Channel Myanmar
2009
The Stepfather (2009) 5.6
The Stepfather (2009) 2009 ခုနှစ်မှာထွက်ခဲ့တဲ့ ဒီ stepfather ဆိုတဲ့ကားဟာ1987 တုန်းက ထွက်ခဲ့တဲ့ကားကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် ..အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်...ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့အများသိစရိုက်လက္ခဏာတွေပေါ့..ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကို်င်ပြီးဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာခိုအောင်းလို့နေပါတယ်..ဒီကားရဲ့ ဇာတ်ကြောင်းကိုတော့ ပထွေးဖြစ်သူရဲ့ သရုပ်မှန်ကိုကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ ေနာက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့နာမည်အတည်တကျမရှိသူ လူကြီးလူကောင််းယောင်ဆောင်ပထွေးကြားက သံသယနဲ့ အားပြိုင်မှုကိုပါ။ဒီဇာတ်လမ်းမှာ နောက်ထပ်အသတ်ခံသားကောင်တွေပဲတိုးလာမလား..ပထွေးဖြစ်သူရဲ့ မျက်နှာဖုံးတွေပဲ ကွာကျသွားမလားဆိုတာတော့ ကိုယ်တိုင်ကိုယ်ကျပဲ ကြည့်ကြည့်လိုက်ကြပါဦးTranslated by Sane KhetEncoded by sithu
movie
The Stepfather (2009)
2009
Woochi: The Demon Slayer (2009) 6.6
movie
2009
[21+] Now & Later (2009) 5.1
[21+] Now & Later (2009) Dark Side Production မှတင်ဆက်သည်......Now & Later(2009)IMDb....5.1(21+ ဆိုတဲ့ လျှို့ဝှက်သင်္ကေတကို တပ်လိုက်ကထဲက  ဒီဇာတ်ကားရဲ့ အတိမ်အနက်ကိုသိုင်းလောကသားများသိပြီးလောက်ပြီထင်ပါတယ်..သို့ပေမယ့် ဒီကားက ဇာတ်လမ်းလေးလည်းကောင်းသလို  တန်းဝင်တဲ့အဆင့်မှာရှိပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ နီကာရာဂွာနိုင်ငံက တော်လှန်ရေးခေါင်းဆောင်ရဲ့သမီးလေးနဲ့ ကမ္ဘာနဲ့ချီတဲ့ ဘဏ်ကိစ္စတွေလုပ်ခဲ့တဲ့ နိုင်ငံတွေရဲ့ စီးပွားရေးကို ကစားခဲ့တဲ့ လူတစ်ယောက်ရဲ့ One Night Stand ဆန်ဆန် အချစ်ဇာတ်လမ်းကလေးပါပဲ။နိုင်ငံရေးဗဟုသုတတွေအပြင် အမေရိကန်ကို အပုတ်ချထားတာတွေပါ မြင်ရမှာဖြစ်ပြီး CIAနဲ့ ပဒေသရာဇ်နိုင်ငံလေးတွေကြားက ဇာတ်ရှုပ်တွေကိုပါ ဖော်ပြထားပါတယ်။Later ဖြစ်မလာသေးတာတွေကို တွေးပူတတ်သူတွေကို Now လက်ရှိပစ္စုပ္ပန် မှာနေထိုင်ပြီး လုပ်စရာရှိတာလုပ်ဖို့ ဖလော်ဆော်ဖီတစ်ချို့ကိုလည်း အစာသွပ်ထားပါသေးတယ်။ကိုင်း ဇာတ်လမ်းကောင်းလည်း ခံစားရင်း ရသစုံလေး သဘောကျတယ်ဆိုရင်တော့ ခံစားကြည့်လိုက်ပါ...ကျော်တော့မကြည့်ကြပါနဲ့ ....ရသစုံလေးခံစားချင်လို့ပါ..........  File Size : (855MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wild Race Encoded by War Dog
movie
[21+] Now & Later (2009)
2009
