Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2011
4.8
The Legend of Awesomest Maximus (2011)
The Legend of Awesomest Maximus (2011) ==============================(လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင် တာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ။)နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုကို ဟာသဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကို ပရိသတ်တွေ ကြည့်ဖူးကြမှာ သေချာပါတယ်။ဒီဇာတ်ကားဟာလည်း လောကကြီးကို ဟာသအမြင်နဲ့ ရှုမြင် တတ်တဲ့ လူတွေရဲ့စိတ်ကူးတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ ရုပ်ရှင်တစ်ခု လို့ ဆိုရပါလိမ့်မယ်။ နာမည်ကြီးရောမခေတ် ဇာတ်ကားတွေကို ရောသမမွှေထားပြီး ကိုယ်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတစ်ခု ပေါ်လာတိုင်း Leonardo Pointing Meme လိုမျိုးပဲ “ဒါက ဟိုကားထဲက. ဟိုကားထဲက” ဆိုပြီး ထအော် နိုင်ဖို့ The Legend of Awesomest Maximus ဆိုတဲ့ ဇာတ် ကားကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေး လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်)File Size..........(1.9 GB) / (857 MB) / (500 MB) Quality............BLU-RAY 1080p / 720p ...
movie
The Legend of Awesomest Maximus (2011)
2011
4.9
The Twilight Saga: Breaking Dawn – Part 1 (2011)
စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ...
movie
The Twilight Saga: Breaking Dawn – Part 1 (2011)
2011
1080p HEVC
6.2
Gooische vrouwen (2011)
Gooische vrouwen (2011) =================== IMDb Rating - 6.2/10"Gooische Vrouwen"ဟာ ရုပ်ရှင်မထွက်ခင် အရင် ဟာသဒရမ်မာ ဇာတ်လမ်းတွဲအဖြစ်နဲ့ အောင်မြင်မှုရရှိထားပြီးပါပြီ 2011 မှာရုပ်ရှင် အဖြစ်ရိုက်ကူးထားတာတာပါ။နယ်သာလန်နိုင်ငံ လူကုန်ထံတွေရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ 'ဟတ်ဂွိုင်'တွင် နေထိုင်သော သတ်လတ်ပိုင်းသူငယ်ချင်း ၄ယောက် အပေါ်မှာဇာတ်အိမ် တည်ထားပါတယ်။ အကောင်းစားအသုံးဆောင်ပစ္စည်းတွေကိုမှ နှစ်သက် ပြီး ဘဝမှာလိုချင်တာတွေအကုန်ရနေပေမယ့်၊ နာမည်ကျော်အဆိုတော် ယောက်ျားဖြစ်သူရဲ့ အာရုံစိုက်မှုကိုမရတော့တဲ့ ရှရယ် ၊ အာဖရိက တော ခေါင်ရေရှားဒေသတွေမှာ ကူညီလုပ်အားပေးဖို့သွားတော့မယ့် သမီးနဲ့ မြေးလေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့ကလယ်ရာ၊ ရည်းစားတွေရှုပ်လွန်း လို့သမီးလေးနဲ့ ကတောက်ကဆဖြစ်နေတဲ့ အနုပညာရှင် တစ်ခုလပ်အာနုနဲ့ ယနေ့ခေတ်လောကကြီးနဲ့လုံးဝအစေးမကပ်တဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ရိုလီယန်တို့ သူငယ်ချင်း(၄)ယောက်သား အလွဲလွဲ အချော်ချော်ဖြစ်နေတဲ့ဘဝကိုယ်စီကို ကိုင်တွယ်ဖြေရှင်းကြပုံအား ရယ် လိုက်ဆွေးလိုက်နဲ့ ကြည့်ရှုရမယ့် ဟာသဒရမ်မာရုပ်ရှင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်)File Size..........(2.0 GB) / (865 MB) / (530 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Kaung Paing Encoder..........SWM
movie
Gooische vrouwen (2011)
2011
6.8
[18+] Kiss Me (2011)
