Channel Myanmar

2006

[18+] Bewitching Attraction (2016) 4.2
[18+] Bewitching Attraction (2016) Bewitching Attraction (2006)CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ မဲပြာပုဆိုး ဇာတ်လမ်းထပ်နေတဲ့ ကိုရီးယားအမှောင်ကားတွေကို ကြည့်ရတာ စိတ်ကုန်နေတဲ့သူတွေအတွက် အရင်ခေတ် ၂၀၀၆ တုန်းက ထွက်ရှိခဲ့တဲ့ old but gold လေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ ပရော်ဖက်ဆာ မမကြီးရဲ့ ဘဲများနဲ့အရှုပ်တော်ပုံလေးပဲဖြစ်ပါတယ်ပရော်ဖက်ဆာမမကြီးက လှလဲလှတယ် ပညာလဲတတ်တယ် ကောက်ကြောင်းလေးကလည်း လှသလို ပွင့်လင်းတတ်တဲ့ အလှပဂေးတစ်ယောက်ပါမမကြီးရဲ့ဘဝမှာ လုပ်ဖော်ကိုင်ဖက် ဘာညာ ခင်လို့တွဲတာ စသည်ဖြင့် ငယ်ငယ်တုန်းက ကျောင်းသူဘဝမှာတင် ညီအကို နှစ်ယောက်ကို ပြိုင်တွဲပစ်တာတို့ ဘာတို့ လုံးဝကို သိပ်ကြမ်းတဲ့ မမပါမမတစ်ယောက် နောက်ဆုံးသူ့အရှုပ်တွေက နောက်ကိုအရိပ်လိုလိုက်တာတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကုန်မလဲဆိုတာ ရှုစားကြပါဦး ညိုကီတို့ File size…2GB  / 596MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

[18+] Bewitching Attraction (2016)

2006
Siren (2006) 5.4
Siren (2006) Siren (2006)Siren ဆိုတဲ့ ဗီဒီယိုဂိမ်းစီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ ဂျပန် Horror ဇာတ်ကားလေးဖြစ်ပါတယ်။ လူသူဝေးတဲ့ ကျွန်းတစ်ကျွန်းကို သတင်းထောက်တစ်ယောက်က သားသမီးနှစ်ယောက်နဲ့အတူ ပြောင်းလာပါတယ်။ သားငယ်လေးက ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ သူ့ရောဂါအတွက် နေရထိုင်ရအဆင်ပြေမယ့်နေရာကို ပြောင်းလာကြတာပါ။ သူတို့ပြောင်းလာတဲ့ကျွန်းမှာတော့ ကျွန်းသူကျွန်းသားတွေက ထူးခြားနေတဲ့အပြင် အဲဒီကျွန်းမှာ ဒဏ္ဍာရီတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ရေသူမအော်သံကြားရင် အပြင်မထွက်နဲ့၊ အသတ်ခံရလိမ့်မယ်ဆိုတာပါပဲ။ တိုကျိုကပြောင်းလာတဲ့ သားအဖတွေအတွက်တော့ အဲဒါက ရယ်စရာတစ်ခုလိုဖြစ်နေပါတယ်။ ရေသူမအော်သံဆိုတဲ့ အသံကြီး ကြားလိုက်ရတဲ့ တစ်ညမှာတော့ အဖေဖြစ်သူက တိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်ဖို့ တောအုပ်ထဲထွက်သွားရင်း မနက်လင်းတဲ့အထိ ပြန်ရောက်မလာတဲ့အခါမှာတော့ ... ရေသူမအော်သံဆိုတာ တကယ်ရှိတာလား၊ ဒဏ္ဍာရီသက်သက်ပဲလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.8GB | 856MB | 421MB Format… mp4 Duration…. 1h 27min Subtitle…. ...
movie

Siren (2006)

2006
[18+] Black Snake Moan (2006) 6.9
[18+] Black Snake Moan (2006) Black Snake Moan (2006)~ IMDb - 6.9/10, Rotten Tomatoes - 66% ~ဒီကားကိုတော့ မူလဘူတဗုဒ္ဓဟူးမ တစ်ဖြစ်လဲ Christina Ricci နဲ့ မေမေ့အချစ်တော်ကြီး Samuel L. Jackson အပြင် Justin Timberlake တို့က သရုပ်ဆောင်ထားပါတယ်။ IMDb လည်း 6.9/10 အထိရထားတဲ့ ရုပ်ရှင်ပါ။အဓိကဇာတ်ကောင်က ငယ်စဉ်ဘဝမှာ ပထွေးအနိုင်ကျင့်ခံရပြီး လိင်စိတ်စွဲလမ်းမှုကြီးနေတဲ့ ကောင်မလေးဆိုတော့ ဒီကားမှာ အဖော်အချွတ်ခန်း တော်တော်များတာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ပါဘူး။ ဘာနေနေ အမေ့အချစ်တုံးကြီးရဲ့ ထူးခြားတဲ့ဇာတ်ရုပ်နဲ့တကွ ရက်စက်စွာသော ချစ်စွာသော လူတွေရဲ့ဘဝတွေကို ကြည့်ရင်း ဖီးလ်ရမယ့် ရုပ်ရှင်မို့ ဒရာမာပရိသတ်တွေ ကြိုက်ကြမယ့်ရုပ်ရှင်ပါပဲ။ မယားက ညီနဲ့‌ဖောက်ပြန်သွားလို့ အရှက်တကွဲအကျိုးနည်းစွာ အားလုံးကိုရှောင်နေတဲ့ လူ့ဂွစာကြီးဟာ တစ်မြို့လုံးက အပျက်မလို့ သမုတ်ခံထားရတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ...
movie

