Exit print mode Print Data A+ A- Undo all

Radhaamadhavam (2024)

Radhaamadhavam (2024)Radhaamadhavam (2024)

Synopsis:

Radha Madhavam 2024 အတ္တကြားကစတေးခံနှလုံးသား

IMDb – 8.7/10

442

Bollywood အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မျှော်လင့်နေတဲ့ချစ်ပရိသတ်တို့အတွက်
သာမန်ချစ်ကြိုက်ညား romanceနဲ့မတူဘဲ မေတ္တာနဲ့သစ္စာကို အလေးပေးရိုက်ကူးထားတဲ့
တေလဂူဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့
ကျေးရွာဇနပုဒ်လေးတစ်ခုက MCCဆိုတဲ့ ပြန်လည်ထူထောင်ရေးစင်တာတည်ထောင်သူ
ရာဒါဆိုတဲ့မိန်းကလေးရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။

ပရဟိတသမားတစ်ယောက်ရဲ့ နှလုံးသားကိုနားလည်ချင်ရင် တစ်စုံတစ်ယောက်ကို ကိုယ့်ဘဝထက်ပိုပြီး
ချစ်ကြည့်လိုက်စမ်းပါတဲ့။ ဒါဆို မိသားစုရဲ့ အိမ်ထောင်ဦးစီးနေရာကို လျစ်လျူရှုလို့ လမ်းဘေးမှာမူးရူးနေတဲ့
ယမကာလုလင်တစ်စုကို လိုလေသေးမရှိကူညီနေတဲ့MCCစင်တာ၊ ယောက်ျားဖြစ်သူ သားဖြစ်သူတွေ
အသိတရားပြန်ဝင်သွားလို့ အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ ရာဒါတစ်‌ယောက် ဒီMCCစင်တာကို
စထောင်ဖြစ်ခဲ့တဲ့အကြောင်းရင်း တစ်နည်း ရာဒါနဲ့မာဒါဗာတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုစခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားရမှာပါ။

ရာဒါနဲ့မာဒါဗာဟာ ငယ်စဉ်ကျောင်းသားအရွယ်ကတည်းက ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက်၊ ရာဒါကတော့ ခင်မင်ရုံပဲဆိုပေမဲ့
အဲဒီအချိန်ကတည်းကတော့ မာဒါဗာကတော့ တိတ်တခိုးချစ်နေခဲ့ရသူပါ။ ဒါပေမဲ့ ရာဒါရဲ့အဖေဖြစ်သူရဲ့ အမျိုးဇာတ်ကွာခြားမှု မူဝါဒတွေ
ရိုက်သွင်းခံရပြီးမှာတော့ ရာဒါတစ်ယောက် ပြောင်းလဲပြီး မာဒါဗာနဲ့လည်း ဝေးကွာသွားခဲ့ရတာပေါ့။

ဖူးစာပါရင် ဘယ်သူခွဲခွဲ တစ်ချိန်ချိန်တော့ ပြန်ဆုံရသလိုပဲ ရာဒါနဲ့မာဒါဗာတို့ ပြန်ဆုံချိန်မှာတော့ မာဒါဗာရဲ့အချစ်တွေ မပြောင်းလဲခဲ့သလို
ရာဒါလည်း သူတောင်မသိလိုက်ဘဲ အချစ်တွေ စတင်ပေါက်ဖွားလာခဲ့ပေမဲ့ အဆင့်အတန်းဆိုတဲ့ အတ္တမာနကြားက သူတို့ရဲ့အချစ်က
ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ ဘယ်လိုကြောင့်များ ထက်မြက်တဲ့ရာဒါကနေ ပရဟိတသမားရာဒါအဖြစ်
ပြောင်းလဲဖို့ဖြစ်လာရတာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာပဲ ဆက်လက်ရှုစားလိုက်ရအောင်ပါ။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ V ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်။)

File size… 1.96GB / 892MB
Quality…WEB DL 1080p / 720p
Format…mp4
Duration….1h 57m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Alex ~ V ~ ToMo ~ Yunni



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
N/A
Release Date
March 1, 2024
Rated
Not Rated
Runtime
1h 57m
Country
india
Status
Released
ID IMDb.com
tt30007578
IMDB Rating
7
IMDB votes
1.2k
ID Themoviedb.org
1306834