Red (2021)

Synopsis:
RED 2021
မြန်မာစာတန်းထိုး
ဒီမင်းသားကတော့ တေလဂူးပရိသတ်တွေရင်းနှီးပြီးသား ဖြစ်မှာပါ။
iSmartShankar တို့၊ Hello Guru Prema Kosameတို့ရဲ့ မင်းသား
Ram Pothineniပါပဲ။
လောကမှာ အရှုပ်ထွေးဆုံးက လူ့လောက ဖြစ်ပါတယ်။
လူတစ်ယောက် နှစ်ယောက်ကနေ
အစုအဖွဲ့ ဖြစ်လာတော့
လူ့ အဖွဲ့အစည်းတွေသတ်မှတ်ပြီး
ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ
ချမှတ်တာဟာလည်း ဒီလူသားတွေပါပဲ။
ဘယ်လိုပဲ ဥပဒေတွေ
စည်းတွေဘောင်တွေ ချမှတ်ပေမယ့်
ကယ်ပေါက်(ဟာကွက်)တွေကလည်း
ရှိနေစမြဲပါပဲ။
ဇာတ်လမ်းအကျဉ်းက. . .
အာကတ်ရ်ှဆိုတဲ့ လူတစ်ယောက်
သူနေထိုင်ရာ တိုက်ခန်းမှာ အသတ်ခံရတယ်။
ရဲတွေ ပြာပန်းခတ် လှုပ်ရှားပြီး
အမှုမှန်ပေါ်အောင် စုံစမ်းနေစဉ်မှာ
ဆိဒါ့သ်ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်ကို ဖမ်းလိုက်ပါတယ်။
ရဲတွေရဲ့ ဆက်စပ် စုံစမ်းမှုအရ
လူသတ်သမားရဲ့ နေအိမ်တိုက်ခန်းအပြင်မှာ
အခင်းဖြစ်ပွားတဲ့ ညတုန်းက လူတစ်ယောက်ရပ်နေတာကို
အမှတ်မထင်ဘဲ ရိုက်မိခဲ့တဲ့ ပုံတစ်ပုံရရှိခဲ့ကြပါတယ်။
ဒီတော့
အာကတ်ရ်ှကို သတ်သွားတာ
သူပဲလို့ ကောက်ချက်ချလိုက်ပါတယ်။
ဘယ်လိုပဲ စစ်မေး စစ်မေး အမှုမှန် မပေါ်သလို
ဆယ်လ်ဖီပုံတစ်ခုသာ သက်သေအဖြစ် ရှိတာမို့
ရဲတွေ ခေါင်းချင်းဆိုင် ဆွေးနွေး အကြံထုတ်ရပြီ။
ဒီလိုနဲ့ မကြာမီမှာပဲ ရဲအရာရှိတွေ အကြပ်ရိုက်စေမယ့်
အရာတစ်ခုကို ထပ်မံသိလိုက်ရပါတော့တယ်။
ဇာတ်လမ်းကျောရိုးက အဲ့လောက်ပဲ ဆိုပေမယ့် အရှေ့ပိုင်းမှာ ပြသွားတဲ့ အခန်းတွေ
ကြားမှာ ဖြတ်ပြတဲ့ အခန်းတွေဟာ
လူသတ်သမား ဘယ်သူလဲဆိုတာကို
ကိုယ်တိုင် လိုက်ပါ စဉ်းစားကြည့်စေဖို့
တွန်းအား ဖြစ်လာစေတယ်။
ကိုယ့်စိတ်ထဲမှာ မတင်မကျဖြစ်ပြီး
တရားခံက ဘယ်သူပါလို့ ကောက်ချက်ဆွဲလိုက်တာနဲ့ တက်တက်စင် လွဲအောင်
ဒါရိုက်တာဟာ အနုပညာစွမ်းပကား ကြီးလွန်းတယ်။
တရားခံ ဘယ်သူလဲဆိုတာကို
ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြရအောင်ဗျာ။
Translated by : Myint Thu And Nyi Koe
Encoded by : YK
File Size : 2Gb and 1Gb
Quality : 1080p WERB DL and 720p
Duration : 2h 26min
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။