[18+] Black Snake Moan (2006)

2006
The Da Vinci Code (2006) 6.6
The Da Vinci Code (2006) The Da Vinci Code (2006) ဒီရုပ်ရှင်အကြောင်းပြောဖို့ရာဆိုရင် Dan Brown ကနေစရမှာဘဲ။ သူ့ရဲ့ စာအုပ်တွဲ ကြီးအကြောင်းပေါ့။ အစဉ်လိုက်ပြောရမယ်ဆိုရင် Angels and Demons ကနေစပြီး Deception Point ထိတိုင်း ခြောက်အုပ်တိတိထွက်ရှိခဲ့တယ်။ သူ့ရဲ့ ဒီစိတ်ကူးယဉ်ဝတ္ထုဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့အထိကို အားပြင်းခဲ့တယ်။ သမိုင်းအစစ်အမှန်တွေကို အခြေခံပြီးမှ စိတ်ကူးယဉ်ထားလို့ သာမန်လူတွေသာမက သမိုင်းပညာရှင်တွေကိုပါ တွေဝေစေခဲ့တဲ့အထိပါဘဲ။ ဒါပေမယ့် Dan က သူ့ရဲ့ စာအုပ်တွေတိုင်းရဲ့မျက်နှာဖုံးမှာ A Novel ဆိုပြီး စာလုံးကြီးကြီးနဲ့ကြေငြာထားတယ်။ သူ့ရဲ့စိတ်ကူးယဉ် အတွေးစလေးတွေကနေဖြစ်လာတဲ့ အတွေးပေါင်းချုပ်ကြီးသက်သက်မျှသာပေါ့။ ဒီစာအုပ်တွဲကြီးမှာမှ ၂၀၀၃ မှာထွက်ရှိခဲ့တဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ The Davinci Code ဟာ စာဖတ်သူတို့သမိုင်းမှာ စံချိန်မျိုးစုံတင်နိုင်ခဲ့တယ်။ စာအုပ်အနေနဲ့သာမက ရုပ်ရှင်အဖြစ်ရိုက်တော့လည်း လူကြိုက်များတယ်။ မြန်မာဘာသာပြန်ကိုတောင် ၂၀၁၇ အစောပိုင်းမှာ ထွက်လာပါသေးတယ်။ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ ...
movie

The Da Vinci Code (2006)

2006
1080p HEVC
Seducing Mr. Perfect (2006) 6.5
Seducing Mr. Perfect (2006) Seducing Mr. Perfect (2006) ============================ဒီနေ့မှာတော့ ၂၀၀၆ ခုနှစ်အချိန် မမ Uhm Jung Hwa တို့ ငယ်ရွယ်ခဲ့စဥ် အခုလိုလန်းမြဲလန်းခဲ့စဥ်က ကိုကို Daniel Henney နဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ Romance, Drama ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်စစ်အချစ်မှန်ဆိုတာ တကယ်ရှိတယ်ဆိုပြီး တထစ်ချယုံကြည်တဲ့ မင်ဂျွန်းက တွဲသမျှရည်းစားတိုင်းရဲ့ထားခဲ့ခြင်းကိုခံရပြီး အချစ်ကံခေသူကောင်မလေးပေါ့။ လက်ရှိရည်းစားရဲ့သစ္စာဖောက်စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ မင်ဂျွန်းတို့ကုမ္ပဏီကို တစ်နေ့ကျ သူဌေးအသစ်ဖြစ်တဲ့ ရော်ဘင် ရောက်လာပါတော့တယ်။ (မင်ဂျွန်းဘေးကို ရှင်ဘုရင်ရောက်လာဖို့ သူတောင်းစားကောင်က ဖယ်ပေးလိုက်ရတယ်ဆိုပါတော့:3) သိပ်ချစ်တတ်လွန်းတဲ့ မင်ဂျွန်းက သူချစ်ပြီဆိုရင် မိန်းကလေးမာနရယ်လို့ ဂုဏ်သိက္ခာရယ်လို့ ထည့်မတွက်ဘဲ သူကပဲ အရင်ဖုန်းခေါ်, သူကပဲ အရင်ပြေးတွေ့နဲ့ ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုခုံမင်တဲ့ကောင်မလေးပေါ့။ ဒီလိုမင်ဂျွန်းရဲ့ပုံစံကို ရော်ဘင်ကနည်းနည်းလေးမှ သဘောမတွေ့ပါဘူး။ ဒီလိုနဲ့ နှစ်ယောက်သားတွေ့လိုက်တာနဲ့ စကားနိုင်လုကြရာကနေ ရော်ဘင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အရှိုက်ထိသွားရတဲ့မင်ဂျွန်းက “Mr. Perfect ကြီးကို ဖမ်းစားပြမယ်” ဆိုပြီး စိန်ခေါ်ရာကနေ နှစ်ယောက်သားရဲ့ဖူးစာဇာတ်လမ်းလေး အစပြုလာပါတော့တယ်။ကြည့်ဖူးပြီးသားသူတွေလည်း အလွမ်းပြေပြန်ကြည့်နိုင်သလို မကြည့်ဖူးသေးတဲ့သူတွေအနေနဲ့လည်း တစ်မျိုးလေးကြည့်ပျော်တဲ့ ရိုမန့်စ်ကားလေးပါ။ အထူးသဖြင့် ကိုကို ...
movie

Seducing Mr. Perfect (2006)

