ်ခုပါတောင်းခဲ့ဖို့ မှာလိုက်ပါတယ်။ Mr.Lin သို့မဟုတ် ခေတ်သစ်ချစ်တီးတစ်ယောက် ဟာ အဲ့ဒီလက်မှတ်ရတာနဲ့ Nimaရဲ့ ပိုက်ဆံတွေကို အပိုင်စီး နိုင်မယ်ဆိုတာ သိနေပါတယ်။Mr.Lin ဟာ သူ့ထံအကြွေးတင်နေပြီး လောင်းကစားအလွန်အကျွံစွဲနေတဲ့ နယူးယောက်ရံအရာရှိ Bobby Mondayထံ ချဉ်းကပ်လာပါရော။Mondayသာ အဲ့ လက်မှတ်ရအောင်ယူနိုင်မယ်ဆိုရင် သူ့အကြွေးတွေ လျှော်ပေးမယ်ပေါ့။ ဒီလို နဲ့ ဘာဆက်ဖြစ်ကြလဲဆိုတာ ...
movie
Premium Rush (2012)
2012
7.0
ParaNorman (2012)
ParaNorman (2012) IMDb - 7.0/10_____Rotten - 89% ဒီကားလေးဟာ မက်ဆာချူးဆက်ပြည်နယ်ရဲ့ မြို့ဟောင်းတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ သရဲဇတ်လမ်းကား တစ်ကားပါ... အသက် ၁၁ နှစ်အရွယ် နော်မန် (Norman Babcock) ဆိုတဲ့ ကောင်လေးကတော့ အဓိကဇတ်ကောင်နေရာကနေပါဝင်ထားပါတယ်... နော်မန့်မှာ မွေးရာပါစွမ်းရည်တစ်ခု လက်ဆောင်ရထားပါတယ်... အဲ့ဒါကတော့ သေဆုံးသွားတဲ့ဝိညဉ်တွေကို မြင်တွေ့နိုင်ပြီး စကားပြောနိုင်တာပါ... သူမြင်တွေ့နေရတာတွေကို ဘယ်သူမှ မမြင်တဲ့အတွက် အရူးတစ်ယောက်လို သတ်မှတ်ခံထားရပါတယ်... သူ့မိသားစုကကတောင် သူ့ကိုမယုံပါဘူး... သူတို့မြို့လေးမှာ စုန်းမတစ်ယောက်ရဲ့ကျိန်စာအကြောင်း ပုံပြင်ဇာတ်လမ်းလေးရှိနေခဲ့ပါတယ်... ဒါပေမယ့် အဲ့ဒီ ဇာတ်လမ်းမှာ အမှန်တကယ်ရှိနေခဲ့ပါတယ်... နောက်ပြီး အဲ့ဒီမြို့လေးကလူတွေအားလုံးရဲ့ကံကြမ္မာနဲ့သက်ဆိုင်နေပါတယ်... ဒီလိုနဲ့ တစ်နေ့မှာ ဝိညဉ်တွေနဲ့ စကားပြောဆိုနိုင်တဲ့ နော်မန့်ဆီကို စုန်းမရဲ့ကျိန်စာကိုရပ်တန့်ပေးဖို့ ရုတ်တရက်တာဝန်တစ်ခုပေးခြင်း ခံလိုက်ရတဲ့ အခါမှာတော့..... နော်မန်တစ်ယောက် စုန်းမရဲ့ ကျိန်စာကို ရပ်တန့်နိုင်ပြီး လူတွေအားလုံးကို ကယ်တင်နိုင်မှာလား... စုန်းမကရော ဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတာတွေကိုတော့ ဆက်လက်ရှုစားကြပါဦးလို့.... ဒီကားလေးဟာ ပထမဆုံး အရုပ်သေးသေးလေးတွေ နဲ့ stop-motion 3D နည်းပညာကို သုံးထားတဲ့ Animation ကား တစ်ကားဖြစ်ပါတယ်... ရုပ်ရှင်ကားကို ...
movie
ParaNorman (2012)
2012
6.1
Tai Chi Zero & Tai Chi Hero (2012) [Special Package]
Tai Chi Zero (2012) IMDb - 6.1/10_____Rotten - 60% IMDb Rating (6.1/10) ရရှိထားတဲ့ English စကားပြော တရုတ်သိုင်းကားပါ။ File size...850MB Quality....Blu-ray Rip 720p Format...mp4 Duration....01:38:18 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung UserDrive / CM Drive / Yoteshin Megaup / Mega.nz Filedown.info / Upstream *************** Tai Chi Hero (2012) IMDb - 6.2/10_____Rotten 45% အပေါ်က Tai Chi Zero ရဲ့အဆက်ဖြစ်ပြီး IMDb Rating (6.2/10) ရရှိထားပါတယ်။ File size...800MB Quality....Blu-ray Rip 720p Format...mp4 Duration....01:42:36 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung UserDrive / CM Drive / Yoteshin Megaup / Mega.nz Filedown.info / Upstream Admin ...
movie
Tai Chi Zero & Tai Chi Hero (2012) [Special Package]
2012
First
9
10
11
Previous