Kiss me (2011)~ IMDb rating - 6.8/10 ~(ဝတ်လစ်စလစ်အခန်းတွေ ချစ်ရည်လူးခန်းတွေ တပုံကြီးပါလို့ ၁၈ နှစ်ပြည့်မှ ကြည့်ကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ)2011 မှာ ထွက်ရှိထားတဲ့ ဆွီဒင်ကားလေး Kiss Me ဟာ Rating ကောင်းကောင်းရထားတဲ့ ဒရာမာ GL ကားလေးတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိဘချင်းစေ့စပ်ပွဲမှာ တွေ့ကြတဲ့ မီယာနဲ့ ဖရီဒါဆိုတဲ့ မိန်းကလေးနှစ်ယောက် အလုပ်ကိစ္စခရီးသွားကြရင်း တစ်ယောက်ကိုတစ်ယောက် ခံစားချက်တွေတဆင့်ပိုလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက်မချစ်မိအောင် ကြိုးစားကြရတာကို မြင်ရမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်း နောက် ၃ လနေရင် ကောင်လေးဖြစ်သူနဲ့ လက်ထပ်တော့မယ့် မီယာနှလုံးသားနေရာမှာ ဖရီဒါအစားထိုးလာတဲ့အခါ မီယာတစ်ယောက် ဘယ်လိုတွေဖြတ်သန်းခဲ့ရလဲ... သူကိုယ်တိုင်ရော မိန်းကလေးချင်းချစ်တာကိုရော လက်ခံခဲ့လား...ဖရီဒါအနေနဲ့လည်း သူ့ဘဝမှာ ပိုင်ရှင်ရှိတဲ့သူနဲ့ဘယ်တော့မှ မဖောက်ပြန်ဘူးလို့ ကြွေးကြော်ရင်း မီယာကိုမှချစ်မိသွားတဲ့အခါ ဘယ်လိုခက်ခက်ခဲခဲတွေဖြတ်သန်းခဲ့ကြမလဲဆိုတာတွေကို ရိုမန်တစ်ဆန်ဆန် ဒရာမာဆန်ဆန် ရိုက်ပြထားပြီး ဒရာမာကြိုက်တဲ့သူတွေအတွက် ကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie
[18+] Kiss Me (2011)
2011
4.3
Bloodlust Zombies (2011)
Bloodlust Zombies (2011) ===================ဆေးဝါးထုတ်လုပ်ရေး ဓာတ်ခွဲခန်း တစ်ခုမှာ အလုပ်လုပ်တဲ့ ဂျုဒီဆိုတဲ့ သိပ္ပံပညာရှင် အမျိုးသမီး တစ်ယောက်ဟာ စစ်ပွဲမှာ အသတ်ခံလိုက်ရတဲ့ သူ့ယောင်္ကျားအတွက် ပြန်ပြီးကလဲ့စား ချေပေးဖို့ပဲ အမြဲတမ်းတွေးနေခဲ့ပါတယ်။ တစ်နေ့မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လူတွေကိုသွေးဆာတဲ့ မကောင်း ဆိုးရွား Zombie တွေအဖြစ်ပြောင်းလဲသွားအောင် လုပ်နိုင်တဲ့ virus ကို စမ်းသပ် အောင်မြင်သွားပြီး အမှားအယွင်းတစ်ခုကြောင့် virus ကပြန့်နှံ့သွားပါတော့တယ်။ virus ကိုပြန်ပြီး ထိန်းချုပ် နိုင်မလား၊ အားလုံးပဲသေသွားမလား ဘယ်သူတွေလွတ်မြောက် သွားမလဲဆိုတာကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ ဟာသလေး တွေလဲပါလို့ ပေါ့ပေါ့ပါးပါးလေးကြည့်ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Momo ဖြစ်ပါတယ်)File Size..........(1.61 GB) / (615 MB) / (375 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Momo Encoder..........SWM
movie
Bloodlust Zombies (2011)
2011
5.9
The Storage (2011)
The Storage (2011) ============== IMDb rating – 5.9/10ဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက် ပေါ့ပေါ့ပါးပါးဖြစ်တဲ့ Drama/comedy ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေး ချင်ပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့ - စတိုးဆိုင်တစ်ခုရဲ့ သိုလှောင်ခန်းထဲမှာ ရော့စ်ကုနဲ့ ရာ့နီနန် နှစ်ယောက်သား တာဝန်ယူပြီး လုပ်ပေးရပါတယ်။ ရော့စ်ကုက အဲဒီစတိုးဆိုင်မှာ အလုပ်လုပ်နေတဲ့ ကယ်ရီတာနဲ့ ဇာတ်လမ်း လေးတွေ ရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ ကယ်ရီတာက သူ့မှာ ကိုယ်ဝန်ရှိကြောင်း ရော့စ်ကုကို ဖွင့်ပြောလာပါတယ်။ ရော့စ် ကု ကတော့ကလေးကို ဖျက်ချပစ်ဖို့ ပြောပေမဲ့ ကယ်ရီတာက တော့ ကလေးကို မွေးဖြစ်အောင်မွေးမယ်လို့ ပြောပြီး သူနဲ့အတူ တူလာမနေရင် သိုလှောင်ခန်းထဲက ပစ္စည်းတွေကို သူခိုးခဲ့တဲ့ အကြောင်းကို မန်နေဂျာကို အကြောင်းကြားမယ်လို့ပါ အကြပ် ကိုင်ခြိမ်းခြောက်ပြီး သူနဲ့ မိသားစုတစ်ခုကို တည်ထောင်ဖို့ ပြော ခဲ့ပါတယ်။နောက်ပိုင်းမှာ သိုလှောင်ခန်းထဲကနေ ရော့စ်ကု ခိုးယူနေတဲ့ကိစ္စ တွေကို သူဌေးသိသွားမှာလား၊ ကယ်ရီတာနဲ့အတူတူ သူတို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ဘဝလေးမှာ မိသားစုတစ်ခုကို တည်ထောင်နိုင် မလားဆိုတာကို ကြည့်ရှူလို့ရမယ့် ဇာတ်လမ်းလေးတစ်ခုပဲဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.47 GB) ...
