Channel Myanmar

2009

Angels & Demons (2009) Angels and Demons 6.7
Angels & Demons (2009) Angels and Demons တလောကလုံးကို ကိုင်လှုပ်ခဲ့တဲ့ Dan Brown ရဲ့ စာအုပ်တွဲအစကတော့ Angels & Demons ဆိုတဲ့ ဒီရုပ်ရှင်ကားရဲ့ စာအုပ်ပါပဲ။ဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီးသူ့ရှေ့ကထွက်ခဲ့တဲ့ The Da Vinci Code (2006) ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။နာမည်ကျော်လျှို့ဝှက်ဂိုဏ်း Illuminati ဂိုဏ်းနဲ့ သန့်ရှင်းသောမြို့တော်(ဗာတီကန်စီးတီး) တို့ကိုအကြောင်းပြုလို့သမိုင်းအချက်အလက်စုံစုံလင်လင်နဲ့ တင်ဆက်ထားတာမလို့ ဝတ္ထုကိုရိုက်ကူးထားတယ် မထင်ရဘဲသမိုင်းနဲ့ချီလာတဲ့ အဖြစ်အပျက်တစ်ခုလို သည်းထိတ်ရင်ဖို ခံစားရမှာပါ။ File size…(3.6 GB)/(2 GB)/ (1 GB) Quality….BluRay DS4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:18:37 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung
movie

Angels & Demons (2009) Angels and Demons

2009
Insadong Scandal (2009) 6
Insadong Scandal (2009) Insadong Scandal (2009)နာမည်ကြီးထိပ်တန်းမင်းသား ဂင်ရယ်ဝန်နဲ့ နာမည်ကြီးထိပ်တန်းမင်းသမီး အွန်းဂျောင်ဟွာတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ (၂၀၀၉) ခုနှစ်ကထွက်ရှိခဲ့တဲ့ “Insadong Scandal” ဆိုတဲ့ ကိုးရီးယားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီကားမှာတော့ ပိုက်ဆံအာဏာရှိတဲ့သူတွေက ပန်းချီအနုပညာကိုခုတုံးလုပ်ကာ နိုင်ငံပိုင်ပန်းချီတွေကိုမှောင်ခိုရောင်းချပြီး ဂွင်ရိုက်စီးပွါးရေးလုပ်နေကြပုံကိုတွေ့မြင်ရမယ့်အပြင် ကိုးရီးယားသမိုင်းဝင်ပန်းချီကားချပ်များအကြောင်းကိုလည်း ဗဟုသုတအနေနဲ့သိရှိရမှာဖြစ်ပါတယ်ဇာတ်လမ်းအနေနဲ့ကတော့ ဘီမူပန်းချီပြခန်းရဲ့ ဥက္ကဠဖြစ်သူ ဘယ်ထယ်ဂျင်း (အွန်းဂျောင်ဟွာ)ဟာ နာမည်ကြီးပန်းချီတွေမှအစ သာမန်ပန်းချီတွေအထိ အတုကူးယူကာ အတုကိုလူထုကိုချပြပြီး မူရင်းတွေကိုတော့ တိုင်းတပါးသို့မှောင်ခိုရောင်းစားပြီးစီးပွါးရှာနေသူတစ်ဦးပါ။တနေ့မှာတော့ နှစ်ပေါင်း(၄၀၀) သက်တမ်းရှိတဲ့ ဗြောဂန်ဒိုလို့ခေါ်တဲ့ ဂျိူဆွန်းခေတ်က ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ဟာ ဥက္ကဠဘယ်ရဲ့လက်ထဲကိုရောက်ရှိလာတဲ့အချိန်မှာ ထုံးစံအတိုင်း တိုင်းတပါးဂျပန်သို့ စျေးမြှင့်ရောင်းချဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ပန်းချီကားကိုပြန်လည်မွမ်းမံဖို့လိုအပ်တဲ့အတွက်ကြောင့် ပန်းချီပုံတူရေးဆွဲရာမှာ တဖက်ကမ်းခတ်တဲ့ အီဂန်ဂျွန်(ဂင်ရယ်ဝန်) ကိုဆက်သွယ်ခဲ့ရပါတော့တယ်။ တဖက်မှာခေါင်းဆောင်အီဟာလည်း မိဘမဲ့ဘဝနဲ့နေထိုင်ကြီးပြင်းခဲ့ရတဲ့ ချမ်းဒုန်ဘုရားကျောင်းနဲ့သက်ဆိုင်တဲ့ သမိုင်းဝင် ဂန်ဟွာဗြောင်ဖွန်းပန်းချီကို ရှာဖွေနေခဲ့ပါတယ် ။အဲဒီတော့ ဥက္ကဌဘယ်ရဲ့ ဂျပန်ကို ဗြောဂန်ဒိုရောင်းချမှုက အောင်မြင်သွားမလား ခေါင်းဆောင်အီရဲ့ ဂန်ဟွာဗြောင်ဖွန်းရှာဖွေမှုကရော ဘယ်လိုဖြစ်သွားမလဲ ဗြောဂန်ဒိုပန်းချီကားနဲ့ ဂန်ဟွာဗြောင်ဖွန်းပန်းချီကားကရော ...
movie

Insadong Scandal (2009)

2009
Defendor (2009) 6.7
Defendor (2009) Defendor (2009)~ IMDb - 6.7/10, Rotten Tomatoes - 75% ~နေ့ခင်းဘက်မှာ ဆောက်လုပ်ရေးသမား... ညဘက်ကျတော့ စူပါဟီးရိုး...အာသာပေါ်ပင်တန်ဟာ ရုပ်ပြတွေထဲက စူပါဟီးရိုးတွေကိုသိပ်အားကျတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ စေတနာ့ဝန်ထမ်းစူပါဟီးရိုး Defendor အဖြစ် အသွင်ယူပြီး ညဘက်မှာဒုစရိုက်သမားတွေကို ပရဟိတ နှိမ်နင်းပါတော့တယ်။ ရုပ်ရှင်တွေရုပ်ပြတွေထဲက စူပါဟီးရိုးတွေဖြစ်တဲ့ ဘတ်မန်းတို့ အိုင်းရွန်းမန်းတို့က သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဘီလျံနာသူဌေးကြီးတွေဖြစ်ပေမယ့် အာသာကတော့ နေစရာအိမ်တောင်မရှိတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။သူ့မှာ ရိုးသားမှု ကြင်နာမှု နဲ့ စူပါဟီးရိုးဖြစ်ချင်စိတ်ပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားခံရတယ်ဆိုတဲ့အတိုင်း အာသာကတော့ ဇာတ်လမ်းစစ ဆုံးဆုံး သူချည်းခံနေရတဲ့ စူပါဟီးရိုးပါ။တစ်နေ့မှာတော့ ကတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး သူလိုက်ရှာနေခဲ့တဲ့ ဗီလိန်ကြီးဟာ မြို့ရဲ့မူးယစ်ရာဇာကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ရယ်လည်းရယ်ရ သနားစရာ‌လည်းကောင်းတဲ့အပြင် အာသာရဲ့ လူသားဆန်မှုနဲ့ အလွဲတွေကို ဟာသနှောပြီးရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ပါတဲ့သူတွေကလည်း ကိုယ်တွေမစိမ်းတဲ့ မင်းသားကြီး Woody Harrelson ...
movie

Defendor (2009)