Antichrist (2009) 6.6
Antichrist (2009) Antichrist ဆိုတာ၂၀၀၉ခုနှစ်မှာထွက်ရှိထားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ် သားလေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့လင်မယားနှစ်ယောက်ရဲ့အကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ် သားလေးကိုဆုံးရှုံးလိုက်ရလို့ ကြေကွဲခံစားနေရတဲ့ဇနီးသည်ရဲ့ဝမ်းနည်းပူဆွေးသောကတွေကို ယောကျာ်းဖြစ်သူကကုစားပေးနိုင်ဖို့အတွက်ကုထုံးနည်းလမ်းနဲ့ပဲ ကုသပေးဖို့စီစဉ်လိုက်ပါတယ် မိန်းမဖြစ်သူရဲ့စိတ်အတွင်းကအကြောက်ရွံ့ဆုံးနေရာကိုသွားနေထိုင်ရင်းနဲ့ ဒီကုထုံးကိုစတင်မှာဖြစ်တာကြောင့် သစ်တောထဲကသစ်လုံးအိမ်လေးကိုသွားရောက်ခဲ့ကြပါတယ် အဲ့ဒီသစ်လုံးအိမ်လေးမှာ သားလေးဖြစ်သူနစ်ခ်နဲ့ သူ့မိန်းမတို့သွားရောက်ဖူးခဲ့တဲ့နေရာလေးပါ သူတို့သွားရောက်နေထိုင်တဲ့အချိန်ကနေစပြီးတော့ အဲ့ဒီပတ်ဝန်းကျင်ကတကယ့်ကိုငရဲတစ်ခုအလားမြင်ယောင်လာမိပါတော့တယ် ဆိုးရွားလွန်းတဲ့ပုံစံတွေ အနေအထားတွေကိုမြင်တွေ့ခံစားနေခဲ့ရပေမယ့် သူ့မိန်းမအတွက်ကြိုးစားပြီးတော့နေထိုင်ခဲ့ပါတယ် တကယ်တမ်း သူကိုယ်တိုင် သူ့မိန်းမရဲ့စာတမ်းတွေကိုတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာဘာတွေဖြစ်သွားတယ်ဆိုတာကိုတော့ ဇာတ်လမ်းကိုကြည့်ရှုရင်းနဲ့ပဲရင်ခုန်လိုက်ရအောင်ပါ တကယ်တော့ ဒီကားကတော်တော်လေးကိုအာရုံစားတဲ့ကားပါ အတွေးပိုင်းကိုလုံးဝအကျယ်ချဲ့ပြီးတော့ စဉ်းစားစေတဲ့ဇာတ်ကားလိုပုံစံမျိုးမလို့ ကြည့်ရတာ စိတ်ဝင်စားစရာတော့ကောင်းလှပါတယ် ပါဝင်သရုပ်ဆောင်များ - Willem Dafoe , Charlotte Gainsbourg ဇာတ်ကားအမျိုးအစား - Action ,Drama ,Horror ဇာတ်ကားကြာချိန် - 108 minutes Translated by Aye chansu Encoded by sithu
movie
Antichrist (2009)
2009
The Final Destination 4 (2009) 5.2
The Final Destination 4 (2009) The Final Destination 4 (2009) IMDb......5.2/10 (Blu-Ray 1080p 5.1 CH,Blu-Ray 720p တို့ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….))Horror ကားကြိုက်နှစ်သက်သူတို့အဖို့  ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ....ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ.......Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး....မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယ္ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက်  အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်..... -------------------------------------------------------- File Size : (1.3GB) and (850MB) Quality ...
