Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2009
6.1
Solomon Kane
Solomon Kane (2009) IMDb - 6.1/10_____Rotten - 67% မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။ မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို ...
movie
Solomon Kane
2009
6.4
The Collector (2009)
Desperate to repay his debt to his ex-wife, an ex-con plots a heist at his new employer's country home, unaware that a second criminal has also targeted the property, and rigged it with a series of deadly traps.ကြောက်မက်ဖွယ်ရာလူသတ်အက်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ချေ့စ်မိသားစုဟာဆိုရင် ဒက်ထရွိုက် မှာရှိတဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့ကျပါတယ်။ဒီလို ပြောင်းရွှေ့တဲ့အခါမှာဆိုရင် အာကင်ဆိုတဲ့ လူကို တံခါးပေါက် ပြတင်းပေါက်တွက် တပ်ဆင် ပေးဖို့အတွက်ငှားရမ်းလိုက်ပါတယ်။အာကင်ရဲ့ အမျိုးသမီးဟာဆိုရင် အကြွေးတွေ နစ်နေပြီး ငွေကို အရေးတကြီးလိုအပ်နေပါတယ်။အာကင် ရဲ့ လုပ်ခကလည်း အကြွေးပေးရအောင် မလုံလောက်ပြန်ပါဘူး။ဒီအချိန်မှာ ကြံရာမရတဲ့အဆုံး အာကင်ဟာ ချေ့စ်မိသားစုရဲ့ မီးခံသေတ္တာကို ဖောက်ထွင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အစီအစဉ်ချ ...
movie
The Collector (2009)
2009
7.3
Wonder Woman (2009)
Wonder Woman (2009) IMDb - 7.3/10_____Rotten 83% Wonder Woman ဇာတ်ကားကြီး မလာခင်မှာ ကြည့်ထားနှင့်ဖို့အတွက် Animation ကားကို အရင်တင်ဆက်ပေးလိုက်ပါတယ်။IMDB 7.3 ရရှိ ထားတဲ့ အတွက် ကောင်းမွန်လှတဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း အထူးပြောနေစရာမလိုပါဘူး။ဇာတ်လမ်းကတော့ အမေဇုန်လို့ခေါ်တဲ့ အမျိုးသမီးသူရဲကောင်းမျိုးနွယ်စုကနေစပါတယ်။မျိုးနွယ်စု ဘုရင်မ ဟစ်ပိုလစ်တာ ဟာဆိုရင် စစ်နတ်ဖုရား အေးရီးစ် နဲ့ စစ်ဖြစ်ရာမှ အနိုင် ရရှိခဲ့ပြီး ဇုစ်ရဲ့ မေတ္တာရပ်ခံမှု့ကြောင့် အေးရီးစ် ကို မသတ်ပဲ အကျဉ်းချ ပြီး သာမစ်စကယ်ရာလို့ ခေါ်တဲ့ ပြင်ပ ကမ္ဘာနဲ့ အဆက်အသွယ်မရှိတဲ့ ကျွန်းတစ်ကျွန်းကို အမေဇုန် မျိုးနွယ်တစ်စုလုံးပြောင်းရွှေ့နေထိုင်ကျပါတယ် မကြာခင်မှာပဲ ဟစ်ပိုလစ်တာဟာ ထူးဆန်းတဲ့ အစွမ်းတစ်ခုနဲ့ Wonder Woman လို့ခေါ်တွင်မဲ့ ဒိုင်ယာနာကို မွေးဖွားခဲ့ပါတယ်။ ဒိုင်ယာနာ လေးတဖြည်းဖြည်း အရွယ်ရောက်လာတဲ့ အခါမှာ သူတို့ရဲ့ ကျွန်းကို တိုက်လေယာဉ် အုပ်စုမှ စတိဗ် လို့ခေါ်တဲ့ လူတစ်ယောက်က လေယာဉ် တိုက်ခိုက်မှု့ကြောင့် လေယာဉ် ပျက်ကျပြီးရောက်ရှိလာပါတယ်။ဒီမှာပဲ စတိဗ်ကို ပြန်ပို့ဖို့ ဆုံးဖြတ်ချက်ချပါတော့တယ်။ စတိဗ်ကို ...
