Ralph Breaks the Internet (2018)
Ralph Breaks the Internet

Synopsis:
ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့
ဇတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘ၀ကို
ပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ
Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီး
အပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့
ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ၀င်နေတဲ့ အချိန်
Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေ
ဖောက်ခဲ့ပါတယ်…
ဖြစ်ချင်တော့ အဲ့ဒီလို ပရိုဂရမ်ကနေ သွေဖယ်သွားတဲ့ လမ်းကြောင်းကို
အပြင်က ဂိမ်းဆော့သူက လိုက်ပြီး ပြန်ထိန်းချုပ်ရင်း အဲ့ဒီပြိုင်ကား ဂိမ်းစက်ဟာ
ပျက်စီးသွားခဲ့ပါတော့တယ်….
ဆိုင်ရှင်က အပိုပစ္စည်း မှာဖို့ ကြံစဉ်ပေမဲ့ မူလ လက်ဟောင်းဖြစ်တဲ့အတွက်
အပိုပစ္စည်းမရှိသလို အင်မတန်ဈေးကြီးတဲ့အတွက် Vanellope ရဲ့ ပြိုင်ကားဂိမ်းစက်ကို
ချောင်ထိုးထားဖို့ စိတ်ကူးသာ ရရှိသွားပါတော့တယ်…
ဒီလိုနဲ့ ပြိုင်ကား ဂိမ်းထဲ နေထိုင်နေကြတဲ့ သူတွေ အားလုံးဟာ ထွက်ပြေးကြရင်း
ဖြတ်ကူးကြတဲ့ ကြား တစ်နေရာမှာ သောင်တင်ကုန်ကြပါတယ်..
Ralph ကလဲ သူ့ အမှားဖြစ်တာကြောင့်ရယ် Vanellope မပျော်ရင် သူလဲ
မပျော် ဖြစ်တာကြောင့် ပြိုင်ကားဂိမ်းစက် ကို Online ကနေ မှာယူဖို့
ကြံစည်ကြရင်း Ralph နဲ့ Vanellope တို့ အရှုပ်ထုပ် ၂ ယောက်
ဆိုင်ပိုင်ရှင် ရဲ့ နက်ဝေါ့ ထဲကနေ ကြီးမားကျယ်ပြန့်လှတဲ့ Online ပေါ်သို့
ခရီးထွက်ခဲ့ကြသောအခါ….
ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး
သစ်ဆန်းခန့် မှ အညွှန်းရေးပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။