movie
The Storage (2011)
2011
6.5
7Aum Arivu (2011)
7 Aum Arivu (2011)အခုတစ်ခေါက် ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်ပြီး IMDB 6.5/10 ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ... သိုင်းလောကမှာ ထင်ရှားတဲ့ တရုတ်နိုင်ငံရဲ့ သိုင်းပညာအခြေခံကျောင်းတော်ကြီး "ရှောင်လင်ကျောင်းတော်" ဟာ ဘယ်ကနေ အစပျိုးလာတာလဲ ...တရုတ်သိုင်းပညာဟာ တရုတ်နိုင်ငံကနေ အခြေခံတာမဟုတ်ဘဲ တမီးလ်လူမျိုး ဖြစ်ပြီး ဆေးပညာ သိုင်းပညာနဲ့ အိပ်မွေ့ချပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဘို့ဒ်ဒီ ဒါမန် ဆိုသူကနေ ဆင်းသက်လာခဲ့တဲ့ သမိုင်းကြောင်း...သမိုင်းကြောင်းအရ ၆ ရာစု တရုတ်ပြည် ကပ်ရောဂါဘေးဆိုက်နေချိန် ဘို့ဒ်ဒီ ဒါမန်ဟာ အိန္ဒိယနိုင်ငံဆီကို ကပ်ရောဂါ မပျံ့နှံ့လာအောင် တရုတ်ပြည်သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကုသပေးခဲ့တယ်..၆ ရာစုမှာ ဘို့ဒ်ဒီ ဒါမန် အိန္ဒိယနိုင်ငံကို မရောက်လာအောင် တားဆီးခဲ့တဲ့ ကပ်ရောဂါကြီးဟာ ယနေ့ခေတ်အိန္ဒိယမှာ အစပျိုးလာတဲ့အချိန်.. ကူးစက်ရောဂါဆိုးကြီးက အလိုအလျောက် ပေါ်လာခြင်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အိန္ဒိယအပေါ် တိုက်ခိုက်တဲ့ ဇီ၀လက်နက်တစ်ခုဖြစ်နေတဲ့အခါ ဆပ်ကပ်သမားလေး တစ်ဦး ဖြစ်ပြီး ဘို့ဒ်ဒီ ဒါမန်ရဲ့ မျိုးဆက်လည်းဖြစ်တဲ့ အာဗင်ဆိုသူ နဲ့ မျိုးရိုးဗီဇ ...