movie
Wonder Woman (2009)
2009
6.7
Wanted (2009)
အိႏၵိယအက္ရွင္ကားပါ။ ဆလ်မန်းခန်းပရိသတ်တွေအကြိုက်တွေ့စေမယ့်ဇာတ်ကားပါ။ မွန်ဘိုင်းမြို့ရဲ့လူဆိုးဂိုဏ်းတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေဖြိုခွဲသလဲ ဘယ်လိုတွေအခက်အခဲတွေနဲ့တွေ့ကြုံရလဲ ဘယ်လောက်တောင်စတေးမှုတွေပြုလုပ်ရသလဲဆိုတာကို ရိုက်ပြထားတာပါ။ ထုံးစံအတိုင်း အရင်တုန်းကထွက်ထားတဲ့ကုလားကားဆိုတော့ အိုဗာအက်ရှင်တွေကိုတော့သည်းခံပြီးကြည့်ပေးကြပါခင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်)File Size :1 GB Quality : Bluray 720P Running Time : 2hr 27minutes Format : Mp4 Genre : Action, Comedy, Crime Translator : Ye Man Aung Encoder :Thanhtike Zaw
movie
Wanted (2009)
2009
5.5
Ninja (2009)
Ninja (2009)_____IMDb - 5.5/10 ကဲ အခုတခါတော့ ကောင်မလေး ချောချောလေးတွေပါတဲ့ နင်ဂျာကား လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒုတိယ ကားကိုတော့ တင်ပေး ပြီးသားမို့ ကျိခြင်သပဆို ကွကို ဆိုက်ထဲမှာရှာကြည့်လိုက်ပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ကတ်ဆီ နဲ့ မာဇဆူကာ တို့ဟာ ဂျပန်က ဆရာတယောက်ဆီမှာ နင်ဂျစ်စု ကိုဆည်းပူးနေကြတဲ့ သူတွေပါ သူတို့ ဆရာဆီမှာ သမိုင်းဝင် ကျဉ်ခံအင်္ကျီနဲ့လက်နက်များရှိပါတယ် မာဇဆူကာဟာယှဉ်ပြိုင်တိုင်း ကတ်ဆီကို မြဲတမ်းရှုံးနိမ့်ရသူပါ တစ်နေ့မှာတော့ မာဇဆူကာက သစ္စာဖောက်သွားတဲ့အခါမှာတော့ ကဲပရိတ်သတ်ကြီးကပဲဆက်ကြည့်လိုက်ကြတော့ဗျ :) ဘာသာပြန်ကတော့ ကိုစိုးထွေးပါ File Size - 744 MBQuality - 720pTranslator - Soe HtweEncoder - Kyaw Ye Aung
movie
Ninja (2009)
2009
5.8
Chernaya Molniya (2009)
ကဲအခုတစ်ခါတော့ I Tune Store မှာ rating 3.8/5 တောင် ရထားတဲ့ ရုရှား super hero ဇာတ်ကား တစ်ကားကိုတင် ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားဟာ စံကာတင်စာရင်း၂ခါတောင် ၀င်ခဲ့ပါသေးတယ်ပြီးတော့ ၂၀၀၉ ခုနှစ်ကထွက်ခဲ့တာဆိုတော့ အခုလက်ရှိ ရုရှား Superhero ကား Gurdian မလာခင်လေး ကြိုကြည့်ထားကြပေါ့နော့ :P ဇာတ်လမ်းအကျဉ်းလေးကတော့ သက္ကရာဇ် 2K4 မှာရုရှားသူဌေး Kuptsov ဟာ မော်စကိုမြို့အောက်မှာ စိန်သိုက်ကြီးကိုတွေ့ ခဲ့လို့ လောဘတကြီးတူးပါတော့တယ် မဆင်မခြင်တူးယူကြောင့်သူဟာ သုံးမကုန်အောင်ချမ်းသာ လာပြီး အနာဂတ်မှာ သူ့ရဲ့ စက်တွေကိုမောင်းနင်ဖို့အတွက် စွမ်းအင် အရင်းအမြစ်အသစ်ကိုထပ်မံရှာဖွေဖို့ လိုအပ်လာပါတော့တယ် ဒီလိုပဲမြို့ရဲ့တဖက်ခြမ်းမှာတော့ ကောလိပ်ကျောင်းသားDIMA ဟာကားတစ်စီးရဖို့စိတ်ကူးယဉ်အိမ်မက်မက်နေပြီး သူတဖက်သတ်ကြိုက် နေရသူ Nasty ကို ကားနဲ့တင်ပြီးလျှောက်လည်ခြင်နေသူပါ ကံဆိုးစွာနဲ့ပဲ Nasty ဟာမာစီးဒီး ဘန့်ဇ် နောက်ကောက်ကောက်ပါအောင် လိုက်သွားတဲ့အခါမှာတော့ Demi တယောက်ပဆံရဖို့ကြိုးစားရာမှမြို့ တဖက်ခြမ်းက သဌေးကြီးနဲ့ဆုံတွေ့မိတဲ့အခါမှာတော့ ဘာတွေဆက်ဖြကြ မလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ပါတော့ (အမှန်က Demi က nano catalyst စမ်းတာ failပြီး black lightning ဖြစ်သွားတာ နော် )Download Large File From Pcloud Download Small ...
movie
Chernaya Molniya (2009)
2009
6.9
Triangle (2009)
Triangle (2009) IMDb - 6.9/10_______Rotten - 80% တစ်ကိုယ်တည်း ကလေးအမေတစ်ယောက်ဖြစ်တဲ့ Jess တစ်ယောက် သူငယ်ချင်း တစ်ချို့နဲ့ ပင်လယ်ပြင် ရွက်လွှင့်ခရီးမှာ ရွက်လှေမှောက်ပြီး ထူးဆန်းတဲ့ ပင်လယ်ကူးသင်္ဘောရောက်သွားပြီး တစ်ယောက်ယောက်က သူတို့ကို လိုက်လံသတ်ဖြတ်ချင်းကိုခံရတဲ့အခါ ဘလာဘလာဘလာ..... ဒီအတိုင်းဆိုရင်တော့ သာမန် လူသတ်ကားတစ်ကားလို့ပဲ ထင်မိကြမှာပါလေ ဒါပေမယ့် လုံးဝမဟုတ်ပါဘူး ကြည့်ဖူးသမျှ လူသတ်ကားတွေလိုမဟုတ်ပဲ လုံးဝကွဲထွက်သွားတဲ့ ဇာတ်အိမ်မျိုးပါ (ဥပမာ ကိုယ့်သူငယ်ချင်းတွေကိုပဲ ကြိမ်ဖန်များစွာ သတ်နေရတဲ့ဖြစ်ရပ်မျိုး) ငရဲ ကို လက်တွေ့ကြကြဖော်ညွှန်းထားတဲ့ ပုံစံမျိုးလို့ပြောလို့ရပါတယ် ကြည့်ပြီးသွားရင်တောင်မှ အတွေးစအရှည်ကြီးတွေ တန်းလန်းကျန်ခဲ့မဲ့ ဇာတ်ကားမျိုးပါ လုံးဝ လက်မလွှတ်သင့်တဲ့ကားပါ ဒီဇာတ်ကားကတော့ October 2009 တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ IMDb rating ကတော့ 6.9 ရရှိထားပါတယ်အညွှန်းရေးပြီး ဘာသာပြန်ပေးတာကတော့ ကျွန်တော် Htaung At ပါ (P.S. ဒါတောင်မပြောပဲချန်ထားတဲ့ မြှပ်ကွက်တွေအများကြီးရှိသေးတယ်)File Size - 708 MB Translator - Htaung At Encoder - Kyaw Ye ...