2009
The Grudge 3 (2009)
The Grudge 3 (2009) The Grudge 3 (2009)ဒုတိယကားမှာ လွတ်မြောက်လာတဲ့ ဂျိတ်ဟာ စိတ္တဇဆေးရုံတစ်ခုကို ပို့ခံလိုက်ရပါတယ်။ အဲဒီကို ရောက်သွားတာတောင် တကယ်တမ်းတော့ သူဟာ မလွတ်မြောက်သေးပါဘူး။ကာယာကို ရောက်လာလို့ ထွက်ပြေးဖို့ကြိုးစားရင်း တံခါးပိတ်ထားခံရတဲ့ ဂျိတ်... သူရှင်းပြတာကို ဆေးပညာရှုထောင့်ကပဲ ကြည့်နေမိတဲ့ ဒေါက်တာ ဆူလီဗန်... တကယ်တမ်း ဂျိတ် ရက်ရက်စက်စက် အသတ်ခံရချိန်မှာ ဒေါက်တာဆူလီဗန်ဟာ သိပ်ကိုနောက်ကျသွားခဲ့တယ်။ ထူးထူးဆန်းဆန်း သေဆုံးသွားတဲ့ သူ့လူနာအတွက် အမှန်တရားကို နားလည်အောင် ကြိုးစားစုံစမ်းပါတော့တယ်။ဂျိတ်နေထိုင်ခဲ့တဲ့ တိုက်ခန်းမှာ ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်နေတာမို့ လူခဏခဏ သေနေတဲ့ ဒီအဆောက်အဦမှာ ငှားနေသူတွေအားလုံးဟာ ပြောင်းရွှေ့ကုန်ကြတယ်။ ဒါကြောင့် ဒုက္ခရောက်ရတာကတော့ ကြားပွဲစားလေး မက်စ်ပါပဲ။ မက်စ်ဟာ ညီမ၂ယောက်နဲ့အတူ ကျိန်စာသင့်အခန်းရဲ့ အောက်တည့်တည့်မှာ နေထိုင်တယ်။ အိမ်ငှားရမ်းခ ပေးစရာမလိုဘဲ အဆောက်အဦကို ကြည့်ရှုပေးရတဲ့သူ... မွေးရာပါ ရောဂါ‌သည် ညီမလေး ရို့စ်ကို စောင့်ရှောက်ပေးသူ... နောက်ညီမတစ်ယောက် လီဆာကလည်း ...
movie

The Grudge 3 (2009)

2009
Julie & Julia (2009) 7
Julie & Julia (2009) Julie & Julia (2009)တစ်နေ့တစ်နေ့ အစားအသောက် အချက်ပြုတ် video clips တွေကို ကြည့်ပြီး လက်တည့်စမ်းနေကြတဲ့ အိမ်ရှင်မလေးတွေ အတွက် အချက်ပြုတ် family drama ကားလေး လာပါပြီ။ အမေရိကန်ကို ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းတွေယူဆောင်လာပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ ယောကျာ်းဖြစ်သူကသံရုံးမှာလုပ်တော့ တာဝန်ကျရာပဲရစ်ကိုလိုက်သွားရင်း ယောကျာ်းဖြစ်သူကို ဖွယ်ဖွယ်ရာရာချက်ကျွေးချင်ရာကနေ စာအုပ်လိုက်ရှာတာ ချက်ပြုတ်နည်းတွေက ပြင်သစ်လိုချည်းပဲရှိလို့ ပါတနာတစ်ချို့နဲ့ အင်္ဂလိပ်လိုရေးထားတဲ့ပြင်သစ်ဟင်းလျာချက်နည်းစာအုပ်ကို ထုတ်ဝေသူလိုက်ရှာရ၊ အခက်ကြုံ ပယ်ချခံရနဲ့ နောက်ဆုံးဘယ်လိုအဆင်ပြေသွားမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 954MB | 459MB Format… mp4 Duration….2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron
movie

Julie & Julia (2009)

2009
Avatar (2009) 7.8
Avatar (2009) Avatar (2) ထွက်ဖို့ရှိတာမလို့ Avatar(2009) ကို Quality Update လိုက်ပါတယ်...Extended Version ကိုမှ 4K IMAX HDR/SDR အရည်အသွေးတွေနဲ့ တင်ဆက်လိုက်ပါတယ်။ (HDR ကိုတော့ ခေတ်ပေါ်ဖုန်းတချို့နဲ့ Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။) Avatar ကတော့ Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… ဇာတ်လမ်းအကျဉ်းကတော့ ... လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင်တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့်ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေတရားမွေ့လျော်ရာ နေရာမျိုးတွေပေါ့။ သစ်ပင်တွေ၊ ပန်းမာလ်တွေ၊ ကျေးငှက်သာရကာတွေနဲ့သိပ်ပျော်မြူးဖို့ကောင်းတဲ့နေရာပေါ့။ဒါရိုက်တာကတော့ အမေရိကန်မို့ သူ့စိတ်ကူးထဲက အရုပ်တွေ၊ ...
movie

Avatar (2009)

2009
4K HEVC IMAXHDR
Land of the Lost (2009) 5.3
Land of the Lost (2009) Land of the Lost (2009)ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသား‌တွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား... ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား... ဆိုတာကို ရယ်ရင်းမောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Adventure/Comedy ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ဟာသကားတွေကြည့်ချင်သူတွေအတွက် အဆင်ပြေမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 850MB Quality - ...
movie

Land of the Lost (2009)