movie
7Aum Arivu (2011)
2011
6
The Rite (2011)
The Rite (2011)Diagnosis (ရောဂါအမည်တပ်ခြင်း) ဆိုတာ ဆေးကုသတဲ့ဖြစ်စဉ်တစ်ခုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း အရေးပါလှတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီလိုပြောလို့ ယခုတင်ဆက်ပေးမှာက ဆေးပညာဆိုင်ရာ ဇာတ်လမ်းတစ်ခုတော့မဟုတ်ပါဘူး။ သရဲကားပါပဲ။ဘုရားသခင်က လူသားတွေကို ဖန်ဆင်းလိုက်ပြီးနောက်မှာ လူသားတွေကို ရွံရှာမုန်းတီးစိတ်နဲ့ ဦးမညွှတ်နိုင်တဲ့ ဒုတိယသားကြီး လူစီဖာဟာ ဖခင်ကိုပုန်ကန်လို့ ငရဲမင်းသားအဖြစ်ကိုခံယူ၊ မကောင်းဆိုးဝါးတို့ရဲ့ ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်တဲ့။ သူကနေ အဆင့်ဆင့်ဆင်းသက်လာတဲ့ မကောင်းဆိုးဝါး ရာထူးအစဉ်လိုက်က လူတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့ရင်း လူ့ခန္ဓာကိုယ်ထဲဝင် သူတို့စိတ်နဲ့သူတို့ကိုယ်ဖြစ်အောင် ထိန်းချုပ်လိုက်တဲ့အခါ မကောင်းဆိုးဝါးပူးကပ်ခြင်းဖြစ်စဉ် ဖြစ်လာတော့တာပေါ့။သားဆိုးလူစီဖာကို နှိမ်နင်းခဲ့ရတဲ့ သားကြီးဩရသ မိုက်ကယ်ရဲ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရတဲ့ လူသားဘုန်းတော်ကြီးတွေဟာ ပူးကပ်ခံရသူ လူသားတွေကို ကူညီပြီး မကောင်းဆိုးဝါးနှင်သူတွေအဖြစ် လေ့ကျင့်သင်ကြားလာရပါတယ်။ ဆရာဖြစ်သင်တန်းတက်ရသလိုပေါ့လေ။မကောင်းဆိုးဝါးနှင်ရတယ်ဆိုတာ ပူးကပ်နေသူ ဘယ်သူလဲ၊ ဘာအမျိုးအစားလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့က အရေးအကြီးဆုံးပါ။ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးအမျိုးအစားကိုသိရရင် နှင်ထုတ်ဖို့က လွယ်ပါတယ် ဆိုကြပါစို့။ဘုရားကို ယုံကြည်သက်ဝင်ခြင်းမရှိသူ၊ ဝေးလ်လူမျိုး၊ အလောင်းပြင်ရတဲ့မိသားစုက ...
movie
The Rite (2011)
2011
5.9
Ages of Love (2011) Manuale d’am3re
Ages of Love (2011) The Manual of Love 3(or) Manuale d'am3reအချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ နောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။Manual of Love 2 တုန်းက ပါဝင်ပွဲကြမ်းသွားတဲ့ ပုရိသတို့အသည်းစွဲ မင်းသမီးကြီး Monica Bellucci လဲထပ်မံပါဝင်ထားခဲ့ပြီးတော့ တခြားဇာတ်ဆောင်တွေနဲ့ မတူညီတဲ့ဇာတ်လမ်းတွေကို ပေါင်းစပ်တင်ဆက်ထားပါတယ်။ဇာတ်လမ်းကတော့ မြှားနတ်မောင်ဇာတ်လမ်းပါ...မြင်နေကျ မြှားနတ်မောင်ဇာတ်လမ်းတွေနဲ့မတူတာကဒီထဲမှာပါတဲ့ မြှားနတ်မောင်ကတော့ သောက်တလွဲပဲ ပစ်တတ်တဲ့ကောင်ပါ။ဒီကောင်ပစ်လိုက်တာနဲ့ သောက်ပြသနာတသီကြီးတက်ပြီလို့ပြောရလောက်အောင် ချောက်ချတတ်တဲ့မြှားနတ်မောင်ပါ။ရင့်ကျက်တည်ငြိမ်သူတွေတောင်မှ လဗြောင်းသတ်သွားတတ်တဲ့ မြှားနတ်မောင်ရဲ့မြှားသုံးချောင်းအကြောင်းကို ခံစားကြည့်ကြပါဦး။Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.to/?s=manual+of+love မှာကြည့်ပါ။File size…(900 MB) Quality…BluRay 720p Format…mp4 Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by BaBa Yaga
movie
Ages of Love (2011) Manuale d’am3re
2011
6.7
Puss in Boots (2011)
Puss in Boots (2011) IMDb (6.6/10) rotten tomatoes (86%) metacritics (65%)old but gold ကာတွန်းကားလေးတွေထဲမှာ အတော်နှစ်သက်မိတဲ့ movie တစ်ခုပြောပြမယ် ဒီထဲမှာ voice actor တွေအနေနဲ့ Antonio Banderas က Puss အဖစ် Salma Hayek က Kitty Softpaws အဖစ် Zach Galifianakis က Humpty Alexander Dumpty အဖစ် Billy Bob Thornton က Jack အဖစ် Amy Sedaris က Jill အဖစ်နဲ့ Sanricardo ဆိုတဲ့ မြို့တစ်ခုပေါ်မှာ ပုံဖော်ထားတာပါ type ကတော့ Action, Adventure ပေါ့ ဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆို လူတိုင်းသိကြမယ်ထင်တယ် Sherk ကားထဲမှာလဲပါတယ်လေ ...