movie
Triangle (2009)
2009
7.8
Mother (2009)
Mother (2009) IMDb - 7.8/10_____Rotten - 96% mother ရုပ်ရှင်က အမေတစ်ယောက်ရဲ့မေတ္တာကို အဓိကဖော်ပြထားတယ့်ကားတစ်ကားပါ။ IMDb 7.8 ထိရရှိထားပြီး Rotten tomatoes 95% နဲ့Roger Ebert 4 မှာ 3.5 ထိရရှိခဲ့တယ့် ဇာတ်ကားဖြစ်ပါတယ် Rating တွေမြင့်နေတာလဲ ဇာတ်ကားကြည့်ပြီး မှာဘာကြောင့်မြင့်နေလဲဆိုတာ သဘောပေါက်နိုင်ပါလိမ့်မယ် Budget ကန်ဒေါ်လာ ၅ မီလီယံနဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁၇.၁ မီလီယံထိအောင် ရရှိခဲ့တယ့် crime & Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။ အာရှ ၊ ဥရောပ ၊ အမေရိက နဲ့အရှေ့အလယ်ပိုင်း နိုင်ငံတွေ မှာ စပြီးပြသခဲ့တယ့် မေလ ၂၉ ရက် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၁၀ခုနှစ်ထိ ရုပ်ရှင်ဇာတ်ကား ဆုပေးပွဲပေါင်း ၂၆ ခုမှာ ဆုပေါင်း ၅၉ဆုအထိလျာထားခြင်းခံခဲ့ရပါတယ်။ ဇကာတင်ဆုစာရင်းတွေမှာ ဆု၂၀ ဝင်ခဲ့ပြီး ၃၉ ဆုကိုတော့သိမ်းပိုက်ရရှိခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့တောပ့်စတား ဆောင်းဝန်ဘင်း ...
movie
Mother (2009)
2009
6.8
Bodyguards and Assassins (2009)
movie
2009
6.2
Raging Phoenix (2009)
movie
Raging Phoenix (2009)
2009
5.4
Aliens In Attic (2009)
Adventure ကားလေးလည်းဖြစ် ဟာသဆန်ဆန်လေးလည်းရောထားတဲ့ ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ.... ၂၀၀၉ ခုနှစ်ကထွက်ရှိထားတဲ့ Aliens in the Attic ကားလေးဟာ IMDB 5.4 ပဲရထားပေမဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကားလေးမို့ လက်လွတ်မခံသင့်တဲ့ ကားလေး တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပီတာဆန်မိသားစုက နွေရာသီပိတ်ရက်ဖြစ်တဲ့အတွက် ငါးဖမ်းဖို့မီချီဂန်မှာရှိတဲ့ အပန်းဖြေရိပ်သာတခုကို ခရီးထွက်လာခဲ့ကြပါတယ်... အဲ့မြို့ရောက်တဲ့အခါ သူတို့ငှားထားတဲ့အိမ်မှာ ဘယ်တုန်းထဲက မြှုပ်ထားမှန်းမသိတဲ့ ဂြိုလ်သားတွေနဲ့ပတ်သက်တဲ့ စက်ကိရိယာတခုကြောင့် ဂြိုလ်သားတွေ သူတို့အိမ်ထဲ ကျူးကျော်ဝင်ရောက်မှုတွေဖြစ်ပြီး လူသားတွေကို စိတ်ထိန်းချုပ်စက်တွေတပ်ဆင်ကာ ကမ္ဘာကြီးကို ကြီးစိုးဖို့ကြိုးစားပါတော့တယ်။ တွမ်ပီတာဆန်တို့မောင်နှမတသိုက် မိဘတွေမသိအောင် ကမ္ဘာကြီးကိုဘယ်လိုကာကွယ်ရင်း ဂြိုလ်သားတွေကိုဘယ်လိုနှိမ်နင်းကြမှာလဲ... သူတို့အချိန်မှီကာကွယ်နိုင်မလား ဂြိုလ်သားတွေကပဲ ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ၀င်ရောက်လာကြမလားဆိုတာကို ပရိတ်သတ်ကြီးက ဇာတ်ကားလေးဒေါင်းပြီး ကြည့်ရှူလိုက်ကြပါဦးနော်... [Adventure ကားလေးလည်းဖြစ် ဟာသဆန်ဆန်လေးလည်းရောထားတဲ့ ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ.... ၂၀၀၉ ခုနှစ်ကထွက်ရှိထားတဲ့ Aliens in the Attic ကားလေးဟာ IMDB 5.4 ပဲရထားပေမဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကားလေးမို့ လက်လွတ်မခံသင့်တဲ့ ကားလေး ...
