Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
1955
7.8
East of Eden (1955)
East of Eden (1955)~ IMDb - 7.8/10, Rotten Tomatoes - 86% ~ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ဒုတိယအနေနဲ့ ...
movie
East of Eden (1955)
1955
7.1
The Seven Year Itch (1955)
The Seven Year Itch (1955)IMDb - 7.1/10_____Rotten 87% ကျွန်တော် Marilyn Monroe ကိုမရင်းနှီးပါဘူး...ကြားဖူးရုံကလွဲလို့ပေါ့..ဒါပေမယ့်... ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့ အချိန်မှာတော့... ကွယ်လွန်ခဲ့တာ ဆယ်စုနှစ်ငါးခု ကျော်တာတောင်မှ ၂ဝ ရာစုရဲ့အထင်ရှားဆုံး သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ် အဖြစ်သူမကို စိတ်ဝင်စားကြတဲ့ အဟုန်လျော့မသွားရတဲ့ အကြောင်းအရင်းကိုသိရပါတော့တယ်... သူမကို သရုပ်ဆောင်တစ်ယောက်ဆိုတာထက် ပါရမီရှင်တစ်ဦးအဖြစ် ပိုမြင်ကြတာ အဆန်း တော့မဟုတ်ပါဘူး........ သူမဟာ တကယ့်ကို သရုပ်ဆောင်တစ်ဦးဖြစ်ဖို့မွေးဖွားလာသလားလို့ထင်ရလောက်အောင်သရုပ်ဆောင်ရာမှာ ဆွဲဆောင်အားကောင်းလှပါတယ်...ပရိသတ်တွေ ရူးရူးမူးမူးကြိုက်ခဲ့ကြတာ မလွန်ပါဘူး.... တခြားအလှပဂေးမင်းသမီးတွေနဲ့အတူ သရုပ်ဆောင်တဲ့အခါတွေမှာလည်း အလှတွေ တူနေရင်တောင် သူမရဲ့စန်းကပဲ သူမကို ပိုထင်ပေါ် စေခဲ့ပါတယ်... သူမ ဝတ်လေ့ရှိ တဲ့ မလုံ့တလုံ၊ ခပ်ပါးပါး ဒီဇိုင်းတွေဟာ ပုံမှန်အား ဖြင့် ဆင်ဆာက ခွင့်ပြုလေ့ မရှိတတ်တာမျိုးတွေပါ။ ဒါပေမဲ့ ဆင်ဆာအဖွဲ့ ကတောင် ခေါင်းညိတ် ရလောက်အောင် မွန်ရိုးက အစွမ်းထက်ခဲ့ပါတယ်။ ဒါကြောင့်လဲ သူ့ဖက်ရှင်တွေက ခုထိကို မရိုးနိုင် ...
movie
The Seven Year Itch (1955)
1955