Exit print mode Print Data A+ A- Undo all

Raising Helen (2004)

Her uptown life gets turned inside out!
Raising Helen (2004)Raising Helen (2004)

Synopsis:

442

၂၀၀၀ ခုနှစ်​ကျော်​ကာလတွေမှာ ခေတ်​စားခဲ့တဲ့ အမေရိကန်​ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်​ပေးပါရစေ။ Family/Drama နဲ့ Comedy​ အမျိုး​အစား​ရုပ်ရှင်​ဖြစ်​ပြီး ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Helen Harris က နာမည်ကြီး​ ဖက်​ရှင်အေဂျင်စီတစ်ခုမှာ အလုပ်​လုပ်​တဲ့ ခေတ်​ဆန်​ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့​မှာ သူ့အစ်မအကြီးဆုံး Lindsay တို့​ဇနီး​မောင်နှံ​ ကား​မှောက်​ပြီး ကွယ်​လွန်​သွား​ကြပါတယ်။

Lindsay က သေတမ်းစာ​မှာ သူ့ရဲ့​သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်​အဖြစ်​ အတွေ့အကြုံ​ရှိပြီးသား Jenny လက်​ထဲမအပ်ခဲ့ဘဲ ထူးဆန်း​စွာနဲ့ ညီမ​အငယ်ဆုံး Helen လက်​ထဲအပ်ခဲ့ပါတယ်။ ဒီလို​နဲ့ မိခင်​တစ်​ဦး​ဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေး​သုံး​ဦး​တို့​ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။

ဟာသ​ရုပ်ရှင်​ဆို​ပေမဲ့​ မိသားစု၊ ချစ်​ခြင်း​မေတ္တာ​နဲ့ ကိုယ့်ကိုယ်ကို ပြန်​လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့​ထားတဲ့​ လေးနက်​ကြည်နူးဖွယ် Drama​ အငွေ့အသက်များလည်း ပါဝင်​ပါတယ်။ Lindsay​ က သူ့ကလေးတွေ အုပ်​ထိန်း​ခွင့်​ကို Helen လက်​ထဲ ဘာလို့​ထည့်ပေးခဲ့တာလဲ ဆိုတဲ့အဖြေကိုလည်း ဇာတ်လမ်း​အဆုံး​မှာ တွေ့မြင်​ရမှာဖြစ်ပါတယ်။ ၂၁ ရာစုအစပိုင်းက ဇာတ်ကား​ကောင်းလေးကို တစ်ဖန်ကြည့်ရှုခံစားလိုက်ကြပါဦး။

File size…(2.5 GB)/(1.3 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:49:00
Genre… Drama, Comedy, Romance 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $50 000 000,00
Revenue
USD $49 700 000,00
Popularity
24.321
Status
Released
ID IMDb.com
4599
ID Themoviedb.org
4599
TMDb Rating
6.135
TMDb votes
645