movie
Aliens In Attic (2009)
2009
5.4
Hotel For Dogs 2009
မိဘမဲ့ ကလေးလေး ၂ ယောက်ဟာ သူတို့ရဲ့ အုပ်ထိန်းသူတွေက အိမ်မှာ ခွေးမွေးခွင့်မပြုတဲ့အတွက် လမ်းဘေးခွေးလေးတစ်ကောင်ကို ဟိုတယ်ဟောင်းကြီးတစ်ခုထဲမှာ ကယ်တင်ထားခဲ့ပါတယ်။ အဲဒီနောက်ဆက်ပြီး ခွေးဖမ်းတဲ့ လူ ၂ ယောက်နဲ့ ရဲတွေလက်ထဲကနေ အခြားသောခွေးတွေကိုပါ ကယ်တင်ထားရင်း သူတို့လေးတွေကို အမြဲတမ်းစာအတွက် ကယ်တင်ဖို့ ကြိုးစားကြပါတော့တယ်..... File Size : 700 / 350 Mb Duration : 1 : 39: 58 Quality : Bluray rip Translator : Appleseed Encoder : Littleneo CM Link VIP Link OP Link
movie
Hotel For Dogs 2009
2009
5.6
Friday the 13th 2009
1980 ပြည့်နှစ်များကထွက်ရှိခဲ့တဲ့ Friday the 13th ဆိုတဲ့ horror flim series လေးကိုပြန်လည် အသက်သွင်း reboot လုပ်ထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 2009 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ရိုက်ကူးသူကတော့ horror ကားတွေကိုပြန်လည်အသက်သွင်းလေ့ ရှိတဲ့ Director Macus Nispel ပဲဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့ ညီမလေးကို လိုက်ရှာနေတဲ့ Clay နဲ့ တောတွင်းစခန်းချ အပန်းဖြေခရီးထွက်လာတဲ့ သူငယ်ချင်းတစ်သိုက်တို့ ဘယ်လိုထိတ်လန့်ဖွယ်ရာတွေကြုံတွေ့ရမလဲဆိုတာကတော့... Clay အဖြစ်နဲ့ ကတော့ နာမည်ကြီးဇာတ်လမ်းတွဲ SUPERNATURAL မင်းသား Jared Padalecki( ဆမ်) ပါဝင်သရုပ်ဆောင်ထားပြီး Flash Series ထဲမှ ဆရာဝန်မလေးဖြစ်တဲ့ Caitlin Snow လည်းပါဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်.... IMDb rating 5.6 ရရှိကာ Box Office ဝင်ငွေ $91.4 million ရရှိထားတဲ့ Horror ...