2006
Notes on a Scandal (2006) 7.4
Notes on a Scandal (2006) Notes on a Scandal (2006)ဇာတ်လမ်း အကျဥ်း‌ပြောရင် အိမ်ထောင်ရေးကို ငြီးငွေ့နေတဲ့ ဆရာမနဲ့ လက်တည့်စမ်းချင် အသက်မပြည့်သေးတဲ့ကျောင်းသားကားပါ။ ဆရာမဟာ ငယ်ရွယ်လှပပေမယ့် အသက်ကြီးတဲ့ ယောကျာ်းနဲ့အိမ်ထောင်တစ်ခုတည်ဆောက်ထားသူဖြစ်ပြီး ကလေးတွေကို ထိန်းကျောင်းရင်း ဇနီးသည်တာဝန်၊ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကြားထဲနစ်မြှုပ်နေကာ ဘဝကိုငြီးငွေ့မှန်းမသိငြီးငွေ့နေရပါတယ်။ဒီလိုနေထိုင်ရင်းနဲ့ပဲ စာသင်ကျောင်းတစ်ခုမှာ ဆရာမလုပ်ဖို့ရောက်ရှိသွားချိန် ၁၅နှစ်အရွယ်ကျောင်းသားလေးကြောင့် အနည်ထိုင်နေတဲ့ရင်ခုန်သံတွေ လှုပ်ခတ်လာပြီး အချစ်တွေတစ်ဖန်ဆန်းသစ်ခဲ့ရပါတယ်။မဖြစ်သင့်မှန်းသိကြပေမယ့် သောက်လေငတ်မပြေနဲ့ ရှေ့ဆက်တိုးရင်းတိုးရင်းက...ဇာတ်လမ်းက ဒီတစ်ပုဒ်တည်းမဟုတ်သေးပါဘူး။ ဒီဖောက်ပြားမှုကို အခြေပြုပြီး ဆရာမအပေါ် ကူညီသယောင်ယောင်၊ အားပေးသယောင်ယောင်နဲ့တိတ်တဆိတ် မေတ္တာသက်ဝင်နေသူလည်းရှိပါသေးတယ်။ ကိုယ်ချစ်တဲ့သူကို အပိုင်သိမ်းဖို့ အကြံကြီးကြံရင်း၊ အချစ်ကြီးရင် အမျက်ကြီးပြီး မျက်ကန်းဘဝရောက်နိုင်တာကိုလည်း ရိုက်ကူးပြထားပါတယ်။အချစ်ဟာ အသက်အရွယ်မရွေး၊ ကျားမမရွေးပေါက်ဖွားလာနိုင်သလို ပိုင်ဆိုင်လိုမှုတွေ၊ တပ်မက်မှုတဏှာတွေလည်း မျက်စိမရှိဘူးဆိုတာ ထုတ်ပြသွားတဲ့ဇာတ်ကားလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 3.2GB, 920MB, 456MB Quality  ...
movie

Notes on a Scandal (2006)

2006
Zoom (2006)
Zoom (2006) Zoom (2006)ဒီတစ်ခါမိတ်ဆက်​ပေးမယ့် ကား​လေးက​တော့ Facebook Short Clip ​လေး​တွေမှာ ခဏခဏ​တွေ့​​နေရ​လေ့ရှိပြီး ကျွန်တော်တို့တွေ ငယ်ငယ်က ကြည့်ဖူးလောက်ကြမယ့် စူပါဟီးရိုးဇာတ်လမ်း​လေးဖြစ်တဲ့ Zoom ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~အတိတ်က ဂမ်မာ​ရောင်ခြည်စမ်းသပ်မှုမှာ ဇီးနစ်အဖွဲ့ဝင်လည်းဖြစ် အစ်ကိုလည်းဖြစ်သူ ကွန်ကားရှင်းတစ်​ယောက် စိတ်ရိုင်းဝင်သွားတာကို တိုက်ခိုက်ရင်း စွမ်းအင်​ပျောက်သွားတဲ့ ဟီးရိုး ဇွန်းမ် တစ်​ယောက် ဂျက်အဖြစ် သာမန်လူအနေနဲ့ အလုပ်လုပ်ရင်း ဇာတ်မြုပ်​နေရာက​နေ ​ကွန်းကားရှင်းတစ်​ယောက် ကမ္ဘာ​မြေဆီ နှစ် ၃၀​လောက် အကြာမှ ပြန်​ပေါ်လာမယ်လို့ ​ခြေရာခံမိသွားချိန်မှာ သူနဲ့ ယှဥ်ဖို့ စွမ်းအားသစ်ပိုင်ရှင် က​​​လေး​တွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့သစ်ကို ​လေ့ကျင့်​ပေးဖို့ တာဝန်ကျလာတဲ့အခါ...အဖွဲ့ဝင်သစ်​တွေနဲ့ ဘယ်လိုအခက်အခဲ​တွေ ရင်ဆိုင်ရမလဲ... ​နောက်ဆုံး ​အောင်မြင်မှုရရှိခဲ့လားဆိုတာကိုကြည့်ရမယ့် ဟာသ စူပါးဟီးရိုးကား​လေး တစ်ကားပဲဖြစ်ပါတယ်။ရုပ်ရှင်ပရိသတ်တိုင်းနဲ့ မကင်းတဲ့ Toy Story ကား‌တွေထဲက Buzz Lightyear အသံသရုပ်ဆောင် Tim ...
movie

Zoom (2006)