movie
Puss in Boots (2011)
2011
4K HEVC
5.9
The Crown Jewels (2011)
The Crown Jewels (2011) ==================ဖရာဂန်ဆီယာဆိုတဲ့ကောင်မလေးကို လူသတ်မှုကြောင့်စစ်ဆေးတာကနေ ဇာတ်လမ်းစထားပါတယ်။ အဲဒီမှာ ဖရာဂန်ဆီယာက အခင်းဖြစ်ပုံကိုစမပြောဘဲ သူမွေးတဲ့အချိန်ကနေ နောက်ကြောင်းပြန်ပါတော့တယ်။ ကျွန်တော်သာ သူ့ကို မေးနေတဲ့စုံထောက်ဆိုရင် စိတ်မရှည်ပါဘူး။ ဒါပေမဲ့ ကြည့်တဲ့သူနေရာကနေ ဆိုရင်တော့ ဇာတ်ကားကကြည့်လို့ကောင်းပါတယ်။ မိသားစုနှစ်ခုရဲ့ မတူညီတဲ့ အပြုအမူတွေရယ် ဖရာဂန်ဆီယာ၊ စက်ရုံပိုင်ရှင်သားနဲ့ နာမည်ကြီးဟောကီကစား သမားလေးတို့ရဲ့ သုံးပွင့်ဆိုင် (လေးပွင့်ဆိုင်လို့လည်းပြောလို့ရတဲ့) ဇာတ်လမ်းကို တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(2.11 GB) / (857 MB) / (494 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......EL Encoder..........Zin Phyo Aung
movie
The Crown Jewels (2011)
2011
5.6
Voir la mer (2011)
Voir la mer (2011) ==============ဒီတစ်ခေါက်မှာတော့ ပြင်သစ် သုံးပွင့်ဆိုင် ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နီကိုလာနဲ့ ကလီမန့်လို့ခေါ်တဲ့ ညီအစ်ကို နှစ်ယောက်က အားလပ်ရက်မှာ သူတို့အမေရှိတာ ပြင်သစ်ကို အလည်သွားဖို့ ခရီးထွက်လာခဲ့ပါတော့တယ်။ ခရီးမသွားခင်မှာပဲ ပရူဒန့်ဆိုတဲ့ ကောင်မလေးတစ်ယောက်က နီကိုလာနောက်လိုက်ပါပြီး သူမလည်း ခရီးစဥ်မှာအတူပါလာပါတော့တယ်။တကယ်တော့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါပါပဲ . ညီအကိုတွေ ခရီးထွက်တယ်၊ ကောင်မလေးက လမ်းကြုံလိုက်တယ်ပေါ့။ မရိုးတာ ကတော့ ကောင်မလေးနဲ့ ညီအကိုနှစ်ယောက်လုံးနဲ့ ညိတာပါပဲ။ ကျန်တာတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါ၊ တစ်ခုသတိ ပေးချင်တာက မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေ ပါဝင်တာမို့ သတိပြုကြည့်ရှုကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.8 GB) / (780 MB) / (449 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Parris Encoder..........SWM
movie
Voir la mer (2011)
2011
4.6
Occupant (2011)
Occupant (2011) ============2011က ထွက်ရှိခဲ့တဲ့ Psychological thriller ကားကောင်းလေးနဲ့ မိတ်ဆက်လိုက်ပါရစေ။ တိုက်ခန်းကောင်းကြီးတစ်ခုမှာ ငှားခ သက် သာစွာ တစ်ဦးတည်းနေထိုင်နေတဲ့ အဘွားအိုကြီးတစ်ယောက် နှလုံး ဖောက်ပြီး သေဆုံးသွားတာနဲ့ စတင်ထားတယ်။သူ့မြေးဖြစ်တဲ့ ဒန်နီက သေဆုံးသူဟာ သူ့အဘွားဖြစ်ကြောင်း အတည် ပြုပေးဖို့ ရောက်လာခဲ့ပြီး၊ အဲဒီက တိုက်စောင့် ဂျိုးဟာ ဒန်နီကို အဘွားကြီး ရဲ့ ခံစားခွင့်တွေအတိုင်း ဆက်လက်ငှားရမ်းနိုင်မယ့် အကြံကောင်းတစ်ခု ပေးပါတယ်။ ဒေါ်လာတစ်သောင်းတန်တဲ့တိုက်ခန်းကို သက်သာစွာနဲ့ တစ် သက်တာနေထိုင်ခွင့်ကို သဘောကျသွားတဲ့ ဒန်နီဟာ အကြံကို လက်ခံလိုက် တာပေါ့။ ပြီးတော့ တံခါးစောင့်ပြောတဲ့အတိုင်း ရှေ့နေလည်းငှားရမ်းလိုက် ပါတယ်။သူ့ရဲ့ရှေ့နေက တိုက်ခန်းပိုင်ရှင် မောင်းမထုတ်နိုင်အောင် အိမ်ထဲမှာပဲ ၁၂ရက် တာ တရားဝင်အမိန့်စာ ကျတဲ့အထိ နေထိုင်ဖို့ပြောခဲ့တာမို့ သူနေရတော့တာပေါ့။ ဒန်နီလည်း အစပိုင်းတော့အဆင်ပြေပေမယ့် ရက်ကြာလာတာနဲ့အမျှ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို တစ်ခုပြီးတစ်ခု ကြုံလာရပါတယ်။ သူ့ဆီလာလည်တဲ့ သူငယ် ချင်းမကျ ဟိုမကျ ဒီမကျလေးလည်း ပျောက်ဆုံးသွားခဲ့ပြန်တယ်။ ဒီလိုနဲ့ပဲ ဒန်နီတစ်ယောက် မတော်လောဘစိတ်လေးနဲ့ ၁၂ရက်ပြည့်အောင် နေနိုင်မလား ထူးဆန်းတဲ့ ဖြစ်ရပ်တွေရဲ့ ...
