Railway Heroes (2021)


Synopsis:
Railway Heroes (2021)
အခုတင်ဆက်ပေးမှာတော့ Railway Heroes ဆိုတဲ့
ရှန်းတုန်းမီးရထားလမ်းအဖွဲ့သားတွေကိုဂုဏ်ပြုတဲ့အနေတဲ့ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။
တရုတ်-ဂျပန် ဒုတိယစစ်ပွဲအတွင်းအချိန်ပိုင်းကိုရိုက်ကူထားတာဖြစ်ပါတယ်။
ကျင်းဖူးမီးရထားလမ်းကို ၁၉၀၈ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး
ဂျာမဏီနှင့်ဗြိတိန်ကုမ္ပဏီတို့ကပူးတွဲတင်ဒါယူဆောက်လုပ်ခဲ့ပါတယ်။
တရုတ်ပြည်တောင်မြောက်ဆက်သွယ်ထားတဲ့ကုန်သွယ်ရေးပင်မမီးရထားလမ်းဟာ
၁၉၃၈ခုနှစ်မှာ ဂျပန်တွေရဲ့ထိန်းချုပ်မှုအောင်ကိုရောက်သွားပါတယ်။
ဂျပန်တွေရဲ့လက်နက်ခဲယမ်းသည်ဆောင်ဖို့အသုံးချစရာဖြစ်သွားပါတယ်။
အဲဒီအချိန်မှာပဲ လင်ချန်မြို့ဘူတာလေးမှာ လောင်ဟုန်ဦးဆောင်တဲ့ မီးရထားလုပ်သားတစ်ဖွဲ့ဟာ
သက်စွန့်စံဖျား လက်နက်တွေကိုဖြတ်ယူပြီဖို့ကြိုစားကြပါတယ်။
ဂျပန်တွေကလောင်ဟုန်တို့အဖွဲ့ကိုကြိုးစားဖမ်းပေမယ့်
လောင်ဟုန်ဟာဒဏ်ရာနဲ့ထွက်ပြေးလွှတ်မြောက်သွားပါတယ်။
အဲဒီအချိန်မှာရှေ့တန်းအတွက်အရေးပါတဲ့လက်နက်ဟာ လင်ချန်ဘူတာလေးကိုဆိုက်ရောက်မှာဖြစ်တဲ့အတွက်
လောင်ဟုန်တို့ကဘယ်လို့များထပ်ပြီးလက်နက်တွေကိုလုယူကြမလဲ။
သန်မာတဲ့ယောင်္ကျားပဲဖြစ်ဖြစ် အားနွဲ့တဲ့မိန်းကလေးဖြစ်ဖြစ်
တိုင်းပြည်လွတ်မြောက်ဖို့အတွက် တတ်နိုင်တဲ့နေရာကနေပါဝင်ပြီး
ပါဝင်စွန့်စားကြတာကို ကြည့်ရတာ စိတ်ထဲမှာတစ်ခုခုတော့ စွဲကျန်ခဲ့မှာသေချာပါတယ်။
ဒါရိုက်တာရန်ရဲ့ နှင်းတောထဲကရိုက်ချက်တွေကလဲ Zhang Yimou နဲ့အပြိုင်မလို့
Cinematography ကပြောစရာမရှိအောင်လှပါတယ်။
တော်လှန်ရေးကားကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Nu Mon ပဲ ဖြစ်ပါတယ်
Genre…..Drama, History, War
Quality….WEB-DL 1080p and 720p and 360p
File size…1.75GB, 909MB, 301MB
Format…mp4
Duration….2h 4min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Nu Mon
Encoder …..LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။