Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
1979
8.5
Alien (1979)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien (1979)
1979
8.4
Apocalypse Now (1979)
Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%)ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ...
movie
Apocalypse Now (1979)
1979
4K HEVC
5.8
{21+} Her Name Was Lisa (1979)
သူ့နာမည်လေးက လီဆာ ငယ်ရွယ်တယ် လှပတယ် နူးညံ့တယ် သူမရဲ့အသားရေနဲ့ ရုပ်ရည်က သူများတွေထက်ထူးခြားနေတယ် သူက အနှိပ်ခန်းမှာ အလုပ်လုပ်တယ် ဖောက်သည်တွေကြားထဲမှာ ရေပန်းအစားဆုံးက လီဆာဒါပေမဲ့သူ့ဘဝ တစ်ဆစ်ချိုးချိန် ရောက်ရှိလာပါတယ် ပေါလ် လို့ခေါ်တဲ့ တက်သစ်စ လူငယ် ဓာတ်ပုံဆရာလေး တယောက်က သူ့ကို ဓာတ်ပုံမော်ဒယ်အဖြစ် ကမ်းလှမ်းခံခဲ့ရပါတယ်လီဆာကို မနာလိုသူတွေရှိနေသလို ကျားချောင်း ချောင်းနေတဲ့ ရန်သူတွေလည်းရှိနေပါတယ် လီဆာရဲ့ အလှပတွေကို ဆင်ဆာမဖြတ်ပဲ ကြွရွ နေတာလေးတွေ အတိုင်းသားပြထားတာဖြစ်လို့ DS fans တွေအတွက် အရောက်ပို့လိုက်ပါတယ် File size…3.84GB / 1.9GB Quality…1080p BluRay / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie
{21+} Her Name Was Lisa (1979)
1979
7.4
Nosferatu the Vampyre (1979)
Nosferatu the Vampyre (1979)~ IMDb - 7.4/10, RT - 95%, Meta - 79% ~မြို့ကြီးပြကြီးက အိမ်ခြံမြေအကျိုးဆောင် ဂျိုနသန်ဟာကာတစ်ယောက် ထရန်ဆဲလ်ဗေးနီးယားဒေသအထိ ခရီးဝေးထွက်ပြီး ငွေကြေးရှင်တောသူဌေးတစ်ယောက်ကို အိမ်ရောင်းရင်း အကျိုးဆောင်ခ မြက်မြက်လေးရဖို့ ကြိုးစားရာကနေ မရဏတိမ်တိုက်တစ်ခုကို သူ့ဘဝတင်မကဘဲ သူနေထိုင်ရာမြို့ဆီပါ ခေါ်ဆောင်လာမိသလို ဖြစ်သွားရတဲ့ ဒီ ဒရက်ကူလာဇာတ်လမ်းကိုတော့ ကလေးရော၊ ခွေးရော၊ ကလေးရဲ့ဘွားတော်ကြီးပါ ကြားဖူးကြပါလိမ့်မယ်။ပုံနှိပ်စာရွက်တွေကနေ ဖန်သားပြင်ရော ပိတ်ကားပေါ်ပါ အကြိမ်ကြိမ်အထပ်ထပ် ပြန်တင်ခြင်းခံထားရပြီးဖြစ်တဲ့ ဒီဇာတ်ကြောင်းက ခုကားမှာ ဘာထူးခြားနေလဲဆိုရင်တော့ ဒရက်ကူလာရဲ့ ပထမဆုံးရုပ်ရှင်ဗားရှင်း ဖြစ်ပေမဲ့ ဝတ္ထုမူပိုင်ခွင့်မရလို့ နာမည်ပြောင်းရိုက်ခဲ့ရတဲ့တိုင် သူကိုယ်တိုင်က ရုပ်ရှင်သမိုင်းအပေါ် လွှမ်းမိုးမှုကြီးသွားခဲ့တဲ့ ၁၉၂၂ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင် Nosferatu ဇာတ်လမ်းကိုရော၊ Bram Stoker ရဲ့ မူရင်းဝတ္ထုကိုပါ အခြေခံထားတာပါပဲ။ဒီရုပ်ရှင်ကိုရိုက်တဲ့ Werner ...
movie
Nosferatu the Vampyre (1979)
1979
7.6
Escape From Alcatraz (1979)
Escape from Alcatraz (1979)~ IMDb- 7.6/10, RT - 96%, Meta - 76%အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ...
movie
Escape From Alcatraz (1979)
1979
5.3
[21+] Caligula (1979)
DarkSide Production ကနေ နောက်တစ်ခါ တင်ဆက်လိုက်တာကတော့ Adult Movie ဆရာကြီး ဒါရိုက်တာ Tinto Brass ရဲ့ ဂန္ဓဝင် ရုပ်ရှင် တစ်ကားပဲ ဖြစ်ပါတယ် ကြာမြင့်ချိန် ၂ နာရီကျော်ပြီး တစ်ကားလုံး လိုလို လိင်ဆက်ဆံခန်းတွေ ပြည့်နှပ်နေပါတယ်... အားလုံး တောင်းဆိုကြတဲ့ ရောမ ကားဆိုတာ ဒီလိုကားမျိုးပဲ ဖြစ်ပါတယ် ဒီကားလေးကတော့ IMDb 5.4/10 ရထားတဲ့ drama/ erotic/ history ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်. ဒီ ဇာတ်ကားလေးကတော့ ရောမခေတ် လူနေမှု စရိုက်နဲ့ အုပ်ချုပ်မှု ပုံစံတွေ.အုပ်ချုပ်သူရဲ့ အာဏာအသုံးချမှု တွေ . မိသားစု ကိစ္စတွေကို ပွင့်လင်းစွာ ပြသထားမှာပါ. ဒီကားလေးက ရောမခေတ် ဆီဆာတွေရဲ့ စိတ်နေစိတ်ထားကို ပွင့်ပွင့်လင်းလင်း ရိုက်ကူးတင်ပြထားတာကြောင့် ရောမတို့ရဲ့ သမိုင်းကို စိတ်ဝင်စားနှစ်သက်တဲ့ ပရိတ်သတ်ကြီးကို အကြိုက်တွေ့ နှစ်သက်စေမှာပါ. ထို့အပြင် erotic typeထဲမှာ ပါနေတာကြောင့် လိင်မှုကိစ္စတွေ လိင်နဲ့ပက်သက်တာတွေကို ပွင့်လင်းစွာ ရိုက်ကူးပြသထားမှုကြောင့် အသက် 21အောက်နှင့် မိသားစုဝင်များ အတူယှဉ်တွဲ မကြည့်သင့်ပါ ခင်ဗျာ Translated By : YK Encoded By : XCode
movie
[21+] Caligula (1979)
1979