movie
Occupant (2011)
2011
8.1
Aadukalam (2011)
Aadukalam (2011)~ IMDb - 8.1/10, Rotten Tomatoes - 93% ~အိန္ဒိယတောင်ပိုင်း တမီးလ်နန်ဒူးမှာ ရှေးအစဥ်အလာတည်းက ကြက်တိုက်ခြင်းဓလေ့တွေရှိခဲ့ပါတယ်။ သိမ်မွေ့တဲ့ကြက်တိုက်ပွဲဆိုတာ လူ့ဘဝတိုက်ပွဲတွေလိုပါပဲ။ သူတို့ရဲ့နယ်မြေကိုကာကွယ်ဖို့နဲ့ ကြက်အမတွေကိုရဖို့ တိုက်ခိုက်ကြရပါတယ်...မာဒူရိုင်နယ်မှာ ရိုးရာတိုက်ကြက်ဖတွေကိုလေ့ကျင့်ပေးတဲ့ ပက်တရာကာရန်နဲ့ စုံစမ်းရေးရဲအရာရှိ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲက ပြင်းထန်ပါတယ်။ ပက်တရာကာရန်ရဲ့ ကျွမ်းကျင်လိမ်မာမှုကြောင့် ရာသင်နာဆာမီက ဘယ်တုန်းကမှသူ့ကို ကြက်တိုက်ပွဲမှာမနိုင်ခဲ့ပါဘူး။ ရာသင်နာဆာမီက သူ့အမေမသေခင် ပက်တရာကာရန်ကိုအနိုင်ရချင်တဲ့အတွက် နည်းပေါင်းစုံနဲ့အနိုင်ရဖို့ကြိုးစားခဲ့ပါတယ်။ကာရူပူနဲ့ ဒူရေယန်က ပက်တရာရဲ့အုပ်စုမှာ ပက်တရာသဘောအကျဆုံးလူတွေပါ။ ကာရူပူက တိုက်ကြက်တွေကို မွေးမြူထိန်းကျောင်းတာမှာ ပါရမီထူးချွန်တဲ့သူပေါ့။ ကာရူပူက အီရာနီဆိုတဲ့မိန်းကလေးကိုချစ်မိသွားပြီး အီရာနီက သူ့ကိုတကယ်ချစ်တာမဟုတ်ဘဲ တခြားတစ်ယောက်ကိုရှင်းထုတ်ချင်လို့သာသူ့ကိုချစ်တယ်လို့ညာတဲ့အခါ...သူရင်ကွဲရမှာလား...နောက်ပိုင်း အီရာနီကရော သူ့ကိုတကယ်ချစ်သွားမလား... ပက်တရာကာရန်နဲ့ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲကရော ဘယ်လိုတွေဖြစ်လာမလဲ။ ရိုးရှင်းတဲ့ ကြက်တိုက်ပွဲကနေ ရှုပ်ထွေးပွေလီတဲ့ လူ့ဘ၀တိုက်ပွဲအကြောင်း ဘယ်လိုဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဝင်ရောက်စီးမြောလိုက်ကြပါဦး။Bollywood ဆိုရင် အက်ရှင်ကြမ်းကြမ်း ...