movie
The Final Destination 4 (2009)
2009
Adventureland (2009) 6.8
Adventureland (2009) 1987ခုနှစ်ရဲ့ကျောင်းသားတစ်ယောက်လက်တွေ့ဘ၀ထဲကိုဝင်ပါတော့မယ် ပြသနာကတော့မပြောင်းသွားပါဘူး ဘာအရာမှလည်းမလွယ်ကူခဲ့ပါဘူး သမီးရည်းစားရေးမှာလည်းအသည်းကွဲနေတဲ့ကွဲဘဲလေးဖြစ်ပြီး လုပ်ငန်းခွင်မှာဆိုလည်းဘာအတွေ့အကြုံမှာမရှိတဲ့ငပေါသာသာပါ မိဘတွေကလည်းကျောင်းစရိတ်မပြောနဲ့ မုန့်ဖိုးတောင်မပေးတော့တဲ့အခြေအနေကိုရောက်နေပါပြီ ပိုက်ဆံရှာဖိုလိုလာတဲ့အချိန်မှာ သူ့အားလပ်ရက်တွေကိုAdventurelandလို့ခေါ်တဲ့ ကစားကွင်းမှာလုပ်ဖို့အကြောင်းဖန်လာပါတယ် စုတ်ပြတ်နာကျင်ပြီးအတွင်းပိုင်းသေဆုံးမတတ်ဖြစ်နေတဲ့လူငယ်တစ်ယောက်က လူတွေအပန်းဖြေ ပျော်ရွှင်ဖို့လာတဲ့ကစားကွင်းမှာအလုပ်လုပ်တယ်ဆိုတာ အရမ်းကြီးဆန့်ကျင်ဘက်ဖြစ်နေသလိုပါပဲ သူ့စိတ်အခြေအနေနဲ့လူမှုရေး၊အချစ်ရေးတွေကို ကစားကွင်းမှာအလုပ်လုပ်ရင်းဘယ်လိုကျော်ဖြတ်သွားမလဲ ပုံမှန်ကားဖြစ်တဲ့အတွက်ပိုကြည့်သင်တယ်လို့ထင်ပါတယ် Sci-fiတွေFantasyတွေထက်စာရင်ဒီလိုကားတွေကပေးတဲ့messageက လက်တွေ့ဘ၀မှာတကယ်အထောက်အကူဖြစ်ပါတယ် ဘာသာပြန်ပေးထားတာတော့Dollyဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
movie
Adventureland (2009)
2009
The Messenger(2009) 7.1
The Messenger(2009) The Messenger(2009)IMDb.....7.1,,,,,,Rotten.......89%စစ်ကားဟေ့ဆိုလျှင်  BLACK HAWK DOWN ၊AMERICAN SNIPER၊LONE SURVIVOR၊ SAVING PRIVATE RYANတို့လို  ကျည်ဆံသံတဝီဝီ  အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ သဘောကျတဲ့ ကျွန်တော့်အဖို့  ယ္ခုThe Messenger(2009) ဇာတ်ကားကိုကြည့်ဖို့အတော်ကြီးကို အားမွေးရပါတယ်....ဘာလို့လဲဆိုတော့ ဒီဇာတ်ကားက WAR အမျိုးအစားဖြစ်ပေမယ့်Drama ဘက်ကိုဦးစားပေးထားလို့ပါပဲ... WAR အမျိုးအစားဖြစ်လို့ ခဏတော့ကြည့်လိုက်မှဆိုပြီး မြည်းကြည့်လိုက်တာ ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာမပါခဲ့တဲ့ ရှုထောင့်ကိုရိုက်ပြထားတယ်....အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ် ...အဆုံးထိ ကြည့်ဖြစ်သွားသလို အတွေးတွေလည်း တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်...အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ဟာ  ရှေ့တန်းမှာ လက်နက်ကြီးထိခဲ့လို့ မျက်လုံး ခြေထောက်တို့မှ ဒဏ်ရာရရှိသွားတယ်..ဒါကြောင့်သူ့ကို စစ်တပ်ကနေ ပင်စင်ပေးဖို့ ပြုလုပ်ပေးတယ်..မပေးခင်ကာလ (၃)မှာ ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်....သူလုပ်ရတဲ့အလုပ်မှာ အထက်အရာရှိတစ်ယောက်ရှိတယ်...သူ့အလုပ်က လွယ်ကူလွန်းတယ်လို့ ယူဆတယ်...တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့ ဒီအလုပ်က သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်...သို့ပေမယ့် သူထင်သလောက် မလွယ်ကူမှန်း (၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်...ခင်ဗျားတို့လည်း ဇာတ်ကားကြည့်နေရင်း သူတို့လုပ်တဲ့အလုပ်နေရာကို ဝင်ရောက်ခံစားရင်းအဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်...ဘာအလုပ်ဆိုတာရယ် ...ဘယ်လိုတွေ တွေ့ကြုံရမယ်ဆိုတာရယ်တော့ စပွိုင်လာမဖြစ်စေလို့တဲ့အတွက်ကြောင့်မပြောတော့ပါဘူး...သို့ပေမယ့် စစ်ကားကောင်းကြိုက်တဲ့သူတွေအဖို့ ဒီကားကိုကြည့်စေချင်တယ်....ခင်ဗျားတို့အတွက် ရုပ်ရှင်ကားကြည့်ရတာ အချဉ်းနှီးမဖြစ်စေပါ့လားဆိုတဲ့အတွေးမျိုးရစေတဲ့ကားစာရင်းထဲမှာ ဒီကားလည်း စာရင်းဝင်သွားလိမ့်မယ်လို့အာမခံတယ်...ဒီကားက ဇာတ်ညွှန်းဆု၊ဇာတ်ပို့ဆုအတွက် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို  အခြားဆု(၁၇)ဆုလည်းရရှိခဲ့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye ...
