Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
1976
5.2
(18+) The Margin (1976)
(18+) The Margin (La marge) (1976) IMDb - 5.2/10"အပြာရုပ်ရှင်ဒါရိုက်တာဖြစ်ခဲ့ရတဲ့ ပါရမီရှင်ကြီး"လို့တောင် သမုတ်ခြင်းခံရတဲ့ ဒါရိုက်တာကြီး Walerian Borowczykရဲ့ လက်ရာကောင်းတွေထဲက တစ်ကားပေါ့။ သူ့ခေတ်သူ့အခါမှာ ပြောင်မြောက်တဲ့ရိုက်ချက်တွေနဲ့ ထိထိမိမိတင်ပြတတ်သူမို့ ဒီဘက်ခေတ်အနုပညာရှင်တွေထိတောင် သူ့ကိုစံထားပြီး အတုယူရတယ်လို့ ဆိုကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချစ်စရာကောင်းတဲ့သားလေးနဲ့ ဇနီးချောလေးရယ်ကိုပိုင်ဆိုင်ထားတဲ့ ဆီဂီစ်မွန်တစ်ယောက် ပါရီမြို့ကြီးဆီကို အလုပ်ကိစ္စနဲ့သွားဖို့ဖြစ်လာပါတယ်။ အမြဲတမ်းစိတ်တူကိုယ်တူဖြစ်တဲ့ ဇနီးဖြစ်သူကို အတူခေါ်သွားချင်ပေမဲ့ သားလေးကိုပစ်ထားပြီး မလိုက်ချင်တာကြောင့် ဆီဂီစ်မွန်တစ်ယောက်တည်း ထွက်လာခဲ့ရပါတယ်။ ပါရီမြို့ကြီးက ညည့်ငှက်လေးတွေဆွဲဆောင်သမျှ ငြင်းပယ်ရင်း ဇနီးဖြစ်သူနဲ့တူတဲ့ အမျိုးသမီးလေးကို တွေ့တဲ့အခါမှာတော့ မရှောင်တိမ်းနိုင်တော့ဘဲ စွဲလန်းမိပါတော့တယ်။ ဒီမှာပဲ အိမ်မှာကျန်ခဲ့တဲ့သားမိနှစ်ယောက်ဆီက သတင်းဆိုးတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့...။(aungmo3han အညွှန်းရေး ဘာသာပြန်ထားပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.9GB | 878MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
(18+) The Margin (1976)
1976
7.4
Carrie (1976)
Carrie (1976)~ IMDb - 7.4/10, Rotten Tomatoes - 93% ~Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ...
movie
Carrie (1976)
1976
5.1
(18+) Cloistered Nun: Runa’s Confession [1976]
သီလရှင်လေးတယောက်ရဲ့ အမှောင်ဖက်ခြမ်း အငြှိုး ရက်စက်မှု ရာဂ အကျင့်ပျက်ခြစားနေတာတွေ ကို လှလှလေး ကြည့်ရမှာဖြစ်ပါတယ်ယုနာတစ်ယောက် တချိန်က အငြှိုးအတေးတွေနဲ့ဆက်ဆံခဲ့တဲ့ မိတူဖကွဲ အမနဲ့တွေ့ဖို့ မွေးရပ်မြေကိုပြန်လာခဲ့ပါတယ် တကယ်တော့သူက တရားဓမ္မကြောင့် ညီမနှစ်ယောက် နားလည်မှုရပြီးအေးချမ်းနေပြီဖြစ်ပါတယ် လူတွေက ခက်တယ်ဗျ ကိုယ့်ဖက်က ခွင့်လွှတ်နားလည်ပေးပေမဲ့ တချို့တွေက မပြောင်းလဲဘူးဗျ။ယုနာ ရဲ့အမကအဲအထဲမှာပါတယ် သူတို့ရဲ့ အဆင်ပြေမှုကနေ အမြတ်အကြီးကြီးထုတ်ဖို့ကြံစည်ပါတော့တယ် နောက်တခု သူ့ဉာဉ်ဆိုးရှိသေးတယ် ကောင်လေးတွေကို