2006
Holiday (2006) 6.4
Holiday (2006)  ၁၉၈၈ ခုနှစ် ကိုရီးယားနိုင်ငံ အိုလံပစ်ပွဲအပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။‘’ငွေရှိရင် အပြစ်မရှိဘူး ငွေမရှိရင် အပြစ်ရှိတယ်’’ ဆိုတဲ့မျက်နှာသာပေးဥပဒေမျိုးနဲ့ မတရားထောင်ချခံထားရသူတွေအများအပြားပါပဲ..မတရားခံရတဲ့ထဲ အပါအဝင်ဖြစ်တဲ့ ဂျီဟျော့နဲ့ အကျဉ်းဖော်တို့ဟာထောင်ကနေ လွတ်အောင်ထွက်ပြေးပြီးတော့ မတရားတဲ့ဥပဒေကြီးကိုပြဌာန်းခဲ့တဲ့သက်ဆိုင်ရာအာဏာပိုင်တွေကို ဥပဒေကို ပြင်ဆင်စေချင်တာပါ.. ထောင်တွင်းအရာရှိတွေရဲ့ထောင်သားတွေအပေါ်မတရားဖိနှိပ်အကြမ်းဖက်မှုတွေ၊ ချမ်းသာတဲ့သူတွေ ရာထူးအာဏာရှိသူတွေကိုမျက်နှာသာပေးမှု‌တွေ အကြောင်းကို မြင်သာအောင်ဖော်ပြရိုက်ကူးထားပြီးမတရားခံရသူတွေရဲ့ ခံစားချက်တွေ နှိပ်စက်ခံရမှုတွေ အားလုံးဟာရင်ထဲခံစားရပြီး မျက်ရည်ကျရလောက်အောင်ရိုက်ထားတဲ့ကားကောင်းလေး တစ်ကားမို့သေချာပေါက်ကြည့်ဖို့ပြောလိုက်ပါရစေ။ File size…4.42GB / 1.64GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jia
movie

Holiday (2006)

2006
The Grudge 2 (2006) 5
The Grudge 2 (2006) The Grudge 2 (2006)ဒီဇာတ်ကားလေးက 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်လေးဆိုပါတော့... The Grudge 1 ထဲက ကယ်ရန်ရဲ့ ညီမလေး အော်ဘရီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။အမေလုပ်သူက ဖုန်းဆက်ပြီး အစ်မဖြစ်သူ ကယ်ရန် ဆေးရုံတင်ထားရတယ် ပြန်သွားခေါ်ပါဆိုလို့ မသွားချင်သွားချင်နဲ့ ဂျပန်ကို ရောက်ရှိသွားတဲ့ အော်ဘရီ... အစ်မနဲ့ တွေ့တဲ့အခါ လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုခံရတဲ့ အော်ဘရီ... ထိုညမှာပဲ ကယ်ရန်တစ်ယောက် ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်တဲ့အခါ...ဂျပန်မှာကျောင်းလာတက်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေး အဲလစ်ဆန်... အများနဲ့မဝင်ဆန့်လို့ သူငယ်ချင်းရှားနေတာမို့ အတန်းဖော်ကောင်မလေး ၂ယောက်ကို အတင်းဝင်ရောရင်း သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးကို ရောက်ရှိသွားတဲ့ အဲလစ်ဆန်...မိထွေးအိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေတဲ့ ဂျိတ်... ဘေးအခန်းမှာ ထူးဆန်းတဲ့အသံတွေကြားရင်း ကျိန်စာ တစ်ခုမှာ ကပ်ငြိသွားတဲ့ သူတို့မိသားစုလေး....ဒီ၃ယောက်ရဲ့ ထူးဆန်းဖွယ် အချိတ်အဆက်ကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြပါဦးလို့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya ...
movie

The Grudge 2 (2006)

2006
[18+] Breaking the Surface (2006) 5.2
[18+] Breaking the Surface (2006) Breaking the Surface (2006)ဒီကားက Erotic ကားပေမဲ့ ဇာတ်အိမ်ကို တော်တော်သပ်သပ်ရပ်ရပ်လေးရော ပညာပေးဆန်ဆန်ရော ပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ Erotic ထဲတော့ တော်တော်သပ်ရပ်ပါတယ်။ ဆုတွေဘာတွေတောင် ရထားပါသေးတယ်။ Erotic ပေမဲ့ Indie ကားလိုလို ဘာလိုလိုလည်း ခံစားရမယ့်ရုပ်ရှင်ပါပဲ။ အရမ်းတော့ ဆိုးဆိုးရွားရွားကြီးမဟုတ်ပေမဲ့ မထိတထိနဲ့ အသည်းထဲ ငြိချင်ရင်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ဇာတ်အိမ်ကတော့ အမျိုးသမီးအသားပေးပါ။ ဓာတ်ပုံကျောင်းတက်နေတဲ့ ကျောင်းသူလေးဟာ ကျောင်းနဲ့အလုပ်ကြား နှစ်ဖက်နင်းနေတုန်း အချစ်လို့ခေါ်တဲ့အရာနဲ့တွေ့လာတယ်။ အချစ်လို့ခေါ်တဲ့အရာနဲ့ အမှားအယွင်းတွေဖြစ်လာသလို အလုပ်နဲ့ကျောင်းကြားလည်း အမှားအယွင်းတွေဖြစ်လာတယ်။ ၂၀ကျော် လမ်းပျောက်တုန်းအရွယ်ရဲ့ အနုပညာနဲ့ မိုက်ရူးရဲဆန်စိတ်ကြောင့် ကိုယ့်စိတ်တိုင်းကျ ဖော်ပြမခံရတဲ့ ဓာတ်ပုံတွေအတွက် ခေါင်းမာရင်း ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ ဘဝထဲ ရေလိုက်ငါးလိုက် မနေနိုင်ခဲ့တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရေနည်းငါးဘဝအကြောင်းကို Erotic ကားပေမဲ့လည်း သေချာအသက်သွင်းပြသွားတာမို့ Erotic အခန်းတွေဖယ်လိုက်ရင်တောင် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