movie
The Messenger(2009)
2009
Hachi: A Dog’s Tale ( 2009 ) 8.1
Hachi: A Dog’s Tale ( 2009 ) ခွေးကလေး ဟာချီကိုအကြောင်း အားလုံးကြားဖူးမယ်ထင်ပါတယ် 1925 ဂျပန်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတပုဒ်ပါ ဒါကိုမှီငြိမ်းပြီး ဇာတ်လမ်းပြန်လည် ရိုက်ကူးခဲ့ပါတယ် သစ္စာရှိလှတဲ့ ခွေးကလေး ဟာချီကိုဟာ သူ့သခင်ကိုနေ့တိုင်းနေ့တိုင်း ၉နှစ်ထိတိုင် သူမသေဆုံးခင်ထိ စောင့်မျှော်နေခဲ့တယ်.. သူ့သခင်ကတော့ ဘယ်တော့မှ သူ့ဆီပြန်မလာဘူးဆိုတာတော့ သူသိနိုင်မှာမဟုတ်ပါဘူး ဘာကြောင့်လဲဆိုရင် သူ့သခင် က ဆုံးသွားပြီဖြစ်လို့ပါပဲ ဒီခွေးကလေးကို ဇာတ်ကြောင်း တည်ပီးဘယ်လိုတွေ ရိုက်ကူးတင် ဆက်ထားလဲဆိုတာ ခံစားကြည့်ရအောင် ဘာသာပြန်သူ Ei Pyae ဖြစ်ပါတယ်
movie
Hachi: A Dog’s Tale ( 2009 )
2009
[18+] The Forbidden Legend: Sex & Chopsticks 2 (2009) 4.7
[18+] The Forbidden Legend: Sex & Chopsticks 2 (2009)   ကလေးသူငယ်များမကြည့်ရ လူကြီးကားဖြစ်သည်။  တရုတ်ကားလေးတွေကို မျှော်နေတဲ့သူတွေအတွက် တရုတ်ကားလေးတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ကားလေးကတော့ 2009 April မှာထွက်ရှိခဲ့တဲ့The Forbidden Legend Sex& Chipsticks 2 ဆိုတဲ့တရုတ် 18+ကားလေးပဲဖြစ်ပါတယ်။ ဒီကားကိုတော့ " The Golden Lotus "ဆိုတဲ့ဝတ္ထုကို မှီငြိမ်းပြီးရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကိုတော့ နည်းနည်းလေးပဲပြောပါ့တော့မယ်။ အရှည်ကြီးတွေရေးနေရင် ကြည့်ရတာပေါ့သွားမှာစိုးတာကြောင့်ပါ။ ဇာတ်လမ်းကတော့ ချမ်းသာတဲ့နောက်ခံကျောရိုးရှိတဲ့ ဆိုင်မွန်သိုင်ကွင်းဆိုတဲ့ လူကြီးမင်းတယောက်က ကိုယ်လုပ်တော်တွေကိုဘယ်လိုသိမ်းပိုက်လဲ... အဲ့ဒီကိုယ်လုပ်တော်တွေနဲ့ ဘယ်လိုစခန်းသွားနေလဲဆိုတာကို အကွက်အသစ်အဆန်းတွေနဲ့ ကြည့်ရှု့ခံစားကြရမှာဖြစ်ပါတယ်။ တခါလောက်တော့ထပ်ပြောချင်တာက လူကြီးများနှင့်သာသင့်တော်တဲ့ ဟောင်ကောင်တရုတ်ကားလေးဖြစ်ပါတယ်...ငိငိ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jake(NNL) ဖြစ်ပါတယ်)   File size__( 800 MB) Quality__BR-Rip 720p IMDb Rating__4.7/10 Format__mp4 Duration__01:32:40 Type__Asian, Adult, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Jake(NNL) Encoded by Naing Aung Latt(Dark Devil)
movie
[18+] The Forbidden Legend: Sex & Chopsticks 2 (2009)
2009