အရမ်းပလေးတက်တာပဲ မိန်းမနှစ်ယောက်ရဲ့ တယောက်နဲ့တယောက် ဖျံကျပုံတွေကို အမှောင်နှောပြီး ပြသထားတာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်။ File size…1.4GB / 533MB Quality…1080p BluRay / 720p Format…mp4 Duration….1h 14m Subtitle….Myanmar Subtitle(Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie
(18+) Cloistered Nun: Runa’s Confession [1976]
1976
4.8
(21+)Nurse’s Sex Journal (My Sex Report: Intensities) [1976]
အီတိုလို့ခေါ်တဲ့ ရှယ်ချစ်စရာကောင်းတဲ့ သူနာပြုမလေး သူမရဲ့အလှတွေကပြည့်စုံတယ် ချစ်ဖို့ကောင်းတယ် တည်ကြည်တယ်သူကငွေကြေးချို့တဲ့တယ် ဆေးရုံတစ်ရုံမှာ အလုပ်ကြိုးစားပြီး သူနာပြုလုပ်တယ် သူကလှတော့ သူဌေးတွေက တစ်ယောက်ပြီးတစ်ယောက်လာကပ်ကြတယ် ဝိသမလောဘသားတွေရဲ့ မျက်စိကျစရာလည်းဖြစ်လာတယ် တစ်နေ့သူရဲ့ ဆွေးမျိုးသားချင်းထဲက အရေးပေါ်ဆေးရုံတက်လိုက်ရပြီး ငွေအရေးတကြီးလိုအပ် လာချိန်မှာတော့....အရမ်းကိုစိတ်ဝင်စရာကောင်းပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ အလှတွေကိုခံစားစေဖို့ DS Fans တွေဆီအရောက်ပို့ပေးလိုက်ပါတယ် File size…1.1GB / 435MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie
(21+)Nurse’s Sex Journal (My Sex Report: Intensities) [1976]
1976
6.2
[18+] Assault! Jack the Ripper (1976)
Assault! Jack the Ripper (1976)1976 မှာ Yasuharu Hasebe ရိုက်ခဲ့တဲ့ Roman Porno လိုင်းလက်ခွဲ "Violent Pink" အမျိုးအစားသုံးကားထဲက တစ်ကားဖြစ်ပါတယ်။ Genre နာမည်အတိုင်း ကြမ်းတမ်းတဲ့အသတ်အဖြတ်နဲ့ လိင်ကိစ္စအသားပေးဇာတ်ကားပါပဲ။စားသောက်ဆိုင်ဝန်ထမ်းစုံတွဲတစ်တွဲ မတော်တဆလူသတ်အလောင်းဖျောက်မိရာကနေ လူသတ်ခြင်းဟာ သူတို့အတွက် လိင်ရမ္မက်ကို ပိုမိုထက်သန်စေကြောင်းသိရှိသွားပြီး မိန်းမလှလေးတွေကို ရည်ရွယ်ချက်ရှိရှိလိုက်လံသတ်ဖြတ်တဲ့ ကွင်းဆက်လူသတ်သမားတွေဖြစ်လာခဲ့ရပုံကိုရှုစားရမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး Tamaki Katsura ဟာ ဒီဇာတ်ကားနဲ့ Mainstream ကားတွေကိုဆုပေးတဲ့ Japan Academy Prize မှာ အကောင်းဆုံးမင်းသမီးအဖြစ် ဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 680MB Quality - 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 12Min Genre - Crime, Drama, ...