[18+] Breaking the Surface (2006)

2006
Perfect Creature (2006) 5.4
Perfect Creature (2006) ကျွန်တော်တို့နဲ့ ဆင်တူတဲ့ အခြားကမ္ဘာတခုမှာတော့Vampiresတွေဟာ လူသားမျိုးနွယ်နဲ့ အတူတကွငြိမ်းချမ်းစွာနေထိုင်ကြတယ်။ ခရစ်ယာန်ကျောင်းတော်ကြီးရဲ့အရိပ်အာ၀ါသအောက်မှာ ဘုရားသခင်က လူသားမျိုးနွယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့သူတို့ကိုဖန်တီးခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူဘရားသားဟုဒ်ဆိုတဲ့အမည်နဲ့ တာ၀န်ထမ်းဆောင်ကြတယ်။ဘရားသား ဆိုင်းလက်စ်ကတော့ ဒီထဲကတယောက်ပါ။ ကျောင်းတော်မှာအမြင့်ဆုံးကာဒီနယ်ဖြစ်လာတော့မယ့်သူ။ ဒါပေမယ့် ညီဖြစ်သူ ဘရားသား အက်ဒ်ဂါက လူသားတွေကို စတင်သတ်ဖြတ်လာခဲ့တော့ လူသား ရဲအရာရှိ လစ်လီဆိုတဲ့ အမျိုးသမီးနဲ့အတူ သူ့ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်အက်ဒ်ဂါက ဘာဖြစ်လို့ ဒီလိုတွေလုပ်နေရတာလဲ။ကျောင်းတော်ကြီးကလည်း နောက်ကွယ်မှာဘာတွေဖြစ်နေတာလဲ။အက်ဒ်ဂါရဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့်အကြံအစည်ကိုရော တားဆီးနိုင်ပါ့မလား။လစ်လီနဲ့ ဆိုင်းလက်စ်တို့ကြား ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဒီPerfect creature ဆိုတဲ့ဇာတ်ကားလေးမှာရှုစားအားပေးကြပါဦး File size…  1.5GB / 500MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 28m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Perfect Creature (2006)

2006
Summer Palace (2006) 7.1
Summer Palace (2006) Summer Palace (2006)~ IMDb - 7.1/10, Rotten Tomatoes - 72% ~Directed By "Lou Ye"Summer Palace ဟာ ထူမန်ဆိုတဲ့ တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ် နယ်ဘက်ကျေးဘက်က မြို့ကလေးက ယုဟုန်ဆိုတဲ့ ဆယ်ကျော်သက်မကလေးရဲ့ အချစ်နဲ့ဘဝဇာတ်ကြောင်းလို့ ပြောရမလိုလိုပဲ။ ဇာတ်ကို ၁၉၈၀နှောင်းပိုင်းလောက်မှာ စထားတယ်။ အဲဒီကာလမှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ယုဟုန်ဟာ ပေချင်ကောလိပ်ဝင်ခွင့်ရပြီး နယ်မြို့လေးကနေ ပေကျင်းကို တက်ဖို့အကြောင်းဖန်လာတယ်။ တရုတ်အစိုးရကို ကြောက်လို့ တကယ်မရှိတဲ့ ကောလိပ်နာမည်သုံးထားတာပေမဲ့ ပေကျင်းတက္ကသိုလ်ကိုပဲ ရည်ညွှန်းတယ်ပြောတယ်။ သူ့ရည်းစားကောင်လေးကတော့ နယ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဆယ်ကျော်သက်တွေ သဘာဝအတိုင်း ပေကျင်းကိုမသွားခင် ကောင်မလေးနဲ့ ကောင်လေး လက်တည့်စမ်းကြတယ်။ Lou Ye ဟာ ရှေ့ကရိုက်ခဲ့တဲ့ကားတွေအတိုင်းပဲ ဝတ်လစ်စားလစ်အခန်းတွေ တော်တော်သုံးထားတယ်။ အထူးသဖြင့် ယောက်ျားလေး ဝတ်လစ်စားလစ်တွေဘက် ပိုပြတယ်။ ...
movie

Summer Palace (2006)

2006
Seed of Darkness (2006) 5
Seed of Darkness (2006) Seed of Darkness (2006) နာမည်အသင့်အတင့်ရ စာရေးဆရာမဖြစ်တဲ့ ယန် ကအိမ်ပြောင်းဖို့ အလုပ်ကနေ အချိန်အတော်ကြာ ခွင့်ယူခဲ့ပါတယ်။ စာရေးဖို့သင့်တော်ပြီး တိတ်ဆိတ်ငြိမ်သက်တဲ့အိမ်ကို ရွေးလိုက်တဲ့အတွက် သူ့မောင်ကလည်း အံ့ဩနေခဲ့ပါတယ်။ ယန် နဲ့သူ့သမီးဖြစ်သူ ရင်ရင်တို့ အိမ်သစ်မှာ ပစ္စည်းတွေနေရာချရင်း သူတို့အနောက်ကို တစ်ယောက်ယောက်ကလိုက်လာသလို ခံစားနေခဲ့ရပါတယ်။အချိန်အတော်ကြာ အလုပ်ကိုနားထားပြီးမှ အလုပ်ပြန်တက်တဲ့ ယန် တစ်ယောက် ပထမဆုံးအလွဲကတော့ သူဌေးကို စာရွက်အလွတ်တစ်ထုပ်ကြီး ပေးခဲ့လိုက်တာပါပဲ။ နောက်မှ သမီးဖြစ်သူ ရင်ရင် ရဲ့အိပ်ခန်းထဲကနေ စာရွက်တွေပြန်တွေ့တော့... ရင်ရင်က "ခဏလေး...ဖေဖေနဲ့စကားပြောနေတယ်" တဲ့..တကယ်တော့ ရင်ရင်က သုတ်ပိုးအလှူရှင်နဲ့မွေးထားတဲ့ သမီးလေးတစ်ယောက်မို့ အဖေမရှိကြောင်းရှင်းပြခဲ့ပေမယ့် ရင်ရင်က သူ့အဖေက အခုသူ့ဘေးမှာရှိကြောင်း၊ သူ့ကိုလည်း မကြာခင်ခေါ်သွားမှာဖြစ်ကြောင်း ပြောပြလိုက်တဲ့အခါ...ယန်တစ်ယောက် ပုံမှန်မဟုတ်တဲ့အခြေအနေကို ဘယ်လိုဖြေရှင်းမလဲ? ပြီးတော့ သူတို့အနောက်ကလိုက်နေတဲ့တစ်စုံတစ်ခုကရော ဘာဖြစ်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်...အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… ...
movie