2009
Thick as Thieves (2009) 6
Thick as Thieves (2009) Thick as Thieves (2009)ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသ‌ဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ...
movie

Thick as Thieves (2009)

2009
So Different (2009) 4.8
So Different (2009) So Different (2009) ===============ဒီ‌တစ်ခေါက်မှာတော့ ဆွီဒင် အချစ်ကားလေးတစ်ကား မိတ်ဆက် ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ နှစ်ယောက်တစ်ဘ၀၊ တစ်အိုး တစ်အိမ် ထူထောင်ပြီးရင်တောင် စိတ်သဘောထားချင်းမတူညီရင်၊ တစ်ယောက်ကိုတစ်ယောက်မချစ်ရင် အဆင်မပြေနိုင်တဲ့အကြောင်း ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လော့တ်တာ နဲ့ စန်နာ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ သိပ်ကိုထူးချွန်တဲ့သူတွေ ဖြစ်ကြပါ တယ်။ လော့တ်တာဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်းကြာ ပေမယ့် စရိုက်ချင်းမတူတဲ့အခါမှာ အဆင်မပြေဖြစ်ပြီး ကွာရှင်းထားတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်‌နေ့မှာ အောင်မြင်တဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဌ ရာထူးကို ရရှိပြီးတဲ့နောက် ကျန်ခဲ့တဲ့သမီးနှစ်ယောက်နဲ့ ပါတီအရေးကြားမှာ မထိန်းချုပ်နိုင်ဖြစ်လာပါတော့တယ်။စန်နာဟာဆိုရင်လည်း ရိုက်ကူးရေးအစီအစဉ်တစ်ခုမှာ ညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး သူ့အချစ်ရေးကို လေးလေးနက် နက် မစဉ်းစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီညီအစ်မနှစ်ယောက် သူတို့ရဲ့အလုပ်နဲ့ အချစ်ရေးကြားမှာ ဘယ်လိုတွေအဆင်ပြေအောင် ကိုင် တွယ်သွားကြမလဲ၊ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်ကျော် ကြမလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့  Jaka ဖြစ်ပါတယ်)File Size..........(2.17 GB) / (927 MB) / ...
movie

So Different (2009)

2009
The Last Flight (2009) 5.4
The Last Flight (2009) The Last Flight (2009) ================ဒီဇာတ်ကားလေးကတော့ 1933 ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ ဆာဟာရကန္တာရထဲ လေယာဉ်ပျက်ကျသွားတဲ့ William Newton Lancaster ခေါ် Bill Lancaster နဲ့ သူရဲ့ ချစ်သူ Jessie Miller အကြောင်းကိုအခြေခံပြီးဇာတ်အိမ်တည်ထားတဲ့ Le Dernier Vol ဆိုတဲ့ ဝတ္ထုလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်တွေအနေနဲ့ကတော့ ကျွန်တော်တိုငယ်စဉ်က သည်းခြေ ကြိုက် “Taxi” ကား အပါအဝင် ဇာတ်လမ်းကောင်းပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဆုတွေအများကြီးကိုသိမ်းပိုက်ထားတဲ့ မင်းသမီး Marion Cotillard ပါဝင်သလို၊ “Love Me If You dare” အပါအဝင် အခြားဇာတ်လမ်းကောင်းများတွင်လည်း သရုပ်ဆောင်၊ ဒါရိုက်တာ အဖြစ် လျှောက်လှမ်းလာပြီး ဆုတွေလည်းအများကြီး ရခဲ့ ဖူးတဲ့ မင်းသား Guillaume Canet တို့က လိုက်ဖက်ညီစွာ ပါဝင်သရုပ် ဆောင်ထားတာကိုတွေ့မြင်ရမှာပါ။ဇာတ်ကားလေးရဲ့ အဓိကချပြထားတဲ့အကြောင်းအရာကတော့ ဘေလ်ရဲ့ ချစ်သူ မာရီးဟာ ဘေလ်ကို မနားမနေ ရှာဖွေရင်း ဒုက္ခမျိုးစုံကို အံတုကာ အချစ်ဆိုတဲ့အကြောင်းကို ...
movie

The Last Flight (2009)