movie
[18+] Assault! Jack the Ripper (1976)
1976
6.6
(21+)In the Realm of the Senses (1976)
လူတွေစည်းပေါက်သွားတဲ့အခါ အထိန်းကွပ်မဲ့သွားတဲ့အခါ ဆင်ခြင်တုံတရားတွေ ပျက်သုဉ်းသွားတဲ့အခါ လူတစ်ယောက် ချစ်မိရင် ဘယ်လောက်ထိချစ်သွားလဲ ဘယ်လောက်ထိပေးဆပ်လဲ အသက်ကိုတောင်ပဓာနမထားပဲ ဖြစ်သွားခဲ့တဲ့ အဖြစ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဇတ်အိမ်ကောင်းကောင်း ဆက်တင်လှလှလေးတွေနဲ့ ဆင်ဆာမဖြတ်ပဲ ပြန်လည်ပုံဖေါ်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် သရုပ်ဆောင်ချက်တွေ အကြည့်တွေ အရီ အပြောတွေက ပိုင်နိုင်လွန်းလှပါတယ် ဂျပန် Adult ကားလေးတစ်ကားဖြစ်ပြီး အခုထိ ကြည့်ဖူးသူတွေ ရင်ထဲမှာ တသသ ဖြစ်နေတာ Review တွေလိုက်ရှာဖတ်ရင် သိနိုင်ပါတယ် ခရမ်းသီးပုပ်လဲ ၈၅ ရထားပါတယ်ဆာဒါက အိမ်ထောင်သည် တစ်ယောက်ပါ တစ်ချိန်က Date Girl လဲဖြစ်ခဲ့ဖူးပါတယ် စီးပွါးရေးပျက်ပြီးနောက် စားသောက်ဆိုင်လေး တစ်ခုမှာ အလုပ်ဝင်လုပ်ပါတယ် သူမရဲ့အကြည့်တွေက စူးရဲလှပြီး ကျားရဲတစ်ကောင်လို ရဲရင့်နေပါတယ် အဲဒါကို ပိုင်ရှင် အိမ်ထောင်သည် သူဌေးက သတိထားမိလိုက်ပါတယ် သူမရဲ့ ငယ်ရွယ်နုပျိုမှုကိုလည်း သတိထားမိလိုက်ပါတယ်တစ်နေ့မှာတော့ ပိုင်ရှင် ဖန်ဆင်းထားတဲ့ ညွတ်ကွင်းထဲ ဆာဒါ ငြိတွယ်မိ သွားပါတယ် အဲအချိန်မှစပြီးတော့ ဆာဒါရဲ့ တိမ်မြုပ်နေတဲ့ သဘာဝတရားတွေ ဝုန်းကခဲ ထကြွသောင်းကြမ်းပါတော့တယ် လူရှေ့မရှောင်သူရှေ့မရှောင် ဖြစ်ချင်သလိုဖြစ်နေကြတော့တာပါပဲ သူမရဲ့ တောင့်တမှုတွေ ရန်လိုမှုတွေ မနာလိုမှုတွေ က သူ့မရဲ့အကြည့်တွေမှာ အရမ်းအသက်ပါလွန်းလှတယ် ဖြစ်ရပ်မှန်လည်းဖြစ် ဆင်ဆာဖြတ်မထားပဲ ကွက်ကွက်ကွင်းကွင်း ဖေါ်ပြချက်တွေများလှတာကြောင့် DS fans တွေအတွက် တင်ဆက်လိုက်ပါတယ် File ...
movie
(21+)In the Realm of the Senses (1976)
1976
7.5
The Omen (1976)
The Omen (1976)~ IMDb - 7.5/10, RT - 86%, Meta - 62% ~တစ်ချို့ရုပ်ရှင်တွေက ကျိန်စာသင့်နေတတ်ကြတာ အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ The Omen ဟာ အဲဒီကျိန်စာသင့်ရုပ်ရှင်တွေထဲမှာမှ အဆိုးဆုံးကျိန်စာသင့်နေတဲ့ ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါ။ အိုမန်ရိုက်ကွင်းမှာ သေတာတွေရော ဒဏ်ရာရတာတွေရော မိုးကြိုးပစ်တာတွေပါ အစုံဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကိုလုပ်တဲ့သူက အဖွဲ့သားတွေကို ဒီရုပ်ရှင်ရိုက်တာကို စေတန်ကြိုက်မှာမဟုတ်ဘူးလို့တောင် ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းမှာ စေတန်ကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။သူရိုက်ထားတဲ့အကြောင်းအရာကလည်း ခရစ်တော်ရဲ့ ဆန့်ကျင်ဘက် Antichrist ဖြစ်တဲ့ ယေဝါဖန်ဆင်းတဲ့ နိုင်ငံတော်ကို အရင်းကဖြိုဖို့ စေတန်က လူ့အသွင်နဲ့ လူ့လောကထဲ အကြံကြီးကြံဖို့ လွှတ်ထားတဲ့ ဒေမီယံဆိုတဲ့ စေတန်ရဲ့သားတော် လူ့လောကထဲရောက်လာတဲ့အကြောင်းပါ။ ဒေမီယံဟာ လူ့လောကထဲကကို သွန်းဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားကို သတ်ပြီး ...