Seed of Darkness (2006)

2006
Heavenly Forest(2006) 7.4
Heavenly Forest(2006) Heavenly Forest (2006) ================ ဒီဇာတ်ကားဟာ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ (Collage of Our Life - Another Story) ဆိုတဲ့ ၀တ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Romance,Drama ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် အနေအေးပြီး အရမ်းရှက်တတ်တဲ့ ကျောင်သား မာကိုတို ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့တက္ကသိုလ်ပထမဆုံးနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်တည်း ကျင်လည်နေခဲ့ရင်းကနေ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ ကျောင်းအလှပဂေးလေးဖြစ်တဲ့ မိယုကိတို့ ဘော်ဒါအုပ်စုထဲ မာကိုတိုရောက်သွားပြီး အချောအလှ မိယုကိကို ကြိတ်သဘောကျမိသွားတဲ့အချိန်မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်လိုမျိုး အတူတကွကုန်ဆုံးကြမလဲ၊ ဘယ်သူ့ရဲ့အချစ်ကို ဘယ်သူကလက်ခံသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ဂျပန်ကားတို့ရဲ့ထုံးစံအတိုင်း Happy Ending မဟုတ်သော်ငြားလည်း ဝမ်းနည်းပြီး ရင်ထဲတစ်ခုခုကျန်ခဲ့ချင်တဲ့ ပရိတ်သတ်များအတွက် ဇာတ်အိမ်ခိုင်ပြီး နောင်တမရစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…2.6GB / 987MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle(Hard ...
movie

Heavenly Forest(2006)

2006
Midnight Ballad for Ghost Theater (2006) 6.5
Midnight Ballad for Ghost Theater (2006) Midnight Ballad for Ghost Theater (2006) ============================= IMDb Rating - 6.5/10၂၀၀၆ ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်လမ်းဟောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဂီတရုပ်ရှင် ပုံစံလေးမို့လို ပြဇာတ်သီချင်းပုံစံလေးတွေ အများကြီးပါဝင် ပါတယ်။ဇာတ်လမ်းအကျဉ်း ---------------------- ဆောင်းဆိုဒန်ဆိုတဲ့ကောင်မလေးဟာ မိဘတွေမရှိဘဲ အဘွား ဖြစ်သူနဲ့ ကြီးပြင်းလာခဲ့တယ်။ တစ်ရက်မှာတော့ သူမရဲ့အဘွားက ရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့ပါတယ်။ မပျောက်ဆုံးခင် တစ်ရက်မှာ ဆမ်ဂေါအီဇာတ်ရုံကိုသွားမယ်လို့ အဘွားက ပြော သွားခဲ့တာကြောင့် ပျောက်ဆုံးသွားတဲ့အဘွားက ဆမ်ဂေါအီကို ကျိန်းသေပေါက်လာမယ်လို့ ဆိုဒန်တစ်ယောက်ထင်နေခဲ့ပါတယ်။ ဒါကြောင့် ဆမ်ဂေါအီဇာတ်ရုံရဲ့ လက်မှတ်ရုံစာရေးအဖြစ် အလုပ် လျှောက်ခဲ့ပါတယ် ။အလုပ်လျှောက်ပြီးသိပ်မကြာခင်မှာပဲ ဆိုဒန်တစ်ယောက် ဇာတ်ရုံ ထဲက သရဲတွေနဲ့ တွေ့တော့တယ်။ အစပိုင်းမှတော့ သရဲတွေကို ကြောက်ရွံနေပေမဲ့ နောက်ပိုင်းမှတော့ သရဲတွေနဲ့ ရင်းနှီးသွားပြီး အဲဒီဇာတ်ရုံကနေ မပြန်ဘဲနေခဲ့တာပေါ့။ ဆိုဒန်ရဲ့အဘွားက ငယ် ရွယ်စဉ်တုန်းက မင်းသမီးတစ်ယောက်ဖြစ်ခဲ့တာကိုသိလို့ အဘွား ပါဝင်ထားတဲ့ဇာတ်ကားကို ဒီဇာတ်ရုံမှာပြနိုင်ဖို စီစဉ်ခဲ့တာပေါ့။ ဒါပေမဲ့ ဒီဇာတ်ရုံကိုရောင်းပစ်လိုက်ဖို့ ဖြစ်လာတဲ့အခါမှာ ဆိုဒန် တစ်ယောက် ဇာတ်ရုံမရောင်းပစ်ရဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hay Thar ဖြစ်ပါတယ်)File Size..........(2.13 GB) / (708 ...
movie

