Exit print mode Print Data A+ A- Undo all

Radiance (2017)

Radiance (2017)Radiance (2017)

Synopsis:

မျက်မမြင်ရုပ်ရှင်ရုံတဲ့…

မျက်မမြင်တွေ ဘယ်လိုများ ရုပ်ရှင်ကြည့်ကြလဲ?

442

ဒီဇာတ်ကားကို ကြည့်ပြီးသွားရင်တော့ မျက်မမြင်တွေ ဘယ်လိုရုပ်ရှင်ကြည့်လဲဆိုတာ သိသွားပါလိမ့်မယ်။

ဂျပန်အချစ်ဇာတ်ကားလေးတစ်ကားပါ။

တိတိကျကျပြောရရင် အချစ်ကို ခံစားကြည့်ရတဲ့ ဇာတ်ကားတစ်ကားပေါ့။

ဇာတ်ညွှန်းအကြောင်းကို အကျဉ်းချုံ့ပြောရရင်တော့…။

ဒီဇာတ်ကားမှာ မျက်စိအလင်းမရတော့တဲ့လူတွေအတွက် ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို အသေးစိတ်လိုက်ပြောပြတဲ့ ဂျပန်ကောင်မလေးတစ်ယောက်ရှိတယ်။

အဲဒီအလုပ်က ဒိုင်ယာလော့တွေကို ပြောပြရတဲ့ အလုပ်မဟုတ်ပါဘူး။

ဇာတ်ကားတစ်ခုရဲ့ ပြကွက်တစ်ကွက်ချင်းကို ပုံပေါ်လာအောင် ပြောပြပေးရတာပေါ့။

ဇာတ်ကားကို ဖွင့်ပြထားတဲ့အချိန် မျက်မမြင်တွေက ဒိုင်ယာလော့တွေကို ကြားနေရပေမဲ့၊ ဇာတ်လမ်းဇာတ်ကွက်ကို မမြင်ရဘူးလေ။

ဒီတော့ သူ့ရဲ့အလုပ်က မျက်မမြင်တွေအတွက် အဲဒီအခက်အခဲကို ကျော်ပြီးတော့ သူတို့ရဲ့အာရုံထဲမှာ ဇာတ်ကားတစ်ကားရဲ့ခံစားချက်တွေ၊ ပုံရိပ်တွေ အားလုံးကို ပုံပေါ်လာအောင် လုပ်ပေးရတာပေါ့။

ပြောရရင် သူက ခံစားမှုပုံရိပ်ရဲ့မိခင်ကြီးပေါ့။ တစ်နည်းအားဖြင့် မျက်မမြင်တွေရဲ့ ပုံရိပ်ကမ္ဘာကြီးပေါ့။

ရုပ်ရှင်ဆိုတာက ကိုယ့်ကို တစ်ခြားလူတွေရဲ့ဘဝနဲ့ ချိတ်ဆက်ပေးတာလေ။

တစ်ခြားလူတွေရဲ့ ဘဝကို ကိုယ်စား ခံစားရအောင် လုပ်ပေးတာပေါ့။

အဲဒီခံစားမှုကို မျက်မမြင်တွေလည်း ခံစားခွင့်ရှိတယ်လေ။

ဒီတော့ အဲဒီကောင်မလေးက မျက်မမြင်တွေနဲ့ တစ်ခြားလူတွေရဲ့ဘဝအကြောင်းတွေကို တစ်ဆင့်ကြားခံ ချိတ်ဆက်ပေးတဲ့ သူလေးပေါ့။

မျက်မမြင်တွေကို သူဖန်တီးပေးလိုက်တဲ့ ကမ္ဘာထဲမှာ ကြည်နှုးအောင်၊ ဝမ်းသာအောင်၊ ဝမ်းနည်းအောင်၊ ပီတိဖြစ်အောင်၊ စသဖြင့် ခံစားချက်တွေအပြင်၊ လောကကြီးကိုပါ ခံစားနိုင်လာအောင် လုပ်ပေးနိုင်တဲ့ မိခင်ကြီးပေါ့။

တစ်ဖက်မှာတော့ မျက်စိအလင်းကွယ်သွားတဲ့ ဓါတ်ပုံဆရာတစ်ယောက်ပေါ့။

ဓါတ်ပုံဆရာဆိုတဲ့အတိုင်း သူ့ရဲ့ခံစားချက်၊ အမြင်တွေက တစ်ခြားလူတွေနဲ့ မတူဘူးလေ။

သူမြင်တဲ့အမြင် ပုံရိပ်တွေကို ကောင်မလေးက လိုက်မမီဘူးဖြစ်နေတာပေါ့။

ဒီတော့ သူ့ကို ဇာတ်ကားအကြောင်းပုံပေါ်လာအောင် ပြောပြဖို့က ခက်ခဲနေတာပေါ့။

ပွင့်ပွင့်လင်းလင်း တည့်တိုးပြောတတ်တဲ့ အတွက်ကြောင့်လည်း သူတို့နှစ်ယောက်ကြားမှာ သူများတွေနဲ့မတူတဲ့ ခံစားမှုတစ်ခု ရှိခဲ့ကြတယ်။

ကတောက်ကဆဖြစ်ကြပြီးတဲ့နောက်မှာ ကောင်မလေးက ဓါတ်ပုံဆရာရဲ့ခံစားချက်တွေကို နားလည်အောင် လိုက်လုပ်ရင်းကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားမှာ ကြည့်ရှုရင်းနဲ့ ခံစားကြည့်ပါလို့ ညွှန်းလိုက်ရပါရစေ။

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုရာဇာထွန်းပါ)

 

File Size : (899 MB) and (360 MB)
Quality : Blu-Ray 720p
Running Time : 1hr 41min
Format : Mp4
Genre : Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p BluRay x264 DD5.1
Translated by Yazar Tun
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Radiance
Director
Naomi Kawase
Stars
Ayame Misaki, Chihiro Otsuka, Kanno Misuzu, Kazuko Shirakawa, Mantarô Koichi, Masatoshi Nagase, Nobumitsu Ohnishi, Tatsuya Fuji
Release Date
27 May 2017
Rated
N/A
Runtime
101 min
Awards
1 win & 4 nominations.
Country
Japan, France
Popularity
2.439347
Status
Released
ID IMDb.com
tt6165792
IMDB Rating
6.3
IMDB votes
599
ID Themoviedb.org
444428
TMDb Rating
7.4
TMDb votes
14