Channel Myanmar

1959

Hiroshima Mon Amour (1959) 7.8
Hiroshima Mon Amour (1959)  Hiroshima Mon Amour (1959)~ IMDb - 7.8/10, Rotten Tomatoes - 96% ~Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ ‌အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ...
movie

Hiroshima Mon Amour (1959)

1959
The 400 Blows (1959) 8.1
The 400 Blows (1959) The 400 Blows (1959)~ IMDb - 8.1/10, Rotten Tomatoes - 99% ~ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။François Truffaut ကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ...
movie

The 400 Blows (1959)

1959
Sleeping Beauty (1959) 7.3
Sleeping Beauty (1959) အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ယနေ့ထက်ထိတိုင်အောင်မြင်မှု့တွေရရှိနေတဲ့Animation ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....ဒီကားလေးနဲ့အတူစင်ဒရဲလား..စနိုးဝှိုက်နဲ့ တခြားသောDisney မင်းသမီးလေးကားများစွာလည်းထွက်ပေါ်လာခဲ့ပါတယ်...ဒီကားလေးဟာလူငယ်တွေများရေပန်းစားခဲ့ပြီး ယုံတမ်းပုံပြင်နဲ့အိပ်ရာဝင်ပုံပြင်အဖြစ်လည်း ဒီနေ့ထိတိုင်ကလေးငယ်တွေကြားရေပန်းစားခဲ့ပါတယ်...အားလုံးသိကြတဲ့အတိုင်းပဲ အိပ်ပျော်နေတဲ့မင်းသမီးလေးကိုတကယ့်ဖူးစာရှင်တစ်ဦးတည်းကသာနမ်းမှသာ ကျိန်စာတွေပျယ်သွားမှာပဲဖြစ်ပါတယ်...Disney ရဲ့ တင်ဆက်ခဲ့သမျှ Animation ကားတွေထဲက ကားကောင်းတစ်ကားအဖြစ်ပါဝင်နေပြီးတော့ရောင်းအားအကောင်းကားနဲ့စာအုပ်တွေအဖြစ်ပါထွက်ရှိခဲ့ပါတယ်...ကျွန်တော်တို့ငယ်ငယ်လေးတည်းက အရမ်းကိုနှစ်သက်ခဲ့ရတဲ့ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး..ဒါကြောင့် အိပ်ရာဝင်ပုံပြင်အဖြစ်ကော ယခုခေတ်ကလေးငယ်လေးတွေပါကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်...Quality…..BluRay 1080p DTS5.1Ch and 720p Duration…..01:15:00 Format…Mp4 File Size…1.21GB and 740MB Encoder…..Moe Myint Lwin  and YK   
movie

Sleeping Beauty (1959)

1959
Some Like It Hot (1959) 8.2
Some Like It Hot (1959) Some Like It Hot (1959) IMDb - 8.2/10_____Rotten - 95% Won 1 Oscar. Another 14 wins & 15 nominations.   တစ်ချို့ကတော့ လန်းလန်းလေးကြိုက်တယ် တစ်ချို့ကတော့ရိုးရိုးလေးကြိုက်တယ်တဲ့။ ရိုးရိုးလေးရော လန်းလန်းလေးတွေရောရတဲ့မာရီလင်မွန်ရိုးရဲ့ Some Like It Hot ကတော့ အချစ်ဟာသဇာတ်မြူးလေးပါ...IMDB Rating(8.2) ထိရရှိထားပြီး Rotten Tomatoes မှာလဲ 95% ထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ။ ရွှေကမ္ဘာလုံးဆုသုံးဆု၊ အကယ်ဒမီတစ်ဆု၊ အခြားဆုသုံးဆုရရှိထားပါတယ်။ဇာတ်လမ်းကတော့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ လူသတ်မှုမှာမျက်မြင်သက်သေဖြစ်သွားတဲ့ Joe နဲ့ Jerry တို့ ချီကာဂိုကနေ မိန်းကလေးတီးဝိုင်းတစ်ခုမှာ မိန်းမဟန်ဆောင်ပြီးထွက်ပြေးရင်း အတိတ်ဆိုးတွေကနေထွက်ပြေးလာတဲ့ Suger နဲ့တွေ့တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမယ်...Suger ကို မြင်မြင်ချင်း ချစ်မိသွားတဲ့ Joe ကရော Suger ရဲ့အချစ်ကိုဘယ်လိုရအောင်ကြိုးစားတယ်ဆိုတာကို ဟာသဆန်ဆန်တင်ဆက်ပြသပေးထားပါတယ်။ Jerry တစ်ယောက်ကတော့ သူငယ်ချင်း ...
movie

Some Like It Hot (1959)

1959
Ben-Hur (1959) 1080p BluRay 8.1
Ben-Hur (1959) 1080p BluRay IMDb (8.1)...Rotten Tomatoes (86%) Ben HurBen Hur ရုပ်ရှင်ကားနာမည်ကို ကြားလိုက်ရုံဖြင့် ရုပ်ရှင်ဝါသနာအိုးတိုင်း ယင်းခေါင်းစီး၏ အရှိန်သြဇာကို သိရှိပြီးဖြစ်ပါမည်။ဟောလိဝုဒ်ရုပ်ရှင်၏ ခမ်းနားထည်ဝါမှု ကို အရောင်မြှင့်တင်စေခဲ့သည့် ရုပ်ရှင်။1959ခုနှစ်ကစ၍ ဆယ်ငါးနှစ်နီးပါးမျှ နိုင်ငံအနှံ့အပြားက ရုပ်ရှင်ရုံတွေမှာ ပြန်လည်ပြသတိုင်း အမြဲအောင်ပွဲခံနိုင်ခဲ့သည့်ရုပ်ရှင်။Gone with the Windရုပ်ရှင်ပြီးသည်နောက်မှာ ဒုတိယအကြိမ် ရုပ်ရှင်လောကကြားတွင် ခမ်းခမ်းနားနားဖြင့် အောင်ပွဲခံနိုင်ခဲ့သော ရုပ်ရှင်ကားဖြစ်ခဲ့သလို အော်စကာဆုအများဆုံးရရှိခဲ့တဲ့ မှတ်တမ်းတွေမှာလည်း ယခုရုပ်ရှင်နှင့် Gone with the Wind|Titanicရုပ်ရှင်နှင့် The Lord Of The Ring ရုပ်ရှင်တို့သာ ယခုထက်တိုင် အော်စကာသမိုင်းမှာ စံချိန်တင် ရေးထိုးထားဆဲဖြစ်ပါသည်။ယခုရုပ်ရှင်အတွက် သုံးစွဲထားသည့် အသုံးစရိတ်တွေကလည်း အဲဒီခေတ်ကာလတွင် အကုန်အကျ အများဆုံးဟု ပြောလို့ရနိုင်သည်။ဒေါ်လာ ဆယ့်ငါးသန်းကျော်ကုန်ကျသည်။ယခုခေတ်ကာလလို CGI နည်းပညာတွေမထွန်းကားသေးသော ခေတ်ကာလမို့ ဆက်တင်အစစ်တွေကို တည်ဆောက်ခဲ့ရသည်။ပညာရှင်ပေါင်းများစွာနှင့်အခြားသောဇာတ်ဝင်ခန်းများအတွက် ကုလားအုတ်တွေ။မြင်းတွေကိုလည်း ရာပေါင်းများစွာအသုံးပြု ...
movie

Ben-Hur (1959) 1080p BluRay

1959