Midnight Ballad for Ghost Theater (2006)

2006
Five Fingers (2006) 6.3
Five Fingers (2006) Five Fingers (2006) ============== IMDb Rating - 6.3/10စားနပ်ရိက္ခာအစီအစဉ်တစ်ခုကို အစပြုဖို့ဆိုပြီး မာတင်တစ်ယောက် ရစ်တောင်တန်းဆီကို ဂါဗင်ဆိုတဲ့ဧည့်လမ်းညွှန်အကူအညီနဲ့ သွားမှာပါ။ ဒါပေမဲ့ ကားပေါ်ပဲတက်ရသေးတယ်.. နှစ်ယောက်လုံးကို ဖမ်းခေါ်သွား ပါလေရောဗျာ။ ဇာတ်လမ်းက အဲ့ဒီလို တည့်ပဲစထားပါတယ်။ဘာလို့အဖမ်းခံရတာလဲ၊ ဘယ်သူကဖမ်းတာလဲဆိုတာကိုတော့ ဆက်ကြည့် လိုက်ပါနော်။ အဓိကက အဖမ်းခံရတဲ့အချိန်အတွင်းမှာ သူ့ရည်းစားအကြောင်း တွေ မေးမေးပြီးတော့ မာတင်ရဲ့လက်ချောင်းတွေ တစ်ချောင်းပြီးတစ်ချောင်း အဖြတ်ခံရပါတယ်။ ဒါပေမဲ့ စေတနာကောင်းကောင်းနဲ့ ဖြတ်ထားတဲ့လက် ချောင်းတွေအကုန်လုံးကို ရေခဲနဲ့သိမ်းပေးထားပါတယ်။ လိုချင်တဲ့အဖြေရရင် ပြန်ဆက်ပေးဖို့ပါတဲ့။ အရမ်းသဘောကောင်းတဲ့ ပြန်ပေးဆွဲအဖွဲ့ပေါ့။ဒီကားလေးမှာ ကမ္ဘာ့အရှေ့ခြမ်းနဲ့အနောက်ခြမ်းဝါဒတွေ၊ နိုင်ထက်စီးနင်းလုပ် တာတွေ၊ ဘက်မတူတဲ့နိုင်ငံရေးအမြင်တွေကို အဖမ်းခံထားရတဲ့အတောအတွင်း အများကြီးပြောပြသွားတာမို့... မသိသေးတဲ့ပဟေဠိတွေကို ရုပ်ရှင်ထဲမှာဆက် အဖြေရှာရအောင်ဗျာ ။ ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.89 GB) / (742 MB) / (415 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Jo ...
movie

Five Fingers (2006)

2006
Aksar (2006) 4.9
Aksar (2006) Aksar (2006)ဒီတစ်ခါတင်ဆက်ပေးမယ့် ကားကောင်းလေးကလည်း လှည့်ကွက်လေးတွေနဲ့ တကယ်ကို ကြည့်လို့ကောင်းတဲ့ ကားလေးပါပဲ..မင်းသားအနေနဲ့ကတော့ မင်းသားချော အင်မရန်းဟက်ရှမီနဲ့ Raaz 2002 ထဲက မင်းသားချောလေး ဒီနိုမောရိယတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းကတော့ လူတွေရဲ့ဖြစ်တတ်တဲ့သဘောကို ရိုက်ကူးတင်ဆက်ထားခြင်းပါ။အောင်မြင်ကျော်ကြားတဲ့ ဓါတ်ပုံဆရာလေး ရစ်ကီဆီကို ရာဂျ်ဆိုတဲ့ လူချမ်းသာတစ်ယောက်ရောက်လာပြီး ငါ့မိန်းမ မင်းကိုချစ်လာအောင် စည်းရုံးပေးနိုင်ရင် ငွေ သိန်း ၃၀ ပေးမယ်လို့ ကမ်းလှမ်းလာတယ်။သူ့ရဲ့မိန်းမဖြစ်သူကလည်း နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ရှီနားရွိုင်း...။ရှီနားနဲ့ ရစ်ကီတို့က ကတောက်ကဆဖြစ်ခဲ့ဖူးတယ်။ ဒါကို သိနေတဲ့ ရှီနားယောက်ျားက ရစ်ကီကို လာကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ရစ်ကီဆိုတာကလည်း နယ်နယ်ရရ ဓါတ်ပုံဆရာလေးမဟုတ် မော်ဒယ်တော်တော်များများရဲ့ အလှစစ်ကို အိပ်ရာထက်နဲ့ ဓါတ်ပုံပေါ်မှာ ရှာဖွေတဲ့သူတစ်ယောက်ဆိုပါတော့...။ဒီအလုပ်ကို ရစ်ကီလက်ခံခဲ့ပါတယ်...။ခုမေးစရာက ရာဂျ်က ရစ်ကီကို ဘာလို့ ကိုယ့်မိန်းမကိုမှ ချစ်လာအောင် ဖမ်းစားခိုင်းတာလဲ...။ရစ်ကီနဲ့ ရှီနားတို့ကရော ဘယ်လိုအခြေအနေဖြစ်လာမလဲ...။နောက်ဆုံး ဒါရိုက်တာရဲ့ဇာတ်လမ်းလှည့်ကွက်လေးတွေမှာ ဘယ်လိုမျောပါသွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ အဖြေရှာကြည့်ရအောင်နော်...။ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ ကိုယ့်ဒူးတောင်ကိုယ်မယုံရပါလားဆိုတဲ့ စကားပုံလေးက အမှန်ပါလားလို့ သံဝေဂရမိပါတယ်ဆိုတော့ ရှုစားလို့ရပါပြီနော်...။ File size…1.8GB / 1GB Quality…1080p ...
movie