movie
Aadukalam (2011)
2011
4.1
(18+) Love Actually… Sucks! (2011)
Love Actually Sucks(2011) =======================လူရယ်လို့ဖြစ်လာရင် အချစ်ဆိုတာ တသက်လုံးကြုံတွေရမယ့် ခံစားချက်တခုဆိုရင် မမှားပါဘူး...လူတိုင်း ဆယ်ကျော်သက်ကနေ သေတဲ့အထိ အချစ်ဆိုတဲ့ခံစားချက်က တောက်လျှောက်အရိပ်တခုလို လိုက်နေပြီး အဲ့ဒီခံစားချက်ကနေပဲ အမုန်း အလွမ်း စိတ်ဒဏ်ရာ ပျော်ရွှင်မှု ၀မ်းနည်းမှုစတဲ့ ခံစားချက်တွေပါ ပါ၀င်လာမှာပါ ...အချစ်ကြောင့် ဘ၀တွေချိုသာပြီး ပျော်ရွှင်သွားရတဲ့လူတွေရှိသလို အချစ်ကြောင့်ပဲ ဘ၀က ကော်ဖီခါးခါးထဲ အခါးမှုန့်ထပ်ထည့်မိသလို ပိုခါးသွားတဲ့လူတွေ ရှိပါတယ် ဒီဇာတ်လမ်းကတော့ အချစ်ကြောင့်ဘဝပျက်သွားသူတွေပေါ့ ချိုလှလို့ မက်မောမိတဲ့အရာက အဆင်မပြေမှုတွေပေးတဲ့အခါ အချစ်ဟာခါးလှပါတယ်ဆိုပြီး အချစ်ကို ရွံစရာ မခင်တွယ်စရာခံစားချက်အဖြစ်ပစ်ပယ်သွားရတဲ့ သူတို့ဘ၀တွေကို အရှိတိုင်းဖွင့်ဟပြသသွားမှာပါ File size…1.1GB /554MB Quality…1080p WEBDL / 720p Format…mp4 Duration….1h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder…X Cross Translated by Dark
movie
(18+) Love Actually… Sucks! (2011)
2011
7.3
The Dancer (2011)
The Dancer (2011) aka Sang Penari1960 ခုနှစ်များဝန်းကျင်က အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်တောရွာလေးက ရိုးရာကချေသည်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီးတော့ IMDb 7.3 ရထားတဲ့ ကားလေးပါ။ Nomination 7 ခုနဲ့ ဆု 4 ဆု ရထားတဲ့ ဇာတ်ကားပါ။ကချေသည်တစ်ယောက်ရဲ့ စွန့်လွှတ်ရပုံ၊ ကျေးလက်ဓလေ့ထုံးတမ်းတွေ၊ ပညာမတတ်၊ စာမဖတ်တတ်တဲ့ ရွာသားတွေရဲ့ မသိနားမလည်ပုံတွေ၊ ရွာသားတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူတတ်တဲ့သူတွေ အကြောင်းကို လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ Srintil နဲ့ Rasus က Dukuh Paruk ဆိုတဲ့ရွာလေးမှာ အတူတူကြီးပြင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူတွေပါ။ Srintil ရဲ့ အဖေရောင်းတဲ့ ပြောင်းဖူးခေါပုတ်ကို စားမိလို့ ရွာကလူတွေနဲ့ ရွာကတန်ဖိုးထားရတဲ့ ကချေသည် သေဆုံးသွားတဲ့အတွက် Srintil ဟာ သူ့မိသားစုအတွက် ပြန်ပေးဆပ်ဖို့ ကချေသည်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Rasus ကတော့ Sritil ကချေသည်လုပ်တာကို သဘောမတူပါဘူး။ သူ့ချစ်သူ အဲလိုဖြစ်သွားလို့ စိတ်နာပြီး စစ်ထဲဝင်သွားတဲ့အချိန်မှာ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ...
movie
The Dancer (2011)
2011
7.0
Thor (2011) MCU
Thor (2011)IMDb Rating (7.0)လွန်ခဲ့သည့် နှစ်ပေါင်းများစွာက စကြဝဠာတွင် အဖွဲ့အစည်း ၃ ခုတည်ရှိသည်။ Giant Frost, Asgard နှင့် လူသား မျိုးနွယ်များဖြစ်သည်။ Giant Frost က လူသားမျိုးနွယ်စု နေထိုင်သည့် ကမ္ဘာမြေကြီးကို ကျူးကျော် တိုက်ခိုက်သည်။ သို့သော် Asgard က အနှီ ကျုးကျော်မှုကို လက်မခံပဲ Giant Frost များကို ပြန်လည်တိုက်ခိုက်သည်။ နောက်ဆုံးတွင် Asgard လူမျိုးနွယ်စုက အနိုင်ရရှိပြီး Giant Frost မှ အရေးကြီးဆုံး လက်နက်ကို သိမ်းပိုက်ပြီး ငြိမ်းချမ်းစွာ နေထိုင်သည့် သဘောတူညီချက် ကိုပြုလုပ်သည်။Asgard ဘုရင် တွင် သားတော် ၂ ပါး Thor နှင့် Loki ရှိသည်။ Thor သည် စစ်မှုရေးရာတွင် ကျွမ်းကျင်သော်လည်း ...