He’s Just Not That Into You (2009) 6.4
He’s Just Not That Into You (2009) He’s Just Not That Into Youဒီဇာတ်လမ်းကတော့ ၂၀၀၉ တုန်းက ထွက်ထားတဲ့ အချစ်ဒရမ်မာဇာတ်မြူးလေးပါ။ ဒီကားမှာ လူငယ် ၉ ယောက်ရဲ့ အချစ်ရေးပြသနာတွေကို ပုံဖော်ထားတာကြောင့် မင်းသား မင်းသမီးတွေ စုံစုံလင်လင် တွေ့ရမှာပါ (ဆာဘတ်တောင် ပါသေးတယ် ?)။ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်တွေအဖြစ် Ben Affleck, Jennifer Aniston, Bradley Cooper, Jennifer Goodwin, Drew Barrymore, Scarlett Johanssဝn နဲ့ Justin Long တို့လို့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။လက်တွေ့ဘဝမှာ လူငယ်တွေကြားဖြစ်ပျက်နေတဲ့ အချစ်ရေးပြသနာတွေကို ရိုက်ကူးထားတာမို့ relationship နဲ့ မကင်းနိုင်သူတိုင်း ကြည့်သင့်ပါတယ်။ မိန်းကလေးအတွေးနဲ့ ယောကျာ်းလေးဘက်က အတွေး မတူတာလေးတွေ၊ ဆောရန် ရှောင်ရန် လေးတွေပေါ့ ??? အချစ်စစ်ကိုလိုချင်ပေမဲ့ လူမှန်မတွေ့နိုင်ဘဲ အမြဲလွဲနေတဲ့ ...
movie
2009
Astro Boy (2009) 6.3
Astro Boy (2009) ဒီနေ့တော့ CM ပရိတ်သတ်တွေအတွက် IMDb Rate မှာ 6.4 ရရှိထားတဲ့ Astro Boy လို့ခေါ်တဲ့ Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်... ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့် တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို Robot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။ Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာ Dr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့ စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာ ထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မထင်မှတ်ပဲ ...
movie
Astro Boy (2009)
2009
Wake Up Sid(2009) 7.6
Wake Up Sid(2009) Wake Up Sid(2009). IMDb...7.6 သူနာမည်က ဆစ်ဒ်...ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့သူ...လက်ဖျောက်တစ်ချက်အတွင်းမှာ ပန်းတွေပွင့်စေချင်သလား.....ရနံတွေ လွမ်းခြုံချင်သလား...ဘာမဆိုဖန်တီးနိုင်လောက်အောင်ချမ်းသာတဲ့သူပီပီ လောကကြီးကို အပြုံးတွေနဲ့ ဂျစ်ကန်ကန်ဖြတ်သန်းနေတဲ့ကောင်လေးတစ်ယောက်...သူငယ်ချင်းတွေနဲ့အချိန်ကုန်ပြီး ဘ၀ရည်မှန်းချက်ဆိုတာ မတွေးကောင်း မလုပ်သင့်တဲ့အရာလိုသတ်မှတ်ထားတဲ့သူ...ကျောင်းမှာလည်း စာမလုပ်တဲ့ကျောင်းပျော်ကြီးပေါ့... အိုင်ရှားဆိုတဲ့ကောင်မလေးကတော့ သူနဲ့ဆန့်ကျင်ဘက်ပါပဲ...