movie
Friday the 13th 2009
2009
5.4
My Ex 2009
ထိုင်းHorrorကားတွေကိုအကြိုက်တွေ့တယ်ဆိုတဲ့ပရိတ်သတ်တွေအတွက် ဇာတ်ကြောတစ်ခုလုံးကိုခပ်ကြွကြွလေးရိုက်ကူးထားတဲ့လူနေမှုဘဝမှာဖြစ်ပျက်တတ်တာလေးတွေကိုပုံဖော်ထားပါတယ်.. ကျွန်တော်ပြောတဲ့လူနေမှုဆိုတာကလူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးကိုဆိုလိုတာပါ... ''စကားတစ်ခွန်းနဲ့လူတစ်ယောက်ကိုသတ်လို့ရတယ်ဆိုတာဒီကားမှာပြထားတယ်''... ခမ်းဟာ..သူရဲ့ရည်းစားနဲ့မှားပြီးတဲ့နောက်မှာကောင်မလေးကိုတာဝန်ယူချင်တဲ့စိတ်ကင်းမဲ့နေခဲ့ပါတယ်.... ဒါဟာသူ့အတွက်ရှေ့ပြေးနမိတ်ဂြိုလ်ဆိုးတွေဆိုသူသာသိခဲ့ပါလျှင်.... ခမ်းဟာနောက်ထပ်ကောင်မလေးတစ်ယောက်ကိုထပ်ထားချိန်မှာတော့ခမ်းရဲ့ ချစ်သူဟောင်းဟာ....သူ့ကိုယ်သူပဲသတ်သေမလား...သစ္စာမရှိတဲ့ကောင်အတွက်... သူ့လက်စားချေနည်းတွေကိုဘယ်လိုအသုံးချတော့မယ်ဆိုတာတွေ့ရတော့မှာပါ..ဒီနေ့ခေတ်စကားနဲ့ဆိုရမယ်ဆိုရင်.. "ခြံခုန်နွားနဲ့စနိုက်ကြော်တို့....ဘယ်လိုတွေများနှစ်ပါးသွားကြမလဲဆိုတာကို"... ဖန်သားပြင်ပေါ်မှာခံစားလိုက်ကြပါ.. ဒီကားလေးကိုအညွှန်းနဲ့ခံစားဘာသာပြန်ပေးထားသူကတော့ John La Yaung ပဲဖြစ်ပါတယ်...File size…(778.6 MB , 347.8 MB ) Quality…DVD-Rip Format…mp4 Duration….01:25:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Moe Myint Lwin Download with Pcloud Download with Pcloud ( Small Size ) Download with Openload Download with MiMedia Download with Syncplicity Download with Mega
movie
My Ex 2009
2009
7.6
Summer Wars (2009)
Summer wars ဆိုတဲ့ anime ဟာ နိုင်ငံတကာမှာ အထူးထင်ရှားတဲ့ နာမည်ကြီး ဒါရိုက်တာ Hosoda Mamoru ရိုက်ကူးခဲ့တဲ့ Rating မြင့် ကာတွန်းတစ်ကားဖြစ်ပါတယ်.. ဂျပန်ကာတွန်းကားတွေရဲ့ ထုံးစံအတိုင်း ရင့်ကျက်တဲ့ဇာတ်အိမ်နဲ့အတူ မိသားစုသံယောဇဉ်.. ချစ်ခြင်းမေတ္တာ.. စည်းလုံးမှု.. မလျှော့သောဇွဲနဲ့အတူ မထင်မှတ်တဲ့အပြောင်းအလဲတွေနဲ့ တော်တော်လေးနာမည်ကြီးခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်..ဇာတ်လမ်းကတော့ OZ ဆိုတဲ့ တစ်ကမ္ဘာလုံးက ဖုန်း/ကွန်ပျူတာတွေ အင်တာနက်ကတဆင့် ချိတ်ဆက်ကစားနိုင်တဲ့ Digital World ကနေ အစပြုခဲ့ပါတယ်.. လူတိုင်းမှာ ကိုယ်ပိုင်အချက်အလက်နဲ့ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ကောင်ဆီပိုင်ဆိုင်ပြီး shopping ထွက်တာ စီးပွားရေးလုပ်ငန်းတွေ အုပ်ချုပ်သူအစိုးရပိုင်းတွေ ရေပိုက်လိုင်း လျှပ်စစ်စနစ်ကအစ အပြင်လောကနဲ့ထပ်တူ လှုပ်ရှားကစားနိုင်တဲ့ virtual world game တစ်ခုလဲဖြစ်ပါတယ်..ခဲန်းဂျိလို့ခေါ်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဟာ သင်္ချာအိုလံပစ်မှာ ဂျပန်နိုင်ငံကိုယ်စားပြုအဖြစ်က လွဲချော်ခဲ့လို့ စိတ်မကောင်းဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ပါ.. တစ်ရက် သူ့စီနီယာမမက အဖွားမွေးနေ့မှာ သူ့ရည်းစားအဖြစ်နဲ့ ...