movie
Thor (2011) MCU
2011
4K HEVCHDR
6.6
Pirates of the Caribbean: On Stranger Tides(2011)
Pirates of the Caribbean: On Stranger Tides(2011) ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့ မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်... File Size : (5.06GB)(3.63GB) and (1.24GB) Quality : Blu-Ray 4K HEVC,1080p 5.1CH,720P Format…mp4 Duration…02:23:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Pirates of the Caribbean: On Stranger Tides(2011)
2011
4K HEVC
6.3
Murder 2 (2011)
Murder 2 (2011) Action, Crime, Drama IMDb 6.3/10 (7.2K)ကဲ မင်းသားကြီး အင်မရန်းဟက်ရှမီရဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်လက်ရဲဇက်ရဲနိုင်တဲ့ အရ်ဂျွန်ဟာ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ကြောက်လေ့မရှိတဲ့ လောကဓံကိုအန်တုနေတဲ့ မိုက်ကန်းကန်းလူတစ်ယောက်ပါ သူဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ရဲဌာနကို စိတ်ကုန်နေလို့ တရားဥပဒေဘောင်ပြင်ဘက်ထွက် ကြေးစားလုပ်နေသူတစ်ယောက်ပါတစ်ရက် သူ့ကိုအလုပ်တစ်ခုလာအပ်ပါတယ် ညဉ့်ငှက်လေးတွေ ပျောက်ပျောက်နေတဲ့အမှုပါ..ဖောက်သည်က ခေါ်သွားပြီးရင် ကောင်မလေးတွေက ပြန်ပေါ်မလာတော့ပါဘူး..ပျောက်သွားတာလား ထွက်ပြေးသွားတာလား ဝေခွဲမရလို့...အဆိုပါအမှုကိုလိုက်နေရင်းနဲ့ မြို့ထဲမှာလည်း လူတွေပျောက်ပျောက်နေတာကို သတိထားမိလာခဲ့ပါတယ်..ပျောက်ဆုံးနေသူတွေအားလုံးဟာလည်း မိန်းကလေးတွေချည်းပါပဲ...ဒီအမှုကိုလိုက်နေရင်းနဲ့ ထင်မှတ်မထားတဲ့ ကိစ္စတွေနဲ့ လှည့်ကွက်လေးတွေ ပေါ်လာတဲ့အခါမှာတော့ ဇာတ်ရှိန်တွေ ဘယ်လိုတက်လာမလဲဆိုတာကို ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါ...အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားဖြစ်တဲ့အတွက် အနုအရွခန်းလေးတွေ ပါသေးလို့ ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာဖြစ်တယ်လို့ ညွှန်းပေးလိုက်ပါတယ်နော် File size…1.8GB / 800MB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Murder 2 (2011)
2011
6.9
Water for Elephants (2011)
Water for Elephants (2011) ===========================ဒီဇာတ်ကားက Twilight မင်းသား Robert Pattinson, Django Unchained, Inglorious Bastards ထဲက မင်းသားကြီး Christoph Waltz နဲ့ မင်းသမီး Reese Witherspoon တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance/ Drama ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်IMDb - 6.9/10, Rotten Tomatoes - 60% ရထားပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ပိုလန်ကနေထွက်လာတဲ့ ကော့စကီးမိသားစုက သားဖြစ်သူ ဂျေကော့ ဂျန်ကော့စကီးဟာ တိမွေးကု ဆရာဝန်ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကို ဖြေဆိုနေတုန်းမှာပဲ သူ့ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပြီး စီစဉ်ထားသမျှ အကုန်လွဲကာ လေလွင့်တဲ့ဘဝကို ရောက်သွားခဲ့ပါတယ် ဒီလိုနဲ့ လမ်းမတွေထက် ဦးတည်ရာမဲ့ သွားလာနေရင်း သူ ရထားတစ်စီးကိုမြင်တော့ ပြေးတက်သွားခဲ့ရာကနေ သူ့အတွက် ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ဘယ်လိုပြန်ရလာမလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဆပ်ကပ်အဖွဲ့သားတွေရဲ့ ဘဝတွေကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်တချို့နဲ့ Fiction ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်The Greatest Showman လို ...
movie
Water for Elephants (2011)
2011
First
2
3
4
5
6
Last
Previous
Next