ဘ၀ရပ်တည်မှုအတွက် ကြိုးစားရုန်းကန်နေရသလို  ဆစ်ဒ်နဲ့လည်း ခံယူချက်တွေတော်တော်များများက အတော်ကြီးကိုခြားနားနေပါတယ်.. သို့ပေမယ့်သူနဲ့ (၂)ယောက်က သူငယ်ချင်းပါပဲ... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး..သိပ်ကိုနူးညံသိမ်မွေ့လွန်းတဲ့ကားလေးပါ.. .ဒီကားက ဇာတ်လမ်းကမှန်းဆရလွယ်တယ်လို့ခင်ဗျားတို့ထင်ချင်ထင်လိမ့်မယ်.. သို့ပေမယ် နေ့စဉ်နဲ့အမျှရုန်းကန်နေရတဲ့ကျွန်တော်တို့နှလုံးသားဟာ ပင်ပန်းနွမ်းနယ်ရှာလွန်းတယ်...ဒီကားကြည့်ပြီးရင်တော့ ခင်ဗျားတို့ နှလုံးသားဟာ ဆောင်းရာသီမှာသောက်ရတဲ့ ထန်းရည်ပင်ကျစစ်စစ်လိုဖြစ်သွားလိမ့်မယ် ...သိတယ်မဟုတ်လား ပင်ကျရည်စစ်စစ်ဆိုရင် အမြှုံလေးတွေက  ပုဇွန်ဆိတ်ခုန်လေး တဖြတ်ဖြတ်ခုန်နေတာလေ....ခင်ဗျားတို့နှလုံးသားလည်း တဖြတ်ဖြတ်ခုန်သွားလိမ့်မယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.... File Size : (1000 MB) and (422 MB) Quality : Blu-Ray 720p Format…mp4 Duration…02:18:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae 
movie
Wake Up Sid(2009)
2009
Fantastic Mr. Fox(2009) 7.8
Fantastic Mr. Fox(2009) Fantastic Mr. Fox(2009) IMDb...7.8,,,,Rotten....92%Mr. Foxဟာ သတင်​းစာဆရာတစ်​​ယောက်​အဖြစ် အသက်​​မွေးပြီး  သိပ်ချစ်စရာကောင်း အမျိုသမီး နဲ့သားလေး Ashတို့နဲ့အတူဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတယ်...အိမ်ထောင်ရက်သားမကျခင်တုန်းတုန်းက  Mr. Fox ဟာ အပေအတေ သူခိုးဖြစ်ခဲ့ပုံရတယ်...တစ်နေ့့ သူ့တူဖြစ်သူအိမ်ကိုအလည်လာ ​ရောက်​လာတဲ့ အချိန်​မှာ Mister fox ဟာ အရင်ဗီဇတွေပြန်ပေါ်လာပုံရတယ်...သူ့တူရောက်လာတာခြင်းဟာ သူ့အတွက်လက်ထောက်ကောင်းရပြီဆိုး အရင်​က ကြက်​ခြံ ဘဲခြံ​တွေကို ဝင်​​မွှေခဲ့ဘူးတဲ့ စွန် ့စားခန်​း အချိန်​​တွေ ပြန်​ရ​အောင်​ကြိုးစားပါ​တော့တယ်​...အင်​မတန်​ ရက်​စက်​ပါတယ်​ဆိုတဲ့ ​မွေးမြူ​ရေးခြံပိုင်​ရှင်​ ၃​ယောက်​နားမှာ အိမ်​ဝယ်​ပြီး Mister Fox ရဲ့စွန့်​စားခန်​း​တွေ စတင်​တဲ့အခါ......Rating 7.8 ရထားပြီး Comedy Adventure အမျိုးအစား Animation ကား​ကောင်​း​လေးဖြစ်​ပါတယ်​...Animation ကား​ကောင်​းကြိုက်​တဲ့သူ​တွေအတွက်​  ကားကောင်းလေးတစ်ကားပါ...Mr. Fox  ရဲ့ အသံကိုတော့ မင်းသားကြီး George Clooneyက သရုပ်ဆောင်ပေးထားပါတယ်...File Size : (800 MB) and (348 MB) Quality ...