movie
The Omen (1976)
1976
6.3
The New Shaolin Boxers (1976)
ကဲကဲ လာပါပြီ မိတ်ကပ်တွေလိမ်းပြီးလေပေါ်ပျံပြနေတဲ့ ခုခေတ်ရှောင်ကောကောတွေကိုငြီးငွေ့နေသူများအတွက် 1976တုန်းကရှောင်လင်သိုင်းကားတကားတင်ဆက်ပေးလိုက်ပါတယ် (တကယ်လိုက်ကျင့်လို့ရတယ်နော် လေပေါ်လုံးဝမပျံပြထားဘူး) ဇာတ်လမ်းအကျဥ်း - ကျုံးကျန်းဟာ မဟုတ်မခံအမှန်တရားကိုမြတ်နိုးပြီး သူ့ရှေ့မှာမတရားမှုတွေ့လာတိုင်းဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ့်ထမင်းကိုယ်စားပြီး ဝင်ရောက်ကူညီတတ်တဲ့သူငယ်ပါ။ ဒါပေမယ့် ခေတ်ရေစီးကြောင်းအရအဲ့ခေတ်ကလူတွေဟာ အေးအေးဆေးဆေးနားအေးပါးအေးနေရတာကို အတော်သဘောကျသူများဖြစ်ပါတယ်။ ဒါနဲ့ပဲသူနေထိုင်ရာနယ်မြို့လေးကလူတွေအကုန်လုံးက သူ့ကိုမုန်းတီးရွံရှာနေခဲ့ပါတယ် ။ အကြောင်းကတော့ သူကငြိမ်ငြိမ်မနေပဲ မတရားတာမြင်တိုင်းဝင်ပါနေလို့ပါတဲ့ ။ ဒီလိုနဲ့ မြို့ခံစီးပွားရေးသမားတွေကလည်းမုန်း လူမိုက်ဂိုဏ်းကလည်းမျက်စိစပါးမွှေးစူးလာတဲ့အတွက် သူသင်နေတဲ့သိုင်းသင်တန်းကျောင်းကပါ အထုတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်သနားဂရုဏာသက်မိတဲ့ဆရာက တောတွင်းကိုသွားရောက်တိမ်းရှောင်နေပြီးအဲ့တော့ထဲမှ ာသီတင်းသုံးနေတဲ့ဆရာတော်ကြီးဆီကရှောင်လင်သိုင်းရဲ့ အနှစ်ချုပ်ဖြစ်တဲ့ ချိုက်လိဖော်သိုင်းကိုသင်ယူဖို့လမ်းညွှန်ပြပေးခဲ့ပါတယ်။ တောထဲမှာ နေနေရင်းက အိမ်ပြန်လာတဲ့အခါ သူ့ဆရာကိုသတ်သွားတဲ့သတင်းကြားလိုက်ရတဲ့အတွက် လက်စားချေဖို့သူဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ သူညီမလေးလိုချစ်ရတဲ့ ကောင်မလေးကိုသူ့ရည်းစားကလူမိုက်တွေနဲ့ပေါင်းပြီး ဘဝကိုဖျက်ဆီးဖို့ကြံလာတဲ့အခါ ကျုံးကျန်းဟာ သူ့ရဲ့ဗီဇအတိုင်းဘယ်လိုတွေဝင်ရောက်လှုပ်ရှားမယ်ဆိုတာ ကြည့်လို့ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။ File Size - 1 gb Quality - bluray 1080p Subtitle - burmese Translator - Nay Chii Encoder - Thit San Khant
movie
The New Shaolin Boxers (1976)
1976
8.3
Taxi Driver (1976)