Aksar (2006)

2006
I Don’t Want to Sleep Alone (2006) 6.9
I Don’t Want to Sleep Alone (2006) I Don't Want to Sleep Alone (2006)~ IMDb - 6.9/10, Rotten Tomatoes - 88% ~" Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် "ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော...။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား...။မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ ...
movie

I Don’t Want to Sleep Alone (2006)

2006
Ahista Ahista (2006) 7.0
Ahista Ahista (2006) အိန္ဒိယဒရမ်မာကား ကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ဒီကားကိုကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်ဒီထဲမှာ မင်းသားက လက်ထပ်မှတ်ပုံတင်ရုံးမှာ အသိသက်သေအဖြစ် အလုပ်လုပ်တဲ့သူတစ်ယောက်ပေါ့ ဒီအလုပ်နဲ့ပဲ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး ရှေ့အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့သူပေါ့တစ်နေ့ ကောင်မလေးတစ်ယောက် လက်ထပ်မှတ်ပုံတင်ဖို့ ရုံးရှေ့မှာ သူ့ရဲ့ချစ်သူကို စောင့်ရင်းနဲ့ တစ်ယောက်တည်း ရပ်နေတာကို သူတွေ့လိုက်ရတယ်ဒါပေမယ့် အဲဒီကောင်မလေးရဲ့ချစ်သူက ညဘက်ရောက်တဲ့အထိ ပေါ်မလာတော့ သူကပဲ နေစရာနေရာရဖို့ အကူအညီပေးခဲ့ရတာပေါ့ အဲဒီလိုနဲ့ ကောင်မလေးရဲ့ချစ်သူက တစ်ရက်လည်း ပေါ်မလာ နှစ်ရက်လည်း ပေါ်မလာနဲ့ အချိန်တော်တော်ကြာတာတောင် ပေါ်မလာခဲ့ဘူးသူကပဲ ကောင်မလေး နေဖို့ထိုင်ဖို့နဲ့ အကူအညီအားလုံးကို ကူညီပေးခဲ့ပြီး တဖြည်းဖြည်းနဲ့ ကောင်မလေးကို သံယောဇဉ်တွယ်လာခဲ့တယ် ကောင်မလေးကို သူချစ်လာခဲ့တယ် ကောင်မလေးနဲ့တွေ့မှ သူဟာ အနာဂတ်အတွက် ရည်မှန်းချက်အကြီးကြီး ရှိလာခဲ့တယ် ဘဝကို လေးလေးနက်နက် ဖြတ်သန်းလာချင်ခဲ့တယ်သူများတွေ အိမ်ထောင်ရေးအတွက် အကူအညီပေးခဲ့တဲ့ သူဟာ သူ့အိမ်ထောင်ရေးအလှည့်ကျတော့ လောကကြီးက ပြန်ပြီးကူညီပါ့မလား ကောင်မလေးရဲ့ချစ်သူကရော ပြန်လာဦးမှာလား သူ့အနေနဲ့ ကောင်မလေးရဲ့အချစ်ကို ရပါ့မလား သူ့ရဲ့ရည်မှန်းချက်တွေကို ကောင်မလေးနဲ့အတူ ဖန်တီးခွင့်ရပါ့မလားဆိုတာ ဒီကားလေးထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ရသလေးကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.7GB / 820MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Ahista Ahista (2006)

2006
Clerks II (2006) 7.3
Clerks II (2006) Clerks II(2006)IMDb rating ~ 7.3 Rotten Tomatoes ~ 63% 3 wins & 3 nominations1994 က အဖြူအမည်း ဗားရှင်းနဲ့ထွက်ခဲ့တဲ့ Clerks I အကြီးအကျယ် အောင်မြင်ပြီးတဲ့နောက် sequel အနေနဲ့ ထွက်ခဲ့တဲ့ ဇာတ်ကားပါမပြောရဲ မလုပ်ရဲတာ မရှိတဲ့ ရန်ဒယ်နဲ့ ရန်ဒယ့်ကို လိုက်ထိန်းနေရတဲ့ ဒန်တီတို့ သူငယ်ချင်းနှစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ ဟာသကားပါဇာတ်လမ်းအစမှာတော့ ဒန်တီနဲ့ ရန်ဒယ်တို့ ဆယ်နှစ်နှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့ Quick Stop စတိုးဆိုင် မီးလောင်ပြီး ပြာကျသွားခဲ့ပါတယ် ထုံးစံအတိုင်း ရန်ဒယ့်လက်ချက်ကြောင့်ပါပဲစတိုးဆိုင်မီးလောင်ပြီး ၁ နှစ်အကြာမှာတော့ ဒန်တီနဲ့ ရန်ဒယ်တို့ မူဘီဆိုတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေကြပါတယ်ဒန်တီကတော့ လက်ထပ်ရမယ့် ဇနီးလောင်းနဲ့ တွေ့ပြီး ဇနီးချောလေးနဲ့အတူ ဖလော်ရီဒါမှာ ပြောင်းနေဖို့လည်း အစစအရာရာ စီစဉ်ပြီးပါပြီဒါပေမဲ့လည်း မူဘီ စားသောက်ဆိုင်မှာ နောက်ဆုံးနေ့အနေနဲ့ အလုပ်ဆင်းပေးတဲ့ နေ့မှာ ရန်ဒယ်ရဲ့ စနက်ကြောင့် ဒန်တီ ကမောက်ကမတွေနဲ့ ကြုံရပါတော့တယ်ဒန်တီ ...
movie

Clerks II (2006)

2006