movie
Fantastic Mr. Fox(2009)
2009
Miss You Again (2009) 7.5
Miss You Again (2009) IMDb (6.6) ရရှိထားတဲ့ 2009 ခုနှစ်ထွက် ထိုင်းဇာတ်ကားလေးဖြစ်ပါတယ်။မင်းသမီးချောလေး Baifern နဲ့ အခြားလူငယ်သရုပ်ဆောင်များစွာပါဝင်ထားတဲ့ ကျောင်းသားဇာတ်ကားလေးပါ။ဘဝမှာ ရိုးသားဖြူစင်ခဲ့တဲ့ အချိန်လို့ ဆိုလိုက်တာနဲ့ ပြေးမြင်မိမှာမျိုးကမူလတန်း အလယ်တန်း အထက်တန်းကျောင်းသား/ကျောင်းသူ ဘဝပဲဖြစ်ပါတယ်....ကျောင်းသားဘဝဆိုတာ သူငယ်ချင်းတွေနဲ့ ဘဝကို အရိုးသားဆုံး ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အခိုက်အတန့်တွေပေါ့...ချစ်စရာ ကြည်နူးစရာ ဒီအခိုက်အတန့်တွေဟာ ဘဝမှာ အမြဲတမ်း သိမ်းထားသင့်တဲ့ အမှတ်တရလေးတွေဖြစ်ခဲ့တယ်...ဒီလိုအမှတ်တရတွေ အမြဲရှိနေတဲ့ အမိကျောင်းတော်ကြီးကို ဖြိုချပြီး Shopping Mall တည်ဆောက်တော့မယ်လို့ သတင်းရသွားတဲ့အခါကျောင်းတော်ကြီးရဲ့ ရင်သွေးတွေဖြစ်ကြတဲ့ ကျောင်းသား/ကျောင်းသူတသိုက် ဘယ်လိုတွေ ခံစားသွားရမလဲ...သူတို့ရဲ့ အမှတ်တရငယ်ဘဝတွေနဲ့ အမိကျောင်းတော်ကြီးကို စီးပွားဖြစ်ရောင်းစားခံလိုက်ရတာကို လက်ပိုက်ကြည့်နေကြမလား....ကျောင်းတော်ကြီးကို ချစ်တတ်သူတိုင်းအတွက် Miss You Again 2009  ဇာတ်ကားလေးကို တင်ဆက်လိုက်ရပါတယ်။  File size…(900 MB) and (420 MB) Quality…HD-Rip 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie
Miss You Again (2009)
2009
Great Warrior (Magadheera) [2009] 7.7
Great Warrior (Magadheera) [2009]             ဒီဇာတ်ကားလေးကတော့ လူကြိုက်များခဲ့တဲ့ဇာတ်ကားကောင်းတစ်ခုပေါ့နှစ် ၄၀၀ ရာခန့်က ဘဝတွေရဲ့ အချစ်ရမ္မက်က ယနေ့ဘဝထိ ဆွဲခေါ်ငင်ခဲ့ပြီး ဘယ်လိုဘယ်ပုံနည်းနဲ့ အဆုံးသတ်စေခဲ့သလဲဆိုတာကိုရင်မောဖွယ် စောင့်ကြည့်ရမယ့်ကားကောင်းလေးပါ(ဇာတ်လမ်းအကျဉ်း) ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အမြင့်ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စားနိုင်ခဲ့တဲ့ သူပါ တစ်နေ့မှာတော့ ဘန်ကောက်ပြိုင်ပွဲသွားရန်အတွက် လေဆိပ်ကို ကားငှါးစီးသွားခဲ့ပါတယ်အဲဒီ အချိန်မှာ မိုးကလည်းသည်းလို့။ သူဟာ ကားဘေးဆီမှ လက်ဆန့်ထုတ်ပြီး မိုးရေစက်တွေကို ထိတွေ့လို့နေခဲ့ပါတယ်တစ်နေရာအရောက်မှာတာ့ သူ့လက်ကိုလျှပ်စီးထိသလို ဖြစ်ခဲ့ပါတယ် ဟာရှာ အတွက်တော့ ဒါဟာအတိတ်ဘဝဆီ ပြန်တွေးစေခဲ့တဲ့ နိမိတ်ပါ သူ့ကိုလျှပ်စစ်စီးသလိုဖြစ်စေခဲ့တာကလည်းကောင်မလေးတစ်ယာက်ရဲ့လက်နဲ့ ထိတွေ့မိမှုကြောင့်ပါ ဒါကို ဟာရှာ သိခဲ့တာကြောင့် အဲဒီကောင်မလေးကိုကားမှတ်တိုင်မှာပြန်ရှာဖို့ ကြိုးပမ်းခဲ့တယ်အဲဒီကောင်မလေးနာမည်က အင်ဒီရာ တဲ့သူမရဲ့အဖေနဲ့ ဦးလေး ကတော့ အမွေ ကိစ္စနဲ့ အမှုရင်ဆိုင်နေကြရတယ် သူ့ဦးလေးမှာသားတစ်ယောက်ရှိ၍ နာမည် ကတော့ ဒါရာဂူးဗား/ ဒါရာဂူးဗား ဟာ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်ပြီးမိမိလိုချင်သည့်အရာအား မည့်သည့်နည်းနဲ့မဆို ရယူလေ့ရှိသည်။တစ်နေ့မှာတော့ ဒါရာဂူးဗား ဟာ အင်ဒီရာ ကိုတွေ့ပြီးချစ်ကြိုက်မိသွားတော့တယ် အဲဒီချိန်မှာတော့ဒါရာဂူးဗားဟာ အင်ဒီရာကို ရရှိဖို့ ...