Taxi Driver (1976) IMDb 8.3/10______Rotten Tomatoes 96% Nominated for 4 Oscars. Another 21 wins & 15 nominations" စကားပြောမလို့လား ""အင်း , ကျွန်တော်တစ်ယောက်တည်းပါပဲဗျာ "______________________ဒီစကားလုံးလေးနှစ်ခုဟာ လျှာဖျားကလေးလှုပ်ပြီး ဖတ်လိုက်ကြားလိုက်ရချိန်မှာ ဘာမှမဟုတ်သယောင်ထင်ရပေမယ့် ယခု ဇာတ်ကားတစ်ခုလုံးအတွက်တော့ အရေးကြီးဆုံး စကားလုံးနှစ်ခု ဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ကတော့ ဘယ်တော့မှ မေ့ပျောက်နေမှာမဟုတ်တော့ဘဲ တသသ ဖြစ်ကျန်ခဲ့ရတဲ့ တက္ကစီ ဒရိုင်ဘာလေး ထရာဘစ်စ်ရဲ့ စကားလုံး နှစ်ခုဖြစ်ပါတယ်လို့ပဲ ဆိုရပါ့မယ်။ပြောရရင် တက္ကစီဒရိုင်ဘာလေးရဲ့ ဘဝအနေအထားနဲ့ စိတ်ပဋိသန္ဓေမှာ အမြစ်တည်ကြီးထွားဖို့လိုအပ်နေတဲ့ နွေးထွေးပျော်ရွှင်မှု စိတ်အာဟာရတွေ ပေါ့ပါးစွာခြေဆန့်နိုင်ဖို့။လူလောကအလယ်မှာ အခြားသောလူသားတွေလို အံဝင်ခွင်ကျ ဝင်ဆံ့ချင်လိုမှု တွေကို အသောနှင် ပိုင်ဆိုင်ချင်နေကြောင်းကို ပြည့်ပြည့်ဝဝ ပြဆိုလိုက်တဲ့ စကားနှစ်ခုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ဒါပေမယ့် တက္ကစီဒရိုင်ဘာလေးခမျာမှာတော့ ရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။ယခုရုပ်ရှင်ထဲက ဒရိုင်ဘာလေး ထရာဘစ်စ်ဟာ လိင် ...
movie
Taxi Driver (1976)
1976
6.8
Midway (1976)
unicodeဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Old but Gold ဆိုတဲ့အတိုင်း1976 က စစ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်နဲ့ ဂျပန် ရဲ့ပစိဖိတ်တိုက်ပွဲတွေထဲက တစ်ခုဖြစ်တဲ့Midway တိုက်ပွဲအကြောင်းရိုက်ကူးထားတာပါ။ဒီတိုက်ပွဲကတော့ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုအပြီးခြောက်လအကြာမှာ Midway ကျွန်းကိုဂျပန်တွေတိုက်ခိုက်ဖို့ စီစဉ်ရာကနေ စတင်တာပါ။ဒီတိုက်ပွဲမှာ ဂျပန်ရေတပ်က အင်အားသာနေပေမယ့်အမေရိကန်စစ်တပ်ဘက်က တိုက်ခိုက်မယ့်နေရာအချိန်တွေကို ကြားဖြတ်နားထောင်ရင်း သိရှိလိုက်ရပါတယ်။ဒါပေမယ့် ဂျပန်တွေက အာရုံပြောင်းချင်လို့ တမင်သတင်းပေးတာလား?တကယ်ပဲ သူတို့ရဲ့ရည်ရွယ်ရင်း အမှန်လား?ဆိုတာသေသေချာချာမသိရတဲ့ အခြေအနေတစ်ခုမှာအမေရိကန်က ဘယ်လိုဆက်လက်စီစဉ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ဒီတိုက်ပွဲဟာ အမေရိကန်နဲ့ ဂျပန်တို့အကြား အဆုံးအဖြတ်ပေးလိုက်တဲ့တိုက်ပွဲလို့တောင်ဆိုကြပါတယ်။လတ်တလော 2019 version ဇာတ်လမ်းလဲထွက်နေပြီမလို့အခု1976က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းကို အရင်တင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 6.8/10 Rotten Tomatoes 47% ရရှိထားတဲ့ ဒီကားလေးနာမည်ကတော့ Midway(1976)ပါ။File Size : ( 1 GB , 442 MB )Quality : BluRay ...