2009
Dread (2009) 5.6
Dread (2009) Dread (2009)လူတိုင်းမှာ အကြောက်တရား ကိုယ်စီရှိတတ်ကြတယ်။ တချို့က ပိုးဟတ်ကြောက်တယ်။ တချို့က အမှောင်ကြောက်တယ်။ တချို့က လူတွေနဲ့ ပြောဆို ဆက်ဆံရမှာ ကြောက်တယ်။ တချို့အကြောက်တရားတွေက သာမန်ဖြစ်ပေမယ့် တချို့ကတော့ လွန်လွန်ကြူးကြူး စိတ်ချောက်ချား ထိတ်လန့်တတ်ကြတယ်။အဲဒီလိုထိတ်လန့်ခြင်းတွေရဲ့ နောက်ကွယ်က စိတ်ဒဏ်ရာတွေ အကြောင်းရင်းတွေကို ဖော်ထုတ်ချင်တဲ့ ကျောင်းသား ၃ယောက်ရှိခဲ့တယ်။ ကျောင်းရဲ့ သုတေသနစာတမ်း အတွက်ပေါ့။စိတ်ဒဏ်ရာကိုယ်စီရှိကြတဲ့ ကျောင်းသား၃ယောက်က တခြားသူတွေရဲ့ အကြောက်တရားတွေ၊ ထိတ်လန့်မှုတွေ၊ အတွေ့အကြုံတွေကို မေးမြန်းပြီး ဗီဒီယိုတွေရိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ကိုယ့်အကြောက်တရားကို ကျော်လွှားနိုင်ဖို့ တခြားသူတွေရဲ့ ထိတ်လန့်မှုအပေါ် အမှီပြုပြီး အလွှဲသုံးစား လုပ်တဲ့အခါ...အခုတ်အထစ် ပြကွက်ကြမ်းကြမ်းလေးတွေနဲ့ ကျောချမ်းစေမယ့် Thriller ကားကောင်းလေး ဖြစ်တာမို့ အားပေးလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 520MB Quality - 1080p, ...
movie

Dread (2009)

2009
Cirque du Freak: The Vampire’s Assistant (2009) 5.9
Cirque du Freak: The Vampire’s Assistant (2009) Cirque du Freak: The Vampire's Assistant (2009)========================================ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိ‌ထားတဲ့ ဗန်ပိုင်းယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင်တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်းလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားကမိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ...ဇာတ်လမ်းအကျဉ်းလေးကတော့ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီးကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီးစတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ်အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစားသွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါနေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာတန်စေရမယ်လို့ အာမခံလိုက်ပါတယ်..)  File size…1.19GB / ...
movie

Cirque du Freak: The Vampire’s Assistant (2009)

2009
8 x 10 Tasveer(2009) 5.4
8 x 10 Tasveer(2009) 8 x 10 Tasveer (2009) Action, Crime, Drama IMDb 5.4/10 (5.8K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအရှေးကူမားနဲ့ မင်းသမီးအိုင်ရှားတာကီယာတို့ရဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပြီး Box Office မှာလည်း အိန္ဒိယရူပီ ၂၃၅.၈သန်းအထိ ပြန်လည်ရရှိခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။ဂျယ်ဟာ မိဘပိုင်လုပ်ငန်းကို စိတ်မဝင်စားဘဲ ကိုယ်ဝါသနာပါရာကိုလုပ်ရင်း ပျော်မွေ့နေသူတစ်ယောက်ပါ။ဂျယ်ရဲ့ကောင်မလေးကတော့ ရှီလာပေါ့။ သူတို့နှစ်ယောက်ဟာ သိပ်ချစ်ကြပါတယ်။တစ်ရက် ဂျယ်ရဲ့ဖခင်ဖြစ်သူဟာ ဂျယ်ဆီလာပြီး ကိစ္စတစ်ခုကို ပြောပြဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဂျယ် နားမထောင်ခဲ့ပါဘူး။ အဲ့ဒီနေ့မှာပဲ ဂျယ်ရဲ့ဖခင်ဟာ မတော်တဆ ဆုံးပါးသွားခဲ့ပါတယ်။ဖခင်ဆုံးပြီးသွားနောက် ဂျယ်ဆီကို စုံထောက်တစ်ယောက်ရောက်လာပြီး ဒီသေဆုံးမှုဟာ မတော်တဆမှုမဖြစ်နိုင်ကြောင်း။ အသတ်ခံရတာဖြစ်ကြောင်း ပြောလာပါတယ်။ဂျယ်ဟာ လူတစ်ယောက်ရဲ့ဓါတ်ပုံတစ်ပုံကို ကြည့်ပြီး အဲ့ဒီလူရဲ့အတိတ်ကိုပြန်သွားနိုင်တဲ့ လူမသိသူမသိ အစွမ်းလေးတစ်ခုရှိနေပါတယ်။ဒီလိုနဲ့ ဖခင်ဖြစ်သူရဲ့အမှုကို တစ်ကိုယ်တော် စုံစမ်းခန်းဖွင့်လာတဲ့အခါမှာတော့ ဘယ်လိုတွေ စိတ်လှုပ်ရှားစရာကောင်းလာမလဲဆိုတာကို လှည့်ကွက်လေးတွေနဲ့ ရှုစားရဦးမှာဖြစ်ပါတယ်နော်။ File size…2.13GB / 1.07GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