movie
Summer Wars (2009)
2009
3.7
Blue (2009)
ဒီဇာတ်ကားက ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ Paul Walker နဲ့ Jessica Alba တို့ပါဝင်သရုပ်ဆောင်ပြီး နာမည်ကြီးခဲ့တဲ့Into The Blue ဇာတ်ကားကို အခြေခံလို့ ပြန်လည်ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ဟောလိဝုဒ်ဇာတ်ကားလိုပဲ ဘောလိဝုဒ်ဇာတ်ကားကိုလဲ ဒိတ်ဒိတ်ကြဲမင်းသား မင်းသမီးတွေနဲ့ ရိုက်ကူးခဲ့တာပါ။မင်းသား Akshay Kumar ...Sanjay Dutt ...မင်းသမီး Katrina Kaif....Lara Dutta တို့ပါဝင်ထားပါတယ်။အက အလှ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ ဘောလိဝုဒ်ပရိတ်သတ်တွေအကြိုက်တွေ့လောက်မှာပါ။ File size…(999MB) Quality…DVD-Rip 720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Download 720p HD (999MB) Download 360p Small File (430MB) (or) Download and Watch 720p and 360p (VIP Link)
movie
Blue (2009)
2009
7.6
A Brand New Life (2009)
A Brand New Life ဇာတ်ကားဟာဆိုရင် IMDb ratting 7.6 အထိ ရရှိထားပါတယ်...မိဘရဲ့ စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တတရားငတ်မတ်နေတဲ့ ကလေးတယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ... ဇာတ်လမ်းအစမှာတော့ ဖခင်ဖြစ်သူက သူ့သမီးလေးဂျင်ဟီးကို မိဘမဲ့ဂေဟာမှာ သွားပို့လိုက်ပါတယ်...ပတ်ဝန်းကျင်အသစ်ဖြစ်တဲ့ မိဘမဲ့ဂေဟာမှာ ဂျင်ဟီးတယောက်တခြားကလေးအဆင်ပြေနိုင်ပါ့မလား...ဖခင်ဖြစ်သူက တနေ့ကျရင် ပြန်လာခေါ်မယ်လို့ တထစ်ချယုံကြည်နေတဲ့ ဂျင်ဟီး သူ့အဖေကရောသူ့ကိုပြန်လာခေါ်ပါ့မလား...ကလေးဘ၀ကတည်းက ကတိဆိုတဲ့ စကားတလုံးကို ယုံကြည်နေတဲ့ဂျင်ဟီးရဲ့ မျော်လင့်ချက်တွေဖြစ်လာပါ့မလား... မိဘမဲ့ဂေဟာမှာ လာရောက် မွေးစားမယ့်သူကို စောင့်နေကြတဲ့ကလေးတွေများနေပေမယ့် ဂျင်ဟီးတယောက်ကတော့ သူ့အဖေတယောက်တည်းကိုသာ စောင့်မျော်နေရင်း.... ဒီဇာတ်ကားမှာ ကလေးတွေရဲ့ ပီပြင်စွာသရုပ်ဆောင်ထားချက်ကြောင့် ဇာတ်လမ်းရဲ့ ရသရော ပေးချင်တဲ့ မတ်ဆေ့ရောကို ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော. Aung Pyay ဖြစ်ပါတယ်) File Size : 700 MB Quality : DVD Rip Running Time : 1hr 32 minute Format : Mp4 Genre : Drama Encoder : Thanhtike Zaw
movie
A Brand New Life (2009)
2009
4.0
Chandni Chowk to China (2009)_____IMDb - 4.0/10 မင်းသား Akshay Kumar နဲ့ မင်းသမီးချော Deepika Padukone တို့ပါဝင်ထားတဲ့ Action, Adventure, Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားကိုတော့ Ko Myo Kyaw Kyaw မှကိုယ်တိုင်ဘာသာပြန် Encode လုပ်ပေးထားတာပါ။) ကြည့်ရှုအားပေးကြပါဦး။ File size...(1.17 GB) Quality...HDrip Format...mp4 Duration....02:34:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Myo Kyaw Kyaw နမူနာကြည့်ရန်
movie
Chandni Chowk to China (2009)
2009
7.2
Bangkok Traffic Love Story (2009)