movie
Midway (1976)
1976
8.3
Taxi Driver(1976)
Taxi Driver(1976) IMDb...8.3,,,,,Rotten.....98% ဒီကားရဲ့ Rating တွေကတော့ မြင်တဲ့အတိုင်းပါပဲ....သူတို့ဆီမှာလည်း ကျွန်တော့်တို့မြန်မာကားတွေလိုပဲထင်တယ်...ကားသစ်တွေက အရင်လို သိပ်အားစရာ မကောင်းဘူး...ကျွန်တော်ပဲ စိတ်ထင်နေလို့ပဲလား..မသိ...ဒီကားက တော့ ကျွန်တော်တို့မမွေးခင်ကထဲက ထွက်ရှိခဲ့ပါတယ်..သို့ပေမယ့်လည်းပေါ့လေ... မရိန်းစစ်ထွက်တစ်ဦးဖြစ်သူ ထရာဗစ်တစ်ယောက် ညဘက်တက်စီဒရိုင်ဘာ အလုပ်ကိုလုပ်နေတယ်....သူဟာ ညဘက်လည်းအိပ်မပျော်တတ်တဲ့သူဆိုတော့ ညလုံးပေါက်ကားမောင်းနေတယ်...နေရာစုံကိုရောက်သလို လူအမျိုးမျိုးကိုလည်းသူတွေ့နေရတယ်. မြို့ပြရဲ့စိတ်ပျက်စရာလူတွေနဲ့ အခြေအနေဆိုးတွေ သူမတွေ့ချင်ဘဲတွေ့နေရတယ်...သူ့အလုပ်က ကားမောင်းတယ်..သူသိပ်သဘောကျတဲ့ ကောင်မလေးတစ်ယောက်ကို သွားငေးတယ်.....ဒီလိုနဲ့ နေ့စဉ်ဖြတ်သန်းပြီးနောက်မှာ ဒီစိတ်ပျက်စရာတွေကို အတတ်နိုင်ဆုံးပြုပြင်ဖို့ သူဆုံးဖြတ်လိုက်တယ်....ကဲသူဘာတွေဆက်လုပ်မလဲ... ကိုင်း ကားဟောင်းအလန်းတွေ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျ...ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး Robert De Niro ကြီးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Zuel Khant Thwin ပဲဖြစ်ပါတယ်.... File Size : (1GB) and (347 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae
movie
Taxi Driver(1976)
1976
4.4
Seven Women For Satan 1976
အေးဆေးတဲ့ စိတ်သဘောထားရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် ဇာရော့ဟာ ပိတ်ရက်တစ်ခုမှာ သူပိုင်တဲ့ ရဲတိုက်ဟောင်းကြီးတစ်ခုဆီကို အလည်အပတ် ထွက်လာခဲ့တယ်။ သူကိုယ်တိုင်က ငြိမ်းချမ်းစွာနေထိုင်တတ်ပေမယ့် သူ့မိသားစု မျိုးရိုးစဉ်ဆက်လိုက် ရက်စက်တဲ့ စိတ္တဇ လူသတ်သမားတွေဖြစ်ပြီး သူ့ကိုယ်ထဲမှာလည်း အဲဒီဗီဇတွေက ကိန်းအောင်းနေတာပါပဲ။ သူ့တို့မိသားစုရဲ့ အိမ်တော်ထိန်းတွေကလည်း အဲဒီအစဉ်အလာကို စောင့်ထိန်းခဲ့တာဖြစ်ပြီး ဇာရော့ကိုလည်း သူ့ရဲ့ ရက်စက်တဲ့ ဗီဇတွေနိုးထလာစေဖို့ ကြိုးစားပါတော့တယ်။ အဲဒါအတွက် တစ်ခုတည်းသောအတားအဆီးကတော့ သေဆုံးသွားပြီးဖြစ်တဲ့ ဇာရော့ စိတ်ထဲက ချစ်သူ အန်နာရဲ့ ပုံရိပ်ပါ....ကျန်တာတွေကိုတော့ ဆက်ကြည့်လိုက်တာ ကောင်းပါတယ်.....ရက်စက်သော ပြကွက်အချို့နဲ့ လိင်အသားပေးခန်းများ ပါဝင်တာမို့ 18+ သတ်မှတ်ထားပါတယ်။ မိသားစုနဲ့အတူကြည့်ရန် မသင့်တော်ပါ။ Flie Size : 500 / 300 Mb Duration : 1 hr 22 min Quality : Dvd ...
