Rathnam 2024 (ပတ္တမြားမှန် နွံမနစ် )
*******************************
မူရင်းအသံ Tamilဗားရှင်းပြန်လည် UPDATEပေးထားပါပြီ
ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက်
တမီးလ်ဘာသာစကားပြော အက်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
IMDb rating အနေနဲ့ကတော့ 8.4 အထိတောင် ရရှိထားလို
အတော်လေး ကြည့်လို့ကောင်းမှာကတော့ အသေအချာပါပဲ။
ဒီဇာတ်ကားကို ဒါရိုက်တာ Hari ကနေ ရိုက်ကူးထားပြီးတော့
2023 ခုနှစ်က ထွက်ရှိထားတဲ့ Mark Antony ဇာတ်ကားမှ
မင်းသားချော Vishal မှလည်း ခေါင်းဆောင်မင်းသားအဖြစ်
ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အားလုံးရဲ့ အချစ်တော် ဟာသသရုပ်ဆောင်
Yogi Babu ကလည်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
ဇာတ်ကားအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့
ရာသ်နမ်ဆိုတဲ့ လူဟာ MLA ပါနီးရ်ဆယ်လ်ဗမ်ရဲ့ လက်အောက်မှာ
လက်မရွံနောက်လိုက်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရင်း
ဇာတ်ကားရဲ့ အစမှာတော့ အန်ဒရာ-တမီးလ်နာဒူနယ်စပ်မှာ
အကြီးစားဓားပြတိုက်မှုတစ်ခုနဲ့ စတင်ခဲ့ပါတယ်။
နာမည်ကြီး မင်းသမီးချော Priya Bhavani Shankar သရုပ်ဆောင်ထားတဲ့
ဇာတ်ကောင်မိန်းကလေးမာလီဂါဟာ အင်တာဗျူးဖြေဖို့
ဗဲလ်လောရ်ကို လာတဲ့အချိန်မှာတော့ ရာသ်နမ်နဲ့ တွေ့ဆုံခဲ့ပြီး
နောက်ပိုင်းမှာတော့ ဒီမိန်းကလေးရဲ့ မိသားစုပိုင်ဆိုင်တဲ့မြေယာ ကိစ္စနဲ့ပတ်သက်တဲ့
အငြင်းပွားစရာတွေ ဖြစ်လာသလို သူမဟာလည်း
အန်ဒရာအခြေစိုက်ကြေးစားဂိုဏ်တစ်ခုရဲ့ ပစ်မှတ်ဖြစ်လာပါတော့တယ်။
အဲဒါကြောင့် သူမကို သတ်ပစ်ဖို့ ကြိုးစားကြတဲ့အချိန်မှာ ရာသ်နမ်က
ဝင်ကယ်ရင်း ရာသ်နမ်တစ်ယောက် မာလီဂါရဲ့ သက်တော်စောင့်
သဘောမျိုးဖြစ်လာသလို ကိစ္စမျိုးစုံကြုံတွေ့ရင်း ဇာတ်လမ်း
ဇာတ်ကွက်တွေ ရှုပ်ထွေးလာတာကို တွေ့မြင်ရမှာပါ။
တကယ်ပဲ ရာသ်နမ်တစ်ယောက် မာလီဂါကို ကြာကြာကာကွယ်နိုင်ပါ့မလား
ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။
( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ )
File size…3.13GB / 1.61GB
Quality…WEB-DL 1080p / 720p
Format…mp4
Duration….2h 35m
Genre ….. Action
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by CM Bollywood Team
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။