movie
Great Warrior (Magadheera) [2009]
2009
Women in Trouble (2009) 5.8
Women in Trouble (2009) Women in Trouble ဇာတ်ကားလေးကတော့ 2009 ခုနှစ်မှာ Director,Writer: Sebastian Gutierrez ရိုက်ကူးထားတဲ့ Comedy,Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့ နာမည်ကြီးမင်းသမီး ၆ ယောက်အထိ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပုံမှန်ဇာတ်ကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်အိမ်ထူးဆန်းတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။IMDb Rating ကလည်း 5.8 ရရှိထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ အမျိုးမျိုးသော မိန်းကလေးတွေရဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာအမျိုးမျိုး နဲ့ ဘဝနေထိုင်မှု့ပုံစံတွေကိုဟာသဆန်စွာ အချိတ်အဆက်မိစွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Porn Star,A flight Attendant မှအစ အနှိပ်သည်မိန်းကလေးတွေအထိပါမကျန် သူတို့ရဲ့ဘဝတွေကို ပုံပေါ်အောင် ရိုက်ကူးထားတဲ့အပြင် ပေးချင်တဲ့ messageကိုပါ တစ်ပါတည်းပေးသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(950 MB) and (300 MB) Quality…BR-Rip 1080p Format…mp4 Duration….01:35:22 Subtitle….Myanmar Subtitle (Hardsub) Translated by CM Team Encoded by Naing Aung Latt
movie
Women in Trouble (2009)
2009
District 9 (2009) 7.9
District 9 (2009) ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကို ကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်... အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမယ့် ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ... ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို ရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကို ဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်.. ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီး trailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဇာတ်လမ်းအကျဉ်း ........................ ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာ အချိန်အတော်အကြာ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေကို ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့ သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။ သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ ...
movie
District 9 (2009)
2009
The Haunting in Connecticut (2009) 5.9
The Haunting in Connecticut (2009) The Haunting in Connecticut (2009)_____IMDb - 5.9/10    ဒီနေ့ အတွက်တော့ ကြောက်စရာကောင်းတဲ့ သရဲကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ကြည့်ရှုရတာ ပိုပြီး အရသာရှိစေမှာပါ... မတ် ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကင်ဆာ ရောဂါ ကို ရင်ဆိုင်နေရပါတယ် အမြဲလိုလို မြို့ပေါ် တက်ပြီး ဆေးရုံပြရလို့ မတ် ရဲ့ အမေ ဟာ အဲ့ဒီ မြို့ပေါ်က ဆေးရုံနားမှာ အိမ်ငှားပြီး မတ်ရဲ့ ရောဂါ ကို ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူမ တို့မှာ အိမ်ငှားဖို့ ပိုက်ဆံ မလုံလောက်တဲ့အတွက် ဈေးသင့်မယ့် အိမ်ကို ရှာဖွေရင်း ဆေးရုံနားမှာပဲ အိမ်အကြီးကြီး တစ်ခုကို မထင်မှတ်ထားတဲ့ ဈေးနဲ့ ရရှိခဲ့ပါတယ်.. အိမ်ငှားပြီးနောက် မိသားစု အားလုံးပါ ပြောင်းရွှေ့လာပါတယ် အိမ်မှာ အခန်းတွေ အများကြီး ရှိတဲ့ အနက် မတ် ကတော့ သူနေပျော်မယ်ထင်တဲ့ မြေအောက်ခန်းကို ရွေးချယ်ပြီးနေခဲ့ပါတယ် ဒီအိမ်က ဘာကြောင့်ဈေးပေါနေလဲဆိုတော့ အိမ်ကြီးရဲ့ ဟိုးအရင်ပိုင်ရှင်တွေဟာ ဒီအိမ်ကို အသုဘ ပြင်တဲ့ လုပ်ငန်းအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပြီး အိမ်ရဲ့ ဇတ်ကြောင်းဟာလဲ ...
movie
The Haunting in Connecticut (2009)
2009