8 x 10 Tasveer(2009)

2009
I Love You Goodbye (2009) 5.8
I Love You Goodbye (2009) I Love You, Goodbye (2009)သင်ဟာ လူ ၂ ယောက်ကို တစ်ပြိုင်နက်တည်းချစ်မိဖူးတယ်ဆိုရင်တောင် တစ်ယောက်တည်းကိုပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့အခါ ရွေးရခက်တဲ့အဖြစ်မျိုး ကြုံခဲ့ဖူးမှာပါ။ Nobody loves me ဆိုတဲ့ FA လေးတွေအတွက်တော့ မျက်ရည် ၂ စက်ပေါ့။လစ်ဇဲလ်ဆိုတဲ့ မိဘမဲ့‌မိန်းကလေးက ချို့တဲ့တဲ့ဘဝမှာ ကြီးပြင်းလာရပေမဲ့ အချစ်ရှားနေတဲ့ ကျွန်တော်တို့လိုမဟုတ်ဘဲ သူမှသူဖြစ်နေတဲ့ ယောက်ျားနှစ်ယောက်ရှိပါတယ်။အရာရာပြီးပြည့်စုံတဲ့ Mr. Perfect Sugar daddyကြီး အေဒရီယန် ဟာ သမီးတစ်ယောက်ရှိတဲ့ မုဆိုးဖိုတစ်ယောက် အင်မတန်အောင်မြင်တဲ့ တက်လမ်းအပြည့်နဲ့နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်၊ မင်းတွက်ဆို ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်မဲ့ လမင်းကြီးကိုတောင် ခူးဆွတ်ပေးချင်နေတဲ့လူနဲ့နောက်တစ်ယောက်ကတော့ ဘဝသမားလေး ဂယ်ရီ၊ ၄ နှစ်တာချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ပြီး လက်ထပ်ပြီးဘဝတည်ဆောက်ဖို့တောင် ရည်ရွယ်ခဲ့ရပေမဲ့ အပျော်စီးသင်္ဘောမှာ အတူအလုပ်လုပ်ဖို့ ရည်ရွယ်ပြီးမှ လစ်ဇဲလ်ကို သစ်စိမ်းချိုးချိုးပြီး ထားပစ်ခဲ့သူ အသဲခွဲသမားလေးပေါ့။ဒါပေမဲ့ လစ်ဇဲလ်ကတော့ ဝတ္ထုထဲက ကောင်မလေးများလို အရာရာပြီးပြည့်စုံတဲ့ သကြားဖေဖေထက် အသဲခွဲသွားတဲ့ဂယ်ရီကို ပိုချစ်ပါသတဲ့။ဒါပေမဲ့ အေဒရီယန်မှာလည်း အဆင့်အတန်းကွာခြားလွန်းလို့ အမြင်မကြည်တဲ့အမေရယ်၊ အဖေကိုလုယူသွားလို့ ရန်သူလိုသဘောထားနေတဲ့ ...
movie

I Love You Goodbye (2009)