movie
Seven Women For Satan 1976
1976
5.8
King Kong (1976)
တိရိစ္ဆာန်တစ်ကောင်မှာလည်း အသည်းနဲ့ဆိုရင်ယုံပါသလား... သံယောဇဉ်တကယ်ဖြစ်လာပြီဆိုရင် ဘယ်အရာကိုမဆိုရင်ဆိုင်လာတတ်ကြပါတယ်... အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ငိုတတ်တဲ့သူတွေအဖို့ မျက်ရည်ကျလောက်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ၁၉၇၆ ခုနှစ်တွင် ရိုက်ကူးထားတဲ့ ကင်းကောင်ဇာတ်လမ်းဖြစ်ပါတယ်။ ရေနံစီးပွားရေးကုမ္ပဏီတစ်ခုမှ မြူကမ်းပါးများဖြင့် ထာဝရ ပိတ်ဖုံးနေသည့် ကျွန်းတစ်ကျွန်းအား သတိပြုမိကာ ၎င်းကျွန်းမှ ထွက်ရှိသည့် ရေနံများအား သွားရောက်ယူဆောင်ကြခြင်းဖြစ်ပါတယ်။ ၎င်းနောက်မှ ထိုကျွန်းပေါ်တွင် လူရိုင်းမျိုးနွယ်စုများနေထိုင်သည်ကို တွေ့ရှိရပြီး ၎င်းလူရိုင်းအဖွဲ့မှ သင်္ဘောပေါ်ရှိ အမျိုးသမီးငယ်အား ဖမ်းဆီးခေါ်ဆောင်ကာ ၎င်းတို့ကိုးကွယ်သည့် ကင်းကောင်ကြီးနှင့် လက်ဆက်ပေးခဲ့ပါတယ်။ ထိုမိန်းကလေးအပေါ်ကို ကင်းကောင်ကြီးဟာ သံယောဇဉ်တွယ်မိသွားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း သတ္တ၀ါတစ်ကောင်နဲ့အတူနေရတဲ့ မိန်းကလေးဟာကြောက်လည်းကြောက် လန့်ကလည်းလန့်နဲ့မနေပျော်ခဲ့ပါဘူး... သင်္ဘောပေါ်မှာ အမှုထမ်းများ ၎င်းအမျိုးသမီးငယ်အား ကင်းကောင်ကြီးလက်မှ ပြန်လည်ကယ်တင်ပေးခဲ့ပြီး ကင်းကောင်ကြီးအားဖမ်ဆီးပြီး မြို့ခေါ်ဆောင်လာကာ ကင်းကောင်နှင့် မြို့တွင် ပွဲပြုလုပ်ရန် စီစဉ်ခဲ့ပါတယ်။ ၎င်းပွဲနေ့တွင် သူချစ်ရတဲ့မိန်းကလေးကို လူများကထိခိုက်အောင်လုပ်နေသည်ကိုမြင်သောအခါ ကင်းကောင်ကြီးမှ အချုပ်အနှောင်များအား ရုန်းထွက်ခဲ့ကာ မြို့ပေါ်တွင် သောင်းကျန်းတိုက်ခိုက်မှုများ၊ မြို့ရှိ စစ်အဖွဲ့မှ ၎င်းအား ပြန်လည် တိုက်ခိုက်ချေမှုန်းခြင်းများအား ကြည့်ရှုရမည့် ကင်းကောင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါသည်။Quality…..BluRay 720p Duration…..02:14:00 Format…Mp4 File Size…(963 MB ...
movie
King Kong (1976)
1976