Real Love (2023)


Synopsis:
ကန်ဒရာဟာ ဘဝမှာစာမှစာကြိုးစားလာခဲ့ပြီး စကောလားရှစ်နဲ့ ကောလိပ်ကိုရောက်လာခဲ့တဲ့ စာကြိုးစားတဲ့ကျောင်းသူလေးတစ်ယောက်ပါ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သေချာသိတဲ့ကန်ဒရာ့အတွက် သူ့ပန်းတိုင်ကိုရောက်ဖို့ဟာ သူ့ရဲ့ပထမဦးစားပေးပါပဲ။ တဘက်မှာ ဘန်ဂျမင်ကတော့ တစ်သက်လုံး မိဘတွေကြိုးဆွဲရာကလာခဲ့တဲ့ mamaboy လေးတစ်ယောက်ပါ။ သူ့ရဲ့အသုံးစရိတ်၊ ကျူရှင်လခတွေကအစ မိဘတွအပေါ်မှာပဲ တသက်လုံးမှီခိုလာခဲ့တဲ့ဘန်က သူဘာဖြစ်ချင်လဲဆိုတာလည်း သေချာမသိသလို မိဘတွေဖောက်ပေးတဲ့လမ်းကိုပဲလျှောက်ဖို့ လွယ်လွယ်တွေးထားခဲ့ပါတယ်။
ဒီလိုမျိုး အစစအရာရာမတူညီတဲ့လူနှစ်ယောက်ကြားမှာ အချစ်တစ်ခုပေါက်ဖွားလာတဲ့အခါမှာတော့ သူတို့ရဲ့အချစ်နဲ့ အရာရာကိုညှိယူဖို့ ဘယ်လိုကြိုးစားကြမလဲ။ ရည်မှန်းချက်ကြီးမားတဲ့ကန်ဒရာကရော အချစ်နဲ့ရည်မှန်းချက်ကြားမှာ ဘယ်အရာကိုရွေးချယ်မလဲ။ သူချစ်တဲ့ဘန် ကိုပြောင်းလဲပေးဖို့ရော ဘယ်လိုကြိုးစားမလဲ။ ဒီဇာတ်ကားလေးကို ပုံမှန်ဆယ်ကျော်သက် အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ တွေးထားခဲ့ပေမဲ့ တကယ်တမ်းကြည့်ကြည့်တဲ့အခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီး လှပတဲ့အချစ်ပုံပြင်လေးတစ်ပုဒ်ပါ။ ဒီ (၂၀၂၃) ကမှ ထွက်ရှိထားတာဖြစ်ပြီး IMDB rating 7.4 အထိရရှိထားတာမို့ Romantic Drama movie တစ်ကားအနေနဲ့ rating မြင့်ပြီး ကြည့်လို့ကောင်းမဲ့ ဇာတ်ကားတစ်ကားပါပဲ။
ဒီကားလေး ကြည့်ပြီးရင်တော့ သူ့ရဲ့ sequel လေးဖြစ်တဲ့ Strength Of A Woman လေးပါ ဆက်ကြည့်လိုက်ပါ ဘဝရဲ့ အမောတွေကို တိုက်ခိုက် အနိုင်လိုယူစိတ်လေးဖြစ်လာမှာပါ
File size…(1.3 GB)/(700 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:27:00
Genre…Drama, Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Mariposa
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။