2009
Raaz: The Mystery Continues…(2009) 5.7
Raaz: The Mystery Continues…(2009) Raaz: The Mystery Continues (2009) Horror, Mystery, Romance IMDb 5.7/10 (3.8K)အခုတစ်ခါမှာလည်း ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ် ဒီကားမှာတော့ မင်းသားကြီး အင်မရန်းဟက်ရှမီနဲ့ မင်းသမီး ကန်ဂနားတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဒီဇာတ်ကားလေးက Jan 2009 လောက်ကထွက်ရှိခဲ့တာဖြစ်ပြီး သုံးထားတဲ့ ဘားဂျက် ရူပီ ၁၈ကုဋေမှာ ရူပီ ၃၈ကုဋေပြန်ရခဲ့ပြီး အတော်လေး အောင်မြင်ခဲ့တဲ့ ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းကို ပြောရမယ်ဆိုရင် နန်ဒီသားဟာ ငယ်ရွယ်ချောမောလှပလွန်းတဲ့ မော်ဒယ်မလေး..ပရစ်ထဗီကတော့ ပန်းချီဆရာ..ဇာတ်လမ်းက အဲ့ဒီမှာစတာပဲ ပရစ်ထဗီခေါင်းထဲမှာ ပုံရိပ်တစ်ခုပေါ်လာတိုင်း ချဆွဲလိုက်တဲ့အခါ နန်ဒီသားရဲ့ပုံတွေပဲ ထွက်လာနေတယ်..နန်ဒီသားကို သူ တစ်ခါမှမမြင်ဖူးဘူး ပုံထဲကကောင်မလေး ရှိမှန်းတောင်မသိဘူးအပြင်မှာတကယ်မြင်လိုက်ရတဲ့အခါမှာတော့ သူ စပြီး စိုးရိမ်လာမိနေပါတယ်.. ဘာလို့လဲဆိုတော့ သူ ဆွဲလိုက်တဲ့ ပန်းချီတိုင်းက နန်ဒီသားရဲ့အနာဂတ်ကို ပြနေပြီး သူမကို ထိခိုက်စေမှာဖြစ်လို့ပါပဲ...တဖြည်းဖြည်းနဲ့ ပန်းချီကားချပ်တွေက ပိုပိုဆိုးရွားလာပြီး နန်ဒီသားကလည်း ပန်းချီထဲကအတိုင်း ဖြစ်ပျက်လာတဲ့အခါမှာတော့...။ဒီနောက်ကွယ်က လျှို့ဝှက်ချက်ကြီးကို ဘယ်လိုဖေါ်ထုတ်ကြမလဲ...။ File size…2.64GB / 1.13GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated ...
movie

Raaz: The Mystery Continues…(2009)

2009
The Ugly Truth (2009) 6.4
The Ugly Truth (2009) The Ugly Truth ( 2009 ) ================== IMDb Rating - 6.4/10တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ညစာစားပွဲမှာ ဗိုင်ဘရေတာအတွင်းခံဝတ်ထားပြီး တိုင်ပတ်နေတဲ့ စကီရဲ့ ဗီဒီယိုအတိုလေးကို တော်တော်များများကြည့်ဖူးကြမှာပါ။ အဲဒီရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ ရုပ်လေးလှပေမဲ့ အကွက်မတတ်လို့ ဘဲမရ ဖြစ်နေတဲ့ ပရိုဂျူဆာမမကို ရှိုးမှာ ယောက်ျား မိန်းမ ဆက်ဆံရေးတွေ အကြောင်း ညစ်တီးညစ်ပတ်တွေသိပ်ပြောတတ်တဲ့ မိန်းမကျမ်းကြေ ယောက်ျားကျမ်းကြေတဲ့ ငရှုပ်က ဘဲစားခံရဖို့ ဆောင်ရန်ရှောင်ရန်များ သင်ပေးတဲ့အကြောင်းပါပဲ။Romance/Comedy တွေ သိပ်မရိုက်ပေမဲ့ ရိုက်လိုက်ရင်လည်း တစ်ကားဆို တစ်ကားဆိုသလို တော်တော်ထိတတ်တဲ့ လူမိုက်ရုပ်နဲ့ ထထပြောင်တတ်တဲ့ Gerard Butlerရဲ့ Romance/Comedyကား ကောင်းပေါ့။ နောက် အလှလေး Katherine Heiglကလည်း ပါထား ပါသေးတယ်။ ရယ်ရင်းမောရင်း မိန်းမတွေအကြောင်း ယောက်ျားတွေ အကြောင်း အထာတွေ အကွက်တွေ သင်ယူချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်)File Size..........(1.8 GB) / (721 MB) / (410 MB) Quality............BluRay 1080p ...
movie

The Ugly Truth (2009)