Bangkok Traffic Love Story (2009)_____IMDb - 7.2/10 IMDb Rating (7.2/10) ထိရရှိထားတဲ့ Comedy, Romance အမျိုးအစား ထိုင်းဇာတ်ကားလေးပါ။ မင်းသမီး Cris Horwang ကိုအထူးသတိထားမိမယ့်ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုကိုရရှိခဲ့ပါတယ်။ အချစ်ပုံပြင်တစ်ခုကို ဟာသဆန်ဆန်ပုံဖေါ်ထားတာ အတော်လေးသဘောကျမိပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုသင့်တဲ့ Comedy ဇာတ်ကားမျိုးပါ။ (Phyo Thu Hein မှခံစားတင်ဆက်ထားပါတယ်။) File size...(1 GB) Quality...WebDL-Rip 720p Format...mp4 Duration....02:05:40 Subtitle....Myanmar Subtitle (Hardsub) Translator....Phyo Thu Hein Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie
Bangkok Traffic Love Story (2009)
2009
6.5
Drag Me to Hell (2009)
Drag Me to Hell (2009) IMDb - 6.5/10________Rotten - 92% ကျိန်စာတိုက်တယ် ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စ ကားမျိုးမဟုတ်ပါဘူး အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ---အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီ က ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲက မကောင်းဆိုးဝါးအသံတွေကိုကြားခဲ့ရတယ်...ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့ ---- ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ...သမိုင်းစခဲ့တယ်အခုလက်ရှိခေတ် မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်ဝင်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက် ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ.... ညဖက်တယောက်ထဲ မကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ ညကျကြည့်မယ်ဆိုရင် ၃-၄ယောက်လောက်စုကြည့်ရမယ့် ကားကောင်းတကားဖြစ်တယ်လို့ပဲ ညွှန်းပါရစေ..... ဒီဇာတ်ကားကို ညီလေး Moe Oo Mann မှဘာသာပြန်ပြီး မြန်မာကြီးမှ အညွှန်းရေးပေးထားပါတယ်က်ိန္စာတိုက္တယ္ ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စ ကားမျိုးမဟုတ်ပါဘူး အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ---အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီ က ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲက မကောင်းဆိုးဝါးအသံတွေကိုကြားခဲ့ရတယ်...ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့ ---- ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ...သမိုင်းစခဲ့တယ်အခုလက်ရှိခေတ် မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်ဝင်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက် ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ.... ညဖက်တယောက်ထဲ မကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ ညကျကြည့်မယ်ဆိုရင် ၃-၄ယောက်လောက်စုကြည့်ရမယ့် ကားကောင်းတကားဖြစ်တယ်လို့ပဲ ညွှန်းပါရစေ..... ဒီဇာတ်ကားကို ညီလေး Moe Oo Mann မှဘာသာပြန်ပြီး မြန်မာကြီးမှ အညွှန်းရေးပေးထားပါတယ်File Size ...
movie
Drag Me to Hell (2009)
2009
First
6
7
8
Previous