2009
Fish Tank (2009) 7.3
Fish Tank (2009) Fish Tank (2009) ================ ဆယ်ကျော်သက်အရွယ်ကို လူတိုင်းဖြတ်ကျော်ခဲ့ကြဖူးမှာပါ။ ဆယ်ကျော်သက်အရွယ်ဆိုတာ အမှားအများဆုံးအရွယ် နဲ့ အများဆုံးသင်ယူတဲ့အရွယ်လို့ပြောရရင် မှားမယ်လို့တော့မထင်ပါဘူး။ကလေးစိတ်နဲ့လူကြီးစိတ် အကူးအပြောင်းမှာ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်ခဲ့ကြတတ်ပြီးတော့ အဲဒီအရွယ်မှာ ရူးရူးမူးမူးဖြစ်ခဲ့သမျှတွေဟာ အသက်ကြီးလာလို့ ပြန်တွေးမိတိုင်း ရယ်စရာအမှတ်တရအနေနဲ့ ဝိုးတဝါးပဲ ကျန်ရှိနေတတ်ပါတယ်။ဆယ်ကျော်သက်ညီငယ်ညီမငယ်တို့ကို မှာချင်တာက ဘာတွေပဲကြုံလာကြုံလာ အရေးအကြီးဆုံးက စိတ်ကိုအလိုမလိုက်ပဲ အဖြစ်သင့်ဆုံးလမ်းကို သေချာစဉ်းစားပြီးတော့မှ လျှောက်ကြရင် နောင်တချိန်ပြန်လှည့်ကြည့်တိုင်းမှာ အရာအားလုံးက အဓိပ္ပါယ်ပြည့်၀နေမှာပါပဲ။ဇာတ်ကားအကြောင်းပြောရရင် မီယာဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ အဖေမရှိတော့တာကြောင့် သူ့အမေရယ် ညီမလေးရယ်နဲ့အတူ နေထိုင်ပါတယ်။ မီယာဟာ ကျောင်းမှာလည်း အင်မတန်ဆိုးတာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီးတော့ လေလွင့်နေခဲ့ပေမယ့် သူဟာ အကဝါသနာပါတာကြောင့် တိုက်ခန်းလေးတစ်ခန်းမှာ အကသွားကျင့်နေလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့အမေက ရည်းစားအသစ် ကော်နာ ကို အိမ်ခေါ်လာတဲ့အခါမှာ မီယာရဲ့စိတ်က စတင်ပြီး တစ်စုံတစ်ရာဖြစ်လာပါတော့တယ်။ ကော်နာဟာ သူတို့မိသားစုကိုဂရုစိုက်ပြီး မီယာရဲ့ဝါသနာပါရာကိုလည်း ဆက်လျှောက်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက်လုံး ကော်နာရဲ့ ဂရုစိုက်မှုတွေကြား မြှောပါသွားခဲ့ပြီး ဘာတွေဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ဒီဇာတ်ကားဟာ IMDb(7.3) အထိရရှိထားပြီး တစ်ကားလုံးကို တစိမ့်စိမ့်နဲ့ အချိန်ကုန်မှန်းမသိအောင် ဆွဲခေါ်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ပါရစေခင်ဗျာ။ File size…1.34Gb / 630MB Quality…1080p ...
movie

Fish Tank (2009)

2009
A Prophet (2009) 7.8
A Prophet (2009) A Prophet (2009)~ IMDb - 7.8/10, RT - 96%, Meta - 90% ~A Prophet (Un prophète) လို့ ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပြီး Crime / Drama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ နယ်နယ်ရရ ဇာတ်ကားမဟုတ်ဘဲ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအဖြစ်နဲ့ အော်စကာဆုကို လျာထားခြင်းခံခဲ့ရပြီး အခြားဆုပေါင်း ၅၂ ဆုနဲ့ nominations ၅၅ ခု ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး မလိခ်အယ်လ်ဂျယ်ဘနာဟာ ပြင်သစ်ထောင်တစ်ခုဆီမှာ ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရပါတယ်။ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားခြင်း မရှိဘဲ ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုကိုသာ ၀င်ခဲ့ဖူးတဲ့ မလိခ်ဟာ အခု တကယ့်အရွယ်ရောက်သူ အပြစ်သားတွေကို ထိန်းသိမ်းတဲ့ ...
movie

A Prophet (2009)

2009